ZingTruyen.Xyz

ခ်စ္အမိန္ ့( ချစအမိန့် ) (completed)

28

eainsi23

"အခ်စ္ေရ ... မထေသးဘူးလား။ ၇နာရီခြဲေနပီ ...လမ္းေလ်ွာက္ရေအာင္... ထေတာ့ေလ "

ခ်စ္ျခင္းသည္ အျဖဴေရာင္ ေမြ ့ယာထပ္မွာ လက္ေလးနွစ္ဖက္ပူးပီး အဲ့လက္ေပၚမွာ ပါးေလးတင္ကာ ေဘးေစာင္းေလး နွစ္နွစ္ျခိဳက္အိပ္ေပ်ာ္ေန၏။

ေမွးစက္ေနတဲ့ မ်က္ဝန္းမ်ားမွာ မ်က္ေတာင္ဖ်ားေတြက မဲနက္ျဖာက်ေနပီး ပန္းေရာင္ေျပးေနတဲ့ ပါးပါးမို ့မို ့က သိသိသာသာအသားေရေကာင္းသူ မို ့လားမသိ ထင္ရွားစြာအေရာင္ထြက္ေန၏။
စင္းက်ေနတဲ့
နွာတံေလးက အဖုအပိန္ ့မရွိ ထစ္ျခင္းပြျခင္းကင္းစြာ ခ်ြန္းလ်က္ရွိသည္။ နွုတ္ခမ္းပါးသည္လည္း ေဆးလိပ္အရက္ကင္းသူပီးသစြာ အိစက္စိုရႊန္းေနေသးသည္။

ခါတိုင္းနဲ ့မတူ အေရာင္မ်ိဳးစံုေျပာင္းလဲဝတ္ဆင္ေနပီျဖစ္တဲ့ခ်စ္ျခင္းျပည့္စံုသည္
အခုလည္းအျဖဴ ေရာင္ညဝတ္ဝမ္းဆက္ေလးကိုဝတ္ဆင္ထားသည္။

က်က်နန ဖက္တံုးကို ခြအိပ္ေနတာမို႔ တစြန္းတစေပၚေနတဲ့ ေျခသလံုးသားကို အတိုင္းသားျမင္ေနရ၏။
ႀကြက္သားတင္းတင္းမရွိတဲ့ ေျခသလံုးေသည္ သြယ္ေျဖာင့္ေနရုံမက ေျခဖေနာင့္ေတြေျခေခ်ာင္းေလးေတြကလည္း ကေလးေလးေတြလို နီအုေနေသးသည္။

နိွဳးေနတာ သံုးေလးခါရွိတာေတာင္ မထေသးတာေႀကာင့္ အမိန္ ့ကုတင္ေဘာင္ကိုလက္ေထာက္ကာ ကုန္းနမ္းလိုက္သည္။

မိန္းမဆန္တာလည္းမဟုတ္ ေယာက်ာ္းဆန္တာလည္းမဟုတ္တဲ့ ခ်စ္ျခင္းျပည့္စံုသည္ ထူးျခားတဲ့အလွတရားတို ့နဲ ့ျပည့္ေနကာ တစိမ့္စိမ့္ထိုင္ႀကည့္ေနရတာေတာင္ ႀကည့္မ၀ေခ်။

နည္းနည္းေလာက္နမ္းရုံနဲ ့အားမရတက္တဲ့ အမိန္ ့က
ခ်စ္ျခင္းကို အိပ္ယာက နိွဳးမရတိုင္း
အသားယူကာအားရေအာင္ နမ္းပစ္တက္၏ ။ နီရဲသြားတဲ့ ပါးျပင္နဲ ့အတူ လွဳပ္လီလွဳပ္လဲ့ ျဖစ္လာတဲ့ မ်က္ေတာင္ဖ်ားတို ့
က မႀကာခင္ မ်က္လံုးေလးပြင့္လာေတာ့မွာဆိုတာသက္ေသျပေန၏။

" ေမာင့္ ငါအိပ္ခ်င္ေသးတယ္ "

ေျပာပီးျပန္အိပ္သြား၏။

အမိန္ ့ ဖြဖြေလး ဆြဲေပြ ့ယူလိုက္ၿပီး ..

"မအိပ္ေတာ့နဲ ့အခ်စ္ေလး။ အရမ္းအိပ္ရင္
ကိုယ္လက္ေတြ ေလးေနလိမ့္မယ္ ။ ထရေအာင္ေနာ္ ။ လန္႔မသြားနဲ ့ေမာင္ေပြ ႕မလို ႔"

အဖိုးထိုက္တန္ ရတနာတခုလို ဖြဖြေလးေထြးေပြ ့ပီး ေရခ်ိဳးခန္းဆီသို ့ ေခၚေဆာင္ခဲ့၏။

"အာာ ... ေမာင္ရာ။ ငါအိပ္ခ်င္ေသးတယ္လို ႔ေျပာေနတာကိုကြာ။ ဘာလို ႔အတင္းနႈိးေနတာလဲ။ ငါအိပ္ခ်င္တာ မင္းတိုက္တဲ့ ေဆးေတြေႀကာင့္ ေလ။ မင္းအျပစ္ပဲ မအိပ္ေစခ်င္ ေဆးေတြထပ္ မတိုက္နဲ ့"

နွဳတ္ခမ္းဆူကာ ေပြ ့ခ်ီထားတဲ့ အတိုင္း
ဂ်ီက်ေနတဲ့ ခ်စ္ျခင္းကို အမိန္ ့အျပစ္မဆိုရက္ပါ ။ အနည္းမြန္းႀကပ္တာသိေပမဲ့
သူ ဘန္ေကာက္က ျပန္လာကတည္းက
အလုပ္ေတာင္မသြားေတာ့ပဲ မ်က္စိေအာက္ကအေပ်ာက္ေတာင္မခံ ဂရုစိုက္ခဲ့တာ
ခ်စ္ျခင္းနဲ ့သူ ့ကေလးေတြေႀကာင့္ပါ။

"မတိုက္လို ့မွ မရတာ အခ်စ္သိရက္န႕ဲ။
ခ်စ္ျခင္းက လိမ္မာပါတယ္ေနာ္...
ေနာက္ရက္ေမာင္ တအားေစာေစာမနိွုးေတာ့ပါဘူး "

မ်က္ရည္ဝဲကာ အသံေလးတုန္ေနတာကို
ထိန္းပီးေျပာလိုက္တဲ့ေမာင့္ေႀကာင့္
ခ်စ္ျခင္းစကားေျပာမွားသြားပီမွန္းသိလိုက္၏။ အမ်ားႀကီး ေအာက္ေျခသိမ္းကအစ
မညီးမညဴ လုပ္ေပးပီး မ်က္စိေအာက္ကေနအေပ်ာက္ မခံနိုင္ေအာင္ ဂရုစိုက္ေပးေနတဲ့ေမာင္က ခ်စ္ျခင္းထပ္ အဆေပါင္းမ်ားစြာပိုပင္ပန္းေနတာေတာင္ သိရက္နဲ ့
ဒီပါးစပ္က ေျပာထြက္လိုက္ေသးသည္။

စိတ္မေကာင္းျဖစ္သြားသည္မို႔ ေမာင့္လည္ပင္းကို သိုင္းဖက္ကာ
ေမးဖ်ားကို ေမာ့ နမ္းလိုက္သည္။ ျပီးမွ

" မင္းစိတ္တိုင္းက် လုပ္ပါ ။ မင္းက ငါတို ့
ကေလးေတြအတြက္ အေဖေကာင္းပါပဲ
ေမာင္ရာ။ ငါေစာကေျပာခဲ့တာအိပ္ခ်င္ေနလို ့ေျပာမိေျပာရာေျပာလိုက္တာပါ။ ဒါကိုေမာက္ကပဲ နားလည္ေပးပါေနာ္ "

အမိန္ ့ စိတ္ဆိုးေနတာမဟုတ္ေပမဲ့
ပံုမွန္ထက္ ခံစားခ်က္ျပင္ထန္ကာအရမ္းပင္ပန္းေနသည္။
ခ်စ္ျခင္းကိုစိတ္ပူတာေရာ ...အနာဂတ္မွာ ခ်စ္ျခင္းေဘးနားမရွိမွာေရာ ...သူ ကေလးေတြ
ေကာင္းေကာင္းမြန္မြန္ရွင္သန္နိုင္ပါ့မလားေရာ... ဆိုတဲ့ အေတြးေတြက
ညဆိုေကာင္းေကာင္းေတာင္အိပ္မေပ်ာ္ခဲ့တာ ဘယ္နွစ္ရက္ရွိေနပီလဲ။

နွစ္လေလာက္ပဲရွိတဲ့ ခ်စ္ျခင္းရဲ့ သိပ္ထြက္မလာေသး
တဲ့ ဗိုက္ေလးကိုကိုင္ကာ ညတိုင္းခ်စ္ျခင္းမသိေအာင္ ဝမ္းနည္းပက္လက္ခိုးငိုခဲ့ရတာေတြက အမိန္ ့ကိုအမိန္ ့သာအသိဆံုး။
အခ်စ္သည္ သူကို နားလည္မေပးေပ ။

သူ ့ရင္ထဲဘာေတြ ေျဗာင္းဆန္ေနေအာင္ ခံစားေနရလဲဆိုတာ အခ်စ္သိေအာင္
သူေျပာမျပခ်င္ပါ။

ခုခ်ိန္မွာ အရမ္းငိုခ်င္ေနတာပဲ သိေတာ့တာမို ့ ခ်စ္ျခင္းကို ဖြဖြေလးခ်ကာ ေရခ်ိဳးခန္းထဲကသာေျပးထြက္လာခဲ့သည္။

သူဘာတက္နိုင္မွာလဲ ။

အခ်စ္စိတ္ညစ္မွာလဲ သူမႀကိဳက္ဘူး။ သူ ့ကေလးေတြလဲ သူ ့စြန္ ့မပစ္ရက္ဘူး။
ဘာလို ့မ်ားသူ ့က်မွ ဒီအျဖစ္မ်ိဳး လာျဖစ္ရတာလဲ ။

ဝမ္းနည္းပက္လက္ ခ်စ္ျခင္းမႀကားေအာင္
အမိန္ ့ လက္ဖမိုးကို ကိုက္ကာ ငိုလိုက္သည္။ အခ်စ္ေရွ့မွာ အားကိုးရတဲ့ အိမ္ေထာင္ဖက္ျဖစ္ေအာင္ အခ်စ္အားမငယ္ရေအာင္ သူ အမ်ားႀကီး ေရွ ့မွာ သန္မာေအာင္ေနျပခဲ့သည္ ။

သူအႀကာႀကီးထိန္းထားခဲ့ရတဲ့ဆိုးဝါးတဲ့ခံစားခ်က္ကိုအမိန္ ့အခန္းအျပင္
မွာ ရွဳိက္ႀကီးတငင္ငင္ ငို ခ်လိုက္သည္။

ခ်စ္ျခင္းေမာင္ေျပးထြက္သြားကတည္းက ေနာက္ကေန လိုက္လာခဲ့ေပမဲ့ ဝမ္းနည္းေနတဲ့ ေမာင့္ကို ခဏ ေစာင့္ေပးပီး
ရပ္ႀကည့္ေနလိုက္၏။
အခန္းျပင္ဖက္မွာ ေမာင္က ေက်ာေပးပီး တသိမ့္သိမ့္တုန္ေအာင္ ငိုေနတာမို ့ ထပ္တူက်တဲ ့နွလံုးသားျခင္းမို ့ခ်စ္ျခင္း ပါဝမ္းနည္းလာရသည္။

ေမာင့္စိတ္ထဲမွာ ဘာေတြမ်ား ေတြးေနရတာလဲ။
ငါ က ေမာင့္စိတ္ကို မသိပဲ ငါျဖစ္ခ်င္တာငါမ်ားလုပ္မိေနသလားေမာင္ရယ္ ။

မင္းဝမ္းနည္းေနတာျမင္ရေတာ့ ငါရင္ထဲလဲ မခ်ိေအာင္နာလိုက္တာ။ငါတို ့အတူ
ႀကိဳးစားႀကည့္လို ့မရဘူးလားကေလးရယ္။

ျဖည္းျဖည္းေလး ခ်စ္ျခင္းတိုးကပ္သြားပီး
ေမာင့္ေနာက္ေက်ာမွာ ပါးေလးကပ္ကာ
ေမာင့္ကိုသိုင္းဖက္လိုက္သည္။
ခ်က္ျခင္းအငိုတိတ္သြားတဲ့ေမာင္က ဟန္ေဆာင္သိပ္ေကာင္းတယ္။ ဘာမွမျဖစ္သလိုပံုနဲ ့ခ်စ္ျခင္းလက္ကို ထပ္ဆုပ္ကိုင္ပီးမွ...။

"အခ်စ္ျပီးပီလား မ်က္နွာသစ္လို ့။ ေမာင္ ခဏ ...ဖုန္းေျပာလိုက္အုန္းမယ္ ေနာ္ လႊတ္ေပးအုန္းေမာင့္ကို "

ကြဲအက္ေနတဲ့ အသံနဲ ့ေမာင္က ခ်စ္ျခင္းကိုေရွာင္လြဲဖို ့ႀကံေနေသးသည္။

"မင္းကို ခ်စ္တယ္ေမာင္။ ငါ့ကိုတစ္ခါေလာက္ယံုႀကည္ေပးလို ့ရမလား။ ငါနဲ ့ငါတို ့ကေလးေတြကို တစ္ခါေလာက္ျဖစ္ျဖစ္ယံုႀကည္ေပးပါ။ ငါ အေကာင္းဆံုး ျဖတ္ေက်ာ္ပီး ငါ့ကေလးေတြကိုေခၚပီး မင္းဆီျပန္ခဲ့ပါ့မယ္ ။ ငါတို ့ကေလးေလးေတြေလ... ေမာင္ရဲ့။ ငါတို ့ကေလးေတြ ။ မင္းႀကားခဲ့တယ္မို ့လား ဟိုမွာ စမ္းသက္ေတာ့ ။ မင္းကေလးေတြ ရဲ့ အသက္ရူသံေလးေတြ
ဘယ္ေလာက္ခ်စ္ဖို ့ေကာင္းလဲ။ အေကာင္အထည္ေတာင္ မေပၚေသးတဲ့ အစက္ေလးေတြ နွစ္ေယာက္ေတာင္ ငါ့တို ့မွာရွိေနပီေလ။ မင္းငိုေနရင္ သူတို ့ေလးေတြက
သူ ့ဒယ္ဒီသူတို ့ကို မလိုခ်င္ဘူးလို ့ထင္သြားမွာေပါ့။
ငါ့တို ့ကေလးေတြက ငါကို
ဒုကၡေရာက္ေအာင္ လုပ္ပါ့မလားေမာင္ရာ ။ မငိုပါနဲ ့ေတာ့ မင္းငိုရင္... ငါ ...ငါလဲဝမ္းနည္းလြန္းလို ့ ရင္ဖက္ေတြေတာင္ နာတယ္
အရူးေလးရဲ့ ...ဟင့္... လူဆိုးေကာင္ "

ေမာင့္ေက်ာကိုထုရုိက္ကာခ်စ္ျခင္းငိုေတာ့
မ်က္နွာျခင္းဆိုင္ လွည့္ပီး
ေမာင္က ခ်စ္ျခင္းကိုျပန္လည္ေထြးေပြ ့ကာ...။

"ဟုတ္တယ္ေမာင္က မေကာင္းတဲ့ေကာင္ပါ ။ ေမာင့္မွာ အခ်စ္တစ္ေယာက္ထဲရွိတာ သိတယ္ မို ့လား။ မင္းတစ္ေယာက္ထဲပဲရွိတာ ...မင္းတစ္ေယာက္ထဲကိုပဲ အသည္းေပါက္ေအာင္ခ်စ္တာ မင္းသိလား။
မင္းကို သိပ္ခ်စ္လို ့ မင္းမရွိရင္ ေသသြားမွာေရာ မင္းသိရက္လား။ ေမာင္ ေသသြားမွာအခ်စ္ရဲ့ ...ဟင့္ ... ေမာင္... ေမာင္ မငိုခ်င္ဘူး ...
အင့္ !ဒါ... ဒါေပမဲ့ မရဘူး... ေမာင္ထိန္းမထားနိုင္ေတာ့ဘူးအခ်စ္ရယ္... ေမာင့္ကို မထားခဲ့ႀကပါနဲ ့။ အီးဟီးဟီး ... ေမာင့္
ကေလးေတြကိုလဲခ်စ္တယ္ ။ အခ်စ္ကိုလဲ ခ်စ္တယ္ ။ ေမာင္... ေမာင္ ယံုႀကည္ေပးပါ့မယ္ ။
ဒီေန ့ကစ အကုန္လံုးထက္ ပိုပီးဂရုစိုက္ေပးမယ္။ ပိုခ်စ္ေပး မယ္ ။ အခ်စ္သာ ေမာင့္ကေလးေတြ ကို ရေအာင္ေခၚေပး။"

ဝမ္းနည္းစြာငိုေႀကြးေနတဲ့ ေမာင့္ကို သိုင္းဖက္ပီးခ်စ္ျခင္းပါ ထပ္တူငိုေႀကြးခဲ့သည္။
ခ်စ္ျခင္းတို ့ အခ်စ္ေတြက သာမန္မဟုတ္ခဲ့သလို ခ်စ္ျခင္းကလဲသာမန္မဟုတ္ဘူး။

ေမာင္နဲ ့လက္ထက္ခဲ့တာ ရွက္စရာမဟုတ္သလို ေယာက်ာ္းတန္မဲ့ ကေလးေမြးရမွာလဲ ခ်စ္ျခင္းမရွက္ဘူး။
ေမာင္က ခ်စ္ျခင္းဘဝရဲ့ လမ္းျပႀကယ္ ေမာင့္ရဲ့ေသြးသား
ခ်စ္ျခင္းရဲ့ကေလးေတြကလဲ ခ်စ္ျခင္းတို ့ဘဝရဲ့ေပ်ာ္ရႊင္ျခင္းေလးေတြ။

ငါက ဘာကိုေႀကာက္ရမွာလဲ ေမာင္။

ငါမင္းကိုသိပ္ခ်စ္တယ္။ ငါ့အခ်စ္ေတြေႀကာင့္ သဘာဝတရားေတာင္ အန္တုပီး မင္းေသြးသားေတြ ျဖစ္လာပီ။ စြန္ ့ပစ္ဖို ့ဆိုတာ မင္းေရာ
မင္းကေလးေတြေရာ စိတ္ကူးထဲကိုမရွိတာ။

ႀကိဳက္တဲ့ ေလာကဓံ လာခဲ့စမ္း

ခ်စ္ျခင္းျပည့္စံုက မင္းကိုခ်စ္တဲ့အခ်စ္ေတြနဲ ့အရာအားလံုးအံတုရဲတယ္။ ဒါကိုမင္း
လက္ကိုလက္ခံေပးရမယ္ အမိန့္အာဏာ။ ခ်စ္ျခင္းျပည့္စံုဆိုတဲ့ငါက
မင္းေပ်ာ္ရႊင္ဖို ့ေသမင္းနဲ ့ေတာင္စစ္ခင္းပီး
ေရာက္ရာအရပ္က ျပန္ခဲ့မွာ။

ဒါမင္းကိုသိပ္ခ်စ္လို ့။

ခ်စ္တဲ့အိမ္စည္။

"အချစ်ရေ ... မထသေးဘူးလား။ ၇နာရီခွဲနေပီ ...လမ်းလျှောက်ရအောင်... ထတော့လေ "

ချစ်ခြင်းသည် အဖြူရောင် မွေ့ ယာထပ်မှာ လက်လေးနှစ်ဖက်ပူးပီး အဲ့လက်ပေါ်မှာ ပါးလေးတင်ကာ ဘေးစောင်းလေး နှစ်နှစ်ခြိုက်အိပ်ပျော်နေ၏။

မှေးစက်နေတဲ့ မျက်ဝန်းများမှာ မျက်တောင်ဖျားတွေက မဲနက်ဖြာကျနေပီး ပန်းရောင်ပြေးနေတဲ့ ပါးပါးမို့ မို့ က သိသိသာသာအသားရေကောင်းသူ မို့ လားမသိ ထင်ရှားစွာအရောင်ထွက်နေ၏။
စင်းကျနေတဲ့
နှာတံလေးက အဖုအပိန့် မရှိ ထစ်ခြင်းပွခြင်းကင်းစွာ ချွန်းလျက်ရှိသည်။ နှုတ်ခမ်းပါးသည်လည်း ဆေးလိပ်အရက်ကင်းသူပီးသစွာ အိစက်စိုရွှန်းနေသေးသည်။

ခါတိုင်းနဲ့ မတူ အရောင်မျိုးစုံပြောင်းလဲဝတ်ဆင်နေပီဖြစ်တဲ့ချစ်ခြင်းပြည့်စုံသည်
အခုလည်းအဖြူ ရောင်ညဝတ်ဝမ်းဆက်လေးကိုဝတ်ဆင်ထားသည်။

ကျကျနန ဖက်တုံးကို ခွအိပ်နေတာမို့ တစွန်းတစပေါ်နေတဲ့ ခြေသလုံးသားကို အတိုင်းသားမြင်နေရ၏။
ကြွက်သားတင်းတင်းမရှိတဲ့ ခြေသလုံးသေည် သွယ်ဖြောင့်နေရုံမက ခြေဖနောင့်တွေခြေချောင်းလေးတွေကလည်း ကလေးလေးတွေလို နီအုနေသေးသည်။

နှိုးနေတာ သုံးလေးခါရှိတာတောင် မထသေးတာကြောင့် အမိန့် ကုတင်ဘောင်ကိုလက်ထောက်ကာ ကုန်းနမ်းလိုက်သည်။

မိန်းမဆန်တာလည်းမဟုတ် ယောကျာ်းဆန်တာလည်းမဟုတ်တဲ့ ချစ်ခြင်းပြည့်စုံသည် ထူးခြားတဲ့အလှတရားတို့ နဲ့ ပြည့်နေကာ တစိမ့်စိမ့်ထိုင်ကြည့်နေရတာတောင် ကြည့်မ၀ချေ။

နည်းနည်းလောက်နမ်းရုံနဲ့ အားမရတက်တဲ့ အမိန့် က
ချစ်ခြင်းကို အိပ်ယာက နှိုးမရတိုင်း
အသားယူကာအားရအောင် နမ်းပစ်တက်၏ ။ နီရဲသွားတဲ့ ပါးပြင်နဲ့ အတူ လှုပ်လီလှုပ်လဲ့ ဖြစ်လာတဲ့ မျက်တောင်ဖျားတို့
က မကြာခင် မျက်လုံးလေးပွင့်လာတော့မှာဆိုတာသက်သေပြနေ၏။

" မောင့် ငါအိပ်ချင်သေးတယ် "

ပြောပီးပြန်အိပ်သွား၏။

အမိန့် ဖွဖွလေး ဆွဲပွေ့ ယူလိုက်ပြီး ..

"မအိပ်တော့နဲ့ အချစ်လေး။ အရမ်းအိပ်ရင်
ကိုယ်လက်တွေ လေးနေလိမ့်မယ် ။ ထရအောင်နော် ။ လန့်မသွားနဲ့ မောင်ပွေ့ မလို့ "

အဖိုးထိုက်တန် ရတနာတခုလို ဖွဖွလေးထွေးပွေ့ ပီး ရေချိုးခန်းဆီသို့ ခေါ်ဆောင်ခဲ့၏။

"အာာ ... မောင်ရာ။ ငါအိပ်ချင်သေးတယ်လို့ ပြောနေတာကိုကွာ။ ဘာလို့ အတင်းနှိုးနေတာလဲ။ ငါအိပ်ချင်တာ မင်းတိုက်တဲ့ ဆေးတွေကြောင့် လေ။ မင်းအပြစ်ပဲ မအိပ်စေချင် ဆေးတွေထပ် မတိုက်နဲ့ "

နှုတ်ခမ်းဆူကာ ပွေ့ ချီထားတဲ့ အတိုင်း
ဂျီကျနေတဲ့ ချစ်ခြင်းကို အမိန့် အပြစ်မဆိုရက်ပါ ။ အနည်းမွန်းကြပ်တာသိပေမဲ့
သူ ဘန်ကောက်က ပြန်လာကတည်းက
အလုပ်တောင်မသွားတော့ပဲ မျက်စိအောက်ကအပျောက်တောင်မခံ ဂရုစိုက်ခဲ့တာ
ချစ်ခြင်းနဲ့ သူ့ ကလေးတွေကြောင့်ပါ။

"မတိုက်လို့ မှ မရတာ အချစ်သိရက်နဲ့။
ချစ်ခြင်းက လိမ်မာပါတယ်နော်...
နောက်ရက်မောင် တအားစောစောမနှိုးတော့ပါဘူး "

မျက်ရည်ဝဲကာ အသံလေးတုန်နေတာကို
ထိန်းပီးပြောလိုက်တဲ့မောင့်ကြောင့်
ချစ်ခြင်းစကားပြောမှားသွားပီမှန်းသိလိုက်၏။ အများကြီး အောက်ခြေသိမ်းကအစ
မညီးမညူ လုပ်ပေးပီး မျက်စိအောက်ကနေအပျောက် မခံနိုင်အောင် ဂရုစိုက်ပေးနေတဲ့မောင်က ချစ်ခြင်းထပ် အဆပေါင်းများစွာပိုပင်ပန်းနေတာတောင် သိရက်နဲ့
ဒီပါးစပ်က ပြောထွက်လိုက်သေးသည်။

စိတ်မကောင်းဖြစ်သွားသည်မို့ မောင့်လည်ပင်းကို သိုင်းဖက်ကာ
မေးဖျားကို မော့ နမ်းလိုက်သည်။ ပြီးမှ

" မင်းစိတ်တိုင်းကျ လုပ်ပါ ။ မင်းက ငါတို့
ကလေးတွေအတွက် အဖေကောင်းပါပဲ
မောင်ရာ။ ငါစောကပြောခဲ့တာအိပ်ချင်နေလို့ ပြောမိပြောရာပြောလိုက်တာပါ။ ဒါကိုမောက်ကပဲ နားလည်ပေးပါနော် "

အမိန့် စိတ်ဆိုးနေတာမဟုတ်ပေမဲ့
ပုံမှန်ထက် ခံစားချက်ပြင်ထန်ကာအရမ်းပင်ပန်းနေသည်။
ချစ်ခြင်းကိုစိတ်ပူတာရော ...အနာဂတ်မှာ ချစ်ခြင်းဘေးနားမရှိမှာရော ...သူ ကလေးတွေ
ကောင်းကောင်းမွန်မွန်ရှင်သန်နိုင်ပါ့မလားရော... ဆိုတဲ့ အတွေးတွေက
ညဆိုကောင်းကောင်းတောင်အိပ်မပျော်ခဲ့တာ ဘယ်နှစ်ရက်ရှိနေပီလဲ။

နှစ်လလောက်ပဲရှိတဲ့ ချစ်ခြင်းရဲ့ သိပ်ထွက်မလာသေး
တဲ့ ဗိုက်လေးကိုကိုင်ကာ ညတိုင်းချစ်ခြင်းမသိအောင် ဝမ်းနည်းပက်လက်ခိုးငိုခဲ့ရတာတွေက အမိန့် ကိုအမိန့် သာအသိဆုံး။
အချစ်သည် သူကို နားလည်မပေးပေ ။

သူ့ ရင်ထဲဘာတွေ ဗြောင်းဆန်နေအောင် ခံစားနေရလဲဆိုတာ အချစ်သိအောင်
သူပြောမပြချင်ပါ။

ခုချိန်မှာ အရမ်းငိုချင်နေတာပဲ သိတော့တာမို့ ချစ်ခြင်းကို ဖွဖွလေးချကာ ရေချိုးခန်းထဲကသာပြေးထွက်လာခဲ့သည်။

သူဘာတက်နိုင်မှာလဲ ။

အချစ်စိတ်ညစ်မှာလဲ သူမကြိုက်ဘူး။ သူ့ ကလေးတွေလဲ သူ့ စွန့် မပစ်ရက်ဘူး။
ဘာလို့ များသူ့ ကျမှ ဒီအဖြစ်မျိုး လာဖြစ်ရတာလဲ ။

ဝမ်းနည်းပက်လက် ချစ်ခြင်းမကြားအောင်
အမိန့် လက်ဖမိုးကို ကိုက်ကာ ငိုလိုက်သည်။ အချစ်ရှေ့မှာ အားကိုးရတဲ့ အိမ်ထောင်ဖက်ဖြစ်အောင် အချစ်အားမငယ်ရအောင် သူ အများကြီး ရှေ့ မှာ သန်မာအောင်နေပြခဲ့သည် ။

သူအကြာကြီးထိန်းထားခဲ့ရတဲ့ဆိုးဝါးတဲ့ခံစားချက်ကိုအမိန့် အခန်းအပြင်
မှာ ရှိုက်ကြီးတငင်ငင် ငို ချလိုက်သည်။

ချစ်ခြင်းမောင်ပြေးထွက်သွားကတည်းက နောက်ကနေ လိုက်လာခဲ့ပေမဲ့ ဝမ်းနည်းနေတဲ့ မောင့်ကို ခဏ စောင့်ပေးပီး
ရပ်ကြည့်နေလိုက်၏။
အခန်းပြင်ဖက်မှာ မောင်က ကျောပေးပီး တသိမ့်သိမ့်တုန်အောင် ငိုနေတာမို့ ထပ်တူကျတဲ့ နှလုံးသားခြင်းမို့ ချစ်ခြင်း ပါဝမ်းနည်းလာရသည်။

မောင့်စိတ်ထဲမှာ ဘာတွေများ တွေးနေရတာလဲ။
ငါ က မောင့်စိတ်ကို မသိပဲ ငါဖြစ်ချင်တာငါများလုပ်မိနေသလားမောင်ရယ် ။

မင်းဝမ်းနည်းနေတာမြင်ရတော့ ငါရင်ထဲလဲ မချိအောင်နာလိုက်တာ။ငါတို့ အတူ
ကြိုးစားကြည့်လို့ မရဘူးလားကလေးရယ်။

ဖြည်းဖြည်းလေး ချစ်ခြင်းတိုးကပ်သွားပီး
မောင့်နောက်ကျောမှာ ပါးလေးကပ်ကာ
မောင့်ကိုသိုင်းဖက်လိုက်သည်။
ချက်ခြင်းအငိုတိတ်သွားတဲ့မောင်က ဟန်ဆောင်သိပ်ကောင်းတယ်။ ဘာမှမဖြစ်သလိုပုံနဲ့ ချစ်ခြင်းလက်ကို ထပ်ဆုပ်ကိုင်ပီးမှ...။

"အချစ်ပြီးပီလား မျက်နှာသစ်လို့ ။ မောင် ခဏ ...ဖုန်းပြောလိုက်အုန်းမယ် နော် လွှတ်ပေးအုန်းမောင့်ကို "

ကွဲအက်နေတဲ့ အသံနဲ့ မောင်က ချစ်ခြင်းကိုရှောင်လွဲဖို့ ကြံနေသေးသည်။

"မင်းကို ချစ်တယ်မောင်။ ငါ့ကိုတစ်ခါလောက်ယုံကြည်ပေးလို့ ရမလား။ ငါနဲ့ ငါတို့ ကလေးတွေကို တစ်ခါလောက်ဖြစ်ဖြစ်ယုံကြည်ပေးပါ။ ငါ အကောင်းဆုံး ဖြတ်ကျော်ပီး ငါ့ကလေးတွေကိုခေါ်ပီး မင်းဆီပြန်ခဲ့ပါ့မယ် ။ ငါတို့ ကလေးလေးတွေလေ... မောင်ရဲ့။ ငါတို့ ကလေးတွေ ။ မင်းကြားခဲ့တယ်မို့ လား ဟိုမှာ စမ်းသက်တော့ ။ မင်းကလေးတွေ ရဲ့ အသက်ရူသံလေးတွေ
ဘယ်လောက်ချစ်ဖို့ ကောင်းလဲ။ အကောင်အထည်တောင် မပေါ်သေးတဲ့ အစက်လေးတွေ နှစ်ယောက်တောင် ငါ့တို့ မှာရှိနေပီလေ။ မင်းငိုနေရင် သူတို့ လေးတွေက
သူ့ ဒယ်ဒီသူတို့ ကို မလိုချင်ဘူးလို့ ထင်သွားမှာပေါ့။
ငါ့တို့ ကလေးတွေက ငါကို
ဒုက္ခရောက်အောင် လုပ်ပါ့မလားမောင်ရာ ။ မငိုပါနဲ့ တော့ မင်းငိုရင်... ငါ ...ငါလဲဝမ်းနည်းလွန်းလို့ ရင်ဖက်တွေတောင် နာတယ်
အရူးလေးရဲ့ ...ဟင့်... လူဆိုးကောင် "

မောင့်ကျောကိုထုရိုက်ကာချစ်ခြင်းငိုတော့
မျက်နှာခြင်းဆိုင် လှည့်ပီး
မောင်က ချစ်ခြင်းကိုပြန်လည်ထွေးပွေ့ ကာ...။

"ဟုတ်တယ်မောင်က မကောင်းတဲ့ကောင်ပါ ။ မောင့်မှာ အချစ်တစ်ယောက်ထဲရှိတာ သိတယ် မို့ လား။ မင်းတစ်ယောက်ထဲပဲရှိတာ ...မင်းတစ်ယောက်ထဲကိုပဲ အသည်းပေါက်အောင်ချစ်တာ မင်းသိလား။
မင်းကို သိပ်ချစ်လို့ မင်းမရှိရင် သေသွားမှာရော မင်းသိရက်လား။ မောင် သေသွားမှာအချစ်ရဲ့ ...ဟင့် ... မောင်... မောင် မငိုချင်ဘူး ...
အင့် !ဒါ... ဒါပေမဲ့ မရဘူး... မောင်ထိန်းမထားနိုင်တော့ဘူးအချစ်ရယ်... မောင့်ကို မထားခဲ့ကြပါနဲ့ ။ အီးဟီးဟီး ... မောင့်
ကလေးတွေကိုလဲချစ်တယ် ။ အချစ်ကိုလဲ ချစ်တယ် ။ မောင်... မောင် ယုံကြည်ပေးပါ့မယ် ။
ဒီနေ့ ကစ အကုန်လုံးထက် ပိုပီးဂရုစိုက်ပေးမယ်။ ပိုချစ်ပေး မယ် ။ အချစ်သာ မောင့်ကလေးတွေ ကို ရအောင်ခေါ်ပေး။"

ဝမ်းနည်းစွာငိုကြွေးနေတဲ့ မောင့်ကို သိုင်းဖက်ပီးချစ်ခြင်းပါ ထပ်တူငိုကြွေးခဲ့သည်။
ချစ်ခြင်းတို့ အချစ်တွေက သာမန်မဟုတ်ခဲ့သလို ချစ်ခြင်းကလဲသာမန်မဟုတ်ဘူး။

မောင်နဲ့ လက်ထက်ခဲ့တာ ရှက်စရာမဟုတ်သလို ယောကျာ်းတန်မဲ့ ကလေးမွေးရမှာလဲ ချစ်ခြင်းမရှက်ဘူး။
မောင်က ချစ်ခြင်းဘဝရဲ့ လမ်းပြကြယ် မောင့်ရဲ့သွေးသား
ချစ်ခြင်းရဲ့ကလေးတွေကလဲ ချစ်ခြင်းတို့ ဘဝရဲ့ပျော်ရွှင်ခြင်းလေးတွေ။

ငါက ဘာကိုကြောက်ရမှာလဲ မောင်။

ငါမင်းကိုသိပ်ချစ်တယ်။ ငါ့အချစ်တွေကြောင့် သဘာဝတရားတောင် အန်တုပီး မင်းသွေးသားတွေ ဖြစ်လာပီ။ စွန့် ပစ်ဖို့ ဆိုတာ မင်းရော
မင်းကလေးတွေရော စိတ်ကူးထဲကိုမရှိတာ။

ကြိုက်တဲ့ လောကဓံ လာခဲ့စမ်း

ချစ်ခြင်းပြည့်စုံက မင်းကိုချစ်တဲ့အချစ်တွေနဲ့ အရာအားလုံးအံတုရဲတယ်။ ဒါကိုမင်း
လက်ကိုလက်ခံပေးရမယ် အမိန့်အာဏာ။ ချစ်ခြင်းပြည့်စုံဆိုတဲ့ငါက
မင်းပျော်ရွှင်ဖို့ သေမင်းနဲ့ တောင်စစ်ခင်းပီး
ရောက်ရာအရပ်က ပြန်ခဲ့မှာ။

ဒါမင်းကိုသိပ်ချစ်လို့ ။

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz