ZingTruyen.Xyz
ခ်စ္အမိန္ ့( ချစအမိန့် ) (completed)
17
eainsi23
မေးလိုက်သည်။
စိတ်နဲ့ ပဲ ။
ပြလာပြီ ဗီဇတွေက.. တောက်!!
"အင်း မိန်းမ မဟုတ်ဘူး ...။
ဖုံးလွှမ်းသွားတော့၏။
_____
"ကျစ် "
ကြောင့် ......
"အာ့ "
"ဟင်! ဘာဖြစ်တာလဲ "
"ဘောပဲ ...။ ဘာဖြစ်ရမှာလဲ ။
"ဟုတ်လား ...။ဖယ် မောင်ကြည့်ပေးမယ် "
အချစ်ရယ် ... နော် "
လိုက်သည်။
သူဒီကလေး
"ဘာဖြစ်တာလဲ ...။ဘာလို့ ငိုနေတာလဲ"
ရှိုက်သံက မဆဲသေး။
"ဟမ် ! "
ရယ်မောလိုက်သည်။ ဒီကောင်လေးနဲ့
______
"ပြော... ဘာပြောမလို့ လဲ ... ။
စိတ်မရှည်ဖြစ်လာရ၏။
"ခွီး "
ထို့ ကြာင့်လက်ကာပြကာ
မျှော်လင့်
မငြင်းရက်တော့ပေ။
"အင်း..အင်း ဒါပဲမို့ လား။ ငါစာဖတ်မလို့ 
မရှုပ်တော့နဲ့ "
မပြောဘူး "
အိကနဲ ဝိုင်းလာတဲ့
တိတ်တိတ် မငိုနဲ့ တော့ "
အိမ်ထဲဝင်သွား၏ ...။
ချစ်ခြင်းသည်
ချစ်တဲ့အိမ်စည်။
"မင်း ငါ့ကိုလာ မချုပ်ချယ် နဲ့ "
"မောင်ချုပ်ချယ်နေတာမှ မဟုတ်တာ
မင်းဘာမှမလုပ်လဲ ဆယ်သက်စားမကောင်အောင် မောင် ရှာနေတာ ဘာလုပ်မှာလဲ"
ပြောနေရင်းစိတ်မရှည်လာတာကြောင့်
သောက်လက်စ ရေခွက်ကိုပါ ဒုန်းခနဲမြည်အောင့်စောင့်ချလိုက်တော့ ဒေါသနဲ့
မျက်ဝန်းတွေက ချက်ခြင်းရောက်လာ၏။
သူပြိုင်ကိုယ်ပြိုင်ဒေါသထွက်နေရအောင်
ခုမှပြေလည်ခါစအိမ်ထောင်ရေးမို့
ချစ်ခြင်းဖက်က စိတ်ညစ်သွားမှာအမိန့်
စိုးရိမ်သည်။ ထို့ ကြောင့် သက်ပြင်းချကာ စိတ်လျော့ပြီး အကြည့်တို့ ကို ရှောင်လွှဲမိသည်။
" မင်းအဲ့လို ကပ်သပ်မပြောနဲ့ လေ။
ငါ့ကိုပေးထားတယ်ဆိုပြီး ဘိုးဘိုးကြီးက
ဆိုင်ကိုမှမသွားတော့တာ။ ပြီးတော့ဒါတွေထိလိုက်လုပ်နေရအောင် မင်းအဘိုးက
အသက်ကြီးနေပြီ ။ ငါမှဝိုင်းမကူရင်ဘယ်သူ လုပ်မှာလဲ မင်းလား "
စိတ်တိုတာကြောင့် လက်ညိုးနဲ့ ထိုးကာ
မေးလိုက်သည်။
သူမှဒေါသထွက်တာလားကိုယ်လည်း
စိတ်နဲ့ ပဲ ။
ဝိုင်းကြည့်နေကျမှာသိသိရက်နဲ့ သွားချင်မလားစဉ်းစားလေ ဦးနှောက်က ။ ချစ်ချစ်ခင်ခင်ဖြတ်သန်းနေကြတာမျိုးမဟုတ်ပေမဲ့ ကိုယ်ဖက်ကလည်း အဆင်မပြေတဲ့အိမ်ထောင်ရေးမျိုးမဖြစ်အောင် ဂရုစိုက်ပေးနေတာတလနီးပါးတောင်ရှိခဲ့ပြီ။
အိမ်ထောင်သက်လေး သုံးလလေး
တောင်မကျော်ချင်သေးဘူး။
ပြလာပြီ ဗီဇတွေက.. တောက်!!
ယောကျာ်းတွေကောင်းကိုမကောင်းဘူး..
"အချစ် ကလည်း... မောင်မှမင်းကိုစိတ်မချပဲ ။ ဖြစ်နိုင်ရင် မင်းကိုဘယ်မှကို မလွှတ်ချင်တာ ။ ဟိုတခါကလို ထပ်ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ "
အဖျားရှုးကာတိုးဝင်သွားတဲ့အသံကြောင့်
ချစ်ခြင်းသက်မောချရပြန်သည်။
"ငါလည်း သွားချင် ပါ့မလား...။
ဒါပေမဲ့မသွား လို့ မှမရတာ။
ငါအမြဲမသွားပါဘူး ခနတဖြုတ်သွား
ကြည့်တာဘာညာလောက်ပဲလုပ်မှာပါ။
စိတ်ပူရအောင်... ငါကမိန်းမလား"
"အင်း မိန်းမ မဟုတ်ဘူး ...။
ဒါပေမဲ့ မောင့်အတွက်ကတော့
ဘယ်သူနဲ့ ယှဉ် လို့ မရတဲ့ မောင့်နှလုံးသား၊ မောင့်အသက်လေး "
ပြီတီတီအကြည့်နဲ့ အပြောကြောင့်
ဆဲသံတွေ တသီတတန်း ချစ်ခြင်းနူတ်ခမ်းကထွက်ကျလာသော်လည်း အမိန့် ရဲ့တဟားဟားရယ် သံတွေနဲ့ သာထမင်းစားခန်းမှာ
ဖုံးလွှမ်းသွားတော့၏။
တခါတလေ ချစ်ခြင်းတို့ အိမ်ထောင်ရေးသည် ထိုသို့ ပင်။
အဆဲခံရပါများလာလို့ လားမသိ ..
အမိန့် တယောက်ကတော့ချစ်ခြင်း စိတ်ဆိုးလေကြိုက်လေပဲ။
ကြာလာတော့ ချစ်ခြင်းကိုယ်တိုင်
အမိန့် အာဏာ ပေးတဲ့ ဘဝသစ်မှာ နေသားကျလို့ လာသည်။
_____
"ကျစ် "
မိုးလင်းလို့ မျက်လုံးနှစ်လုံးကမဖွင့်ရသေး တင်းကြပ်ကြပ် အဖက်ခံထားရတဲ့
ခါးနေရာက နာကျင်နေတာက အသိနဲ့ တင်ခံစားလို့ ရနေ၏။ ခါးပေါ်ကလက်ကို ဆွဲဖယ်လိုက်တော့ အနည်းငယ် ကြွ သွားပီးမှ
ချက်ခြင်း အိပ်ချင်မူးတူးနဲ့ တိုးဖက်လာသူ
ကြောင့် ......
"အာ့ "
ပူထူသွားတဲ့ ခါးကိုကိုင်ပီးခပ်တိုးတိုးအော်ညီးမိတော့ အိပ်နေတဲ့အမိန့် က အလန့် တကြားမျက်လုံးဖွင့်လာ၏။
"ဟင်! ဘာဖြစ်တာလဲ "
"ဘောပဲ ...။ ဘာဖြစ်ရမှာလဲ ။
မင်းတညလုံး အတင်းဖက်ထားမှတော့ ဖြစ်ပြီပေါ့ ။ ဖယ်စမ်းအဲ့လက်တွေ ကျွတ် ..ကျွတ် ငါ့ခါးကျိုးပီလားမသိဘူး "
အပြောနဲ့ အတူအားနှင့်ဆွဲဖယ်ခံလိုက်ရတဲ့ လက်တွေက အရှိန်နဲ့ လွင့်သွားတာမို့ အမိန့် အလန့် တကြားထထိုင်လိုက်မိသည်။
"ဟုတ်လား ...။ဖယ် မောင်ကြည့်ပေးမယ် "
ပြားချပ်ချပ် ဗိုက်သားပေါ်က အနီရောင်
ညဝတ်အင်္ကျီစ ကို ဖယ်ကြည့်လိုက်တော့
အမိန့် ဟာ ခနဲတောင် ဖြစ်သွားရ၏ ။
သနားစိတ်နဲ့ လူကလည်း စိတ်မကောင်းဖြစ်သွား၏။
အသားရေပါးသူတွေကို အမိန့် တွေ့ ဖူးသည်။
ဒါပေမဲ့ ချစ်ခြင်းလို အသားရေမျိုးကိုတော့ အမိန့် တခါမှမတွေ့ ဖူးပေ။
ဆွဲဖက်ခံထားရတဲ့ ခါးစပ်ပေါ်မှာ အမိန့် လက်ရာကြီးသည် ထင်ရှားစွာပေါ်နေ၏။
အရမ်း နုညံ့လွန်းတာသိပေမဲ့ ခုလောက်ကြီးထိ တော့ အမိန့် မျှော်လင့်မထားခဲ့ပေ။
ခါတိုင်းလဲ သူအကြမ်းပတမ်းလုပ်မိသည့်အခါမျိုးလဲ ဒါမျိုးဖြစ်တက်သလားဆိုတာ အနားအကပ်မခံ၍အမိန့် မသိခဲ့ပါ ။
ချစ်ခြင်းကိုယ်ပေါ်မှာ နီညိုညို အကွက်တွေ အဝေးကတွေ့ ရတုန်းကတော့ ကိုယ့်ကိုက်ရာတွေဆိုပြီးဂုဏ်ယူခဲ့ရဖူးသည်။
ခုလို နီးကပ်စွာ နေမှ ချစ်ခြင်းသည် လုံးဝအထိခိုက်မခံဘူးဆိုတာ သိလာတာဖြစ်သည်။ အရင် အမိန့် မသိခဲ့တဲ့အချိန်တုန်းကဆိုလျှင် ဘယ်လောက်တောင်နာရှာလိမ့်မလဲဆိုတဲ့ သနားစိတ်တို့ ကြောင့် လူက နေလို့ ပင်ရတော့ပေ။
"မောင် ... မောင် တောင်းပန်ပါတယ် ။
နောက်ကို ဒီလောက်မကြမ်းတော့ပါဘူး
အချစ်ရယ် ... နော် "
ထွက်ပေါ်လာတဲ့အသံက တုန်ရီနေပြီး
အဆုံးသတ်မှာတိုးဝင်သွားတာကြောင့်
ချစ်ခြင်း မော့ကြည့်လိုက်သည်။
ငုံ့ ထားတဲ့ ခေါင်းနဲ့ အတူ ခန္ဓာကိုယ်သည်
လှုပ်ရမ်းကာ တသိမ့်သိမ့်တုန်နေသည်မို့
"ဟေ့ ငိုနေတာလား... မော့စမ်း မျက်နာ "
နာနေတဲ့ ခါးကိုအသာထားပြီး လူကအတင်းကြုံးထလိုက်၏ ...။
အမြဲ မထိတထိနဲ့ သန်မာပြီးခေါင်းမာတက်သော စွာစိလန်က
တခါမှမမြင်ဘူးစွာ...ငိုလိုက်တာကြောင့်
ချစ်ခြင်းလန့် သွားတာလဲပါသည်။ ကောင်လေးရဲ့ ထင်းထွက်နေတဲ့ မေးရိုးတို့ ကို လက်နဲ့ ကိုင်ဆွဲမော့လိုက်တော့
အနီရောင် သန်းနေတဲ့ မျက်ခမ်းစပ်တို့ နဲ့
တအိအိ ကျဆင်းဖို့ ပြင်နေတဲ့
မျက်သားအပြည့်မျက်ရည်စတွေကြောင့် ချစ်ခြင်းအလိုမကျစွာ မျက်မှောင်ကြုတ်
လိုက်သည်။
သူဒီကလေး
အားနည်းတာကို မမြင်နိုင်ဘူး... တကယ်။
"ဘာဖြစ်တာလဲ ...။ဘာလို့ ငိုနေတာလဲ"
"မောင်တောင်းပန်ပါတယ်အချစ်ရယ်
မောင့်ကြောင့် ...ဟင့်... မင်းနာသွားပြီ
မောင် တကယ် မကောင်းတဲ့ကောင်ပဲ "
မျက်နှာချင်းဆိုင်အနေထားမှ ပုခုံးပေါ်
ခေါင်းမှောက်ရင်းတိုးဖက်လာသူကြောင့်
ချစ်ခြင်းချော့ရပြန်သည်။
"ဟေ့... ဒီမှာကြည့်စမ်း ...။ဒါဘာမှမဖြစ်ဘူး ။ခနပဲ ...ငါအရမ်းနုလို့ ဖြစ်တာ...။
ပြီးရင်သက်သာသွားလိမ့်မယ် "
ကျောကိုပုတ်ကာ ချော့ပြောတာတောင်
ရှိုက်သံက မဆဲသေး။
ဒီကောင် ခုမှဘာထဖြစ်တာလဲ ။
" မဟုတ်ဘူး ။ဒါကို ခုမှမောင်သိလို့ ပါ ။
ခါတိုင်းဒီထပ် မောင်ကြမ်းမိ၊ချစ်မိတဲ့အခါတိုင်း မင်းအရမ်းနာခဲ့မှာ ...။ မောင်တောင်းပန်ပါတယ် ...။အနားအကပ်မခံလို့ မောင်မင်းဘာဖြစ်နေသလဲဆိုတာ... သေချာမသိခဲ့ရလို့ အတင်းကြပ် လုပ်မိတာပါ "
"အော်... ဒါဆိုမင်းနောက်ကို အတင်း
အကြပ် မလုပ်တော့ဘူးပေါ့ "
"ဟမ် ! "
မျက်နှာမှောက်ပီး ငိုယိုပီး ပြောနေသူသည်
တိတ်ကျသွားတဲ့ အသံအတူ ဖက်ထားရမှာ ချက်ခြင်း ဖယ်ခွာသွားကာ မျက်ရည်တွေကို လက်ဖမိုးနဲ့ ဖိသုတ်ဖယ်ရှားသည်။
ပြီးတော့ ချစ်ခြင်းကိုတည့်တည့်မကြည့်ရဲပဲ
တဖက်ကိုမျက်နှာလွှဲကာ
"ဟို .. ဟို... မောင် အိမ်သာသွားမလို့
ပြီးမှ ဆေးလိမ်းပေးမယ်နော် "
ပြောပီးပြေးသွားတဲ့ ကျောပြင်ကိုကြည့်ကာ ချစ်ခြင်း ဟက်ဟက်ပက်ပက်
ရယ်မောလိုက်သည်။ ဒီကောင်လေးနဲ့
နေရတာ ချစ်ခြင်း အရင်လို မပျင်းတော့ပဲ ပျော်နေပြီဖြစ်၏။
______
"ပြော... ဘာပြောမလို့ လဲ ... ။
ကြည့်မနေနဲ့ ပြောစရာရှိတာပြောလိုက်တော့ "
မနေ့က ကိစ္စဖြစ်ပြီးကတည်းက နားရွက်ဖျားတွေရဲကာ ရင်မဆိုင်ရဲသလို ရှောင်နေတဲ့သူက ချစ်ခြင်းစာဖတ်နေတဲ့ ပန်းခြံဘေးမှာ ကွက်ကြည့်ကွက်ကြည့်လုပ်နေသည်။
စာထဲမှာ အာရုံစိုက်မရတော့ ချစ်ခြင်း
စိတ်မရှည်ဖြစ်လာရ၏။
လက်က ဖတ်လက်စ စာအုပ်ကို
ချကာ ခေါ်မေးတော့လဲ... ဟိုကြည့်သည်ကြည့်နဲ့ ရေရေရာရာမပြောပဲလုပ်နေသည်။
ခါတိုင်း ပုံစံမဟုတ်ပဲ တစ်ရက်ထဲနဲ့ ပုံပြောင်းသွားတဲ့အမိန့် ကို ချစ်ခြင်း သေချာစူးစိုက်ကြည့်မိသည်။ တည်ကြည်ခန့် ညားတဲ့ အမိန့် အာဏာ မဟုတ်တာတော့သေချာသည်။
"ဟို... ညကျ မောင့်ကို ညဈေးလိုက်ပို့ ပေးပါ့လား"
"ခွီး "
ချစ်ခြင်း မအောင့်အီးနိုင်ပဲ အသံထွက်ရယ်မောမိတော့ ဒိုင်းခနဲ မျက်စောင်းက ချက်ခြင်းရောက်လာ၏။
ထို့ ကြာင့်လက်ကာပြကာ
"Sorry ! ငါလှောင်တာမဟုတ်ဘူး။
မင်းရုပ်ကြီးနဲ့ နှူတ်ခမ်းမဆူနဲ့
ငါဒီတို င်း သဘောကျသွားလို့ ရယ်မိတာ "
သဘောကျသွားလို့ဆိုမှ ပြုံးကျသွားတဲ့နှုတ်ခမ်းတွေက ကလေးတစ်ယောက်လို
ရိုးသားခြင်းတွပြည့်နေ၏။
" လိုက်ပို့ မှာလားဟင် ..အချစ် "
မျှော်လင့်
တကြီးကြည့်နေတဲ့ မျက်ဝန်းလေးကြောင့်
မငြင်းရက်တော့ပေ။
ပြုံးကာ ခေါင်းညိမ့်ပြပြီး....
" အင်း ...ငါလဲပျင်းနေတာနဲ့ အတော်ပဲ ။ မင်းနဲ့ လည်းတခါမှ မသွားဖူးတော့ သွားကြတာပေါ့ "
"တကယ်နော် ပြီးမှ မပြောင်းနဲ့ "
"အင်း..အင်း ဒါပဲမို့ လား။ ငါစာဖတ်မလို့
မရှုပ်တော့နဲ့ "
"အချစ်နော် မောင့်ကိုဆို အကောင်းကို
မပြောဘူး "
အိကနဲ ဝိုင်းလာတဲ့
မျက်ရည်စတွေကြောင့် လက်ထဲကိုင်ထားတဲ့ စာအုပ်ကို အလန့် တကြားလွှတ်ချလိုက်မိ၏။
" မ... မဟုတ်ပါဘူး။ မင်းမကြိုက်ရင်မပြောတော့ဘူး... ။ ငါမှားသွားပါတယ်
တိတ်တိတ် မငိုနဲ့ တော့ "
မချော့တက်ချော့တက်နဲ့ ချစ်ခြင်းချော့မော့လိုက်သော်လည်း တသွင်သွင်စီးကျလာတဲ့ မျက်ရည်တွေကို လက်နဲ့ ဖိသုတ်ကာ
အိမ်ထဲဝင်သွား၏ ...။
ချစ်ခြင်းသည်
လက်တလောဖြစ်နေတဲ့ အဖြစ်ပျက်တို့ ကို
လုံးဝနားမလည်နိုင်ဖြစ်လာ၏။
အမိန့် အာဏာ ဘာဖြစ်ချင်နေသလဲဆိုတာ ချစ်ခြင်းကိုယ်တိုင်မသိနိုင်တော့ပါ။
တငိုငိုတရယ်ရယ် နဲ့ မျက်ရည်ကလည်းခုတလော ပေါများလာသည်။ တခါတခါ ငိုလိုက်ရင် မပြီးနိုင်မစီးနိုင်ငိုတက်လွန်းလို့
အရင်လို လေသံတောင်မာရဲတော့သည်အထိ ချစ်ခြင်းလန့် နေရသည်။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz