ခ်စ္အမိန္ ့( ချစအမိန့် ) (completed)
29
ေဝါ့ ………ေဝါ့
"ရလား ေမာင္ …ဒီေန ့တစ္ေန ့လံုး
အန္ပဲအန္ေနတယ္ … ေနာက္ကို အေဒၚႀကီးကို အသားဟင္းကိုလံုးဝမခ်က္ဖို ့ေျပာထားအုန္းမွ "
ေဘစင္ထဲ ေခါင္ထိုးအန္ေနတဲ့ ေမာင့္ေက်ာကို ဖိနွိပ္ပီး ခ်စ္ျခင္း စိတ္အလိုမက်စြာဆိုလိုက္၏။ တစ္ေန ့လံုး ဘာျမင္ျမင္ အန္ေနတဲ့ ေမာင့္က စျပလာပီျဖစ္တဲ့ ကိုယ္ဝန္ ေဆာင္ လကၡဏာ ကို ခ်စ္ျခင္းအစားသူက ခံစားေနရတာျဖစ္သည္။
"ရပီ မနွိပ္နဲ ့ေတာ့ လက္ေတြနာကုန္လိမ့္မယ္ "
နွိပ္ေနတဲ့ ေက်ာေပၚကလက္ဖ်ားေတြကို
ေနာက္ျပန္ ဆြဲ ယူ ပီး ဖြဖြေလးကိုင္ကာ
ႀကည့္ေနတဲ့ေမာင္က ညညဆိုလဲ သိပ္အိပ္မေပ်ာ္ ပဲ ေအာက္မ်က္ကြင္းေလးေတာင္ညိဳေန၏။
"မ်က္ကြင္းက ေဟာက္ပက္နဲ ့…လာ… အိပ္ရေအာင္ … တေရးတေမာ "
ျပန္ေျဖလာတာထိမေစာင့္ေတာ့ပဲေမာင္
ကိုင္ထားတဲ့ လက္ကိုဆြဲ ထုတ္ပီး
လက္ေမာင္ကေန ျပန္ဆြဲဖက္ကာ အခန္းထဲ ကိုသာ ေခၚလာခဲ့လိုက္သည္။ ပ်ိဳ ့တာအန္ တာ စိတ္အားငယ္တက္တာေတြ အိပ္မေပ်ာ္တာေတြ ကခ်စ္ျခင္းမွာမျဖစ္ပဲ ေမာင့္မွာ သြားျဖစ္ေနတာကိုက ေမာင္က ခ်စ္ျခင္းကိုဘယ္ေလာက္ထိေတာင္ခ်စ္သလဲဆိုတာေမးေနစရာေတာင္မလိုေပ။
ကုတင္ေပၚကိုေမာင့္ကိုလွဲအိပ္ခိုင္းပီး ခ်စ္ျခင္းပါ
ဗိုက္ကေလးထိန္းကာေဘးနားမွာ တက္အိပ္လိုက္သည္။ သံုးလ ေလာက္သာရွိေသးတဲ့ ဗိုက္ ေပမဲ့ ပံုမွန္မဟုတ္တဲ့ ခ်စ္ျခင္းတို ့အတြက္ကေတာ့ အေသခ်ာကိုေစာင့္ေရွာက္ေနရသည္။
" ေမာင္ ဘာမွမေတြးပဲအိပ္လိုက္ေတာ့
ငါေဘးနားမွာရွိေနမယ္ "
"အင္း… ေမာင္… အခ်စ္ကို ခ်စ္တယ္ "
"ငါေရာပဲ "
အက်ီ ၤလွန္ပီး ဗိုက္ကိုဖြဖြေလး ပြတ္ကာ
ရင္ဖက္မွာ မ်က္နွာအပ္ထားရင္းေျပာေနတဲ့ ေမာင့္ရဲ့နဖူးေလးကို နွာေခါင္းနဲ ့ထိေတြ ့ရင္း ခ်စ္ျခင္း ေျပာလိုက္သည္။ ခုတေလာ အနည္းငယ္ ပူလာပီျဖစ္တဲ့ ဗိုက္ကေလးကို ေမာင္က ထိေတြ ့ရတာ ႀကိဳက္လာ၏။ ေတြ ့တာနဲ ့ ဖြဖြေလး ဖက္လိုက္နမ္းလိုက္ သိပ္လုပ္တက္လာေသးသည္။
" မနက္က ေယာဂ က်င့္ရတာ ဘယ္လို ေနလဲ "
"အင္းသက္ေသာင့္သက္သာရွိတယ္ ေမာင္ဘယ္လိုစိတ္ကူးနဲ ့ေခၚေပးတာလဲ "
"အခ်စ္အတြက္ေမာင္ ေသခ်ာေလ့လာထားတာ ေပါ့ … ေမာင့္ဦးေလး ေလးထင္ကို
သိတယ္မို ့လား ဟိုတေလာကေလ အခ်စ္နဲ ့ေမာင္နဲ ့သြားျပတဲ့ သားဖြားမီးယပ္ ပါရဂူ ေဒါက္တာ ဦးမင္းထင္ေက်ာ္ဆိုတာေလ "
"အင္းသိတယ္ေလ… ဘိုးဘိုးႀကီးေျပာလို ့
ေမာင္နဲ ့သြားေဆြးေႏြးခဲ့တာေလ ငါမွတ္မိပါတယ္ "
"ဟုတ္တယ္… ေမာင္ ေလးထင္ကို
ဖုန္းဆက္ပီး ကိုယ္ဝန္နဲ ့ပါတ္သတ္တာေတြ ေမးထားတာ ။ ေလးထင္ေျပာျပတဲ့ထဲမွာ ကိုယ္ဝန္ေဆာင္ေယာဂ ေဆာ့ဖို ့လည္းပါတယ္။အဲ့ဒါေၾကာင့္ ေမာင္ေသခ်ာစံုစမ္းႀကည့္လိုက္ေတာ့… အခုအခ်စ္ကို အိမ္ေခၚေပးတဲ့ ဆရာမက နာမည္ႀကီးေနတာ။"
" အဲ့ဆရာမက အေမရိကန္ နိုင္ငံအသိမွတ္ျပဳ ကိုယ္ဝန္ေဆာင္ေယာဂ ဆရာ(Pregnacy YTT USA Alliance International)လက္မွတ္ရထားေတ့ာေမာင္စိတ္ခ်လက္ခ် ဆရာမနဲ ့အရင္ေဆြးေႏြးၾကည့္လိုက္တယ္။ "
"ခုအခ်စ္ ျဖစ္ေနတဲ့ စိတ္ဖိစီးေနတာတို ့
ဒူးနာခါးနာ မအီသာျဖစ္တာတို ့ နဲ ့လူႀကီးေရာ ကေလးေရာက်န္းမာဖို ့က ေယာဂကို က်င့္သင့္တယ္တဲ့ ။ ေမာင္ေသခ်ာ စံုစမ္းထားပါတယ္ကြာ။ အခ်စ္ကိုယ္ဝန္က ၁၄ပါတ္ ေတာင္ရွိေနျပီ ။ ၁၄ပါတ္နဲ ့ ၃၈ပါတ္ အတြင္းက ေယာဂ ကစားဖို ့အသင့္ေတာ္ ဆံုး ပဲ ။ ခုတေလာ အခ်စ္ အိပ္တာေလးေရာ စားတာေလးေရာမွန္ေနေတာ့ ေမာင္က စိတ္ခ်မ္းသာေနတာ အခ်စ္ရဲ ့ …သိလား… ဟင္ … သိလားလို ့။ "
ျပန္ေျဖမလာလို ့ေမာ ့ႀကည့္မွ သိပ္တဲ့သူက အရင္အိပ္ေပ်ာ္ေနတာေႀကာင့္ အမိန္ ့သေဘာတက်ရယ္ေမာလိုက္သည္။
သူကေတာ့ စကားေတြ ေျပာေနလိုက္ရတာ ေမာင္ခ်စ္ျခင္းက သူ ့မ်ားေခ်ာ ့သိပ္ေနသလားေအာင့္ေမ ့ရတယ္။
အိပ္လိုက္တာမ်ား ပါးစပ္ေလးေတာင္ဟလို ့။
ေခါင္းခ်တာနဲ ့အိပ္ေပ်ာ္တက္တဲ့အခ်စ္က အိပ္ေရးအရမ္းမက္ကာ ခုတေလာ သူ
ကိုင္ေကာင္းေကာင္းနဲ ့ကိုင္ပီးပြတ္ေနတဲ့ ဗိုက္ပူေလးေႀကာင့္ ဇိမ္ယူပီး ပိုအိပ္ေပ်ာ္တက္သည္။
"မြ "
ဟေနတဲ့ ပါးစပ္ေလးကို နမ္းလိုက္ေတာ့
တခုခုစားသလို တျမဳံ ့ျမံဳ ့ဝါးေနသလိုေလး
လွဳပ္စိလွဳပ္စိျဖစ္သြားျပန္၏။
"အား ခ်စ္ဖို ့ေကာင္းလို ့ေသေတာ့မွာပဲ
ခ်စ္ျခင္းျပည့္စံု ရ "
နူိးသြားမွာစိုးပီး တိုးတုိးေလးေျပာေပမဲ ့အမိန္ ့အေသအူယားေနပီ။ စိတ္ကိုေလ်ာ့ကာ
ရင္ဖက္မွာမ်က္နွာအပ္ပီးအမိန္ ့အိပ္ေပ်ာ္ေအာင္သာ အိပ္လိုက္ေတာ့သည္။သူမအိပ္ထားရင္ အခ်စ္စိတ္မေကာင္းျဖစ္မွာေႀကာင့္ အိပ္ေပ်ာ္မွျဖစ္မည္။
##########
" ေမာင္ တဘက္ ကေလးလွမ္းပါအုန္း "
ခါတိုင္းလို ေခါင္းေလးျပဴေတာင္းေနတဲ့
ခ်စ္ျခင္းေႀကာင့္ အမိန္ ့တကိုယ္လံုးျခံဳ လို ့ရတဲ့ တဘက္ ကိုယူပီး ေရခ်ိဳးခန္းထဲကလက္ကေလး ကိုဆြဲထုတ္ပီး တကိုယ္လံုးပတ္ကာ ေပြ ့ခ်ီလိုက္၏။
"အားး ေမာင္… ဘာလုပ္တာလဲ …ငါအဝတ္မဝတ္ရေသးဘူးေလကြာ "
ေမြ ့ယာစြန္းကို ျဖည္းျဖည္းခ်ေပးပီး အမိန္ ့ေရစက္ေလးေတြ တြဲ ခိုေနတဲ့ မ်က္နွာေလးကို နမ္းလိုက္သည္။
"ဒီေန ့ကစ အဝတ္ကိုေမာင္ဝတ္ေပးမယ္ "
"အာ …ဘာလို ့လဲ… ငါရွက္တယ္ ေနာ္ "
ကေလးေတြေစာင္ထုပ္ေလးနဲ ့ပါတ္ထားသလိုေလးထုပ္ထားပီး …ထိုင္ခိုင္း ထားကာဘာမွျပန္မေျပာပဲ လုပ္ခ်င္ရာလုပ္ေနတဲ့ေမာင့္ကို ခ်စ္ျခင္း မ်က္ေစာင္းထိုး
လိုက္သည္။ မႀကာဘူး ခုံပုေလးနဲ ့ ျခင္းနီေလးေလးတစ္ျခင္း ကိုင္ကာ ျပန္ေရာက္လာ၏။
"ကဲ… စကားေတြ မမ်ားနဲ ့ခ်စ္ျခင္းရာ ။
မင္း ေမာမွာစိုးလို ႔ေျပာေနတာ…။
ေမာင္က မင္း ေနလို ႔အဆင္ေျပေအာင္
သက္ေသာင့္သက္သာ ျဖစ္ေအာင္ လုပ္ေပးမလို ႔။ အဲ့ဒါေၾကာင့္ စကားေတြမမ်ားပဲ
ျငိမ္ျငိမ္ေလးပဲထိုင္ေနစမ္းပါ"
အမိန္ ့ျခင္းနီေလးကိုေဘးခ်ကာ ခ်စ္ျခင္းေျခေထာက္ကို ေပါင္ေပၚတင္လိုက္ပီး ေသခ်ာနွိပ္နွယ္ေပးလိုက္သည္။
" ေျခေတြ လက္ေတြက ဒီခ်ိန္သိပ္ မကိုက္ခဲတက္ေသးေပမဲ့ ေနာက္ဆိုရင္ေတာ့
ကိုက္မယ္ထင္တယ္ "
ခံုပုေလးေပၚထိုင္ေနတဲ့ အမိန္ ့က မသိရင္
Spaက မိန္းကေလးေတြလို က်ြမ္းက်ြမ္းက်င္က်င္နွိပ္တက္ေနတာကိုမမွိတ္မသုန္ေယာက်ာ္းလုပ္သူကို ႀကည့္ပီး ခ်စ္ျခင္းအံ့ႀသလာသည္။ ေမာင္ မသိတာမလုပ္တက္တာဘာရွိလဲ ဆိုတာ သိခ်င္လာ၏။
"ေမာင္ ဘာေတြ လုပ္ေနတာလဲ။ အဲ့ဒါေတြက.. "
ေျခသလံုးသားေတြ ကို ေရာင္စံုဘူးေလးေတြ ထဲကဟာေတြ တခုပီးတစ္ခု ထုတ္လိမ္းေပးေနရင္း…
" ဒါ ကိုယ္ဝန္ေဆာင္နဲ ့ပါတ္သက္ပီး
လိမ္းလို ့ရတဲ့ က်န္းမာေရးနဲ ့အညီ ထုတ္
ထားတဲ့ ထုတ္ကုန္ေတြ ေလ ။
။ အကုန္လံုးနာမည္ႀကီးbrandေတြႀကီးပဲ စိတ္ခ်ရတယ္ ။ အခ်စ္သံုးရေအာင္ နိုင္ငံျခားကေန မွာေပးထားတာ "
ခ်စ္ျခင္းကို ေသခ်ာနွိပ္နယ္ေပးရင္း ေမာ့ႀကည့္လိုက္ပီးမွ
" နွိပ္ပီး အသားထဲစိမ့္ေအာင္ လိမ္းတက္
ဖို ့လည္းလိုတယ္။ စိတ္ခ်ေနာ္ ။မင္းအတြက္ ေမာင္ေသခ်ာ သင္ထားတာ ။
ေနာက္က် ေျခေထာက္ေညာင္းလာတာ
ခါးကိုက္လာတာေတြ နဲ ့ ဗိုက္ေႀကာျပတ္
တာေတြမျဖစ္ေအာင္ ခုကတည္းက ေသခ်ာလိမ္းထားမွ ဘာမွမျဖစ္မွာ ။ ဒီေန ့ကစ
ေမာင့္ကိုမရွက္နဲ ့အားမနာပါနဲ ့။ အခ်စ္ေနရထိုင္ရသက္သာဖို ့ေမာင္ေနတိုင္းလုပ္ေပးမွာမို ့… အားနာေနလည္း အပိုပဲ။ "
ဘာမွေျပာဖို ့မလိုအပ္ေတာ့တာမို ့ေမာင့္ကို ငံု ့ႀကည့္ရင္းျပံဳးလိုက္သည္။
" ေယာက်ာ္းရ တာေကာင္းလိုက္တာ။ ဒီလိုမွန္းမသိလို ့သံုးနွစ္ေက်ာ္ လ်စ္လ်ဴရွဳ ့ခဲ့ရတာကို ခုမွတကယ္ေနာင္တရလာျပီ ။ ခုလို အလိုက္သိတဲ့အေခ်ာေလးကို ဘာလို ့မ်ား ေနာက္က်မွ လက္ထက္မိခဲ့တာပါလိမ့္ "
"ဟက္ ! ေမာင္ ့ကို ခ်စ္လား "
"တေလာကလံုးမွာ ဒီကေလးေလးကို
အခ်စ္ဆံုးပဲ "
"ဒါဆို အာဘြားေပး"
မ်က္နွာေလးေမာ့ပီး ျပံဳးႀကည့္လာသူေႀကာင့္ ခ်စ္ျခင္းငံု ့နမ္းလိုက္သည္။
"ဒါက အာဘြားေတြပါ ဗ် ။အပိုဆု အေနနဲ ့
ငါးမိနစ္ kissing "
မ်က္နွာအနွ ံ ့ လိုက္နမ္းလိုက္ပီးမွ
ခပ္ျပည့္ျပည့္နူတ္ခမ္းသားေလးကို ဆြဲစုပ္နမ္းလိုက္သည္။ တကယ္ကို ငါးမိနစ္
ႀကာေအာင္ ခ်စ္ျခင္းစိတ္ပါလက္ပါနမ္းပစ္လိုက္ေတာ့ မ်က္လံုးေလးမွိတ္ပီး ျငိမ္ခံေနတဲ့ ေမာင္က နားရြက္ဖ်ားေလးေတြနီေအာင္ရွက္တက္ေသးသည္။
" ေဘာင္းဘီဝတ္ရေအာင္ "
တစ္ခါတေလရွက္တက္ေသးတဲ့ေမာင္က
ခ်စ္ျခင္းအတြက္ စလို ့ေကာင္းတဲ့ကေလးငယ္လို ပဲ ျဖစ္၏။ သူ ,မထင္ထားတဲ့ အခ်ိန္ေတြ ခ်စ္ျခင္းဖက္က စ,နမ္းလိုက္ရင္ အမိန္ ့ နားရြက္ဖ်ားေတြ နီေအာင္ ရွက္ေသးသည္မို ့ အေျပာင္းလဲျမန္တဲ့Semeလို ့ပဲ ခ်စ္ျခင္းကသက္မွတ္ထားသည္။ တခါတေလ ေယာက်ာ္းဆန္တက္ပီး တခါတေလ
အပ်ိဳျဖန္းေလးလို ရွက္တက္တဲ့ေမာင္က
ခ်စ္ျခင္းအတြက္ ရာသီမေရြးထရြာတက္တဲ့ မိုးေျပးေလးလိုပဲ သိပ္ခ်စ္ဖို ့ေကာင္းသည္။
ေျခေထာက္မွ စြပ္ေပးတဲ့ ေဘာင္းဘီကို
တင္ပါးေလးႀကြကာ ဝတ္ေပးတာကိုလိမ္မာမာေလး ခံလိုက္၏။
"ကဲ ေခါင္းအစ ေျခအဆံုး ေမႊးႀကိဳင္သြားပီေမာင့္ခ်စ္ျခင္းေလးက ။ စေတာ္ဘယ္ရီနံ ့ေလး အခ်စ္ႀကိဳက္မယ္ထင္လို ့ေမာင္ ရွာဝယ္ေပးထားတာ။ အသီးနံ ့ေလးဆိုေတာ့ စိတ္ကိုႀကည္လင္ေစတယ္ေလ။"
လက္တစ္ေခါက္သြားျပန္ေဆးပီးမွ
မွန္တင္ခံုေပၚက skincareဘူးေတြ ကိုမ်က္နွာမွာထပ္လိမ္းေပးေသးသည္။ ေမာင္ေလာက္စိတ္ရွည္တဲ့သူေတာင္ ေမာင္ေလာက္စိတ္ရွည္မွာ မဟုတ္ဘူး။ စိတ္ရွည္လက္ရွည္ကို
မ်က္နွာကေန ဟိုးေျခေထာက္ ေျခေခ်ာင္းေတြမက်န္ လိမ္ေပး၏။ ဆံပင္က်ြတ္မွာစိုးလို ့ ဆံပင္ေတြပါ ေသခ်ာ ဂရုစိုက္ေပးတာမို ့ ခ်စ္ျခင္းအိပ္ေတာင္အိပ္ခ်င္ေနပီျဖစ္သည္။
ဟူး …သိတက္လိမ္မာတဲ့ေယာက်ာ္းငယ္ငယ္ေခ်ာေခ်ာေလးရထားတာ
လြယ္တယ္မ်ားမွတ္ေနလား။
ခ်စ္တဲ့အိမ္စည္။
###############
ဝေါ့ ………ဝေါ့
"ရလား မောင် …ဒီနေ့ တစ်နေ့ လုံး
အန်ပဲအန်နေတယ် … နောက်ကို အဒေါ်ကြီးကို အသားဟင်းကိုလုံးဝမချက်ဖို့ ပြောထားအုန်းမှ "
ဘေစင်ထဲ ခေါင်ထိုးအန်နေတဲ့ မောင့်ကျောကို ဖိနှိပ်ပီး ချစ်ခြင်း စိတ်အလိုမကျစွာဆိုလိုက်၏။ တစ်နေ့ လုံး ဘာမြင်မြင် အန်နေတဲ့ မောင့်က စပြလာပီဖြစ်တဲ့ ကိုယ်ဝန် ဆောင် လက္ခဏာ ကို ချစ်ခြင်းအစားသူက ခံစားနေရတာဖြစ်သည်။
"ရပီး မနှိပ်နဲ့ တော့ လက်တွေနာကုန်လိမ့်မယ် "
နှိပ်နေတဲ့ ကျောပေါ်ကလက်ဖျားတွေကို
နောက်ပြန် ဆွဲ ယူ ပီး ဖွဖွလေးကိုင်ကာ
ကြည့်နေတဲ့မောင်က ညညဆိုလဲ သိပ်အိပ်မပျော် ပဲ အောက်မျက်ကွင်းလေးတောင်ညိုနေ၏။
"မျက်ကွင်းက ဟောက်ပက်နဲ့ …လာ… အိပ်ရအောင် … တရေးတမော "
ပြန်ဖြေလာတာထိမစောင့်တော့ပဲမောင်
ကိုင်ထားတဲ့ လက်ကိုဆွဲ ထုတ်ပီး
လက်မောင်ကနေ ပြန်ဆွဲဖက်ကာ အခန်းထဲ ကိုသာ ခေါ်လာခဲ့လိုက်သည်။ ပျို့ တာအန် တာ စိတ်အားငယ်တက်တာတွေ အိပ်မပျော်တာတွေ ကချစ်ခြင်းမှာမဖြစ်ပဲ မောင့်မှာ သွားဖြစ်နေတာကိုက မောင်က ချစ်ခြင်းကိုဘယ်လောက်ထိတောင်ချစ်သလဲဆိုတာမေးနေစရာတောင်မလိုပေ။
ကုတင်ပေါ်ကိုမောင့်ကိုလှဲအိပ်ခိုင်းပီး ချစ်ခြင်းပါ
ဗိုက်ကလေးထိန်းကာဘေးနားမှာ တက်အိပ်လိုက်သည်။ သုံးလ လောက်သာရှိသေးတဲ့ ဗိုက် ပေမဲ့ ပုံမှန်မဟုတ်တဲ့ ချစ်ခြင်းတို့ အတွက်ကတော့ အသေချာကိုစောင့်ရှောက်နေရသည်။
" မောင် ဘာမှမတွေးပဲအိပ်လိုက်တော့
ငါဘေးနားမှာရှိနေမယ် "
"အင်း… မောင်… အချစ်ကို ချစ်တယ် "
"ငါရောပဲ "
အကျီ င်္လှန်ပီး ဗိုက်ကိုဖွဖွလေး ပွတ်ကာ
ရင်ဖက်မှာ မျက်နှာအပ်ထားရင်းပြောနေတဲ့ မောင့်ရဲ့နဖူးလေးကို နှာခေါင်းနဲ့ ထိတွေ့ ရင်း ချစ်ခြင်း ပြောလိုက်သည်။ ခုတလော အနည်းငယ် ပူလာပီဖြစ်တဲ့ ဗိုက်ကလေးကို မောင်က ထိတွေ့ ရတာ ကြိုက်လာ၏။ တွေ့ တာနဲ့ ဖွဖွလေး ဖက်လိုက်နမ်းလိုက် သိပ်လုပ်တက်လာသေးသည်။
" မနက်က ယောဂ ကျင့်ရတာ ဘယ်လို နေလဲ "
"အင်းသက်သောင့်သက်သာရှိတယ် မောင်ဘယ်လိုစိတ်ကူးနဲ့ ခေါ်ပေးတာလဲ "
"အချစ်အတွက်မောင် သေချာလေ့လာထားတာ ပေါ့ … မောင့်ဦးလေး လေးထင်ကို
သိတယ်မို့ လာ ဟိုတလောကလေ အချစ်နဲ့ မောင်နဲ့ သွားပြတဲ့ သားဖွားမီးယပ် ပါရဂူ ဒေါက်တာ ဦးမင်းထင်ကျော်ဆိုတာလေ "
"အင်းသိတယ်လေ… ဘိုးဘိုးကြီးပြောလို့
မောင်နဲ့ သွားဆွေးနွေးခဲ့တာလေ ငါမှတ်မိပါတယ် "
"ဟုတ်တယ်… မောင် လေးထင်ကို
ဖုန်းဆက်ပီး ကိုယ်ဝန်နဲ့ ပါတ်သတ်တာတွေ မေးထားတာ ။ လေးထင်ပြောပြတဲ့ထဲမှာ ကိုယ်ဝန်ဆောင်ယောဂ ဆော့ဖို့ လည်းပါတယ်။အဲ့ဒါကြောင့် မောင်သေချာစုံစမ်းကြည့်လိုက်တော့… အခုအချစ်ကို အိမ်ခေါ်ပေးတဲ့ ဆရာမက နာမည်ကြီးနေတာ။"
" အဲ့ဆရာမက အမေရိကန် နိုင်ငံအသိမှတ်ပြု ကိုယ်ဝန်ဆောင်ယောဂ ဆရာ(Pregnacy YTT USA Alliance International)လက်မှတ်ရထားတေ့ာမောင်စိတ်ချလက်ချ ဆရာမနဲ့ အရင်ဆွေးနွေးကြည့်လိုက်တယ်။ "
"ခုအချစ် ဖြစ်နေတဲ့ စိတ်ဖိစီးနေတာတို့
ဒူးနာခါးနာ မအီသာဖြစ်တာတို့ နဲ့ လူကြီးရော ကလေးရောကျန်းမာဖို့ က ယောဂကို ကျင့်သင့်တယ်တဲ့ ။ မောင်သေချာ စုံစမ်းထားပါတယ်ကွာ။ အချစ်ကိုယ်ဝန်က ၁၄ပါတ် တောင်ရှိနေပြီ ။ ၁၄ပါတ်နဲ့ ၃၈ပါတ် အတွင်းက ယောဂ ကစားဖို့ အသင့်တော် ဆုံး ပဲ ။ ခုတလော အချစ် အိပ်တာလေးရော စားတာလေးရောမှန်နေတော့ မောင်က စိတ်ချမ်းသာနေတာ အချစ်ရဲ့ …သိလား… ဟင် … သိလားလို့ ။ "
ပြန်ဖြေမလာလို့ မော့ ကြည့်မှ သိပ်တဲ့သူက အရင်အိပ်ပျော်နေတာကြောင့် အမိန့် သဘောတကျရယ်မောလိုက်သည်။
သူကတော့ စကားတွေ ပြောနေလိုက်ရတာ မောင်ချစ်ခြင်းက သူ့ များချော့ သိပ်နေသလားအောင့်မေ့ ရတယ်။
အိပ်လိုက်တာများ ပါးစပ်လေးတောင်ဟလို့ ။
ခေါင်းချတာနဲ့ အိပ်ပျော်တက်တဲ့အချစ်က အိပ်ရေးအရမ်းမက်ကာ ခုတလော သူ
ကိုင်ကောင်းကောင်းနဲ့ ကိုင်ပီးပွတ်နေတဲ့ ဗိုက်ပူလေးကြောင့် ဇိမ်ယူပီး ပိုအိပ်ပျော်တက်သည်။
"မွ "
ဟနေတဲ့ ပါးစပ်လေးကို နမ်းလိုက်တော့
တခုခုစားသလို တမြုံ့ မြုံ့ ဝါးနေသလိုလေး
လှုပ်စိလှုပ်စိဖြစ်သွားပြန်၏။
"အား ချစ်ဖို့ ကောင်းလို့ သေတော့မှာပဲ
ချစ်ခြင်းပြည့်စုံ ရ "
နိူးသွားမှာစိုးပီး တိုးတိုးလေးပြောပေမဲ့ အမိန့် အသေအူယားနေပီ။ စိတ်ကိုလျော့ကာ
ရင်ဖက်မှာမျက်နှာအပ်ပီးအမိန့် အိပ်ပျော်အောင်သာ အိပ်လိုက်တော့သည်။သူမအိပ်ထားရင် အချစ်စိတ်မကောင်းဖြစ်မှာကြောင့် အိပ်ပျော်မှဖြစ်မည်။
##########
" မောင် တဘက် ကလေးလှမ်းပါအုန်း "
ခါတိုင်းလို ခေါင်းလေးပြူတောင်းနေတဲ့
ချစ်ခြင်းကြောင့် အမိန့် တကိုယ်လုံးခြုံ လို့ ရတဲ့ တဘက် ကိုယူပီး ရေချိုးခန်းထဲကလက်ကလေး ကိုဆွဲထုတ်ပီး တကိုယ်လုံးပတ်ကာ ပွေ့ ချီလိုက်၏။
"အားး မောင်… ဘာလုပ်တာလဲ …ငါအဝတ်မဝတ်ရသေးဘူးလေကွာ "
မွေ့ ယာစွန်းကို ဖြည်းဖြည်းချပေးပီး အမိန့် ရေစက်လေးတွေ တွဲ ခိုနေတဲ့ မျက်နှာလေးကို နမ်းလိုက်သည်။
"ဒီနေ့ ကစ အဝတ်ကိုမောင်ဝတ်ပေးမယ် "
"အာ …ဘာလို့ လဲ… ငါရှက်တယ် နော် "
ကလေးတွေစောင်ထုပ်လေးနဲ့ ပါတ်ထားသလိုလေးထုပ်ထားပီး …ထိုင်ခိုင်း ထားကာဘာမှပြန်မပြောပဲ လုပ်ချင်ရာလုပ်နေတဲ့မောင့်ကို ချစ်ခြင်း မျက်စောင်းထိုး
လိုက်သည်။ မကြာဘူး ခုံပုလေးနဲ့ ခြင်းနီလေးလေးတစ်ခြင်း ကိုင်ကာ ပြန်ရောက်လာ၏။
"ကဲ… စကားတွေ မများနဲ့ ချစ်ခြင်းရာ ။
မင်း မောမှာစိုးလို့ ပြောနေတာ…။
မောင်က မင်း နေလို့ အဆင်ပြေအောင်
သက်သောင့်သက်သာ ဖြစ်အောင် လုပ်ပေးမလို့ ။ အဲ့ဒါကြောင့် စကားတွေမများပဲ
ငြိမ်ငြိမ်လေးပဲထိုင်နေစမ်းပါ"
အမိန့် ခြင်းနီလေးကိုဘေးချကာ ချစ်ခြင်းခြေထောက်ကို ပေါင်ပေါ်တင်လိုက်ပီး သေချာနှိပ်နှယ်ပေးလိုက်သည်။
" ခြေတွေ လက်တွေက ဒီချိန်သိပ် မကိုက်ခဲတက်သေးပေမဲ့ နောက်ဆိုရင်တော့
ကိုက်မယ်ထင်တယ် "
ခုံပုလေးပေါ်ထိုင်နေတဲ့ အမိန့် က မသိရင်
Spaက မိန်းကလေးတွေလို ကျွမ်းကျွမ်းကျင်ကျင်နှိပ်တက်နေတာကိုမမှိတ်မသုန်ယောကျာ်းလုပ်သူကို ကြည့်ပီး ချစ်ခြင်းအံ့သြလာသည်။ မောင် မသိတာမလုပ်တက်တာဘာရှိလဲ ဆိုတာ သိချင်လာ၏။
"မောင် ဘာတွေ လုပ်နေတာလဲ။ အဲ့ဒါတွေက.. "
ခြေသလုံးသားတွေ ကို ရောင်စုံဘူးလေးတွေ ထဲကဟာတွေ တခုပီးတစ်ခု ထုတ်လိမ်းပေးနေရင်း…
" ဒါ ကိုယ်ဝန်ဆောင်နဲ့ ပါတ်သက်ပီး
လိမ်းလို့ ရတဲ့ ကျန်းမာရေးနဲ့ အညီ ထုတ်
ထားတဲ့ ထုတ်ကုန်တွေ လေ ။
။ အကုန်လုံးနာမည်ကြီးbrandတွေကြီးပဲ စိတ်ချရတယ် ။ အချစ်သုံးရအောင် နိုင်ငံခြားကနေ မှာပေးထားတာ "
ချစ်ခြင်းကို သေချာနှိပ်နယ်ပေးရင်း မော့ကြည့်လိုက်ပီးမှ
" နှိပ်ပီး အသားထဲစိမ့်အောင် လိမ်းတက်
ဖို့ လည်းလိုတယ်။ စိတ်ချနော် ။မင်းအတွက် မောင်သေချာ သင်ထားတာ ။
နောက်ကျ ခြေထောက်ညောင်းလာတာ
ခါးကိုက်လာတာတွေ နဲ့ ဗိုက်ကြောပြတ်
တာတွေမဖြစ်အောင် ခုကတည်းက သေချာလိမ်းထားမှ ဘာမှမဖြစ်မှာ ။ ဒီနေ့ ကစ
မောင့်ကိုမရှက်နဲ့ အားမနာပါနဲ့ ။ အချစ်နေရထိုင်ရသက်သာဖို့ မောင်နေတိုင်းလုပ်ပေးမှာမို့ … အားနာနေလည်း အပိုပဲ။ "
ဘာမှပြောဖို့ မလိုအပ်တော့တာမို့ မောင့်ကို ငုံ့ ကြည့်ရင်းပြုံးလိုက်သည်။
" ယောကျာ်းရ တာကောင်းလိုက်တာ။ ဒီလိုမှန်းမသိလို့ သုံးနှစ်ကျော် လျစ်လျူရှု့ ခဲ့ရတာကို ခုမှတကယ်နောင်တရလာပြီ ။ ခုလို အလိုက်သိတဲ့အချောလေးကို ဘာလို့ များ နောက်ကျမှ လက်ထက်မိခဲ့တာပါလိမ့် "
"ဟက် ! မောင့် ကို ချစ်လား "
"တလောကလုံးမှာ ဒီကလေးလေးကို
အချစ်ဆုံးပဲ "
"ဒါဆို အာဘွားပေး"
မျက်နှာလေးမော့ပီး ပြုံးကြည့်လာသူကြောင့် ချစ်ခြင်းငုံ့ နမ်းလိုက်သည်။
"ဒါက အာဘွားတွေပါ ဗျ ။အပိုဆု အနေနဲ့
ငါးမိနစ် kissing "
မျက်နှာအနှံ့ လိုက်နမ်းလိုက်ပီးမှ
ခပ်ပြည့်ပြည့်နူတ်ခမ်းသားလေးကို ဆွဲစုပ်နမ်းလိုက်သည်။ တကယ်ကို ငါးမိနစ်
ကြာအောင် ချစ်ခြင်းစိတ်ပါလက်ပါနမ်းပစ်လိုက်တော့ မျက်လုံးလေးမှိတ်ပီး ငြိမ်ခံနေတဲ့ မောင်က နားရွက်ဖျားလေးတွေနီအောင်ရှက်တက်သေးသည်။
" ဘောင်းဘီဝတ်ရအောင် "
တစ်ခါတလေရှက်တက်သေးတဲ့မောင်က
ချစ်ခြင်းအတွက် စလို့ ကောင်းတဲ့ကလေးငယ်လို ပဲ ဖြစ်၏။ သူ ,မထင်ထားတဲ့ အချိန်တွေ ချစ်ခြင်းဖက်က စ,နမ်းလိုက်ရင် အမိန့် နားရွက်ဖျားတွေ နီအောင် ရှက်သေးသည်မို့ အပြောင်းလဲမြန်တဲ့Semeလို့ ပဲ ချစ်ခြင်းကသက်မှတ်ထားသည်။ တခါတလေ ယောကျာ်းဆန်တက်ပီး တခါတလေ
အပျိုဖြန်းလေးလို ရှက်တက်တဲ့မောင်က
ချစ်ခြင်းအတွက် ရာသီမရွေးထရွာတက်တဲ့ မိုးပြေးလေးလိုပဲ သိပ်ချစ်ဖို့ ကောင်းသည်။
ခြေထောက်မှ စွပ်ပေးတဲ့ ဘောင်းဘီကို
တင်ပါးလေးကြွကာ ဝတ်ပေးတာကိုလိမ်မာမာလေး ခံလိုက်၏။
"ကဲ ခေါင်းအစ ခြေအဆုံး မွှေးကြိုင်သွားပီမောင့်ချစ်ခြင်းလေးက ။ စတော်ဘယ်ရီနံ့ လေး အချစ်ကြိုက်မယ်ထင်လို့ မောင် ရှာဝယ်ပေးထားတာ။ အသီးနံ့ လေးဆိုတော့ စိတ်ကိုကြည်လင်စေတယ်လေ။"
လက်တစ်ခေါက်သွားပြန်ဆေးပီးမှ
မှန်တင်ခုံပေါ်က skincareဘူးတွေ ကိုမျက်နှာမှာထပ်လိမ်းပေးသေးသည်။ မောင်လောက်စိတ်ရှည်တဲ့သူတောင် မောင်လောက်စိတ်ရှည်မှာ မဟုတ်ဘူး။ စိတ်ရှည်လက်ရှည်ကို
မျက်နှာကနေ ဟိုးခြေထောက် ခြေချောင်းတွေမကျန် လိမ်ပေး၏။ ဆံပင်ကျွတ်မှာစိုးလို့ ဆံပင်တွေပါ သေချာ ဂရုစိုက်ပေးတာမို့ ချစ်ခြင်းအိပ်တောင်အိပ်ချင်နေပီဖြစ်သည်။
ဟူး …သိတက်လိမ်မာတဲ့ယောကျာ်းငယ်ငယ်ချောချောလေးရထားတာ
လွယ်တယ်များမှတ်နေလား။
ချစ်တဲ့အိမ်စည်။
###############
Bạn đang đọc truyện trên: ZingTruyen.Xyz