ခ်စ္အမိန္ ့( ချစအမိန့် ) (completed)
16
"ေမာင္ မင္းကို သိပ္ခ်စ္တယ္ ခ်စ္ျခင္း "
နဖူးေလးကိုနွာဖ်ားေလးနဲ ့ပြတ္တိုက္ရင္း
ေျပာေတာ့ နီရဲလာတဲ့ပါးမို ့မို ့ နဲ ့အတူ
ေမွးစင္း သြားတဲ့ မ်က္ေတာင္ဖ်ားေတြ ။
သူ ့ဘဝရဲ့
မရွိမျဖစ္ ခ်စ္ျခင္းျပည့္စံုေလးက
ဘယ္ေနရာႀကည့္ မ်က္နာမလြဲခ်င္ေလာက္ေအာင္ ခ်စ္ဖို ႔ေကာင္းလြန္းသည္။
တိုးတိုးဖြဖြ ရယ္ေမာကာ ပိုတိုးဖက္လိုက္
ေတာ့ မေက်နပ္တဲ့ မ်က္ေစာင္းေလးလြင့္လာတယ္။
ဂရုစိုက္စရာလား !
ဒါေတြသာလိုက္ႀကည့္ေနရင္... ခုလို ရင္ခြင္ထဲ ေထြးပိုက္ထားလို ႔ေတာင္ရမွာမဟုတ္ဘူး ။ လက္သီးနဲ့ပဲထိုးထိုး
နူတ္ခမ္းနဲ ့ပဲထိုးထိုး ေက်ေက်နပ္နပ္ပဲ
အမိန္ ႔အာဏာက ခံလိုက္မည္။
"ဖယ္စမ္း ... ငါနည္းနည္းေလာက္လိုက္
ေလ်ာလိုက္တာနဲ ့မင္းအသားယူတာ
ေတာ္ေတာ္မ်ားေနၿပီ ။
မင္းအေတြးေတြငါမသိဘူးထင္ေနလား... ေဘာလို ေကာင္ရဲ ့"
အတင္းဆြဲခ်ဳပ္ဖက္ထားတာေတာင္
လက္နဲ ့တြန္းထုတ္ျပီး ရုန္းကန္သည္။
ခ်စ္ျခင္းျပည့္စံုဆိုတာ ဘယ္တုန္းက အလြယ္တကူရခဲ့ဖူးလို ႔လဲ။ အၾကမ္းပတမ္းလုပ္ရင္ခႏၶာကိုယ္ေတြ နာကုန္မွာစိုးလို ့
လြတ္ေပးလိုက္၏။ အေရျပားပါးသူမို ့လားမသိ ျဖဴဝင္းေနတဲ့ လည္တိုင္မွာ နာေခါင္းနဲ ့ပြတ္ဆြဲထားေသာ ရဲရဲနီေနတဲ့အေႀကာင္းႀကီးကထင္းလို ့ပင္။
"ဒါအသားယူတာမွ မဟုတ္တာအခ်စ္ရယ္
မင္းသိပါတယ္ ေမာင္အသားယူတာ
ဘယ္လိုလဲဆိုတာ "
"မင္း... မင္း ...အရွက္မရွိလိုက္တာ ။
အိမ္ေရွ ့ႀကီးမွာေတာင္ ဒီစကားေတြေျပာေနတယ္ "
မ်က္ဝန္းေတြက ေတာင္ႀကည့္ေျမာက္ႀကည့္နဲ ့ စကားေတြထစ္ကာ ေနရခက္ေနတဲ့
ခ်စ္ျခင္းကို လိုက္ႀကည့္ရင္းအမိန္ ့အူေတြျမဴးေနျပီျဖစ္သည္။
အၿမဲတမ္း ရွက္ေသြးျဖာေနဖို ႔
ေနေနသာသာ သူကျကီးပဲ လက္ပါေနလို ့ မထိရဲမကိုင္ရဲ ေႀကာက္ေနခဲ့ရတဲ့အမိန္ ့အတြက္ေတာ့ဒါဟာ ထူးဆန္းဖြယ္ျမင္ကြင္းပဲ။
"အာ့ !"
အေတြးနဲ ့ေပ်ာ္လို ့မဆံုးေသး ပူထူသြားတဲ့ညိဳ ့သက်ည္း ေႀကာင့္ လက္နဲ ့အနာေပ်ာက္လို ့ေပ်ာက္ညား ကုန္း၍ပြတ္ကာ မယံုသလို ခ်စ္ျခင္းကို ေမာ့ႀကည့္မိ၏။
"အဟမ္း! မင္းဘာလို ့ငါ့ကို ျပီတီတီလာႀကည့္ေနတာလဲ "
ေျပာျပီး သူမဟုတ္သလို အိ္မ္ေပၚေျပးတက္သြားသည္။ ထိုျမင္ကြင္းကို အမိန္ ့ခ်စ္ျမတ္နိုးစြာျပံဳးပီးႀကည့္ေနခဲ့သည္။
ံုပံုရိပ္ကေလးေပ်ာက္ကြယ္သြားသည္နွင့္တၿပိဳင္နက္ နႈတ္ခမ္းပါးတို ့သည္ ခ်က္ျခင္းေအးစက္ တည္တင္းသြားကာ ေဘာင္းဘီအိတ္ထဲကဖုန္းကိုထုတ္လိုက္သည္။
ထို ႔ေနာက္ ....
"ဟယ္လို ! ဘိုးဘိုး ။
ခ်စ္ျခင္း ဒီေန ႔ဘယ္ကိုသြားတာလဲ ?
ဘိုးဘိုးလူေတြရွိလို ့သား
လႊတ္ေပးထားတာ ။ ဒီပံုစံအတိုင္းဆို
သားဘာသာပဲ ႀကည့္စီစဥ္လိုက္ေတာ့မယ္ "
အမိန္ ႔ ေဒါသထြက္ေနေပမဲ့ ဘိုးဘိုးႀကီးမို ႔
ေကာင္းမြန္စြာေျပာလိုက္သည္။
"...'
"ေမးတာမေျဖဘူး ။ငိုျပန္လာတယ္အိမ္ကို"
"..."
" သားကိုဘာလို ့ဖုန္းမဆက္တာလဲ ?
ဒီကိစၥကို အေလ်ာ့မေပးနိုင္ဘူး ေနာ္ ဘိုးဘိုး။ သူတို ့ဘာသာ ဘာေတာ္ေတာ္ ...သား ဂရုမစိုက္ဘူး "
"..."
"မသိခ်င္ဘူးဘိုးဘိုး... ။ သားကိုနားမခ်နဲ ့။ တသက္လံုးပစ္ထားျပီး ခုမွ
လာပါတ္သတ္တာ ဒါလိုခ်င္လို ့ဆိုတာ ရွင္းေနတာပဲ "
"..."
" သားလဲ သူ ့ေယာက်ာ္းပဲ ။
သူကိစၥမွန္သမ်ွ သားနဲ ့လည္းဆိုင္တယ္ ... ။ အေမဆိုတာ ဘယ္နားေနမွန္းမသိပဲ
ခုမွေပၚလာတယ္ဆိုကတည္းက ပါတ္သတ္မူ ့ကိုအခြင့္ေရးယူတာပဲ ... ။ "
"...."
"ေခါင္းမာေနတာမဟုတ္ဘူး ။
အစကတည္းက အဲ့ေကာင္ကိုၾကည့္မရေနတာ ။ ရာရာစစ ခ်စ္ျခင္းျပည့္စံုကို ထိစရာလား "
"...."
"ဟိုက ဘယ္လို ေျပာလိုက္မွန္းမသိဘူးေလ ..ေရာက္ေရာက္ျခင္း အဲ့ေကာင္ကိုလႊတ္ေပးဖို ့ေျပာေတာ့တာပဲ ။ သူဘာေျပာေျပာ သားက ေတာ့ ဒီတိုင္းေတာ့ မျပီးနိုင္ဘူး ။ "
"...."
"ဟုတ္ကဲ့ပါ အဆင္ေျပပါတယ္။
သားတို ့ဒီတပတ္ ပိတ္ရက္ အလည္လာခဲ့မယ္ ။ အဲ့ေကာင္ကိုေတာ့ ဘိုးဘိုးလက္ထဲအပ္လိုက္ေတာ့မယ္ ...။သားစိတ္ကိုသိတယ္ေနာ္ဘိုးဘိုး
ေပါ့ေပါ့ေလးေတာ့မျဖစ္ေစနဲ ့"
"...."
"ၿပီးေရာ .. အဲ့ဒါေတြေႀကာင့္ ဘိုးဘိုးကို ခ်စ္ေနရတာ... ။အာဘြားအႀကီးႀကီးေပးတယ္ေနာ္ အဘိုးႀကီး။ ဖုန္းခ်ေတာ့မယ္ "
ခ်သြားတဲ့ ဖုန္းေလးကိုစိုက္ႀကည့္ရင္း
အမိန္ ့ေက်နပ္စြာျပံဳးလိုက္၏။ အျမဲတမ္း
သူျဖစ္ခ်င္တာေတြကို ျဖည့္ဆည္းေပးတဲ့
အဘိုးျဖစ္သူကို သူသိပ္ခ်စ္ရသည္။ ခ်စ္ျခင္းနဲ ့ပါတ္သတ္ေတာ့လဲ ေဘးကေနထပ္တူရွိေနေပးခဲ့တဲ့ ဘိုးဘိုးက အိမ္ေထာင္က်သြားတဲ့အထိ သူ ့ေဘးမွ ရွိေနေပးကာ ကုမၸဏီမွာမအားလပ္တဲ့ သူ ့အစား ခ်စ္ျခင္းကိုေဘးနားမွာ မသိေအာင္ အေစာင့္ေတြထားကာ ေစာင့္ေရွာက္ေစသူျဖစ္သည္ ။
မင္းကိုမင္းအခ်စ္မခံရဘူးလို ့ဘာလို ့ထင္ရတာလဲအခ်စ္ရယ္။ ေဘးနားမွာ ဒီေလာက္
ခ်စ္မဲ့သူေတြဝိုင္းေနတာေတာင္ ......
~~~~~~~~~~~~~~
အမိန္ ့ ေရခ်ိဳးခန္းက ထြက္လာေတာ့
ခ်စ္ျခင္းက အျဖဴေရာင္ကုတင္ထက္မွာ
ေျခေထာက္သြယ္သြယ္ေလးေတြကို တစ္ေခ်ာင္းေပၚတစ္ေခ်ာင္းထပ္ယွက္ကာ
ကုတင္ေဘာင္ကို ေက်ာမွီပီး စာဖတ္ေန၏။
တဖ်တ္ဖ်တ္ခတ္ေနတဲ့ မ်က္ေတာင္ဖ်ား
တို ့နဲ ့ ပန္းေရာင့္ရင့္ရင့္ပါးမိုမို ့တို ့ေႀကာင့္
စာထဲစိတ္မေရာက္ဖူးဆိုတာသိလိုက္ေပမဲ့
မရယ္ရက္ေပ။
အိမ္ေထာင္သက္ တစ္လေက်ာ္နွစ္လနီးပါးအတြင္း မေျပလည္ခဲ့တဲ့
သူတို ့နွစ္ေယာက္ႀကားမွာ ဒါဟာပထမဆံုးအမုန္းကင္းသြားတဲ့ေန႔ေလးမို ့ သူ ့အခ်စ္ေလး
ေနရခက္ေနရွာမွာေပါ့။
ေရစက္လက္က်ေနတဲ့ေခါင္းကို တဘတ္ျဖင့္ သုတ္ပီး ကုတင္ေပၚမွာဝင္ထိုင္ေတာ့
လွမ္းျကည့္လာတဲ့ မ်က္ဝန္းလွလွေလး ။
"အိပ္ေတာ့မွာလား "
တိတ္ဆိတ္ေနတဲ့အခန္းကို အမိန္ ့ဖက္ကစပီးအသက္သြင္းလိုက္သည္။
"ဟမ္! အင္း... မအိပ္ေသးဘူး ။
မင္းဘာသာအိပ္နွင့္ ..ငါစာဖတ္အုန္းမယ္ "
စာထဲလဲ စိတ္မဝင္စားပဲ အတင္း
စာဖတ္ခ်င္ေယာင္ေဆာင္ေနတာမို ့အမိန္ ့စိတ္မရွည္ေတာ့ၿပီ ။
ရွက္ေနတာေတာ့ မဟုတ္ေသးပါဘူး။
ဒီထက္ပိုတဲ့ အေျခေနေတြ သူတို ႔နွစ္ေယာက္ၾကားမွာအမ်ားႀကီးရွိခဲ့ဖူးတာပဲ။
"အာ့ !ဘာလုပ္တာလဲ ?အမိန္ ့အာဏာ
လႊတ္စမ္း "
စာအုပ္ကိုဆြဲ ဖယ္ကာ နုညံတဲ့ကိုယ္ေလးကို ေပြ ့ယူပီးေခါင္းအုန္းေပၚခ်ေတာ့
ေအာ္သံက်ယ္က်ယ္က ခ်က္ျခင္းထြက္လာ၏။ လူေသးသေလာက္ အသံေအာင္တဲ့ ခ်စ္ျခင္းျပည့္စံုသည္ ရုိးရာမပ်က္
အလြယ္တကူေတာ့ အမိန္ ႔ကို လက္သင့္မခံေသးေပ။
"ေမာင္ တစ္ေယာက္ထဲမအိပ္ခ်င္လို ့
မင္းကိုယူထားတာေပါ့ အခ်စ္ရာ ... လာပါအတူအိပ္ရေအာင္ပါ "
"မအိပ္ဘူး။ ဖယ္ေနာ္... မင္းလက္ေတြက။ ေဟ့ေကာင္ ...ဘယ္ထိေနတာလဲလို ႔။ ေသခ်င္ေနတာလား ေဘာလိုေကာင္ရဲ့ "
"အခ်စ္ေရ ..အသံေလးေလ်ာ့ပါအုန္း...။
ေမာင့္ကို နားကန္းေအာင္တမင္လုပ္ေနတာလား။ဘယ္မွမထိေတာ့ဘူး ။
ဖက္ရုံေလးပဲ ဖက္မွာ မရုန္းနဲ ့ေတာ့...။
မဟုတ္ရင္ ေမာင္တာဝန္မယူဘူးေနာ္ "
စကားဆံုးသည္နဲ ့ရုန္းကန္ေနတဲ့ ကိုယ္ေလးသည္ခ်က္ျခင္း ျငိမ္သက္သြား၏။
ခါးေသးေသးေလးေပၚလက္တင္ရင္း
ဝါႏုေရာင္ ေမႊးညင္းေလးေတြေပါက္ေနတဲ့ နားထင္စပ္ကို နမ္းလိုက္ေတာ့
မ်က္လံုးေတြက မေက်နပ္သလို ေထာင့္ကပ္ၾကည့္သည္။
ထိုပံုစံကိုျမင္တဲ့ အမိန္ ႔က မသိခ်င္ေယာင္ေဆာင္ကာ ပါးျပင္ေလးကိုထပ္ဖက္နမ္းလိုက္ေသးသည္။
ဘယ္မွမထိဘူးဆိုတာ လက္နဲ ့ေျပာတာပင္။ နွာေခါင္းနဲ ့ေတာ့အမိန္ ႔ထိခ်င္ထိမည္။
"ငါ...ေတာင္းပန္တယ္ဆိုတာ မင္းကိုအထင္လြဲမိတာကိုေျပာတာေနာ္ "
"အင္း"
" မင္းအတင္းယူထားတာကို ငါ
ခြင့္မလြတ္ေသးဘူး "
"အင္း"
နွာေခါင္းနဲ ့ပါးျပင္ကို ဖိကပ္ကာ
ေျပာသမ်ွကို နားေထာင္ေပးလိုက္သည္။
"ငါ့ကို အသားယူေနတာေတြ မႀကိဳက္ဘူး"
"အင္း "
"ခနခနမနမ္းနဲ ့"
"အင္း "
"ငါ့ကိုျပန္ျပန္လဲမေအာ္နဲ ့ငါမင္းထက္ရွစ္လေတာင္ႀကီးတယ္"
"အင္း"
"ဘိုးဘိုးႀကီးက ဖုန္းဆက္တယ္... ။
ငါတို ့အိမ္ခြဲေနေတာ့ သူအထီးက်န္တယ္တဲ့ ..ဝါးး "
ပါးစပ္ကသာ ေျပာေနတာ မ်က္လံုးေတြက မဖြင့္ေတာ့။ ခပ္သာသာ ၿပံဳးရင္း
အင္း ဆိုတဲ့ စကားေျပာေပးဖို ႔လည္းအမိန္ ႔မေမ့ခဲ့။
"အင္း"
"ငါကမင္းနဲ ့မတည့္ေသးလို ့လာမေနေသးတာလို ့ေျပာလိုက္တယ္"
"အင္း"
"ေနာက္က်ရင္ေတာ့ သြား ... ေန ... ရမယ္ေနာ္ "
"အင္း "
" မင္း နဲ့လဲ မတည့္ခ်င္...ေသးး ...ဘူး"
"အင္း"
"မင္းအနိုင္ ...က်င့္ တယ္ ...ငါ့ ... "
ေျပာရင္းအိပ္ေပ်ာ္သြားတဲ့ ခ်စ္ျခင္းေႀကာင့္အမိန္ ့သေဘာက်စြာရယ္ေမာလိုက္သည္။
တကယ္ဆို အိပ္ေပ်ာ္လြယ္တဲ့ခ်စ္ျခင္းက
ေခါင္းခ်တာ နဲ ့တန္းအိပ္ေပ်ာ္တက္တာကို
မအိပ္ပဲ ဘယ္ခ်ိန္ကတည္းက စုထားတဲ့မွန္းမသိတဲ့ စကားေတြ ကို တန္းစီ ေျပာေနေသးသည္။
အူယားလာတာနဲ ့နုနုေထြးေထြးကိုယ္ေလးကိုပိုတိုးဖက္ကာ ပါးျပင္မို ့မို ့ကို
မက္မက္ေမာေမာ ေမႊးႀကဴလိုက္၏
"အင္းးးး နမ္းနဲ ့"
အသားထိရုံနဲ ့မတင္းတိမ္ နိုင္တက္တဲ့
သူမို ႔ အႀကမ္းပတမ္း ဆြဲဖက္နမ္းေတာ့ ခပ္တိုးတိုး ေယာင္တဲ့အသံေလးကထြက္လာေသးသည္။
"အခ်စ္ေရ ... ေမာင္ေတာ့ မင္းကို အူေတြယားပီးကိုက္ေဖာက္ခ်င္ေနျပီ ။
အင္း ......ျပန္ေျပလည္တဲ့ ေန ့မို ့ဒီေန ့ေတာ့ ေကာင္းေကာင္းအိပ္ပါ ေမာင့္အခ်စ္ေလးေရ ။
အိမ္မက္ထဲထိေတာ့ ေမာင့္နမ္းတာကို
ျငင္းမေနေနာ္ ... ။
ခ်စ္တယ္ ေမာင့္ခ်စ္ျခင္းေလး
goodnight "
နဖူးျပင္ေလးကိုငံု ့နမ္းလိုက္ျပီး
အတင္းႀကပ္ဖက္ထားတာကိုေလ်ာ့
ကာ ခါးေပၚလက္ေလးတင္ပီးသာအမိန္ ့
အိပ္လိုက္ေတာ့သည္။ မဟုတ္ရင္ အိမ္မက္ထဲထိ သူ ့အခ်စ္ေလးက သူ ့နမ္းလို ့
အသဲအသန္ေျပးေနတဲ့ပံုေလးမို ့ဒီေန ့ညေတာ့ ေကာင္းေကာင္းအိပ္ပါေစေလ။
ခ်စ္တဲ့အိမ္စည္။
"မောင် မင်းကို သိပ်ချစ်တယ် ချစ်ခြင်း "
နဖူးလေးကိုနှာဖျားလေးနဲ့ ပွတ်တိုက်ရင်း
ပြောတော့ နီရဲလာတဲ့ပါးမို့ မို့ နဲ့ အတူ
မှေးစင်း သွားတဲ့ မျက်တောင်ဖျားတွေ ။
သူ့ ဘဝရဲ့
မရှိမဖြစ် ချစ်ခြင်းပြည့်စုံလေးက
ဘယ်နေရာကြည့် မျက်နာမလွဲချင်လောက်အောင် ချစ်ဖို့ ကောင်းလွန်းသည်။
တိုးတိုးဖွဖွ ရယ်မောကာ ပိုတိုးဖက်လိုက်
တော့ မကျေနပ်တဲ့ မျက်စောင်းလေးလွင့်လာတယ်။
ဂရုစိုက်စရာလား !
ဒါတွေသာလိုက်ကြည့်နေရင်... ခုလို ရင်ခွင်ထဲ ထွေးပိုက်ထားလို့ တောင်ရမှာမဟုတ်ဘူး ။ လက်သီးနဲ့ပဲထိုးထိုး
နူတ်ခမ်းနဲ့ ပဲထိုးထိုး ကျေကျေနပ်နပ်ပဲ
အမိန့် အာဏာက ခံလိုက်မည်။
"ဖယ်စမ်း ... ငါနည်းနည်းလောက်လိုက်
လျောလိုက်တာနဲ့ မင်းအသားယူတာ
တော်တော်များနေပြီ ။
မင်းအတွေးတွေငါမသိဘူးထင်နေလား... ဘောလို ကောင်ရဲ့ "
အတင်းဆွဲချုပ်ဖက်ထားတာတောင်
လက်နဲ့ တွန်းထုတ်ပြီး ရုန်းကန်သည်။
ချစ်ခြင်းပြည့်စုံဆိုတာ ဘယ်တုန်းက အလွယ်တကူရခဲ့ဖူးလို့ လဲ။ အကြမ်းပတမ်းလုပ်ရင်ခန္ဓာကိုယ်တွေ နာကုန်မှာစိုးလို့
လွတ်ပေးလိုက်၏။ အရေပြားပါးသူမို့ လားမသိ ဖြူဝင်းနေတဲ့ လည်တိုင်မှာ နာခေါင်းနဲ့ ပွတ်ဆွဲထားသော ရဲရဲနီနေတဲ့အကြောင်းကြီးကထင်းလို့ ပင်။
"ဒါအသားယူတာမှ မဟုတ်တာအချစ်ရယ်
မင်းသိပါတယ် မောင်အသားယူတာ
ဘယ်လိုလဲဆိုတာ "
"မင်း... မင်း ...အရှက်မရှိလိုက်တာ ။
အိမ်ရှေ့ ကြီးမှာတောင် ဒီစကားတွေပြောနေတယ် "
မျက်ဝန်းတွေက တောင်ကြည့်မြောက်ကြည့်နဲ့ စကားတွေထစ်ကာ နေရခက်နေတဲ့
ချစ်ခြင်းကို လိုက်ကြည့်ရင်းအမိန့် အူတွေမြူးနေပြီဖြစ်သည်။
အမြဲတမ်း ရှက်သွေးဖြာနေဖို့
နေနေသာသာ သူကကြီးပဲ လက်ပါနေလို့ မထိရဲမကိုင်ရဲ ကြောက်နေခဲ့ရတဲ့အမိန့် အတွက်တော့ဒါဟာ ထူးဆန်းဖွယ်မြင်ကွင်းပဲ။
"အာ့ !"
အတွေးနဲ့ ပျော်လို့ မဆုံးသေး ပူထူသွားတဲ့ညို့သကျည်း ကြောင့် လက်နဲ့ အနာပျောက်လို့ ပျောက်ညား ကုန်း၍ပွတ်ကာ မယုံသလို ချစ်ခြင်းကို မော့ကြည့်မိ၏။
"အဟမ်း! မင်းဘာလို့ ငါ့ကို ပြီတီတီလာကြည့်နေတာလဲ "
ပြောပြီး သူမဟုတ်သလို အ်ိမ်ပေါ်ပြေးတက်သွားသည်။ ထိုမြင်ကွင်းကို အမိန့် ချစ်မြတ်နိုးစွာပြုံးပီးကြည့်နေခဲ့သည်။
ုံပုံရိပ်ကလေးပျောက်ကွယ်သွားသည်နှင့်တပြိုင်နက် နှုတ်ခမ်းပါးတို့ သည် ချက်ခြင်းအေးစက် တည်တင်းသွားကာ ဘောင်းဘီအိတ်ထဲကဖုန်းကိုထုတ်လိုက်သည်။
ထို့ နောက် ....
"ဟယ်လို ! ဘိုးဘိုး ။
ချစ်ခြင်း ဒီနေ့ ဘယ်ကိုသွားတာလဲ ?
ဘိုးဘိုးလူတွေရှိလို့ သား
လွှတ်ပေးထားတာ ။ ဒီပုံစံအတိုင်းဆို
သားဘာသာပဲ ကြည့်စီစဉ်လိုက်တော့မယ် "
အမိန့် ဒေါသထွက်နေပေမဲ့ ဘိုးဘိုးကြီးမို့
ကောင်းမွန်စွာပြောလိုက်သည်။
"...'
"မေးတာမဖြေဘူး ။ငိုပြန်လာတယ်အိမ်ကို"
"..."
" သားကိုဘာလို့ ဖုန်းမဆက်တာလဲ ?
ဒီကိစ္စကို အလျော့မပေးနိုင်ဘူး နော် ဘိုးဘိုး။ သူတို့ ဘာသာ ဘာတော်တော် ...သား ဂရုမစိုက်ဘူး "
"..."
"မသိချင်ဘူးဘိုးဘိုး... ။ သားကိုနားမချနဲ့ ။ တသက်လုံးပစ်ထားပြီး ခုမှ
လာပါတ်သတ်တာ ဒါလိုချင်လို့ ဆိုတာ ရှင်းနေတာပဲ "
"..."
" သားလဲ သူ့ ယောကျာ်းပဲ ။
သူကိစ္စမှန်သမျှ သားနဲ့ လည်းဆိုင်တယ် ... ။ အမေဆိုတာ ဘယ်နားနေမှန်းမသိပဲ
ခုမှပေါ်လာတယ်ဆိုကတည်းက ပါတ်သတ်မူ့ ကိုအခွင့်ရေးယူတာပဲ ... ။ "
"...."
"ခေါင်းမာနေတာမဟုတ်ဘူး ။
အစကတည်းက အဲ့ကောင်ကိုကြည့်မရနေတာ ။ ရာရာစစ ချစ်ခြင်းပြည့်စုံကို ထိစရာလား "
"...."
"ဟိုက ဘယ်လို ပြောလိုက်မှန်းမသိဘူးလေ ..ရောက်ရောက်ခြင်း အဲ့ကောင်ကိုလွှတ်ပေးဖို့ ပြောတော့တာပဲ ။ သူဘာပြောပြော သားက တော့ ဒီတိုင်းတော့ မပြီးနိုင်ဘူး ။ "
"...."
"ဟုတ်ကဲ့ပါ အဆင်ပြေပါတယ်။
သားတို့ ဒီတပတ် ပိတ်ရက် အလည်လာခဲ့မယ် ။ အဲ့ကောင်ကိုတော့ ဘိုးဘိုးလက်ထဲအပ်လိုက်တော့မယ် ...။သားစိတ်ကိုသိတယ်နော်ဘိုးဘိုး
ပေါ့ပေါ့လေးတော့မဖြစ်စေနဲ့ "
"...."
"ပြီးရော .. အဲ့ဒါတွေကြောင့် ဘိုးဘိုးကို ချစ်နေရတာ... ။အာဘွားအကြီးကြီးပေးတယ်နော် အဘိုးကြီး။ ဖုန်းချတော့မယ် "
ချသွားတဲ့ ဖုန်းလေးကိုစိုက်ကြည့်ရင်း
အမိန့် ကျေနပ်စွာပြုံးလိုက်၏။ အမြဲတမ်း
သူဖြစ်ချင်တာတွေကို ဖြည့်ဆည်းပေးတဲ့
အဘိုးဖြစ်သူကို သူသိပ်ချစ်ရသည်။ ချစ်ခြင်းနဲ့ ပါတ်သတ်တော့လဲ ဘေးကနေထပ်တူရှိနေပေးခဲ့တဲ့ ဘိုးဘိုးက အိမ်ထောင်ကျသွားတဲ့အထိ သူ့ ဘေးမှ ရှိနေပေးကာ ကုမ္ပဏီမှာမအားလပ်တဲ့ သူ့ အစား ချစ်ခြင်းကိုဘေးနားမှာ မသိအောင် အစောင့်တွေထားကာ စောင့်ရှောက်စေသူဖြစ်သည် ။
မင်းကိုမင်းအချစ်မခံရဘူးလို့ ဘာလို့ ထင်ရတာလဲအချစ်ရယ်။ ဘေးနားမှာ ဒီလောက်
ချစ်မဲ့သူတွေဝိုင်းနေတာတောင် ......
~~~~~~~~~~~~~~
အမိန့် ရေချိုးခန်းက ထွက်လာတော့
ချစ်ခြင်းက အဖြူရောင်ကုတင်ထက်မှာ
ခြေထောက်သွယ်သွယ်လေးတွေကို တစ်ချောင်းပေါ်တစ်ချောင်းထပ်ယှက်ကာ
ကုတင်ဘောင်ကို ကျောမှီပီး စာဖတ်နေ၏။
တဖျတ်ဖျတ်ခတ်နေတဲ့ မျက်တောင်ဖျား
တို့ နဲ့ ပန်းရောင့်ရင့်ရင့်ပါးမိုမို့ တို့ ကြောင့်
စာထဲစိတ်မရောက်ဖူးဆိုတာသိလိုက်ပေမဲ့
မရယ်ရက်ပေ။
အိမ်ထောင်သက် တစ်လကျော်နှစ်လနီးပါးအတွင်း မပြေလည်ခဲ့တဲ့
သူတို့ နှစ်ယောက်ကြားမှာ ဒါဟာပထမဆုံးအမုန်းကင်းသွားတဲ့နေ့လေးမို့ သူ့ အချစ်လေး
နေရခက်နေရှာမှာပေါ့။
ရေစက်လက်ကျနေတဲ့ခေါင်းကို တဘတ်ဖြင့် သုတ်ပီး ကုတင်ပေါ်မှာဝင်ထိုင်တော့
လှမ်းကြည့်လာတဲ့ မျက်ဝန်းလှလှလေး ။
"အိပ်တော့မှာလား "
တိတ်ဆိတ်နေတဲ့အခန်းကို အမိန့် ဖက်ကစပီးအသက်သွင်းလိုက်သည်။
"ဟမ်! အင်း... မအိပ်သေးဘူး ။
မင်းဘာသာအိပ်နှင့် ..ငါစာဖတ်အုန်းမယ် "
စာထဲလဲ စိတ်မဝင်စားပဲ အတင်း
စာဖတ်ချင်ယောင်ဆောင်နေတာမို့ အမိန့် စိတ်မရှည်တော့ပြီ ။
ရှက်နေတာတော့ မဟုတ်သေးပါဘူး။
ဒီထက်ပိုတဲ့ အခြေနေတွေ သူတို့ နှစ်ယောက်ကြားမှာအများကြီးရှိခဲ့ဖူးတာပဲ။
"အာ့ !ဘာလုပ်တာလဲ ?အမိန့် အာဏာ
လွှတ်စမ်း "
စာအုပ်ကိုဆွဲ ဖယ်ကာ နုညံတဲ့ကိုယ်လေးကို ပွေ့ ယူပီးခေါင်းအုန်းပေါ်ချတော့
အော်သံကျယ်ကျယ်က ချက်ခြင်းထွက်လာ၏။ လူသေးသလောက် အသံအောင်တဲ့ ချစ်ခြင်းပြည့်စုံသည် ရိုးရာမပျက်
အလွယ်တကူတော့ အမိန့် ကို လက်သင့်မခံသေးပေ။
"မောင် တစ်ယောက်ထဲမအိပ်ချင်လို့
မင်းကိုယူထားတာပေါ့ အချစ်ရာ ... လာပါအတူအိပ်ရအောင်ပါ "
"မအိပ်ဘူး။ ဖယ်နော်... မင်းလက်တွေက။ ဟေ့ကောင် ...ဘယ်ထိနေတာလဲလို့ ။ သေချင်နေတာလား ဘောလိုကောင်ရဲ့ "
"အချစ်ရေ ..အသံလေးလျော့ပါအုန်း...။
မောင့်ကို နားကန်းအောင်တမင်လုပ်နေတာလား။ဘယ်မှမထိတော့ဘူး ။
ဖက်ရုံလေးပဲ ဖက်မှာ မရုန်းနဲ့ တော့...။
မဟုတ်ရင် မောင်တာဝန်မယူဘူးနော် "
စကားဆုံးသည်နဲ့ ရုန်းကန်နေတဲ့ ကိုယ်လေးသည်ချက်ခြင်း ငြိမ်သက်သွား၏။
ခါးသေးသေးလေးပေါ်လက်တင်ရင်း
ဝါနုရောင် မွှေးညင်းလေးတွေပေါက်နေတဲ့ နားထင်စပ်ကို နမ်းလိုက်တော့
မျက်လုံးတွေက မကျေနပ်သလို ထောင့်ကပ်ကြည့်သည်။
ထိုပုံစံကိုမြင်တဲ့ အမိန့် က မသိချင်ယောင်ဆောင်ကာ ပါးပြင်လေးကိုထပ်ဖက်နမ်းလိုက်သေးသည်။
ဘယ်မှမထိဘူးဆိုတာ လက်နဲ့ ပြောတာပင်။ နှာခေါင်းနဲ့ တော့အမိန့် ထိချင်ထိမည်။
"ငါ...တောင်းပန်တယ်ဆိုတာ မင်းကိုအထင်လွဲမိတာကိုပြောတာနော် "
"အင်း"
" မင်းအတင်းယူထားတာကို ငါ
ခွင့်မလွတ်သေးဘူး "
"အင်း"
နှာခေါင်းနဲ့ ပါးပြင်ကို ဖိကပ်ကာ
ပြောသမျှကို နားထောင်ပေးလိုက်သည်။
"ငါ့ကို အသားယူနေတာတွေ မကြိုက်ဘူး"
"အင်း "
"ခနခနမနမ်းနဲ့ "
"အင်း "
"ငါ့ကိုပြန်ပြန်လဲမအော်နဲ့ ငါမင်းထက်ရှစ်လတောင်ကြီးတယ်"
"အင်း"
"ဘိုးဘိုးကြီးက ဖုန်းဆက်တယ်... ။
ငါတို့ အိမ်ခွဲနေတော့ သူအထီးကျန်တယ်တဲ့ ..ဝါးး "
ပါးစပ်ကသာ ပြောနေတာ မျက်လုံးတွေက မဖွင့်တော့။ ခပ်သာသာ ပြုံးရင်း
အင်း ဆိုတဲ့ စကားပြောပေးဖို့ လည်းအမိန့် မမေ့ခဲ့။
"အင်း"
"ငါကမင်းနဲ့ မတည့်သေးလို့ လာမနေသေးတာလို့ ပြောလိုက်တယ်"
"အင်း"
"နောက်ကျရင်တော့ သွား ... နေ ... ရမယ်နော် "
"အင်း "
" မင်း နဲ့လဲ မတည့်ချင်...သေးး ...ဘူး"
"အင်း"
"မင်းအနိုင် ...ကျင့် တယ် ...ငါ့ ... "
ပြောရင်းအိပ်ပျော်သွားတဲ့ ချစ်ခြင်းကြောင့်အမိန့် သဘောကျစွာရယ်မောလိုက်သည်။
တကယ်ဆို အိပ်ပျော်လွယ်တဲ့ချစ်ခြင်းက
ခေါင်းချတာ နဲ့ တန်းအိပ်ပျော်တက်တာကို
မအိပ်ပဲ ဘယ်ချိန်ကတည်းက စုထားတဲ့မှန်းမသိတဲ့ စကားတွေ ကို တန်းစီ ပြောနေသေးသည်။
အူယားလာတာနဲ့ နုနုထွေးထွေးကိုယ်လေးကိုပိုတိုးဖက်ကာ ပါးပြင်မို့ မို့ ကို
မက်မက်မောမော မွှေးကြူလိုက်၏
"အင်းးးး နမ်းနဲ့ "
အသားထိရုံနဲ့ မတင်းတိမ် နိုင်တက်တဲ့
သူမို့ အကြမ်းပတမ်း ဆွဲဖက်နမ်းတော့ ခပ်တိုးတိုး ယောင်တဲ့အသံလေးကထွက်လာသေးသည်။
"အချစ်ရေ ... မောင်တော့ မင်းကို အူတွေယားပီးကိုက်ဖောက်ချင်နေပြီ ။
အင်း ......ပြန်ပြေလည်တဲ့ နေ့ မို့ ဒီနေ့ တော့ ကောင်းကောင်းအိပ်ပါ မောင့်အချစ်လေးရေ ။
အိမ်မက်ထဲထိတော့ မောင့်နမ်းတာကို
ငြင်းမနေနော် ... ။
ချစ်တယ် မောင့်ချစ်ခြင်းလေး
goodnight "
နဖူးပြင်လေးကိုငုံ့ နမ်းလိုက်ပြီး
အတင်းကြပ်ဖက်ထားတာကိုလျော့
ကာ ခါးပေါ်လက်လေးတင်ပီးသာအမိန့်
အိပ်လိုက်တော့သည်။ မဟုတ်ရင် အိမ်မက်ထဲထိ သူ့ အချစ်လေးက သူ့ နမ်းလို့
အသဲအသန်ပြေးနေတဲ့ပုံလေးမို့ ဒီနေ့ ညတော့ ကောင်းကောင်းအိပ်ပါစေလေ။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz