ခ်စ္အမိန္ ့( ချစအမိန့် ) (completed)
22
အိမ်ရှေ့ မှာ ရပ်ထားသော ကားအနီရောင်
"ဟယ် …ကိုမိန့်  "
"ပြောပါဦး… ကျွန်တော့်ယောကျာ်းကို
မြှောက်ပေးရတဲ့အကြောင်းလေး "
စိန်လက်စွပ် မျိုးစုံဝတ်ရိုက်ခဲ့တဲ့ အတော်သွယ်ဖြောင့်လှတဲ့လက်ကလေးက ပုံထဲမှာတင်မကဘူး အပြင်မှာလည်းလက်လေးလှုပ်လိုက်တာတို့ 
ကျေနပ်ပီလား"
"လာပါပီဗျ "
"မောင် …အဲ့ဒါ ဘာလဲ "
အမိန့် လက်ထဲပါသွား၏ …
"ဟာ… မောင့်ဘာလုပ်တာလဲ"
အလန့် တကြားရုန်းပီးအော်လိုက်တော့ အမိန့် က မော့ကြည့်ကာ ဆူ၏။
ငြိမ်ငြိမ်နေ "
မွှေးပွကောဇောနုနုခင်းထားသော ကြမ်းပေါ်မှာ
"မောင့်ကိုချစ်တယ် "
"အင်းမောင်က ဆိုးတယ် …
"မင်းတစ်ယောက်ထဲကိုပဲချစ်တာပါပဲ။ ဒါကို…မောင်ကမသိလို့ ပါ … အစကတည်းက
ပေါ့"
ပြောနေကြာသေး ချက်ခြင်း ဆွဲပွေ့ လှဲပစ်လိုက်တော့ ချစ်ခြင်းပြည့်စုံရဲ့ဆဲသံလေးက ဆူညံစွာထွက်လာခဲ့သည် ။
ဆဲပေါ့ နာစရာလား ။
လုပ်ငန်းစရအောင် "
ခေါ်လိုက်တယ်"
"မင်း အခုတိတ်နော်… အဲ့ဒီမျက်ရည်တွေထပ်ထွက်မလာနဲ့  "
"-------"
"------"
ချစ်တဲ့အိမ်စည်။
ခြံထဲကို အမိန့် ကားမောင်းဝင်လာတော့
အိမ်ရှေ့ မှာ ရပ်ထားတဲ့ ကားအနီရောင်
ကြောင့်ဘယ်သူရောက်နေသလဲဆိုတာသူသိလိုက်ပီဖြစ်၏။ ကားတံခါးကို ပိတ်နေတုန်း အပြင်ထွက်လာတာနဲ့ ကြုံလိုက်ရတဲ့ဧည့်သည်ကြောင့်ပြုံးပြနူတ်ဆက်လိုက်သည်။
"ပြန်တော့မှာလား မကေသီ … ပိုပီးအရင်ကထက်လှလာတယ်နော် "
"ဟယ် …ကိုမိန့် "
ပြုံပြလိုက်တာ ဟက်ဟက်ပက်ပက်မို့
တဖက်က ဘိုးဘိုးလူယုံ မကေသီကတော့
စကားတွေ ပြောဖို့ အားယူနေသည်။
ဘိုးဘိုးက လူယုံမွေးတာ စေတနာပါလို့ လားမသိဘူး တကယ်တော်တဲ့ထက်တဲ့ သစ္စာရှိလူယုံများစွာ ဘိုးဘိုးမှာရှိသည်။
မကေသီရဲ့အဖေလက်ထက်ကတည်းက
ဘိုးဘိုး တပည့်ဖြစ်ကာ မကေသီငယ်စဉ်ကတည်းက နိုင်ငံခြားမှာကျောင်းထားပေးခဲ့တာကြောင့်ပြန်ရောက်တာနဲ့ ဘိုးဘိုးလက်အောက်မှာပဲအလုပ်ဝင်လုပ်ခဲ့သည်။
မကေသီတင်မကဘူး တကယ်တော်လို့
ထောက်ပံ့ပေးခဲ့တဲ့ လူတိုင်းလိုလို ဘိုးဘိုးအရိပ်မှာသာပြန်ခိုလှုံ့ခဲ့ကြသည်။ အဲ့ဒီထဲမှာ အမိန့် မန်နေဂျာ မကေသီယောကျာ်းလည်းပါသေးသည်။
"ပြောပါအုန်း… ကျွန်တော့်ယောကျာ်းကို
မြှောက်ပေးတဲ့အကြောင်းလေး "
"အမယ်လေး …အမ မမြှောက်ပေးရဲပါဘူးကွယ် …ချစ်ခြင်းက onlineခေတ်ဆိုတော့
သူအကြံပေးတာလေးတွေ အမတို့ က
လိုက်လုပ်ရတာပါ ။ မနက်က တင်လိုက်တဲ့pageက ပေါက်သွားပီးရောင်းအား
အရင်ကထက် 30%တက်လာတယ်လေ အာ့ကြောင့်… ချစ်ခြင်းကို လာပီးတင်ပြရင်းအလုပ်ကိစ္စထပ်ဆွေးနွေးတာ "
"ဟုတ်ပါပီဗျာ …ကျွန်တော်က အမတို့ လို
စိန်ရွှေငွေ မရောင်းတက်တော့ သိပ်တော့
နားမလည်ပါဘူးဗျာ… ဒါနဲ့ ကျွန်တော်ပြန်လာမှ ချက်ချင်းထပြန်တာတော့မဟုတ်ဘူးမို့ လား"
မတွေ့ တာကြာတဲ့အမမို့ …အမိန့် စစနောက်နောက်မေးလိုက်တော့ မကေသီက
တကယ်ထင်သွားဟန်တူပီး ချက်ခြင်းပင်…
"မဟုတ်ရပါဘူး ကိုမိန့် ရယ် …
တိုင်ပင်စရာရှိတာလေးလည်း
တိုင်ပင် ပြီးသွားပြီလေ။ ချစ်ခြင်းမျက်နှာလေးလဲနွမ်းနေတာလေးဆိုတော့ ကိုမိန့် လာတာမစောင့်ပဲချစ်ခြင်းလေးနားရအောင် ပြန်နှင့်တာပါကွယ်"
"ချစ်ခြင်းနေမကောင်းဘူးလား …
ကျစ် !ဖုန်းမဆက်ပဲ ဘာလုပ်နေမှန်းမသိဘူး …ကဲကဲ… အမ ပြန်တော့ ကျွန်တော်နောက်ရက်မှတခုခုလိုက်ကျွေးတော့မယ် "
ပြောပြောဆိုဆို မကေသီကိုပါ ဝင်တိုက်ပီးအိမ်ထဲပြာယာပြာယာဝင်သွားသူကြောင့် မကေသီပြုံးပီးခေါင်းရမ်းကာ ကားပေါ်တက်လိုက်သည်။
အိမ်က ယောကျာ်းပြောတုန်းကတော့ မယုံခဲ့ဘူး ။ ကိုမိန့် က ချစ်ခြင်းဆိုရင် သဲသဲလှုပ်အောင်ချစ်တယ်ဆိုတာအပိုပြောတာမဟုတ်ဘူးတဲ့။ အမိန့် အာဏာကရုပ်ချောပီးချမ်းသာလို့ အစကတည်းက သူတို့ အသိုင်းဝိုင်းကြားမှာ နာမည်အတော်ကြီးသည်။ရည်းစားထားရင်နာမည်ကြီးမင်းသမီးလား ဒါမှမဟုတ် သူလိုကိုယ်လို ထိတ်ထိတ်ကျဲသူဌေးသမီးလားဆိုတာ စောင့်ကြည့်နေကြချိန်မှာ ငယ်ငယ်ရွယ်ရွယ် နဲ့ အိမ်ထောင်ပြုချလိုက်တာ ယောကျာ်းလေးဖြစ်နေသည်။
တွဲလိုက်တာလည်းအသံမကြား
gayဆိုပီးလည်း သတင်းမထွက်ပဲ အီတလီထိသွားကာမင်္ဂလာဆောင်ပေးခဲ့သည်တဲ့။
အဲ့အချိန်တုန်းက သူမ ကလေးမွေးနေချိန်နဲ့ တိုက်ဆိုင်ကာ မသိခဲ့ရပေ။ ကိုမိန့် အိမ်ထောင်ပြုသွားပီ ကောင်လေးတစ်ယောက်နဲ့ ဆိုတာ သူမ သိလိုက်ရတဲ့အချိန်မှာ အတော်ကြီးအံ့သြခဲ့ရသေးသည်။
မနေ့ ကမှ ပထမဆုံးအကြိမ် ချစ်ခြင်းဆိုတဲ့ကိုမိန့် အမျိုးသားကို တွေ့ လိုက်ရတဲ့အချိန်မှာမှ ကိုမိန့်
ကောင်လေးတစ်ယောက်ကို လက်ထက်တာဘာကြောင့်ဆိုတာသိခဲ့ရသည်။
အဲ့ဒီချစ်ခြင်းဆိုတဲ့ကောင်လေးက အသေကိုလှတာပင်။ မကေသီ
တသက်စာလုံး မှာ ဒီလောက်ခေါင်းအစခြေအဆုံးလှတာမျိုးတစ်ခါတောင်မတွေ့ ဖူးပေ။တွေ့ စက စက္ကန့် အတော်ကြီးကြာအောင်ကို အားမနာပဲငေးကြည့်မိသေးသည်။
စိန်လက်စွပ် မျိုးစုံဝတ်ရိုက်ခဲ့တဲ့ အတော်သွယ်ဖြောင့်လှတဲ့လက်ကလေးက ပုံထဲမှာတင်မကဘူး အပြင်မှာလဲလက်လေးလှုပ်လိုက်တာတို့
တခုခုကိုင်လိုက်တာတို့ တောင် အသက်ရှူမှားအောင်လှတာ ။ တကယ်ကို …
ကိုမိန့် သည်းတာမလွန်ပါဘူး……
"ချစ်ခြင်း … ချစ်ခြင်းရေ "
အမိန့် လှေခါးကနေ တတွတ်တွတ်အော်ခေါ်ပီး ပြေးတက်လိုက်သည်။ တကယ့်ကို
သူချစ်ခြင်းမျက်နှာလေးကိုတွေ့ ချင်လှပီ။ ဆိုးလိုက်တဲ့ လူဆိုးလေးက… နေမကောင်းချင်တာကိုဖုန်းမဆက်ဘူး ။တကယ်ဆိုသူပြန်လာမှာပေါ့။ ကိုယ့်ယောကျာ်းကိုနည်းနည်းလောက်တော့ အားကိုးတက်အောင်သင်ပေးအုန်းမှဖြစ်မှာ။
လူရောက်မလာခင်ကတည်းက တဒုန်းဒုန်ပြေးတက်လာတဲ့ ခြေသံနဲ့ ချစ်ခြင်းနာမည်ကိုအကျယ်ကြီးအော်ခေါ်လာတဲ့ မောင့်ကြောင့် ချစ်ခြင်းခေါင်းကိုက်ချင်တာတောင်ပျောက်သွား၏။ ချစ်ခြင်းရဲ့ အသက်ရှည်ဆေးလေးက အသံလေးနဲ့ တင်ကို ဆေးကုလို့ ရနိုင်တယ်ထင်တယ်။
"အချစ် … နေမကောင်းဘူးဆို …အဲ့ဒါကြောင့်ပြောတာ ပင်ပန်းတာတွေမလုပ်ပါနဲ့ ဆို အချစ်ကနားမထောင်ဘူး "
ချစ်ခြင်း အိပ်နေတဲ့ကုတင်ဘေးဒူးထောက်ထိုင်ကာ ပါးလေးကိုင်ကာ အမိန့် ဆိုလာ၏။
"ခေါင်းနည်းနည်းမူးချင်တာပါမောင်ရာ
မင်းပြောမှ နေမကောင်းခုထဖြစ်ရတော့မလိုပဲ "
"အချစ်နော်… မောင်ပြောလိုက်ရင်
ကပ်ကပ်လန်အောင်ပြန်ရန်တွေ့ ဖို့ ပဲ
မောင့်စကားကျနားထောင်မယ်မကြံဘူး "
" ကဲ …ကလေးလေး …မင်းနူတ်ခမ်းကြီးပြန်သိမ်းစမ်းပါအုန်း အားနေ…ထော်နေတော့တာပဲ… မင်းက ကလေးလား? "
"ကလေးလေး … အချစ်ရဲ့ ရှစ်လငယ်တဲ့ ကလေးလေး …မဆူစေချင်ရင် မွမွပေးလိုက် ချက်ခြင်းပြန်ဝင်သွားလိမ့်မယ်…
ပေးတော့…ပေးတော့ …ကြာတယ် "
နှုတ်ခမ်းကြီးထော်က နမ်းခိုင်းနေတဲ့ မောင့်ကြောင့် ချစ်ခြင်း လည်ပင်းလေးကိုသိုင်းဖက်ကာ အချိန်ကြာကြီးနမ်းပစ်လိုက်သည်။
ခုတလော မောင့်ကို ချစ်ခြင်းခနခန နမ်းချင်နေတာတို့ မောင့်ရင်ဖက်ကိုဖွဖွလေး ခိုးနမ်းရတာတို့ ပိုကြိုက်နေ၏
"မွ !!အကြာကြီးနမ်းပေးတာနော်…
ကျေနပ်ပီလား"
အဆုံးသတ်မှာ အသံထွက်အောင် ဖိနမ်းလိုက်ပီးပြောလိုက်လျှင် ……
"ကျေနပ်ပါတယ်ဗျ …ဒါကြောင့် မောင့်ချစ်ခြင်းလေးကို ခေါင်းမူးပြေအောင်လုပ်ပေးမယ်ခနစောင့် …အချစ်ကလေး"
နဖူးလေး တစ်ချက်တိုက်ကာ
ထထွက်သွားတဲ့ကျောပြင်လေးကိုကြည့်ရင်း ချစ်ခြင်း
သဘောတကျရယ်မောလိုက်သည်။ အလုပ်ကနေပြန်ရောက်တာကို အဝတ်စားမလဲပဲ ဘာတွေလုပ်အုန်းမလဲမသိဘူး ။တနေ့ လုံး ပင်ပန်းလာတာကို မနားပဲ
အမိန့် တို့ ကတော့ တကယ်ပဲ…
"လာပါပီဗျ "
မကြာဘူး ဇလုံးကြီး ,မ ဝင်လာတဲ့ အမိန့် ကိုချစ်ခြင်းကြောင်ကြည့်ကာ …
"မောင် …အဲ့ဒါ ဘာလဲ "
"ဘာမှ မလဲဘူး …ထထိုင်လိုက်"
ပြောပြောဆိုဆို ဆွဲထူလိုက်တာမို့ ချစ်ခြင်း
အရုပ်ကလေးတစ်ရုပ်လို ပေါ့ပေါ့ပါးပါး
အမိန့် လက်ထဲပါသွား၏ …
"ဟာ… မောင့်ဘာလုပ်တာလဲ"
ခြေထောက်လေးဆွဲ ,မ လိုက်တာကြောင့်
အလန့် တကြားရုန်းပီးအော်လိုက်တာကြောင့်အမိန့် က
"ဘာလို့ ရုန်းနေတာလဲ ?အချစ်ခေါင်းကိုက်ပြေအောင် မောင်လုပ်ပေးမလို့ ဟာ…
ငြိမ်ငြိမ်နေ "
အောက်မွေးပွကောဇောနုနုပေါ်
တင်ပုလင်ခွေ ထိုင်ကာ ချစ်ခြင်းခြေထောက် ကိုဖွဖွလေးဆွဲ ,မ ကာ စောက ယူလာတဲ့ ဇလုံထဲကို နှစ်လိုက်သည်။ ရေကနွေးနွေးလေးမို့ ချစ်ခြင်းခေါင်းအုံနေတာလေးပျောက်သွားပေမဲ့အမိန့် ခုလို လုပ်ပေးတာကိုမကြိုက်ချေ။
"မောင် မလုပ်ပါနဲ့ …ငါမကြိုက်ဘူး "
မျက်မှောင်လေးကြုတ်ကာ အငြင်းစကားဆိုတဲ့ ချစ်ခြင်းကိုမောင်က ပြုံးကာ စိတ်ရှည်လက်ရှည်နှိပ်ပေးရင်း
" မောင်အခုလို အချစ်ခြေထောက်ကိုင်တာကြောင့် အားနာနေတာလား? ဒါဆိုရင်တော့… အချစ် သက်တောင့်သက်သာနေပါ။ မောင်က… မင်းယောကျာ်းပါ။ မင်းနဲ့ ပါတ်သတ်တာမှန်သမျှ မောင်ကအခုလိုလုပ်ပေးနေရတာလေးကိုပဲကျေနပ်နေတာ"
"အားနာနေတာမဟုတ်ဘူးမောင် …
ခြေထောက်ဆိုတဲ့နှိမ့်ကျတဲ့အရာကို မောင့်ကိုမထိစေချင်တာ… မောင်က သူများနဲ့ မတူဘူး။ အရွယ်ငယ်ငယ်နဲ့ လုပ်ငန်း
ကြီးကိုဦးဆောင်လုပ်နေရတာ။
ပြီးတော့ မောင့်မှာ ဘုန်းကံရှိသေးတယ်။
မောင့်နူတ်ကပေးလိုက်တဲ့ အမိန့် ကအစ
မငြင်းဆန်နိုင်လောက်အောင် အာဏာစက် ကြီးနေတာ က မောင့်ရဲ့ရှိနေတဲ့ဘုန်းကံတွေကြောင့်ပေါ့မောင်ရယ်။ဒါကြောင့်နောက်တခါ ဒါမျိုးမလုပ်ပါနဲ့ ငါမကြိုက်ဘူး။ "
အမိန့် က နုညံ့ပီး ပန်းရောင်သန်းနေတဲ့
ခြေမျက်စိ နဲ့ ခြေချောင်းလေးတွေကို ဖွဖွလေး တပတ်နဲ့ သုတ်ပေးပြီး ရေဇလုံကို ဘေးတွန်းလိုက်သည်။ ထို့ နောက် ဒူးထောက်ကာ ချစ်ခြင်းရင်ခွင်ထဲကိုတိုးဝင်ဖက်လိုက်သည်။
"မောင့်အတွက်… ဘုန်တန်ခိုးတွေ အာဏာစက်တွေ မလိုဘူး… မင်းကိုပဲလိုအပ်တာပါအချစ်ရယ်။ မင်းသာပျော်မယ်ဆိုရင် အမြဲတမ်း ဒူးထောက်နေရရင်တောင်… မောင်မင်းကိုချစ်နေအုန်းမှာပါ "
"မောင့်ကိုချစ်တယ် "
အနက်ရောင်ခေါင်းလုံးလေးကိုငုံ့ မွှေးရင်း
ချစ်ခြင်းဆိုလိုက်တော့…
"မောင်က မင်းကိုပိုချစ်တယ် "တဲ့
"တကယ်တော့ ဆိုးနေတာကမောင်ဆိုတာသိရက်လား။ ပြောစကားလည်းနားမထောင်ဘူး…လုပ်ချင်ရာလည်းလုပ်တယ် "
"အင်းမောင်က ဆိုးတယ် …
ဒါပေမဲ့ …မင်းအမြဲ မောင့်တစ်ယောက်ထဲကိုပဲချစ်ရမယ် "
"မင်းတစ်ယောက်ထဲကိုပဲချစ်တာပဲကို…
မောင်ကမသိလို့ ပါ … အစကတည်းက
မင်းရဲ့ ယောကျာ်းဖြစ်ဖို့ ငါကမွေးလာတာ။
မင်းရဲ့ ဘုန်းကံကြောင့် ဘေးကနေ ခစားဖို့
ရုပ်ရည်ကအစ …ငါ့အချစ်တွေက အဆုံး
အရာရာအားလုံးမင်းကြောင့်ဖြစ်လာခဲ့တာ။
အဲ့ဒါကြောင့်နောက်ကို ဒူးထောက်ရမယ်ဆိုရင်တောင်ငါပဲထောက်မယ်… အမြဲတမ်းမင်းက ငါ့ရဲ့
ရှင်ဘုရင်လေးလုပ်ပီး အထက်မှာပဲနေ
ပေါ့"
"ဒါပေါ့… အထက်မှာပဲနေရမှာပေါ့ …
အစကတည်းက အထက်မှာပဲနေချင်တာနဲ့ အတော်ပဲ …ကဲ…အချိန်ရှိခိုက်အထက်
လုပ်ငန်းလေးစကြပါစို့ "
ပြောနေကြာသေး ချက်ခြင်း ဆွဲပွေ့ လှဲပစ်လိုက်တော့ ချစ်ခြင်းပြည့်စုံရယ့်ဆဲသံလေးက ဆူညံစွာထွက်လာခဲ့သည် ။
ဆဲပေါ့ နာစရာလား ။
လက်သီးနဲ့ ထိုးခံရတာတောင်လုပ်ချင်ရာလုပ်ခဲ့တဲ့ကောင်ပါ… ဆဲတာလောက်နဲ့ ကြောက်စရာလား ။
" အားး !!အချစ် …ဘာလို့ ကိုက်တာလဲ "
"ကိုက်မှာပေါ့ …မင်းဟာ လွန်လွန်းနေပီ "
" ဘာလွန်လို့ လဲ …လာပါအချစ်ရာ…
နောက်မှပေါင်းဆူပါနော် …အခုတော့
လုပ်ငန်းစရအောင် "
"ဘောပဲစ … သွားခုထွက်သွား အခန်းထဲက
မင်းနဲ့ မအိပ်နိုင်ဘူး "
"အချစ်မောင့်ကို… မအော်ပါနဲ့ "
"အော်မှာပဲ… ခုရက်ပိုင်းမင်းအရမ်းဆိုးလာတာရောမင်းသိရဲ့လား "
"မောင်ဘယ်မှာဆိုးလို့ လဲ …မင်း…မင်းနဲ့
ကိုယ်ယောကျာ်းကိုသူစိမ်းကျနေတာပဲ"
"အမိန့် အာဏာ… ငါစိတ်တိုလာပီနော် "
"အချစ်… မောင့်ကို ဘယ်လို… ဟင့်…
ခေါ်လိုက်တယ်"
လေသံမာလိုက်တာနဲ့ မျက်ရည်စတွေက အိခနဲ ဝိုင်း၏။
"မင်း အခုတိတ်နော်… အာ့မျက်ရည်တွေထပ်ထွက်မလာနဲ့ "
"-------"
"အာ… တိတ် …တိတ်… ငါမှားပါတယ် အဲမဟုတ်ဘူး …အချစ်မှားသွားပါတယ်နော် နော် ။
ချစ်တယ်လေ …မအော်တော့ဘူး "
"------"
ဝိုင်းနေတဲ့မျက်ရည်တွေက ပါးပြင်ပေါ်တသွင်သွင်စီးကျလာတော့ စကားတွေမမာနိုင်တော့။
"ok ok… အလျော့ပေးတယ်… မောင့်စိတ်ကြိုက် မောင့်သဘော "
"ဟီး …အချစ်ကိုချစ်တယ်… မွမွ "
ချက်ခြင်းပြောင်းလဲမြန်စွာမေးဖျားကိုမော့နမ်းလာသူကြောင့် ချစ်ခြင်း မျက်နှာကျက်ကို မော့ကြည့်ကာသူ့ အတွက်ကို ဆုတောင်းနေမိသည်။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz