ခ်စ္အမိန္ ့( ချစအမိန့် ) (completed)
18
"တျခားဟာသြားလဲလိုက္ပါဦး
အချစ်ရယ်…
"ဟာ အချစ် …အဲ့ လိုနော် "
"အေး အဲ့လို ပဲ"
ကြာလာတော့
"အချစ်နော် "
"ပြောဘာလဲ"
မေးပြန်တော့လည်း ရွဲ့ တာလားဆိုတဲ့
"မောင်လည်း ဘယ်လောက်ဖုံးဖုံးပေါ်နေတာလေးကတောင် လှနိုင်လွန်းတဲ့
ယောကျာ်းကိုရထားတာ တကယ်မကောင်းဘူး"
"ဘော… မကောင်းတာလား"
" အာ ဘာလို့ မသွားရမှာလဲ။ သွားမှာပေါ့။ "
"အချစ် …ဟိုဟာလေး စားမယ်။"
"တခါတလေ မို့ ပါအချစ်ရာ ။ ပြီးတော့
"မပြန်ချင်ရင်နေခဲ့လေ။ "
"အချစ်လေးသဘော "
'ဘော အချစ်လေး "
ပြီမို ....
"အမိန့်  "
လက်ညိုးနဲ့ လက်ခလယ်လေးနှစ်ချောင်းပူးပြီး ဒီနားတိုးလို့ ခေါ်တဲ့ပုံမျိုးလေးလုပ်ပြတော့ 6 ' 1 "ရှိတဲ့အရပ်က ခါးကိုင်းပေး၏။
"ရွှတ်"
ဗုဒ္ဓေါ…
"ပြန်မယ် "
"အမ် "
မခံစားချင်တော့ပါ။
မက်မောလောက်စရာဖြစ်၏။
"ဖေကြီးရေ!! "
"မကြောက်နဲ့  မင်းပြုတ်ကျမှာမဟုတ်ဘူး "
ခေါင်လေးမှီရင်း
ချိုသည်။ အရမ်းချိုသည်။
"အင်း "
မရှိဘူး ချစ်ခြင်း……။
ချစ်တဲ့အိမ်စည်။
"တခြားဟာသွားလဲလိုက်ပါအုန်း
အချစ်ရယ်…
ဒါအင်္ကျီနဲ့ မင်းအရမ်းကြီးလှနေတယ်"
အနီရောင် လက်ရှည်ပွပွမှာ ရင်ဖက်နားလေးက အဖြူရောင်အသဲပုံစတစ်ကာလေးကိုပလက်တီနမ်
ချိန်းကြိုးလေးနဲ့ တွဲထားတဲ့ပုံလေးက
တကယ်ကိုချစ်ခြင်းနဲ့ လိုက်လွန်းနေတယ်။
"ကျစ် !! မင်းများနေပီနော်အမိန့် ။ ငါဒါနဲ့ ဆို သုံးခါမြောက်လဲပြီးတာ။ မလဲနိုင်တော့ဘူး.. မင်းမကြိုက်ရင် မသွားရုံပဲ "
"ဟာ အချစ် …အဲ့ လိုနော် "
"အေး အဲ့လို ပဲ"
အမြင်မကြည်လာသည်မို့ ရွဲ့ ပြီးပြောမိသည်။
ဒါကို မကျေနပ်သွားပုံရ ကာ ချွန်ထွက်နေတဲ့ နူတ်ခမ်းက တချက်တချက် ပွစိပွစိနဲ့ မကြားအောင်တိုးတိုးရေရွတ်နေသေးသည်။
ကြာလာတော့
အမိန့် ကို ချစ်ခြင်းစိတ်မရှည်တော့ပါ။
အနီရောင်ပဲဝတ်တက်သည်မို့ အရောင်
တစ်မျိုးထဲနဲ့ မျိုးစုံအောင် ရှိတဲ့ အကျီ င်္တွေဆိုပေမဲ့ဘာဝတ်ဝတ် သိပ် ထူးခြာစွာ
ပြောင်းလဲသွားတာမရှိပေ။ ဒါကိုပင် သုံးခါမြောက်သည်ထိမပြီးနိုင်အောင်ရစ်နေတဲ့ အမိန့် ကဘာဖြစ်ချင်နေတာလဲ။
"အချစ်နော် "
"ပြောဘာလဲ"
မေးပြန်တော့လဲ ရွဲ့ တာလားဆိုတဲ့
မျက်လုံးအကြည့်တို့ က ရောက်လာပြန်သည်။ ကဲ ဘယ်လိုနေမှကျေနပ်မှာလဲ။
လက်သည်းနဲ့ သာ ကုတ်ဖဲ့ ပစ်ချင်ပေမဲ့
လုပ်နေတဲ့ပုံလေးက ချစ်စရာလေးမို့
စိတ်ကိုသာလျော့ချထားရတော့သည်။
"ဒါဆို ဒီဦးထုပ်လေးပါ စောင်းထားလိုက်"
ခေါင်းပေါ်ရောက်လာတဲ့ လျှာထိုးဦးထုပ်
အနက်လေးကြောင့်ချစ်ခြင်းဘာမှဆက်မပြောလိုက်တော့ပေ။ တကိုယ်လုံးသူ့ စိတ်ကြိုက် လက်ဖျားတွေထိ ဖုံးနေတဲ့
ခပ်ကြီးကြီးပွပွအကျ င်္ီရယ် ၊ဟိုတလောက သူOnlineကနေမှာပေးထားတဲ့
အနက်ရောင် ဘောင်းဘီပွပွရယ်နဲ့
မြုပ်ချင်တိုင်းမြုပ်နေတာတောင် သိပ်စိတ်ပြေသေးပုံမရတဲ့အမိန့် ကို ထိပ်ကိုသာထုချင်တော့သည်။
"အချစ်ခံနေရတာဆိုတာ တကယ်မကောင်ဘူး ဟူး ……"
သက်ပြင်းချကာပြောတော့ အားကျမခံသူကပါ…
"မောင်လဲ ဘယ်လောက်ဖုံးဖုံးပေါ်နေတာလေးကတောင် လှနိုင်လွန်းတဲ့
ယောကျာ်းကိုရထားတာလဲ မကောင်းဘူး"
"ဘော… မကောင်းတာလား"
"အချစ်နော် မသွားချင် မသွားတော့နဲ့
လာ… လာ… အိပ်ရအောင် ရှုပ်တယ်"
" အာ ဘာလို့ မသွားရမှာလဲ။ သွားမှာပေါ့။ "
အတင်းအခန်းထဲပြန်ဆွဲခေါ်နေတဲ့ အမိန့်
ကြောင့် ချစ်ခြင်း တံခါးဘောင်ကိုသာ ဆွဲထားရသည်။ အခန်းထဲလိုက်စရာ
လား …ဒီချိန်ကြီးခေါ်တယ်ဆိုကတည်းက
ဒီကောင်ဘာလုပ်ချင်တာလဲဆိုတာမသိရအောင် ချစ်ခြင်း က ရူးနေတာမှမဟုတ်တာ။
ထိုနေ့ က ငြင်းလိုက် ခုံလိုက်နဲ့ ညဈေးဆိုတာကိုအတော်ကြီးနောက်ကျမှရောက်သွားကြ၏ ။
"အချစ် …ဟိုဟာလေး စားမယ်။"
" စပ်ကစပ်နဲ့ ။ မင်း က ဒါတွေလည်းကြိုက်တာပဲလား"
စရောက်တည်းက မလွတ်တမ်းဆွဲထားတဲ့
လက်တို့ သည် ဘယ်သွားသွား ချစ်ခြင်းရုန်းမရအောင် ဆွဲကိုင်ထားသည်မို့ အမိန့် သွားလေရာတန်းလန်းတန်းလန်းနောက်ကပါနေရသည်။
အခုလည်း ယိုးဒယားသင်္ဘောသီးထောင်းဆိုင်ရှေ့ တွင်အမိန့် တစ်ယောက် သရေတမြားမြားကျနေတဲ့ပုံနဲ့ ရပ်စောင့်နေပီး ချစ်ခြင်းပါဘေးမှာတွဲရက် အတူရပ်စောင့်ပေးနေရ၏။
" မင်းဒီလောက်စားနိုင်လိမ့်မယ်လို့ ထင်မထားဘူး။ "
"တခါတလေ မို့ ပါအချစ်ရာ ။ ပြီးတော့
မင်းနဲ့ တခါမှ ခုလိုမသွားဖူးတော့ ပျော်နေတာလည်းပါပါ တယ်။ ဒီနေ့ တော့မသိချင်ယောင်ပေးတော့အချစ်ရေ ။ မောင်ကတော့ စားမှာပဲ ။ အပြန်ကြရင်လည်း ရေခဲမုန့် ဝယ်အုန်းမှာနော် '
မျက်ခုံးပင့်ကြည့်ကာ ခေါင်းရမ်းလိုက်မိသည်။ ရောက်ကတည်းက စားလိုက်တာဆိုသည်မှာလည်း တလမ်းလုံး တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် အမိန့် အတော်လေးစားနိုင်ပေသည်။
" ဒါလေးဝယ်ပီးရင်တော့ပြန်ကြတာပေါ့ နော့.. "
ခေါင်းလေးလှည့်ပီးပြောပုံက လုပ်ချင်ရာလုပ်ရ၍ပျော်နေပုံပင်။
တခါတလေကျရင် သူမဟုတ်တဲ့အတိုင်း အရမ်းကလေးဆန်ကာ ဖြူစင်နေပြန်သည်။
"မပြန်ချင်ရင်နေခဲ့လေ။ "
"နေခဲ့ဘူး ။ မင်းနဲ့ အတူတူ ဘယ်သွားသွားလိုက်ခဲ့မှာ။ "
"ဆေးဝယ်ခဲ့အုန်းမှထင်တယ်။ မင်းဒီနေ့
အများကြီးစားထားတာ ညတခုခုဖြစ်ရင်
ငါဘာမှလုပ်တက်တာမဟုတ်ဘူး "
"အချစ်လေးသဘော "
'ဘော အချစ်လေး "
ဆဲတာကိုပင် သဘောကျစွာ ပြုံးနေသေးတာမို့ အူယားလာ၏။
မနေနိုင်တော့ တွဲထားတဲ့ လက်လေးကိုဆွဲယူကိုက်ပစ်လိုက်သည်။
နာနာကျင်ကျင် ကိုက်လိုက်တာမျိုးမဟုတ်ပဲ
ကလေးလေးတွေ စသလိုမျိုးလောက်သာ
ကိုက်လိုက်တာကြောင့် မျက်လုံးလေးပြူး
ကာ ငြိမ်ခံနေ၏။ တသိမ့်သိမ့်တငြိမ့်ငြိမ့်နဲ့ ထွေးပွေ့ နမ်းရှိုက်ချင်မူ့ ကထိန်းမရတော့
ပြီမို ....
"အမိန့် "
လက်ညိုးနဲ့ လက်ခလယ်လေးနှစ်ချောင်းပူးပြီး ဒီနားတိုးလို့ ခေါ်တဲ့ပုံမျိူးလေးလုပ်ပြတော့ 6 ' 1 "ရှိတဲ့အရပ်က ခါးကိုင်းပေး၏။
"ရွှတ်"
ဗုဒ္ဓေါ…
ပူနွေးသွားတဲ့ပါးတစ်ဖက်ကြောင့်
အမိန့် ကမ္ဘာကြီးရပ်တန့် သွားသလိုဖြစ်သွားသည်။ ကုန်းထားတဲ့ခါးကိုလည်းပြန်မဖြောင့်အား နှစ်စက္ကန့်လောက် သူသတိလွတ်သွား၏။
ထို့ နောက် လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ အံကြိတ်ကာပြောလိုက်တယ်။
"ပြန်မယ် "
"အမ် "
"ပြန်မယ်လို့ ပြောနေတာ .. လာခဲ့ "
လက်ဖဝါးကို အတင်းဆုပ်ကိုင်ဆွဲခေါ်သူကြောင့် ချစ်ခြင်းမှာ နောက်က အတင်းဒရောသောပါး ပြေးလိုက်နေရသည်။
"ဟဲ့ကောင်လေးတွေ ဒီမှာ သဘောင်္သီးထောင်းရနေပြီလေ .."
နောက်ကျန်နေခဲ့သော သဘောင်္သီးထောင်းသည်အန်တီကြီးရဲ့ လှမ်းအော်ခေါ်သံကိုလဲ အမိန့် မကြားတော့ပေ။
လူတွေဖြတ်သန်းသွားလာနေကြတဲ့ ညဈေးတန်းရဲ့ အလှကိုလဲ နှစ်ယောက်သား အေးအေးဆေးဆေး လမ်းလျှောက်ပီးလည်း
မခံစားချင်တော့ပါ။
အပြန်ကျမှ ဝယ်စားဖို့ ကြံထားတဲ့ ရေခဲမုန့် လည်း ဝယ်စားဖို့ မေ့ခဲ့သည်။
ဒီချိန်မှာ အိမ်ကိုသာမြန်မြန်ပြန်ရောက်ချင်သည်။ ချစ်ခြင်းသည် သူ့ ကိုစိတ်လှုပ်ရှားအောင်အမြဲလုပ်နိုင်စွမ်းရှိသူဖြစ်သည်။ သေးငယ်သော အပြုမူလေးဖြစ်ပါစေ
အမိန့် အတွက်ကတော့ ထိုအရာသည်
မက်မောလောက်စရာဖြစ်၏။
တလမ်းလုံး မျက်နှာကြီးနီကာ ကားမောင်းနေသော အမိန့် ကြောင့်
ချစ်ခြင်း တံတွေးကိုသာမြိုချနေရသည်။
မိနှစ်၂၀ခန့် ကြာပြီးသည့်နောက်မှာ ကားကလေးသည် အိမ်ရှေ့ကိုအချိုးမပြေစွာ ထိုးရပ်သွားသည်။ ထို့ နောက်အမိန့် သည် ကားပေါ်က အလျှင်အမြန်ဆင်းသွားကာ ချစ်ခြင်းဖက်က တံခါးကို ဆွဲဖွင့်၏။
"ဖေကြီးရေ!! "
အပြင်ကို ဆွဲပွေ့ ထုတ်ခံလိုက်ရတာမို့
ချစ်ခြင်း၏အ လန့် တကြားအော်သံကထွက်လာ၏။
"မကြောက်နဲ့ မင်းပြုတ်ကြမှာမဟုတ်ဘူး "
ငုံ့ ကြည့်ကာဆိုလာတဲ့စကားတွေက
ချစ်ခြင်းကို ရှက်ရွံ့ မူ့ ကိုဖြစ်ပေါ်စေသည်။
ရင်မဆိုင်ရဲတော့သည်မို့ လည်ပင်းကိုသိုင်းဖက်ကာ ပွေ့ ချီခေါ်ရာသို့
ခေါင်လေးမှီရင်း
ငြိမ်ငြိမ်လေး လိုက်သွားခဲ့မိ၏။
"မောင်လေ မင်းကို မနမ်းရရင် ရူးသွားတော့မလိုပဲ အချစ်ရာ။ မျက်နှာလေးမော့ပေး
ပါလားဟင်..။မောင် ..မောင်မင်းကို အရမ်းနမ်းချင်နေလို့ ပါ "
သြရှရှ အသံရဲ့ ထိန်းကွပ်မူ့ အောက်မှာ
နာခံလိုစွာ မျက်နှာလေးမော့ပေးလိုက်တော့ နုညံ့ပြင်းရှတဲ့ အနမ်းနွေးနွေးက
နှုတ်ခမ်းပေါ် ထပ်တူကျရောက်လာ၏။
ချိုသည်။ အရမ်းချိုသည်။
အမိန့်ရဲ့နှုတ်ခမ်းတွေသည် နုညံ့စွာ စုပ်ယူနမ်းရှိုက်နေသည်။ ထို့ နောက်တဖြည်းဖြည်း ပြင်းရှစွာထိတွေ့ လာတာကြောင့်
ချစ်ခြင်းကိုယ်တိုင် သွေးသားတွေဆူပွက်လာရသည်။ အခန်းထဲကိုဘယ်ချိန်ပြန်ရောက်သလဲ ဆိုတာချစ်ခြင်းမသိတော့။
သတိထားမိတဲ့အချိန်တွင် ချစ်ခြင်းသည်
မွေ့ ယာပေါ်မှာထိုင်နေပြီး အမိန့် ကတော့
ကုတင်ဘေးမှာ မတ်တပ်ရပ်ကာနမ်းနေတာဖြစ်သည်။
"အွန်း အွန့် ဖယ် ..ဖယ်အုန်း "
ထူဆန်းမောဟိုက်လာတော့ ရင်ဖက်ကို တွန်းတားမိသည်။ ဖွဖွလေးပြန်လွတ်ပေးပြီးတဲ့နောက်မှာ အမိန့် သည် ချစ်ခြင်းနှဖူးကို ထိကပ်ရင်းပြောလာ၏။
"မောင်မင်းကို သိပ်ချစ်တယ် "
ကြင်နာမြတ်နိုးမူ့ သန်းနေသော စကားတို့ ကြောင့် နှလုံးသားတစုံသည် ပူနွေး လှိုက်ဖိုလာရပြီး ပါးပြင်နှစ်ဖက်သည်လည်းလည်း နှင်းဆီပွင့်ဖက်လေးလိုရဲလျက်နေ၏။
အမိန့် ကတော့ ချစ်ခြင်းရဲ့ထိုပုံစံလေးကို သဘောကျစွာပြုံးကြည့်နေမိသည်။
ထို့ နောက်အသာအယာ အိပ်ယာထပ်သို့ ဆွဲပွေ့ လှဲလျောင်းစေပြီး ...
"မင်းကို ချစ်လားလို့ တခါမှမမေးဘူးဘူး
သတိထားမိလား ချစ်ခြင်း "
သွေးကြောစိမ်းလေးတွေ ယှက်ဖြာနေတဲ့
သွယ်လျလှတဲ့ လက်ကလေးကို
ဆွဲ ကိုင်ကာမေးလိုက်သည်။
"အင်း "
"အချစ်ဆိုတာအကြောင်းပြချက်
မရှိဘူး ချစ်ခြင်း……။
မင်းကိုစချစ်တုန်းက သိပ်လှလို့ ရင်ခုန်ခဲ့တာမောင်ဝန်ခံပါတယ်။ နောက်ပိုင်းမှ
မတွေ့ ရရင် မနေနိုင်လောက်အောင် မင်းမှမင်းဖြစ်လာတာ။ တစိမ့်စိမ့်တွေးရင်း အိပ်မပျော်ရတဲ့ ညတွေလည်းများတယ်။ တခါတလေ အချစ်ကအံ့သြစရာပဲနော်။ မင်းနဲ့ အခုလိုလေး ဖြစ်သွားလိမ့်မယ်လို့ မောင်မမျော်လင့်ရဲခဲ့ဖူးဘူး "
ဆွဲဖက်ခံထားရတဲ့ ချစ်ခြင်းသည် အမိန့် စကားတွေကြောင့် ရင်ခွင်ထဲကို အတင်းတိုးကပ်ဝင်ပုန်းမိသည်။ ဒါကိုပဲ အမိန့် က သဘော ကျစွာ ဆံပင်တွေကိုငုံ့နမ်းလိုက်သေးသည်။
" မင်းကိုတွေ့ ရင်လေ.. မောင့် မချစ်ပဲမနေနိုင်ဘူး။ တနေ့ထပ်တနေ့ တိုးတိုးချစ်လာတာ ။
မောင့်နှလုံးသားတွေ ဆိုရင် မျက်လုံးနှစ်လုံးဖွင့်လိုက်ကတည်းက ချစ်ခြင်းကိုတွေ့ ချင်တယ်… ၊ ချစ်ခြင်းဆီသွားချင်တယ်
လို့ …အော်ပြီးမှနိုးလာသလိုပဲ ။မင်းကိုပဲအိပ်ယာနိုးတာနဲ့ တွေ့ ချင်နေတော့တာ ။"
"မောင့်အချစ်တွေစစ်မှန်ရင် မင်းရင်ထဲခံစားမိလာမှာပါ ။မောင်မင်းကို ဖိအားမပေးချင်ဘူး ချစ်ခြင်း။ တနေ့ နေ့ မင်းပါးစပ်ကနေ… မောင်မမေးပဲလိုလို ချင်ချင် ပြောလာတဲ့အထိ မောင်စောင့်ပေးမှာပါ။
မင်းအတွက်ခင်ပွန်းကောင်းပီသအောင်…
မင်းအားကိုးလာအောင်… မောင်ကြိုးစားနေတယ်။
ဒါကြောင့် မင်းရင်ထဲမှာရှိခဲ့တဲ့ ဒဏ်ရာတွေကိုမေ့ လိုက်ပါတော့။ သာယာ
တဲ့အိမ်ထောင်ရေးကို မင်းမိဘတွေနဲ့ မတူအောင် မင်းအစွမ်းစနဲ့ ဖန်တီးလို့ ရတယ် အချစ်ရာ …။ မင်းမောင့်ကို စိတ်ချလက်ချယုံကြည်လို့ ရပါတယ် "
တည်ကြည်တဲ့ အသံလှိုင်းတို့ က
ချစ်ခြင်းနှလုံးသားမှတဆင့်သွေးကြောထဲထိ တငြိမ့်ငြိမ့် နွေးထွေးစွာစီးဝင်သွားတာကြောင့်
ရစ်သိုင်းလာတဲ့မျက်ရည်စတို့ ကို မမြင်အောင် အားကိုးရတဲ့ရင်ခွင်ထဲသို့ တိုးဝင်ကာနေလိုက်မိသည်။
" မောင်တို့ ရန်မဖြစ်ပဲ နေကြရအောင်။ "
ရင်ခွင်ထဲကနေ ခေါင်းညိမ့်ပြတော့
ဆံပင်တွေကိုပွတ်သပ်ပေးပြန်သည်။
အခုကြလည်းသူမဟုတ်သလို ပင်။
မနက်ကတော့ ငိုလိုက်ရယ်လိုက်နဲ့ ။
တွေးမိတော့ ကိုယ်ပါ သဘောကျစွာရယ်မိ၏။
"ရယ်ပြန်ပီ ဘာလဲ။ မောင့်ပြောတဲ့စကားတွေထဲမှာ ရယ်စရာပါလို့ လား " "
"မဟုတ်ပါဘူး… မင်းလေ …။ တနေလုံးငိုလိုက်ရယ်လိုက်နဲ့ ကလေးလို လုပ်နေပီး
အိပ်ယာထဲရောက်တာနဲ့ တခါထဲလေသံပြောင်းသွားတာကိုတွေးမိလို့ ပါ"
"ဒါကြောင့်ရယ်တယ်ပေါ့ ဟုတ်လား…
မောင်ဘယ်လောက် လူကြီးဆန်လဲဆိုတာ အချစ်က သိချင်မှတော့ သက်သေပြရမှာပေါ့ "
"အား …အမိန့် အာဏာ …မင်းနော်… လွှတ်ဆို...အာ့… မဟုတ်ဘူး… အွန့် "
တိုးတိတ်သွားတဲ့အသံတွေနဲ့ ထပ်တူ
ချစ်ခြင်းရဲ့ အသံတိုးတိုးလေးသာ လေနဲ့ အတူ ခပ်သဲ့သဲ့သာကပ်ပါလာ၏။ …………
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz