ZingTruyen.Xyz

ခ်စ္အမိန္ ့( ချစအမိန့် ) (completed)

21

eainsi23


"အခ်စ္ ေမာင့္ကို ခ်စ္တယ္လို ့ေျပာပါအုန္း"

သူ ့လက္ေခ်ာင္းထိပ္ေလးကို ကိုက္လိုက္၊ဖြဖြေလးနမ္းလိုက္နဲ ့ လုပ္ေနရာမွာထပ္ေမးလာျပန္တဲ့ အမိန္ ့ကို ခ်စ္ျခင္းစိတ္မရွည္ေတာ့ပါ ။ ဘိုးဘိုးႀကီးအိမ္ကို အလည္ သြား
ရာမွျပန္လာပီးကတည္းက ေမးေနတာ အခါတစ္ရာမကေတာ့ပီမို ့...

" ဘယ္နွစ္ခါေျဖရမွာလဲ ေမာင္ရာ ...
မယံုေသးဘူးလား"

"မယံုတာမဟုတ္ပါဘူး... ေမာင္ ႀကားခ်င္လို ့ပါအခ်စ္ရယ္... ေမာင့္ကို စိတ္မကြက္လိုက္ပါနဲ ့ေနာ္"

စိတ္ဆိုးမွာစိုးေနပံုရကာ လက္ေခ်ာင္းေလးကေန လက္ဖမိုးေလးထိ ဖိဆြဲကိုင္ကာ ျပာျပာသလဲေျပာလာေတာ့လည္း ခ်စ္ျခင္း အႀကင္နာပိုရျပန္သည္။ သူတစ္ေယာက္ထဲမွခ်စ္တက္တာလား။ မခ်စ္ရဲခဲ့ေပမဲ့ ရဲရဲဝင့္ဝင့္ခ်စ္ျပခ်င္ခဲ့တာ အမိန္ ့အာဏာတစ္ေယာက္ထဲကိုသာ...

"ငါ... ေမာင့္ကို သိပ္ခ်စ္တယ္။ မင္းထပ္
မပိုရင္ေတာင္မေလ်ာ့ဘူး...တသက္လံုး
မင္းတစ္ေယာက္ထဲကိုပဲ ခ်စ္မွာ "

ရင္ခြင္ထဲတိုးဝင္ကာ ေျပာလိုက္ေတာ့
ေက်နပ္သြားသူသည္ တသိမ့္သိမ့္ရယ္ေမာေနျပန္သည္။ ရယ္လိုက္ပါ ...
မင္းငိုေနတာျမင္ရရင္ ငါ့ရင္ထဲကပိုနာတယ္ေမာင္။

"မင္းေမာင့္ကိုခ်စ္ခဲ့ရလို ့တသက္လံုး
ေနာင္တမရေစရဘူး "

"အင္း...ငါလဲ ရဖို ့စိတ္ကူးမရွိဘူး "

ခ်စ္ျခင္းျပည့္စံုဆိုတာ အသြားအျပန္မရွိတဲ့
ခ်စ္ျခင္းတရားကိုမယံုဘူး ။ ဘဝအတြက္ အာမခံခ်က္မရွိတဲ့အိမ္ေထာင္ေရးကိုလဲ စိတ္ကူးထဲေတာင္ မထည့္ထားဘူး။ အားနာပီး လက္ခံစကားေျပာတဲ့ထဲမွာ ခ်စ္ျခင္းျပည့္စံု သမိုင္းမွာမရွိခဲ့ဘူးတာကို မင္းေသခ်ာမစံုစမ္းခဲ့လို့ပါေမာင္။ ထူးျခားပီးလွပေနတဲ့ ငါ့က ငါ ့ကိုယ္ငါ
တခါမွ ေက်နပ္ျခင္း မေက်နပ္ျခင္း မရွိခဲ့ဘူးေပမဲ့ မင္းနဲ ့ဆံုခဲ့တဲ့ေန ့ကတည္းက ငါ့ကိုငါ နွစ္သက္ခဲ့တယ္။ ပန္းခ်ီဆြဲတာမွာ
ပါရမီပါခဲ့လို ့ဆြဲသမ်ွပန္းခ်ီကားေတြက
ေဒၚလာနဲ ့ေပးဝယ္ရေအာင္ လက္ရာေကာင္းတဲ့နာမည္ႀကီးပန္းခ်ီဆရာေကာင္ေလးက အလုပ္ကိစၥနဲ ့ပန္းခ်ီသင္တန္းသြားရာကေန
"မင္းက ဒီမွာသင္တန္းတက္လား
ဒါဆိုေမာင္ေနာက္ေန ့လာခဲ့မယ္"
ဆိုတဲ့ေကာင္ေလးစကားေႀကာင့္သံုးနွစ္တိတိ သင္စရာမလိုပဲ အဲ့ဒီသင္တန္းမွာ ေမာင့္ကိုေတြ ့ခ်င္ရုံေလးနဲ ့တက္ခဲ့တာဆိုရင္ေမာင္အံ့ႀသမွာလား။ ေဆးမိတဲ့ညက
သူစိမ္းတစ္ေယာက္သာဆိုရင္ အသားထိဖို ့မေျပာနဲ ့အနားေတာင္အကပ္ခံဖို ့ဆိုတာေဝး ... အသက္ခ်င္းလဲျပစ္လိုက္ဖို ့ငါေတြးခဲ့တာ ။ဒါေပမဲ့ မင္းျဖစ္ေနခဲ့လို ့
အရာရာပံုအပ္ခဲ့တာကို မင္းသာသိခဲ့ရင္
ဘာေျပာအုန္းမွာသိခ်င္ေသးတယ္ေမာင္။
လက္ထက္ရတာမုန္းတဲ့ငါက မင္းနဲ့
လက္ထက္ခဲ့တာဟာ
ငါေမာင့္ကို သိပ္ခ်စ္ခဲ့လို ့ပါ ဆိုတာကို တျဖည္းျဖည္းျခင္းေမာင့္ကိုေျပာျပရအုန္းမည္ ။

------------------

"ႀကည့္စမ္းပါအုန္း ။ ေတာက္စ္!! comment ေတြမွာ အလကားရတိုင္း
မန္ ့ေနက်တာျမင္မေကာင္းဘူး"

တက္တစ္ေခါက္ေခါက္နဲ ့ဖုန္းကိုႀကည့္ေနတာ နွစ္နာရီေလာက္ရွိေနပီမို ့ ကိုစစ္ စိတ္ညစ္ေနပီျဖစ္သည္။ မႀကိဳက္ရင္လဲ
အစကတည္းက လက္မခံနဲ ့ေလ ။
ဟိုက ေမာင္ဆိုတာနဲ ့ေပ်ာ့ေခြသြားတာမ်ား
ျမင္မေကာင္းဘူး။ ကြယ္ရာက် ေယာက်ာ္းမနိုင္ပဲ ဘယ္သူ ့မဲရမွန္းမသိမဲမဲျမင္ရာရမ္း
ခ်င္ေနတာမို ့တစ္မနက္လံုးသူေတာင္ေရွာင္ေနရ၏ ။ ခုလည္း သူ ့လင္ ရဲ့လက္ကို
မိုးေကာင္းစိန္တိုက္ရဲ့pageမွာ တင္လိုက္တာနဲ ့ ေအာက္မွာ ဝင္မန္ ့က်တဲ့
မန္ ့ေတြဖက္ပီးေဒါပြေနတာ နွစ္နာရီေလာက္ရွိေနၿပီ။ ဒါလည္း ကိုမိန္ ့ကနည္းနည္းသဲတယ္ဆိုေပမဲ့ တကယ္ကို ခ်စ္ျခစ္ျပည့္စံုလက္ေလးကလွတာပင္။ လက္သည္းခြံေလးပန္းေရာင္ႀကည္လဲ့ေနတာေလးက
လက္တခုလံုးကို ပိုလွေစေပမဲ့ ရွည္သြယ္ေနတဲ့ လက္ေခ်ာင္းေလးေတြက ပံုထဲမွာကိုမထိရက္စရာ သြယ္ေကာ့ေနေသးသည္။
တကယ္ကို မလွတဲ့ေနရာဘယ္ေနရာမွကိုမရွိတာေပ။

"ေတာက္!! ကိုစစ္ ဒီမွာ ေျပာေနတာႀကည့္စမ္း ဘာတဲ့ မ်က္နွာေလးမျမင္ရပဲနဲ ့
မင္းလက္ကေလးနဲ ့ကို မင္းခ်စ္သူျဖစ္ခ်င္ေနပီတဲ့ ရာရာစစ အဲ့ေကာင္ကို တရားဆြဲမယ္ လူပ်ိဳမွန္းမသိလူအိုမွန္းမသိ အထီးမွန္းမသိ၊အမမွန္းမသိ တဏွာရူးေနတဲ့ေကာင္'

ကိုစစ္ကေတာ့ ေဘာ့စ္ ျဖစ္သူကို
ႀကည့္ပီးေတာ္ေတာ္စိတ္ရႈပ္ေနေလၿပီ။
ဒါဆိုလည္း ဖြက္ထားလိုက္ေလ ဆိုတဲ့ စကားကို႐ြဲ႕မဲ့ၿပီး စိတ္ထဲကေျပာေနမိတာ အႀကိမ္ႀကိမ္ဆိုေပမဲ့ လက္ေတြ ႕မွာေတာ့ ၿငိမ္သက္စြာေဘးမွာရပ္ေနရသည္။

"ႀကည့္စမ္း! ဒီတစ္ေယာက္က ပိုဆိုးတယ္ အား က်ြတ္.. က်ြတ္.. ေသြးေတြေတာင္တိုးလာပီ ကိုစစ္ ... ကိုစစ္ !!! "

"ဗ်ာ ...ကိုမိန္ ့။ ဘာခိုင္းမလို ႔လဲ "

"ေခၚေနတာႀကာေနျပီ ...က်ြန္ေတာ့ကို
ေသြးက်ေဆးေလးရွာေပးစမ္းပါ မရေတာ့ဘူး... ေခါင္းေတြအံု လာပီ "

"ေဆးကေတာ့ရွိပါတယ္ အိမ္ေတာ့ျပန္မရဘူးေနာ္... ေန ့ခင္းသံုးနာရီ အေရးႀကီးဧည့္သည္နဲ ့ေတြ ့ဖို ့ရွိတယ္ ။အဲ့ဒါ ကိုမိန္ ့ပဲေတြ ့မွရမွာ က်ြန္ေတာ္ သြားလို ့မရဘူး "

" သိတယ္ ...ကိုစစ္ကိုရွာခိုင္းတာ ေဆးေလ ......ဘာလို ့ေလေတြရွည္ေနရတာလဲ"

" သြားၿပီ ..အခုသြားၿပီ"

စားပြဲေပၚက ျမင္ေနရတဲ့ လက္စြပ္ ေႀကာ္ျငာထားတဲ့ လက္သြယ္သြယ္ေလးကို တခ်က္ႀကည့္ ကာ စိတ္ေမာလာရသည္။

ခြင့္ေတာင္းလာေတာ့လည္းခြင့္မျပဳခ်င္ေပမဲ့ အိမ္မွာ အိမ္တြင္ပုန္းရေအာင္မိန္းကေလးမွမဟုတ္တာဆိုတဲ့စိတ္နဲ ့ခြင့္ျပဳေပးခဲ့ရသည္။
ဆံုးျဖတ္ခ်က္မွားတယ္ဆိုတာ
အမိန္ ႔သမိုင္းမွာ မရွိေပမဲ့ ဒီတခါေတာ့ သူမွားသြားၿပီဆိုတာ
likeေတြ ၊ commentေတြက သက္ေသျပေနသည္။

မန္ ့ေတြႀကည့္လိုက္ေတာ့လည္း
မဝယ္ပဲ သူ ့ေယာက်ာ္းကို ေယာက်ာ္း ၊မိန္းမမက်န္ အလကားလက္အရသာခံေနႀကတာသည္။ ေဒါသကမေနနိုင္မထိုင္နိုင္ထြက္လာရျပန္၏။ခ်စ္ျခင္းျပည့္စံုတို ့ကုသုလ္ကံထူးပံုက လက္ကေလးနဲ ့တင္ခ်က္ျခင္း နာမည္ထႀကီးကာinternetမွာ ဘယ္မင္းသမီးလဲဆိုတာ အေတာ္ႀကီးစိတ္ဝင္စားေနႀကသည္တဲ့ ။

နိုင္ငံျခားမွာဆိုရင္ လက္သီးသန္ ႔ Model ေတြရွိသည္။
လက္ကေလးေတြ လွလြန္းလို ႔
နာမည္ႀကီးထုတ္ကုန္ေတြကို လက္နဲ ့တင္
Model လုပ္ၿပီး ကုန္ပစၥည္းေၾကာ္ျငာေပးတာမ်ိဳးပင္။ အခုလည္းခ်စ္ျခင္းျပည့္စံုလက္က ထိုသို ႔လွတာပင္။အမိန္ ႔ မ်က္နွာကိုေမာ့ၿပီး စိတ္လက္ညစ္ညဴးစြာ သက္ေမာခ်မိသည္။
ခ်စ္ျခင္း က အခ်ိန္တိုင္းသိမ္းဖြက္ထားလို ႔ရတဲ့ အရုပ္ကေလးျဖစ္ရင္ေကာင္းမည္။

_____

" ပူးေပါင္းခြင့္ရလို ့ေက်းဇူးတင္ပါတယ္ "

စာခ်ဳပ္မွာ လက္မွတ္ထိုး ျပီးတာနဲ ့လက္ကမ္းလာတဲ့အမ်ိဳးသမီးကိုတခ်က္ေခါင္းညိမ့္ျပကာ လက္ဆြဲနူတ္ဆက္လိုက္သည္။
ဒါစီးပြားေရးေလာကမွာ ထံုးစံပဲမို ့ အမိန္ ့
အေနနဲ ့ သိပ္မထူးဆန္းေပမဲ့ ခ်က္ျခင္း လက္ျပန္မလြတ္တဲ့ တဖက္ပါတနာအမ်ိဳးသမီးေႀကာင့္ အမိန္ ့စိတ္ထဲ မေက်မနပ္ျဖစ္သြားသည္။ ေခတ္လူငယ္မို ့ဒါဘာအထာလဲဆိုတာ တန္းသိလိုက္တာမို ့ မသိမသာ
ခ်က္ျခင္းျပန္ျဖဳတ္ခ်လိုက္၏။

"ဟုတ္... က်ြန္ေတာ္လဲေက်းဇူးတင္ပါတယ္ မျခဴးသံသာ... ျမန္မာနိုင္ငံေရာက္တုန္း
လိုအပ္တဲ့ အကူညီအားလံုး
ဒီက က်ြန္ေတာ့အတြင္းေရးမူး ကိုစစ္က
လုပ္ေပးပါ့လိမ့္မယ္ "

ခါတိုင္း သီးသန္ ့သာ လုပ္ေလ့ရွိတဲ့
အမိန္ ့တို ့မိုးေကာင္းလုပ္ငန္းစုသည္
shareရွင္ မထားတက္ေခ်။
တက္နိုင္တာထက္ပိုတဲ့ သူေဌးႀကီးဦးမိုးေကာင္းလက္ထက္ကတည္းက တစ္ဦးတည္းအပိုင္အျဖစ္သာရွိသည္မို ့ ဆံုးျဖတ္ခ်က္မွန္သမ်ွ ဦးမိုးေကာင္းျဖစ္ေစ ၊အမိန္ ့အာဏာျဖစ္ေစ သာ ခ်တက္၏။အ ေအာင္ျမင္
ဆံုးလုပ္ငန္းျဖစ္တဲ့ မိုးေကာင္းလုပ္ငန္းစု မွာshareဝင္ဖို ့က သူေဌးတိုင္းရဲ့ အိမ္မက္ျဖစ္ေပမဲ့ ရွဳပ္သည္ဟုဆိုကာ ဘိုးဘိုးႀကီးလက္ထက္ကတည္းက မထားခဲ့ေပ။
ဝန္ထမ္းအားလံုးသည္လဲ တခါထဲ အေတာ္ဆံုးဆိုတာကိုသာေရြးခ်ယ္ထားသည္မို ့လခလဲေကာင္းသလို ေနာက္လွည့္မႀကည့္ရေအာင္ထိ ေအာက္ေျခကစစိတ္ခ်ရသည္။ ဒီတခါ ပူးေပါင္းမူ ့သည္ အရင္ဘိုးဘိုးလက္ထက္ကတည္းက နိုင္ငံတကာ အဆင့္မွီ ေစ်းဝယ္စင္တာေဆာက္ဖို ့ ရွိခဲ့ဖူးတာကို အမိန္ ့လက္ထက္ေရာက္မွ ျပန္လည္
အေကာင္ထည္ေဖာ္ျဖစ္တဲ့ အႀကီးဆံုးprojectမို ့ စကၤာပူနိုင္ငံ jကုမၸဏီနဲ ့ပထမဆံုး ပူးေပါင္းႀကျခင္းျဖစ္သည္။

" ဟို ...ကိုမိန္ ့အားရင္ ဘုရားလိုက္ပို ့လို ့မရဘူးလား.. ျခဴး က သူစိမ္းေတြနဲ ့မသြားခ်င္လို ့"

အနီေရာင္ ရဲရဲ ဆြဲသားလက္ရွည္သည္ တဆက္ထဲ ဒူးအတိဝတ္ထားသည္မို ့သြယ္လ်တဲ့ ေျခသလံုးဝင္းဝင္းကိုအတိုင္းသားျမင္ရေနသည္။ ကလက္တက္တက္ပံုမ်ိဳးမဟုတ္ပဲ အေခြႀကီးႀကီးေကာက္ထားတဲ့ဆံပင္နဲ ့ခပ္ပါးပါးသာလိမ္းျခယ္ထားပံုေႀကာင့္ထက္ျမတ္တဲ့ အမ်ိဳးေကာင္းသမီးပံုေပါက္ေပမဲ့ အိမ္ကအနီေရာင္ေလးရဲ ့အလွတရားနဲ ့ေတာ့ယွဥ္လို ့မရေခ်။
ျပံဳးရယ္ေျပာလာတဲ့ မိန္းကေလးက နိုင္ငံျခားမွာေနတာႀကာလာလို ့မ်ား ရဲတင္းေနရသလား။ အစကတည္းက ေရွ ့ဆက္ပတ္သတ္လာမွေႀကာင့္ကိုစစ္ကိုေခၚခိုင္းဖို ့ႀကိဳပိတ္ထားရက္နဲ ့...

"က်ြန္ေတာ့္ အမ်ိဳးသား အားမဲ့တစ္ရက္ရက္နဲ ့တိုက္ရင္ေတာ့ လိုက္ပို ့လို ့ရပါတယ္ ဗ် ...က်န္တဲ့ ေန ့ေတြက် သူမပါရင္ မျခဴးသံသာနဲ ့နွစ္ေယာက္ထဲသြားဖို ့က မသင့္ေတာ္လို ့ပါ "

"ေအာ္ ...ဟုတ္တာေပါ့ ဒါဆို ျခဴးမျပန္ခင္
တစ္ရက္ရက္ အတူသြားက်တာေပါ့ အမ်ိဳးသားကိုေတာ့ႀကိဳ ခ်ိန္းေပးထားေလ... ကိုအမိန္ ့အာဏာအမ်ိဳးသားလဲ ျမင္ဘူးတယ္ရွိတာေပါ့ ...ကဲ ျခဴးလဲသြားစရာရွိေလးလို ့ခြင့္ျပဳပါအုန္း "

မ်က္နွာပ်က္သြားေပမဲ့ ဟန္ေဆာင္ကာျပန္လည္ျပံဳးရယ္ျပေနတဲ့ မိန္းမက ပညာတက္ပီသစြာအဆံုထိ ဟန္ေဆာင္ေကာင္းသြားေသးသည္။ အမိန္ ့ကေတာ့ ေပါ့ေပါ့ပါးပါးျပံဳးလိုက္ရင္း ......

"သြားဆိုလဲ သြားက်ေတာ့ေပါ့ အမႀကီးရယ္ ...ခ်စ္ျခင္းျပည့္စံုကိုေတြ ့ခ်င္တယ္ေပါ့
က်ဳပ္ေယာက်ာ္းကိုေတြ ့ရင္ ခင္မ်ားရူးေတာင္သြားအုန္းမယ္ ဟ... ဟ "

ခပ္တိုးတိုး
ေျပာပီး ဖုန္းနဲ ့ကားေသာ့ေကာက္ကိုင္ကာ
ျပန္ဖို ့ျပင္လိုက္သည္။ တစ္ေန ့လံုး
လုပ္ခ်င္ရာလုပ္ထားတဲ့ ခ်စ္ျခင္းျပည့္စံုေလးကို အိမ္ျပန္ေရာက္ရင္ အျပစ္ေပးရမယ္ေလ။

ခ်စ္တဲ့အိမ္စည္။

"အချစ် မောင့်ကို ချစ်တယ်လို့ ပြောပါအုန်း"

သူ့ လက်ချောင်းထိပ်လေးကို ကိုက်လိုက်၊ဖွဖွလေးနမ်းလိုက်နဲ့ လုပ်နေရာမှာထပ်မေးလာပြန်တဲ့ အမိန့် ကို ချစ်ခြင်းစိတ်မရှည်တော့ပါ ။ ဘိုးဘိုးကြီးအိမ်ကို အလည် သွား
ရာမှပြန်လာပီးကတည်းက မေးနေတာ အခါတစ်ရာမကတော့ပီမို့ ...

" ဘယ်နှစ်ခါဖြေရမှာလဲ မောင်ရာ ...
မယုံသေးဘူးလား"

"မယုံတာမဟုတ်ပါဘူး... မောင် ကြားချင်လို့ ပါအချစ်ရယ်... မောင့်ကို စိတ်မကွက်လိုက်ပါနဲ့ နော်"

စိတ်ဆိုးမှာစိုးနေပုံရကာ လက်ချောင်းလေးကနေ လက်ဖမိုးလေးထိ ဖိဆွဲကိုင်ကာ ပြာပြာသလဲပြောလာတော့လည်း ချစ်ခြင်း အကြင်နာပိုရပြန်သည်။ သူတစ်ယောက်ထဲမှချစ်တက်တာလား။ မချစ်ရဲခဲ့ပေမဲ့ ရဲရဲဝင့်ဝင့်ချစ်ပြချင်ခဲ့တာ အမိန့် အာဏာတစ်ယောက်ထဲကိုသာ...

"ငါ... မောင့်ကို သိပ်ချစ်တယ်။ မင်းထပ်
မပိုရင်တောင်မလျော့ဘူး...တသက်လုံး
မင်းတစ်ယောက်ထဲကိုပဲ ချစ်မှာ "

ရင်ခွင်ထဲတိုးဝင်ကာ ပြောလိုက်တော့
ကျေနပ်သွားသူသည် တသိမ့်သိမ့်ရယ်မောနေပြန်သည်။ ရယ်လိုက်ပါ ...
မင်းငိုနေတာမြင်ရရင် ငါ့ရင်ထဲကပိုနာတယ်မောင်။

"မင်းမောင့်ကိုချစ်ခဲ့ရလို့ တသက်လုံး
နောင်တမရစေရဘူး "

"အင်း...ငါလဲ ရဖို့ စိတ်ကူးမရှိဘူး "

ချစ်ခြင်းပြည့်စုံဆိုတာ အသွားအပြန်မရှိတဲ့
ချစ်ခြင်းတရားကိုမယုံဘူး ။ ဘဝအတွက် အာမခံချက်မရှိတဲ့အိမ်ထောင်ရေးကိုလဲ စိတ်ကူးထဲတောင် မထည့်ထားဘူး။ အားနာပီး လက်ခံစကားပြောတဲ့ထဲမှာ ချစ်ခြင်းပြည့်စုံ သမိုင်းမှာမရှိခဲ့ဘူးတာကို မင်းသေချာမစုံစမ်းခဲ့လို့ပါမောင်။ ထူးခြားပီးလှပနေတဲ့ ငါ့က ငါ့ ကိုယ်ငါ
တခါမှ ကျေနပ်ခြင်း မကျေနပ်ခြင်း မရှိခဲ့ဘူးပေမဲ့ မင်းနဲ့ ဆုံခဲ့တဲ့နေ့ ကတည်းက ငါ့ကိုငါ နှစ်သက်ခဲ့တယ်။ ပန်းချီဆွဲတာမှာ
ပါရမီပါခဲ့လို့ ဆွဲသမျှပန်းချီကားတွေက
ဒေါ်လာနဲ့ ပေးဝယ်ရအောင် လက်ရာကောင်းတဲ့နာမည်ကြီးပန်းချီဆရာကောင်လေးက အလုပ်ကိစ္စနဲ့ ပန်းချီသင်တန်းသွားရာကနေ
"မင်းက ဒီမှာသင်တန်းတက်လား
ဒါဆိုမောင်နောက်နေ့ လာခဲ့မယ်"
ဆိုတဲ့ကောင်လေးစကားကြောင့်သုံးနှစ်တိတိ သင်စရာမလိုပဲ အဲ့ဒီသင်တန်းမှာ မောင့်ကိုတွေ့ ချင်ရုံလေးနဲ့ တက်ခဲ့တာဆိုရင်မောင်အံ့သြမှာလား။ ဆေးမိတဲ့ညက
သူစိမ်းတစ်ယောက်သာဆိုရင် အသားထိဖို့ မပြောနဲ့ အနားတောင်အကပ်ခံဖို့ ဆိုတာဝေး ... အသက်ချင်းလဲပြစ်လိုက်ဖို့ ငါတွေးခဲ့တာ ။ဒါပေမဲ့ မင်းဖြစ်နေခဲ့လို့
အရာရာပုံအပ်ခဲ့တာကို မင်းသာသိခဲ့ရင်
ဘာပြောအုန်းမှာသိချင်သေးတယ်မောင်။
လက်ထက်ရတာမုန်းတဲ့ငါက မင်းနဲ့
လက်ထက်ခဲ့တာဟာ
ငါမောင့်ကို သိပ်ချစ်ခဲ့လို့ ပါ ဆိုတာကို တဖြည်းဖြည်းခြင်းမောင့်ကိုပြောပြရအုန်းမည် ။

------------------

"ကြည့်စမ်းပါအုန်း ။ တောက်စ်!! comment တွေမှာ အလကားရတိုင်း
မန့် နေကျတာမြင်မကောင်းဘူး"

တက်တစ်ခေါက်ခေါက်နဲ့ ဖုန်းကိုကြည့်နေတာ နှစ်နာရီလောက်ရှိနေပီမို့ ကိုစစ် စိတ်ညစ်နေပီဖြစ်သည်။ မကြိုက်ရင်လဲ
အစကတည်းက လက်မခံနဲ့ လေ ။
ဟိုက မောင်ဆိုတာနဲ့ ပျော့ခွေသွားတာများ
မြင်မကောင်းဘူး။ ကွယ်ရာကျ ယောကျာ်းမနိုင်ပဲ ဘယ်သူ့ မဲရမှန်းမသိမဲမဲမြင်ရာရမ်း
ချင်နေတာမို့ တစ်မနက်လုံးသူတောင်ရှောင်နေရ၏ ။ ခုလည်း သူ့ လင် ရဲ့လက်ကို
မိုးကောင်းစိန်တိုက်ရဲ့pageမှာ တင်လိုက်တာနဲ့ အောက်မှာ ဝင်မန့် ကျတဲ့
မန့် တွေဖက်ပီးဒေါပွနေတာ နှစ်နာရီလောက်ရှိနေပြီ။ ဒါလည်း ကိုမိန့် ကနည်းနည်းသဲတယ်ဆိုပေမဲ့ တကယ်ကို ချစ်ခြစ်ပြည့်စုံလက်လေးကလှတာပင်။ လက်သည်းခွံလေးပန်းရောင်ကြည်လဲ့နေတာလေးက
လက်တခုလုံးကို ပိုလှစေပေမဲ့ ရှည်သွယ်နေတဲ့ လက်ချောင်းလေးတွေက ပုံထဲမှာကိုမထိရက်စရာ သွယ်ကော့နေသေးသည်။
တကယ်ကို မလှတဲ့နေရာဘယ်နေရာမှကိုမရှိတာပေ။

"တောက်!! ကိုစစ် ဒီမှာ ပြောနေတာကြည့်စမ်း ဘာတဲ့ မျက်နှာလေးမမြင်ရပဲနဲ့
မင်းလက်ကလေးနဲ့ ကို မင်းချစ်သူဖြစ်ချင်နေပီတဲ့ ရာရာစစ အဲ့ကောင်ကို တရားဆွဲမယ် လူပျိုမှန်းမသိလူအိုမှန်းမသိ အထီးမှန်းမသိ၊အမမှန်းမသိ တဏှာရူးနေတဲ့ကောင်'

ကိုစစ်ကတော့ ဘော့စ် ဖြစ်သူကို
ကြည့်ပီးတော်တော်စိတ်ရှုပ်နေလေပြီ။
ဒါဆိုလည်း ဖွက်ထားလိုက်လေ ဆိုတဲ့ စကားကိုရွဲ့မဲ့ပြီး စိတ်ထဲကပြောနေမိတာ အကြိမ်ကြိမ်ဆိုပေမဲ့ လက်တွေ့ မှာတော့ ငြိမ်သက်စွာဘေးမှာရပ်နေရသည်။

"ကြည့်စမ်း! ဒီတစ်ယောက်က ပိုဆိုးတယ် အား ကျွတ်.. ကျွတ်.. သွေးတွေတောင်တိုးလာပီ ကိုစစ် ... ကိုစစ် !!! "

"ဗျာ ...ကိုမိန့် ။ ဘာခိုင်းမလို့ လဲ "

"ခေါ်နေတာကြာနေပြီ ...ကျွန်တော့ကို
သွေးကျဆေးလေးရှာပေးစမ်းပါ မရတော့ဘူး... ခေါင်းတွေအုံ လာပီ "

"ဆေးကတော့ရှိပါတယ် အိမ်တော့ပြန်မရဘူးနော်... နေ့ ခင်းသုံးနာရီ အရေးကြီးဧည့်သည်နဲ့ တွေ့ ဖို့ ရှိတယ် ။အဲ့ဒါ ကိုမိန့် ပဲတွေ့ မှရမှာ ကျွန်တော် သွားလို့ မရဘူး "

" သိတယ် ...ကိုစစ်ကိုရှာခိုင်းတာ ဆေးလေ ......ဘာလို့ လေတွေရှည်နေရတာလဲ"

" သွားပြီ ..အခုသွားပြီ"

စားပွဲပေါ်က မြင်နေရတဲ့ လက်စွပ် ကြော်ငြာထားတဲ့ လက်သွယ်သွယ်လေးကို တချက်ကြည့် ကာ စိတ်မောလာရသည်။

ခွင့်တောင်းလာတော့လည်းခွင့်မပြုချင်ပေမဲ့ အိမ်မှာ အိမ်တွင်ပုန်းရအောင်မိန်းကလေးမှမဟုတ်တာဆိုတဲ့စိတ်နဲ့ ခွင့်ပြုပေးခဲ့ရသည်။
ဆုံးဖြတ်ချက်မှားတယ်ဆိုတာ
အမိန့် သမိုင်းမှာ မရှိပေမဲ့ ဒီတခါတော့ သူမှားသွားပြီဆိုတာ
likeတွေ ၊ commentတွေက သက်သေပြနေသည်။

မန့် တွေကြည့်လိုက်တော့လည်း
မဝယ်ပဲ သူ့ ယောကျာ်းကို ယောကျာ်း ၊မိန်းမမကျန် အလကားလက်အရသာခံနေကြတာသည်။ ဒေါသကမနေနိုင်မထိုင်နိုင်ထွက်လာရပြန်၏။ချစ်ခြင်းပြည့်စုံတို့ ကုသုလ်ကံထူးပုံက လက်ကလေးနဲ့ တင်ချက်ခြင်း နာမည်ထကြီးကာinternetမှာ ဘယ်မင်းသမီးလဲဆိုတာ အတော်ကြီးစိတ်ဝင်စားနေကြသည်တဲ့ ။

နိုင်ငံခြားမှာဆိုရင် လက်သီးသန့် Model တွေရှိသည်။
လက်ကလေးတွေ လှလွန်းလို့
နာမည်ကြီးထုတ်ကုန်တွေကို လက်နဲ့ တင်
Model လုပ်ပြီး ကုန်ပစ္စည်းကြော်ငြာပေးတာမျိုးပင်။ အခုလည်းချစ်ခြင်းပြည့်စုံလက်က ထိုသို့ လှတာပင်။အမိန့် မျက်နှာကိုမော့ပြီး စိတ်လက်ညစ်ညူးစွာ သက်မောချမိသည်။
ချစ်ခြင်း က အချိန်တိုင်းသိမ်းဖွက်ထားလို့ ရတဲ့ အရုပ်ကလေးဖြစ်ရင်ကောင်းမည်။

_____

" ပူးပေါင်းခွင့်ရလို့ ကျေးဇူးတင်ပါတယ် "

စာချုပ်မှာ လက်မှတ်ထိုး ပြီးတာနဲ့ လက်ကမ်းလာတဲ့အမျိုးသမီးကိုတချက်ခေါင်းညိမ့်ပြကာ လက်ဆွဲနူတ်ဆက်လိုက်သည်။
ဒါစီးပွားရေးလောကမှာ ထုံးစံပဲမို့ အမိန့်
အနေနဲ့ သိပ်မထူးဆန်းပေမဲ့ ချက်ခြင်း လက်ပြန်မလွတ်တဲ့ တဖက်ပါတနာအမျိုးသမီးကြောင့် အမိန့် စိတ်ထဲ မကျေမနပ်ဖြစ်သွားသည်။ ခေတ်လူငယ်မို့ ဒါဘာအထာလဲဆိုတာ တန်းသိလိုက်တာမို့ မသိမသာ
ချက်ခြင်းပြန်ဖြုတ်ချလိုက်၏။

"ဟုတ်... ကျွန်တော်လဲကျေးဇူးတင်ပါတယ် မခြူးသံသာ... မြန်မာနိုင်ငံရောက်တုန်း
လိုအပ်တဲ့ အကူညီအားလုံး
ဒီက ကျွန်တော့အတွင်းရေးမူး ကိုစစ်က
လုပ်ပေးပါ့လိမ့်မယ် "

ခါတိုင်း သီးသန့် သာ လုပ်လေ့ရှိတဲ့
အမိန့် တို့ မိုးကောင်းလုပ်ငန်းစုသည်
shareရှင် မထားတက်ချေ။
တက်နိုင်တာထက်ပိုတဲ့ သူဌေးကြီးဦးမိုးကောင်းလက်ထက်ကတည်းက တစ်ဦးတည်းအပိုင်အဖြစ်သာရှိသည်မို့ ဆုံးဖြတ်ချက်မှန်သမျှ ဦးမိုးကောင်းဖြစ်စေ ၊အမိန့် အာဏာဖြစ်စေ သာ ချတက်၏။အ အောင်မြင်
ဆုံးလုပ်ငန်းဖြစ်တဲ့ မိုးကောင်းလုပ်ငန်းစု မှာshareဝင်ဖို့ က သူဌေးတိုင်းရဲ့ အိမ်မက်ဖြစ်ပေမဲ့ ရှုပ်သည်ဟုဆိုကာ ဘိုးဘိုးကြီးလက်ထက်ကတည်းက မထားခဲ့ပေ။
ဝန်ထမ်းအားလုံးသည်လဲ တခါထဲ အတော်ဆုံးဆိုတာကိုသာရွေးချယ်ထားသည်မို့ လခလဲကောင်းသလို နောက်လှည့်မကြည့်ရအောင်ထိ အောက်ခြေကစစိတ်ချရသည်။ ဒီတခါ ပူးပေါင်းမူ့ သည် အရင်ဘိုးဘိုးလက်ထက်ကတည်းက နိုင်ငံတကာ အဆင့်မှီ ဈေးဝယ်စင်တာဆောက်ဖို့ ရှိခဲ့ဖူးတာကို အမိန့် လက်ထက်ရောက်မှ ပြန်လည်
အကောင်ထည်ဖော်ဖြစ်တဲ့ အကြီးဆုံးprojectမို့ စင်္ကာပူနိုင်ငံ jကုမ္ပဏီနဲ့ ပထမဆုံး ပူးပေါင်းကြခြင်းဖြစ်သည်။

" ဟို ...ကိုမိန့် အားရင် ဘုရားလိုက်ပို့ လို့ မရဘူးလား.. ခြူး က သူစိမ်းတွေနဲ့ မသွားချင်လို့ "

အနီရောင် ရဲရဲ ဆွဲသားလက်ရှည်သည် တဆက်ထဲ ဒူးအတိဝတ်ထားသည်မို့ သွယ်လျတဲ့ ခြေသလုံးဝင်းဝင်းကိုအတိုင်းသားမြင်ရနေသည်။ ကလက်တက်တက်ပုံမျိုးမဟုတ်ပဲ အခွေကြီးကြီးကောက်ထားတဲ့ဆံပင်နဲ့ ခပ်ပါးပါးသာလိမ်းခြယ်ထားပုံကြောင့်ထက်မြတ်တဲ့ အမျိုးကောင်းသမီးပုံပေါက်ပေမဲ့ အိမ်ကအနီရောင်လေးရဲ့ အလှတရားနဲ့ တော့ယှဉ်လို့ မရချေ။
ပြုံးရယ်ပြောလာတဲ့ မိန်းကလေးက နိုင်ငံခြားမှာနေတာကြာလာလို့ များ ရဲတင်းနေရသလား။ အစကတည်းက ရှေ့ ဆက်ပတ်သတ်လာမှကြောင့်ကိုစစ်ကိုခေါ်ခိုင်းဖို့ ကြိုပိတ်ထားရက်နဲ့ ...

"ကျွန်တော့် အမျိုးသား အားမဲ့တစ်ရက်ရက်နဲ့ တိုက်ရင်တော့ လိုက်ပို့ လို့ ရပါတယ် ဗျ ...ကျန်တဲ့ နေ့ တွေကျ သူမပါရင် မခြူးသံသာနဲ့ နှစ်ယောက်ထဲသွားဖို့ က မသင့်တော်လို့ ပါ "

"အော် ...ဟုတ်တာပေါ့ ဒါဆို ခြူးမပြန်ခင်
တစ်ရက်ရက် အတူသွားကျတာပေါ့ အမျိုးသားကိုတော့ကြို ချိန်းပေးထားလေ... ကိုအမိန့် အာဏာအမျိုးသားလဲ မြင်ဘူးတယ်ရှိတာပေါ့ ...ကဲ ခြူးလဲသွားစရာရှိလေးလို့ ခွင့်ပြုပါအုန်း "

မျက်နှာပျက်သွားပေမဲ့ ဟန်ဆောင်ကာပြန်လည်ပြုံးရယ်ပြနေတဲ့ မိန်းမက ပညာတက်ပီသစွာအဆုံထိ ဟန်ဆောင်ကောင်းသွားသေးသည်။ အမိန့် ကတော့ ပေါ့ပေါ့ပါးပါးပြုံးလိုက်ရင်း ......

"သွားဆိုလဲ သွားကျတော့ပေါ့ အမကြီးရယ် ...ချစ်ခြင်းပြည့်စုံကိုတွေ့ ချင်တယ်ပေါ့
ကျုပ်ယောကျာ်းကိုတွေ့ ရင် ခင်များရူးတောင်သွားအုန်းမယ် ဟ... ဟ "

ခပ်တိုးတိုး
ပြောပီး ဖုန်းနဲ့ ကားသော့ကောက်ကိုင်ကာ
ပြန်ဖို့ ပြင်လိုက်သည်။ တစ်နေ့ လုံး
လုပ်ချင်ရာလုပ်ထားတဲ့ ချစ်ခြင်းပြည့်စုံလေးကို အိမ်ပြန်ရောက်ရင် အပြစ်ပေးရမယ်လေ။

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz