ZingTruyen.Xyz

ခ်စ္အမိန္ ့( ချစအမိန့် ) (completed)

27

eainsi23

ပတ္ပတ္လည္မွာေတာင္တန္းေတြဝန္းရံေနကာ စိမ္းျမေနတဲ့ ျမက္ခင္း
ျပင္ေတြက မ်က္စိတဆံုး စိမ္းစိုေတာက္ပေန၏။  ၿပီးေတာ့ ျမက္ခင္းစိမ္းေတြေပၚမွာ  ေပါက္ေနတဲ့  ေရာင္စံုေႏြဦးပန္းပြင့္ေလးေတြကလည္း လွခ်င္တိုင္းလွလို ႔ေန၏။

တခ်က္ တခ်က္ ေလနုေအးေလးတိုက္လိုက္တဲ့အခါမွာယိမ္းႏြဲ ့သြားေသာ အေရာင္ေသြးစံုေနတဲ့ ပန္းေလးေတြကိုျမင္ရသည္မွာ မ်က္စိေအးစရာျဖစ္သည္။

ျမင္ျမင္သမ်ွ အရာရာအားလံုးသည္ စိတ္ခ်မ္းသာစရာ...မ်က္စိေအးစရာ ေကာင္းလွသျဖင့္  ေတာလမ္းေလးအတိုင္း
လမ္းေလ်ွာက္ရင္း ခ်စ္ျခင္း  ႀကည္နူးစြာျပံဳးေနမိသည္။

လမ္းေဘးမွာ ကပ္ေပါက္ေနႀကတဲ့ စေတာ္ဘယ္ရီပင္ေတြမွာ  အ သီး ေတြျပံဳျပြတ္ေနေအာင္သီးေနၾကသလို နီရဲစိုရႊန္းေနႀကသည္မို ့ခ်စ္ျခင္းတစ္လံုးပီးတစ္လံုးလမ္းေလ်ွာက္ရင္းခူးစားလာသည္။

လတ္တေလာတြင္ အမိန္႔ကိုပင္ေမ့ကာ
ခ်စ္ျခင္းတေယာက္ေပ်ာ္ျမဴ းလို႔ေန၏။
ဒီကိုဘယ္လိုေရာက္ေနမိသလဲ ခ်စ္ျခင္းမသိေတာ့ပါ။  ေပါ့ပါးေသာခံစားခ်က္ေတြျဖင့္ ခ်စ္ျခင္းကေတာ့ စေတာ္ဘယ္ရီသီးေတြခူးစားရင္း  ခုန္ေပါက္ေဆာ့ကစားေနမိ၏။

တစ္ေနရာေရာက္ေတာ့  ခ်စ္ျခင္း မ်က္လံုးမ်ားျပဴးသြားေအာင္ထိ အံ့ႀသသြား၏။

ႀကီးလိုက္တဲ့ အသီးႀကီးေတြ ။ ျမက္ပင္ေတြႀကားမွာ နီရဲကာ အုန္းသီးလံုးေလာက္ႀကီးတဲ့စေတာ္ဘယ္ရီသီးႀကီးနွစ္လံုးသည္ ခ်စ္ျခင္းျမင္ဘူးသမ်ွထဲမွာအႀကီးဆံုးပင္။

ဒူးတစ္ဖက္ေထာက္ထိုင္ကာ တစ္လံုးကို အရင္ဆံုးခူး၍ ေပြ ့ထားျပီးမွ  ေနာက္တစ္လံုးကိုပါ ထပ္ခူးလိုက္သည္။ နီရဲရဲ
အသီးနွစ္လံုးကို ခ်စ္ျခင္းလက္ေမာင္းနွစ္ဖက္ႀကားထဲမွာ ေပြ ့ဖက္သယ္ေနစဥ္ နားထဲမွာ ငိုရွဴိက္သံသဲ့သဲ့ ႀကားလိုက္ရသည္။ ရင္းနွီးေနတဲ့ငိုသံေလးေႀကာင့္ ခ်စ္ျခင္း နွလံုးသားေတြ စူးေအာင့္သြားသည္မို ့လက္ထဲကအသီးနွစ္လံုးကိုပါ လႊတ္ခ်မိေတာ့မလို ျဖစ္သြာ၏။

သို႔ေသာ္ ေသခ်ာျမဲျမံစြာေပြ ့ပိုက္ ပီး ငိုရွုိက္သံေနာက္ကိုေျပးလိုက္ရွာေနမိသည္။ 

မရပ္မနားေျပးေနေသာ္လည္း ထိုအသံကို
ရွာလို ႔မေတြ ႕ခဲ့ ပါ။ ေဝးလာလိုက္၊ နီးသြားလိုက္နဲ ့  ခ်စ္ျခင္း  မ်က္လံုးေတြျပာလာၿပီးအသိစိတ္မဲ့ သြားေတာ့မဲ့ အခ်ိန္တြင္ အျဖဴ ေရာင္ အလင္းတန္းသည္ဆြဲေခၚယူေဆာင္သြားေလ၏။ ထို ႔ေနာက္....

" က်စ္ "

စူးရွတဲ့မီးအလင္းေရာင္ေႀကာင့္ ခ်စ္ျခင္း မ်က္လံုးအစံုက မခံနိုင္စြာ ျပန္ပိတ္လိုက္သည္။

သူဘယ္ေရာက္ေနသလဲ။ 

အေတာ္ၾကာေအာင္ စဥ္းစားခန္းဝင္လိုက္ၿပီးမွ  အိမ္မက္ ဟု သိရေတာ့မ်က္လံုးမဖြင့္ေသးပဲ ၿပံဳးလိုက္သည္။

ထူးဆန္းတဲ့ အိမ္မက္ပဲ။

"ဟင့္ "

ႀကိတ္ငိုေနသလိုအသံက ခ်စ္ျခင္းေဘးနားမွာတိုးတိုးေလးတခ်က္တခ်က္ထြက္ေပၚလာေတာ့ ၿပံဳးေနမိတဲ့ နႈတ္ခမ္းေတြက ျပန္တည္တင္းသြား၏။

ေမာင္ဘယ္ခ်ိန္ကတည္းကေရာက္ေနတာလဲ ။

ထို ႔ေနာက္သက္ျပင္းခ်ကာ ေရ႐ြတ္လိုက္၏။

" ငိုေနျပန္ပီလား  ။ ေမာင္ကေလ ငါအိမ္မက္ထဲထိေအာင္ေတာင္ လိုက္ငိုေနလို ့ငါမွာ စားလက္စေလး ေတာင္ မစားပဲ ေမာင့္ကို လိုက္ရွာေနခဲ့ရတာ "

"အင့္ ...နိုးပီးလား။  ေမာင္... ေမာင္ စိတ္ပူေနတာ... အခ်စ္အႀကာႀကီးအိပ္ေန
လို ့အင့္ !
ေမာင္... ေမာင္ ဟင့္ ...ရူးေတာ့မလို ့ "

ခ်စ္ျခင္း လက္ဖဝါးထဲကို သူ ့လက္ေလးလာထည့္ပီး ဆိုလိုက္တာမို ့ခ်စ္ျခင္း မ်က္လံုးဖြင့္ႀကည့္သည္။

သို ႔ေသာ္ အမိန္ ႔သည္  ေထြးေပြ ့ဖို ့လက္ကမ္းလိုက္ေပမဲ့ မထိရဲ သလိုပံုစံျဖင့္
ပခံုးပဲ ဖက္ေတာ့မွာလိုလို... ဆြဲေပြ ့ထူေတာ့မွာလိုလို ျဖစ္ပီးမွခုတင္ ေဘးကိုလက္နွစ္ဖက္တင္ပီးေခါင္းေမွာက္ကာ ဝမ္းနည္းပက္လက္ငိုေတာ့သည္။

"ဘာျဖစ္ရျပန္တာလဲ ကေလးရယ္ ...
ဒီမွာ ငါေနေကာင္းပါတယ္ ။ ဝမ္းနည္းေနတုန္းလားဟင္ ။ ဟုတ္တယ္ ငါမေကာင္းတာ ပါ။ ငါက ကေလးကိုဝမ္းနည္းေအာင္
လုပ္မိတဲ့ လူဆိုးႀကီး ။ ဟုတ္ပါ့ကြာ... ငါ့
ေယာက်ာ္းေလးကို ဝမ္းနည္းေအာင္ အခ်စ္က လုပ္တာ ဟုတ္လား။ လာပါအုန္း
ေအာင္ရာ  ငါဖက္ထားပါ့ရေစအုန္း ။ "

နုနုညံ့ညံ့ေလး ခ်စ္ျခင္းေခ်ာ့ျမဴ လိုက္ေတာ့
ခ်စ္ျခင္း လက္ေလးကို ဆုပ္ကိုင္ပီး မ်က္နွာေလးေမာ့ႀကည့္လာ၏။
ဘယ္ခ်ိန္ကတည္းက ငိုထားမွန္းမသိေပမဲ့
အေတာ္ႀကီး ငိုထားမွန္းသိသာစြာ ပါးျပင္နွစ္ဖက္က နီရဲကာ မ်က္လံုးအိမ္တို ့ကလည္း မို ့ေဖာင္းေနေသးသည္။

ခ်စ္ျခင္း ျဖည္းျဖည္းခ်င္းထကာ ေမာင့္ကို ခြပီး ကုတင္ေအာက္ကို ေျခဆင္းခ်လိုက္လိုက္သည္။ ေမာင္က ကုတင္ေဘးမွာ ထိုင္ေနတာမို ့ခ်စ္ျခင္း ေျခခ်လိုက္ေတာ့
ခ်စ္ျခင္းေျခေထာက္နွစ္ေခ်ာင္းႀကားမွာ ေမာင္က ေမာ့ႀကည့္ေနသည္။ ပါးနွစ္ဖက္ကို လက္နဲ ့ကိုင္ပီး အတင္း ကေလးေတြနမ္းသလို တရႊတ္ရႊတ္အသံထြက္ေအာင္ နမ္းလိုက္ေတာ့ ရင္ခြင္ထဲကို ဖြဖြေလးတိုးဝင္ပီးဖက္၏။ ထို ႔ေနာက္
လက္ဖဝါးျပင္ ႀကီးႀကီးနဲ ့ခ်စ္ျခင္းဗိုက္ကို မထိရက္သလိုေလးပြတ္ကာ

"ေမာင္တို ့မွာကေလးေလးေတြရွိလာရင္ေပ်ာ္မွာလားဟင္ "

မဆိုင္းမတြင္ အမိန္ ႔ဆံပင္ေတြကိုဆြဲဖြကာ ေျဖမိသည္။

"အင္း ေပ်ာ္မွာေပါ့။ ငါ့က တစ္ေယာက္ထဲ အထီးက်န္ခဲ့ဖူးေတာ့ ငါမွာ သာ ကေလးေလးေတြရွိလာရင္ ငါလို မျဖစ္ေအာင္ ေႏြးေထြးတဲ့ မိသားစုေလးဖန္တီးေပးမွာ ။ "

"ဘာလဲေရာက္တုန္း အငွားကိုယ္ဝန္ယူမလို ့လား။ ဒါဆိုငါလက္ခံတယ္ေနာ္... ေမာင္။
ငါ အိမ္မွာတစ္ေယာက္ထဲပ်င္းတယ္ ...တီတီတာတာေလး နွစ္ေယာက္ေလာက္ေတာ့ယူရေအာင္... ေနာ္"

ပူဆာသလိုေလး အမိန္ ့လက္ကေလးကို
ကိုင္လွဳပ္ပီးခ်စ္ျခင္းေျပာလိုက္သည္။

"အခ်စ္ကိုယ္တိုင္ ကေလးယူလို ့ရတယ္ဆိုရင္ေရာ  ယူခ်င္ေသးလား  "

ခုထိဝမ္းနည္းေနေသးတဲ့ အမိန္႔က
စကားတခါေျပာဖို ့အေရး မနည္းအားယူေျပာေနသလိုပံုမို ့ခ်စ္ျခင္း  ေက်ာျပင္ကို လက္နဲ ့ပုတ္ကာ ……။

"ဒါဆိုပိုေကာင္းတာေပါ့ ...ငါတို ့နွစ္ေယာက္ရဲ့ေသြးသား ဆိုေတာ့ ဒီထက္ေကာင္းတာေတာင္ ဒီေလာက္မေကာင္းနိုင္ဘူး "

"------"

"မငိုပါနဲ ့ေတာ့ အျမဲငိုေနတာ မပင္ပန္းေသးဘူးလား။ မင္းဝမ္းနည္းရင္ ငါလည္း ထပ္တူ ဝမ္းနည္းတယ္ေလ... တိတ္ပါေတာ့ကြာ ငါ ေလ... ငါ ... မင္း ခုလိုေတြငိုေနရင္ တအားရင္နာရတယ္ "

တသိမ့္သိမ့္တုန္ေနေအာင္ ငိုေႀကြးေနတဲ့ေမာင့္ကိုႀကည့္ပီးခ်စ္ျခင္းပါ မြန္းႀကပ္လာသည္။ ျဖစ္နိုင္ရင္ ေမာင့္ကိုခုလိုဝမ္းမနည္းေစခ်င္ေတာ့ဘူး။ ပခံုးနွစ္ဖက္ကေနကေန  ဆြဲထုတ္လိုက္ေတာ့ အမိန္ ႔အလိုက္သင့္ထ လာေပးသည္။ ပါးေပၚက မ်က္ရည္ေတြကို လက္ညိဳးနဲ ့သုတ္ေပးပီးလ်ွင္......

"စကားေျပာရေအာင္ ေမာင္ ။ ငါဘာျဖစ္တာတဲ့လဲ"

ပံုမွန္မဟုတ္တဲ့ေမာင့္အေျခေနေႀကာင့္
ခ်စ္ျခင္းဖက္ကသာ သိလိုတာေမးလိုက္သည္။ သူ ေမာင့္ကိုစိတ္မခ်လို ့တစ္ခုခုမျဖစ္ခ်င္ေသးေပမဲ့ ေမာင့္ထပ္ပိုပီးမာေက်ာေနမွျဖစ္မည္။

" အခ်စ္... ေမာင္ တို ့ကေလးမယူပဲ ေနရေအာင္ေလ ေနာ္ ...။  ကေလး မရွိလည္း
အခ်စ္ ေဘးနားရွိရင္ ရတယ္......မယူပဲေနရေအာင္ေလ... ေနာ္ ... ေနာ္ အခ်စ္ "

"ဘာကိုေျပာခ်င္တာလဲ ။ ပြင့္ပြင့္လင္းလင္း ပဲေျပာေတာ့ ငါစိတ္မရွည္ေတာ့ဘူးေမာင္ "

"ကေလး ...ကေလးေတြ အခ်စ္္မွာ ရွိ...ရွိေနတယ္တဲ့ ...။ အႏၱရာယ္အရမ္းမ်ားလို ့တစ္ေယာက္ေတာင္ မနည္းေမြးရမွာ …
အင့္…နွစ္ေယာက္ဆိုေတာ့ ဖ်က္ခ်လိုက္တာ ပို အဆင္ေျပ .........
ဟီးးအီးး ... ေမာင္လဲ အဲ့လို ့ ...အင့္ ...မလုပ္ခ်င္ပါဘူး ဒါေပမဲ့ အခ်စ္မရွိပဲ ေမာင္မေနနိုင္ဘူး... ေမာင္... ေမာင္... ေလရူးေတာ့မွာ သိရဲ့လား ။ မျမင္ရေသးတဲ့ေမာင္ တို ့ေသြးသားေလး ေတြ ... ေမာင္... ေမာင္ မလုပ္
ခ်င္ေပမဲ့ အခ်စ္ ကိုေတာ့ ... ေမာင့္မစြန္ ့လႊတ္နိုင္ဘူး... အီးဟီးး"

* ေသြးသား ? ကေလးေလးေတြ ...
ကေလးေလးေတြ ...ခ်စ္ျခင္းဗိုက္ထဲမွာ
တကယ္ ရွိေနတာလား ။ *

"ဒါဆို ငါ့ဗိုက္ထဲမွာ...ကေလးေလး ရွိေနပတာေပါ့ ... ဟုတ္လား ေမာင္"

ဝမ္းသာပီး ႀကည္နူးျခင္းေတြလွဳိက္တက္လာတာေႀကာင့္
ခ်စ္ျခင္း ရင္ဖက္ထဲမွာ တသိမ့္သိမ့္တုန္ေနသည္။ ေမာင္ငိုသံ ပတ္ဝန္းက်င္ ကအသံအားလံုး တိတ္သြားသလို ခ်စ္ျခင္း ဘာသံမွနားထဲမႀကားေတာ့ ...တေလာကလံုး ကအသံေတြ မႀကားရေတာ့ပဲခ်စ္ျခင္းတစ္ေယာက္ပဲရွိေတာ့သလို
ႀကီးခံစားေနရသည္။

"အခ်စ္ ေမာင္တို ့ ကေလးမယူရေအာင္ေနာ္ ။ အရမ္းအႏၲရာယ္မ်ားလြန္းတ
္တဲ့  ။ ေမာင္ စိတ္မခ်ဘူး  "

တိုးလ်ိဳးေတာင္းပန္ေနတဲ့ေမာင့္အသံက
ခ်စ္ျခင္းအတြက္ မိုးႀကိဳးပစ္ခ်လိုက္သလိုပဲ။
ေဒါသတႀကီး  အမိန္ ႔ရင္ဖက္ကို တြန္းလႊတ္လိုက္ကာ

"မင္းပါးစပ္ကိုပိတ္ထားစမ္း အမိန့္အာဏာသူတို ့ေတြ ႀကားသြားလိမ္ ့မယ္။ ဖေအဆီက ဒီလိုစကားေတြႀကားရင္ သူတို ့ေလးေတြဝမ္းနည္းသြားႀကလိမ္ ့မယ္။ ငါေတာင္းပန္ပါတယ္ ငါ့ကေလးေတြ.........
ထြက္သြား... ဒီစကားေတြလာေျပာေနမယ္ဆိုရင္ ...မင္းငါ့အနားမလာနဲ ့"

အမိန္ ့ သူ ့ကိုေသြးရူးတန္းရူး ေအာ္ဟစ္နွင္ထုတ္တဲ့
ခ်စ္ျခင္းကိုမျမင္ဘူးသလို ႀကည့္ေနမိသည္။

" အခ်စ္  ေမာင္ခ်င္တာက .."

"မေျပာနဲ ့။ သြား ငါ့ေရွ ႔ကထြက္သြားစမ္း။
မင္းပါးစပ္က  ဒီစကားမ်ိဴး ေျပာထြက္တယ္ဆိုကတည္းက မင္း ဖေအ တစ္ေယာက္မဟုတ္ေတာ့ဘူး။ သြား!! "

နီရဲေနတဲ့ မ်က္လံုးေတြ ေဒါသနဲ ့
တစက္စက္ တုန္ေနတဲ့ နဳတ္ခမ္းပါးေလးေတြနဲ ့ခ်စ္ျခင္းက သူ ့ဗိုက္ကေလးကိုလက္နဲ ့ပိုက္ကာ အရာရာ ေတာ္လွန္ေတာ့မဲ့
စစ္သူႀကီးလို ရဲဝင့္ေနသည္။ ။

"ေမာင္... ေမာင္မေျပာေတာ့ပါဘူးေမာင့္ကိုမနွင္ထုတ္ ပါနဲ ့…အင့္… ေမာင္ဆက္မေျပာေတာ့ပါဘူး ေတာင္းပန္ပါတယ္ "

ခ်စ္ျခင္းကို သိမ္းႀကံဳးေပြ ့ဖက္ပီး အမိန္ ့ေတာင္းပန္လိုက္ေပမဲ့ ခ်စ္ျခင္းကေတာ့ အသိစိတ္မဲ့ေနသလို ေတာင့္ေတာင့္ႀကီး
ျဖစ္ေန၏။ခ်စ္ျခင္းသာ
သူ ့ကိုမုန္းသြားရင္ သူ ေသသြားလိမ့္မယ္။

" ေတာင္းပန္ပါတယ္ အခ်စ္ရယ္ ေမာင္ ဖခင္ေကာင္းမပီသဘူး။ ေမာင္
အခ်စ္ေလာက္ေတာင္ သတိၱမရွိခဲ့ဘူး  အရာအားလံုးေမာင္ေႀကာင့္ပါ။
ေမာင္မွားတာပါ ။ "

ေဆးရုံအခန္းတံခါးကို ျပန္ေစ့ပီး ဦးမိုးေကာင္းသက္ျပင္းခ်လိုက္သည္။ ေဘးမွာႀကည့္ေနတဲ့ ဦးစိုင္းလူကလဲ မ်က္နွာမေကာင္းတာမို ့ ဦးတက္လူ ဒီကိစၥကို အေကာင္းဆံုး ေျဖရွင္းဖို ့ ဆရာဝန္ႀကီးနဲ ့ထိပ္တိုက္ေဆြးေႏြးဖို ့သာျပင္လိုက္သည္။
ျဖစ္လာပီးမွေတာ့ အရာရာအေကာင္းဆံုး
ေက်ာ္ျဖတ္က်တာေပါ့။ ေလာကမွာ
အခက္ခဲ ဆံုးအရာေတြေတာင္ႀကိဳးစား
လို ့ေအာင္နိုင္ခဲ့တဲ့သူေတြလဲရွိခဲ့တာပဲ။
ေဘးနားမွာ သူတို ့ပါအားေပးပီး
အတူလက္တြဲျဖတ္ေက်ာ္ရင္ မျဖစ္နိုင္တာ
ရွိပါ့မလား။ ဘိုးဘိုးႀကီး မင္းကိုေစာင့္ေရွာက္မွာပါ ခ်စ္ျခင္းျပည့္စံု။

ခ်စ္တဲ့အိမ္စည္။

ပတ်ပတ်လည်မှာတောင်တန်းတွေဝန်းရံနေကာ စိမ်းမြနေတဲ့ မြက်ခင်း
ပြင်တွေက မျက်စိတဆုံး စိမ်းစိုတောက်ပနေ၏။  ပြီးတော့ မြက်ခင်းစိမ်းတွေပေါ်မှာ  ပေါက်နေတဲ့  ရောင်စုံနွေဦးပန်းပွင့်လေးတွေကလည်း လှချင်တိုင်းလှလို့ နေ၏။

တချက် တချက် လေနုအေးလေးတိုက်လိုက်တဲ့အခါမှာယိမ်းနွဲ့ သွားသော အရောင်သွေးစုံနေတဲ့ ပန်းလေးတွေကိုမြင်ရသည်မှာ မျက်စိအေးစရာဖြစ်သည်။

မြင်မြင်သမျှ အရာရာအားလုံးသည် စိတ်ချမ်းသာစရာ...မျက်စိအေးစရာ ကောင်းလှသဖြင့်  တောလမ်းလေးအတိုင်း
လမ်းလျှောက်ရင်း ချစ်ခြင်း  ကြည်နူးစွာပြုံးနေမိသည်။

လမ်းဘေးမှာ ကပ်ပေါက်နေကြတဲ့ စတော်ဘယ်ရီပင်တွေမှာ  အ သီး တွေပြုံပြွတ်နေအောင်သီးနေကြသလို နီရဲစိုရွှန်းနေကြသည်မို့ ချစ်ခြင်းတစ်လုံးပီးတစ်လုံးလမ်းလျှောက်ရင်းခူးစားလာသည်။

လတ်တလောတွင် အမိန့်ကိုပင်မေ့ကာ
ချစ်ခြင်းတယောက်ပျော်မြူးလို့နေ၏။
ဒီကိုဘယ်လိုရောက်နေမိသလဲ ချစ်ခြင်းမသိတော့ပါ။  ပေါ့ပါးသောခံစားချက်တွေဖြင့် ချစ်ခြင်းကတော့ စတော်ဘယ်ရီသီးတွေခူးစားရင်း  ခုန်ပေါက်ဆော့ကစားနေမိ၏။

တစ်နေရာရောက်တော့  ချစ်ခြင်း မျက်လုံးများပြူးသွားအောင်ထိ အံ့သြသွား၏။

ကြီးလိုက်တဲ့ အသီးကြီးတွေ ။ မြက်ပင်တွေကြားမှာ နီရဲကာ အုန်းသီးလုံးလောက်ကြီးတဲ့စတော်ဘယ်ရီသီးကြီးနှစ်လုံးသည် ချစ်ခြင်းမြင်ဘူးသမျှထဲမှာအကြီးဆုံးပင်။

ဒူးတစ်ဖက်ထောက်ထိုင်ကာ တစ်လုံးကို အရင်ဆုံးခူး၍ ပွေ့ ထားပြီးမှ  နောက်တစ်လုံးကိုပါ ထပ်ခူးလိုက်သည်။ နီရဲရဲ
အသီးနှစ်လုံးကို ချစ်ခြင်းလက်မောင်းနှစ်ဖက်ကြားထဲမှာ ပွေ့ ဖက်သယ်နေစဉ် နားထဲမှာ ငိုရှိူက်သံသဲ့သဲ့ ကြားလိုက်ရသည်။ ရင်းနှီးနေတဲ့ငိုသံလေးကြောင့် ချစ်ခြင်း နှလုံးသားတွေ စူးအောင့်သွားသည်မို့ လက်ထဲကအသီးနှစ်လုံးကိုပါ လွှတ်ချမိတော့မလို ဖြစ်သွာ၏။

သို့သော် သေချာမြဲမြံစွာပွေ့ ပိုက် ပီး ငိုရှိုက်သံနောက်ကိုပြေးလိုက်ရှာနေမိသည်။ 

မရပ်မနားပြေးနေသော်လည်း ထိုအသံကို
ရှာလို့ မတွေ့ ခဲ့ ပါ။ ဝေးလာလိုက်၊ နီးသွားလိုက်နဲ့   ချစ်ခြင်း  မျက်လုံးတွေပြာလာပြီးအသိစိတ်မဲ့ သွားတော့မဲ့ အချိန်တွင် အဖြူ ရောင် အလင်းတန်းသည်ဆွဲခေါ်ယူဆောင်သွားလေ၏။ ထို့ နောက်....

" ကျစ် "

စူးရှတဲ့မီးအလင်းရောင်ကြောင့် ချစ်ခြင်း မျက်လုံးအစုံက မခံနိုင်စွာ ပြန်ပိတ်လိုက်သည်။

သူဘယ်ရောက်နေသလဲ။ 

အတော်ကြာအောင် စဉ်းစားခန်းဝင်လိုက်ပြီးမှ  အိမ်မက် ဟု သိရတော့မျက်လုံးမဖွင့်သေးပဲ ပြုံးလိုက်သည်။

ထူးဆန်းတဲ့ အိမ်မက်ပဲ။

"ဟင့် "

ကြိတ်ငိုနေသလိုအသံက ချစ်ခြင်းဘေးနားမှာတိုးတိုးလေးတချက်တချက်ထွက်ပေါ်လာသည်မို့  ပြုံးနေမိတဲ့ နှုတ်ခမ်းတွေက ပြန်တည်တင်းသွား၏။

မောင်ဘယ်ချိန်ကတည်းကရောက်နေတာလဲ ။

ထို့ နောက်သက်ပြင်းချကာ ရေရွတ်လိုက်၏။

" ငိုနေပြန်ပီလား  ။ မောင်ကလေ ငါအိမ်မက်ထဲထိအောင်တောင် လိုက်ငိုနေလို့ ငါမှာ စားလက်စလေး တောင် မစားပဲ မောင့်ကို လိုက်ရှာနေခဲ့ရတာ "

"အင့် ...နိုးပီးလား။  မောင်... မောင် စိတ်ပူနေတာ... အချစ်အကြာကြီးအိပ်နေ
လို့ အင့် !
မောင်... မောင် ဟင့် ...ရူးတော့မလို့  "

ချစ်ခြင်း လက်ဖဝါးထဲကို သူ့ လက်လေးလာထည့်ပီး ဆိုလိုက်တာမို့ ချစ်ခြင်း မျက်လုံးဖွင့်ကြည့်သည်။

သို့ သော် အမိန့် သည်  ထွေးပွေ့ ဖို့ လက်ကမ်းလိုက်ပေမဲ့ မထိရဲ သလိုပုံစံဖြင့်
ပခုံးပဲ ဖက်တော့မှာလိုလို... ဆွဲပွေ့ ထူတော့မှာလိုလို ဖြစ်ပီးမှခုတင် ဘေးကိုလက်နှစ်ဖက်တင်ပီးခေါင်းမှောက်ကာ ဝမ်းနည်းပက်လက်ငိုတော့သည်။

"ဘာဖြစ်ရပြန်တာလဲ ကလေးရယ် ...
ဒီမှာ ငါနေကောင်းပါတယ် ။ ဝမ်းနည်းနေတုန်းလားဟင် ။ ဟုတ်တယ် ငါမကောင်းတာ ပါ။ ငါက ကလေးကိုဝမ်းနည်းအောင်
လုပ်မိတဲ့ လူဆိုးကြီး ။ ဟုတ်ပါ့ကွာ... ငါ့
ယောကျာ်းလေးကို ဝမ်းနည်းအောင် အချစ်က လုပ်တာ ဟုတ်လား။ လာပါအုန်း
အောင်ရာ  ငါဖက်ထားပါ့ရစေအုန်း ။ "

နုနုညံ့ညံ့လေး ချစ်ခြင်းချော့မြူ လိုက်တော့
ချစ်ခြင်း လက်လေးကို ဆုပ်ကိုင်ပီး မျက်နှာလေးမော့ကြည့်လာ၏။
ဘယ်ချိန်ကတည်းက ငိုထားမှန်းမသိပေမဲ့
အတော်ကြီး ငိုထားမှန်းသိသာစွာ ပါးပြင်နှစ်ဖက်က နီရဲကာ မျက်လုံးအိမ်တို့ ကလည်း မို့ ဖောင်းနေသေးသည်။

ချစ်ခြင်း ဖြည်းဖြည်းချင်းထကာ မောင့်ကို ခွပီး ကုတင်အောက်ကို ခြေဆင်းချလိုက်လိုက်သည်။ မောင်က ကုတင်ဘေးမှာ ထိုင်နေတာမို့ ချစ်ခြင်း ခြေချလိုက်တော့
ချစ်ခြင်းခြေထောက်နှစ်ချောင်းကြားမှာ မောင်က မော့ကြည့်နေသည်။ ပါးနှစ်ဖက်ကို လက်နဲ့ ကိုင်ပီး အတင်း ကလေးတွေနမ်းသလို တရွှတ်ရွှတ်အသံထွက်အောင် နမ်းလိုက်တော့ ရင်ခွင်ထဲကို ဖွဖွလေးတိုးဝင်ပီးဖက်၏။ ထို့ နောက်
လက်ဖဝါးပြင် ကြီးကြီးနဲ့ ချစ်ခြင်းဗိုက်ကို မထိရက်သလိုလေးပွတ်ကာ

"မောင်တို့ မှာကလေးလေးတွေရှိလာရင်ပျော်မှာလားဟင် "

မဆိုင်းမတွင် အမိန့် ဆံပင်တွေကိုဆွဲဖွကာ ဖြေမိသည်။

"အင်း ပျော်မှာပေါ့။ ငါ့က တစ်ယောက်ထဲ အထီးကျန်ခဲ့ဖူးတော့ ငါမှာ သာ ကလေးလေးတွေရှိလာရင် ငါလို မဖြစ်အောင် နွေးထွေးတဲ့ မိသားစုလေးဖန်တီးပေးမှာ ။ "

"ဘာလဲရောက်တုန်း အငှားကိုယ်ဝန်ယူမလို့ လား။ ဒါဆိုငါလက်ခံတယ်နော်... မောင်။
ငါ အိမ်မှာတစ်ယောက်ထဲပျင်းတယ် ...တီတီတာတာလေး နှစ်ယောက်လောက်တော့ယူရအောင်... နော်"

ပူဆာသလိုလေး အမိန့် လက်ကလေးကို
ကိုင်လှုပ်ပီးချစ်ခြင်းပြောလိုက်သည်။

"အချစ်ကိုယ်တိုင် ကလေးယူလို့ ရတယ်ဆိုရင်ရော  ယူချင်သေးလား  "

ခုထိဝမ်းနည်းနေသေးတဲ့ အမိန့်က
စကားတခါပြောဖို့ အရေး မနည်းအားယူပြောနေသလိုပုံမို့ ချစ်ခြင်း  ကျောပြင်ကို လက်နဲ့ ပုတ်ကာ ……။

"ဒါဆိုပိုကောင်းတာပေါ့ ...ငါတို့ နှစ်ယောက်ရဲ့သွေးသား ဆိုတော့ ဒီထက်ကောင်းတာတောင် ဒီလောက်မကောင်းနိုင်ဘူး "

"------"

"မငိုပါနဲ့ တော့ အမြဲငိုနေတာ မပင်ပန်းသေးဘူးလား။ မင်းဝမ်းနည်းရင် ငါလည်း ထပ်တူ ဝမ်းနည်းတယ်လေ... တိတ်ပါတော့ကွာ ငါ လေ... ငါ ... မင်း ခုလိုတွေငိုနေရင် တအားရင်နာရတယ် "

တသိမ့်သိမ့်တုန်နေအောင် ငိုကြွေးနေတဲ့မောင့်ကိုကြည့်ပီးချစ်ခြင်းပါ မွန်းကြပ်လာသည်။ ဖြစ်နိုင်ရင် မောင့်ကိုခုလိုဝမ်းမနည်းစေချင်တော့ဘူး။ ပခုံးနှစ်ဖက်ကနေကနေ  ဆွဲထုတ်လိုက်တော့ အမိန့် အလိုက်သင့်ထ လာပေးသည်။ ပါးပေါ်က မျက်ရည်တွေကို လက်ညိုးနဲ့ သုတ်ပေးပီးလျှင်......

"စကားပြောရအောင် မောင် ။ ငါဘာဖြစ်တာတဲ့လဲ"

ပုံမှန်မဟုတ်တဲ့မောင့်အခြေနေကြောင့်
ချစ်ခြင်းဖက်ကသာ သိလိုတာမေးလိုက်သည်။ သူ မောင့်ကိုစိတ်မချလို့ တစ်ခုခုမဖြစ်ချင်သေးပေမဲ့ မောင့်ထပ်ပိုပီးမာကျောနေမှဖြစ်မည်။

" အချစ်... မောင် တို့ ကလေးမယူပဲ နေရအောင်လေ နော် ...။  ကလေး မရှိလည်း
အချစ် ဘေးနားရှိရင် ရတယ်......မယူပဲနေရအောင်လေ... နော် ... နော် အချစ် "

"ဘာကိုပြောချင်တာလဲ ။ ပွင့်ပွင့်လင်းလင်း ပဲပြောတော့ ငါစိတ်မရှည်တော့ဘူးမောင် "

"ကလေး ...ကလေးတွေ အချစ်မှာ ရှိ...ရှိနေတယ်တဲ့ ...။ အန္တရာယ်အရမ်းများလို့ တစ်ယောက်တောင် မနည်းမွေးရမှာ …
အင့်…နှစ်ယောက်ဆိုတော့ ဖျက်ချလိုက်တာ ပို အဆင်ပြေ .........
ဟီးးအီးး ... မောင်လဲ အဲ့လို့  ...အင့် ...မလုပ်ချင်ပါဘူး ဒါပေမဲ့ အချစ်မရှိပဲ မောင်မနေနိုင်ဘူး... မောင်... မောင်... လေရူးတော့မှာ သိရဲ့လား ။ မမြင်ရသေးတဲ့မောင် တို့ သွေးသားလေး တွေ ... မောင်... မောင် မလုပ်
ချင်ပေမဲ့ အချစ် ကိုတော့ ... မောင့်မစွန့် လွှတ်နိုင်ဘူး... အီးဟီးး"

* သွေးသား ? ကလေးလေးတွေ ...
ကလေးလေးတွေ ...ချစ်ခြင်းဗိုက်ထဲမှာ
တကယ် ရှိနေတာလား ။ *

"ဒါဆို ငါ့ဗိုက်ထဲမှာ...ကလေးလေး ရှိနေပတာပေါ့ ... ဟုတ်လား မောင်"

ဝမ်းသာပီး ကြည်နူးခြင်းတွေလှိုက်တက်လာတာကြောင့်
ချစ်ခြင်း ရင်ဖက်ထဲမှာ တသိမ့်သိမ့်တုန်နေသည်။ မောင်ငိုသံ ပတ်ဝန်းကျင် ကအသံအားလုံး တိတ်သွားသလို ချစ်ခြင်း ဘာသံမှနားထဲမကြားတော့ ...တလောကလုံး ကအသံတွေ မကြားရတော့ပဲချစ်ခြင်းတစ်ယောက်ပဲရှိတော့သလို
ကြီးခံစားနေရသည်။

"အချစ် မောင်တို့  ကလေးမယူရအောင်နော် ။ အရမ်းအန္တရာယ်များလွန်းတ
်တဲ့  ။ မောင် စိတ်မချဘူး  "

တိုးလျိုးတောင်းပန်နေတဲ့မောင့်အသံက
ချစ်ခြင်းအတွက် မိုးကြိုးပစ်ချလိုက်သလိုပဲ။
ဒေါသတကြီး  အမိန့် ရင်ဖက်ကို တွန်းလွှတ်လိုက်ကာ

"မင်းပါးစပ်ကိုပိတ်ထားစမ်း အမိန့်အာဏာသူတို့ တွေ ကြားသွားလိမ့် မယ်။ ဖအေဆီက ဒီလိုစကားတွေကြားရင် သူတို့ လေးတွေဝမ်းနည်းသွားကြလိမ့် မယ်။ ငါတောင်းပန်ပါတယ် ငါ့ကလေးတွေ.........
ထွက်သွား... ဒီစကားတွေလာပြောနေမယ်ဆိုရင် ...မင်းငါ့အနားမလာနဲ့ "

အမိန့်  သူ့ ကိုသွေးရူးတန်းရူး အော်ဟစ်နှင်ထုတ်တဲ့
ချစ်ခြင်းကိုမမြင်ဘူးသလို ကြည့်နေမိသည်။

" အချစ်  မောင်ချင်တာက .."

"မပြောနဲ့ ။ သွား ငါ့ရှေ့ ကထွက်သွားစမ်း။
မင်းပါးစပ်က  ဒီစကားမျိူး ပြောထွက်တယ်ဆိုကတည်းက မင်း ဖအေ တစ်ယောက်မဟုတ်တော့ဘူး။ သွား!! "

နီရဲနေတဲ့ မျက်လုံးတွေ ဒေါသနဲ့
တစက်စက် တုန်နေတဲ့ နုတ်ခမ်းပါးလေးတွေနဲ့ ချစ်ခြင်းက သူ့ ဗိုက်ကလေးကိုလက်နဲ့ ပိုက်ကာ အရာရာ တော်လှန်တော့မဲ့
စစ်သူကြီးလို ရဲဝင့်နေသည်။ ။

"မောင်... မောင်မပြောတော့ပါဘူးမောင့်ကိုမနှင်ထုတ် ပါနဲ့ …အင့်… မောင်ဆက်မပြောတော့ပါဘူး တောင်းပန်ပါတယ် "

ချစ်ခြင်းကို သိမ်းကြုံးပွေ့ ဖက်ပီး အမိန့် တောင်းပန်လိုက်ပေမဲ့ ချစ်ခြင်းကတော့ အသိစိတ်မဲ့နေသလို တောင့်တောင့်ကြီး
ဖြစ်နေ၏။ချစ်ခြင်းသာ
သူ့ ကိုမုန်းသွားရင် သူ သေသွားလိမ့်မယ်။

" တောင်းပန်ပါတယ် အချစ်ရယ် မောင် ဖခင်ကောင်းမပီသဘူး။ မောင်
အချစ်လောက်တောင် သတ္တိမရှိခဲ့ဘူး  အရာအားလုံးမောင်ကြောင့်ပါ။
မောင်မှားတာပါ ။ "

ဆေးရုံအခန်းတံခါးကို ပြန်စေ့ပီး ဦးမိုးကောင်းသက်ပြင်းချလိုက်သည်။ ဘေးမှာကြည့်နေတဲ့ ဦးစိုင်းလူကလဲ မျက်နှာမကောင်းတာမို့  ဦးတက်လူ ဒီကိစ္စကို အကောင်းဆုံး ဖြေရှင်းဖို့  ဆရာဝန်ကြီးနဲ့ ထိပ်တိုက်ဆွေးနွေးဖို့ သာပြင်လိုက်သည်။
ဖြစ်လာပီးမှတော့ အရာရာအကောင်းဆုံး
ကျော်ဖြတ်ကျတာပေါ့။ လောကမှာ
အခက်ခဲ ဆုံးအရာတွေတောင်ကြိုးစား
လို့ အောင်နိုင်ခဲ့တဲ့သူတွေလဲရှိခဲ့တာပဲ။
ဘေးနားမှာ သူတို့ ပါအားပေးပီး
အတူလက်တွဲဖြတ်ကျော်ရင် မဖြစ်နိုင်တာ
ရှိပါ့မလား။ ဘိုးဘိုးကြီး မင်းကိုစောင့်ရှောက်မှာပါ ချစ်ခြင်းပြည့်စုံ။

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz