ခ်စ္အမိန္ ့( ချစအမိန့် ) (completed)
23
အဝတ္တခ်ိဳ ့ကိုေသခ်ာေရြးပီး luggageထဲကိုညီညီစီစီေခါက္ထည့္ေနေပမဲ့ ခ်စ္ျခင္း၏ စိတ္ကေတာ့ လြင့္ခ်င္ရာလြင့္ေနေလသည္။
ခုတေလာ မၾကာခဏေခါင္းမူးေနတက္လို ့ဘယ္မွမသြားခ်င္ေပမဲ့လည္း ေဖႀကီးက
ေျခာက္လတစ္ႀကိမ္ေဆးျပေနက်မို ့
ဘန္ေကာက္ကို သူလိုက္ပို ့မွရမည္။
ထိုအေၾကာင္းကိုမေန႔ကေမာင့္ကို ေျပာလိုက္ျပခဲ့သည္။
မသြားေစခ်င္ဟန္ရွိေပမဲ့ က်န္းမာေရးမို႔ဘာမွေတာ့မေျပာေပ။ ျဖစ္နိုင္ရင္ ေမာင့္ကိုေခၚသြားခ်င္သည္။ သို ႔ေပမဲ့
သူ႔ကုမၸဏီနဲ ့သူေတာင္ ဒီရက္ပိုင္းမအားေနတာမို ့ခ်စ္ျခင္း မေျပာရက္ေပ။
ပထမဆံုးခြဲရမွာမို ့ ေမာင္နည္းနည္းမွမ်က္နွာမေကာင္းသလို ခ်စ္ျခင္းလည္း ဝမ္းနည္းေနရသည္။
လိုအပ္တာေတြေကာက္ထည့္လိုက္
ေမ့မယ္ထင္တာျပန္စဥ္းစားလိုက္လုပ္ေနတုန္း ဖုန္းflashlightမီးေႀကာင့္ ဖုန္းဝင္ေနမွန္းသိလိုက္ရ၏။ ေကာက္ကိုင္လိုက္ေတာ့ေမာင့္ဆီက 2miss calledေတာင္ျဖစ္ေနပီမို ့ျပန္ေခၚလိုက္ရသည္။
"hello! ေမာင္ "
"-----"
" မဟုတ္ဘူးဖုန္းကsilentျဖစ္ေနလို ့ငါမသိလိုက္တာ"
"-----"
"ဒီညေနလား "
"-----"
"အင္းအင္း… ငါအဆင္သင့္လုပ္ထားလိုက္မယ္ "
"....."
"အြန္း ...ငါလည္းမင္းကိုခ်စ္တယ္ "
ခ်သြားတဲ့ဖုန္းကိုႀကည့္ပီး ခ်စ္ျခင္းသက္ျပင္းခ်လိုက္၏ ။သိပ္ေနလို ့မေကာင္းေပမဲ့
အျပင္သြားရအုန္းမည္။
အေရးႀကီးဧည့္သည္ကိုဘုရား လိုက္ပို ့ေပးဖို ့ခ်စ္ျခင္းကိုပါ အတူေခၚေနတာေၾကာင့္ပင္။
ညေနအိမ္ျပန္လာပီးမွခ်စ္ျခင္းနဲ ့အတူဧည့္သည္ကိုဝင္ေခၚမွာဆိုေတာ့ခဏ ေတာ့နားလို ့ရေသး၏။ မႀကည္ေနတဲ့ေခါင္းကို နွစ္ခ်က္ေလာက္ခါရမ္းပီး ထည့္လက္စအဝတ္ေတြလည္း အျပီးမသတ္နိုင္ပဲ ကုတင္ေပၚသာ တက္အိပ္ေနလိုက္သည္။ အိပ္ယာနူိးမွသာ ေရခ်ိဳးရုံပဲ မတက္နိုင္ေတာ့ေပ။ ေခါင္းကအေတာ္ကိုမူးေနတာမို ့အိပ္မွပဲရမည္။
______
အမိန္ ့အခန္း ထဲဝင္လာေတာ့ အျဖဴေရာင္ေမြ ့ရာထက္မွာ နွစ္နွစ္ျခိဳက္ျခိဳက္ အိပ္ေပ်ာ္ေနတဲ့သူရဲ့ ခ်စ္ျခင္းျပည့္စံုေလးကိုေတြ ႕ရ၏။
အိမ္ေပါက္ဝကတည္းကေအာ္ေခၚပီးတက္လာေသာ္လည္း ျပန္မထူးခဲ့တာမို ့အမိန္ ့ကေတာ့ဘာမ်ားျဖစ္ေနသလဲလို ့စိတ္ပူခဲ့ရ၏။
အနားကို တိုးသြားျပီး
နွဖူးေပၚက်ေနတဲ့ဆံစေလးကိုသပ္တင္ေပးလိုက္၏။ အခ်ိန္အေတာ္ႀကာျမတ္ျမတ္နိုးနိုးစိုက္ႀကည့္ေနခဲ့ပီးမွ နုညံ့တဲ့ပါးမို ့မို ့ကို နွစ္ဝင္သြားေအာင္နမ္းပစ္လိုက္သည္။ နည္းနည္းႀကမ္းလိုက္တာနဲ ့သိသိသာသာရဲတက္လာတဲ့ပါးကို လက္မေလးနဲ ့ဖြဖြေလးပြတ္ေနလိုက္ေတာ့ မ်က္ေတာင္ဖ်ားေတြက တဖ်တ္ဖ်တ္လွဳပ္လာ၏။
"အင္းးး ေမာင့္"
မ်က္လံုးမဖြင့္ပဲအိပ္ခ်င္မူးတူးအသံေလးနဲ ့ပါးေပၚက အမိန္ ့လက္ကို ထပ္ဆုပ္ကိုင္ပီး
အီေနေသးသည္။
"အခ်စ္ရာ ညေနေစာင္းႀကီးဘာလို႔အိပ္ေနတာလဲ ။ ေနမေကာင္းျဖစ္ေတာ့မွာပဲကြာ ထ ေတာ့ ...ဆက္မအိပ္ေတာ့နဲ ့"
"မျဖစ္ပါဘူး ။ ငါေန ့ခင္းက ေခါင္းနည္းနည္းအံုေနလို ့ခဏဆိုပီးအိပ္လိုက္တာ။ ခုမင္းေတာင္ျပန္ေရာက္ပီဆိုေတာ့ တအားႀကီးအိပ္ေပ်ာ္သြားတာပဲ... "
"ေခါင္းအံုေနတာေရာသက္သာလား
အျပန္ေဆးခန္းဝင္ျပရေအာင္ကြာ ။ ခုတေလာ မင္းမၾကာခဏ ေနမေကာင္းျဖစ္ေနတာေမာင္စိတ္ပူတယ္။ ေဆးစစ္ၾကည့္ရေအာင္။ဒါမွ ေရာဂါတခုခုဆို အခ်ိန္မွီ ကုလို႔ရမွာ "
"ဘာမွမျဖစ္ပါဘူးေမာင္ရာ ။ခုသက္သာသြားပီပဲဟာ… အဲ့ဒါအေရးမႀကီးဘူး ။
လာပါဦး ဒီကို …ကေလးေလးကိုတေန ့လံုးလြမ္းေနရတာ… အာဘြားေတြအမ်ားႀကီးေပးပီးခဏေတာ့ဖက္ထားပါရေစအုန္း"
ခုထိစကားသာေျပာေနတာ မ်က္လံုးကမဖြင့္ေသးပဲလူကိုအတင္းဆြဲခ်ေနတာေႀကာင့္
အမိန္ ့ေက်ေက်နပ္နပ္ပင္ ခ်စ္ျခင္းအလိုက်
ေဘးမွာဝင္လွဲပီးခပ္ေသးေသးရင္ခြင္ထဲ တိုးဝင္အိပ္လိုက္၏။
"အား !ခုမွပဲ အလြမ္းေျပသြားေတာ့တယ္…ကေလး မ်က္နွာေလးေမာ့ေပး နမ္းမယ္ "
စိတ္ကူးေပါက္ရင္ ေပါက္သလို သူ ့ထပ္ နွစ္ဆေလာက္ထြားတဲ့အမိန္ ့ကိုကေလး တစ္ေယာက္လိုဆက္ဆံတက္ေပမဲ့ အမိန္ ့ကေတာ့ သေဘာေတြက်ကာေက်နပ္ေနတက္သည္။
ေယာက်ာ္းျဖစ္သူအလိုက် မ်က္နွာေမာ့ေပးေတာ့ ခ်က္ခ်င္းမနမ္းပဲအခ်ိန္အေတာ္ႀကာေအာင္ အမိန္ ့မ်က္နွာကိုစူးစိုက္ႀကည့္ေနေသးသည္။ျပီးမွ လက္မေလးနဲ ့အမိန္ ့မ်က္လံုးေလးကိုဖြဖြေလးထိလိုက္တာမို ့
မ်က္လံုးအစံုကိုမွိတ္ေပးလိုက္စဥ္မွာ
နုအိစက္ေနတဲ့အထိအေတြ ့က အမိန္ ့ညာဖက္မ်က္ခြံေပၚညင္သာစြာ ခိုနားေနခဲ့သည္။
ထို ့ေနာက္ ပါးျပင္ေပၚမွ ေမးဖ်ားေပၚ ထိ ပြတ္ဆြဲထိေတြ ့သြားတာမို ့
အမိန္ ့ေသြးေတြေျပာင္းျပန္စီးသြားသလိုေတာင္ခံစားလိုက္ရ၏။ အခ်ိန္အေတာ္ႀကာေအာင္ နွာေခါင္းဖ်ားနဲ ့နမ္းတာလည္းမဟုတ္ပဲလိုက္ပြတ္ေနပီးမွ
ရပ္တန္ ့သြားသည္မို ့အမိန္ ့မ်က္လံုးဖြင့္ႀကည့္လိုက္ေတာ့ ျပံဳးပီးႀကည့္ေနတဲ့ခ်စ္ျခင္းကိုေတြ ့ရ၏။
"ဘာလဲ "ဟု မ်က္ခံုးကိုပင့္ကာမႀကည္သလို ေမးလိုက္ေတာ့လည္း ဘာမွမေျပာပဲအမိန္ ့နူတ္ခမ္းကိုသာ အႀကမ္းပတမ္းလာနမ္းလိုက္တာမို ့အမိန္ ့တံေတြးတို ့ကိုသာျမိဳခ်လိုက္ရသည္။
ခ်စ္ျခင္း က ဆိုးလိုက္တာ ။
အျပင္သြားမွာပါဆို ဒုကၡေတာ့ေရာက္ေတာ့မွာပဲ။
တခါမွ ခုလို ခ်စ္ျခင္းဖက္က မႀကမ္းဖူးသျဖင့္အမိန္ ့အတြက္ကေတာ့လံုးဝခံစားခ်က္အသစ္ျဖစ္ေနသည္။ နူတ္ခမ္းထပ္က အိစက္မူ ့ကို အမိန္ ့မေရွာင္လြဲနိုင္ေတာ့တာမို ့ခ်စ္ျခင္းနူတ္ခမ္းေတြကို ဆြဲစုပ္ယူပီးမြတ္သိပ္မက္ေမာစြာျပန္နမ္းလိုက္သည္။
_____
"အဲ့ဒါမင္းေႀကာင့္ ..ဘာလို ့ဘီလူးသရဲစီးသလိုနမ္းရတာလဲ ..ခုေတာ့ေပါက္သြားျပီ"
ဖုန္းမွန္ကို ႀကည့္ကာ နွုတ္ခမ္းေလးဆူၿပီး ပြစိပြစိေရရြတ္ေနတဲ့
ခ်စ္ျခင္းေၾကာင့္ အမိန္ ့တေယာက္ေက်နပ္ေနေလသည္။
နီရဲေနတဲ့ နႈတ္ခမ္းမို ႔ ေသြးစို႔ေနတဲ့ကိုက္ရာသည္ သိပ္မသိသာေပမဲ့ ခ်စ္ျခင္းနဲ ့ကေတာ့ ပရံသင့္ကာ သိပ္ခ်စ္ဖို ့ေကာင္းေနေလသည္။
ထူးထူးျခားျခားပုဆိုးေလးဝတ္ထားတဲ့ခ်စ္ျခင္းသည္ နုနုဖတ္ဖတ္အိအိစက္စက္ေလးျဖစ္ကာအမိန္ ့အတြက္ ဆြဲဖ်စ္ညစ္ခ်င္စိတ္ေတာင္ေပါက္ေနရသည္။
"အခ်စ္က ဘာလို ့စိတ္မထိန္းနိုင္ေအာင္
လုပ္လဲ? ဒါေတာင္ ေမာင္ဧည့္သည္ေစာင့္ေနရမွာအားနာလို ့အခ်စ္ကို ဘာမွမလုပ္ေတာ့တာကိုပဲေက်းဇူးတင္လိုက္ေနာ္"
"အံ့ႀသစရာပဲ… ငါကခ်စ္လို ့နမ္းတာေလ
ေမာင္က သက္သက္နာေအာင္လုပ္တာ ။ အဲ့ဒါဘယ္သူမွားလဲ"
စကားေျပာေနရင္း စူထြက္လာတဲ့နူတ္ခမ္းေလးေၾကာင့္ အသည္းယားကာ လက္
နဲ ့လွမ္းဆြဲညစ္ကာစ ေနမိ၏။
"ေမာင္လည္းခ်စ္လို ့လုပ္တာေလ...
တမင္နာေအာင္ေတာ့ အခ်စ္ကိုလုပ္ပါ့မလား ...မင္းကေလ ဘယ္လို ႀကည့္ႀကည့္ လွေနေတာ့ေမာင္စိတ္မထိန္းနိုင္ေတာ့တာမွားလား... မ်က္နွာေလးမဲ့တာပဲျဖစ္ျဖစ္ ...နူတ္ခမ္းဆူတာပဲျဖစ္ျဖစ္... ေမာင့္ကိုေလ အသဲယားေအာင္ တအားလုပ္နိုင္တာပဲမင္းက"
"ဖယ္ပါ မင္းကငါ့ကို ဘယ္လိုေျခြရမလဲဆိုတာေကာင္းေကာင္းသိေနေတာ့လည္းငါဖက္ကပဲေလ်ာ့လိုက္ပါ့မယ္။ "
နူတ္ခမ္းေပၚကလက္ကိုဆြဲဖယ္လိုက္ရင္း ဆိုလိုက္၏။ သို ႔ေသာ္ အမိန္ ႔က
ျပန္လႊတ္မေပးပဲ ကားကိုလက္တစ္ဖက္ထဲေမာင္းကာခ်စ္ျခင္းလက္ကိုလည္း အတင္းကိုင္ထားေသးသည္။
"ေမာင္မင္းကိုသိပ္ခ်စ္တာပဲ "
"ငါလဲေမာင့္ ကိုသိပ္ခ်စ္တယ္ "
ေမာင့္မ်က္နွာကို ျပံဳးႀကည့္ကာခ်စ္ျမတ္နိုးစြာေျပာလိုက္ေတာ့ ေမာင္ကသေဘာက်ကာ ခ်စ္ျခင္းလက္ဖမိုးကိုနွုတ္ခမ္းနဲ ့ထိလိုက္ခြာလိုက္နဲ ့တဖြဖြနမ္းေန၏။
🎶Ringtone🎶
"ဖယ္ေတာ့ ဟိုမွာဖုန္းလာေနပီ "
ကားမွန္ေရွ့ ဒတ္စ္ဘုတ္ေပၚမွာတင္ထားတဲ့ဖုန္းကိုေမးေငါ့ျပေတာ့
"ေမာင္လက္မအားဘူး အခ်စ္ကိုင္လိုက္ "
ခုထိလက္ကိုမလြတ္ေပးပဲနမ္းေနတဲ့ အမိန္ ့ကိုမ်က္ေစာင္းထိုးကာ ကုန္းပီးဖုန္းကိုလွမ္းယူလိုုက္သည္။ လာေနတဲ့ဖုန္းကို
ႀကည့္လိုက္ေတာ့ မျခဴးသံသာလို ့မွတ္ထားသည္မို ့ အမိန္ ့ကို ဖုန္းေထာင္ျပလိုက္သည္။ အမိန္ ့ကေတာ့ ေအးေအးလူလူပင္
ကိုင္လိုက္လို ့ေမးဆတ္ျပသည္မို ့ခ်စ္ျခင္း
သက္ျပင္းခ်ကာကိုင္လိုက္၏
တစ္ခါမွ ယူမႀကည့္ဖူးတဲ့ အမိန္ ့ဖုန္းမွာ
မိန္းကေလးနာမည္ေတြ ့လိုက္ေတာ့
အလုပ္ကိစၥမွန္းသိေပမဲ့ ခ်စ္ျခင္းနည္းနည္း
စိတ္ခုသြားသည္။
"Hello !"
"ဟုတ္ ျခဴးပါ ကိုမိန္ ့။ ေနာက္က်ေနလို ့
မလာေသးဘူးလားလို ့ဆက္လိုက္တာ "
့ခ်စ္ျခင္းကို အမိန္ ့မွတ္ကာေျပာေနသည္
မို ့ခ်စ္ျခင္းဘာမွမဆိုင္ပဲ အမိန္ ့ကို မ်က္ေစာင္းလွမ္းထိုးလိုက္သည္။ ဘာျခဴး လဲ ။
ဘာကိုမိန္ ့လဲ ။ အျမင္ကပ္စရာပဲအသံကိုက ။ ဟိုေဘာလိုေကာင္ကလဲ ဒီအသံကိုမ်ားသာယာေနသလားမသိဘူး။စိတ္ေပါက္ေပါက္နဲ ့
"ဟုတ္ကဲ့ က်ြန္ေတာ္တို ့ေရာက္တို ့မွာပါ မျခဴးသံသာ။ "
"ဟို ခုေျပာေနတာဘယ္သူလဲ ။ကိုမိန္ ့မဟုတ္ဘူးလား"
"မဟုတ္ဘူး ။သူ ့အမ်ိဳးသားပါ။ ေမာင္က
ကားေမာင္းေနလို ့က်ြန္ေတာ္ကိုင္လိုက္တာပါ "
ထိုအခါမွအင္တင္တင္နဲ ့ဖုန္းခ်သြားသည္ေႀကာင့္ ဖုန္းကိုလက္နဲ ့တင္းတင္းဆုပ္ကိုင္ပီးေဒါသေျဖကာ အမိန္ ့ကို ဆတ္ခနဲ ့လွည့္ႀကည့္လိုက္သည္။
မီးဝင္းဝင္းေတာက္ေနတဲ့ ေဒါသမ်က္လံုးနဲ ့လွည့္ႀကည့္လာတဲ့ခ်စ္ျခင္းေႀကာင့္ အမိန္ ့
တြန္ ့သြား၏။ ဘာလဲ ေႀကာက္စရာႀကီး
အႀကည့္ေတြက။ သြားေလးျဖဲၿပီး မ်က္နွာခ်ိဳးေသြးကာ...
"ဘာျဖစ္တာလဲ အခ်စ္ရယ္ ..အဲ့မ်က္လံုးႀကီးနဲ ့မႀကည့္ပါနဲ ့ ..အမေလး ႀကက္သီးေတြေတာင္ထတယ္ "
ရုတ္တရက္တြန္ ့လိမ္ပီး ႀကက္သီးထကာ ေႀကာက္သြားတဲ့ပံုစံလုပ္ျပေနတဲ့အမိန္ ့ကို
အျမင္ကပ္သြားတာနဲ ့ လက္ထဲခုထိ ဆုပ္ကိုင္ထားတဲ့ အမိန္ ့လက္ကိုဆြဲယူပီး
ကိုက္ပစ္လိုက္သည္။
"အားးးးး!! အခ်စ္ေရ … အား! ေမာင္နာတယ္လို ့ အာ့ !အာ့ !မွားပါပီ… ေမာင္မွားသြားပါပီ "
ျပဴးျပာေနေအာင္ေအာ္မွလြတ္ေပးလိုက္ေတာ့ လက္ခံုမွာ ကိုက္ထားတဲ့အရာကေသြးေတာင္စို ့ခ်င္ေနသည္။
မွတ္ထား အဲ့ဒါခ်စ္ျခင္းျပည့္စံုလို ့ေခၚတယ္။
"ေျပာ… ဘာမွားသြားလို ့ေတာင္းပန္တာလဲ"
"သိဘူး… အင့္ "
မ်က္ရည္ေတြ ဝိုင္းကာ သူမဟုတ္သလို
ေလးမ်က္နွာေလးငယ္ကာ ႀကည့္ပီးေျပာလာသည္မို ့ ခ်စ္ျခင္း ဆြဲပီး တကိုယ္လံုး
ကိုက္သတ္ခ်င္စိတ္ကို ေလ်ာ့ခ်ပစ္လိုက္ရသည္။ အမိန္ ့အာဏာက သူ ့စိတ္ကိုလာစမ္းေနတာပဲ ။ ဟူးးးး
ေလပူတို ့ကို မွဳတ္ထုတ္ကာ မေျပာရင္မသိေတာ့မဲ ့ေယာက်ာ္းကို
"အခုသြားမွာ မိန္းမတစ္ေယာက္နဲ ့လို ့ဘာလို ့ႀကိဳမေျပာတာလဲ "
"ဟင့္ …အေရးမွမႀကီးတာ… ေမာင္က မျဖစ္မေနမို ့လိုက္ပို ့ရတာ။ ျမန္ျမန္လိုက္ပို ့ပီးရင္ အခ်စ္နဲ ့အတူတူ
ဘန္ေကာက္မသြားခင္ ဒိတ္ခ်င္လို ့ လို ့
ကို ဟီးးးး"
အစကတည္းက ဝဲေနတဲ့ မ်က္ရည္ေတြက
စကားေျပာရင္းနဲ ့ စီးက်လာသည္။ ရွဳိက္သံထြက္ကာ မငိုေအာင္ထိန္းထားတဲ့မ်က္ရည္ေတြက စကားလည္းဆံုးေရာ ကားကိုလမ္းေဘးခ်ရပ္ကာ စီရာတိုင္ေပၚေခါင္းေမွာက္က အသံထြက္ေအာင္ပင္ ငိုခ်ေတာ့သည္။
လုပ္ပီ အငိုမင္းသားတို ့ကေတာ့ ။
ငိုျပန္ပါျပီ။ ေခ်ာ့ေပအုန္းေတာ့ ခ်စ္ျခင္းေရ မင္းအျပစ္နဲ ့မင္းပဲ…
ခ်စ္ျခင္းရဲ့ရင္ဖက္ညွပ္ရုိးေလး
အဝတ်တချို့ ကိုသေချာရွေးပီး luggageထဲကိုညီညီစီစီခေါက်ထည့်နေပေမဲ့ ချစ်ခြင်း၏ စိတ်ကတော့ လွင့်ချင်ရာလွင့်နေလေသည်။
ခုတလော ခနခနခေါင်းမူးနေတက်လို့ ဘယ်မှမသွားချင်ပေမဲ့လည်း ဖေကြီးက
ခြောက်လတစ်ကြိမ်ဆေးပြနေကျမို့
ဘန်ကောက်ကို သူလိုက်ပို့ မှရမည်။
ထိုအကြောင်းကိုမနေ့ကမောင့်ကို ပြောလိုက်ပြခဲ့သည်။
မသွားစေချင်ဟန်ရှိပေမဲ့ ကျန်းမာရေးမို့ဘာမှတော့မပြောပေ။ ဖြစ်နိုင်ရင် မောင့်ကိုခေါ်သွားချင်သည်။ သို့ ပေမဲ့
သူ့ကုမ္ပဏီနဲ့ သူတောင် ဒီရက်ပိုင်းမအားနေတာမို့ ချစ်ခြင်း မပြောရက်ပေ။
ပထမဆုံးခွဲရမှာမို့ မောင်နည်းနည်းမှမျက်နှာမကောင်းသလို ချစ်ခြင်းလဲ ဝမ်းနည်းနေရသည်။
လိုအပ်တာတွေကောက်ထည့်လိုက်
မေ့မယ်ထင်တာပြန်စဉ်းစားလိုက်လုပ်နေတုန်း ဖုန်းflashlightမီးကြောင့် ဖုန်းဝင်နေမှန်းသိလိုက်ရ၏။ ကောက်ကိုင်လိုက်တော့မောင့်ဆီက 2miss calledတောင်ဖြစ်နေပီမို့ ပြန်ခေါ်လိုက်ရသည်။
"hello! မောင် "
"-----"
" မဟုတ်ဘူးဖုန်းကsilentဖြစ်နေလို့ ငါမသိလိုက်တာ"
"-----"
"ဒီညနေလား "
"-----"
"အင်းအင်း… ငါအဆင်သင့်လုပ်ထားလိုက်မယ် "
"....."
"အွန်း ...ငါလည်းမင်းကိုချစ်တယ် "
ချသွားတဲ့ဖုန်းကိုကြည့်ပီး ချစ်ခြင်းသက်ပြင်းချလိုက်၏ ။သိပ်နေလို့ မကောင်းပေမဲ့
အပြင်သွားရအုန်းမည်။
အရေးကြီးဧည့်သည်ကိုဘုရား လိုက်ပို့ ပေးဖို့ ချစ်ခြင်းကိုပါ အတူခေါ်နေတာကြောင့်ပင်။
ညနေအိမ်ပြန်လာပီးမှချစ်ခြင်းနဲ့ အတူဧည့်သည်ကိုဝင်ခေါ်မှာဆိုတော့ခနတော့နားလို့ ရသေး၏။ မကြည်နေတဲ့ခေါင်းကို နှစ်ချက်လောက်ခါရမ်းပီး ထည့်လက်စအဝတ်တွေလဲအပြီးမသတ်နိုင်ပဲ ကုတင်ပေါ်သာ တက်အိပ်နေလိုက်သည်။ အိပ်ယာနိူးမှသာ ရေချိုးရုံပဲ မတက်နိုင်တော့ပေ။ ခေါင်းကအတော်ကိုမူးနေတာမို့ အိပ်မှပဲရမည်။
______
အမိန့် အခန်း ထဲဝင်လာတော့ အဖြူရောင်မွေ့ ရာထက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့သူရဲ့ ချစ်ခြင်းပြည့်စုံလေးကိုတွေ့ ရ၏။
အိမ်ပေါက်ဝကတည်းကအော်ခေါ်ပီးတက်လာသော်လည်း ပြန်မထူးခဲ့တာမို့ အမိန့် ကတော့ဘာများဖြစ်နေသလဲလို့ စိတ်ပူခဲ့ရ၏။
အနားကို တိုးသွားပြီး
နှဖူးပေါ်ကျနေတဲ့ဆံစလေးကိုသပ်တင်ပေးလိုက်၏။ အချိန်အတော်ကြာမြတ်မြတ်နိုးနိုးစိုက်ကြည့်နေခဲ့ပီးမှ နုညံ့တဲ့ပါးမို့ မို့ ကို နှစ်ဝင်သွားအောင်နမ်းပစ်လိုက်သည်။ နည်းနည်းကြမ်းလိုက်တာနဲ့ သိသိသာသာရဲတက်လာတဲ့ပါးကို လက်မလေးနဲ့ ဖွဖွလေးပွတ်နေလိုက်တော့ မျက်တောင်ဖျားတွေက တဖျတ်ဖျတ်လှုပ်လာ၏။
"အင်းးး မောင့်"
မျက်လုံးမဖွင့်ပဲအိပ်ချင်မူးတူးအသံလေးနဲ့ ပါးပေါ်က အမိန့် လက်ကို ထပ်ဆုပ်ကိုင်ပီး
အီနေသေးသည်။
"အချစ် ညနေစောင်းကြီးဘာလို့အိပ်နေတာလဲ ။ နေမကောင်းဖြစ်တော့မှာပဲကွာ ထ တော့ ...ဆက်မအိပ်တော့နဲ့ "
"မဖြစ်ပါဘူး ။ ငါနေ့ ခင်းက ခေါင်းနည်းနည်းအုံနေလို့ ခနဆိုပီးအိပ်လိုက်တာ။ ခုမင်းတောင်ပြန်ရောက်ပီဆိုတော့ တအားကြီးအိပ်ပျော်သွားတာပဲ... "
"ခေါင်းအုံနေတာရောသက်သာလား
အပြန်ဆေးခန်းဝင်ပြရအောင်ကွာ ။ ခုတလော မင်းမကြာခန နေမကောင်းဖြစ်နေတာမောင်စိတ်ပူတယ်။ ဆေးစစ်ကြည့်ရအောင်။ဒါမှ ရောဂါတခုခုဆို အချိန်မှီ ကုလို့ရမှာ "
"ဘာမှမဖြစ်ပါဘူးမောင်ရာ ။ခုသက်သာသွားပီပဲဟာ… အဲ့ဒါအရေးမကြီးဘူး ။
လာပါအုန်းဒီကို …ကလေးလေးကိုတနေ့ လုံးလွမ်းနေရတာ… အာဘွားတွေအများကြီးပေးပီးခနတော့ဖက်ထားပါရစေအုန်း"
ခုထိစကားသာပြောနေတာ မျက်လုံးကမဖွင့်သေးပဲလူကိုအတင်းဆွဲချနေတာကြောင့်
အမိန့် ကျေကျေနပ်နပ်ပင် ချစ်ခြင်းအလိုကျ
ဘေးမှာဝင်လှဲပီးခပ်သေးသေးရင်ခွင်ထဲ တိုးဝင်အိပ်လိုက်၏။
"အား !ခုမှပဲ အလွမ်းပြေသွားတော့တယ်…ကလေး မျက်နှာလေးမော့ပေး နမ်းမယ် "
စိတ်ကူးပေါက်ရင် ပေါက်သလို သူ့ ထပ် နှစ်ဆလောက်ထွားတဲ့အမိန့် ကိုကလေး တစ်ယောက်လိုဆက်ဆံတက်ပေမဲ့ အမိန့် ကတော့ သဘောတွေကျကာကျေနပ်နေတက်သည်။
ယောကျာ်းဖြစ်သူအလိုကျ မျက်နှာမော့ပေးတော့ ချက်ချင်းမနမ်းပဲအချိန်အတော်ကြာအောင် အမိန့် မျက်နှာကိုစူးစိုက်ကြည့်နေသေးသည်။ပြီးမှ လက်မလေးနဲ့ အမိန့် မျက်လုံးလေးကိုဖွဖွလေးထိလိုက်တာမို့
မျက်လုံးအစုံကိုမှိတ်ပေးလိုက်စဉ်မှာ
နုအိစက်နေတဲ့အထိအတွေ့ က အမိန့် ညာဖက်မျက်ခွံပေါ်ညင်သာစွာ ခိုနားနေခဲ့သည်။
ထို့ နောက် ပါးပြင်ပေါ်မှ မေးဖျားပေါ် ထိ ပွတ်ဆွဲထိတွေ့ သွားတာမို့
အမိန့် သွေးတွေပြောင်းပြန်စီးသွားသလိုတောင်ခံစားလိုက်ရ၏။ အချိန်အတော်ကြာအောင် နှာခေါင်းဖျားနဲ့ နမ်းတာလဲမဟုတ်ပဲလိုက်ပွတ်နေပီးမှ
ရပ်တန့် သွားသည်မို့ အမိန့် မျက်လုံးဖွင့်ကြည့်လိုက်တော့ ပြုံးပီးကြည့်နေတဲ့ချစ်ခြင်းကိုတွေ့ ရ၏။
"ဘာလဲ "ဟု မျက်ခုံးကိုပင့်ကာမကြည်သလို မေးလိုက်တော့လည်း ဘာမှမပြောပဲအမိန့် နူတ်ခမ်းကိုသာ အကြမ်းပတမ်းလာနမ်းလိုက်တာမို့ အမိန့် တံတွေးတို့ ကိုသာမြိုချလိုက်ရသည်။
ချစ်ခြင်း က ဆိုးလိုက်တာ ။
အပြင်သွားမှာပါဆို ဒုက္ခတော့ရောက်တော့မှာပဲ။
တခါမှ ခုလို ချစ်ခြင်းဖက်က မကြမ်းဖူးသဖြင့်အမိန့် အတွက်ကတော့လုံးဝခံစားချက်အသစ်ဖြစ်နေသည်။ နူတ်ခမ်းထပ်က အိစက်မူ့ ကို အမိန့် မရှောင်လွဲနိုင်တော့တာမို့ ချစ်ခြင်းနူတ်ခမ်းတွေကို ဆွဲစုပ်ယူပီးမွတ်သိပ်မက်မောစွာပြန်နမ်းလိုက်သည်။
_____
"အဲ့ဒါမင်းကြောင့် ..ဘာလို့ ဘီလူးသရဲစီးသလိုနမ်းရတာလဲ ..ခုတော့ပေါက်သွားပြီ"
ဖုန်းမှန်ကို ကြည့်ကာ နှုတ်ခမ်းလေးဆူပြီး ပွစိပွစိရေရွတ်နေတဲ့
ချစ်ခြင်းကြောင့် အမိန့် တယောက်ကျေနပ်နေလေသည်။
နီရဲနေတဲ့ နှုတ်ခမ်းမို့ သွေးစို့နေတဲ့ကိုက်ရာသည် သိပ်မသိသာပေမဲ့ ချစ်ခြင်းနဲ့ ကတော့ ပရံသင့်ကာ သိပ်ချစ်ဖို့ ကောင်းနေလေသည်။
ထူးထူးခြားခြားပုဆိုးလေးဝတ်ထားတဲ့ချစ်ခြင်းသည် နုနုဖတ်ဖတ်အိအိစက်စက်လေးဖြစ်ကာအမိန့် အတွက် ဆွဲဖျစ်ညစ်ချင်စိတ်တောင်ပေါက်နေရသည်။
"အချစ်က ဘာလို့ စိတ်မထိန်းနိုင်အောင်
လုပ်လဲ? ဒါတောင် မောင်ဧည့်သည်စောင့်နေရမှာအားနာလို့ အချစ်ကို ဘာမှမလုပ်တော့တာကိုပဲကျေးဇူးတင်လိုက်နော်"
"အံ့သြစရာပဲ… ငါကချစ်လို့ နမ်းတာလေ
မောင်က သက်သက်နာအောင်လုပ်တာ ။ အဲ့ဒါဘယ်သူမှားလဲ"
စကားပြောနေရင်း စူထွက်လာတဲ့နူတ်ခမ်းလေးကြောင့် အသည်းယားကာ လက်
နဲ့ လှမ်းဆွဲညစ်ကာစ နေမိ၏။
"မောင်လဲချစ်လို့ လုပ်တာလေ...
တမင်နာအောင်တော့ အချစ်ကိုလုပ်ပါ့မလား ...မင်းကလေ ဘယ်လို ကြည့်ကြည့် လှနေတော့မောင်စိတ်မထိန်းနိုင်တော့တာမှားလား... မျက်နှာလေးမဲ့တာပဲဖြစ်ဖြစ် ...နူတ်ခမ်းဆူတာပဲဖြစ်ဖြစ်... မောင့်ကိုလေ အသဲယားအောင် တအားလုပ်နိုင်တာပဲမင်းက"
"ဖယ်ပါ မင်းကငါ့ကို ဘယ်လိုခြွေရမလဲဆိုတာကောင်းကောင်းသိနေတော့လဲ ငါဖက်ကပဲလျော့လိုက်ပါ့မယ်။ "
နူတ်ခမ်းပေါ်ကလက်ကိုဆွဲဖယ်လိုက်ရင်း ဆိုလိုက်၏။ သို့ သော် အမိန့် က
ပြန်လွှတ်မပေးပဲ ကားကိုလက်တစ်ဖက်ထဲမောင်းကာချစ်ခြင်းလက်ကိုလည်း အတင်းကိုင်ထားသေးသည်။
"မောင်မင်းကိုသိပ်ချစ်တာပဲ "
"ငါလဲမောင့် ကိုသိပ်ချစ်တယ် "
မောင့်မျက်နှာကို ပြုံးကြည့်ကာချစ်မြတ်နိုးစွာပြောလိုက်တော့ မောင်ကသဘောကျကာ ချစ်ခြင်းလက်ဖမိုးကိုနှုတ်ခမ်းနဲ့ ထိလိုက်ခွာလိုက်နဲ့ တဖွဖွနမ်းနေ၏။
🎶Ringtone🎶
"ဖယ်တော့ ဟိုမှာဖုန်းလာနေပီ "
ကားမှန်ရှေ့ ဒတ်စ်ဘုတ်ပေါ်မှာတင်ထားတဲ့ဖုန်းကိုမေးငေါ့ပြတော့
"မောင်လက်မအားဘူး အချစ်ကိုင်လိုက် "
ခုထိလက်ကိုမလွတ်ပေးပဲနမ်းနေတဲ့ အမိန့် ကိုမျက်စောင်းထိုးကာ ကုန်းပီးဖုန်းကိုလှမ်းယူလိုက်သည်။ လာနေတဲ့ဖုန်းကို
ကြည့်လိုက်တော့ မခြူးသံသာလို့ မှတ်ထားသည်မို့ အမိန့် ကို ဖုန်းထောင်ပြလိုက်သည်။ အမိန့် ကတော့ အေးအေးလူလူပင်
ကိုင်လိုက်လို့ မေးဆတ်ပြသည်မို့ ချစ်ခြင်း
သက်ပြင်းချကာကိုင်လိုက်၏
တစ်ခါမှ ယူမကြည့်ဖူးတဲ့ အမိန့် ဖုန်းမှာ
မိန်းကလေးနာမည်တွေ့ လိုက်တော့
အလုပ်ကိစ္စမှန်းသိပေမဲ့ ချစ်ခြင်းနည်းနည်း
စိတ်ခုသွားသည်။
"Hello !"
"ဟုတ် ခြူးပါ ကိုမိန့် ။ နောက်ကျနေလို့
မလာသေးဘူးလားလို့ ဆက်လိုက်တာ "
့ချစ်ခြင်းကို အမိန့် မှတ်ကာပြောနေသည်
မို့ ချစ်ခြင်းဘာမှမဆိုင်ပဲ အမိန့် ကို မျက်စောင်းလှမ်းထိုးလိုက်သည်။ ဘာခြူး လဲ ။
ဘာကိုမိန့် လဲ ။ အမြင်ကပ်စရာပဲအသံကိုက ။ ဟိုဘောလိုကောင်ကလဲ ဒီအသံကိုများသာယာနေသလားမသိဘူး။စိတ်ပေါက်ပေါက်နဲ့
"ဟုတ်ကဲ့ ကျွန်တော်တို့ ရောက်တို့ မှာပါ မခြူးသံသာ။ "
"ဟို ခုပြောနေတာဘယ်သူလဲ ။ကိုမိန့် မဟုတ်ဘူးလား"
"မဟုတ်ဘူး ။သူ့ အမျိုးသားပါ။ မောင်က
ကားမောင်းနေလို့ ကျွန်တော်ကိုင်လိုက်တာပါ "
ထိုအခါမှအင်တင်တင်နဲ့ ဖုန်းချသွားသည်ကြောင့် ဖုန်းကိုလက်နဲ့ တင်းတင်းဆုပ်ကိုင်ပီးဒေါသဖြေကာ အမိန့် ကို ဆတ်ခနဲ့ လှည့်ကြည့်လိုက်သည်။
မီးဝင်းဝင်းတောက်နေတဲ့ ဒေါသမျက်လုံးနဲ့ လှည့်ကြည့်လာတဲ့ချစ်ခြင်းကြောင့် အမိန့်
တွန့် သွား၏။ ဘာလဲ ကြောက်စရာကြီး
အကြည့်တွေက။ သွားလေးဖြဲပြီး မျက်နှာချိုးသွေးကာ...
"ဘာဖြစ်တာလဲ အချစ်ရယ် ..အဲ့မျက်လုံးကြီးနဲ့ မကြည့်ပါနဲ့ ..အမလေး ကြက်သီးတွေတောင်ထတယ် "
ရုတ်တရက်တွန့် လိမ်ပီး ကြက်သီးထကာ ကြောက်သွားတဲ့ပုံစံလုပ်ပြနေတဲ့အမိန့် ကို
အမြင်ကပ်သွားတာနဲ့ လက်ထဲခုထိ ဆုပ်ကိုင်ထားတဲ့ အမိန့် လက်ကိုဆွဲယူပီး
ကိုက်ပစ်လိုက်သည်။
"အားးးးး!! အချစ်ရေ … အား! မောင်နာတယ်လို့ အာ့ !အာ့ !မှားပါပီ… မောင်မှားသွားပါပီ "
ပြူးပြာနေအောင်အော်မှလွတ်ပေးလိုက်တော့ လက်ခုံမှာ ကိုက်ထားတဲ့အရာကသွေးတောင်စို့ ချင်နေသည်။
မှတ်ထား အဲ့ဒါချစ်ခြင်းပြည့်စုံလို့ ခေါ်တယ်။
"ပြော… ဘာမှားသွားလို့ တောင်းပန်တာလဲ"
"သိဘူး… အင့် "
မျက်ရည်တွေ ဝိုင်းကာ သူမဟုတ်သလို
လေးမျက်နှာလေးငယ်ကာ ကြည့်ပီးပြောလာသည်မို့ ချစ်ခြင်း ဆွဲပီး တကိုယ်လုံး
ကိုက်သတ်ချင်စိတ်ကို လျော့ချပစ်လိုက်ရသည်။ အမိန့် အာဏာက သူ့ စိတ်ကိုလာစမ်းနေတာပဲ ။ ဟူးးးး
လေပူတို့ ကို မှုတ်ထုတ်ကာ မပြောရင်မသိတော့မဲ့ ယောကျာ်းကို
"အခုသွားမှာ မိန်းမတစ်ယောက်နဲ့ လို့ ဘာလို့ ကြိုမပြောတာလဲ "
"ဟင့် …အရေးမှမကြီးတာ… မောင်က မဖြစ်မနေမို့ လိုက်ပို့ ရတာ။ မြန်မြန်လိုက်ပို့ ပီးရင် အချစ်နဲ့ အတူတူ
ဘန်ကောက်မသွားခင် ဒိတ်ချင်လို့ လို့
ကို ဟီးးးး"
အစကတည်းက ဝဲနေတဲ့ မျက်ရည်တွေက
စကားပြောရင်းနဲ့ စီးကျလာသည်။ ရှိုက်သံထွက်ကာ မငိုအောင်ထိန်းထားတဲ့မျက်ရည်တွေက စကားလဲဆုံးရော ကားကိုလမ်းဘေးချရပ်ကာ စီရာတိုင်ပေါ်ခေါင်းမှောက်က အသံထွက်အောင်ပင် ငိုချတော့သည်။
လုပ်ပီ အငိုမင်းသားတို့ ကတော့ ။
ငိုပြန်ပါပြီ။ ချော့ပေအုန်းတော့ ချစ်ခြင်းရေ မင်းအပြစ်နဲ့ မင်းပဲ…
ချစ်ခြင်းရဲ့ရင်ဖက်ညှပ်ရိုးလေး
Bạn đang đọc truyện trên: ZingTruyen.Xyz