ခ်စ္အမိန္ ့( ချစအမိန့် ) (completed)
26
" ေနမေကာင္းဘူးလား……
မ်က္နွာေလးႏြမ္းေနတယ္ေနာ္ ခ်စ္ျခင္း ။
ေမာင္ ေဘးနားမွာ မရွိေတာ့ မင္း တစ္ေယာက္ထဲထားရတာ စိတ္မခ်လိုက္တာ။
ေနရတာေရာအဆင္ေျပရဲ့လား ဟင္ "
ဖုန္းမွန္ျပင္မွာယဲ့ယဲ့ေလးျပံဳးျပေနတဲ့ ခ်စ္ျခင္းကိုႀကည့္ပီး အမိန္ ့ သူပါေနမေကာင္းျဖစ္ခ်င္လာ၏။ ဒီေန ့ဘန္ေကာက္ ကို ေဖႀကီးနဲ ့ေဆးျပ လိုက္သြားတာကို ေလဆိပ္ထိ အမိန္ ့မအားတဲ့ႀကားကလိုက္ပို ့ခဲ့
ေပမဲ့ နည္းနည္းမွ ခ်စ္ျခင္းကိုစိတ္မခ်ေပ။
ျဖစ္နိုင္ရင္ကိုယ္ပါလိုက္သြားခ်င္သည္။
ဒီမွာ ကိုယ္မရွိရင္မျဖစ္ေအာင္ကို ခုတေလာ အမိန္ ့အလုပ္ေတြပိေနသည္မို႔သာ။
"ေနေကာင္းပါတယ္ ။ဒီတိုင္း ခရီးနည္းနည္းပန္းလို ့မလန္းေနတာ ။ ေမာင္ကေရာ
ခု ဘယ္ေရာက္ေနတာလဲ"
ဧည့္ခန္းက ဆိုဖာက အိမ္ကအေရာင္မဟုတ္တာမို ့ခ်စ္ျခင္းတန္းသိပီးေမးလိုက္၏။
"ဟုတ္တယ္…။ ေမာင္ …ဘိုးဘိုးအိမ္ျပန္အိပ္တာ ။ အခ်စ္မရွိေတာ့… ေမာင္တစ္ေယာက္ထဲ အထီးက်န္တယ္ ။ အခ်ိန္တိုင္းအခ်စ္မ်က္နွာပဲျမင္ေနလို ့ဘိုးဘိုးဆီလာအိပ္တာ "
ေဘးခံုမွာ ထိုင္ကာ သတင္းစာဖတ္ေနတဲ့ဦးမိုးေကာင္းက ေျမးျဖစ္သူအသံေႀကာင့္
အေတာ္ႀကီးအျမင္ကပ္လွပီျဖစ္၏။
သြားတာ ငါးနာရီမျပည့္ေသးဘူး။
ဖုန္းကအႀကိမ္ဘယ္ေလာက္ေျပာပီးသလဲဆိုတာ လက္ခ်ိဳးေရလို ့ေတာင္မရေတာ့ေပ။
တခါတေလ ညအိပ္လာလို ့ဝမ္းသာရမလားမွတ္တယ္… ေခြးအ,ႀကီးလွည္းနင္းခံရသလို မအီမလည္ရုပ္နဲ ့ ေရာက္လာျပီး အရုပ္ႀကိဳးျပတ္ဧည့္ခန္းမွာ အားယားေမွာက္ကာ အိပ္ပီးဖုန္းေျပာေနတာ ခုထိမထေသးဘူး။
လြမ္းသေလး… ဘာသေလးနဲ ့…မသိရင္
တလေလာက္ႀကာေအာင္ေနမဲ ့သူလိုလို ။
ဟိုက နွစ္ရက္သံုးရက္ေလာက္ကေလးေနမွာကို ဒီအဘိုးႀကီးေရွ့လာပီး မေထာ္မနန္းေတြလာလုပ္ျပေနတယ္။
" ပိုေကာင္းတာေပါ့ ။ မဟုတ္ေတာင္
အိမ္မွာမေနပဲ ဘိုးဘိုးႀကီး ဆီ သြားေနဖို ႔
ေျပာမလို ႔။ အလုပ္ေတြ တအားအပင္ပန္းခံမေနနဲ ့။ အစားကိုလည္းမွန္ေအာင္စားဦး။ ငါစိတ္ခ်မယ္ေနာ္ "
"အင္းပါ ။ စိတ္ခ်လက္ခ်ေန ။ မင္းကြယ္ရာ မွာ ေမာင္ မဟုတ္တာ တခုကို စိတ္နဲ ့ေတာင္လုပ္မထားဘူး ။ ဟုတ္ၿပီလား"
"အင္း ဒါဆို ဖုန္းခ်ေတာ့မယ္။ ေဖႀကီး နိုးေနၿပီ "
"အင္း ေမာင္လည္း ခ်စ္တယ္ ။အရမ္းလြမ္းေန
တာေနာ္ ျမန္ျမန္ျပန္ခဲ့။ အာဘြားအခါတသိန္း …မြမြ …"
*ေအာ့ေအာ အန္ခ်င္တာ။ ေလသံကိုက
ခ်ြဲျပစ္ေနတာပဲ။ သူ ့ထပ္ခ်ြဲတာေတာင္သူေလာက္မခ်ြဲဘူး။ ဒါေႀကာင့္ ေရွးလူႀကီးေတြကေျပာတာ ဘယ္ႀကားမွမဝင္နဲ ့လို ့။ အခုႀကားဝင္တာမဟုတ္ပဲ ေဘးေလးထိုင္ေနတာေတာင္ဒီေလာက္ ဒီေလာက္မ်က္
စိေနာက္ေနရင္ ႀကားသာဝင္လိုက္ရင္ေတာ့..ဟင္းး မိုးေကာင္းစိတ္ေလ်ာ့ ထား ။ *
" လိမ္လိမ္မာမာေနဦး။ ဘိုးဘိုးႀကီးကိုလည္းျပန္ေျပာမေနနဲ ့ေနာ္ "
*ဒါမွသူ ့ေျမးသမက္…။ ဟို …ဆန္ကုန္ေျမးေလးေကာင္ကို ေက်ြးေမြးထားရတာ အသံုးကိုမဝင္ဘူး။ ဟြန္ ့။ *
သတင္းစာရြက္ကို ဟန္ပါပါလွန္ေနေပမဲ့
စိတ္က ကိုမိန္ ့ဖုန္းေျပာတာကိုနားစြံ ့ပီး
စိ္တ္ထဲမွာ ဦးမိုးေကာင္ ထိုင္အတင္းတုတ္ေနလိုက္သည္။
ခုခ်ေတာ့မွာလိုလိုနဲ ့မပီးနိုင္မစီးနိုင္စကားေျပာေနတဲ့ ကိုမိန္ ့ကို
နားရင္းေတာင္ထရုိက္ခ်င္စိတ္ေပါက္ေနေပမဲ့ သူ စိတ္ေလ်ာ့ထားပါသည္။
"အင္းပါ…အခ်စ္မ်က္နွာေလး တမ်ိဳးျဖစ္ေနသလိုပဲ… ေဆးခန္းတစ္ခါထဲ ေဆးဝင္ျပခဲ့ ေနာ္……ဟာ ……ခ်စ္ျခင္း ခ်စ္ျခင္း ။"
"ဘာျဖစ္တာလဲ …hello! hello!ခ်စ္ျခင္းေမာင္ေျပာတာႀကားလား "
ရုတ္တရက္ ေျပာေနတုန္းထေအာ္လိုက္တဲ့ ကိုမိန္ ့ေႀကာင့္ သတင္းစာဖတ္ေနတဲ့ ဦးမိုးေကာင္းလန္ ႔သြား၏။
"ဘာျဖစ္တာလဲ ကိုမိန္ ့ရာ …အလန္ ့တႀကားနဲ ့မင္းဟာက "
"မဟုတ္ဘူး ဘိုးဘိုး …ဖုန္းကက်သြားတာမဟုတ္ပဲ ျပဳတ္က်သြားသလိုပဲ ။ ဒီမွာ ဆူဆူညံညံေတြလည္း ႀကားေနရတယ္ ဖုန္းမွန္က ေမွာက္ေနလို ့ဘာမွမျမင္ရဘူး ။ခ်စ္ျခင္းတစ္ခုခုျဖစ္တာလားမသိဘူး။ လုပ္ပါအုန္းဘိုးဘိုးရယ္။ သားဘာလုပ္ရမွာလဲ မသိေတာ့ဘူး"
အမိန္ ့ပံုစံက ဖုန္းကိုင္ရက္သားနဲ ့ဘာလုပ္ရမွန္းမသိသလို ျပာေနတာမို ့ ဦးမိုးေကာင္းကသာ ဖုန္းနံပါတ္တစ္ခုေကာက္ဆက္လိုက္သည္။ ဖုန္းက ဝင္ေနေပမဲ့အေတာ္ႀကီးႀကာတဲ့အထိမကိုင္တာမို ့ခဏခဏျပန္ေခၚလိုက္သည္။ ေလးခါေျမာက္မွ တီ ခနဲ ဝင္သြားတာမို ့ ဝမ္းသာအားရ သိခ်င္တာေမးလိုက္၏
"Hello !ဦးစိုင္းလူ က်ြန္ေတာ္ ဦးမိုးေကာင္းပါဗ် …ခ်စ္ျခင္းဘာမ်ားျဖစ္တာလဲလို ့ဆက္လိုက္တာ။ ဒီဖက္မွာအမိန္ ့နဲ ့ဖုန္းေျပာရင္း တစ္ခုခုျဖစ္သြားသလို ႀကားလိုက္ရလို ့ … "
"..."
"ဗ်ာ !!ဟုတ္လား ? အခုက်ြန္ေတာ္တို ့လိုက္လာခဲ့မယ္ ။ ခင္ဗ်ားလည္းေနသိပ္မေကာင္းဘူးမို ႔လား။ ခုလိုက္ခဲ့မွာမို ႔စိတ္သိပ္မပူပါနဲ ့။ "
ဦးမိုးေကာင္းဖုန္းေျပာေနတာကို စိတ္ပူတႀကီးလက္သဲကိုက္ကာ တုန္တုန္စက္စက္နားေထာင္ေနတဲ့အမိန္ ့ကဖုန္းလည္းခ်ေရာ
"ဘာ …ဘာ… ျဖစ္တာလဲ…ခ်စ္ျခင္းတခုခုျဖစ္လို ့လား …ဟင္ !ဘိုးဘိုး… သားအရမ္းစိတ္ပူေနပီ "
မ်က္ရည္ေတြက်ကာ စိုးရိမ္တႀကီးေမးလာတဲ့အမိန္ ့ေႀကာင့္ဦးမိုးေကာင္းစိတ္မသက္မသာျဖစ္သြားသည္။ သူ ့ေျမး ကခ်စ္ျခင္းနဲ ့ပါတ္သတ္လာရင္ တကယ္ကို အထိမခံနိုင္ေအာင္အေတာ္ျဖစ္ေနတာပဲ။
သက္ျပင္းကိုခ်ကာ ……
"အမိန္ ့ဘာေတြစိတ္ပူေနတာလဲ …ငိုစရာမပါပဲ တိတ္ေတာ့ ။ ခ်စ္ျခင္းက ဒီတိုင္းမင္းနဲ ့စကားေျပာရင္း မူးလဲတာတဲ့။ ဆရာဝန္ေတြလဲ ခုမွစစ္ေနႀကတုန္း ဘိုးဘိုးတို ့လိုက္သြားရေအာင္အခု "
"ဗ်ာ !တခုခု ျဖစ္တာလား သား…သား…ဘာ ဘာဆက္လုပ္ရမလဲ "
"ကိုမိန္ ့စိတ္ေလ်ာ့စမ္း။ ဒါရုိးရုိး ခရီးပန္းလို ့ျဖစ္သြားတာ ။ဘာမွမျဖစ္ဘူး ခ်စ္ျခင္းက တအားနုနယ္လို ့ပင္ပန္းသြားတာ… အခုဖုန္းဆက္မလို ့ယူစရာရွိတာသြားယူ ေခ် "
တုန္လွဳပ္ေနတဲ့ အမိန္ ့ကိုလွည့္ဆူပီး ဦးမိုးေကာင္းဖုန္းနံပါတ္တခုကိုနွိပ္လိုက္ပီး
ေလယာဥ္လက္မွတ္မွာလိုက္၏။ ခ်က္ျခင္းပင္ အမိန္ ့နဲ ့သူပါယူစရာရွိတာယူပီးခ်က္ျခင္း ဘန္ေကာက္ကို ထြက္ခဲ့ရသည္။
ဒီမွာရွိတဲ့အလုပ္ေတြကိုေတာ့ဦးမိုးေကာင္းဘာသာ လွည့္ႀကည့္စရာမလိုေအာင္မွာထားလိုက္သည္။ ကိုမိန္ ့ကေတာ့ ဘာမွ
မသိေတာ့ေအာင္ ျပာေနသည္မို ့ ဦးမိုးေကာင္း ဘာသာ အကုန္စီစဥ္လိုက္ရသည္။
ဦးစိုင္းလူဆီ ဖုန္းထပ္ဆက္ေတာ့လဲ ဖုန္းမကိုင္တာမို ့ဘာမွေရေရရာရာ ခ်စ္ျခင္းအေႀကာင္းကိုမသိေတာ့တာမို ့ သူပါစိတ္ပူေနရသည္။
ခရီက ခဏ ပဲမို ့သာေတာ္ေတာ့သည္။ တလမ္းလံုးမ်က္ရည္နဲ ့မ်က္ခြက္ျဖစ္ေနတဲ့ေျမးျဖစ္သူက ေဆးရုံေရွ ့ကားရပ္တာနဲ ့သူ ့ကိုမေစာင့္ပဲေျပးေတာ့သည္။
အမိန္ ့ ခ်စ္ျခင္း ရွိရာ အခန္းေရွ ့မွာ ရပ္ေနေပမဲ ့အထဲမဝင္ရဲေပ။ ခ်စ္ျခင္းသာတစ္ခုခုျဖစ္ေနရင္ ဒါေတြရင္ဆိုင္ဖို ့ထိ အမိန္ ့အဆင္သင့္မျဖစ္ေသး၍ အထဲဝင္ဖို ့တြန္ ့ဆုတ္ေနတာျဖစ္သည္။
တံခါးလက္ကိုင္ကို
တြန္းဖြင့္ဖို ့လက္လွမ္းလိုက္စဥ္မွာပဲ အခန္းထဲက ဆြဲဖြင့္လိုက္တာေႀကာင့္ ေမာ့ႀကည့္လိုက္ေတာ့ ေဖႀကီးျဖစ္ေန၏။
"မဝင္ပဲဘာလုပ္ေနတာလဲ အထဲမွာ အိပ္ေနတယ္ ။ဘာမွမျဖစ္ဘူး ဝင္ႀကည့္လိုက္"
ေျပာပီးထြက္သြားေဖႀကီး ေႀကာင့္
အမိန္ ့အသက္ကိုခုမွရဲရဲရွဴရဲေတာ့သည္။
ခ်စ္ျခင္းသာတခုခုျဖစ္ရင္ သူလဲရူးသြားနိုင္သည္။
ပါးထပ္က မ်က္ရည္တို ့ကို လက္ဖမိုးနဲ ့ဖိသုတ္ကာ အမိန္ ့အခန္းထဲကို စိတ္ေလ်ာ့ကာ ေျပးဝင္သြားလိုက္သည္။
_____
"ဒါ… တကယ္လား ဦးစိုင္းလူ ။မျဖစ္နိုင္ဘူးထင္တယ္ ေနာ္ ေသခ်ာရဲ့လား"
မ်က္နွာပူေပမဲ့ဦးမိုးေကာင္းမရွက္နိုင္ပါ။
ဒါသာတကယ္ျဖစ္ေနရင္ သူတို ့ကံထူးတာ
မို ့လား။
မ်က္နွာႀကီးနီေနတဲ့ဦးစိုင္းလူကေတာ့ေျပာရမွာရွက္ေနပံုရသည္။
သူရွက္ေပမဲ့ကိုယ္လဲမ်က္နွာပူတာပဲ။ သိသာသိေစမျမင္ေစနဲ႔ ဆိုတဲ့ စကားအတိုင္းပင္။ ခ်စ္ျခင္းအဆင္က
ေအာက္ကလူမွန္းေသခ်ာေပမဲ့ ဒါႀကီး
လက္ဆုပ္လက္ကိုင္ျပကာ က်ြန္ေတာ္
ဂိုလ္းသြင္းခံရသူပါလို ့လိုက္ေအာ္ေျပာေနသလိုျဖစ္ေနတာမို ့သူပါအားနာေနရသည္။
"ေသခ်ာတယ္ ဦးမိုးေကာင္း ။က်ဳပ္လည္းေျပာရတာရွက္ေပမဲ့ ဒါထူးထူးဆန္းဆန္း
ခ်စ္ျခင္းမွာရွိေနတယ္။ သူတို ့အထပ္ထပ္စစ္ေဆးျပီးပီ ။
တစ္ေယာက္ေတာင္မဟုတ္ဘူး။နွစ္ေယာက္ဗ် နွစ္ေယာက္ ။ ခ်စ္ျခင္းသိရင္ အဆင္ေျပပါ့မလားမသိဘူး။ က်ဳပ္လဲရူးခ်င္ေနျပီ။ ျပီးေတာ့ ဒါကရွားပါးျဖစ္စဥ္မို့သူတို ့အကုန္စိတ္ဝင္စားေနႀကတယ္။
အရမ္းလဲအႏၱရာယ္မ်ား တယ္တဲ့ ။တစ္ေယာက္ေတာင္ အရမ္းဂရုစိုက္မွ အဆင္ေျပမွာခုနွစ္ေယာက္ဆိုေတာ့ … ။"
ဆက္မေျပာပဲ လက္ဖဝါးနွစ္ဖက္နဲ ့မ်က္နွာအုပ္ကာျငိမ္သက္သြားတဲ့ ဦးစိုင္းလူေႀကာင့္ဦးမိုးေကာင္းပါ ခ်စ္ျခင္းအတြက္စိတ္မေကာင္းျဖစ္သြားသည္။ သူလည္း ခ်စ္ျခင္းကို
ေျမးအရင္းထပ္ေတာင္ ခ်စ္ခဲ့ရေသးသည္မို ့လား။ ျဖစ္ခဲ့ပီးမွေတာ့ ဘာတက္နိုင္မွာလဲ ။
ကေလးေတြအေကာင္ဆံုး
ဆံုျဖတ္ခ်က္ခ်နိုင္မွာပါ ။ ေသြးသားက
ဘယ္လို ေနေန ဒီေခတ္ႀကီးမွာ ရနိုင္ေပမဲ့
ခ်စ္ျခင္းကေတာ့ တစ္ခုခုျဖစ္လို ့မရေပ။
မိုက္ရူးရဲဆန္စြာ ေရြးခ်ယ္ရမယ္ဆိုရင္
ခ်စ္ျခင္းမရွိရင္မျဖစ္မဲ့ အမိန္ ့မ်က္နွာကိုသာ ေျပးျမင္လိုက္တာမို ့ ဒီအဘိုးႀကီးကိုသာခြင့္လြတ္႔ေပးႀကပါ ကေလးတို ့ရယ္။
ခ်စ္တဲ့အိမ္စည္။
########
" နေမကောင်းဘူးလား……
မျက်နှာလေးနွမ်းနေတယ်နော် ချစ်ခြင်း ။
မောင် ဘေးနားမှာ မရှိတော့ မင်း တစ်ယောက်ထဲထားရတာ စိတ်မချလိုက်တာ။
နေရတာရောအဆင်ပြေရဲ့လား ဟင် "
ဖုန်းမှန်ပြင်မှာယဲ့ယဲ့လေးပြုံးပြနေတဲ့ ချစ်ခြင်းကိုကြည့်ပီး အမိန့် သူပါနေမကောင်းဖြစ်ချင်လာ၏။ ဒီနေ့ ဘန်ကောက် ကို ဖေကြီးနဲ့ ဆေးပြ လိုက်သွားတာကို လေဆိပ်ထိ အမိန့် မအားတဲ့ကြားကလိုက်ပို့ ခဲ့
ပေမဲ့ နည်းနည်းမှ ချစ်ခြင်းကိုစိတ်မချပေ။
ဖြစ်နိုင်ရင်ကိုယ်ပါလိုက်သွားချင်သည်။
ဒီမှာ ကိုယ်မရှိရင်မဖြစ်အောင်ကို ခုတလော အမိန့် အလုပ်တွေပိနေသည်မို့သာ။
"နေကောင်းပါတယ် ။ဒီတိုင်း ခရီးနည်းနည်းပန်းလို့ မလန်းနေတာ ။ မောင်ကရော
ခု ဘယ်ရောက်နေတာလဲ"
ဧည့်ခန်းက ဆိုဖာက အိမ်ကအရောင်မဟုတ်တာမို့ ချစ်ခြင်းတန်းသိပီးမေးလိုက်၏။
"ဟုတ်တယ်…။ မောင် …ဘိုးဘိုးအိမ်ပြန်အိပ်တာ ။ အချစ်မရှိတော့… မောင်တစ်ယောက်ထဲ အထီးကျန်တယ် ။ အချိန်တိုင်းအချစ်မျက်နှာပဲမြင်နေလို့ ဘိုးဘိုးဆီလာအိပ်တာ "
ဘေးခုံမှာ ထိုင်ကာ သတင်းစာဖတ်နေတဲ့ဦးမိုးကောင်းက မြေးဖြစ်သူအသံကြောင့်
အတော်ကြီးအမြင်ကပ်လှပီဖြစ်၏။
သွားတာ ငါးနာရီမပြည့်သေးဘူး။
ဖုန်းကအကြိမ်ဘယ်လောက်ပြောပီးသလဲဆိုတာ လက်ချိုးရေလို့ တောင်မရတော့ပေ။
တခါတလေ ညအိပ်လာလို့ ဝမ်းသာရမလားမှတ်တယ်… ခွေးအ,ကြီးလှည်းနင်းခံရသလို မအီမလည်ရုပ်နဲ့ ရောက်လာပြီး အရုပ်ကြိုးပြတ်ဧည့်ခန်းမှာ အားယားမှောက်ကာ အိပ်ပီးဖုန်းပြောနေတာ ခုထိမထသေးဘူး။
လွမ်းသလေး… ဘာသလေးနဲ့ …မသိရင်
တလလောက်ကြာအောင်နေမဲ့ သူလိုလို ။
ဟိုက နှစ်ရက်သုံးရက်လောက်ကလေးနေမှာကို ဒီအဘိုးကြီးရှေ့လာပီး မထော်မနန်းတွေလာလုပ်ပြနေတယ်။
" ပိုကောင်းတာပေါ့ ။ မဟုတ်တောင်
အိမ်မှာမနေပဲ ဘိုးဘိုးကြီး ဆီ သွားနေဖို့
ပြောမလို့ ။ အလုပ်တွေ တအားအပင်ပန်းခံမနေနဲ့ ။ အစားကိုလည်းမှန်အောင်စားဦး။ ငါစိတ်ချမယ်နော် "
"အင်းပါ ။ စိတ်ချလက်ချနေ ။ မင်းကွယ်ရာ မှာ မောင် မဟုတ်တာ တခုကို စိတ်နဲ့ တောင်လုပ်မထားဘူး ။ ဟုတ်ပြီလား"
"အင်း ဒါဆို ဖုန်းချတော့မယ်။ ဖေကြီး နိုးနေပြီ "
"အင်း မောင်လဲ ချစ်တယ် ။အရမ်းလွမ်းနေ
တာနော် မြန်မြန်ပြန်ခဲ့။ အာဘွားအခါတသိန်း …မွမွ …"
*အော့အော အန်ချင်တာ။ လေသံကိုက
ချွဲပြစ်နေတာပဲ။ သူ့ ထပ်ချွဲတာတောင်သူလောက်မချွဲဘူး။ ဒါကြောင့် ရှေးလူကြီးတွေကပြောတာ ဘယ်ကြားမှမဝင်နဲ့ လို့ ။ အခုကြားဝင်တာမဟုတ်ပဲ ဘေးလေးထိုင်နေတာတောင်ဒီလောက် ဒီလောက်မျက်
စိနောက်နေရင် ကြားသာဝင်လိုက်ရင်တော့..ဟင်းး မိုးကောင်းစိတ်လျော့ ထား ။ *
" လိမ်လိမ်မာမာနေဦး။ ဘိုးဘိုးကြီးကိုလည်းပြန်ပြောမနေနဲ့ နော် "
*ဒါမှသူ့ မြေးသမက်…။ ဟို …ဆန်ကုန်မြေးလေးကောင်ကို ကျွေးမွေးထားရတာ အသုံးကိုမဝင်ဘူး။ ဟွန့် ။ *
သတင်းစာရွက်ကို ဟန်ပါပါလှန်နေပေမဲ့
စိတ်က ကိုမိန့် ဖုန်းပြောတာကိုနားစွံ့ ပီး
စ်ိတ်ထဲမှာ ဦးမိုးကောင် ထိုင်အတင်းတုတ်နေလိုက်သည်။
ခုချတော့မှာလိုလိုနဲ့ မပီးနိုင်မစီးနိုင်စကားပြောနေတဲ့ ကိုမိန့် ကို
နားရင်းတောင်ထရိုက်ချင်စိတ်ပေါက်နေပေမဲ့ သူ စိတ်လျော့ထားပါသည်။
"အင်းပါ…အချစ်မျက်နှာလေး တမျိုးဖြစ်နေသလိုပဲ… ဆေးခန်းတစ်ခါထဲ ဆေးဝင်ပြခဲ့ နော်……ဟာ ……ချစ်ခြင်း ချစ်ခြင်း ။"
"ဘာဖြစ်တာလဲ …hello! hello!ချစ်ခြင်းမောင်ပြောတာကြားလား "
ရုတ်တရက် ပြောနေတုန်းထအော်လိုက်တဲ့ ကိုမိန့် ကြောင့် သတင်းစာဖတ်နေတဲ့ ဦးမိုးကောင်းလန့် သွား၏။
"ဘာဖြစ်တာလဲ ကိုမိန့် ရာ …အလန့် တကြားနဲ့ မင်းဟာက "
"မဟုတ်ဘူး ဘိုးဘိုး …ဖုန်းကကျသွားတာမဟုတ်ပဲ ပြုတ်ကျသွားသလိုပဲ ။ ဒီမှာ ဆူဆူညံညံတွေလဲကြားနေရတယ် ဖုန်းမှန်က မှောက်နေလို့ ဘာမှမမြင်ရဘူး ။ချစ်ခြင်းတစ်ခုခုဖြစ်တာလားမသိဘူး။ လုပ်ပါအုန်းဘိုးဘိုးရယ်။ သားဘာလုပ်ရမှာလဲမသိဘူး"
အမိန့် ပုံစံက ဖုန်းကိုင်ရက်သားနဲ့ ဘာလုပ်ရမှန်းမသိသလို ပြာနေတာမို့ ဦးမိုးကောင်းကသာ ဖုန်းနံပါတ်တစ်ခုကောက်ဆက်လိုက်သည်။ ဖုန်းက ဝင်နေပေမဲ့အတော်ကြီးကြာတဲ့အထိမကိုင်တာမို့ ခနခနပြန်ခေါ်လိုက်သည်။ လေးခါမြောက်မှ တီ ကနဲ ဝင်သွားတာမို့ ဝမ်းသာအားရ သိချင်တာမေးလိုက်၏
"Hello !ဦးစိုင်းလူ ကျွန်တော် ဦးမိုးကောင်းပါဗျ …ချစ်ခြင်းဘာဖြစ်တာလဲလို့ ဒီဖက်မှာအမိန့် နဲ့ ဖုန်းပြောရင်း တစ်ခုခုဖြစ်သွားသလို ကြားရလို့ … "
"..."
"ဗျာ !!ဟုတ်လား ? အခုကျွန်တော်တို့ လိုက်လာခဲ့မယ် ။ ခင်ဗျားလည်းနေသိပ်မကောင်းဘူးမို့ လား။ ခုလိုက်ခဲ့မှာမို့ စိတ်သိပ်မပူပါနဲ့ ။ "
ဦးမိုးကောင်းဖုန်းပြောနေတာကို စိတ်ပူတကြီးလက်သဲကိုက်ကာ တုန်တုန်စက်စက်နားထောင်နေတဲ့အမိန့် ကဖုန်းလဲချရော
"ဘာ …ဘာ… ဖြစ်တာလဲ…ချစ်ခြင်းတခုခုဖြစ်လို့ လား …ဟင် !ဘိုးဘိုး… သားအရမ်းစိတ်ပူနေပီ "
မျက်ရည်တွေကျကာ စိုးရိမ်တကြီးမေးလာတဲ့အမိန့် ကြောင့်ဦးမိုးကောင်းစိတ်မသက်မသာဖြစ်သွားသည်။ သူ့ မြေး ကချစ်ခြင်းနဲ့ ပါတ်သတ်လာရင် တကယ်ကို အထိမခံနိုင်အောင်အတော်ဖြစ်နေတာပဲ။
သက်ပြင်းကိုချကာ ……
"အမိန့် ဘာတွေစိတ်ပူနေတာလဲ …ငိုစရာမပါပဲ တိတ်တော့ ။ ချစ်ခြင်းက ဒီတိုင်းမင်းနဲ့ စကားပြောရင်း မူးလဲတာတဲ့။ ဆရာဝန်တွေလဲ ခုမှစစ်နေကြတုန်း ဘိုးဘိုးတို့ လိုက်သွားရအောင်အခု "
"ဗျာ !တခုခု ဖြစ်တာလား သား…သား…ဘာ ဘာဆက်လုပ်ရမလဲ "
"ကိုမိန့် စိတ်လျော့စမ်း။ ဒါရိုးရိုး ခရီးပန်းလို့ ဖြစ်သွားတာ ။ဘာမှမဖြစ်ဘူး ချစ်ခြင်းက တအားနုနယ်လို့ ပင်ပန်းသွားတာ… အခုဖုန်းဆက်မလို့ ယူစရာရှိတာသွားယူ ချေ "
တုန်လှုပ်နေတဲ့ အမိန့် ကိုလှည့်ဆူပီး ဦးမိုးကောင်းဖုန်းနံပါတ်တခုကိုနှိပ်လိုက်ပီး
လေယာဉ်လက်မှတ်မှာလိုက်၏။ ချက်ခြင်းပင် အမိန့် နဲ့ သူပါယူစရာရှိတာယူပီးချက်ခြင်း ဘန်ကောက်ကို ထွက်ခဲ့ရသည်။
ဒီမှာရှိတဲ့အလုပ်တွေကိုတော့ဦးမိုးကောင်းဘာသာ လှည့်ကြည့်စရာမလိုအောင်မှာထားလိုက်သည်။ ကိုမိန့် ကတော့ ဘာမှ
မသိတော့အောင် ပြာနေသည်မို့ ဦးမိုးကောင်း ဘာသာ အကုန်စီစဉ်လိုက်ရသည်။
ဦးစိုင်းလူဆီ ဖုန်းထပ်ဆက်တော့လဲ ဖုန်းမကိုင်တာမို့ ဘာမှရေရေရာရာ ချစ်ခြင်းအကြောင်းကိုမသိတော့တာမို့ သူပါစိတ်ပူနေရသည်။
ခရီက ခဏ ပဲမို့ သာတော်တော့သည်။ တလမ်းလုံးမျက်ရည်နဲ့ မျက်ခွက်ဖြစ်နေတဲ့မြေးဖြစ်သူက ဆေးရုံရှေ့ ကားရပ်တာနဲ့ သူ့ ကိုမစောင့်ပဲပြေးတော့သည်။
အမိန့် ချစ်ခြင်း ရှိရာ အခန်းရှေ့ မှာ ရပ်နေပေမဲ့ အထဲမဝင်ရဲပေ။ ချစ်ခြင်းသာတစ်ခုခုဖြစ်နေရင် ဒါတွေရင်ဆိုင်ဖို့ ထိ အမိန့် အဆင်သင့်မဖြစ်သေး၍ အထဲဝင်ဖို့ တွန့် ဆုတ်နေတာဖြစ်သည်။
တံခါးလက်ကိုင်ကို
တွန်းဖွင့်ဖို့ လက်လှမ်းလိုက်စဉ်မှာပဲ အခန်းထဲက ဆွဲဖွင့်လိုက်တာကြောင့် မော့ကြည့်လိုက်တော့ ဖေကြီးဖြစ်နေ၏။
"မဝင်ပဲဘာလုပ်နေတာလဲ အထဲမှာ အိပ်နေတယ် ။ဘာမှမဖြစ်ဘူး ဝင်ကြည့်လိုက်"
ပြောပီးထွက်သွားဖေကြီး ကြောင့်
အမိန့် အသက်ကိုခုမှရဲရဲရှူရဲတော့သည်။
ချစ်ခြင်းသာတခုခုဖြစ်ရင် သူလဲရူးသွားနိုင်သည်။
ပါးထပ်က မျက်ရည်တို့ ကို လက်ဖမိုးနဲ့ ဖိသုတ်ကာ အမိန့် အခန်းထဲကို စိတ်လျော့ကာ ပြေးဝင်သွားလိုက်သည်။
_____
"ဒါ… တကယ်လား ဦးစိုင်းလူ ။မဖြစ်နိုင်ဘူးထင်တယ် နော် သေချာရဲ့လား"
မျက်နှာပူပေမဲ့ဦးမိုးကောင်းမရှက်နိုင်ပါ။
ဒါသာတကယ်ဖြစ်နေရင် သူတို့ ကံထူးတာ
မို့ လား။
မျက်နှာကြီးနီနေတဲ့ဦးစိုင်းလူကတော့ပြောရမှာရှက်နေပုံရသည်။
သူရှက်ပေမဲ့ကိုယ်လဲမျက်နှာပူတာပဲ။ သိသာသိစေမမြင်စေနဲ့ ဆိုတဲ့ စကားအတိုင်းပင်။ ချစ်ခြင်းအဆင်က
အောက်ကလူမှန်းသေချာပေမဲ့ ဒါကြီး
လက်ဆုပ်လက်ကိုင်ပြကာ ကျွန်တော်
ဂိုလ်းသွင်းခံရသူပါလို့ လိုက်အော်ပြောနေသလိုဖြစ်နေတာမို့ သူပါအားနာနေရသည်။
"သေချာတယ် ဦးမိုးကောင်း ။ကျုပ်လည်းပြောရတာရှက်ပေမဲ့ ဒါထူးထူးဆန်းဆန်း
ချစ်ခြင်းမှာရှိနေတယ်။ သူတို့ အထပ်ထပ်စစ်ဆေးပြီးပီ ။
တစ်ယောက်တောင်မဟုတ်ဘူး။နှစ်ယောက်ဗျ နှစ်ယောက် ။ ချစ်ခြင်းသိရင် အဆင်ပြေပါ့မလားမသိဘူး။ ကျုပ်လဲရူးချင်နေပြီ။ ပြီးတော့ ဒါကရှားပါးဖြစ်စဉ်မို့သူတို့ အကုန်စိတ်ဝင်စားနေကြတယ်။
အရမ်းလဲအန္တရာယ်များ တယ်တဲ့ ။တစ်ယောက်တောင် အရမ်းဂရုစိုက်မှ အဆင်ပြေမှာခုနှစ်ယောက်ဆိုတော့ … ။"
ဆက်မပြောပဲ လက်ဖဝါးနှစ်ဖက်နဲ့ မျက်နှာအုပ်ကာငြိမ်သက်သွားတဲ့ ဦးစိုင်းလူကြောင့်ဦးမိုးကောင်းပါ ချစ်ခြင်းအတွက်စိတ်မကောင်းဖြစ်သွားသည်။ သူလည်း ချစ်ခြင်းကို
မြေးအရင်းထပ်တောင် ချစ်ခဲ့ရသေးသည်မို့ လား။ ဖြစ်ခဲ့ပီးမှတော့ ဘာတက်နိုင်မှာလဲ ။
ကလေးတွေအကောင်ဆုံး
ဆုံဖြတ်ချက်ချနိုင်မှာပါ ။ သွေးသားက
ဘယ်လို နေနေ ဒီခေတ်ကြီးမှာ ရနိုင်ပေမဲ့
ချစ်ခြင်းကတော့ တစ်ခုခုဖြစ်လို့ မရပေ။
မိုက်ရူးရဲဆန်စွာ ရွေးချယ်ရမယ်ဆိုရင်
ချစ်ခြင်းမရှိရင်မဖြစ်မဲ့ အမိန့် မျက်နှာကိုသာ ပြေးမြင်လိုက်တာမို့ ဒီအဘိုးကြီးကိုသာခွင့်လွတ့်ပေးကြပါ ကလေးတို့ ရယ်။
ချစ်တဲ့အိမ်စည်။
########
Bạn đang đọc truyện trên: ZingTruyen.Xyz