ZingTruyen.Xyz

ခ်စ္အမိန္ ့( ချစအမိန့် ) (completed)

24

eainsi23


"Hello ! မျခဴးသံသာ က်ြန္ေတာ္တို ့
Hotelေရွ ့ေရာက္ေနပီဗ် "

"------"

"ဟုတ္ကဲ့ ။ ဒါပဲေနာ္ "

ဖုန္းခ်ပီးသြားတာေတာင္ ခုထိ ခ်စ္ျခင္းဖက္ကို လွည့္မလာပဲ ေရွ ့တည့္တည့္သာ ႀကည့္ပီး နွုတ္ခမ္းဆူေန
တဲ့ အမိန္ ့ကို  ခ်စ္ျခင္းေဘးကေနခိုးႀကည့္လိုက္၏။

စိတ္ေကာက္ေနတဲ့ ကေလး က
တလမ္းလံုးေခ်ာ့ ခဲ့ရတာေတာင္  မေျပေသးပဲ ဆူပုပ္ေနတာမို ့ခ်စ္ျခင္းေခါင္းရမ္းလိုက္မိသည္။

မႀကာဘူး Hotelထဲကထြက္လာတဲ့
ခဲေရာင္ဝမ္းဆက္ဝတ္ထားျပီးဆံပင္
အေခြႀကီးေတြေကာက္ထားတဲ့ လွတပတ
မိန္းကေလးတစ္ေယာက္ထြက္လာ၏။

ထိုမိန္းကေလးသည္ အမိန္ ့ကားေမာင္းတဲ့ဖက္ကိုေခါင္းငံု ့နူတ္ဆက္လိုက္တာမို ့
ျခဴးသံသာဆိုတဲ့အမ်ိဳးသမီးမွန္းသိလိုက္ရသည္။

" sorry ေနာ္!! ခ်က္ျခင္းဆင္းလာခဲ့တာပဲသိပ္ေတာ့ေစာင့္မေနရဘူးမို ့လား ။အစကေတာ့ ေအာက္ဆင္းေစာင့္မလို ့ပဲ ဒါေပမဲ ့…ကိုမိန္ ့တို ့ကလာပီလို ့ေျပာေပမဲ့ ဘယ္ခ်ိန္လာမလဲဆိုတာ ျခဴးမသိတာနဲ့ ဆင္းမေစာင့္တာ "

စကားေျပာတာ သိမ္ေမြ ့သလိုနဲ ့သူတို ့ကို
တမင္သပ္ခ်ေနသလို ျဖစ္ေန၏။
ခ်စ္ျခင္းမ်က္နွာသည္အနည္းငယ္တည္တင္းသြားသည္။

အခ်ိန္မေလးစားတာလို ့ဒဲ့ေျပာလိုက္ပါ့လား။

ကိုယ္ေတြက သူလို အေပၚယံဟန္ေဆာင္ပီးလူႀကားေကာင္းေအာင္ေတာ့ လုပ္မေနဘူး။

ကိုယ့္ကို လာမထိရင္okတယ္။

မေနနိုင္မထိုင္နိုင္ထိလာရင္ေတာ့ ၿငိမ္ခံမဲ့ထဲမွာ ခ်စ္ျခင္းျပည့္စံုမပါဘူး။

"ရပါတယ္ မေစာင့္ရပါဘူး ။က်ြန္ေတာ့္တို ့ဖက္ကသာ ေတာင္းပန္ရမွာပါ။ နည္းနည္းေနာက္က်သြားသလို ျဖစ္သြားတယ္"

" ေမာင္ !စကားပီးမွေျပာ ။ ကားေပၚအရင္တက္ခိုင္းလိုက္ေလ… အားနာစရာ "

ခ်စ္ျခင္းအသံႀကားမွ လွမ္းႀကည့္လာတဲ့မ်က္နွာက စေရာက္ကတည္းက မသိသလို
နွုတ္မဆက္ပဲ ခုမွသာလွည့္ႀကည့္လာတာမို ့ ခ်စ္ျခင္းနွုတ္ခမ္းေတြေတာင္မဲ့မိမလိုေတာင္ျဖစ္သြား၏။

"ေအာ္ …ဒါက …"

သိရက္နဲ ့တမင္ေမးလိုက္တာသိေပမဲ့
ခ်စ္ျခင္း ဝတၱရားေက် ၿပံဳးျပလိုက္သည္။

"က်ြန္ေတာ့္အမ်ိဳးသားပါ…  အရင္တက္လိုက္ပါ့လား မျခဴးသံသာ… သြားရင္းမိတ္ဆက္ေပးပါ့မယ္"

"ဟိုေလ… အားနာေပမဲ့ ျခဴးကေနာက္ကေနစီးရင္ ေခါင္းမူးတက္လုိ ့ဒီဖက္က အကို
နဲ ့ေနရာခ်င္းလဲေပးလို ့ရမလား"

ခ်စ္ျခင္း သိေနတယ္ …ဒီမိန္းမ ဘယ္လို
အႀကည့္နဲ ့အမိန္ ့ကို ႀကည့္ေနတယ္ဆိုတာကို ။ ရမလား ကိုယ့္ကိုလာေႀကာလို ့။

ေမာင့္ကိုႀကည့္ေတာ့လဲ မထင္ထားတာ
မို ့ေႀကာင္ပီးဘာေျပာရမွန္းမသိျဖစ္ေန၏။

"အာ ဒုကၡပဲ !က်ြန္ေတာ္လည္း ကားမူးတက္လို ့ေနာက္စီးလို ့မရဘူးဗ် ။ ဒီလို လုပ္ပါ့လား။
ေမာင္ေနာက္ကိုသြားလိုက္ ငါေမာင္းလိုက္မယ္။
ငါတို ့နွစ္ေယာက္လံုး ကားမူးတက္ေတာ့
ေရွ့ကစီးလိုက္ေတာ့မယ္ …မင္းကေတာ့ေနာက္ကေနပဲ လိုက္စီးလိုက္ေတာ့။ "

"ok "

မ်က္ႏွာရိပ္မ်က္နွာကဲႀကည့္တက္တဲ့ေမာင္ကေက်ေက်နပ္နပ္ဆင္းသြား၏။

ခ်စ္ျခင္းကို တမင္ ေနာက္ခန္းပို ့ပီး
ေမာင္ကို ့ေပၚတင္စနိုက္ခ်င္တဲ့မိန္းမကေတာ့နည္းနည္းမ်က္နွာပ်က္သြားတာကို
ျမင္လိုက္ရေတာ့ ခ်စ္ျခင္းေက်နပ္သြား၏။

" မျခဴးသံသာ ကဒီမွာ ဘယ္ေလာက္ေနမွာလဲ"

ကားတစီးလံုးတိတ္ဆိတ္ေနတာကိုခ်စ္ျခင္းဖက္က စတင္ ျဖိဳခြင္းလိုက္သည္။

"ဒီတစ္ရက္၊နွစ္ရက္အတြင္းျပန္မွာပါ ။
အလုပ္ကလဲ စာခ်ဳပ္လဲခ်ဳပ္ပီးပီဆိုေတာ့
လိုအပ္တာေလးအျပီးသတ္ ႀကည့္ပီးရင္
ျပန္ရုံပါပဲ။ အားလံုး ကိုမိန္ ့တို ့ဖက္ကစပီး
အေကာင္ထည္ေဖာ္မွ တစ္လတေခါက္ ျခဴးကလာႀကည့္ေပးရမွာ ။ခုေတာ့ခနျပန္ရအုန္းမွာပါ့"

"ေအာ္… ဟုတ္လား … ဒီလိုမွန္းသိရင္
ထမင္းစားဖိတ္ပါတယ္ ။ေမာင္က တခါမွမေျပာဘူးေတာ့ ေရာက္ေနမွန္းေတာင္က်ြန္ေတာ္မသိလိုက္ဘူး "

"ေအာ္ "

မ်က္နွာပ်က္ကာ တိတ္သြားတဲ့ မိန္းကေလးေႀကာင့္ ခ်စ္ျခင္း ျပံဳးလိုက္သည္။
အေရးမပါတာေတြ ေမာင္က ခ်စ္ျခင္းကိုေျပာျပစရာလား။

ေနာက္ႀကည့္မွန္ကတဆင့္ ေမာင့္ကိုလွမ္းႀကည့္လိုက္ေတာ့ သူမဟုတ္သလို gameေဆာ့ေနတဲ့ ေမာင့္ေႀကာင့္ခ်စ္ျခင္းေက်နပ္သြား၏။

အဲ့လိုပဲေန ေမာင္။ ငါက မခ်စ္တက္ဘူး။ဒါေပမဲ့ခ်စ္မိသြားရင္ေတာ့ ဘယ္ေတာ့မွတစ္ျခားတစ္ေယာက္ကို လွည့္ႀကည့္ခြင့္မေပးေတာ့ဘူး။

ဘုရားေပၚေရာက္တဲ့ထိ ျခဴးကို ဝတၱရားေက် သာ ေျပာဆိုဆက္ဆံေနတဲ့ အမိန္ ့ေႀကာင့္ ျခဴးစိတ္ထဲမေက်မနပ္ျဖစ္လာ၏။
ဒီေယာက်ာ္းကို ပထမဆံုးစျမင္ကတည္းက ျခဴးသံသာသေဘာက်ခဲ့ရတာ။ ငယ္ရြယ္မူ ့၊ ျပည့္စံုမူ ့ ေခ်ာေမာထက္ျမတ္မူ ့တို ့က ျခဴးေလာဘတက္မိေလာက္ေအာင္ျပည့္စံုလြန္းသည္မို ့ ပိုင္ရွင္လက္ထဲက လုခ်င္စိတ္ကိုျဖစ္လာသည္ထိပင္။

အိမ္ေထာင္ဖက္က အမ်ိဳးသားတစ္ေယာက္ဆိုတာသိေတာ့ သူအံ့ႀသခဲ့ရေသးသည္။ ဒါေပမဲ့ ဒီေန ့ေတြ ့လိုက္တဲ့ခ်စ္ျခင္းဆိုတဲ့ေယာက်ာ္းက မ်က္စိမလႊဲခ်င္ေလာက္ေအာင္ကို လွေနလြန္းေတာ့ ကိုမိန္ ့ဘာလို ့
လက္ထက္ယူခဲ့သလဲဆိုတာသေဘာေပါက္ေတာ့သည္။ အျမဲေတြ ့ေနရတဲ့ ထက္ျမတ္တည္ႀကည္မူ ့တို ့နဲ ့ကိုမိန္ ့က
ခ်စ္ျခင္းျပည့္စံုေရွ ့ေရာက္ရင္ ျခဴးမျမင္ဘူးတဲ့ ကေလးဆန္မူ ့ေတြကို ေပါေပါသီသီ ခ်ေပးေနသည္မို ့ ခ်စ္ျခင္းျပည့္စံု မဟုတ္ပဲျခဴးသာဆိုရင္ေတာ့ဆိုတဲ့အေတြးနဲ ့ သူမ ပိုပိုပီး အမိန္ ့ကိုလိုခ်င္လာသည္။

"ေမာင္ ဧည့္သည္ကို ဂရုစိုက္အုန္းေလ"

ေဘးကေန ခုထိ စိတ္ေကာက္ေနတာကို
စကားလဲမေျပာ ေဝးေဝးလည္းမသြားပဲ ကပ္ပီးေကာက္ေနတာသူတစ္ေယာက္သာျမင္ဘူးေတာ့တယ္။

"မသိဘူး …အခ်စ္ဘာသာေျပာပါ့လား"

ေနာက္က ျခဴးသံသာႀကားသြားမွာေႀကာက့္မ်က္နွာရိပ္မ်က္နွာကဲျပလဲမရဘူး။ ေျပာခ်င္ရာေျပာကာ မ်က္ေစာင္ထိုးပီး ဟိုဖက္ေတာင္လွည့္သြားလိုက္ေသးသည္။

"မင္းေနာ္… ေကာက္စရာရွိတာ အိမ္မွေကာက္ပါ့လား။ ခုအဲ့မ်က္နွာျပင္လိုက္ေနာ္ ငါကိုက္မိေတာ့မွာမင္းကို "

ေျပာလိုက္တာဘာအမွားမပါပဲ မ်က္နွာေလးငယ္လာတဲ့ ေမာင့္မ်က္နွာေႀကာင့္ ခ်စ္ျခင္း ရယ္ခ်င္လာ၏။

စိတ္ကလဲနုလိုက္တာကြာ။

ဘယ္လိုရုပ္ကေလးလုပ္ေနျပန္တာလဲ။ အေတြးနဲ ့အူယားလာတာေႀကာင့္ ေဘးခ်င္းယွဥ္ကပ္ေလ်ွာက္လာရာမွလက္ေလး
လွမ္းဖက္လိုက္ပီး ပါးျပင္နဲ ့အမိန္ ့ပုခံုးေလးကိုပြတ္ပီး ေခ်ာ့လိုက္၏။ လူျမင္မေကာင္းတာလည္း ခ်စ္ျခင္းမသိေတာ့ေပ။ အမိန္ ့ကို
ခ်စ္ခ်င္တာပဲသိ၏။။ သူ ့ကေလးက တကယ္ကုိခ်စ္ခ်င္စရာေလးပင္။

အမိန္ ့သည္ ေစာေစာက ဝမ္းနည္းေနတဲ့
စိတ္တို ့သည္ လက္ေမာင္းမွာပါးေလးကပ္ကာ မ်က္နွာေမာ့ပီး ျပံဳးျပေနတဲ့ခ်စ္ျခင္းေႀကာင့္သူပါ ျပံဳးခ်င္သလိုလိုျဖစ္လာသည္။
အား !ဘာေလးလဲ မင္းက ေမာင့္ကို ငိုေအာင္လုပ္လိုက္ အသဲယားေအာင္လုပ္လိုက္နဲ ့…တကယ္ပဲခ်စ္ျခင္းတို ့က။

သူပါလာေတာင္  ဂရုမစိုက္ပဲ ေရွ ့မွာ ပလူးပလဲလုပ္ေနတဲ့ ခ်စ္ျခင္းေႀကာင့္ ျခဴးလက္သီးကိုဆုပ္ကာ ေဒါသတို ့ေျဖေဖ်ာက္ေနရသည္။ ဘယ္သူ ့မွမျမင္ဘူးတဲ့
ကိုမိန္ ့ရဲ့ကေလးဆန္မူ ့တို ့က ဘာလို ့မိန္းမမဟုတ္ပဲေယာက်ာ္းတစ္ေယာက္စီမွာလဲ။  ဘုရား ကန္ေတာ့ပီး ေအးေအးေဆးေဆး စကားေျပာရေအာင္ တမင္
လိုက္ပို ့ခိုင္းခါမွ အိမ္ကေယာက်ာ္းဆိုတာ
ေခၚလာတဲ့အမိန္ ့ကို ျခဴး စိတ္တိုေနျပီ။

"မျခဴးသံသာကို ဒီေန ့ညစာေလး လိုက္ေက်ြးခ်င္လို ့။အားမယ္ဆိုရင္ ကြၽန္ေတာ္တို ႔နဲ ့အတူ လိုက္ခဲ့ပါ့လား"

ခ်စ္ျခင္း ဘယ္ေလာက္ပဲ ေမာင့္ကိုသဝန္ တိုတက္ေပမဲ့ လူမူ ့ေရးေတာ့မေခါင္းပါးနိုင္ေပ။ ေမာင္က သူမေျပာရင္ အလိုက္တသိ ဘာမွလုပ္ေပးမွာမဟုတ္ေတာ့ ခ်စ္ျခင္းသာ ဝင္ပါေတာ့သည္။

"အားပါတယ္။  ျခဴးလဲ ေနာက္ရက္ေတြေလာက္ ျပန္ျဖစ္မွာဆိုေတာ့ ကိုခ်စ္ျခင္းျပည့္စံု နဲ ့ေအးေဆးေတြ ့ျဖစ္ဖို ့မေသခ်ာေတာ့
တစ္ခါထဲေတြ ့တုန္း ေလး အတူညစာ စားရတာေပါ့ "

ျပံဳးျပံဳးေလးေျပာလာတဲ့ ျခဴးသံသာေႀကာင့္
ခ်စ္ျခင္းေခါင္းျငိမ့္ကာ ေမာင့္ဖက္ကိုသာလွည့္ေျပာလိုက္သည္။

"ေမာင္ဘယ္ဆိုင္သြားရမလဲ "

gameေဆာ့ေနတဲ့ ေမာင္က ေခါင္းျပန္ေမာ့မလာပဲ ခ်စ္ျခင္းကို ဆိုင္တစ္ဆိုင္ရြတ္ျပလိုက္တာမို ့ ခ်စ္ျခင္းျပံဳးကာ ျခဴးသံသာကို
အားနာသလိုေျပာလိုက္၏

"အားနာလိုက္တာ ေမာင္က gameေဆာ့ေနရင္က်န္တာ သူစိတ္မဝင္စားေတာ့ဘူး။ အျပင္မွာသာ လူႀကီးလုပ္ေနတာသူကအိမ္မွာဆို ကေလးပဲ "

"အသက္ငယ္ငယ္နဲ ့ဦးေဆာင္နိုင္တာကို
ျခဴးကအံ့ႀသေနတာ တခ်ိဳ ့ဆိုဒီအရြယ္ ဆို
ကေလးလုပ္ေနႀကတုန္း"

" အင္း ဒါေတာ့ဟုတ္တယ္။ အမိန္႔က
ဆယ္တန္းေအာင္စကတည္းက ဘိုးဘိုးနဲ ့
အတူ အလုပ္ေတြ လိုက္ေလ့လာခဲ့ရတာ။
အဲ့ဒါေၾကာင့္ ရုံးမွာ ကလြဲ ရင္ က်န္တဲ့အခ်ိန္ သူက ကေလးပဲ "

ျခဴးသံသာစကားဆံုးေတာ့ဆိုင္ေရွ ့ေရာက္ပီမို ့စကားစျပတ္သြား၏။
ခ်စ္ျခင္းတို့ကားေပၚကဆင္းပီး ဆိုင္ထဲဝင္ကာ အျပင္ဖက္ ညဖက္ျမင္ကြင္းကို ျမင္ရေအာင္မွန္အျပည့္ ကာထားတဲ့ေနရာမွာဝင္ထိုင္လိုက္သည္။

လူရွင္းပီး ေအးေအးလူလူထိုင္လို ့ေကာင္းသည္မို ့ခ်စ္ျခင္းကေတာ့ သေဘာက်ေန၏။

"မျခဴးသံသာ ႀကိဳက္တာမွာပါ "

ဝိတ္တာေလးေဘးမွာရပ္ေနသည္မို ့ျခဴးအဆင္ေျပတာေလးမွာလိုက္ပီးလွ်င္

"ဟို …ကိုမိန္ ့ နဲ ့ခ်စ္ျခင္းေရာမွာေလ…
ဘာစားႀကမွာလဲ "

အမိန္ ့ကခုထိgameထဲကေခါင္းထြက္မလာေသးသည္မို ့ခ်စ္ျခင္းကပဲ

" ညီေလး အကို ့ကို သံပရာေရ တခြက္
ပ်ားသံပရာတစ္ခြက္  ေနာက္ပီး ထမင္းျဖဴတစ္ပြဲနဲ ့ဆိုင္က ေကာင္းတဲ့ အသီးရြက္ေႀကာ္ သံုးမ်ိဳးေလာက္ခ်ေပး ပါ ။ အသားမပါေစနဲ ့သက္သက္လြတ္လုပ္ေပး "

မွာစရာရွိတာမွာပီး ဝိတ္တာေလးျပန္သြားမွျခဴးသံသာက

"ဟို ကိုမိန္ ့အတြက္ကေရာမမွာဘူးလား"

"အာ !သူလား ခုတေလာဘာျဖစ္ေနမွန္းမသိဘူး အသားငါးမစားဘူး ။ က်ြန္ေတာ္ကအရင္ကတည္းက မစားတာပါႀကည့္ရတာ
အတူေနတာႀကာလို ့ေမာင္ပါ ဓာတ္ကူးသြားတာေနမွာ  ။ ခုမွာတာေတြကလည္းေမာင့္အတြက္ႀကီးပဲ က်ြန္ေတာ္က ငယ္ငယ္ကတည္းက ညစာမစားတာအက်င့္ ျဖစ္ေနပီ "

မ်က္နွာမေကာင္းျဖစ္သြားတဲ့ ျခဴးသံသာေႀကာင့္ ခ်စ္ျခင္း စကားဆက္ေျပာခ်င္စိတ္မရွိေတာ့ေပ။ အိမ္ေထာင္ရွိေယာက်ာ္းတစ္ေယာက္ကို ဘာေႀကာင့္ ငရဲႀကီးခံပီးစိတ္ဝင္စားေနရမွန္း စဥ္းစားလို ့ကိုမရဘူး။ ကိုယ့္ရုပ္ကိုယ့္ရည္နဲ ့ႀကိဳက္တဲ့ေယာက်ာ္း ေခါင္းေခါက္ေရြးပါ့လား ။ ေမာင့္ကိုမွ ဘာေႀကာင့္
ဒီလို လုပ္ရတာလဲ။ က်န္တာ စိတ္မဝင္စားဘူး ငါ့ေယာက်ာ္းေတာ့လာမထိနဲ ့ျခဴးသံသာ ငါအားမနာဘူး။ အျပဳအမူနဲ ့ျဖစ္ေစ
စိတ္နဲ ့ျဖစ္ေစ နွုတ္နဲ ့ျဖစ္ေစ ေမာင့္ကို
မမက္ေမာမိေစနဲ ့။

ခ်စ္ျခင္းနဲ ့ျခဴးသံသာတို ့တစ္ေယာက္နဲ ့တစ္ေယာက္စိတ္ထဲကေန တတိယကမၻာစစ္ျဖစ္သလို သတ္ေနႀကေပမဲ့ အမိန္ ့ကေတာ့သူနဲ ့မဆိုင္သလို gameေဆာ့ေကာင္းတုန္း။

ခ်စ္တဲ့အိမ္စည္။

#############

"Hello ! မခြူးသံသာ ကျွန်တော်တို့
Hotelရှေ့ ရောက်နေပီဗျ "

"------"

ပြောပီးဖုန်းချပီးသွားတာတောင် ခုထိ ချစ်ခြင်းဖက်ကို လှည့်မလာပဲ ရှေ့ တည့်တည့်သာ ကြည့်ပီး နှုတ်ခမ်းဆူနေ
တဲ့ အမိန့် ကို  ချစ်ခြင်းဘေးကနေခိုးကြည့်လိုက်၏။ စိတ်ကောက်နေတဲ့ ကလေး က
တလမ်းလုံးချော့ ခဲ့ရတာတောင်  မပြေသေးပဲ ဆူပုပ်နေတာမို့ ချစ်ခြင်းခေါင်းရမ်းပီး
သူပါ ရှေ့ ကြည့်ကာ စောင့်နေလိုက်သည်။
မကြာဘူး Hotelထဲကထွက်လာတဲ့
ခဲရောင်ဝမ်းဆက်ဝတ်ထားပီးဆံပင်
အခွေကြီးတွေကောက်ထားတဲ့ လှတပတ
မိန်းကလေးတစ်ယောက်ထွက်လာ၏။
ထိုမိန်းကလေးက အမိန့် ကားမောင်းတဲ့ဖက်ကိုခေါင်းငုံ့ နူတ်ဆက်လိုက်တာမို့
ခြူးသံသာဆိုတဲ့အမျိုးသမီးမှန်းသိလိုက်ရသည်။

" sorry နော်!! ချက်ခြင်းဆင်းလာခဲ့တာပဲသိပ်တော့စောင့်မနေရဘူးမို့ လား ။အစကတော့ အောက်ဆင်းစောင့်မလို့ ပဲ ဒါပေမဲ့ …ကိုမိန့် တို့ ကလာပီလို့ ပြောပေမဲ့ ဘယ်ချိန်လာမလဲဆိုတာ ခြူးမသိတာနဲ့ ဆင်းမစောင့်တာ "

စကားပြောတာ သိမ်မွေ့ သလိုနဲ့ သူတို့ ကို
တမင်သပ်ချနေသလို ဖြစ်နေတာမို့
ချစ်ခြင်းမျက်နှာသည်အနည်းငယ်တည်တင်းသွား၏။ အချိန်မလေးစားတာလို့ ဒဲ့ပြောလိုက်ပါ့လား။ကိုယ်တွေက သူလို အပေါ်ယံဟန်ဆောင်ပီးလူကြားကောင်းအောင်တော့ လုပ်မနေဘူး လာမထိရင်okတယ်။မနေနိုင်မထိုင်နိုင်ထိလာရင်တော့ ငြိမ်ခံမဲ့ထဲမှာ ချစ်ခြင်းပြည့်စုံမပါဘူး။

"ရပါတယ် မစောင့်ရပါဘူး ။ကျွန်တော့်တို့ ဖက်သာ တောင်းပန်ရမှာပါ။ နည်းနည်းနောက်ကျသွားသလို ဖြစ်နေလို့ "

" မောင် !စကားပီးမှပြော အရင်တက်ခိုင်းလိုက်လေ… အားနာစရာ "

ချစ်ခြင်းအသံကြားမှ လှမ်းကြည့်လာတဲ့မျက်နှာက စရောက်ကတည်းက မသိသလို
နှုတ်မဆက်ပဲ ခုမှသာလှည့်ကြည့်လာတာမို့  ချစ်ခြင်းနှုတ်ခမ်းတွေတောင်မဲ့မိတော့မလို့ ။

"အော် …ဒါက …"

သိရက်နဲ့ တမင် လုပ်နေပြန်ပီဖုန်းဆက်ကတည်းကယောကျာ်းပါလို့  ပြောထားပီးသားကို နှစ်ယောက်ထဲရှိမှဘယ်သူဖြစ်ရမှာလဲ…

"ကျွန်တော့်အမျိုးသားပါ…  အရင်တက်လိုက်ပါ့လား မခြူးသံသာ… သွားရင်းမိတ်ဆက်ပေးပါ့မယ်"

"ဟိုလေ… အားနာပေမဲ့ ခြူးကနောက်ကနေစီးရင် ခေါင်းမူးတက်လို့ ဒီဖက်က အကိုနဲ့ နေရာချင်းလဲပေးလို့ ရမလား"

ချစ်ခြင်း သိနေတယ် …ဒီမိန်းမ ဘယ်လို
အကြည့်နဲ့ အမိန့် ကို ကြည့်နေတယ်ဆိုတာကို ။ ရမလား ကိုယ့်ကိုလာကြောလို့ ။
မောင့်ကိုကြည့်တော့လဲ မထင်ထားတာ
မို့ ကြောင်ပီးဘာပြောရမှန်းမသိဖြစ်နေ၏။

"အာ ဒုက္ခပဲ !ကျွန်တော်လဲ ကားမူးတက်လို့ နောက်စီးလို့ မရဘူးဗျ ။ ဒီလို လုပ်ပါ့လား
မောင်နောက်ကိုသွားလိုက် ငါမောင်းလိုက်မယ်။
ငါတို့ နှစ်ယောက်လုံး ကားမူးတက်တော့
ရှေ့ကစီးလိုက်တော့မယ် …မင်းကတော့နောက်ကနေပဲ လိုက်စီးလိုက်တော့"

"ok "

မျက်နှာရိပ်မျက်နှာကဲကြည့်တက်တဲ့မောင်ကကျေကျေနပ်နပ်ဆင်းသွားပေမဲ့
ချစ်ခြင်းကို တမင် နောက်ခန်းပို့ ပီး
မောင်ကို့ ပေါ်တင်စနိုက်ချင်တဲ့မိန်းမကတော့နည်းနည်းမျက်နှာပျက်သွားတာကို
မြင်လိုက်ရတော့ ချစ်ခြင်းကျေနပ်သွား၏

" မခြူးသံသာ ကဘယ်လောက်နေမှာလဲ
ဒီမှာ "

ကားတစီးလုံးတိတ်ဆိတ်နေတာကိုချစ်ခြင်းဖက်က စတင် ဖြိုခွင်းလိုက်သည်။

"ဒီတစ်ရက်နှစ်ရက်အတွင်းပြန်မှာပါ ။
အလုပ်ကလဲ စာချုပ်လဲချုပ်ပီးပီဆိုတော့
လိုအပ်တာလေးအပီးသတ် ကြည့်ပီးရင်
ပြန်ရုံပဲ။ အားလုံး ကိုမိန့် တို့ ဖက်ကစပီး
အကောင်ထည်ဖော်မှ တစ်လတခေါက် ခြူးကလာကြည့်ပေးရမှာ ခုတော့ခနပြန်ရအုန်းမှာပါ့"

"အော်… ဟုတ်လား … ဒီလိုမှန်းသိရင်
ထမင်းစားဖိတ်ပါတယ် ။မောင်က တခါမှမပြောဘူးတော့ ရောက်နေမှန်းတောင်ကျွန်တော်မသိလိုက်ဘူး "

"အော် "

မျက်နှာပျက်ကာ တိတ်သွားတဲ့ မိန်းကလေးကြောင့် ချစ်ခြင်း ပြုံးလိုက်သည်။
အရေးမပါတာတွေ မောင်က ချစ်ခြင်းကိုပြောပြစရာလား။ နောက်ကြည့်မှန်ကတဆင့် မောင့်ကိုလှမ်းကြည့်လိုက်တော့ သူမဟုတ်သလို gameဆော့နေတဲ့ မောင့်ကြောင့်ချစ်ခြင်းကျေနပ်သွား၏။
အဲ့လိုပဲနေ မောင်။ ငါက မချစ်တက်ဘူးဒါပေမဲ့ချစ်မိသွားရင်တော့ ဘယ်တော့မှတစ်ခြားတစ်ယောက်ကို လှည့်ကြည့်ခွင့်မပေးတော့ဘူး။

ဘုရားပေါ်ရောက်တဲ့ထိ ခြူးကို ဝတ္တရားကျေ သာ ပြောဆိုဆက်ဆံနေတဲ့ အမိန့် ကြောင့် ခြူးစိတ်ထဲမကျေမနပ်ဖြစ်လာ၏။
ဒီယောကျာ်းကို ပထမဆုံးစမြင်ကတည်းက ခြူးသံသာသဘောကျခဲ့ရတာ။ ငယ်ရွယ်မူ့ ပြည့်စုံမူ့  ချောမောထက်မြတ်မူ့ တို့ က ခြူးလောဘတက်မိလောက်အောင်ပြည့်စုံလွန်းသည်မို့  ပိုင်ရှင်လက်ထဲက လုချင်စိတ်ကိုဖြစ်လာသည်ထိပင်။
အိမ်ထောင်ဖက်က အမျိုးသားတစ်ယောက်ဆိုတာသိတော့ သူအံ့သြခဲ့ရသေးသည်။ ဒါပေမဲ့ ဒီနေ့ တွေ့ လိုက်တဲ့ချစ်ခြင်းဆိုတဲ့ယောကျာ်းက မျက်စိမလွှဲချင်လောက်အောင်ကို လှနေလွန်းတော့ ကိုမိန့် ဘာလို့
လက်ထက်ယူခဲ့သလဲဆိုတာသဘောပေါက်တော့သည်။ အမြဲတွေ့ နေရတဲ့ ထက်မြတ်တည်ကြည်မူ့ တို့ နဲ့ ကိုမိန့် က
ချစ်ခြင်းပြည့်စုံရှေ့ ရောက်ရင် ခြူးမမြင်ဘူးတဲ့ ကလေးဆန်မူ့ တွေကို ပေါပေါသီသီ ချပေးနေသည်မို့  ချစ်ခြင်းပြည့်စုံ မဟုတ်ပဲခြူးသာဆိုရင်တော့ဆိုတဲ့အတွေးနဲ့  သူမ ပိုပိုပီး အမိန့် ကိုလိုချင်လာသည်။

"မောင် ဧည့်သည်ကို ဂရုစိုက်အုန်းလေ"

ဘေးကနေ ခုထိ စိတ်ကောက်နေတာကို
စကားလဲမပြော ဝေးဝေးလဲမသွားပဲ ကပ်ပီးကောက်နေတာသူတစ်ယောက်သာမြင်ဘူးတော့တယ်။

"မသိဘူး …အချစ်ဘာသာပြောပါ့လား"

နောက်က ခြူးသံသာကြားသွားမှာကြောက့်မျက်နှာရိပ်မျက်နှာကဲပြလဲမရဘူး ပြောချင်ရာပြောကာ မျက်စောင်ထိုးပီး ဟိုဖက်တောင်လှည့်သွားလိုက်သေးသည်။

"မင်းနော်… ကောက်စရာရှိတာ အိမ်မှကောက်ပါ့လား ခုအဲ့မျက်နှာပြင်လိုက်နော် ငါကိုက်မိတော့မှာမင်းကို "

ပြောလိုက်တာဘာအမှားမပါပဲ မျက်နှာလေးငယ်လာတဲ့ မောင့်မျက်နှာကြောင့် ချစ်ခြင်း
ရယ်ချင်လာ၏။ စိတ်ကလဲနုလိုက်တာကွာ
ဘယ်လိုရုပ်ကလေးလုပ်နေပြန်တာလဲ။ အတွေးနဲ့ အူယားလာတာကြောင့် ဘေးချင်းယှဉ်ကပ်လျှောက်လာရာမှလက်လေး
လှမ်းဖက်လိုက်ပီး ပါးပြင်နဲ့ အမိန့် ပုခုံးလေးကိုပွတ်ပီး ချော့လိုက်၏။ လူမမြင်ကောင်းတာလဲ ချစ်ခြင်းမသိတော့ဘူး အမိန့် ကို
ချစ်ချင်တာပဲသိတော့တယ်။ သူ့ ကလေးက တကယ်ကိုချစ်ချင်စရာလေး။

အမိန့် သည် စောစောက ဝမ်းနည်းနေတဲ့
စိတ်တို့ သည် လက်မောင်းမှာပါးလေးကပ်ကာ မျက်နှာမော့ပီး ပြုံးပြနေတဲ့ချစ်ခြင်းကြောင့်သူပါ ပြုံးချင်သလိုလိုဖြစ်လာသည်။
အား !ဘာလေးလဲ မင်းက မောင့်ကို ငိုအောင်လုပ်လိုက် အသဲယားအောင်လုပ်လိုက်နဲ့ …တကယ်ပဲချစ်ခြင်းတို့ က။

သူပါလာတောင်  ဂရုမစိုက်ပဲ ရှေ့ မှာ ပလူးပလဲလုပ်နေတဲ့ ချစ်ခြင်းကြောင့် ခြူးလက်သီးကိုဆုပ်ကာ ဒေါသတို့ ဖြေဖျောက်နေရသည်။ ဘယ်သူ့ မှမမြင်ဘူးတဲ့
ကိုမိန့် ရဲ့ကလေးဆန်မူ့ တို့ က ဘာလို့ မိန်းမမဟုတ်ပဲယောကျာ်းတစ်ယောက်စီမှာလဲ။  ဘုရား ကန်တော့ပီး အေးအေးဆေးဆေး စကားပြောရအောင် တမင်
လိုက်ပို့ ခိုင်းခါမှ အိမ်ကယောကျာ်းဆိုတာ
ခေါ်လာတဲ့အမိန့် ကို ခြူး စိတ်တိုနေပီ။

"မခြူးသံသာကို ဒီနေ့ ညစာလေး လိုက်ကျွေးချင်လို့ အားမယ်ဆိုရင်   ……"

ချစ်ခြင်း ဘယ်လောက်ပဲ မောင့်ကိုသဝန် တိုတက်ပေမဲ့ လူမူ့ ရေးတော့မခေါင်းပါးနိုင်ပေ။ မောင်က သူမပြောရင် အလိုက်တသိ ဘာမှလုပ်ပေးမှာမဟုတ်တော့ ချစ်ခြင်းသာ ဝင်ပါတော့သည်။

"အားပါတယ် ခြူးလဲ နောက်ရက်တွေလောက် ပြန်ဖြစ်မှာဆိုတော့ ကိုချစ်ခြင်းပြည့်စုံ နဲ့ အေးဆေးတွေ့ ဖြစ်ဖို့ မသေချာတော့
တစ်ခါထဲတွေ့ တုန်း လေး အတူညစာ စားရတာပေါ့ "

ပြုံးပြုံးလေးပြောလာတဲ့ ခြူးသံသာကြောင့်
ချစ်ခြင်းခေါင်းငြိမ့်ကာ မောင့်ဖက်ကိုသာလှည့်ပြောလိုက်သည်။

"မောင်ဘယ်ဆိုင်သွားရမလဲ "

gameဆော့နေတဲ့ မောင်က ခေါင်းပြန်မော့မလာပဲ ချစ်ခြင်းကို ဆိုင်တစ်ဆိုင်ရွတ်ပြလိုက်တာမို့  ချစ်ခြင်းပြုံးကာ ခြူးသံသာကို
အားနာသလိုပြောလိုက်၏

"အားနာလိုက်တာ မောင်က gameဆော့နေရင်ကျန်တာ သူစိတ်မဝင်စားတော့ဘူး။ အပြင်မှာသာ လူကြီးလုပ်နေတာသူကအိမ်မှာဆို ကလေးပဲ "

"အသက်ငယ်ငယ်နဲ့ ဦးဆောင်နိုင်တာကို
ခြူးကအံ့သြနေတာ တချို့ ဆိုဒီအရွယ် ဆို
ကလေးလုပ်နေကြတုန်း"

ခြူးသံသာစကားဆုံးတော့ဆိုင်ရှေ့ ရောက်ပီမို့ စကားစပြတ်သွား၏။
ချစ်ခြင်းတို့ကားပေါ်ကဆင်းပီး ဆိုင်ထဲဝင်ကာ အပြင်ဖက် ညဖက်မြင်ကွင်းကို မြင်ရအောင္မှန်အပြည့် ကာထားတဲ့နေရာမှာဝင်ထိုင်လိုက်သည်။
လူချမ်းသာတွေထိုင်တဲ့ဆိုင်မျိုးမို့  လူလဲရှင်းပီး အေးအေးလူလူထိုင်လို့ ကောင်းသည်မို့ ချစ်ခြင်းကတော့ သဘောကျနေ၏။

"မခြူးသံသာ ကြိုက်တာမှာပါ "

ဝိတ်တာလေးဘေးမှာရပ်နေသည်မို့ ခြူးအဆင်ပြေတာလေးမှာလိုက်ပီးလျှင်

"ဟို …ကိုမိန့်  နဲ့ ချစ်ခြင်းရောမှာလေ…
ဘာစားကြမှာလဲ "

အမိန့် ကခုထိgameထဲကခေါင်းထွက်မလာသေးသည်မို့ ချစ်ခြင်းကပဲ

" ညီလေး အကို့ ကို သံပရာရေ တခွက်
ပျားသံပရာတစ်ခွက်  နောက်ပီး ထမင်းဖြူတစ်ပွဲနဲ့ ဆိုင်က ကောင်းတဲ့ အသီးရွက်ကြော် သုံးမျိုးလောက်ချပေး ပါ ။ အသားမပါစေနဲ့ သက်သက်လွတ်လုပ်ပေး "

မှာစရာရှိတာမှာပီး ဝိတ်တာလေးပြန်သွားမှခြူးသံသာက

"ဟို ကိုမိန့် အတွက်ကရောမမှာဘူးလား"

"အာ !သူလား ခုတလောဘာဖြစ်နေမှန်းမသိဘူး အသားငါးမစားဘူး ။ ကျွန်တော်ကအရင်ကတည်းက မစားတာပါကြည့်ရတာ
အတူနေတာကြာလို့ မောင်ပါ ဓာတ်ကူးသွားတာနေမှာ  ။ ခုမှာတာတွေကလဲမောင့်အတွက်ကြီးပဲ ကျွန်တော်က ငယ်ငယ်ကတည်းက ညစာမစားတာအကျင့် ဖြစ်နေပီ "

မျက်နှာမကောင်းဖြစ်သွားတဲ့ ခြူးသံသာကြောင့် ချစ်ခြင်း စကားဆက်ပြောချင်စိတ်မရှိတော့ပေ။ အိမ်ထောင်ရှိယောကျာ်းတစ်ယောက်ကို ဘာကြောင့် ငရဲကြီးခံပီးစိတ်ဝင်စားနေရမှန်း စဉ်းစားလို့ ကိုမရဘူး။ ကိုယ့်ရုပ်ကိုယ့်ရည်နဲ့ ကြိုက်တဲ့ယောကျာ်း ခေါင်းခေါက်ရွေးပါ့လား ။ မောင့်ကိုမှ ဘာကြောင့်
ဒီလို လုပ်ရတာလဲ။ ကျန်တာ စိတ်မဝင်စားဘူး ငါ့ယောကျာ်းတော့လာမထိနဲ့ ခြူးသံသာ ငါအားမနာဘူး။ အပြုအမူနဲ့ ဖြစ်စေ
စိတ်နဲ့ ဖြစ်စေ နှုတ်နဲ့ ဖြစ်စေ မောင့်ကို
မမက်မောမိစေနဲ့ ။

ချစ်ခြင်းနဲ့ ခြူးသံသာတို့ တစ်ယောက်နဲ့ တစ်ယောက်စိတ်ထဲကနေ တတိယကမ္ဘာစစ်ဖြစ်သလို သတ်နေကြပေမဲ့ အမိန့် ကတော့သူနဲ့ မဆိုင်သလို gameဆော့ကောင်းတုန်း။

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz