ZingTruyen.Xyz

ခ်စ္အမိန္ ့( ချစအမိန့် ) (completed)

19

eainsi23


ရွည္သြယ္ျပီး ဖုျခင္း၊ ထစ္ျခင္း ကင္းတဲ့သြယ္သြယ္လ်လ်လက္ကေလးမွာ
ညက သူကိုက္ထားတဲ့အရာေလးမ်ားက လက္ဖမိုးထက္မွာ အပီအျပင္ေနရာယူလ်က္ရွိသည္။
ခ်စ္ျမတ္နိုးစိတ္နဲ ့နွာေခါင္းဖ်ားေတြးနစ္ဝင္ေအာင္နမ္းမိလိုက္ေတာ့ အိစက္ေနတဲ့အထိအေတြ ့က ရူးမိုက္ခ်င္စရာပင္။

တကယ္တကယ့္ကိုပဲ ခ်စ္ျခင္းက
ဘယ္ေနရာမွ မလြတ္ေအာင္ကိုလွတာျဖစ္သည္။
ေမးဖ်ားကေန ဖြဖြေလး ဆြဲေမာ့ၿပီး ၾကည့္မိျပန္ေတာ့လည္း ဒီမ်က္နွာေလးကဘယ္ေတာ့မွ မရုိးသြားေပ။ မ်က္ေတာင္ဖ်ားတို ႔က စင္းက်ေနကာ အသက္ရွဴ မွန္မွန္ထြက္လ်က္  အိပ္ေပ်ာ္ေနတာမို ႔  နွဖူးေလးကိုဖိ
ကပ္နမ္းမိျပန္သည္။ 

ၾကည့္ေနရင္းနဲ႔တင္  ခ်စ္စိတ္ေတြကျပန္ျကြလာသည္။ ထို ႔ေၾကာင့္
မ်က္လံုးမို ့မို ႔ ကိုငံု ့နမ္းလိုက္၏ ။
ျပီးေနာက္ နွာဖ်ားနဲ ့ပါးေလးကို  အသာပြတ္တိုက္ဆြဲနမ္းလိုက္ေတာ့ ပန္းေရာင္သန္းသြားသည္မို ့နမ္းရွဳိက္ျခင္းကိုရပ္လိုက္ရသည္ ။

"ေမာင္မင္းကိုခ်စ္လိုက္ရတာ အခ်စ္ရယ္"

အမိန္ ႔အသံေၾကာင့္ထင္၏။
မ်က္ေတာင္ဖ်ားတို ့က လႈပ္ခတ္ကာ ဖြင့္ဟလာသည္။

"အခ်စ္… နိုးရင္ထေတာ့။ဒီေန ႔ ဘိုးဘိုးႀကီးက အလည္လာဖို ့ေခၚထားတယ္ေလ"

"အင္းး ခနေလး "

မ်က္လံုးမဖြင့္ပဲ အိပ္ခ်င္မူးတူးအသံေလးနဲ ့ေျပာလာတာေႀကာင့္ ထပ္ပီး အသံထြက္ေအာင္ မ်က္ခြံေလးေပၚဖိနမ္းလိုက္သည္။

"ျပြတ္"

"အာ… ထပီလို ့..အမိန္ ့အာဏာ မင္းေတာ္ေတာ္ဆိုးလာပီေနာ္  "

"မဆိုးပါဘူး ။ မင္းမွမထတာ.. ဒါေႀကာင့္
ေမာင္နမ္းပီးနွဳိးေပးတာ"

"မေကာင္းတဲ့ေကာင္"

မ်က္ေစာင္းထိုးပီးစူပုပ္ကာ ေျပာတဲ့ ခ်စ္ျခင္းေလးေၾကာင့္  အမိန္ ့ေက်နပ္စြာ ရယ္လိုက္ ၿပီးမွ ထထိုင္သည္။ 

"ထနိုင္လား ေမာင္ေပြ ့ေပးမယ္ "

ရွဳံ  ့မဲ့သြားတဲ့မ်က္နွာေလးေႀကာင့္ အလိုက္တသိဆြဲေပြ ့ပီး ေရခ်ိဴးခန္းထဲလိုက္ပို ့လိုက္၏ ။အစကေန အဆံုးအကုန္လိုက္လုပ္ေပးခ်င္ေပမဲ့ ခ်စ္ျခင္း မႀကိဳက္မည္ဆိုးလို ့
အျပင္ထြက္ကာ ဝတ္မဲ့အဝတ္သာ ထုတ္ေပးလိုက္သည္။  

မိနစ္အနည္းငယ္ႀကာပီးတဲ့ေနာက္မွာ
ေရခ်ိဳးခန္းတြင္း၌ ေအာ္ေခၚသံေလးထြက္
လာကာ တံခါးဝမွာခ်စ္ျခင္းက ေခါင္းေလးျပဴ ေန၏။ အလိုက္တသိပင္ ထုတ္ေပးထားတဲ့ အက်ၤ ီေလးကို အမိန္ ႔ယူေပးလိုက္သည္။
ခုထိရွက္ေနေသးတဲ့
ခ်စ္ျခင္းျပည့္စံုသည္ သူေရွ ့ဘယ္ေတာ့မွအဝတ္မလဲသူ ျဖစ္ကာ ၊ ဘယ္ေတာ့မွ
လည္း အဝတ္အစားအျပည့္စံုမပါပဲ ေရခ်ိဳးခန္းအျပင္မထြက္သူျဖစ္၏။

စာႀကည့္စားပြဲေပၚကဖုန္းကိုယူကာ ေအာက္ထပ္က အိမ္အကူအေဒၚႀကီးဆီဆက္လိုက္၏ ။ မနက္ပိုင္းတြင္သာ ခ်က္ျပဳတ္ဖို ့ငွားထားသူမို ့တေနကုန္ မရွိပဲ မနက္အေစာႀကီးလာပီး လုပ္စရာရွိတာလုပ္ၿပီးျပန္သြားတက္တာမို ႔ က်န္တဲ့အခ်ိန္ေတာ့အိမ္မွာမရွိေပ။

"Hello အေဒၚႀကီး ဆန္ျပဳတ္သက္သက္လြတ္ လုပ္ေပးပါ ျမန္ျမန္ေလးေနာ္။ "

မွာျပီးခ်က္ျခင္းဖုန္းခ်ကာ ထိုင္ေနတဲ့ေဘးကေမြ ့ယာေပၚပစ္ခ်ကာ  ခ်စ္ျခင္းကိုေစာင့္ေနမိသည္။ မၾကာဘူး
ထြက္လာတဲ့ အနီေရာင္အရိပ္ေလးေႀကာင့္ အမိန္ ့ျပယာခတ္ရျပန္သည္။

"အခ်စ္ ေရ… ေခါင္းေလ်ွာ္လာျပန္ပီလားကြာ ။ေျပာင္ေအာင္လည္းမသုတ္ဘူး …လာထိုင္..ေမာင္သုတ္ေပးမယ္။ေနာက္ဆို
မနက္အေစာႀကီး  ေခါင္းမေလ်ွာ္နဲ ့ေနာ္။
"

ေရစက္လက္ မဟုတ္ေပမဲ ့ခပ္စိုစိုက်န္ေနေသးတဲ့ ဆံပင္ေတြကိုကိုင္ၾကည့္
အမိန္ ႔ စိုးရိမ္စြာညီးညဴးမိသည္။

" ၾကားလားလို ႔ေမာင္ေျပာေနတာ "

"ေအးပါ ..ၾကားပါတယ္။ ေနာက္ကို
မနက္အေစာႀကီး ေခါင္းမေလ်ွာ္ေတာ့ဘူး ။
ဟုတ္ၿပီလား "

ေခါင္းညိမ့္ျပၿပီး ခ်စ္ျခင္းကို မွန္တင္ခံု ေရွ ႔ထိုင္ခိုင္းကာ ပုခံုးေပၚက တပါတ္နဲ ့ ဖြဖြသုတ္ေပးမိသည္။ ၿပီးမွ
ခ်စ္ျခင္းကို သက္ျပင္းခ်ကာ ေခၚလိုက္၏။

"ခ်စ္ျခင္း "

" အင္း "

"ေမာင္တို ့ဘိုးဘိုးႀကီးဆီသြားေနရေအာင္။အရင္က ေမာင္တို ့မေျပလည္ လို ့အိမ္ခြဲေနႀကေပမဲ့ …အခုေတာ့ ျပန္ေျပာင္းေနသင့္ပီ ထင္လို ့ …  အဲ့ဒါ အခ်စ္ေရာဘယ္လို သေဘာရလဲဟင္"

ေမးခြန္းထဲမွာ တိုင္ပင္သံပါေနေပမဲ့
ေတာင္းဆိုခ်င္သံေလးလည္းပါေနသည္မို ့
ခ်စ္ျခင္း အမိန္ ့ကို သနားသြားသည္။

"မင္းသေဘာပါ … ငါက မင္းအိမ္ေထာင္ဖက္ပဲ ..မင္းသြားရာလိုက္ရမွာေပါ့  "

"အခ်စ္ရာ..."

ဘာမွန္းမသိတဲ့ခံစားခ်က္တို ့ကရင္ထဲတလွဳိက္လွဳိက္တက္လာတာေႀကာင့္ ခ်စ္ျခင္း
ပခံုးေပၚေခါင္းေလးတင္ပီးအမိန္ ႔ ျငိမ္သြား၏။

ခ်စ္ျခင္းသည္  အရင္က စကားမေျပာပဲေအးစက္စက္ေနတက္ေပမဲ့ခုေနာက္ပိုင္း
လိုက္လိုက္ေလ်ာေလ်ာ ေဘးကေန
ျဖည့္ဆည္းေပးတက္လာသည္မို ့သူစိတ္ခ်မ္းသာရသည္။ 
ခ်စ္ျခင္းဆီက ခုလို အိမ္ေထာင္သည္ေတြလို ျပဳမူေျပာဆိုပံုေလးသည္ တခါေတာင္မရွိခဲ့ဘူးတာမို ႔ အမိန္ ့ရင္ထဲဝမ္းနည္း
လို ႔လာ၏။
မိသားစုဝင္အမ်ားႀကီးမရွိပဲအျမဲ
အထီက်န္ဆန္ခဲ့တဲ့ သူတို ့နွစ္ေယာက္လံုး
သည္ ေမတၱာငတ္မြတ္ခဲ့ႀကသည္။
တေယာက္ကိုတေယာက္ ေဖးမ ရင္း
အတူကုန္ဆံုးရမယ္ဆိုတဲ့အေတြးဝင္လာေတာ့ အမိန္ ႔ငိုခ်င္လာသည္။
တသက္လံုးခ်စ္ျခင္းျပည့္စံုကို ေဘးနားမွာ ထားခ်င္သည္။ တီတီတာတာ စကားေတြနဲ ့ခြၽဲႏြဲ ့ေစခ်င္ခဲ့ဖူးသည္။ ဒါေပမဲ့
ခ်စ္ျခင္းနႈတ္က ဒီလိုေလးေျပာလာေတာ့လည္း အမိန္ ့  ေပ်ာ္တာလိုလို ငိုခ်င္တာလိုလိုျဖစ္လာရ၏။

"ဘာျဖစ္သြားတာလဲ ။ မ်က္နွာေလးကလည္းငယ္လို ႔"

မွန္ထဲမွာ ျမင္ေနရတဲ့ပံုစံေလးေႀကာင့္ ေခါင္းေလးကို လက္နဲ ့ေနာက္ျပန္
ပြတ္ေပးကာ ေခ်ာ့ျမဴ လိုက္၏။

"ေမာင္ေလ အရမ္းဝမ္းနည္းတာပဲ ။
အခ်စ္က ေမာင့္ကိုဘယ္ေတာ့မွမခ်စ္ေတာ့ဘူးလားလို ့ေတြးပီး နာက်င္ခဲ့ရတာ …
ဘယ္ေလာက္ပဲ စိတ္မာတယ္ေျပာေျပာ
မင္းနူတ္က ရင့္သီးတဲ့စကားေတြႀကားရင္လည္းေမာင့္နွလံုးသားက မခံစားနိုင္ဘူး။
အခုလို ေမာင္အိမ္ေထာင္ဖက္တစ္ေယာက္လို ေဘးနားမွာထပ္တူရွိဖို ့ေျပာလာေတာ့လဲ ငိုခ်င္လာတယ္… ေမာင္ေလ ေမာင္  မင္းေႀကာင့္ရူးေနပီးလားမသိဘူး ဟီးအီးးး"

ေျပာရင္ ခႏၶာကိုယ္ပါ လွဳပ္ခတ္လ်က္
တုန္ရီစြာ အသံထြက္ေအာင္ ငိုေႀကြးလာသူေႀကာင့္ ခ်စ္ျခင္း မ်က္လံုးျပဴးပီး
အံ့ျသသြား၏။ ပခံုးေပၚမ်က္နွာေမွာက္ကာ
ငိုယိုေနသူ ေမာင္အမိန္ ့သည္ ခုတေလာ အရမ္းဝမ္းနည္းလြယ္ေနသည္။ဒီတသက္
မေခ်ာ့မျခင္းအငိုတိတ္မဲ့ပံု မေပၚေတာ့သည္မို ့ ခ်စ္ျခင္း ျဖည္းျဖည္း ျခင္း မ်က္နွာခ်င္းဆိုင္ျဖစ္ေအာင္ လွည့္လိုက္ေတာ့
ပခံုးေပၚမွ ရင္ဖက္ေပၚ သို ့ျပန္ေျပာင္းေမွာက္ကာ တအီအီ ငိုေနျပန္၏။

ရင္ခြင္ထဲက ေကာင္ေလးေၾကာင့္ ခ်စ္ျခင္းျပံဳးကာ  ေက်ာေလးကိုျပန္သိုင္းဖက္ပီး
က်န္လက္တစ္ဖက္က ေခါင္းကိုပြတ္ေပးေနမိသည္။

"မင္းအခုတေလာ အငိုသန္လာတယ္ေနာ္
ညကက် မင္းဒီလိုမဟုတ္ပဲအရမ္းေတြ
ေယာက်ာ္းပီသျပပီးေတာ့ တျခားသူေတြျမင္ရင္ ရယ္ကုန္ေတာ့မွာပဲ"

"ရယ္ရယ္ ေပါ့  …ဟီး အီး … ေမာင္ငိုေနတာေတာင္ အခ်စ္က… အင့္ …  ေနနိုင္တယ္။ ေမာင္ ဝမ္းနည္းေနတာကို ေပ်ာ္ေနတယ္မို ႔လား  "

ရွဳိက္ႀကီးတငင္ ငိုေနတာေတာင္
ရန္ျပန္ေတြ ့ဖို ႔ ေမာင္မိန္ ႔တစ္ေယာက္
မေမ့ခဲ့။ စိတ္ရွည္စြာပင္ ရင္ခြင္ထဲက ကိုယ္လံုးႀကီးကို အတင္းဖ်စ္ညစ္ကာ  ေျပာလိုက္သည္။

" ေခ်ာ့ေနတယ္ေလ  အခု "

"ဒါ ေခ်ာ့တာမွမဟုတ္တာ…  ဟီးအီး … ဒါ
ေမာင့္ကို ေလွာင္ေနတာ။ အနိုင္က်င့္ေနတာ "

"မဟုတ္ပါဘူးကြာ  … မင္းငုိတာခ်စ္ဖို ့ေကာင္းလို ့ပါ ။  မေလွာင္ဘူး …တကယ္ "

အငိုဆဲသြားေပမဲ့ တခ်က္တခ်က္ ရွဳိက္ေနေသးသည္ ။ ခ်စ္ျခင္းသက္ေမာခ်လိုက္၏။  … ခုတေလာ အရမ္းခ်စ္ဖို ့ေကာင္းေအာင္ အမိန္ ့ေနတက္လာသည္။
စေတြ ့တုန္းကတည္းက ထူးထူးျခားျခား
ေနာက္ကတေကာက္ေကာက္လိုက္တက္သူမို  ့ သိသိသာသာသတိထားမိသည္။
ယူခဲ့တုန္းကလည္း ဒီကေလးပါလားဆိုတဲ့
အသိနဲ ့မေက်နပ္ေပမဲ့ လက္ထက္ခဲ့၏။
အထိအေတြ ့ေတြနဲ ့သူစိတ္တိုင္းက်ႀကမ္းတမ္းခဲ့တုန္းကလည္း  သူအရာအားလံုး လိုက္ေလ်ာျဖည္းဆည္းေပးခဲ့တာဟာ  အမိန္ ့အာဏာဆိုတဲ့ေကာင္ေလးျဖစ္ေနလို ့ပင္။ မခ်စ္ခဲ့တာမဟုတ္ဘူး မခ်စ္ရဲေသးတာဆိုတာ
မေျပာျပခ်င္ေပမဲ့ နွလံုးသားကေတာ့
လက္သင့္မခံေတာ့ေပ။ 

"ေမာင္အရမ္းဝမ္းနည္းေနတယ္ "

ႀကမ္းေပၚမွာဒူးေထာက္ထိုင္ကာ လူတကိုယ္လံုးခ်စ္ျခင္းေပၚပစ္မွီၿပီး ေခါင္းတိုးငိုေႀကြးေနသူက
မ်က္နွာေလးေမာ့ကာေျပာလာေတာ့ ခ်စ္ျခင္း အသည္းေတြယားလာရသည္။

"ျပြတ္  "

နဖူးေလးကို အသံထြက္ေအာင္နမ္းေတာ့မ်က္ရည္ေတြက အိခနဲ ဝိုင္းလာျပန္သည္။

" ႁပြတ္"

ထပ္ငိုေတာ့မဲ့ပံုေၾကာင့္
မငိုေအာင္ မဲ့သြားတဲ့ နွဳတ္ခမ္းေလးကိုထပ္နမ္းမိေတာ့
တိတ္က်သြားတဲ့ရွဳိက္သံနဲ ့အတူ
မ်က္လံုးျပဴးေလးနဲ ့ေမာ့ႀကည့္လာသည္။

"ဟင့္… ဒီနားေလးေရာ "

ငိုလို ့မို ့ေနတဲ့ မ်က္လံုးကိုေရာလက္ညိဳးနဲ့ထိုးျပသည္မို ့ ခ်စ္ျခင္းဟက္ဟက္ပတ္ပတ္ရယ္ေမာပစ္လိုက္သည္။ အမိန္ ့အာဏာကတကယ္ေတာ့ လူလည္ ႀကီးပဲ။

"ျပြတ္ ျပြတ္  ျပြတ္ "

ပါးနွစ္ဖက္ကိုကိုင္ကာ မ်က္ႏွာအနွံ ့လိုက္နမ္းလိုက္ေတာ့မွ အငိုတိတ္ကာေက်နပ္သြားပီး ျပံဳးလာေတာ့သည္။ ဒါေတာင္ဒီနားေလးေရာ ဟိုနားေလးေရာ လုပ္ေနေသးသည္။ အငိုသန္တဲ့ကေလးမို ့
ေခ်ာ့တဲ့အေနျဖင့္ သူထိုးျပတဲ့ေနရာမွန္သမ်ွ လိုက္နမ္းေပးပီး အဆံုးသတ္ ကို
ခပ္ထူထူနူတ္ခမ္းသားထပ္မွာ အခ်ိန္ႀကာ
ႀကီးရပ္ တန္ ့လိုက္ေတာ့  အခြင့္ေရးမယူတက္တဲ့ အမိန္ ့က ခါးမွေပြ ့ခ်ီကာ ကုတင္ေပၚျပန္ေျပာင္းတင္၏ ။

"အြန္ ့!! ေဟ့ေကာင္ …မင္းေနာ္… အြန္းးးးး
မ်ားေနပီ မရဘူးေနာ္  ေဟ့ေဟ့.."

ခ်စ္တဲ့အိမ္စည္။

ရှည်သွယ်ပီး ဖုခြင်း၊ ထစ်ခြင်း ကင်းတဲ့သွယ်သွယ်လျလျလက်ကလေးမှာ
ညက သူကိုက်ထားတဲ့အရာလေးများက လက်ဖမိုးထက်မှာ အပီအပြင်နေရာယူလျက်ရှိသည်။
ချစ်မြတ်နိုးစိတ်နဲ့ နှာခေါင်းဖျားတွေးနစ်ဝင်အောင်နမ်းမိလိုက်တော့ အိစက်နေတဲ့အထိအတွေ့ က ရူးမိုက်ချင်စရာပင်။

တကယ်တကယ့်ကိုပဲ ချစ်ခြင်းက
ဘယ်နေရာမှ မလွတ်အောင်ကိုလှတာဖြစ်သည်။
မေးဖျားကနေ ဖွဖွလေး ဆွဲမော့ပြီး ကြည့်မိပြန်တော့လည်း ဒီမျက်နှာလေးကဘယ်တော့မှ မရိုးသွားပေ။ မျက်တောင်ဖျားတို့ က စင်းကျနေကာ အသက်ရှူ မှန်မှန်ထွက်လျက်  အိပ်ပျော်နေတာမို့   နှဖူးလေးကိုဖိ
ကပ်နမ်းမိပြန်သည်။ 

ကြည့်နေရင်းနဲ့တင်  ချစ်စိတ်တွေကပြန်ကြွလာသည်။ ထို့ ကြောင့်
မျက်လုံးမို့ မို့  ကိုငုံ့ နမ်းလိုက်၏ ။
ပြီးနောက် နှာဖျားနဲ့ ပါးလေးကို  အသာပွတ်တိုက်ဆွဲနမ်းလိုက်တော့ ပန်းရောင်သန်းသွားသည်မို့ နမ်းရှိုက်ခြင်းကိုရပ်လိုက်ရသည် ။

"မောင်မင်းကိုချစ်လိုက်ရတာ အချစ်ရယ်"

အမိန့် အသံကြောင့်ထင်၏။
မျက်တောင်ဖျားတို့ က လှုပ်ခတ်ကာ ဖွင့်ဟလာသည်။

"အချစ်… နိုးရင်ထတော့။ဒီနေ့  ဘိုးဘိုးကြီးက အလည်လာဖို့ ခေါ်ထားတယ်လေ"

"အင်းး ခနလေး "

မျက်လုံးမဖွင့်ပဲ အိပ်ချင်မူးတူးအသံလေးနဲ့ ပြောလာတာကြောင့် ထပ်ပီး အသံထွက်အောင် မျက်ခွံလေးပေါ်ဖိနမ်းလိုက်သည်။

"ပြွတ်"

"အာ… ထပီလို့ ..အမိန့် အာဏာ မင်းတော်တော်ဆိုးလာပီနော်  "

"မဆိုးပါဘူး ။ မင်းမှမထတာ.. ဒါကြောင့်
မောင်နမ်းပီးနှိုးပေးတာ"

"မကောင်းတဲ့ကောင်"

မျက်စောင်းထိုးပီးစူပုပ်ကာ ပြောတဲ့ ချစ်ခြင်းလေးကြောင့်  အမိန့် ကျေနပ်စွာ ရယ်လိုက် ပြီးမှ ထထိုင်သည်။ 

"ထနိုင်လား မောင်ပွေ့ ပေးမယ် "

ရှုံ့မဲ့သွားတဲ့မျက်နှာလေးကြောင့် အလိုက်တသိဆွဲပွေ့ ပီး ရေချိူးခန်းထဲလိုက်ပို့ လိုက်၏ ။အစကနေ အဆုံးအကုန်လိုက်လုပ်ပေးချင်ပေမဲ့ ချစ်ခြင်း မကြိုက်မည်ဆိုးလို့
အပြင်ထွက်ကာ ဝတ်မဲ့အဝတ်သာ ထုတ်ပေးလိုက်သည်။  

မိနစ်အနည်းငယ်ကြာပီးတဲ့နောက်မှာ
ရေချိုးခန်းတွင်း၌ အော်ခေါ်သံလေးထွက်
လာကာ တံခါးဝမှာချစ်ခြင်းက ခေါင်းလေးပြူ နေ၏။ အလိုက်တသိပင် ထုတ်ပေးထားတဲ့ အင်္ကျီလေးကို အမိန့် ယူပေးလိုက်သည်။
ခုထိရှက်နေသေးတဲ့
ချစ်ခြင်းပြည့်စုံသည် သူရှေ့ ဘယ်တော့မှအဝတ်မလဲသူ ဖြစ်ကာ ၊ ဘယ်တော့မှ
လည်း အဝတ်အစားအပြည့်စုံမပါပဲ ရေချိုးခန်းအပြင်မထွက်သူဖြစ်၏။

စာကြည့်စားပွဲပေါ်ကဖုန်းကိုယူကာ အောက်ထပ်က အိမ်အကူအဒေါ်ကြီးဆီဆက်လိုက်၏ ။ မနက်ပိုင်းတွင်သာ ချက်ပြုတ်ဖို့ ငှားထားသူမို့ တနေကုန် မရှိပဲ မနက်အစောကြီးလာပီး လုပ်စရာရှိတာလုပ်ပြီးပြန်သွားတက်တာမို့  ကျန်တဲ့အချိန်တော့အိမ်မှာမရှိပေ။

"Hello အဒေါ်ကြီး ဆန်ပြုတ်သက်သက်လွတ် လုပ်ပေးပါ မြန်မြန်လေးနော်။ "

မှာပြီးချက်ခြင်းဖုန်းချကာ ထိုင်နေတဲ့ဘေးကမွေ့ ယာပေါ်ပစ်ချကာ  ချစ်ခြင်းကိုစောင့်နေမိသည်။ မကြာဘူး
ထွက်လာတဲ့ အနီရောင်အရိပ်လေးကြောင့် အမိန့် ပြယာခတ်ရပြန်သည်။

"အချစ် ရေ… ခေါင်းလျှော်လာပြန်ပီလားကွာ ။ပြောင်အောင်လည်းမသုတ်ဘူး …လာထိုင်..မောင်သုတ်ပေးမယ်။နောက်ဆို
မနက်အစောကြီး  ခေါင်းမလျှော်နဲ့ နော်။
"

ရေစက်လက် မဟုတ်ပေမဲ့ ခပ်စိုစိုကျန်နေသေးတဲ့ ဆံပင်တွေကိုကိုင်ကြည့်
အမိန့်  စိုးရိမ်စွာညီးညူးမိသည်။

" ကြားလားလို့ မောင်ပြောနေတာ "

"အေးပါ ..ကြားပါတယ်။ နောက်ကို
မနက်အစောကြီး ခေါင်းမလျော်တော့ဘူး ။
ဟုတ်ပြီလား "

ခေါင်းညိမ့်ပြပြီး ချစ်ခြင်းကို မှန်တင်ခုံ ရှေ့ ထိုင်ခိုင်းကာ ပုခုံးပေါ်က တပါတ်နဲ့  ဖွဖွသုတ်ပေးမိသည်။ ပြီးမှ
ချစ်ခြင်းကို သက်ပြင်းချကာ ခေါ်လိုက်၏။

"ချစ်ခြင်း "

" အင်း "

"မောင်တို့ ဘိုးဘိုးကြီးဆီသွားနေရအောင်။အရင်က မောင်တို့ မပြေလည် လို့ အိမ်ခွဲနေကြပေမဲ့ …အခုတော့ ပြန်ပြောင်းနေသင့်ပီ ထင်လို့  …  အဲ့ဒါ အချစ်ရောဘယ်လို သဘောရလဲဟင်"

မေးခွန်းထဲမှာ တိုင်ပင်သံပါနေပေမဲ့
တောင်းဆိုချင်သံလေးလည်းပါနေသည်မို့
ချစ်ခြင်း အမိန့် ကို သနားသွားသည်။

"မင်းသဘောပါ … ငါက မင်းအိမ်ထောင်ဖက်ပဲ ..မင်းသွားရာလိုက်ရမှာပေါ့  "

"အချစ်ရာ..."

ဘာမှန်းမသိတဲ့ခံစားချက်တို့ ကရင်ထဲတလှိုက်လှိုက်တက်လာတာကြောင့် ချစ်ခြင်း
ပခုံးပေါ်ခေါင်းလေးတင်ပီးအမိန့်  ငြိမ်သွား၏။

ချစ်ခြင်းသည်  အရင်က စကားမပြောပဲအေးစက်စက်နေတက်ပေမဲ့ခုနောက်ပိုင်း
လိုက်လိုက်လျောလျော ဘေးကနေ
ဖြည့်ဆည်းပေးတက်လာသည်မို့ သူစိတ်ချမ်းသာရသည်။ 
ချစ်ခြင်းဆီက ခုလို အိမ်ထောင်သည်တွေလို ပြုမူပြောဆိုပုံလေးသည် တခါတောင်မရှိခဲ့ဘူးတာမို့  အမိန့် ရင်ထဲဝမ်းနည်း
လို့ လာ၏။
မိသားစုဝင်အများကြီးမရှိပဲအမြဲ
အထီကျန်ဆန်ခဲ့တဲ့ သူတို့ နှစ်ယောက်လုံး
သည် မေတ္တာငတ်မွတ်ခဲ့ကြသည်။
တယောက်ကိုတယောက် ဖေးမ ရင်း
အတူကုန်ဆုံးရမယ်ဆိုတဲ့အတွေးဝင်လာတော့ အမိန့် ငိုချင်လာသည်။
တသက်လုံးချစ်ခြင်းပြည့်စုံကို ဘေးနားမှာ ထားချင်သည်။ တီတီတာတာ စကားတွေနဲ့ ချွဲနွဲ့ စေချင်ခဲ့ဖူးသည်။ ဒါပေမဲ့
ချစ်ခြင်းနှုတ်က ဒီလိုလေးပြောလာတော့လည်း အမိန့်   ပျော်တာလိုလို ငိုချင်တာလိုလိုဖြစ်လာရ၏။

"ဘာဖြစ်သွားတာလဲ ။ မျက်နှာလေးကလည်းငယ်လို့ "

မှန်ထဲမှာ မြင်နေရတဲ့ပုံစံလေးကြောင့် ခေါင်းလေးကို လက်နဲ့ နောက်ပြန်
ပွတ်ပေးကာ ချော့မြူ လိုက်၏။

"မောင်လေ အရမ်းဝမ်းနည်းတာပဲ ။
အချစ်က မောင့်ကိုဘယ်တော့မှမချစ်တော့ဘူးလားလို့ တွေးပီး နာကျင်ခဲ့ရတာ …
ဘယ်လောက်ပဲ စိတ်မာတယ်ပြောပြော
မင်းနူတ်က ရင့်သီးတဲ့စကားတွေကြားရင်လည်းမောင့်နှလုံးသားက မခံစားနိုင်ဘူး။
အခုလို မောင်အိမ်ထောင်ဖက်တစ်ယောက်လို ဘေးနားမှာထပ်တူရှိဖို့ ပြောလာတော့လဲ ငိုချင်လာတယ်… မောင်လေ မောင်  မင်းကြောင့်ရူးနေပီးလားမသိဘူး ဟီးအီးးး"

ပြောရင် ခန္ဓာကိုယ်ပါ လှုပ်ခတ်လျက်
တုန်ရီစွာ အသံထွက်အောင် ငိုကြွေးလာသူကြောင့် ချစ်ခြင်း မျက်လုံးပြူးပီး
အံ့သြသွား၏။ ပခုံးပေါ်မျက်နှာမှောက်ကာ
ငိုယိုနေသူ မောင်အမိန့် သည် ခုတလော အရမ်းဝမ်းနည်းလွယ်နေသည်။ဒီတသက်
မချော့မခြင်းအငိုတိတ်မဲ့ပုံ မပေါ်တော့သည်မို့  ချစ်ခြင်း ဖြည်းဖြည်း ခြင်း မျက်နှာချင်းဆိုင်ဖြစ်အောင် လှည့်လိုက်တော့
ပခုံးပေါ်မှ ရင်ဖက်ပေါ် သို့ ပြန်ပြောင်းမှောက်ကာ တအီအီ ငိုနေပြန်၏။

ရင်ခွင်ထဲက ကောင်လေးကြောင့် ချစ်ခြင်းပြုံးကာ  ကျောလေးကိုပြန်သိုင်းဖက်ပီး
ကျန်လက်တစ်ဖက်က ခေါင်းကိုပွတ်ပေးနေမိသည်။

"မင်းအခုတလော အငိုသန်လာတယ်နော်
ညကကျ မင်းဒီလိုမဟုတ်ပဲအရမ်းတွေ
ယောကျာ်းပီသပြပီးတော့ တခြားသူတွေမြင်ရင် ရယ်ကုန်တော့မှာပဲ"

"ရယ်ရယ် ပေါ့  …ဟီး အီး … မောင်ငိုနေတာတောင် အချစ်က… အင့် …  နေနိုင်တယ်။ မောင် ဝမ်းနည်းနေတာကို ပျော်နေတယ်မို့ လား  "

ရှိုက်ကြီးတငင် ငိုနေတာတောင်
ရန်ပြန်တွေ့ ဖို့  မောင်မိန့် တစ်ယောက်
မမေ့ခဲ့။ စိတ်ရှည်စွာပင် ရင်ခွင်ထဲက ကိုယ်လုံးကြီးကို အတင်းဖျစ်ညစ်ကာ  ပြောလိုက်သည်။

" ချော့နေတယ်လေ  အခု "

"ဒါ ချော့တာမှမဟုတ်တာ…  ဟီးအီး … ဒါ
မောင့်ကို လှောင်နေတာ။ အနိုင်ကျင့်နေတာ "

"မဟုတ်ပါဘူးကွာ  … မင်းငိုတာချစ်ဖို့ ကောင်းလို့ ပါ ။  မလှောင်ဘူး …တကယ် "

အငိုဆဲသွားပေမဲ့ တချက်တချက် ရှိုက်နေသေးသည် ။ ချစ်ခြင်းသက်မောချလိုက်၏။  … ခုတလော အရမ်းချစ်ဖို့ ကောင်းအောင် အမိန့် နေတက်လာသည်။
စတွေ့ တုန်းကတည်းက ထူးထူးခြားခြား
နောက်ကတကောက်ကောက်လိုက်တက်သူမို့ သိသိသာသာသတိထားမိသည်။
ယူခဲ့တုန်းကလည်း ဒီကလေးပါလားဆိုတဲ့
အသိနဲ့ မကျေနပ်ပေမဲ့ လက်ထက်ခဲ့၏။
အထိအတွေ့ တွေနဲ့ သူစိတ်တိုင်းကျကြမ်းတမ်းခဲ့တုန်းကလည်း  သူအရာအားလုံး လိုက်လျောဖြည်းဆည်းပေးခဲ့တာဟာ  အမိန့် အာဏာဆိုတဲ့ကောင်လေးဖြစ်နေလို့ ပင်။ မချစ်ခဲ့တာမဟုတ်ဘူး မချစ်ရဲသေးတာဆိုတာ
မပြောပြချင်ပေမဲ့ နှလုံးသားကတော့
လက်သင့်မခံတော့ပေ။ 

"မောင်အရမ်းဝမ်းနည်းနေတယ် "

ကြမ်းပေါ်မှာဒူးထောက်ထိုင်ကာ လူတကိုယ်လုံးချစ်ခြင်းပေါ်ပစ်မှီပြီး ခေါင်းတိုးငိုကြွေးနေသူက
မျက်နှာလေးမော့ကာပြောလာတော့ ချစ်ခြင်း အသည်းတွေယားလာရသည်။

"ပြွတ်  "

နဖူးလေးကို အသံထွက်အောင်နမ်းတော့မျက်ရည်တွေက အိခနဲ ဝိုင်းလာပြန်သည်။

" ပြွတ်"

ထပ်ငိုတော့မဲ့ပုံကြောင့်
မငိုအောင် မဲ့သွားတဲ့ နှုတ်ခမ်းလေးကိုထပ်နမ်းမိတော့
တိတ်ကျသွားတဲ့ရှိုက်သံနဲ့ အတူ
မျက်လုံးပြူးလေးနဲ့ မော့ကြည့်လာသည်။

"ဟင့်… ဒီနားလေးရော "

ငိုလို့ မို့ နေတဲ့ မျက်လုံးကိုရောလက်ညိုးနဲ့ထိုးပြသည်မို့  ချစ်ခြင်းဟက်ဟက်ပတ်ပတ်ရယ်မောပစ်လိုက်သည်။ အမိန့် အာဏာကတကယ်တော့ လူလည် ကြီးပဲ။

"ပြွတ် ပြွတ်  ပြွတ် "

ပါးနှစ်ဖက်ကိုကိုင်ကာ မျက်နှာအနှံ့ လိုက်နမ်းလိုက်တော့မှ အငိုတိတ်ကာကျေနပ်သွားပီး ပြုံးလာတော့သည်။ ဒါတောင်ဒီနားလေးရော ဟိုနားလေးရော လုပ်နေသေးသည်။ အငိုသန်တဲ့ကလေးမို့ 
ချော့တဲ့အနေဖြင့် သူထိုးပြတဲ့နေရာမှန်သမျှ လိုက်နမ်းပေးပီး အဆုံးသတ် ကို
ခပ်ထူထူနူတ်ခမ်းသားထပ်မှာ အချိန်ကြာ
ကြီးရပ် တန့် လိုက်တော့  အခွင့်ရေးမယူတက်တဲ့ အမိန့် က ခါးမှပွေ့ ချီကာ ကုတင်ပေါ်ပြန်ပြောင်းတင်၏ ။

"အွန့် !! ဟေ့ကောင် …မင်းနော်… အွန်းးးးး
များနေပီ မရဘူးနော်  ဟေ့ဟေ့.."

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz