ခ်စ္အမိန္ ့( ချစအမိန့် ) (completed)
20
"ဟာ … ဒါ ႀကီးဘာလို ့စားပြဲေပၚေရာက္ေနတာလဲ … ေဒၚႀကည္… ေဒၚႀကည္ေရ "
ထမင္းစားပြဲ ကိုထိုင္ေတာင္မထိုင္ရေသးဘူး အမိ္န္ ့ေအာ္သံက စူးကနဲ ့ထြက္လာသည္မို ့ဦးမိုးေကာင္း ေရာ ခ်စ္ျခင္းပါ လွည့္ႀကည့္မိသည္။
"လာပီ… အကိုေလး ေရ …လာပီ "
မီးဖိုေခ်ာင္အခန္းက ေျပးထြက္လာတဲ့ဝဖိုင္းဖိုင္းကိုယ္နဲ ့ေဒၚႀကည္ကိုလဲအားမနာနိုင္ …လက္တေလာ ထမင္းစားပြဲေပၚက
ဝက္သားဟင္းခြက္ႀကီးျမင္ပီးကတည္းက
အမိန္ ့စိတ္အလိုမက် မ်က္နွာတည္တင္းေနမိ၏ ။
"ဘာလိုခ်င္လို ့လဲ…အကိုေလး "
"ဘာမွမလိုခ်င္ဘူး ဒါျပန္ယူသြား "
လက္ညိဳးထိုးျပတဲ့ ဝက္သားနီခ်က္က
နီရဲပီး စားခ်င္သဖြယ္ျဖစ္ေနေပမဲ့ လမ္းေဘးယင္နားစာလို ရြံရွာသလို ႀကည့္ေနတဲ့
အႀကည့္မ်ိဳးေႀကာင့္ေဒၚႀကည္ လတ္တေလာ ဘာျဖစ္ေနမွန္းသတိမထားမိေသးေပ။
"အဲ့ဒါ အကိုေလးႀကိဳက္တဲ့ဝက္သားနီခ်က္ေလ ခါတိုင္းလိုပဲ …
အကိုေလးလာမယ္ႀကားလို ့ေဒၚႀကည္လက္စြမ္းျပထားတာေလ။ ဘာျဖစ္လို႔လဲ"
မ်က္နွာရိပ္မ်က္နွာကဲမသိတဲ့ ေဒၚႀကည္က
သူ ့ဟင္းကို အမႊမ္းတင္လို ့မဆံုးျဖစ္ေနတာကိုႀကည့္ပီး အမိန္ရွဳ ံ ့မဲ့လာသည္။
သူတကယ္ဒီဟင္းႀကီးကိုမႀကည့္ခ်င္ေတာ့မို ့ မ်က္နွာႀကီးနီပီး စိတ္တိုလာသည္။
ထမင္းစားပြဲထိုင္ေနက်တဲ့ သံုးေယာက္မွာအမိန္ ့တစ္ေယာက္သာ ဘာမွစိတ္တိုစရာမရွိ စိတ္တိုေနတာမို ့ဦးမိုးေကာင္းသည္
မေနနိုင္ပဲ ဝင္ေျပာရေတာ့သည္။
" ကိုမိန္ ့ဘာျဖစ္ျပန္တာလဲ.. မင္းႀကိဳက္တယ္ဆိုလို ့ေဒၚႀကည္က ေသခ်ာခ်က္ေပးထားတာေလ.. ဘာလို ့ျပန္သိမ္းခိုင္းေနတာလဲ "
စူပုပ္ေနတဲ့မ်က္နွာထားနဲ ့ခ်က္ျခင္းအႀကည့္ေျပာင္းလာတဲ့ ေျမးျဖစ္သူက
မေက်နပ္တာမွန္သမ်ွ သူ ့ကိုပံုခ်ေတာ့မဲ့
ပံုမ်ိဳး...။ မ်က္နွာထားေရာ ၊ ေျပာဆိုေနတဲ့အခ်ိဳးေရာသည္ အရင္လို
နည္းနည္းမွ မတူေတာ့မို ႔ ေရေသာက္ရင္း ဦးမိုးေကာင္း အမိန္ ႔အေျဖကို ေသခ်ာနားေထာင္ေနမိသည္။
"အဲ့ဒါအရင္တုန္းက ႀကိဳက္တာ..
အခုမႀကိဳက္ေတာ့လို ့သိမ္းခိုင္းေနတာေလ
ဘာျဖစ္လို ့သားကိုပဲ အျပစ္ျမင္ေနတာလဲ "
ေျမးျဖစ္သူစကားေႀကာင့္ ဦးမိုးေကာင္း
ေသာက္လက္စေရေတာင္သီးေတာ့မလို ့ပင္။
ခ်စ္ျခင္းကို လွမ္းႀကည့္ေတာ့လည္း သူလဲမသိဘူးဆိုတဲ့ပံုစံ ေခါင္းရမ္း ျပ၏။ အခုစားေနတုန္းမွာ
သူပဲအျပစ္ရွာေနတာမဟုတ္ဘူးလား။
ဘယ္နွယ့္စြပ္စြပ္စြဲစြဲ ။
ဦးမိုးေကာင္း
သက္ျပင္းခ်ကာ ဆူေငါက္ပစ္ခ်င္စိတ္ကို ထိန္းေနရသည္။ တခါတေလ လာလည္ပီးစိတ္ဆိုးျပန္မွာလည္းမလိုခ်င္ေပ။
"ကဲကဲ … မိႀကည္ ျပန္သိမ္းသြားသူမွမ
ႀကိဳက္တာ "
"ဟုတ္ "
"ဒီဖက္က ငါးေရာ ..ဟိုဖက္က ႀကက္သားေရာျပန္သိမ္း ႀကည့္ရတာအဆင္မေျပဘူး "
ဒီတခါေတာ့ ဦးမိုးေကာင္း သေဘာမေကာင္းနိုင္ေတာ့ေပ။ ေလ်ွာက်ေနတဲ့ မ်က္မွန္ကို ပင့္တင့္ကာ ..
"မင္းမစားခ်င္မစားနဲ ့ေလ …ဘယ္နွယ္ ့
အကုန္
သိမ္းခိုင္းေနတာလဲ … အဲ့ဒါက် ငါက ဘာနဲ့စားရမွာလဲ "
"ဒီမယ္ေလ …က်န္ေသးတယ္ …အသီးရြက္ေႀကာ္ေတြမွအမ်ားႀကီးပဲ ။ဒါေတြစားေပါ့ဘိုးဘိုးရာ ဒါမွ က်န္းမာမွာ"
ထိုးျပတဲ့ စားပြဲမွာရွိတဲ့ဟင္းခြက္ေတြထဲမွာ
အသီးရြက္ေႀကာ္… အရြက္သုပ္… ဟင္းခ်ိဳ ဟင္းေလာက္သာက်န္ေတာ့သည္။ ခ်စ္ျခင္းကေတာ့အစကတည္းကသက္သက္လြတ္သမားဆိုေတာ့အဆင္ေျပေပမဲ့ သူကေတာ့စားဖို ့အဆင္မေျပပါ။ ထို ႔ေၾကာင့္ေျမးျဖစ္သူ အမိန္ ့နဲ ့အျပိဳင္ သူပါ ေဒါသထြက္လာသည္။
"မင္း မစားခ်င္မစားနဲ ့ေလ… ငါစားမယ္
မိႀကည္…မသိမ္းနဲ ့ "
ေျပာပီးတာနဲ ့ဇြန္းကိုင္ကာ မိႀကည္ဖက္ကိုပါတခါထဲ လွည့္ေျပာလိုက္သည္။
ဒါေပမဲ့ ခ်က္ျခင္း ကိုမိန္ ႔ရဲ႕ မေက်နပ္သံကစီခနဲ ထြက္လာသည္။
"ဟာ …ဘိုးဘိုး အဲ့လို မညစ္နဲ ့ေလ
သားမွဒါေတြ မႀကည့္ခ်င္တာ… ေဒၚႀကည္သြား..ဒါေတြျပန္သိမ္း.. "
"မသိမ္းနဲ ့မိႀကည္… သိမ္းရင္ငါနဲ ့ေတြ ့မယ္ေနာ္ "
ထမင္စားစားပြဲမွာ ေဒၚႀကည္တစ္ေယာက္
ခုပဲသိမ္းရမွာလို လို ခုပဲ ျပန္ခ်ရေတာ့မွာလိုလိုနဲ ့ငိုမဲ့မဲ့ျဖစ္လာသည္။ ဒါကိုျမင္တဲ့ ခ်စ္ျခင္းသည္စားလက္စဇြန္းကေလးခ်ကာ ေျမးဘိုးနွစ္ေယာက္ရဲ့ရန္ပြဲကို ဝင္ပါရေတာ့၏ ။
"ခဏ..ခဏေလး …က်ြန္ေတာ္ေျပာမယ္… စကားမမ်ားက်ပါနဲ႔ ဦး ။"
တေယာက္တခြန္းစကားမ်ားေနၾကတဲ့
နွစ္ေယာက္ သည္ ခ်စ္ျခင္းတားျမစ္သံေၾကာင့္ တိတ္သြားေပမဲ့ တေယာက္နွင့္တေယာက္ကေတာ့ မေက်နပ္ေနသလိုၾကည့္ေနၾကဆဲပင္။ထို ႔ေၾကာင့္ ငယ္႐ြယ္သူျဖစ္တဲ့အမိန္ ႔ကို ဆူလိုက္မိသည္။
"အမိန္ ့အာဏာ …မင္းဘာျဖစ္ေနတာလဲ။ ခါတိုင္းလဲ …ဒါေတြမင္းစားေနႀက မင္းႀကိဳက္တာေတြႀကီးပဲေလ ခုမွဘာျဖစ္တာလဲ "
"ေမာင္မွမစားခ်င္တာ "
ဦးမိုးေကာင္းသည္ေျမးျဖစ္သူရဲ့ခ်က္ျခင္းေျပာင္းလဲသြားတဲ့ မ်က္နွာထားနဲ ့
ခပ္ ခ်ြဲခ်ြဲေလသံေႀကာင့္
နူတ္ခမ္းအစံုသည္တြန္ ့ေကြးမဲ့က်ကုန္၏ ။
သူ ႔ကိုက် တခြန္းမက်န္ ကန္ ႔လန္ ႔တိုက္သည္။
ေမြးရက်ိဳးနပ္လိုက္တဲ့ေျမး ……
"မင္း မစားခ်င္ရင္မစားနဲ ့ေလ .. ဘိုးဘိုးႀကီးစားပါေစ"
"စားတာလည္း ေမာင္ မႀကည့္ခ်င္ဘူး။ ျမင္ရင္ ေမာင္မေနနိုင္ဘူး ..အန္ခ်င္လို ့…အဲ့ဒါေႀကာင့္ဖယ္ခိုင္းတာပါ "
ေျပာခ်လိုက္တာ အားႀကီးနဲ ့မို ့ဘိုးဘိုးႀကီးကိုေတာင္ ခ်စ္ျခင္းအားနာသြားရသည္။
သူတို႔က ေျမးအဘိုးဆိုေပမဲ့ကိုယ္က သူစိမ္း
မို ့ စကားေျပာတာကစအမွားပါမွာစိုးသည္။ လိုက္ထိန္းေနေပမဲ့ အမိန္ ့တို ့က ဘယ္ေတာ့မွ အားမနာတက္ေပ။ မ်က္နွာမေကာင္းျဖစ္သြားတဲ့ ဘိုးဘိုးႀကီးေႀကာင့္
ခ်စ္ျခင္းလည္းစိတ္တိုသြားသည္။
"အမိန္ ့အာဏာ …မင္း စကားေျပာတာ
ဘယ္လိုေတာင္ ရုိင္းေနရတာလဲ …ဒီမွာထိုင္ေနတာ မင္းထက္အငယ္တစ္ေယာက္မွမပါဘူးေနာ္ "
"ဟင့္ … ေမာင့္ကို မေအာ္ပါနဲ ့အခ်စ္ရယ္
ေမာင္အန္ခ်င္လို ့အန္ခ်င္တယ္ေျပာတာ
ရုိင္းတာမွ မဟုတ္တာ … ေမာင္
အရမ္း ဝမ္းနည္းတယ္ "
ေျပာပီး ပန္းကန္ကို ေဘးနားေရြ ့ကာ
ခ်စ္ျခင္းပုခံုးေပၚ ေခါင္းမွီလာ၏။ ကေလးေတြလို အသံတိတ္မ်က္ရည္က်ကာ
ဝမ္းနည္းသြားပါတယ္ဆိုတဲ့အမူရာမ်ိဳးနဲ ့
ျငိမ္ျငိမ္ေလး ငိုေနေတာ့သည္။
ဦးမိုးေကာင္းကေတာ့
ေျမးျဖစ္သူကိုႀကည့္ပီး အံ့ၾသလ်က္ရွိသည္။ သံုးနွစ္ေက်ာ္ေက်ာ္အရြယ္ေရာက္မွာ သူ ့လက္ေပၚေရာက္ခဲ့ေသာအမိန္ ့က ခုအသက္ရြယ္အထိ မငိုဖူးဘူးဆိုရင္ ယံုခ်င္မွယံုႀကလိမ့္မည္။ အခုလို ကေလးတစ္ေယာက္လို မ်က္ရည္က်ပီး
ဝမ္းနည္းဂ်ီက်ေနပံုသည္ သူေျမးကိုမိန္ ့နဲ ့လားလားမွမတူေပ။
အားနာတဲ့မ်က္ဝန္းေလးနဲ ့လွမ္းႀကည့္လာတာတဲ့ ခ်စ္ျခင္းေျကာင့္ ရတယ္ဆိုတာကို လက္ျပကာေျပာလိုက္ရေသာ္လည္း စိတ္ထဲမွာေတာ့မတင္မက်ျဖစ္ေနဆဲပင္။ ။ အမိန္ ့အာဏာဆိုတဲ့ နာမည္မ်ားစီးပီး သူေျမး ဒီပံုစံမ်ားျဖစ္သြားသလားဆိုတာ မနက္ဖန္ေတာ့ ေဗဒင္သြားေမးျကည့္ရမည္။
"မင္း ခုတေလာအရမ္းဆိုးလာတယ္ေနာ္"
"-------"
ပုခံုးေပၚမွီထားသူရဲ့ပါးျပင္ေပၚက မ်က္ရည္စေတြကို ေခါင္းငံု ့သုတ္ေပးပီး
ေမးလိုက္ေတာ့လည္းျပန္ေျဖမလာပါ။ထို ႔ေၾကာင့္သက္ျပင္းခ်ကာ လူဆိုးေလးရဲ႕ပခံုးကိုဖက္ၿပီး ဘယ္လိုေခ်ာ့ရမလဲ ဆိုတာ ဥ္းစားေနမိသည္။
အခုတေလာ သူပဲေခ်ာ့ေနရတာေတာ့ မဟုတ္ေသးပါဘူး။
" ကဲကဲ… အငိုမင္းသားကိုေခ်ာ့လိုက္ပါအုန္း
ဘိုးဘိုးကေတာ့စားလို ့ျပီးပီ ဆိုေတာ့ ၿခံထဲလမ္းေလ်ွာက္အုန္းမယ္ ။ ညေနမွျပန္ေနာ္ "
"ဟုတ္ကဲ့ ဘိုးဘိုး ေအးေဆးနားလိုက္ပါဦးဗ်"
ေခါင္းညိမ့္ျပကာ ဘိုးဘိုးထြက္သြားျပီမို ့
ခ်စ္ျခင္း သက္ျပင္းခ်ကာ ရင္ခြင္ထဲကတစ္ေယာက္ကိုသာအာရုံစိုက္ရေတာ့၏ ။
"ကဲ ကေလးေလး ..ခုတေလာ ခဏခ
ဏ ငိုေနတယ္ေနာ္ ..ဘာမႀကိဳက္တာရွိ
လို ့လဲ
ငါျပင္ေပးမွာေပါ့"
"အခ်စ္ေမာင့္ကို ေအာ္တယ္ "
ထြက္လာတဲ့အသံက က ေလးေတြလို
စူပုပ္ပုပ္ အသံမ်ိဳးေလးမို႔ၿပံဳးမိျပန္သည္။
" ဘယ္တုန္းကလဲ ငါ မေအာ္ပါဘူး "
"လိမ္တယ္"
"ေဟာ..ျဖစ္ရျပန္ၿပီ။ "
ဘာမွုျပန္မေျပာျပန္ေတာ့ပဲ ပခံုးေတြ လွဳပ္ကာငိုေနျပန္တာေၾကာင့္
ခ်စ္ျခင္း ေထြးဖက္လိုက္သည္။
" ေမာင္ …အဲ့လိုေတြငိုေနေတာ့
ငါလည္းစိတ္မေကာင္းဘူးေလ "
"ဟင္ "
ရင္ခြင္ထဲကေန သူမဟုတ္သလို ရုန္းထြက္ကာ ေမးလာ၏။
ေမာ့လာတဲ့ မ်က္နွာသည္ နွစ္မိနစ္ေလာက္အတြင္းကိုဘယ္လိုမ်ားငိုထားလို ့
ဒီေလာက္ မို ့ေဖာင္းေနရတာလဲ ။
ဖြဖြေလး မ်က္ရည္စေတြ ကို လက္မေလးနဲ ့ဖိသုတ္ေပးရင္း
" အရမ္းခ်စ္စရာေကာင္းတာပဲ။
ႀကည့္ရတာ ငါလည္း ေမာင့္ကို မခ်စ္ပဲမေနနိုင္ေတာ့ဘူးထင္တယ္ "
"-----"
"မငိုပါနဲ ့ေတာ့… မြ … မင္းကို ခ်စ္တယ္ "
အသံမထြက္ပဲ ေႀကာင္ေတာင္ေတာင္နဲ ့ငိုလက္စကို ခနရပ္ပီးႀကည့္လာတာေႀကာင့္
ခ်စ္ျခင္းအေတာ္ႀကီးအသဲယားလာသည္။
မေနနိုင္ေတာ့ ႏုညံ့စြာ နူတ္ခမ္းေလးကိုဖိကပ္နမ္းမိ၏။ ဒါေပမဲ့ မွန္းခ်က္နဲ ့မကိုက္စြာပင္ ငိုသံက်ယ္က်ယ္ကထြက္လာသည္။
"အီးဟီးဟီးး "
"အာာ.. မငိုပါနဲ ့ေတာ့ဆို "
"ဟီးးအီးး"
"ေမာင္ေနာ္ ငါမခ်စ္ပဲထားလိုက္ေတာ့မယ္"
ခ်က္ခ်င္းတိတ္က်သြားတာ တိခနဲပင္။
"...."
"ခ်စ္စရာေလး မင္းကို ခ်စ္တယ္ "
မ်က္ရည္ေတြစိုေနတဲ့
ပါးျပင္ေလးကို ဖိကပ္နမ္းလိုက္ေတာ့ မဲ့က်သြားတဲ့နူတ္ခမ္းနဲ ့ျပဲလန္ေနတဲ့ငိုသံက ထပ္ထြက္လာ၏။
"ဟီးးးအီးးးအီးးး"
"ဟာ ေတာ္ပီေနာ္ထပ္ငိုရင္ မခ်စ္ေတာ့ဘူး
"
"...."
မခ်စ္ေတာ့ဘူးေျပာေတာ့တိတ္သြားလိုက္
ခ်စ္တယ္ေျပာရင္ ငိုလိုက္လုပ္ေနတဲ့
အမိန္ ့အာဏာက တကယ္ခ်စ္စရာေလးပါ။ အတိတ္ေတြကိုေမ့မယ္။
ၿပီးေတာ့ အခ်စ္ေတြျပည့္ေနတဲ့ ေနရက္
တိုင္းကို အမိန္ ႔နဲ ့အတူ ေပ်ာ္ရႊင္စြာဖန္တီးမယ္။
ေမာင့္ကို ငါသိပ္ခ်စ္တယ္ ။
"ဟာ … ဒါ ကြီးဘာလို့ စားပွဲပေါ်ရောက်နေတာလဲ … ဒေါ်ကြည်… ဒေါ်ကြည်ရေ "
ထမင်းစားပွဲ ကိုထိုင်တောင်မထိုင်ရသေးဘူး အမ်ိန့် အော်သံက စူးကနဲ့ ထွက်လာသည်မို့ ဦးမိုးကောင်း ရော ချစ်ခြင်းပါ လှည့်ကြည့်မိသည်။
"လာပီ… အကိုလေး ရေ …လာပီ "
မီးဖိုချောင်အခန်းက ပြေးထွက်လာတဲ့ဝဖိုင်းဖိုင်းကိုယ်နဲ့ ဒေါ်ကြည်ကိုလဲအားမနာနိုင် …လက်တလော ထမင်းစားပွဲပေါ်က
ဝက်သားဟင်းခွက်ကြီးမြင်ပီးကတည်းက
အမိန့် စိတ်အလိုမကျ မျက်နှာတည်တင်းနေမိ၏ ။
"ဘာလိုချင်လို့ လဲ…အကိုလေး "
"ဘာမှမလိုချင်ဘူး ဒါပြန်ယူသွား "
လက်ညိုးထိုးပြတဲ့ ဝက်သားနီချက်က
နီရဲပီး စားချင်သဖွယ်ဖြစ်နေပေမဲ့ လမ်းဘေးယင်နားစာလို ရွံရှာသလို ကြည့်နေတဲ့
အကြည့်မျိုးကြောင့်ဒေါ်ကြည် လတ်တလော ဘာဖြစ်နေမှန်းသတိမထားမိသေးပေ။
"အဲ့ဒါ အကိုလေးကြိုက်တဲ့ဝက်သားနီချက်လေ ခါတိုင်းလိုပဲ …
အကိုလေးလာမယ်ကြားလို့ ဒေါ်ကြည်လက်စွမ်းပြထားတာ"
မျက်နှာရိပ်မျက်နှာကဲမသိတဲ့ ဒေါ်ကြည်က
သူ့ ဟင်းကို အမွှမ်းတင်လို့ မဆုံးဖြစ်နေတာကိုကြည့်ပီး အမိန်ရှုံ့ မဲ့လာသည်။
သူတကယ်ဒီဟင်းကြီးကိုမကြည့်ချင်တော့မို့ မျက်နှာကြီးနီပီး စိတ်တိုလာသည်။
ထမင်းစားပွဲထိုင်နေကျတဲ့ သုံးယောက်မှာအမိန့် တစ်ယောက်သာ ဘာမှစိတ်တိုစရာမရှိ စိတ်တိုနေတာမို့ ဦးမိုးကောင်းသည်
မနေနိုင်ပဲ ဝင်ပြောရတော့သည်။
" ကိုမိန့် ဘာဖြစ်ပြန်တာလဲ.. မင်းကြိုက်တယ်ဆိုလို့ ဒေါ်ကြည်က သေချာချက်ပေးထားတာလေ.. ဘာလို့ ပြန်သိမ်းခိုင်းနေတာလဲ "
စူပုပ်နေတဲ့မျက်နှာထားနဲ့ ချက်ခြင်းအကြည့်ပြောင်းလာတဲ့ မြေးဖြစ်သူက
မကျေနပ်တာမှန်သမျှ သူ့ ကိုပုံချတော့မဲ့
ပုံမျိုး...
"အဲ့ဒါအရင်တုန်းက ကြိုက်တာ..
အခုမကြိုက်တော့လို့ သိမ်းခိုင်းနေတာလေ
ဘာဖြစ်လို့ သားကိုပဲ အပြစ်မြင်နေတာလဲ "
မြေးဖြစ်သူစကားကြောင့် ဦးမိုးကောင်း
သောက်လက်စရေတောင်သီးတော့မလို့ ပင်။
ချစ်ခြင်းကို လှမ်းကြည့်တော့လည်း သူလဲမသိဘူးဆိုတဲ့ပုံစံ ခေါင်းရမ်း ပြ၏။ အခုစားနေတုန်းမှာ
သူပဲအပြစ်ရှာနေတာမဟုတ်ဘူးလား။
ဘယ်နှယ့်စွပ်စွပ်စွဲစွဲ ။
ဦးမိုးကောင်း
သက်ပြင်းချကာ ဒီတခါ အလျော့ပေး
ဖို့ သာပြင်လိုက်သည်။ တခါတလေ လာလည်ပီးစိတ်ဆိုးပြန်မှာလည်းမလိုချင်ပေ။
"ကဲကဲ … မိကြည် ပြန်သိမ်းသွားသူမှမ
ကြိုက်တာ "
"ဟုတ် "
"ဒီဖက်က ငါးရော ..ဟိုဖက်က ကြက်သားရောပြန်သိမ်း ကြည့်ရတာအဆင်မပြေဘူး "
ဒီတခါတော့ ဦးမိုးကောင်း သဘောမကောင်နိုင်ပေ။ လျှောကျနေတဲ့ မျက်မှန်ကို ပင့်တင့်ကာ ..
"မင်းမစားချင်မစားနဲ့ လေ …ဘယ်နှယ့်
အကုန်
သိမ်းခိုင်းနေတာလဲ … အဲ့ဒါကျ ငါက ဘာနဲ့စားရမှာလဲ "
"ဒီမယ်လေ …ကျန်သေးတယ် …အသီးရွက်ကြော်တွေမှအများကြီးပဲ ။ဒါတွေစားပေါ့ဘိုးဘိုးရာ ဒါမှ ကျန်းမာမှာ"
ထိုးပြတဲ့ စားပွဲမှာရှိတဲ့ဟင်းခွက်တွေထဲမှာ
အသီးရွက်ကြော်… အရွက်သုပ်… ဟင်းချို ဟင်းလောက်သာကျန်တော့သည်။ ချစ်ခြင်းကတော့အစကတည်းကသက်သက်လွတ်သမားဆိုတော့အဆင်ပြေပေမဲ့ သူကတော့စားဖို့ အဆင်မပြေပါ။ ထို့ ကြောင့်မြေးဖြစ်သူ အမိန့် နဲ့ အပြိုင် သူပါ ဒေါသထွက်လာသည်။
"မင်း မစားချင်မစားနဲ့ လေ… ငါစားမယ်
မိကြည်…မသိမ်းနဲ့ "
ပြောပီးတာနဲ့ ဇွန်းကိုင်ကာ မိကြည်ဖက်ကိုပါတခါထဲ လှည့်ပြောလိုက်သည်။
ဒါပေမဲ့ ချက်ခြင်း ကိုမိန့် ရဲ့ မကျေနပ်သံကစီခနဲ ထွက်လာသည်။
"ဟာ …ဘိုးဘိုး အဲ့လို မညစ်နဲ့ လေ
သားမှဒါတွေ မကြည့်ချင်တာ… ဒေါ်ကြည်သွား..ဒါတွေပြန်သိမ်း.. "
"မသိမ်းနဲ့ မိကြည်… သိမ်းရင်ငါနဲ့ တွေ့ မယ်နော် "
ထမင်စားစားပွဲမှာ ဒေါ်ကြည်တစ်ယောက်
ခုပဲသိမ်းရမှာလို လို ခုပဲ ပြန်ချရတော့မှာလိုလိုနဲ့ ငိုမဲ့မဲ့ဖြစ်လာသည်။ ဒါကိုမြင်တဲ့ ချစ်ခြင်းသည်စားလက်စဇွန်းကလေးချကာ မြေးဘိုးနှစ်ယောက်ရဲ့ရန်ပွဲကို ဝင်ပါရတော့၏ ။
"ခနခန …ကျွန်တော်ပြောမယ်… စကားမများကျပါနဲ့ ဦး ။"
တယောက်တခွန်းစကားများနေကြတဲ့
နှစ်ယောက် သည် ချစ်ခြင်းတားမြစ်သံကြောင့် တိတ်သွားပေမဲ့ တယောက်နှင့်တယောက်ကတော့ မကျေနပ်နေသလိုကြည့်နေကြဆဲပင်။ထို့ ကြောင့် ငယ်ရွယ်သူဖြစ်တဲ့အမိန့် ကို ဆူလိုက်မိသည်။
"အမိန့် အာဏာ …မင်းဘာဖြစ်နေတာလဲ။ ခါတိုင်းလဲ …ဒါတွေမင်းစားနေကြ မင်းကြိုက်တာတွေကြီးပဲလေ ခုမှဘာဖြစ်တာလဲ "
"မောင်မှမစားချင်တာ "
ဦးမိုးကောင်းသည်မြေးဖြစ်သူရဲ့ချက်ခြင်းပြောင်းလဲသွားတဲ့ မျက်နှာထားနဲ့
ခပ် ချွဲချွဲလေသံကြောင့်
နူတ်ခမ်းအစုံသည်တွန့် ကွေးမဲ့ကျကုန်၏ ။
သူ့ ကိုကျ တခွန်းမကျန် ကန့် လန့် တိုက်သည်။
မွေးရကျိုးနပ်လိုက်တဲ့မြေး ……
"မင်း မစားချင်ရင်မစားနဲ့ လေ .. ဘိုးဘိုးကြီးစားပါစေ"
"စားတာလဲမကြည့်ချင်ဘူး။ မြင်ရင် မောင်မနေနိုင်ဘူး ..အန်ချင်လို့ …အဲ့ဒါကြောင့်ဖယ်ခိုင်းတာပါ "
ပြောချလိုက်တာ အားကြီးနဲ့ မို့ ဘိုးဘိုးကြီးကိုတောင် ချစ်ခြင်းအားနာသွားရသည်။
သူတို့က မြေးအဘိုးဆိုပေမဲ့ကိုယ်က သူစိမ်း
မို့ စကားပြောတာကစအမှားပါမှာစိုးသည်။ လိုက်ထိန်းနေပေမဲ့ အမိန့် တို့ က ဘယ်တော့မှ အားမနာတက်ပေ။ မျက်နှာမကောင်းဖြစ်သွားတဲ့ ဘိုးဘိုးကြီးကြောင့်
ချစ်ခြင်းလည်းစိတ်တိုသွားသည်။
"အမိန့် အာဏာ …မင်း စကားပြောတာ
ဘယ်လိုတောင် ရိုင်းနေရတာလဲ …ဒီမှာထိုင်နေတာ မင်းထက်အငယ်တစ်ယောက်မှမပါဘူးနော် "
"ဟင့် … မောင့်ကို မအော်ပါနဲ့ အချစ်ရယ်
မောင်အန်ချင်လို့ အန်ချင်တယ်ပြောတာ
ရိုင်းတာမှ မဟုတ်တာ …ဟင့်အင့် မောင်
ဝမ်းနည်းတယ် "
ပြောပီး ပန်းကန်ကို ဘေးနားရွေ့ ကာ
ချစ်ခြင်းပုခုံးပေါ် ခေါင်းမှီလာ၏။ ကလေးတွေလို အသံတိတ်မျက်ရည်ကျကာ
ဝမ်းနည်းသွားပါတယ်ဆိုတဲ့အမူရာမျိုးနဲ့
ငြိမ်ငြိမ်လေး ငိုနေတော့သည်။
ဦးမိုးကောင်းကတော့
မြေးဖြစ်သူကိုကြည့်ပီး အံ့သြလျက်ရှိသည်။ သုံးနှစ်ကျော်ကျော်အရွယ်ရောက်မှာ သူ့ လက်ပေါ်ရောက်ခဲ့သောအမိန့် က ခုအသက်ရွယ်အထိ မငိုဖူးဘူးဆိုရင် ယုံချင်မှယုံကြလိမ့်မည်။ အခုလို ကလေးတစ်ယောက်လို မျက်ရည်ကျပီး
ဝမ်းနည်းဂျီကျနေပုံသည် သူမြေးကိုမိန့် နဲ့ လားလားမှမတူပေ။
အားနာတဲ့မျက်ဝန်းလေးနဲ့ လှမ်းကြည့်လာတာတဲ့ ချစ်ခြင်းကြောင့် ရတယ်ဆိုတာကို လက်ပြကာပြောလိုက်ရသော်လည်း စိတ်ထဲမှာတော့မတင်မကျဖြစ်နေဆဲပင်။ ။ အမိန့် အာဏာဆိုတဲ့ နာမည်များစီးပီး သူမြေး ဒီပုံစံများဖြစ်သွားသလားဆိုတာ မနက်ဖန်တော့ ဗေဒင်သွားမေးကြည့်ရမည်။
"မင်း ခုတလောအရမ်းဆိုးလာတယ်နော်"
"-------"
ပုခုံးပေါ်မှီထားသူရဲ့ပါးပြင်ပေါ်က မျက်ရည်စတွေကို ခေါင်းငုံ့ သုတ်ပေးပီး
မေးလိုက်တော့လဲပြန်ဖြေမလာသည်မို့
ပခုံးလေးကိုဖက်ကာ ချော့ရပြန်သည်။
အခုတလော သူပဲချော့နေရတာတော့ မဟုတ်သေးပါဘူး။
" ကဲကဲ… အငိုမင်းသားကိုချော့လိုက်ပါအုန်း
ဘိုးဘိုးကတော့စားလို့ ပြီးပီ ဆိုတော့ ခြံထဲလမ်းလျှောက်အုန်းမယ် ။ ညနေမှပြန်နော် "
"ဟုတ်ကဲ့ ဘိုးဘိုး အေးဆေးနားလိုက်ပါအုန်း"
ခေါင်းညိမ့်ပြကာ ဘိုးဘိုးထွက်သွားပြီမို့
ချစ်ခြင်း သက်ပြင်းချကာ ရင်ခွင်ထဲကတစ်ယောက်ကိုသာအာရုံစိုက်ရတော့၏ ။
"ကဲ ကလေးလေး ..ခုတလော ခနခနငိုနေတယ်နော် ..ဘာမကြိုက်တာရှိလို့ လဲ
ငါပြင်ပေးမှာပေါ့"
"အချစ်မောင့်ကို အော်တယ် "
ထွက်လာတဲ့အသံက က လေးတွေလို
စူပုပ်ပုပ် အသံမျိုးလေးမို့ပြုံးမိပြန်သည်။
" ဘယ်တုန်းကလဲ ငါ မအော်ပါဘူး "
"လိမ်တယ်"
"ဟော..ဖြစ်ရပြန်ပြီ။ "
ဘာမှုပြန်မပြောပြန်တော့ပဲ ပခုံးတွေ လှုပ်ကာငိုနေပြန်တာကြောင့်
ချစ်ခြင်း ထွေးဖက်လိုက်သည်။
" မောင် …အဲ့လိုတွေငိုနေတော့
ငါလဲစိတ်မကောင်းဘူး "
"ဟင် "
ရင်ခွင်ထဲကနေ သူမဟုတ်သလို ရုန်းထွက်ကာ မေးလာ၏။
မော့လာတဲ့ မျက်နှာသည် နှစ်မိနစ်လောက်အတွင်းကိုဘယ်လိုများငိုထားလို့
ဒီလောက် မို့ ဖောင်းနေရတာလဲ ။
ဖွဖွလေး မျက်ရည်စတွေ ကို လက်မလေးနဲ့ ဖိသုတ်ပေးရင်း
" အရမ်းချစ်စရာကောင်းတာပဲ။
ကြည့်ရတာ ငါလဲ မချစ်ပဲမနေနိုင်တော့ဘူးထင်တယ် "
"-----"
"မငိုပါနဲ့ တော့… မွ … မင်းကို ချစ်တယ် "
အသံမထွက်ပဲ ကြောင်တောင်တောင်နဲ့ ငိုလက်စကို ခနရပ်ပီးကြည့်လာတာကြောင့်
ချစ်ခြင်းအတော်ကြီးအသဲယားလာသည်။
မနေနိုင်တော့ နုညံ့စွာ နူတ်ခမ်းလေးကိုဖိကပ်နမ်းမိ၏။ ဒါပေမဲ့ မှန်းချက်နဲ့ မကိုက်စွာပင် ငိုသံကျယ်ကျယ်ကထွက်လာသည်။
"အီးဟီးဟီးး "
"အာာ.. မငိုပါနဲ့ တော့ဆို "
"ဟီးးအီးး"
"မောင်နော် ငါမချစ်ပဲထားလိုက်တော့မယ်"
"...."
"ချစ်စရာလေး မင်းကို ချစ်တယ် "
မျက်ရည်တွေစိုနေတဲ့
ပါးပြင်လေးကို ဖိကပ်နမ်းလိုက်တော့ မဲ့ကျသွားတဲ့နူတ်ခမ်းနဲ့ ပြဲလန်နေတဲ့ငိုသံက ထပ်ထွက်လာ၏။
"ဟီးးးအီးးးအီးးး"
"ဟာ တော်ပီနော်ထပ်ငိုရင် မချစ်တော့ဘူး
"
"...."
မချစ်တော့ဘူးပြောတော့တိတ်သွားလိုက်
ချစ်တယ်ပြောရင် ငိုလိုက်လုပ်နေတဲ့
အမိန့် အာဏာက တကယ်ချစ်စရာလေးပါ။ အတိတ်တွေကိုမေ့မယ်။
ပြီးတော့ အချစ်တွေပြည့်နေတဲ့ နေရက်
တိုင်းကို အမိန့် နဲ့ အတူ ပျော်ရွှင်စွာဖန်တီးမယ်။
မောင့်ကို ငါသိပ်ချစ်တယ် ။
Bạn đang đọc truyện trên: ZingTruyen.Xyz