ခ်စ္အမိန္ ့( ချစအမိန့် ) (completed)
15
"ဒါဆို အခုလာေတြ ့တာ သူေႀကာင့္ေပါ့"
ဘာစကားမွျပန္မေျဖလာတဲ့ တစ္ဖက္အမ်ိဳ းသမီးကို ခ်စ္ျခင္း စိတ္ပ်က္စြာႀကည့္မိလိုက္၏ ။ဘဝမွအနာက်ည္းဆံုးျပပါဆိုလ်ွင္ ခ်စ္ျခင္း မိဘေတြသာ လက္ညိဳးထိုးျပမိမည္။
သူကေတာ့ဘယ္လိုပင္စိတ္နာေစခဲ့အုန္း
တခါေလး လာေတြ ႕ေတာင္းပန္ရင္ကို ေက်နပ္ေပးမည္ဟုပင္ ေတြးထားခဲ့ဖူးသည္။
ခုေတာ့ ေမ်ွာ္လင့္ထားခဲ့သမ်ွ သည္
သဲထဲေရသြန္သကဲ့သို ႔ပင္။
ဆယ့္သံုးနွစ္ ေက်ာ္အတြင္း သားအရင္းေခါက္ေခါက္ကို တစ္ခါေတာင္ အတင္းအႀကပ္ ေတြ ့ဆံုဖို ့မေတာင္းဆိုခဲ့တဲ့မိခင္ျဖစ္သူက ေနာက္လင္ကပါတဲ့ သားျဖစ္သူအတြက္ အလြယ္တကူ ဆက္သြယ္လို ့မရနိုင္တဲ့ မိမိဖုန္းကိုေတာင္ရေအာင္ဆက္သြယ္လာခဲ့သည္။
စိတ္နာတယ္ဆိုေပမဲ့ မိခင္ျဖစ္သူကို
တိတ္တဆိတ္ေမ်ွာ္လင့္ရင္းလြမ္းေနခဲ့ရတာ။
ဒါဟာ ဘယ္လို အေျခေနလဲ ဆိုတာ ခ်စ္
ျခင္းကိုယ္တိုင္ မေဝခြဲနိုင္ေတာ့ေပ။
ထို ႔ေၾကာင့္ ပင့္သက္ကို ခ်ကာ သိခ်င္တာကို ေမးလိုက္၏။
"က်ြန္ေတာ္ .. အေမနဲ ့မေျပလည္ခဲ့တာ
ဆယ့္သံုးနွစ္ေက်ာ္ပီ။ က်ြန္ေတာ့္ဖက္က
မေတြ ့ခ်င္ပါဘူးလို ့ေျပာခဲ့ေပမဲ့ အေမဖက္ကလဲ မေတြ ့ခ်င္ခ႕ဲလို ့ဒီအခ်ိန္ေတြထိ
မေတြ ့့့ပဲေနလာခါၿပီး မွ ေနာက္ေယာက်ာ္းက ပါလာတဲ့
သားျဖစ္သူအတြက္ အေရးတႀကီးဆက္သြယ္လာတယ္ဆိုေတာ့ ......အင္း သူ ့ကိုေတာ့ အေတာ္ခ်စ္ပံုပဲ "
စကားကိုခန ျဖတ္ကာ ခပ္ေလွာင္ေလွာင္ဆိုေတာ့ တဖက္လူက ျပိဳက်ေတာ့မဲ့မိုးလို မ်က္နာပ်က္၏ ျဖစ္ပ်က္ေနတဲ့ အေမျဖစ္သူမ်က္နာကို ေက်နပ္စြာစိုက္ႀကည့္ရင္း
သေဘာတက်ရယ္ကာ
"အင္း ...ဘာစကားမွလဲျပန္မေျပာေတာ့
က်ြန္ေတာ္ ဘာလုပ္ေပးရမွာလဲ... ဒီလို လုပ္ပါ့လား ။ အေမ့ကို ေနာက္ဆံုးေရြးခ်ယ္မူ ့တစ္ခုေပးမယ္... ဘယ္လိုလဲ? "
ေမ်ွာ္လင့္ခ်က္တႀကီးေမာ့ႀကည့္လာတဲ့အေမျဖစ္သူေႀကာင့္ ရင္ထဲမွာ ဖ်င္းခနဲပဲ။
ေလာကႀကီးကဘာေတြမ်ားသူ ့ကိုျဖစ္ေစခ်ေနရတာလဲ။
"က်ြန္ေတာ့္ကို လား... သူ ့ကိုလားတစ္ေယာက္ေရြးလိုက္"
"ဘယ္လို ! အေမနားမလည္လို ့ဘာကိုေျပာခ်င္တာလဲ "
ေဒၚေမခ်စ္သက္ မ်က္ခုံးေတြကိုတြန္ ႔ခ်ိဳးလ်က္ ျပန္ေမးလိုက္သည္။
တကယ္ဆို သူမ စိတ္နဲ ့လူနဲ ့ကပ္မေနပါ။
အပူေပၚအပူဆင့္ေနတဲ့ အခ်ိန္မွာ
ခ်စ္ျခင္းကိုသာ အားကိုးတႀကီးလာရွာမိသည္။
သစ္တိုင္းက အခ်ဳပ္ထဲမွာ ေရာက္ေန၏။
အေဖလုပ္သူကလည္း ဦးမိုးေကာင္းရဲ့
အာဏာကို မယွဥ္နိုင္လို ့ဘာမွမလုပ္နိုင္ပဲ
လက္ေလ်ာ့ကာ ဒီတိုင္းၾကည့္ေနရသည္။
လုပ္ငန္းေတြကလည္း အေျပာင္းကျပန္ ျဖစ္ကာ အကုန္ ပူေဆြးေသာကေရာက္ေနရသည္။ ဒီကိစၥအားလံုးရဲ႕ တရားခံသည္
သစ္တိုင္း ဆိုေသာ္ျငားလည္း သူမစိတ္မနာနိုင္ပါ။ ဒါေႀကာင့္တသက္လံုး မဆက္သြယ္ခဲ့တဲ့ ခ်စ္ျခင္းကိုေတာင္ ေယာက္ခမျဖစ္သူ ဦးစိုင္းလူဆီကဖုန္းနံပါတ္ကို ခခယယေတာင္းပီးဆက္သြယ္ခဲ့ျခင္းျဖစ္၏။
"က်ြန္ေတာ့္ကိုေရြးခ်ယ္ရင္ အေမ့ကို ခြင့္လြတ္ျပီးအရင္လို ျပန္ေနမယ္။ ဟိုေကာင့္ကို
ေရြးလိုက္ရင္ေတာ့ သူ ့ကို ေက်ေအးေပးမယ္ ။ ဒါေပမဲ့ အေမ နဲ ့က်ြန္ေတာ္
ဒီတစ္ခါ ဆက္ဆံေရးပီးရင္ သူစိမ္းေတြျဖစ္သြားျပီ ။ ဘယ္ေတာ့မွ လာပတ္သတ္စရာမလိုေတာ့ဘူး ။ ဘယ္လို လဲ တစ္ေယာက္ေတာ့ေရြး "
ခ်စ္ျခင္း သည္ လက္ပိုက္ကာ မိခင္ျဖစ္သူကို ခပ္မဲ့မဲ့ ၿပံဳးလ်က္ ၾကည့္သည္။
ေဒၚေမခ်စ္သက္ကေတာ့ စားပြဲေပၚတင္ထားတဲ့ သူမ လက္ဖ်ားေတြကို စိတ္လႈပ္ရွားစြာ ဖိပြတ္ကာ ခ်စ္ျခင္းကို ေတာင္းပန္တဲ့ အၾကည့္ျဖင့္ ....
"သား ...ခ်စ္ျခင္း။ အေမမွားခဲ့တာေတြရွိပါတယ္ ။ဒါေတြကို အေမေတာင္းပန္ပါ့မယ္။
သားစိတ္နာတယ္ ဆိုရင္ေတာင္ ...လူတစ္ေယာက္ ရဲ႕ ဘ၀နဲ ့ သက္ဆိုင္ေနတယ္။ စဥ္းစားပါအုန္း ..အေမ ့ကို သားမေက်နပ္ေသးရင္ သားခြင့္လြတ္ေပးတဲ့ထိအေမ ေတာင္းပန္ပါ့မယ္။ အဲ့ဒါေၾကာင့္ သစ္တိုင္းကိုေတာ့ လႊတ္ေပးပါ သူ ..သူ ေထာင္က်လို ့မျဖစ္ဘူး ။ နိုင္ငံျခားကို ေက်ာင္းဆက္တက္ဖို ့အကုန္စီစဥ္ပီးမွခုလိုျဖစ္ရတာပါ ။ အေမ ကိုစိတ္နာတာ တစ္ခုနဲ ့အခုလို သူမ်ားအနာဂတ္ေတြကိုမရုိက္ခ်ိဳး လိုက္ပါ့နဲ ့သားရယ္။
"ဘယ္လို အနာဂတ္ ဟုတ္လား ! ေဒၚေမခ်စ္သက္ စကားကိုဆင္ဆင္ခ်င္ခ်င္ေျပာပါ။
ခုခင္ဗ်ားရဲ့ အခ်စ္ဆံုးသားေႀကာင့္ က်ြန္ေတာ့္ရဲ႕ ဘဝပ်က္စီးသြားျပီအဲ့ဒါ ခင္ဗ်ားသိလား။ ေယာက်ာ္းတစ္ေယာက္ျဖစ္ရက္နဲ ့တျခားေယာက်ာ္းကို လင္ေတာ္လိုက္ရတဲ့ က်ဳပ္အနာဂတ္ကေရာ ။ "
"စိတ္နာလို ့က်ဳပ္က လုပ္လိုက္တာ... ဟုတ္လား !။ ဟားဟား......ရယ္ရတယ္ေနာ္။ေနစမ္းပါအုန္း ခင္ဗ်ားကို ခင္ဗ်ား စိတ္နာရေအာင္ တန္တယ္လို ႔ထင္ေနလား ။ တခ်ိန္လံုး သားအရင္းကိုပစ္ပီး
လင္ပါသားကို ျပဳစု ပ်ိဳးေထာင္ေနတဲ့ခင္ဗ်ားကို က်ဳပ္ကေခါင္းထဲထည့္ၿပီး စိတ္နာရမယ္... ။ ဟား..စိတ္ကူးကိုမရွိတာ ။ "
ရင္နာလြန္းလို ႔ဘယ္လိုလုပ္ရမလဲ။
ဘာေၾကာင့္ အေမက ခ်စ္ျခင္းအေပၚမွာ
ဒီလို စကားမ်ိဳးေတြေျပာထြက္ရက္တာလဲ။
ေဝ့သီလာတဲ့ မ်က္ရည္စေတြကို ပုတ္ခတ္သိမ္းဆည္းရင္း ခပ္ေလွာင္ေလွာင္ရယ္ပစ္မိသည္။
"ခ်စ္ျခင္း မင္းဘယ္လိုေတြျပန္ေျပာပီး ...ရုိင္းခ်င္တိုင္းရုိင္းေနရတာလဲ။ ငါအေမဆိုတာေရာ မင္းစိတ္ထဲမွာရွိေသးလား။
မင္းငါ့ကို မေခၚခ်င္ရင္ေတာင္ မေတာ္လို ႔မရဘူး။ "
"ဟား ဟား ...ရုိင္းတယ္ ဘာျဖစ္လဲ ။
က်ဳပ္မွာဆံုးမမဲ့ အေမလည္းမရွိဘူး ။အေဖလည္းမရွိဘူး ။ အဲ့ေတာ့ ကိုယ့္ဘာသာရုိင္းတာ ဘယ္သူ ့ဂရုစိုက္ေနရမွာလဲ ။
ဟင္း ...ဆူဆံုးမထားတဲ့ ခင္မ်ားသား လူယဥ္ေက်းကေရာ
ေယာက်ာ္းတစ္ေယာက္ကို ေဆးခပ္လုပ္ႀကံအပိုင္သိမ္းဖို ့ ေခြးက်င့္ေခြးႀကံ ႀကံခဲ့တာကေရာ လူေကာင္းေတြရဲ့လုပ္ရပ္လား ။ "
"ဒါကေတာ့ သူ က သားကို ခ်စ္လို ့ျဖစ္သြားတာပါ... ။အေမေတာင္းပန္ပါတယ္
ဒီတခါေတာ့ ခြင့္လြတ္ေပးလိုက္ပါ "
ေလာကႀကီးက ဘယ္လိုေတာင္မ်က္နာလိုက္ရသလဲ ။ အေမသာ သူ ့ကိုျပတ္ျပတ္သားသားေရြးခ်ယ္ခဲ့ ရင္ အေမနဲ ့သူ ့သားကိုပါ အားလံုးကို
ခြင့္လြတ္ေပးပီး အရင္လိုျပန္ေနဖို ့ဆံုးျဖတ္ထားတာ ။ အခုေတာ့ အရာအားလံုးက
သူျဖစ္ခ်င္ခဲ့တဲ့အေတြးသက္သက္သာျဖစ္ေနခဲ့သည္။ ခ်စ္ျခင္း
အေမ့ကို ခ်စ္တယ္။ ဒါေပမဲ့ ဘယ္ေတာ့မွျပန္မလိုခ်င္ေတာ့ေပ ။
စားေသာက္ဆိုင္ရဲ့
VIPအခန္းထဲမွာ မေက်လည္ခဲ့တဲ့စကားဝိုင္းက အခုေတာ့ အဆံုးသတ္သင့္ၿပီ။
အေမနဲ ့ခ်စ္ျခင္းရဲ႕ေတြ ႕ဆံုျခင္းကေတာ့ဒီေန ႔ေနာက္ဆံုးအႀကိမ္ျဖစ္သြားမယ္ထင္သည္။
" ေျပာစရာ စကားကုန္သြားၿပီ။
ေရြးခ်ယ္ခဲ့တာက်ြန္ေတာ္မဟုတ္ေပမဲ့
ေပ်ာ္ပါ တယ္ ။ တန္ဖိုးဆိုတာ ထားတက္တဲ့သူလက္ထဲမွာမွ တန္ဖိုးတက္တာ ။ က်ြန္ေတာ့္ကို တန္ဖိုး မထားတဲ့ သူလက္ထဲမွာ
ေနမဲ့အစား အဆံုးအစ မရွိတန္ဖိုးတက္ေအာင္ ထားတဲ့ က်ြန္ေတာ္ေယာက်ာ္းလက္ထဲမွာပဲ ေက်ေက်နပ္နပ္ေနေတာ့မယ္။
ခင္ဗ်ားသား ကို လႊတ္ေပးဖို ့ေျပာလိုက္ပါ့မယ္။ စိတ္ပူမေနနဲ ့..။ ဒါ ေနာက္ဆံုးအႀကိမ္ ခင္ဗ်ားေမြးမိခင္ျဖစ္ခဲ့ဖူးတဲ့အတြက္ ေက်းဇူးဆပ္လိုက္တာ။ ေနာက္လည္း
ပတ္သတ္စရာမရွိေတာ့လို ႔ေက်းဇူးျပဳၿပီး မဆက္သြယ္ပါနဲ ့ေတာ့ ။ ၿပီးေတာ့ ခင္ဗ်ားသားကိုလည္းေျပာလိုက္ပါ ... ခ်စ္ျခင္းျပည့္စံုက ေက်းဇူးတင္ပါတယ္လို ႔။
သူလုပ္လိုက္လို ့ က်ြန္ေတာ့္ေယာက်ာ္းနဲ ့ညားခဲ့တာဆိုေတာ့..ဒါတင္သင့္တယ္မို ႔လား "
မထိတထိရယ္ေမာကာ ျပန္ဖို ့မတ္တပ္
ထရပ္လိုက္သည္။ ပတ္သတ္ဖို ့ခုေရာေနာက္ေရာအစီစဥ္မရွိေတာ့ပီမို ့ေနာက္ဆံုး
အႀကိမ္ အေမ ့မ်က္နာကိုတဝႀကီးစိုက္ႀကည့္ျ ပီး ေက်ာခိုင္းကာ ထြက္ခြာလာခဲ့လိုက္၏။
*ေပ်ာ္ပါေစအေမ။ ခင္ဗ်ားေ႐ြးခ်ယ္ထားတဲ့
ဘဝမွာ ေပ်ာ္ေပ်ာ္ႀကီး အပူပင္မရွိျဖတ္သန္းနိုင္ပါေစ*
ေဒၚခ်စ္သက္ေမ သားျဖစ္ကိုၾကည့္ကာ
ခံုေပၚမွာအရုပ္ႀကိဳးျပတ္ထိုင္ခ်လိုက္မိသည္။ ရင္ကြဲ မူ ႔ေၾကာင္ ့မ်က္ရည္ေတြပါးေပၚမွာ တသြင္သြင္စီးၾကလ်က္ရွိသည္။
ကိုယ္ေမြးထားတဲ့ သားကို မခ်စ္ပဲေနပါမလား။ ဒါေပမဲ့ သစ္တိုင္းကိုေတာ့
ပစ္မထားနိုင္ပါ။
ခ်စ္ျခင္း ေဘးမွာအရာအားလံုးရွိေနသည္ဆိုေပမဲ့သစ္တိုင္းမွာက
သူမ က လြဲပီး ဘယ္သူမွအနားမွာရွိမည္မဟုတ္ေပ ။ အေဖျဖစ္သူကလည္း သူ ့လုပ္ငန္းနဲ ့သားျဖစ္သူဆိုရင္ အလုပ္ကိုသာေရြးခ်ယ္လိမ့္မည္။ ဒါေႀကာင့္အားလံုးအဆင္ေျပဖို ့သစ္တိုင္းကိုသာေရြးခ်ယ္ခဲ့ရသည္။
အေမ့ကိုခြင့္မလြတ္ပါနဲ ့သားရယ္...
အမိန္ ့ထိုင္လိုက္ထလိုက္နဲ ့ဂနာမျငိမ္ျဖစ္ေနတာ နာရီဝက္ေလာက္ရွိေနပီျဖစ္သည္။ ဘိုးဘိုး နဲ ့အတူေနခ်င္ေပမဲ့
မေျပလည္တဲ့ သူတို ့အေျခေနေႀကာင့္အိမ္ခြဲေနခဲ့တာ မဂၤလာေဆာင္ၿပီး ေနာက္ရက္ ကတည္းကပင္။ ခ်စ္ျခင္းနဲ ့ေျပလည္ခ်င္ေနပီ... ေျပလည္းေျပလည္ေတာ့မွာမို ့သတင္းေကာင္းကိုေျပာဖို ့ရုံးကေတာင္အေစာျကီးဆင္းလာခဲ့ရတာ။
အိမ္ေရာက္ေတာ့ အိမ္အကူအေဒၚႀကီးက
မရွိဘူး ..အျပင္သြားတယ္ဆိုလို ့သူ ့မွာ
ေစာင့္ေနရင္းေတာ္ေတာ္နဲ ့ေပၚမလာသူ
ေႀကာင့္စိတ္ပူေနရသည္။ တကယ္ဆို
အျပင္ေတာင္သိပ္မသြားျဖစ္တဲ့ခ်စ္ျခင္းက
ဘာေႀကာင့္ သြားလဲဆိုတာသိခ်င္ေပမဲ့
သူ ႔ကို မုန္းေနတဲ့ခ်စ္ျခင္းေၾကာင့္ ဖုန္းမဆက္ရဲေပ။
ေဆးခပ္တာ သူ ဆိုပီး စိတ္စြဲေနတဲ့
ခ်စ္ျခင္းက ဘယ္လိုရွင္းျပလို့မွနားမဝင္ပါေခ်။ အေတြးေတြနဲ ့ ဗ်ာမ်ားေနစဥ္
ကားတံခါးပိတ္နဲ ့အတူ ေျပးဝင္လာတဲ့ အရိပ္ကေလး။
"အြန္ ႔ "
အရွိန္ျပင္းျပင္းဝင္လာတဲ့ ကိုယ္လံုးေလးကိုဆီႀကိဳ ေထြးဖက္လိုက္မိေတာ့ ေျခလွမ္း
ကေနာက္တလွမ္းယိုင္သြား၏။
အမိန္ ႔ အံ့ၾသကာ ခ်က္ျခင္းငံု ႔ၾကည့္မိေတာ့ ခ်စ္ျခင္းက သူရင္ဖက္မွာ မ်က္နွာအပ္လ်က္ အမိန္ ႔ကိုျပန္ေထြးဖက္ထားသည္။
အိစက္ညက္ေညာတဲ့
အထိေတြ ့ေလးနဲ ့ လက္ဆတ္တဲ့ အသီးရနံေလးက ဘယ္သူဆိုတာ သူသိေပမဲ့ အမိန္ ့မယံုရဲေသးေပ။
ခ်စ္ျခင္းက သူ ့ကို ဖက္လိုက္တယ္ ! ဘုရားေရ... သူအိမ္မက္မ်ား
မက္ေနသလား ။
"ငါ... ငါ ...မင္းကိုေတာင္းပန္ပါတယ္ "
ရွဳိက္သံစြက္ေနတဲ့ အသံတိုးတိုးေလး
ေႀကာင့္ အမိန္ ့နွလံုးသားေတြ ပူေႏြးကုန္၏ ။ ၿပီးေတာ့ ငိုေနသူကို ဖြဖြေလးျပန္ေထြးေပြ ့ကာ
ႀကင္ႀကင္နာနာေလးေမးလိုက္၏။
"ဘာလို ့ ငိုေနရတာလဲအခ်စ္ရယ္ ...
မင္းဘယ္ေတာ့မွ... ေမာင့္ကိုေတာင္းပန္
ဖို ့မလိုအပ္ပါဘူး ...။ အျမဲတမ္း ႀကိဳက္သလို မင္း ေမာင့္ကို အနိုင္ယူနိုင္ပါတယ္ "
ေသခ်ာနားေထာင္မည္ဆိုလ်ွင္အမိန္ ႔အသံသည္လည္း တုန္ရီေနမွာ မလႊဲဧကန္ပင္။
"မဟုတ္ဘူး ...ငါ ေတာင္းပန္ခ်င္လို ့ပါ
မင္း.. မင္းကို ...ငါအထင္လြဲမိခဲ့တယ္။ ေဆးခပ္တာ မင္းမဟုတ္ဘူးဆိုတာငါဒီေန ့သိခဲ့ရတယ္အမိန္႔"
"အခ်စ္က ...ဘယ္လိုသိတာလဲ
ေမာင္ေတာင္ ဘိုးဘိုးေျပာလို ့ေနခင္းကမွသိလို ့အခ်စ္ကိုေျပာျပဖို ့အိမ္ျပန္လာတာ
အခ်စ္က ႀကိဳသိေနတယ္ "
အမိန္ ႔အလိုမက်စြာ ေျပာမိသည္။
ခ်စ္ျခင္း တခုခုျဖစ္ေနတာသူခံစားလို ႔ရေနသည္။
"အင္း ငါသိသြားပါပီ ... ဒါေပမဲ့ မင္း သူ ့ကို
လြတ္ေပးလိုက္လို ႔မရဘူးလား"
"ဘာေျပာလိုက္တာခ်စ္ျခင္း ..။
ေမာင္က ဘာလို ့လြတ္ေပးရမွာလဲ။ မင္းကိုေဆးခပ္ တဲ့သူကို အျပစ္မက်က်ေအာင္လုပ္မွာ။ လံုးဝခြင့္မလႊတ္ေပးနိုင္ဘူး"
ေဒါသနဲ ့ဖက္ထားရမွဖယ္ခြာမယ္လုပ္ေတာ့ အခြာမခံပဲ အတင္းတိုးဖက္ လာ၏။
ထိုအျပဳမူေလးေၾကာင့္ပင္ အမိန္ ့ေဒါသေတြ ေပ်ာက္ကြယ္ရျပန္၏။
ခ်စ္ျခင္းျပည့္စံု ဘယ္လိုနည္းေတြ သံုးကာ ခ်ဳပ္ဖို ႔ႀကံေနသလဲ။
"အခ်စ္...မင္းအေတာ္ဆိုးလာတာပဲ "
ရင္ခြင္ထဲက ကိုယ္လံုးေလးကိုဖ်စ္ညစ္ေျပာေတာ့ အမိန္ ႔ရင္ဖက္ကို သူ ႔ပါးေလးနဲ ့ပြတ္သပ္ကာ ကေလးေလးလို ၿပံဳးေန၏။
"အင္း ငါက ဆိုးတယ္ ...အဲ့ေတာ့
မင္းကမခ်စ္ေတာ့ဘူးလား "
မ်က္နွာေလးေမာ့ကာေမးလာေတာ့ အမိန္ ့ဖက္နမ္းခ်င္စိတ္ေတြ တိုးလို့လာ၏ ။ခ်စ္ျခင္းျပည့္စံု ကေတာ့နာခ်င္ေနပီ ထင္တယ္။ ေက်နပ္ျခင္းေတြစုျပံဳေနတဲ့ အမိန္ ့ကေတာ့ အျပံဳးေတြမရပ္တန္ ့နိုင္ေတာ့ပဲ ေမာ့ႀကည့္လာတဲ့ မ်က္နာေလးကိုငံု ့နမ္းလိုက္ကာ
"ေမာင္ မင္း ကိုသိပ္ခ်စ္တယ္ ခ်စ္ျခင္း "
တိုးသက္တဲ့ စကားေလးတခြန္းေၾကာင့္
အနီေရာင္နွင္းဆီခင္းေလး နွစ္ခင္းျဖစ္သြား၏။
ခ်စ္တဲ့အိမ္စည္။
"ဒါဆို အခုလာတွေ့ တာ သူကြောင့်ပေါ့"
ဘာစကားမှပြန်မဖြေလာတဲ့ တစ်ဖက်အမျိုးသမီးကို ချစ်ခြင်း စိတ်ပျက်စွာကြည့်မိလိုက်၏ ။ဘဝမှအနာကျည်းဆုံးပြပါဆိုလျှင် ချစ်ခြင်း မိဘတွေသာ လက်ညိုးထိုးပြမိမည်။
သူကတော့ဘယ်လိုပင်စိတ်နာစေခဲ့အုန်း
တခါလေး လာတွေ့ တောင်းပန်ရင်ကို ကျေနပ်ပေးမည်ဟုပင် တွေးထားခဲ့ဖူးသည်။
ခုတော့ မျှော်လင့်ထားခဲ့သမျှ သည်
သဲထဲရေသွန်သကဲ့သို့ ပင်။
ဆယ့်သုံးနှစ် ကျော်အတွင်း သားအရင်းခေါက်ခေါက်ကို တစ်ခါတောင် အတင်းအကြပ် တွေ့ ဆုံဖို့ မတောင်းဆိုခဲ့တဲ့မိခင်ဖြစ်သူက နောက်လင်ကပါတဲ့ သားဖြစ်သူအတွက် အလွယ်တကူ ဆက်သွယ်လို့ မရနိုင်တဲ့ မိမိဖုန်းကိုတောင်ရအောင်ဆက်သွယ်လာခဲ့သည်။
စိတ်နာတယ်ဆိုပေမဲ့ မိခင်ဖြစ်သူကို
တိတ်တဆိတ်မျှော်လင့်ရင်းလွမ်းနေခဲ့ရတာ။
ဒါဟာ ဘယ်လို အခြေနေလဲ ဆိုတာ ချစ်
ခြင်းကိုယ်တိုင် မဝေခွဲနိုင်တော့ပေ။
ထို့ ကြောင့် ပင့်သက်ကို ချကာ သိချင်တာကို မေးလိုက်၏။
"ကျွန်တော် .. အမေနဲ့ မပြေလည်ခဲ့တာ
ဆယ့်သုံးနှစ်ကျော်ပီ။ ကျွန်တော့်ဖက်က
မတွေ့ ချင်ပါဘူးလို့ ပြောခဲ့ပေမဲ့ အမေဖက်ကလဲ မတွေ့ ချင်ခဲ့လို့ ဒီအချိန်တွေထိ
မတွေ့့ပဲနေလာခါပြီး မှ နောက်ယောကျာ်းက ပါလာတဲ့
သားဖြစ်သူအတွက် အရေးတကြီးဆက်သွယ်လာတယ်ဆိုတော့ ......အင်း သူ့ ကိုတော့ အတော်ချစ်ပုံပဲ "
စကားကိုခန ဖြတ်ကာ ခပ်လှောင်လှောင်ဆိုတော့ တဖက်လူက ပြိုကျတော့မဲ့မိုးလို မျက်နာပျက်၏ ဖြစ်ပျက်နေတဲ့ အမေဖြစ်သူမျက်နာကို ကျေနပ်စွာစိုက်ကြည့်ရင်း
သဘောတကျရယ်ကာ
"အင်း ...ဘာစကားမှလဲပြန်မပြောတော့
ကျွန်တော် ဘာလုပ်ပေးရမှာလဲ... ဒီလို လုပ်ပါ့လား ။ အမေ့ကို နောက်ဆုံးရွေးချယ်မူ့ တစ်ခုပေးမယ်... ဘယ်လိုလဲ? "
မျှော်လင့်ချက်တကြီးမော့ကြည့်လာတဲ့အမေဖြစ်သူကြောင့် ရင်ထဲမှာ ဖျင်းခနဲပဲ။
လောကကြီးကဘာတွေများသူ့ ကိုဖြစ်စေချနေရတာလဲ။
"ကျွန်တော့်ကို လား... သူ့ ကိုလားတစ်ယောက်ရွေးလိုက်"
"ဘယ်လို ! အမေနားမလည်လို့ ဘာကိုပြောချင်တာလဲ "
ဒေါ်မေချစ်သက် မျက်ခုံးတွေကိုတွန့် ချိုးလျက် ပြန်မေးလိုက်သည်။
တကယ်ဆို သူမ စိတ်နဲ့ လူနဲ့ ကပ်မနေပါ။
အပူပေါ်အပူဆင့်နေတဲ့ အချိန်မှာ
ချစ်ခြင်းကိုသာ အားကိုးတကြီးလာရှာမိသည်။
သစ်တိုင်းက အချုပ်ထဲမှာ ရောက်နေ၏။
အဖေလုပ်သူကလည်း ဦးမိုးကောင်းရဲ့
အာဏာကို မယှဉ်နိုင်လို့ ဘာမှမလုပ်နိုင်ပဲ
လက်လျော့ကာ ဒီတိုင်းကြည့်နေရသည်။
လုပ်ငန်းတွေကလည်း အပြောင်းကပြန် ဖြစ်ကာ အကုန် ပူဆွေးသောကရောက်နေရသည်။ ဒီကိစ္စအားလုံးရဲ့ တရားခံသည်
သစ်တိုင်း ဆိုသော်ငြားလည်း သူမစိတ်မနာနိုင်ပါ။ ဒါကြောင့်တသက်လုံး မဆက်သွယ်ခဲ့တဲ့ ချစ်ခြင်းကိုတောင် ယောက်ခမဖြစ်သူ ဦးစိုင်းလူဆီကဖုန်းနံပါတ်ကို ခခယယတောင်းပီးဆက်သွယ်ခဲ့ခြင်းဖြစ်၏။
"ကျွန်တော့်ကိုရွေးချယ်ရင် အမေ့ကို ခွင့်လွတ်ပြီးအရင်လို ပြန်နေမယ်။ ဟိုကောင့်ကို
ရွေးလိုက်ရင်တော့ သူ့ ကို ကျေအေးပေးမယ် ။ ဒါပေမဲ့ အမေ နဲ့ ကျွန်တော်
ဒီတစ်ခါ ဆက်ဆံရေးပီးရင် သူစိမ်းတွေဖြစ်သွားပြီ ။ ဘယ်တော့မှ လာပတ်သတ်စရာမလိုတော့ဘူး ။ ဘယ်လို လဲ တစ်ယောက်တော့ရွေး "
ချစ်ခြင်း သည် လက်ပိုက်ကာ မိခင်ဖြစ်သူကို ခပ်မဲ့မဲ့ ပြုံးလျက် ကြည့်သည်။
ဒေါ်မေချစ်သက်ကတော့ စားပွဲပေါ်တင်ထားတဲ့ သူမ လက်ဖျားတွေကို စိတ်လှုပ်ရှားစွာ ဖိပွတ်ကာ ချစ်ခြင်းကို တောင်းပန်တဲ့ အကြည့်ဖြင့် ....
"သား ...ချစ်ခြင်း။ အမေမှားခဲ့တာတွေရှိပါတယ် ။ဒါတွေကို အမေတောင်းပန်ပါ့မယ်။
သားစိတ်နာတယ် ဆိုရင်တောင် ...လူတစ်ယောက် ရဲ့ ဘ၀နဲ့ သက်ဆိုင်နေတယ်။ စဉ်းစားပါအုန်း ..အမေ့ ကို သားမကျေနပ်သေးရင် သားခွင့်လွတ်ပေးတဲ့ထိအမေ တောင်းပန်ပါ့မယ်။ အဲ့ဒါကြောင့် သစ်တိုင်းကိုတော့ လွှတ်ပေးပါ သူ ..သူ ထောင်ကျလို့ မဖြစ်ဘူး ။ နိုင်ငံခြားကို ကျောင်းဆက်တက်ဖို့ အကုန်စီစဉ်ပီးမှခုလိုဖြစ်ရတာပါ ။ အမေ ကိုစိတ်နာတာ တစ်ခုနဲ့ အခုလို သူများအနာဂတ်တွေကိုမရိုက်ချိုး လိုက်ပါ့နဲ့ သားရယ်။
"ဘယ်လို အနာဂတ် ဟုတ်လား ! ဒေါ်မေချစ်သက် စကားကိုဆင်ဆင်ချင်ချင်ပြောပါ။
ခုခင်ဗျားရဲ့ အချစ်ဆုံးသားကြောင့် ကျွန်တော့်ရဲ့ ဘဝပျက်စီးသွားပြီအဲ့ဒါ ခင်ဗျားသိလား။ ယောကျာ်းတစ်ယောက်ဖြစ်ရက်နဲ့ တခြားယောကျာ်းကို လင်တော်လိုက်ရတဲ့ ကျုပ်အနာဂတ်ကရော ။ "
"စိတ်နာလို့ ကျုပ်က လုပ်လိုက်တာ... ဟုတ်လား !။ ဟားဟား......ရယ်ရတယ်နော်။နေစမ်းပါအုန်း ခင်ဗျားကို ခင်ဗျား စိတ်နာရအောင် တန်တယ်လို့ ထင်နေလား ။ တချိန်လုံး သားအရင်းကိုပစ်ပီး
လင်ပါသားကို ပြုစု ပျိုးထောင်နေတဲ့ခင်ဗျားကို ကျုပ်ကခေါင်းထဲထည့်ပြီး စိတ်နာရမယ်... ။ ဟား..စိတ်ကူးကိုမရှိတာ ။ "
ရင်နာလွန်းလို့ ဘယ်လိုလုပ်ရမလဲ။
ဘာကြောင့် အမေက ချစ်ခြင်းအပေါ်မှာ
ဒီလို စကားမျိုးတွေပြောထွက်ရက်တာလဲ။
ဝေ့သီလာတဲ့ မျက်ရည်စတွေကို ပုတ်ခတ်သိမ်းဆည်းရင်း ခပ်လှောင်လှောင်ရယ်ပစ်မိသည်။
"ချစ်ခြင်း မင်းဘယ်လိုတွေပြန်ပြောပီး ...ရိုင်းချင်တိုင်းရိုင်းနေရတာလဲ။ ငါအမေဆိုတာရော မင်းစိတ်ထဲမှာရှိသေးလား။
မင်းငါ့ကို မခေါ်ချင်ရင်တောင် မတော်လို့ မရဘူး။ "
"ဟား ဟား ...ရိုင်းတယ် ဘာဖြစ်လဲ ။
ကျုပ်မှာဆုံးမမဲ့ အမေလည်းမရှိဘူး ။အဖေလည်းမရှိဘူး ။ အဲ့တော့ ကိုယ့်ဘာသာရိုင်းတာ ဘယ်သူ့ ဂရုစိုက်နေရမှာလဲ ။
ဟင်း ...ဆူဆုံးမထားတဲ့ ခင်များသား လူယဉ်ကျေးကရော
ယောကျာ်းတစ်ယောက်ကို ဆေးခပ်လုပ်ကြံအပိုင်သိမ်းဖို့ ခွေးကျင့်ခွေးကြံ ကြံခဲ့တာကရော လူကောင်းတွေရဲ့လုပ်ရပ်လား ။ "
"ဒါကတော့ သူ က သားကို ချစ်လို့ ဖြစ်သွားတာပါ... ။အမေတောင်းပန်ပါတယ်
ဒီတခါတော့ ခွင့်လွတ်ပေးလိုက်ပါ "
လောကကြီးက ဘယ်လိုတောင်မျက်နာလိုက်ရသလဲ ။ အမေသာ သူ့ ကိုပြတ်ပြတ်သားသားရွေးချယ်ခဲ့ ရင် အမေနဲ့ သူ့ သားကိုပါ အားလုံးကို
ခွင့်လွတ်ပေးပီး အရင်လိုပြန်နေဖို့ ဆုံးဖြတ်ထားတာ ။ အခုတော့ အရာအားလုံးက
သူဖြစ်ချင်ခဲ့တဲ့အတွေးသက်သက်သာဖြစ်နေခဲ့သည်။ ချစ်ခြင်း
အမေ့ကို ချစ်တယ်။ ဒါပေမဲ့ ဘယ်တော့မှပြန်မလိုချင်တော့ပေ ။
စားသောက်ဆိုင်ရဲ့
VIPအခန်းထဲမှာ မကျေလည်ခဲ့တဲ့စကားဝိုင်းက အခုတော့ အဆုံးသတ်သင့်ပြီ။
အမေနဲ့ ချစ်ခြင်းရဲ့တွေ့ ဆုံခြင်းကတော့ဒီနေ့ နောက်ဆုံးအကြိမ်ဖြစ်သွားမယ်ထင်သည်။
" ပြောစရာ စကားကုန်သွားပြီ။
ရွေးချယ်ခဲ့တာကျွန်တော်မဟုတ်ပေမဲ့
ပျော်ပါ တယ် ။ တန်ဖိုးဆိုတာ ထားတက်တဲ့သူလက်ထဲမှာမှ တန်ဖိုးတက်တာ ။ ကျွန်တော့်ကို တန်ဖိုး မထားတဲ့ သူလက်ထဲမှာ
နေမဲ့အစား အဆုံးအစ မရှိတန်ဖိုးတက်အောင် ထားတဲ့ ကျွန်တော်ယောကျာ်းလက်ထဲမှာပဲ ကျေကျေနပ်နပ်နေတော့မယ်။
ခင်ဗျားသား ကို လွှတ်ပေးဖို့ ပြောလိုက်ပါ့မယ်။ စိတ်ပူမနေနဲ့ ..။ ဒါ နောက်ဆုံးအကြိမ် ခင်ဗျားမွေးမိခင်ဖြစ်ခဲ့ဖူးတဲ့အတွက် ကျေးဇူးဆပ်လိုက်တာ။ နောက်လည်း
ပတ်သတ်စရာမရှိတော့လို့ ကျေးဇူးပြုပြီး မဆက်သွယ်ပါနဲ့ တော့ ။ ပြီးတော့ ခင်ဗျားသားကိုလည်းပြောလိုက်ပါ ... ချစ်ခြင်းပြည့်စုံက ကျေးဇူးတင်ပါတယ်လို့ ။
သူလုပ်လိုက်လို့ ကျွန်တော့်ယောကျာ်းနဲ့ ညားခဲ့တာဆိုတော့..ဒါတင်သင့်တယ်မို့ လား "
မထိတထိရယ်မောကာ ပြန်ဖို့ မတ်တပ်
ထရပ်လိုက်သည်။ ပတ်သတ်ဖို့ ခုရောနောက်ရောအစီစဉ်မရှိတော့ပီမို့ နောက်ဆုံး
အကြိမ် အမေ့ မျက်နာကိုတဝကြီးစိုက်ကြည့်ြ ပီး ကျောခိုင်းကာ ထွက်ခွာလာခဲ့လိုက်၏။
*ပျော်ပါစေအမေ။ ခင်ဗျားရွေးချယ်ထားတဲ့
ဘဝမှာ ပျော်ပျော်ကြီး အပူပင်မရှိဖြတ်သန်းနိုင်ပါစေ*
ဒေါ်ချစ်သက်မေ သားဖြစ်ကိုကြည့်ကာ
ခုံပေါ်မှာအရုပ်ကြိုးပြတ်ထိုင်ချလိုက်မိသည်။ ရင်ကွဲ မူ့ ကြောင့် မျက်ရည်တွေပါးပေါ်မှာ တသွင်သွင်စီးကြလျက်ရှိသည်။
ကိုယ်မွေးထားတဲ့ သားကို မချစ်ပဲနေပါမလား။ ဒါပေမဲ့ သစ်တိုင်းကိုတော့
ပစ်မထားနိုင်ပါ။
ချစ်ခြင်း ဘေးမှာအရာအားလုံးရှိနေသည်ဆိုပေမဲ့သစ်တိုင်းမှာက
သူမ က လွဲပီး ဘယ်သူမှအနားမှာရှိမည်မဟုတ်ပေ ။ အဖေဖြစ်သူကလည်း သူ့ လုပ်ငန်းနဲ့ သားဖြစ်သူဆိုရင် အလုပ်ကိုသာရွေးချယ်လိမ့်မည်။ ဒါကြောင့်အားလုံးအဆင်ပြေဖို့ သစ်တိုင်းကိုသာရွေးချယ်ခဲ့ရသည်။
အမေ့ကိုခွင့်မလွတ်ပါနဲ့ သားရယ်...
အမိန့် ထိုင်လိုက်ထလိုက်နဲ့ ဂနာမငြိမ်ဖြစ်နေတာ နာရီဝက်လောက်ရှိနေပီဖြစ်သည်။ ဘိုးဘိုး နဲ့ အတူနေချင်ပေမဲ့
မပြေလည်တဲ့ သူတို့ အခြေနေကြောင့်အိမ်ခွဲနေခဲ့တာ မင်္ဂလာဆောင်ပြီး နောက်ရက် ကတည်းကပင်။ ချစ်ခြင်းနဲ့ ပြေလည်ချင်နေပီ... ပြေလည်းပြေလည်တော့မှာမို့ သတင်းကောင်းကိုပြောဖို့ ရုံးကတောင်အစောကြီးဆင်းလာခဲ့ရတာ။
အိမ်ရောက်တော့ အိမ်အကူအဒေါ်ကြီးက
မရှိဘူး ..အပြင်သွားတယ်ဆိုလို့ သူ့ မှာ
စောင့်နေရင်းတော်တော်နဲ့ ပေါ်မလာသူ
ကြောင့်စိတ်ပူနေရသည်။ တကယ်ဆို
အပြင်တောင်သိပ်မသွားဖြစ်တဲ့ချစ်ခြင်းက
ဘာကြောင့် သွားလဲဆိုတာသိချင်ပေမဲ့
သူ့ ကို မုန်းနေတဲ့ချစ်ခြင်းကြောင့် ဖုန်းမဆက်ရဲပေ။
ဆေးခပ်တာ သူ ဆိုပီး စိတ်စွဲနေတဲ့
ချစ်ခြင်းက ဘယ်လိုရှင်းပြလို့မှနားမဝင်ပါချေ။ အတွေးတွေနဲ့ ဗျာများနေစဉ်
ကားတံခါးပိတ်နဲ့ အတူ ပြေးဝင်လာတဲ့ အရိပ်ကလေး။
"အွန့် "
အရှိန်ပြင်းပြင်းဝင်လာတဲ့ ကိုယ်လုံးလေးကိုဆီကြို ထွေးဖက်လိုက်မိတော့ ခြေလှမ်း
ကနောက်တလှမ်းယိုင်သွား၏။
အမိန့် အံ့သြကာ ချက်ခြင်းငုံ့ ကြည့်မိတော့ ချစ်ခြင်းက သူရင်ဖက်မှာ မျက်နှာအပ်လျက် အမိန့် ကိုပြန်ထွေးဖက်ထားသည်။
အိစက်ညက်ညောတဲ့
အထိတွေ့ လေးနဲ့ လက်ဆတ်တဲ့ အသီးရနံလေးက ဘယ်သူဆိုတာ သူသိပေမဲ့ အမိန့် မယုံရဲသေးပေ။
ချစ်ခြင်းက သူ့ ကို ဖက်လိုက်တယ် ! ဘုရားရေ... သူအိမ်မက်များ
မက်နေသလား ။
"ငါ... ငါ ...မင်းကိုတောင်းပန်ပါတယ် "
ရှိုက်သံစွက်နေတဲ့ အသံတိုးတိုးလေး
ကြောင့် အမိန့် နှလုံးသားတွေ ပူနွေးကုန်၏ ။ ပြီးတော့ ငိုနေသူကို ဖွဖွလေးပြန်ထွေးပွေ့ ကာ
ကြင်ကြင်နာနာလေးမေးလိုက်၏။
"ဘာလို့ ငိုနေရတာလဲအချစ်ရယ် ...
မင်းဘယ်တော့မှ... မောင့်ကိုတောင်းပန်
ဖို့ မလိုအပ်ပါဘူး ...။ အမြဲတမ်း ကြိုက်သလို မင်း မောင့်ကို အနိုင်ယူနိုင်ပါတယ် "
သေချာနားထောင်မည်ဆိုလျှင်အမိန့် အသံသည်လည်း တုန်ရီနေမှာ မလွှဲဧကန်ပင်။
"မဟုတ်ဘူး ...ငါ တောင်းပန်ချင်လို့ ပါ
မင်း.. မင်းကို ...ငါအထင်လွဲမိခဲ့တယ်။ ဆေးခပ်တာ မင်းမဟုတ်ဘူးဆိုတာငါဒီနေ့ သိခဲ့ရတယ်အမိန့်"
"အချစ်က ...ဘယ်လိုသိတာလဲ
မောင်တောင် ဘိုးဘိုးပြောလို့ နေခင်းကမှသိလို့ အချစ်ကိုပြောပြဖို့ အိမ်ပြန်လာတာ
အချစ်က ကြိုသိနေတယ် "
အမိန့် အလိုမကျစွာ ပြောမိသည်။
ချစ်ခြင်း တခုခုဖြစ်နေတာသူခံစားလို့ ရနေသည်။
"အင်း ငါသိသွားပါပီ ... ဒါပေမဲ့ မင်း သူ့ ကို
လွတ်ပေးလိုက်လို့ မရဘူးလား"
"ဘာပြောလိုက်တာချစ်ခြင်း ..။
မောင်က ဘာလို့ လွတ်ပေးရမှာလဲ။ မင်းကိုဆေးခပ် တဲ့သူကို အပြစ်မကျကျအောင်လုပ်မှာ။ လုံးဝခွင့်မလွှတ်ပေးနိုင်ဘူး"
ဒေါသနဲ့ ဖက်ထားရမှဖယ်ခွာမယ်လုပ်တော့ အခွာမခံပဲ အတင်းတိုးဖက် လာ၏။
ထိုအပြုမူလေးကြောင့်ပင် အမိန့် ဒေါသတွေ ပျောက်ကွယ်ရပြန်၏။
ချစ်ခြင်းပြည့်စုံ ဘယ်လိုနည်းတွေ သုံးကာ ချုပ်ဖို့ ကြံနေသလဲ။
"အချစ်...မင်းအတော်ဆိုးလာတာပဲ "
ရင်ခွင်ထဲက ကိုယ်လုံးလေးကိုဖျစ်ညစ်ပြောတော့ အမိန့် ရင်ဖက်ကို သူ့ ပါးလေးနဲ့ ပွတ်သပ်ကာ ကလေးလေးလို ပြုံးနေ၏။
"အင်း ငါက ဆိုးတယ် ...အဲ့တော့
မင်းကမချစ်တော့ဘူးလား "
မျက်နှာလေးမော့ကာမေးလာတော့ အမိန့် ဖက်နမ်းချင်စိတ်တွေ တိုးလို့လာ၏ ။ချစ်ခြင်းပြည့်စုံ ကတော့နာချင်နေပီ ထင်တယ်။ ကျေနပ်ခြင်းတွေစုပြုံနေတဲ့ အမိန့် ကတော့ အပြုံးတွေမရပ်တန့် နိုင်တော့ပဲ မော့ကြည့်လာတဲ့ မျက်နာလေးကိုငုံ့ နမ်းလိုက်ကာ
"မောင် မင်း ကိုသိပ်ချစ်တယ် ချစ်ခြင်း "
တိုးသက်တဲ့ စကားလေးတခွန်းကြောင့်
အနီရောင်နှင်းဆီခင်းလေး နှစ်ခင်းဖြစ်သွား၏။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz