ZingTruyen.Xyz

ခ်စ္အမိန္ ့( ချစအမိန့် ) (completed)

25

eainsi23

" ေမာင္ေတာင္းပန္ပါတယ္ကြာ ..အဲ့လိုႀကီးေမာင့္ကိုဥေပကၡာမျပဳလိုက္ပါနဲ ့ေနာ္"

အိမ္ျပန္ေရာက္ကတည္းကေတာက္ေလ်ွာက္
တတြတ္တြတ္လိုက္တာင္းပန္ေနတဲ့ေမာင့္ကိုခ်စ္ျခင္းလွည့္မႀကည့္ခဲ့ပါ။ ခ်စ္ျခင္းဘာသာတစ္ေယာက္ထဲျဖတ္သန္းခဲ့တုန္းက ခုလို
ပူပင္ေသာကေတြ မခံစားခဲ့ဖူးေပ။

ေမာင္နဲ ့ပါတ္သတ္မွ ခ်စ္ျခင္းကို ခ်စ္ျခင္းလည္းယံုႀကည္မူ ့မရွိေတာ့သေလာက္ျဖစ္ေနၿပီ။
ေမာင္ေခ်ာတာကိုလက္ခံေပမဲ့ ခ်စ္မိပီးေနာက္မွာေတာ့ ကိုယ့္တစ္ေယာက္ထဲက
ပဲေမာင့္ကိုႀကည့္ေနခ်င္တာ ။

ခုလို ေမာင္အသားကို တျခားမိန္းမထိတာကိုမေျပာနဲ ့စကားနဲ ့ေျပာတာေတာင္ခ်စ္ျခင္းႀကိဳက္တာမဟုတ္ဘူး။ အလုပ္ကိစၥနဲ ့
ပတ္သတ္တာမ်ိဳးထိ လိုက္ေျပာေနရေအာင္ သေဘာထားေသးသိမ္သူမဟုတ္ေပမဲ့
…က်စ္ !မ်က္စိထဲတိုးဝင္လာတဲ့ျမင္ကြင္းကို ခ်စ္ျခင္းဆက္မေတြးမိေအာင္ေခါင္းခါရမ္းလိုက္မိ၏။

"အခ်စ္ေမာင္ေတာင္းပန္ေနတယ္ေလ
ႀကည့္ပါအုန္း ေမာင့္ကို "

"ဆက္မလိုက္ေတာ့နဲ ့"

"ဟမ္ "

ေႀကာင္အမ္းအမ္းျဖစ္သြားတဲ့ေမာင့္ေႀကာင့္ ခ်စ္ျခင္း ေလပူတို ့ကို မွဳတ္ထုတ္ပီး ေနာက္တစ္ႀကိမ္ စိတ္ကိုေလ်ာ့ကာထပ္ေျပာလိုက္၏။

"ငါအဝတ္လဲမလို ့ဘယ္ထိလိုက္ေနမွာလဲ"

"အဲ ! ဟို… ေမာင္အျပင္ကပဲေစာင့္ေနမယ္ေနာ္အခ်စ္"

ခ်စ္ျခင္းကိုင္ထားတဲ့အဝတ္ကိုျမင္မွေမာင္က သူ ့ကိုသူ ေရခ်ိဳးခန္းထဲထိလိုက္ ဝင္ေနတာကို ခုမွသတိထားပံုေပၚကာနားရြက္ဖ်ားေတြနီရဲကာ ေျပးထြက္သြားေတာ့၏။
အေတာ္ႀကာတဲ့ထိအမိန္ ့ထြက္သြားတာကိုေငးႀကည့္ေနမိတဲ့ ခ်စ္ျခင္းမ်က္နွာကတျဖည္းျဖည္း ျပံဳးလာတာကို အခန္းျပင္မွာ အိပ္ယာထပ္ အားယားေမွာက္ပီးေခါင္းအံုးကိုမ်က္နွာႀကီးအပ္ကာ ရွက္ေနတဲ့ အမိန္ ့ကေတာ့မသိေတာ့ေပ။

"အား ရွက္လိုက္တာ ဒီမ်က္လံုးႀကီးက
ေရခ်ိဳးခန္းေတာင္မျမင္နိုင္ေအာင္ ကန္းေနတာလား  "

" ခုမွ  ထမင္းစားလာတာ ေမွာက္အိပ္မေနနဲ ့။  ထေတာ့ ။   "

အိပ္ယာေပၚေမွာက္ကာ ေမြ ့ယာကို လက္သီးနဲ ့တဘုန္းဘုန္းထုေနတဲ့ အမိန္ ့ကို
ခ်စ္ျခင္း   ေျပာလိုက္သည္။

"ျပီးသြားၿပီလား  ။ ဟို ..အခ်စ္ အဲ့ဒါေမာင့္အက်ၤ ီႀကီးေလ "

ခ်စ္ျခင္းအသံႀကားမွ ဆတ္ခနဲ ကုန္းရုန္းထပီးမွ ခါတိုင္းနဲ ့မတူ စြာ အမိန္ ့ညဝတ္ဝမ္းဆက္ အျပာနုေရာင္အစင္းေလးကိုဝတ္ထားတာေျကာင့္ မ်က္လံုးျပဴ းသြား၏။

ခပ္ေသးေသး ကိုယ္ထည္ရွိတဲ့ ခ်စ္ျခင္းက အမိန္ ့အက်ၤ ီဖားဖားေအာက္မွာ
လူေပ်ာက္ေနပီျဖစ္သည္။
လက္ဖ်ားတို႔ကို မျမင္ရေလာက္ေအာင္ အက်ၤ ီလက္ရွည္က အေတာ္ႀကီးရွည္ထြက္ကာ တြဲလန္း
က်ေနပီး ေဘာင္းဘီရွည္သည္လည္း
ေျခဖမိုးတို ့ပင္ မျမင္ရေအာင္ ပံုက်ေန၏။

ထူးဆန္းတာက အမိန္ ႔စသိခဲ့တဲ့ ေလးနွစ္နီးပါးမွာတျခားအေရာင္မဝတ္ဖူးတဲ့ ခ်စ္ျခင္းသည္ အနီေရာင္တမ်ိဳးတည္းကိုသာဝတ္ခဲ့ၿပီး ဒါပထမဆံုးအႀကိမ္ အေရာင္ေျပာင္းဝတ္ျခင္း ပင္ျဖစ္သည္။

"ဝတ္ေတာ့ ဘာျဖစ္လဲ ။ငါ့ေယာက်ာ္း အက်ၤ ီငါဝတ္တာမရဘူးလား ။ ဘာလဲ
..မင္းက
ငါမဟုတ္တဲ့ တစ္ျခားမိန္းမကိုဝတ္ေစခ်င္လို ့လာေမးေနတာလား"

"အာ! မဟုတ္ပါဘူး..အခ်စ္ရာ။
ဝတ္ဝတ္ အခ်စ္ႀကိဳက္တာဝတ္ ေမာင့္ပစၥည္းကအခ်စ္ပိုင္တာႀကီးပဲ ဟီး…"

မ်က္နွာခ်ိဴးေသြးျပေနတဲ့ အမိန္ ့ကို ခ်စ္ျခင္းထပ္မႀကည့္ေတာ့ပဲ မွန္ေရွ့ထိုင္ကာ
ေျခေထာက္ေတြလက္ေတြကို lotionလိမ္းေနလိုက္သည္။

"Lotionလိမ္းရင္ အက်ၤ ီမဝတ္ခင္လိမ္းပါလို ့ေမာင္ေျပာထားရက္နဲ ့လုပ္ျပန္ပီ ။
အာ မထေသးနဲ ့ဦး ။  ဒီမွာ skincareဖို ့ေမာင္ဝယ္ေပးထားတာေတြလိမ္းအုန္းေလ "

ေျပာေနတာမဆံုးေသးပဲ ဘာမွမလိမ္းေတာ့ပဲ မွန္တင္ခံုေရွ့ကေန ထလာတဲ့ခ်စ္ျခင္းေႀကာင့္အမိန္ ့အူယားဖားယားေျပးဆင္းလိုက္ရသည္။ ဝယ္ေပးလည္း အလကားပဲ။ သူလိမ္းေပးရင္..လိမ္းလိုက္တယ္ ။
မဟုတ္ရင္
အပ်င္းႀကီးတဲ့ေမာင္ခ်စ္ျခင္းက သူ ့ကိုယ္သူ အသားေရေကာင္းတယ္ဆိုတဲ့အခ်ိဳးနဲ ့ဘယ္ေတာ့မွ ဝယ္ေပးသမ်ွ ထိတာမဟုတ္ ။

"အခ်စ္က အသားေရေကာင္းလြန္းေနတာ
မွန္တယ္ ။ဒါေပမဲ့ ေယာက်ာ္းေလးျဖစ္ျဖစ္ မိန္းကေလးျဖစ္ျဖစ္ အလွအပဆိုတာ လုပ္သင့္တယ္ေလ ။ျပီးေတာ့ေယာက်ာ္းေလးလဲskinေကာင္းဖို ့ဆိုတာ ဂရုတစိုက္ထိန္းသိမ္းရတယ္ အခ်စ္ရဲ့။မဟုတ္ရင္ ေလထုမွာ ပါလာတဲ့ ဖုန္တို ့
အညစ္အေႀကးတို ့က မ်က္နွာမွာရွိတဲ့ေခ်ြးေပါက္ေတြကိုပိတ္ကုန္ေရာ။ အဲ့ဒါဆို
အခ်စ္ ဝက္ျခံေတြထြက္လာမယ္ ပီးရင္
အခ်စ္ခုအသက္ရြယ္ကတည္းက skin
ကိုဂရုမစိုက္ထားရင္ အသက္ႀကီးလာရင္
သူမ်ားေတြထပ္ အေရးေႀကာင္းပိုထင္လာတာတို ့ ရုပ္ရင့္လာတာတို ့ေစာျဖစ္လာလိမ့္မယ္။ "

စကားတေျပာေျပာနဲ ့ခ်စ္ျခင္းမ်က္နွာေပၚ
အမ်ိဳးမ်ိဳးေသာ ဘူးေတြ တခုပီးတခုထုတ္လိမ္းေပးေတာ့သည္။
ဒါအခုမွမဟုတ္ေပ။
ခ်စ္ျခင္း မ်က္နွာသစ္ပီးတိုင္းမပ်င္းမရိ လုပ္ေပးေနႀက ပင္။

လုပ္ေပးတိုင္းလည္း တစ္မ်ိဴးလိမ္းလိုက္ ၊
ဒါကဘာအတြက္ထုတ္ထားတာ။
ဒါက ဘယ္လိုအသားေရမ်ိဳးဆိုေကာင္းတယ္။
ဒါကေတာ့ ဒီမ်က္လံုးနားမွာအေရးအေႀကာင္းမျဖစ္ေအာင္ သံုးရတာ ။ ဒီbrandက
အခ်စ္မ်က္နွာေလးနဲ ့အဆင္ေျပတယ္ထင္လို ့ ေမာင္ေသခ်ာေလ့လာပီးမွဝယ္တာ ဘလာ ဘလာ စတာေတြကို မျပီးနိုင္၊မဆံုးနိုင္ရွင္းျပေပးေသးသည္။

မသိရင္ အလွကုန္ေကာင္တာက မိန္းကေလးေတြေတာင္သူေလာက္ စံုေအာင္သိမွာမဟုတ္ဘူး။

"ကဲ ျပီးသြားပီ ။  မြ … အာ!ေမႊးပီးအိစက္ေနတာပဲ… ေမာင့္ခ်စ္ျခင္းေလး လံုးဝ glowသြားပီ ''

ပါးျပင္နွစ္ဖက္ကိုင္ကာနွုတ္ခမ္းကို တခ်က္နမ္းလိုက္ေသး၏။
ၿပီးေတာ့  သူ လုပ္ေပးထားတာကို
ေက်နပ္ကာ တစိမ့္စိမ့္ႀကည့္ေနတဲ့ အမိန္ ့ကို မ်က္ေစာင္းထိုးကာ ပါးေပၚက လက္ကိုပုတ္ထုတ္လိုက္၏။

"ဖယ္ !ငါနားမလာနဲ ့ အလွျပင္တဲ့ မာမီ
ရုပ္နဲ ့"

ေျပာေျပာဆိုဆို အမိန္ ့ကို တြန္းဖယ္ကာ
ကုတင္ေပၚတက္လိုက္ေတာ့ ေနာက္ကေန ခါးကိုဆြဲေျမွာက္လိုက္တာမို့ ခ်စ္ျခင္း
ေျခလက္ေတြက ေလထဲမွာကားကားႀကီးျဖစ္သြားသည္။

"မာမီ ဟုတ္လား ။ သိခ်င္လား
မင္းေယာက်ာ္းဘယ္ေလာက္ ေယာက်ာ္းပီသလဲဆိုတာ ဟမ္ !"

နားမွာကပ္ပီး ေလသံသဲ့သဲ့ေလာက္သာ
ေျပာလိုက္တာမို ့ ခ်စ္ျခင္း ႀကက္သီးေတြထ,ပီးတြန္ ့သြား၏။

"အား ! ေမာင့္! မင္းဖယ္စမ္း ငါ့ကို ။
အား! ယားတယ္လို ့ ေဘာပဲ… အားေသေတာ့မွာ
ေမာင္ရဲ့ ဖယ္ ဖယ္ေတာ့ …လုပ္နဲ ့ေတာ့
လို ့"

ဂုတ္ပိုးမွာမ်က္နွာအပ္ကာ တရွဳံ  ့ရွဳံ  ့လိုက္နမ္းေနတာမို ့ အထိမခံနိုင္တဲ့ ခ်စ္ျခင္းသည္ အမိန္ ့ေနာက္ကေန ခါးကိုေပြ ့
ထားတဲ့အတိုင္း ေလထဲမွာ တြန္ ့လိန္ ေန
၏။

ခ်စ္ျခင္း မ်က္ရည္မ်ားထြက္လာသည္ထိ
ယားယံျခင္းကို ခံစားေနရသည္မို ့ အသံေတြပါျပာေနေအာင္ ေအာ္မွေမာင္ကရပ္ေပးသည္။

ခနႀကာေတာ့ ကုတင္ေပၚကို
တင္ေပးပီး  ႀကမ္းေပၚမွာ
ဒူးေထာက္ထိုင္လိုက္ကာ ခ်စ္ျခင္းကို
ရီေဝ လွဳိက္ေမာစြာေမာ့ႀကည့္၏။

ေမာင္နဲ ့ရုန္းကန္ထားလို ့ခ်စ္ျခင္းနဖူးျပင္မွာ ေခ်ြးေလးေတြစို ့ေနတဲ့အျပင္ အနည္းငယ္ေမာေနေသးသည္။ ထို ႔ေၾကာင့္ ဘာစကားမွမဆိုပဲ အခ်ိန္အေတာ္ႀကာေအာင္ ေမာင့္ကိုျပန္လည္စိုက္ႀကည့္မိသည္။

တစ္ေယာက္နဲ ့တစ္ေယာက္ အခ်ိန္ဘယ္ေလာက္ႀကာသြားေအာင္ ႀကည့္မိသလဲမသိေပ။  တျဖည္းျဖည္းနဲ ့ေမာင့္မ်က္ဝန္းမွာ မ်က္ရည္ႀကည္ေတြ ရစ္သိုင္းလာမွ ခ်စ္ျခင္း အသိဝင္လာေတာ့သည္။

"အင့္  ! အီးးဟီးးဟီး… ေမာင္ အခ်စ္နဲ ့မခြဲခ်င္ဘူး …အခ်စ္ကို တစ္ေယာက္ထဲ ခရီးလဲမထြက္ေစခ်င္ဘူး …
ေမာင္တစ္ေယာက္ထဲလည္း မအိပ္နိုင္ဘူး အင့္! ေမာင္ဘယ္လိုလုပ္ရမွာလဲ ?ဟီးအီးအီးး "

ကုတင္ေဘးဒူးေထာက္ထိုင္ကာ
ခ်စ္ျခင္း ရင္ခြင္ထဲမ်က္နွာအပ္ကာ အသဲအသန္ငိုေတာ့သည္။
ခရီးသြားမွာ သိကတည္းကမ်က္နွာမေကာင္းတာသိေပမဲ့ ဒီေလာက္ႀကီးစိတ္ထဲဝမ္းနည္းေနမယ္လို ့လဲခ်စ္ျခင္းမထင္မိပါ။

ကေလးတစ္ေယာက္လို တသိမ္သိမ့္ရွဳိက္ငိုေနတဲ့ အမိန္ ့ကို ျပန္သိုင္းဖက္ကာ ခ်စ္ျခင္းပါငိုခ်င္လာသည္။

ဘယ္သူကေရာ တစ္ေယာက္ထဲထားခဲ့ဖို ့စိတ္ခ်မွာလဲ။
ဘယ္သူကေရာ သူမပါပဲ တစ္ေယာက္ထဲသြားခ်င္မွာလဲ ။
အလကားေကာင္ ဒါေလးေတာင္မသိဘူး ။
သူပဲခ်စ္တက္၊ငိုတက္တာႀကေနတာပဲ ။
ေတြးရင္းခ်စ္ျခင္းပါ မ်က္ရည္က်လာသည္မို ့

"ဟင့္ အရူးလို ငို… မေနနဲ ့ ။ နွပ္ေတြ နဲ ့ေၾကာင္ခ်ီးရုပ္ျဖစ္ေနၿပီ"

"အီးဟီးဟီး …ငိုမွေတာ့  အင့္ !ဘယ္သူက
လွေအာင္ငိုလို ့လဲ …အူးဝါး …အခ်စ္က
မေကာင္းဘူး …ဟီးဟီးအီး …"

့ၿပဲလန္ေနေအာင္ ငိုလိုက္တဲ့ အသံႀကီးေၾကာင့္ ခ်စ္ျခင့္ လန္ ႔သြားသည္။
ဆက္ငိုရမွာလိုလို ၊အမိန္ ့ကိုေခ်ာ့ရမွာလို လို လမ္းေပ်ာက္ေနခိုက္ အမိန္ ့အသံပိုက်ယ္လာတာမို ့ရင္ခြင္ထဲကေန ဆြဲထုတ္လိုက္၏။

" အာ .. ကေလးႀကီးက်ေနတာပဲ ။
အသံေတြ နာကုန္ေတာ့မွာပဲ။ "

မ်က္ရည္သုတ္ဖို ႔လက္လွမ္းကာရွိ
ေသး ခ်စ္ျခင္းလက္ကိုပုတ္ထုတ္ပီးရွယ္ငိုေတာ့သည္။ (ရွယ္ငိုတာဆိုတာက
ငိုတာေတာင္ရုိးရုိးငိုတာမဟုတ္ပဲ
ကေလးေတြ အလိုမက်ရင္ ဂ်ီက် သလို
ႀကမ္းေပၚမွာ
ေျခပစ္လက္ပစ္ထိုင္ခ်ကာ ကားကားႀကီး
ပါးစပ္ျပဲႀကီးနဲ ့ေအာ္ငိုတာျဖစ္၏။ )

ခ်စ္ျခင္းတျဖည္းျဖည္းနဲ ့နားေတြေတာင္အူလာ၏။
လံုးဝေနမရတဲ့ အဆံုး  ႀကမ္းေပၚ ခ်စ္ျခင္းပါဆင္းထိုင္လိုက္ျပီး အမိန္ ့ကိုဆြဲေပြ ့ေခ်ာ့လိုက္သည္။ အသံေတြကြဲအက္ကာ ငိုေႀကြးအပီးမွာေတာ့ တျဖည္းျဖည္းအရွိန္ေလ်ာ့ သြားမွ ခ်စ္ျခင္း သက္ျပင္းခ်နိုင္ေတာ့သည္။

"မင္းကို ခ်စ္လိုက္တာ။ ကေလးေပါက္စေလးၾကေနတာပဲ။  ငါ့ကိုအဲ့ေလာက္ေတာင္ခ်စ္ရလား …ဟင္ !"

"-----"

ရင္ခြင္ထဲမွာ ကေလးေတြလို ငိုလို ့ေမာသြားရင္ ရွုိက္ပီးမွိန္းေနတက္သလို မ်က္လံုးေတြ စင္းကာ ျငိမ္ေနတဲ့ အမိန္ ့ကိုငံု ့ႀကည့္ပီး နဖူးေလးကိုနမ္းလိုက္သည္။

"ေမာင့္ကိုခ်စ္တယ္ ။ အမိန္ ့အာဏာကိုရူးသြားေလာက္ေအာင္ခ်စ္မိသြားပီမို ့
ငါေတာ့သြားပါျပီ။အကယ္၍ ေမာင္သာ ငါ့ကို စိတ္ပ်က္သြားရင္
ငါေတာ့ေသမွာပဲ ။"

"  ေမာင့္ကိုခ်စ္တယ္လို ့ ။ ဒီ လူေကာင္
ထြားထြားႀကီးကို ခ်စ္တယ္လို ႔"

ျပန္ေျဖမလာပဲ အသံတိတ္ေကာက္ေနေသးတဲ့ အမိန္ ့ကိုႀကည့္ပီး ခ်စ္ျခင္းရယ္ခ်င္လာ၏။

"ခ်စ္ေတာ့ဘူးလား "

"ခ်စ္တယ္ "

တိုးတိုးေလးေျပာပီး ျပန္ပီးရင္ခြင္ထဲမ်က္နွာအပ္လိုက္တာမို ့ ခ်စ္ျခင္းထပ္ေမးလိုက္သည္။ သူ ့ကေလးက ခ်စ္ဖို ့ေကာင္းေအာင္လုပ္ေနမွေတာ့ ခ်စ္ျခင္းက ပိုခ်စ္ရေတာ့မွာေပါ့။

"ဘယ္ေလာက္ထိခ်စ္မွာလဲ"

"ေမာင္ေသသြားတဲ့ထိ "

မဆိုးဘူးအသံထပ္ထြက္လာေသးတယ္။

" ငါ မင္းကို စိတ္ေကာက္ေနတုန္းေနာ္
ညေနက မင္းဟာမက  ငါ့ကိုဘာေျပာလိုက္လဲသိခ်င္လား"

"ေမာင့္ဟာမ, မဟုတ္ဘူး "

"မြ"

အလိုမက်သလို မ်က္ေမွာင္ႀကဳတ္ပီးေမာ့ႀကည့္ေျပာလာတဲ့အမိန္ ့ေႀကာင့္ ခ်စ္ျခင္း
ထပ္ပီးငံု ့နမ္းလိုက္သည္။ စိတ္ဆိုးေပမဲ့
ကိုယ့္ေယာက်ာ္းကခ်စ္ဖို ့ေကာင္းေနေတာ့နမ္းတာနဲ ့စိတ္ဆိုးတာကို သက္သက္ခြဲထားလိုက္သည္။ ျပီးမွ အမိန္ ့ကို ရင္ခြင္ထည့္ကာ ျခဴးသံသာနဲ ့ေတြ ့တုန္းက
ျဖစ္ခဲ့တာကိုျပန္ေျပာျပလိုက္သည္။

လြန္ခဲ့ေသာ နွစ္နာရီေလာက္က ………

"စားလို ့အဆင္ေျပရဲ့လားမျခဴးသံသာ"

"ဟုတ္ေျပပါတယ္ ။ဆိုင္က ထိုင္ရတာ
သက္ေသာင့္သက္သာရွိေတာ့ျခဴးသေဘာက်ပါတယ္ "

ေရခြက္ေလး ထဲေရငဲွ ့ကာ ျပန္ေျဖလာတဲ့
ျခဴးသံသာကို ခ်စ္ျခင္း ဧည့္ဝတ္ေက်စြာ
ေမးလိုက္တာျဖစ္၏။ စားေနဆဲျဖစ္တဲ့အမိန္ ့ကေတာ့ေအးေအးလူလူပဲ သူမဟုတ္သလို ညစာစားေန၏။

သို ႔ေပမဲ့ မထင္မွတ္ထားသည္ကို  ျခဴးသံသာလုပ္လိုက္သည္။
ေသာက္ဖို ့ငွဲ ့လိုက္တဲ့ေရကို သူ မေသာက္ပဲ ေမာင့္ေဘးကို တိုးေပးလိုက္တာျဖစ္သည္။ 
ေမာင္လက္လွမ္းပီးေရဘူးယူလိုက္တာနဲ ့ျခဴးသံသာကမ္းေပးလိုက္တာနဲ ့စံုသြားကာ ေရခြက္ထဲမွေရတို ့ကအရွိန္မထိန္းနိုင္ပဲ ေမာင့္ေပၚဖိတ္က်သြားသည္။

"အို..sorryေနာ္ ။ ကိုမိန္ ့ရရဲ့လား ။အားနာလိုက္တာ။  ျခဴးက… ကိုမိန္ ့ဖက္ကိုေသာက္ရေအာင္ေပးလိုက္တာနဲ ့ႀကံဳသြားတာ ျခဴးေတာင္းပန္ပါတယ္ေနာ္"

ျခဴးသံသာက ပါးစပ္ကေတာင္းပန္ရုံမကဘူး တစ္ရွဴ းေတြနဲ ့ေရစိုသြားတဲ့ အမိန္ ့ရင္ဖက္ေတြကိုပါ သုတ္ေပးေနတာမို ့
ခ်စ္ျခင္းမ်က္လံုးထဲေထာ္ေလာ္ကန္ ့လန္ ့ျဖစ္လာ၏

"ရတယ္ ရတယ္  … အခ်စ္…ေမာင္ 
Tolietခနသြားမယ္  ရွင္းထားနွင့္လိုက္
ျပန္ရေအာင္ "

"အင္း "

ေမာင္ထြက္သြားရာေနာက္ကို လိုက္ႀကည့္ေနတဲ့ ျခဴးသံသာေႀကာင့္ ခ်စ္ျခင္း
အသံထြက္ေအာင္ရယ္လိုက္သည္။

"  ေမာင္က ေခ်ာတယ္မို ့လားမျခဴးသံသာ"

လက္ပိုက္ပီးေအးေအးသက္သက္ ေမးလိုက္တဲ့ ခ်စ္ျခင္းေႀကာင့္ ျခဴးသံသာမ်က္နွာပ်က္သြားေပမဲ့သူမဟုတ္သလို ျပန္ျပံဳးျပကာ

"အင္း ကိုမိန္ ့က ေခ်ာတယ္ ။ ျခဴးက
ေယာက်ာ္းေလးဆို ကိုမိန္ ့လို ပံုစံမ်ိဳးမွႀကိဳက္တာ "

"ဟုတ္လား။ ေမာင့္ပံုစံဆိုရင္ေတာ့
မျခဴးသံသာ ဒီတစ္သက္ေတြ ့ရမွာမဟုတ္ေတာ့ဘူး ။ ဘာလို ့လဲဆိုေတာ့ အမိန္ ့အာဏာက  ေလာကမွာတစ္ေယာက္ပဲရွိ
လို ့"

ကြက္ခနဲပ်က္သြားတဲ့မ်က္နွာကိုခ်စ္ျခင္းေက်နပ္စြာစိုက္ႀကည့္ပီး ဝိတ္တာကိုလွမ္းေခၚလိုက္သည္။

"တန္ဖိုးႀကီးတဲ့ရွားပါ ပစၥည္းဆိုရင္ လူတိုင္း မက္ေမာက်မွာပဲ။ ကိုခ်စ္ျခင္းျပည့္စံု
ကေရာ ဘယ္ေလာက္ထိ ႀကာေအာင္
ထိန္းသိမ္းထားနိုင္မွာလဲ။ ပိုပီး သူ ့ကိုေက်နပ္ေအာင္ထားနိုင္တဲ့ သူရွိရင္ သူထြက္သြား နိုင္တာပဲေလ။ ဥပမာ - ကေလးတို ့ဘာတို ့ ရခ်င္လာတာမ်ိဳးေပါ့။

က်သေလာက္ကို ေဘာင္ခ်ာယူလာေပးတာကို မႀကည့္ပဲ ကဒ္တခု
ဗန္းေပၚတင္ေပးလိုက္ပီးမွ

"မျခဴးသံသာ က  ေဘးကေနေတြးေပးတက္သားပဲ။ ႀကားေကာင္းရုံမဟုတ္ပဲ ပြင့္ပြင့္လင္းလင္းေျပာရေအာင္။ မျခဴးသံသာေျပာသလိုဆိုရင္ သာယာမူ ့ပိုေပးနိုင္ပီးကေလးေမြးေပးနိုင္သူရွိရင္ အမိန္ ႔က ေျပာင္းလဲသြားနိုင္တယ္ေပါ့ ဟုတ္လား ။  "

ေရွ ့ကငွဲ ့ထားတဲ့ေရခြက္ကိုေမာ့ယူေသာက္ပီး ခ်စ္ျခင္း ျပံဳးျပကာေမးလိုက္ေပမဲ့
ျပန္ေျဖမလာပဲ စူးစိုက္ႀကည့္ေနတာမို ့ခ်စ္ျခင္း ေခါင္းရမ္းက ရယ္လိုက္သည္။

" အလြယ္တကူ နားလည္ေအာင္ေျပာမယ္ေနာ္။ ကေလးရခ်င္ရင္ ကေလးထုတ္စက္လို
တျပြတ္ျပြတ္ေမြးေပးနိုင္တဲ့မိန္းမကိုရွာယူမွာေပါ့။ သူ ့အတြက္ ဒါေတြအေရးမႀကီး
လို ့က်ြန္ေတာ့္ကို ခ်စ္ခဲ့တာပါ့ဗ်ာ။ မရွက္တမ္း
ေျပာျပရရင္ လူတကာ  မက္ေမာတဲ့ အမိန္ ့အာဏာက သံုးနွစ္တိတိ ေနာက္က
တေကာက္ေကာက္ေနပူမိုးရြာမေရွာင္ လိုက္ခဲ့တာေတာင္ က်ြန္ေတာ့္က စကားျပန္ေျပာခဲ့တာမဟုတ္ဘူး။
က်န္တာမေျပာေတာ့ဘူး ။အလြယ္တကူ ေဘးကေန အလကားရတဲ့သူကို တန္ဖိုးထားမွလား ။သံုးနွစ္သံုးမိုး
ခက္ခက္ခဲခဲ ရထားတဲ့ က်ြန္ေတာ္ကို တန္ဖိုးထားမွာလားဆိုတာ…အေျဖကဘယ္သူ ့သြားေမးေမးရွင္းေနတာပဲ ေလ ။ မျခဴးသံသာေကာ ဘယ္လုိ ထင္လဲ ?အလကားရမွေတာ့ အလကား ေလာက္ပဲတန္ဖိုးရွိတဲ့သူကို ဘယ္သူကမက္ေမာမွာလဲ ? ဟုတ္တယ္မို ့လား "

"အင္း ဟုတ္ တာေပါ့ ။ကိုမိန္ ့ကလဲႀကာလိုက္တာ ျခဴး မေစာင့္ေတာ့ ဘူး။သြားစရာရွိေသးလို ့ျပန္လိုက္ေတာ့မယ္။ ညစာအတြက္
ကိုမိန္ ့ကိုေက်းဇူးတင္ပါတယ္လို ့ေျပာေပးပါအုန္း "

အေတာ္ႀကီးမ်က္နွာပ်က္ကာ ဟန္ပင္မေဆာင္နိုင္ေတာ့တဲ့ ျခဴးသံသာက အမိန္ ့ထြက္လာသည္ထိကိုမေစာင့္ပဲျပန္ေျပး
ေတာ့သည္။

"အဲ့ဒါပဲေမာင္ထြက္လာေတာ့သူမရွိေတာ့တာ "

ကုတင္ေပၚျပန္ေရာက္ကာ ရင္ခြင္ထဲကေနပံုျပင္ေျပာျပသလို နားေထာင္ေနတဲ့အမိန္ ့ကို ေခါင္းေလးပြတ္ကာ ေျပာျပေတာ့

"ေမာင္ေတာင္းပန္ပါတယ္အခ်စ္ရယ္
ေမာင္ေနာက္ကို အသြားအလာဆင္ျခင္ပါ့မယ္။ ေမာင့္ကိုစိတ္မဆိုးေတာ့ပါနဲ ့ေတာ့"

"မင္းမွတ္ထားပါ  ။ ငါက ငါပိုင္တဲ့
အရာကို  ဘယ္ေတာ့မွ လက္မလြတ္ေပးတက္သလို ဘယ္ေတာ့မွလည္း သူတပါးလက္ထဲအေရာက္ခံမွာမဟုတ္ဘူး။
အမိန္ ႔အာဏာ သည္ တသက္လံုး ငါတေယာက္ထဲရဲ႕အပိုင္ပဲ "

" ေမာင္သိသြားပါၿပီ "

စကားေတြအမ်ားႀကီးေျပာဖို ့မလို ဘူး။
အခ်စ္သည္  ရင္ခြင္နွစ္ခုက ခံစားခ်က္ေတြထပ္တူက်ေစတယ္။

ခ်စ္တဲ့အိမ္စည္။

############

" မောင်တောင်းပန်ပါတယ်ကွာ ..အဲ့လိုကြီးမောင့်ကိုဥပေက္ခာမပြုလိုက်ပါနဲ့ နော်"

အိမ်ပြန်ရောက်ကတည်းကတောက်လျှောက်
တတွတ်တွတ်လိုက်တာင်းပန်နေတဲ့မောင့်ကိုချစ်ခြင်းလှည့်မကြည့်ခဲ့ပါ။ ချစ်ခြင်းဘာသာတစ်ယောက်ထဲဖြတ်သန်းခဲ့တုန်းက ခုလို
ပူပင်သောကတွေ မခံစားခဲ့ဖူးပေ။

မောင်နဲ့ ပါတ်သတ်မှ ချစ်ခြင်းကို ချစ်ခြင်းလည်းယုံကြည်မူ့ မရှိတော့သလောက်ဖြစ်နေပြီ။
မောင်ချောတာကိုလက်ခံပေမဲ့ ချစ်မိပီးနောက်မှာတော့ ကိုယ့်တစ်ယောက်ထဲက
ပဲမောင့်ကိုကြည့်နေချင်တာ ။

ခုလို မောင်အသားကို တခြားမိန်းမထိတာကိုမပြောနဲ့ စကားနဲ့ ပြောတာတောင်ချစ်ခြင်းကြိုက်တာမဟုတ်ဘူး။ အလုပ်ကိစ္စနဲ့
ပတ်သတ်တာမျိုးထိ လိုက်ပြောနေရအောင် သဘောထားသေးသိမ်သူမဟုတ်ပေမဲ့
…ကျစ် !မျက်စိထဲတိုးဝင်လာတဲ့မြင်ကွင်းကို ချစ်ခြင်းဆက်မတွေးမိအောင်ခေါင်းခါရမ်းလိုက်မိ၏။

"အချစ်မောင်တောင်းပန်နေတယ်လေ
ကြည့်ပါအုန်း မောင့်ကို "

"ဆက်မလိုက်တော့နဲ့ "

"ဟမ် "

ကြောင်အမ်းအမ်းဖြစ်သွားတဲ့မောင့်ကြောင့် ချစ်ခြင်း လေပူတို့ ကို မှုတ်ထုတ်ပီး နောက်တစ်ကြိမ် စိတ်ကိုလျော့ကာထပ်ပြောလိုက်၏။

"ငါအဝတ်လဲမလို့ ဘယ်ထိလိုက်နေမှာလဲ"

"အဲ ! ဟို… မောင်အပြင်ကပဲစောင့်နေမယ်နော်အချစ်"

ချစ်ခြင်းကိုင်ထားတဲ့အဝတ်ကိုမြင်မှမောင်က သူ့ ကိုသူ ရေချိုးခန်းထဲထိလိုက် ဝင်နေတာကို ခုမှသတိထားပုံပေါ်ကာနားရွက်ဖျားတွေနီရဲကာ ပြေးထွက်သွားတော့၏။
အတော်ကြာတဲ့ထိအမိန့် ထွက်သွားတာကိုငေးကြည့်နေမိတဲ့ ချစ်ခြင်းမျက်နှာကတဖြည်းဖြည်း ပြုံးလာတာကို အခန်းပြင်မှာ အိပ်ယာထပ် အားယားမှောက်ပီးခေါင်းအုံးကိုမျက်နှာကြီးအပ်ကာ ရှက်နေတဲ့ အမိန့် ကတော့မသိတော့ပေ။

"အား ရှက်လိုက်တာ ဒီမျက်လုံးကြီးက
ရေချိုးခန်းတောင်မမြင်နိုင်အောင် ကန်းနေတာလား  "

" ခုမှ  ထမင်းစားလာတာ မှောက်အိပ်မနေနဲ့ ။  ထတော့ ။   "

အိပ်ယာပေါ်မှောက်ကာ မွေ့ ယာကို လက်သီးနဲ့ တဘုန်းဘုန်းထုနေတဲ့ အမိန့် ကို
ချစ်ခြင်း   ပြောလိုက်သည်။

"ပြီးသွားပြီလား  ။ ဟို ..အချစ် အဲ့ဒါမောင့်အင်္ကျီကြီးလေ "

ချစ်ခြင်းအသံကြားမှ ဆတ်ခနဲ ကုန်းရုန်းထပီးမှ ခါတိုင်းနဲ့ မတူ စွာ အမိန့် ညဝတ်ဝမ်းဆက် အပြာနုရောင်အစင်းလေးကိုဝတ်ထားတာကြောင့် မျက်လုံးပြူးသွား၏။

ခပ်သေးသေး ကိုယ်ထည်ရှိတဲ့ ချစ်ခြင်းက အမိန့် အင်္ကျီဖားဖားအောက်မှာ
လူပျောက်နေပီဖြစ်သည်။
လက်ဖျားတို့ကို မမြင်ရလောက်အောင် အင်္ကျီလက်ရှည်က အတော်ကြီးရှည်ထွက်ကာ တွဲလန်း
ကျနေပီး ဘောင်းဘီရှည်သည်လည်း
ခြေဖမိုးတို့ ပင် မမြင်ရအောင် ပုံကျနေ၏။

ထူးဆန်းတာက အမိန့် စသိခဲ့တဲ့ လေးနှစ်နီးပါးမှာတခြားအရောင်မဝတ်ဖူးတဲ့ ချစ်ခြင်းသည် အနီရောင်တမျိုးတည်းကိုသာဝတ်ခဲ့ပြီး ဒါပထမဆုံးအကြိမ် အရောင်ပြောင်းဝတ်ခြင်း ပင်ဖြစ်သည်။

"ဝတ်တော့ ဘာဖြစ်လဲ ။ငါ့ယောကျာ်း အင်္ကျီငါဝတ်တာမရဘူးလား ။ ဘာလဲ
..မင်းက
ငါမဟုတ်တဲ့ တစ်ခြားမိန်းမကိုဝတ်စေချင်လို့ လာမေးနေတာလား"

"အာ! မဟုတ်ပါဘူး..အချစ်ရာ။
ဝတ်ဝတ် အချစ်ကြိုက်တာဝတ် မောင့်ပစ္စည်းကအချစ်ပိုင်တာကြီးပဲ ဟီး…"

မျက်နှာချိူးသွေးပြနေတဲ့ အမိန့် ကို ချစ်ခြင်းထပ်မကြည့်တော့ပဲ မှန်ရှေ့ထိုင်ကာ
ခြေထောက်တွေလက်တွေကို lotionလိမ်းနေလိုက်သည်။

"Lotionလိမ်းရင် အင်္ကျီမဝတ်ခင်လိမ်းပါလို့ မောင်ပြောထားရက်နဲ့ လုပ်ပြန်ပီ ။
အာ မထသေးနဲ့ ဦး ။  ဒီမှာ skincareဖို့ မောင်ဝယ်ပေးထားတာတွေလိမ်းအုန်းလေ "

ပြောနေတာမဆုံးသေးပဲ ဘာမှမလိမ်းတော့ပဲ မှန်တင်ခုံရှေ့ကနေ ထလာတဲ့ချစ်ခြင်းကြောင့်အမိန့် အူယားဖားယားပြေးဆင်းလိုက်ရသည်။ ဝယ်ပေးလည်း အလကားပဲ။ သူလိမ်းပေးရင်..လိမ်းလိုက်တယ် ။
မဟုတ်ရင်
အပျင်းကြီးတဲ့မောင်ချစ်ခြင်းက သူ့ ကိုယ်သူ အသားရေကောင်းတယ်ဆိုတဲ့အချိုးနဲ့ ဘယ်တော့မှ ဝယ်ပေးသမျှ ထိတာမဟုတ် ။

"အချစ်က အသားရေကောင်းလွန်းနေတာ
မှန်တယ် ။ဒါပေမဲ့ ယောကျာ်းလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် အလှအပဆိုတာ လုပ်သင့်တယ်လေ ။ပြီးတော့ယောကျာ်းလေးလဲskinကောင်းဖို့ ဆိုတာ ဂရုတစိုက်ထိန်းသိမ်းရတယ် အချစ်ရဲ့။မဟုတ်ရင် လေထုမှာ ပါလာတဲ့ ဖုန်တို့
အညစ်အကြေးတို့ က မျက်နှာမှာရှိတဲ့ချွေးပေါက်တွေကိုပိတ်ကုန်ရော။ အဲ့ဒါဆို
အချစ် ဝက်ခြံတွေထွက်လာမယ် ပီးရင်
အချစ်ခုအသက်ရွယ်ကတည်းက skin
ကိုဂရုမစိုက်ထားရင် အသက်ကြီးလာရင်
သူများတွေထပ် အရေးကြောင်းပိုထင်လာတာတို့  ရုပ်ရင့်လာတာတို့ စောဖြစ်လာလိမ့်မယ်။ "

စကားတပြောပြောနဲ့ ချစ်ခြင်းမျက်နှာပေါ်
အမျိုးမျိုးသော ဘူးတွေ တခုပီးတခုထုတ်လိမ်းပေးတော့သည်။
ဒါအခုမှမဟုတ်ပေ။
ချစ်ခြင်း မျက်နှာသစ်ပီးတိုင်းမပျင်းမရိ လုပ်ပေးနေကြ ပင်။

လုပ်ပေးတိုင်းလည်း တစ်မျိူးလိမ်းလိုက် ၊
ဒါကဘာအတွက်ထုတ်ထားတာ။
ဒါက ဘယ်လိုအသားရေမျိုးဆိုကောင်းတယ်။
ဒါကတော့ ဒီမျက်လုံးနားမှာအရေးအကြောင်းမဖြစ်အောင် သုံးရတာ ။ ဒီbrandက
အချစ်မျက်နှာလေးနဲ့ အဆင်ပြေတယ်ထင်လို့  မောင်သေချာလေ့လာပီးမှဝယ်တာ ဘလာ ဘလာ စတာတွေကို မပြီးနိုင်၊မဆုံးနိုင်ရှင်းပြပေးသေးသည်။

မသိရင် အလှကုန်ကောင်တာက မိန်းကလေးတွေတောင်သူလောက် စုံအောင်သိမှာမဟုတ်ဘူး။

"ကဲ ပြီးသွားပီ ။  မွ … အာ!မွှေးပီးအိစက်နေတာပဲ… မောင့်ချစ်ခြင်းလေး လုံးဝ glowသွားပီ ''

ပါးပြင်နှစ်ဖက်ကိုင်ကာနှုတ်ခမ်းကို တချက်နမ်းလိုက်သေး၏။
ပြီးတော့  သူ လုပ်ပေးထားတာကို
ကျေနပ်ကာ တစိမ့်စိမ့်ကြည့်နေတဲ့ အမိန့် ကို မျက်စောင်းထိုးကာ ပါးပေါ်က လက်ကိုပုတ်ထုတ်လိုက်၏။

"ဖယ် !ငါနားမလာနဲ့  အလှပြင်တဲ့ မာမီ
ရုပ်နဲ့ "

ပြောပြောဆိုဆို အမိန့် ကို တွန်းဖယ်ကာ
ကုတင်ပေါ်တက်လိုက်တော့ နောက်ကနေ ခါးကိုဆွဲမြှောက်လိုက်တာမို့ ချစ်ခြင်း
ခြေလက်တွေက လေထဲမှာကားကားကြီးဖြစ်သွားသည်။

"မာမီ ဟုတ်လား ။ သိချင်လား
မင်းယောကျာ်းဘယ်လောက် ယောကျာ်းပီသလဲဆိုတာ ဟမ် !"

နားမှာကပ်ပီး လေသံသဲ့သဲ့လောက်သာ
ပြောလိုက်တာမို့  ချစ်ခြင်း ကြက်သီးတွေထ,ပီးတွန့် သွား၏။

"အား ! မောင့်! မင်းဖယ်စမ်း ငါ့ကို ။
အား! ယားတယ်လို့  ဘောပဲ… အားသေတော့မှာ
မောင်ရဲ့ ဖယ် ဖယ်တော့ …လုပ်နဲ့ တော့
လို့ "

ဂုတ်ပိုးမှာမျက်နှာအပ်ကာ တရှုံ့ရှုံ့လိုက်နမ်းနေတာမို့  အထိမခံနိုင်တဲ့ ချစ်ခြင်းသည် အမိန့် နောက်ကနေ ခါးကိုပွေ့
ထားတဲ့အတိုင်း လေထဲမှာ တွန့် လိန် နေ
၏။

ချစ်ခြင်း မျက်ရည်များထွက်လာသည်ထိ
ယားယံခြင်းကို ခံစားနေရသည်မို့  အသံတွေပါပြာနေအောင် အော်မှမောင်ကရပ်ပေးသည်။

ခနကြာတော့ ကုတင်ပေါ်ကို
တင်ပေးပီး  ကြမ်းပေါ်မှာ
ဒူးထောက်ထိုင်လိုက်ကာ ချစ်ခြင်းကို
ရီဝေ လှိုက်မောစွာမော့ကြည့်၏။

မောင်နဲ့ ရုန်းကန်ထားလို့ ချစ်ခြင်းနဖူးပြင်မှာ ချွေးလေးတွေစို့ နေတဲ့အပြင် အနည်းငယ်မောနေသေးသည်။ ထို့ ကြောင့် ဘာစကားမှမဆိုပဲ အချိန်အတော်ကြာအောင် မောင့်ကိုပြန်လည်စိုက်ကြည့်မိသည်။

တစ်ယောက်နဲ့ တစ်ယောက် အချိန်ဘယ်လောက်ကြာသွားအောင် ကြည့်မိသလဲမသိပေ။  တဖြည်းဖြည်းနဲ့ မောင့်မျက်ဝန်းမှာ မျက်ရည်ကြည်တွေ ရစ်သိုင်းလာမှ ချစ်ခြင်း အသိဝင်လာတော့သည်။

"အင့်  ! အီးးဟီးးဟီး… မောင် အချစ်နဲ့ မခွဲချင်ဘူး …အချစ်ကို တစ်ယောက်ထဲ ခရီးလဲမထွက်စေချင်ဘူး …
မောင်တစ်ယောက်ထဲလည်း မအိပ်နိုင်ဘူး အင့်! မောင်ဘယ်လိုလုပ်ရမှာလဲ ?ဟီးအီးအီးး "

ကုတင်ဘေးဒူးထောက်ထိုင်ကာ
ချစ်ခြင်း ရင်ခွင်ထဲမျက်နှာအပ်ကာ အသဲအသန်ငိုတော့သည်။
ခရီးသွားမှာ သိကတည်းကမျက်နှာမကောင်းတာသိပေမဲ့ ဒီလောက်ကြီးစိတ်ထဲဝမ်းနည်းနေမယ်လို့ လဲချစ်ခြင်းမထင်မိပါ။

ကလေးတစ်ယောက်လို တသိမ်သိမ့်ရှိုက်ငိုနေတဲ့ အမိန့် ကို ပြန်သိုင်းဖက်ကာ ချစ်ခြင်းပါငိုချင်လာသည်။

ဘယ်သူကရော တစ်ယောက်ထဲထားခဲ့ဖို့ စိတ်ချမှာလဲ။
ဘယ်သူကရော သူမပါပဲ တစ်ယောက်ထဲသွားချင်မှာလဲ ။
အလကားကောင် ဒါလေးတောင်မသိဘူး ။
သူပဲချစ်တက်၊ငိုတက်တာကြနေတာပဲ ။
တွေးရင်းချစ်ခြင်းပါ မျက်ရည်ကျလာသည်မို့

"ဟင့် အရူးလို ငို… မနေနဲ့  ။ နှပ်တွေ နဲ့ ကြောင်ချီးရုပ်ဖြစ်နေပြီ"

"အီးဟီးဟီး …ငိုမှတော့  အင့် !ဘယ်သူက
လှအောင်ငိုလို့ လဲ …အူးဝါး …အချစ်က
မကောင်းဘူး …ဟီးဟီးအီး …"

့ပြဲလန်နေအောင် ငိုလိုက်တဲ့ အသံကြီးကြောင့် ချစ်ခြင့် လန့် သွားသည်။
ဆက်ငိုရမှာလိုလို ၊အမိန့် ကိုချော့ရမှာလို လို လမ်းပျောက်နေခိုက် အမိန့် အသံပိုကျယ်လာတာမို့ ရင်ခွင်ထဲကနေ ဆွဲထုတ်လိုက်၏။

" အာ .. ကလေးကြီးကျနေတာပဲ ။
အသံတွေ နာကုန်တော့မှာပဲ။ "

မျက်ရည်သုတ်ဖို့ လက်လှမ်းကာရှိ
သေး ချစ်ခြင်းလက်ကိုပုတ်ထုတ်ပီးရှယ်ငိုတော့သည်။ (ရှယ်ငိုတာဆိုတာက
ငိုတာတောင်ရိုးရိုးငိုတာမဟုတ်ပဲ
ကလေးတွေ အလိုမကျရင် ဂျီကျ သလို
ကြမ်းပေါ်မှာ
ခြေပစ်လက်ပစ်ထိုင်ချကာ ကားကားကြီး
ပါးစပ်ပြဲကြီးနဲ့ အော်ငိုတာဖြစ်၏။ )

ချစ်ခြင်းတဖြည်းဖြည်းနဲ့ နားတွေတောင်အူလာ၏။
လုံးဝနေမရတဲ့ အဆုံး  ကြမ်းပေါ် ချစ်ခြင်းပါဆင်းထိုင်လိုက်ပြီး အမိန့် ကိုဆွဲပွေ့ ချော့လိုက်သည်။ အသံတွေကွဲအက်ကာ ငိုကြွေးအပီးမှာတော့ တဖြည်းဖြည်းအရှိန်လျော့ သွားမှ ချစ်ခြင်း သက်ပြင်းချနိုင်တော့သည်။

"မင်းကို ချစ်လိုက်တာ။ ကလေးပေါက်စလေးကြနေတာပဲ။  ငါ့ကိုအဲ့လောက်တောင်ချစ်ရလား …ဟင် !"

"-----"

ရင်ခွင်ထဲမှာ ကလေးတွေလို ငိုလို့ မောသွားရင် ရှိုက်ပီးမှိန်းနေတက်သလို မျက်လုံးတွေ စင်းကာ ငြိမ်နေတဲ့ အမိန့် ကိုငုံ့ ကြည့်ပီး နဖူးလေးကိုနမ်းလိုက်သည်။

"မောင့်ကိုချစ်တယ် ။ အမိန့် အာဏာကိုရူးသွားလောက်အောင်ချစ်မိသွားပီမို့
ငါတော့သွားပါပြီ။အကယ်၍ မောင်သာ ငါ့ကို စိတ်ပျက်သွားရင်
ငါတော့သေမှာပဲ ။"

"  မောင့်ကိုချစ်တယ်လို့  ။ ဒီ လူကောင်
ထွားထွားကြီးကို ချစ်တယ်လို့ "

ပြန်ဖြေမလာပဲ အသံတိတ်ကောက်နေသေးတဲ့ အမိန့် ကိုကြည့်ပီး ချစ်ခြင်းရယ်ချင်လာ၏။

"ချစ်တော့ဘူးလား "

"ချစ်တယ် "

တိုးတိုးလေးပြောပီး ပြန်ပီးရင်ခွင်ထဲမျက်နှာအပ်လိုက်တာမို့  ချစ်ခြင်းထပ်မေးလိုက်သည်။ သူ့ ကလေးက ချစ်ဖို့ ကောင်းအောင်လုပ်နေမှတော့ ချစ်ခြင်းက ပိုချစ်ရတော့မှာပေါ့။

"ဘယ်လောက်ထိချစ်မှာလဲ"

"မောင်သေသွားတဲ့ထိ "

မဆိုးဘူးအသံထပ်ထွက်လာသေးတယ်။

" ငါ မင်းကို စိတ်ကောက်နေတုန်းနော်
ညနေက မင်းဟာမက  ငါ့ကိုဘာပြောလိုက်လဲသိချင်လား"

"မောင့်ဟာမ, မဟုတ်ဘူး "

"မွ"

အလိုမကျသလို မျက်မှောင်ကြုတ်ပီးမော့ကြည့်ပြောလာတဲ့အမိန့် ကြောင့် ချစ်ခြင်း
ထပ်ပီးငုံ့ နမ်းလိုက်သည်။ စိတ်ဆိုးပေမဲ့
ကိုယ့်ယောကျာ်းကချစ်ဖို့ ကောင်းနေတော့နမ်းတာနဲ့ စိတ်ဆိုးတာကို သက်သက်ခွဲထားလိုက်သည်။ ပြီးမှ အမိန့် ကို ရင်ခွင်ထည့်ကာ ခြူးသံသာနဲ့ တွေ့ တုန်းက
ဖြစ်ခဲ့တာကိုပြန်ပြောပြလိုက်သည်။

လွန်ခဲ့သော နှစ်နာရီလောက်က ………

"စားလို့ အဆင်ပြေရဲ့လားမခြူးသံသာ"

"ဟုတ်ပြေပါတယ် ။ဆိုင်က ထိုင်ရတာ
သက်သောင့်သက်သာရှိတော့ခြူးသဘောကျပါတယ် "

ရေခွက်လေး ထဲရေငှဲ့ ကာ ပြန်ဖြေလာတဲ့
ခြူးသံသာကို ချစ်ခြင်း ဧည့်ဝတ်ကျေစွာ
မေးလိုက်တာဖြစ်၏။ စားနေဆဲဖြစ်တဲ့အမိန့် ကတော့အေးအေးလူလူပဲ သူမဟုတ်သလို ညစာစားနေ၏။

သို့ ပေမဲ့ မထင်မှတ်ထားသည်ကို  ခြူးသံသာလုပ်လိုက်သည်။
သောက်ဖို့ ငှဲ့ လိုက်တဲ့ရေကို သူ မသောက်ပဲ မောင့်ဘေးကို တိုးပေးလိုက်တာဖြစ်သည်။ 
မောင်လက်လှမ်းပီးရေဘူးယူလိုက်တာနဲ့ ခြူးသံသာကမ်းပေးလိုက်တာနဲ့ စုံသွားကာ ရေခွက်ထဲမှရေတို့ ကအရှိန်မထိန်းနိုင်ပဲ မောင့်ပေါ်ဖိတ်ကျသွားသည်။

"အို..sorryနော် ။ ကိုမိန့် ရရဲ့လား ။အားနာလိုက်တာ။  ခြူးက… ကိုမိန့် ဖက်ကိုသောက်ရအောင်ပေးလိုက်တာနဲ့ ကြုံသွားတာ ခြူးတောင်းပန်ပါတယ်နော်"

ခြူးသံသာက ပါးစပ်ကတောင်းပန်ရုံမကဘူး တစ်ရှူးတွေနဲ့ ရေစိုသွားတဲ့ အမိန့် ရင်ဖက်တွေကိုပါ သုတ်ပေးနေတာမို့
ချစ်ခြင်းမျက်လုံးထဲထော်လော်ကန့် လန့် ဖြစ်လာ၏

"ရတယ် ရတယ်  … အချစ်…မောင် 
Tolietခနသွားမယ်  ရှင်းထားနှင့်လိုက်
ပြန်ရအောင် "

"အင်း "

မောင်ထွက်သွားရာနောက်ကို လိုက်ကြည့်နေတဲ့ ခြူးသံသာကြောင့် ချစ်ခြင်း
အသံထွက်အောင်ရယ်လိုက်သည်။

"  မောင်က ချောတယ်မို့ လားမခြူးသံသာ"

လက်ပိုက်ပီးအေးအေးသက်သက် မေးလိုက်တဲ့ ချစ်ခြင်းကြောင့် ခြူးသံသာမျက်နှာပျက်သွားပေမဲ့သူမဟုတ်သလို ပြန်ပြုံးပြကာ

"အင်း ကိုမိန့် က ချောတယ် ။ ခြူးက
ယောကျာ်းလေးဆို ကိုမိန့် လို ပုံစံမျိုးမှကြိုက်တာ "

"ဟုတ်လား။ မောင့်ပုံစံဆိုရင်တော့
မခြူးသံသာ ဒီတစ်သက်တွေ့ ရမှာမဟုတ်တော့ဘူး ။ ဘာလို့ လဲဆိုတော့ အမိန့် အာဏာက  လောကမှာတစ်ယောက်ပဲရှိ
လို့ "

ကွက်ခနဲပျက်သွားတဲ့မျက်နှာကိုချစ်ခြင်းကျေနပ်စွာစိုက်ကြည့်ပီး ဝိတ်တာကိုလှမ်းခေါ်လိုက်သည်။

"တန်ဖိုးကြီးတဲ့ရှားပါ ပစ္စည်းဆိုရင် လူတိုင်း မက်မောကျမှာပဲ။ ကိုချစ်ခြင်းပြည့်စုံ
ကရော ဘယ်လောက်ထိ ကြာအောင်
ထိန်းသိမ်းထားနိုင်မှာလဲ။ ပိုပီး သူ့ ကိုကျေနပ်အောင်ထားနိုင်တဲ့ သူရှိရင် သူထွက်သွား နိုင်တာပဲလေ။ ဥပမာ - ကလေးတို့ ဘာတို့  ရချင်လာတာမျိုးပေါ့။

ကျသလောက်ကို ဘောင်ချာယူလာပေးတာကို မကြည့်ပဲ ကဒ်တခု
ဗန်းပေါ်တင်ပေးလိုက်ပီးမှ

"မခြူးသံသာ က  ဘေးကနေတွေးပေးတက်သားပဲ။ ကြားကောင်းရုံမဟုတ်ပဲ ပွင့်ပွင့်လင်းလင်းပြောရအောင်။ မခြူးသံသာပြောသလိုဆိုရင် သာယာမူ့ ပိုပေးနိုင်ပီးကလေးမွေးပေးနိုင်သူရှိရင် အမိန့် က ပြောင်းလဲသွားနိုင်တယ်ပေါ့ ဟုတ်လား ။  "

ရှေ့ ကငှဲ့ ထားတဲ့ရေခွက်ကိုမော့ယူသောက်ပီး ချစ်ခြင်း ပြုံးပြကာမေးလိုက်ပေမဲ့
ပြန်ဖြေမလာပဲ စူးစိုက်ကြည့်နေတာမို့ ချစ်ခြင်း ခေါင်းရမ်းက ရယ်လိုက်သည်။

" အလွယ်တကူ နားလည်အောင်ပြောမယ်နော်။ ကလေးရချင်ရင် ကလေးထုတ်စက်လို
တပြွတ်ပြွတ်မွေးပေးနိုင်တဲ့မိန်းမကိုရှာယူမှာပေါ့။ သူ့ အတွက် ဒါတွေအရေးမကြီး
လို့ ကျွန်တော့်ကို ချစ်ခဲ့တာပါ့ဗျာ။ မရှက်တမ်း
ပြောပြရရင် လူတကာ  မက်မောတဲ့ အမိန့် အာဏာက သုံးနှစ်တိတိ နောက်က
တကောက်ကောက်နေပူမိုးရွာမရှောင် လိုက်ခဲ့တာတောင် ကျွန်တော့်က စကားပြန်ပြောခဲ့တာမဟုတ်ဘူး။
ကျန်တာမပြောတော့ဘူး ။အလွယ်တကူ ဘေးကနေ အလကားရတဲ့သူကို တန်ဖိုးထားမှလား ။သုံးနှစ်သုံးမိုး
ခက်ခက်ခဲခဲ ရထားတဲ့ ကျွန်တော်ကို တန်ဖိုးထားမှာလားဆိုတာ…အဖြေကဘယ်သူ့ သွားမေးမေးရှင်းနေတာပဲ လေ ။ မခြူးသံသာကော ဘယ်လို ထင်လဲ ?အလကားရမှတော့ အလကား လောက်ပဲတန်ဖိုးရှိတဲ့သူကို ဘယ်သူကမက်မောမှာလဲ ? ဟုတ်တယ်မို့ လား "

"အင်း ဟုတ် တာပေါ့ ။ကိုမိန့် ကလဲကြာလိုက်တာ ခြူး မစောင့်တော့ ဘူး။သွားစရာရှိသေးလို့ ပြန်လိုက်တော့မယ်။ ညစာအတွက်
ကိုမိန့် ကိုကျေးဇူးတင်ပါတယ်လို့ ပြောပေးပါအုန်း "

အတော်ကြီးမျက်နှာပျက်ကာ ဟန်ပင်မဆောင်နိုင်တော့တဲ့ ခြူးသံသာက အမိန့် ထွက်လာသည်ထိကိုမစောင့်ပဲပြန်ပြေး
တော့သည်။

"အဲ့ဒါပဲမောင်ထွက်လာတော့သူမရှိတော့တာ "

ကုတင်ပေါ်ပြန်ရောက်ကာ ရင်ခွင်ထဲကနေပုံပြင်ပြောပြသလို နားထောင်နေတဲ့အမိန့် ကို ခေါင်းလေးပွတ်ကာ ပြောပြတော့

"မောင်တောင်းပန်ပါတယ်အချစ်ရယ်
မောင်နောက်ကို အသွားအလာဆင်ခြင်ပါ့မယ်။ မောင့်ကိုစိတ်မဆိုးတော့ပါနဲ့ တော့"

"မင်းမှတ်ထားပါ  ။ ငါက ငါပိုင်တဲ့
အရာကို  ဘယ်တော့မှ လက်မလွတ်ပေးတက်သလို ဘယ်တော့မှလည်း သူတပါးလက်ထဲအရောက်ခံမှာမဟုတ်ဘူး။
အမိန့် အာဏာ သည် တသက်လုံး ငါတယောက်ထဲရဲ့အပိုင်ပဲ "

" မောင်သိသွားပါပြီ "

စကားတွေအများကြီးပြောဖို့ မလို ဘူး။
အချစ်သည်  ရင်ခွင်နှစ်ခုက ခံစားချက်တွေထပ်တူကျစေတယ်။

ချစ်တဲ့အိမ်စည်။

############

Bạn đang đọc truyện trên: ZingTruyen.Xyz