ခ်စ္အမိန္ ့( ချစအမိန့် ) (completed)
13
မီးေရာင္စံုေတြနဲ ့လွပေနတဲ့ လူကုန္ထံ
အသိုင္းဝိုင္း ကို ႀကည့္ပီး ခ်စ္ျခင္း ေပ်ာ္ရႊင္မူ ့ကိုပင္မခံစားနိုင္ေတာ့ေပ။
ပူေလာင္ လာမူ ့ေႀကာင့္ နဖူးက
ေခ်ြးေစးေတြကို လက္ဖမိုး
နဲ ့သုတ္လိုက္သည္။
ဆိုးဝါးလွတဲ့ ကိုယ္ခႏၶာရဲ့ ေဖာက္လြဲ
ေဖာက္ျပန္ မူ ့ကို ဆက္ထိန္းထားဖို ့ခ်စ္ျခင္းအဆင္မေျပေတာ့ေပ။
အေနရခက္သလို ဝမ္းတြင္းတေနရာမွာလည္း ပူေလာင္ေနေလသည္။
ခ်စ္ျခင္း ဘာျဖစ္ေနမွန္းကို ကိုယ့္ဘာသာ ကိုယ္ေတာင္မသိေတာ့ပါ။
ဝိတ္တာတစ္ေယာက္ယူလာေပးတဲ့ အေအးကို နည္းနည္းေသာက္မိျပီး မႀကာဘူး
ခ်စ္ျခင္း ေနရခက္လာပီး..အဆင္မေျပျဖစ္လာသည္။ အမိန္ ့ကလည္း
"ဘိုးဘိုးႀကီးေခၚလို ့ခဏ ပဲၾကာမွာ ေမာင္ခ်က္ျခင္းျပန္လာခဲ့မယ္"ဟု ေျပာၿပီး ထြက္သြားသည္။ တစ္ေယာက္ထဲေနဖို ႔ အဆင္မေျပေတာာတာေၾကာင့္ခ်စ္ျခင္းဘာသာ လိုက္ရွာဖို ့သာ ဆံုးျဖတ္လိုက္၏ ။
ရွဳပ္ယွက္ခတ္ေနတဲ့ လူေတြကို ေရွာင္ရွား
ရင္း ေဖႀကီးကိုေတြ ့ဖို ့သာ အေရးႀကီးေနသည္။ ပူေလာင္လာၿပီး အမ်ိဳးမည္မသိတဲ့
ခံစားခ်က္ေႀကာင့္ ေခြၽးေစးေတြထြက္လာကာ လူက လွမ္းသြားတိုင္း ကတုန္ကရီျဖစ္ေန၏။
"Hi !ေတြ ့ျပန္ပီေနာ္"
ေရွ့က ပိတ္ရပ္လိုက္တဲ့ လူေႀကာင့္
တိုက္မိမလို ျဖစ္သြားတာမို ့ခ်စ္ျခင္း အရွိန္ကို သတ္ကာ ေနာက္ကိုတစ္လွမ္းဆုတ္လိုက္ရ၏။
ပိတ္ရပ္လိုက္တဲ့ သူကို မ်က္ေမွာင္ က်ံ ဳ ့ ႀကည့္လိုက္သည္။
"sorry ကိုယ္က မင္းကိုျမင္လိုက္ေတာ့
ဝမ္းသာသြားတာ "
မ်က္ခံုးကို လက္နဲ ့ကုတ္ပီးေျပာလာတဲ့
တဲ့ ေကာင္သည္ သင္တန္းေရွ ႔မွာ အၿမဲလိုက္ေနွာက္ယွက္ေနၾကေကာင္ပင္။
ေတာက္စ္! တကယ္ စိတ္ပ်က္စရာပဲ။
ဘယ္လို အကုသိုလ္ေတြေၾကာင့္ ဒီေကာင္နဲ ့အၿမဲဆံုေနသလဲ ဆိုတာေတြးမရေတာ့။
ခ်စ္ျခင္းျပည့္စံုက မုန္းတယ္ဆိုရင္ ဘယ္ေတာ့မွ လွည့္မၾကည့္ခ်င္ေတာ့တဲ့လူစားမ်ိဳး။
ထို ႔ေၾကာင့္ တုန္ရီေန တဲ့ ကိုယ္ကို သတိနဲ ့ထိန္းခ်ဳပ္က ေလသံမာမာနဲ ့ေအာ္လိုက္သည္။
"ငါ့ေရွ ့ကဖယ္စမ္း !!"
"ေနပါအုန္းloveရယ္။
ေတြ ့တုန္းေလးကိုကြာ ..စိတ္ေလ်ာ့စမ္းပါ။
မင္း တစ္ေယာက္ထဲ ျဖစ္ေနေတာ့
ပ်င္းေနမွာစိုးလို ႔လာေခၚေပးတာပါ။
ကိုယ္တို ႔ဝိုင္းလိုက္ထိုင္ပါ့လား ဟင္.."
ခ်စ္ျခင္း လံုးဝစိတ္မရွည္ျဖစ္လာသည္။
တမင္ သေဘာေကာင္းေနသလို
ပံုမ်ိဳး လုပ္ေနတာမို ႔ တျခားသူဆို အားနာေကာင္းအားနာနိုင္ေပမဲ့ ခ်စ္ျခင္းကေတာ့အားမနာနိုင္ေတာ့ပါ။ ၿပီးေတာ့
တျဖည္းျဖည္း မတ္တပ္ရပ္မေနခ်င္ေတာ့ေလာက္ေအာင္ ျဖစ္လာၿပီမို ႔ ပူေလာင္လာေသာ လည္ပင္းေတြကို ပြတ္သပ္ရင္း ခ်စ္ျခင္း အံႀကိတ္ကာ
"စိတ္မဝင္စားဘူး ။ ထပ္ေနွာက္ယွက္ေနမယ္ဆိုရင္ ငါ့အဆိုးမဆိုနဲ ့ "
ေျပာပီး ထိုေကာင္ကို ေရွာင္ကြင္းကာ
ျခံေရွ ့ကိုဦးတည္ပီးသြားလိုက္သည္။
ေဖႀကီးကိုလည္းမရွာနိုင္ေတာ့။ အိမ္ျပန္ေရာက္မွ ျဖစ္မည္။
အလြယ္တကူဖုန္းဆက္လို ႔ရနိုင္ေသာ္လည္း ခ်စ္ျခင္းဒီေန ႔ဖုန္းယူဖို ႔ေမ့လာခဲ့သည္။ ထို ႔ေၾကာင့္ တစ္ေယာက္ထဲသာ ျပန္နွင့္ဖို ႔ ေျခလွမ္းေတြကို ႀကိဳးစားလွမ္းေနမိသည္။
ၿခံျပင္ကိုတေ႐ြ ႕ေ႐ြ ႕သြားေနေသာ ပံုရိပ္ကို ၾကည့္ကာ
သစ္တိုင္း နူတ္ခမ္းတို ့တြန္ ့ေကြးသြား၏။
ထို ့ေနာက္သြက္လက္တဲ့ေျခလွမ္းတို ့ျဖင့္
loveေနာက္ကို မသိမသာ လိုက္သြားလိုက္သည္။
_____
လူႀကီးေတြနဲ ့စကားေျပာေနရေပမဲ့စိတ္ကေတာ့ခ်စ္ျခင္းဆီသာေရာက္ေနသည္အမိန္ ႔ကေတာ့ သိသိသာသာ ဂနာမၿငိမ္ျဖစ္ေနသည္။
ခ်စ္ျခင္း တစ္ေယာက္ထဲ ထားခဲ့ရတာမို ႔
စိတ္မခ်စိတ္ကႀကီးစိုးလ်က္ရွိသည္။
ေတြးၾကည့္ရင္ သူလြန္မည္မထင္ပါ။
ေယာက်ာ္းေလးျဖစ္ေစ၊ မိန္းကေလးျဖစ္ေစ မလံုၿခံဳေတာ့တဲ့ ေခတ္ႀကီးထဲမွာ
ခ်စ္ျခင္းျပည့္စံုကို ညႀကီးမိုးခ်ဳပ္ လူရွင္းတဲ့ ေထာင့္ခ်ိဳးဝိုင္းမွာ တစ္ေယာက္ထဲ ထားခဲ့ဖို ႔ဆိုတာ ဘယ္လိုမွမျဖစ္နိုင္ေပ။
ထို ႔ေၾကာင့္ လူႀကီးေတြကို နႈတ္ဆက္တဲ့အေနျဖင့္ ေရွ ့မွာ ခ်ထားတဲ့ ဝိုင္ကို ေမာ့ေသာက္လိုက္၏။ ေသာက္ေနရင္း ဘာရယ္မဟုတ္ အႀကည့္တို ့က ျခံဝဆီသို ့ေရာက္ရွိသြားစဥ္ အနီေရာင္ အရိပ္ကေလး ကို ျဖတ္ခနဲ ေတြ ႕လိုက္ရတာေၾကာင့္ စိတ္လႈပ္ရွားကာ
အမိန္ ့နူတ္ဖ်ားက နာမ္စားေလးတစ္ခုခပ္တိုးတိုး ထြက္က်လာ၏။
"ခ်စ္ျခင္း "
ေသာက္လက္စဝိုင္ခြက္ကို ျပန္ခ်ကာ
လူႀကီးေတြလည္းေသခ်ာ မနူတ္ဆက္နိုင္ေတာ့ပဲ
ျခံျပင္ထြက္သြားတဲ့ ခ်စ္ျခင္းဆီကိုသာ ေျပး
လိုက္ေတာ့၏ ။
နူတ္မဆက္ပဲဘာေႀကာင့္တစ္ေယာက္ထဲျပန္ရတာလဲ ။
ခ်စ္ျခင္းျပည့္စံုသည္ သူ ႔ကိုရင္ပူေအာင္
လုပ္ရမယ္ဆို ထိပ္ဆံုးကပဲ။
လမ္းမထက္မွာ တစ္ေယာက္စ၊ နွစ္ေယာက္စ သြားလာေနသူမ်ားကလြဲၿပီး စိတ္ၿငိမ္ရပ္ကြက္ျဖစ္တာမို ႔ ပတ္ဝန္းက်င္သည္
သိသိသာသာ လူသူရွင္းလင္းေနသည္။
လမ္းမီးတိုင္ေတြေအာက္မွာ ျမင္ေနရတဲ့
ခ်စ္ျခင္းသည္ ယိုင္ထိုးေနတဲ့ေျခလွမ္း
တို ့ျဖင့္ မူမမွန္ပဲ ေျဖးညင္းစြာ သြားေနသည္။ စိုးရိမ္စိတ္က အမိန္ ႔ ငယ္ထိပ္ကို ေျပးေစာင့္၏။ တခုခုျဖစ္ေနတယ္ဆိုစိတ္နဲ ့
အမိန္ ႔ေအာ္သံသည္ တိတ္ဆိတ္ေနတဲ့ ပတ္ဝန္းက်င္မွာ ဟိန္းခနဲ ထြက္လာသည္။
"ခ်စ္ျခင္း!"
ေရွ ့ကေန ဒရီးဒယိုင္ ေလ်ွာက္ေနေသာ
loveေႀကာင့္ သစ္တိုင္း ဆြဲေပြ ့ဖို ့ သစ္တိုင္း လက္ကို လွဳပ္ရွားဖို ့ရွိေသးတယ္
အေနာက္က ေအာ္ေခၚသံေႀကာင့္
"က်စ္ " ကနဲ ့ေရရြတ္ကာ loveကိုေက်ာ္ပီး
ေရွ ့ကလမ္းႀကားထဲကိုသာခ်ိဳးဝင္လိုက္သည္။ခံစားခ်က္သည္ ပါးစပ္ထဲေရာက္ခါနီး မုန္ ့ကို ပုတ္ထုတ္ခံလိုက္ရသလို သစ္တိုင္းကို တနင့္တပိုးျဖစ္ေစသည္။
အေတာ္လွမ္းလွမ္းေရာက္မွေနာက္ကို လွည့္ႀကည့္လိုက္ေတာ့ loveကို ေပြ ့ခ်ီသြားတဲ့ အမိန္ ့အာဏာဆိုတဲ့ ေကာင္ကိုေတြ ့လိုက္ရသည္။ သစ္တိုင္း ခူးခပ္ပီးသား ဟင္းထမင္းကို တစ္ျခားလူ ဝင္စားသြာသလို ျဖစ္သြားပီမို ့ ခပ္က်ယ္က်ယ္ေအာ္ဆဲကာ လမ္းေဘးကခဲေတြ ကိုသာ အားနဲ ့ကန္ထည့္လိုက္၏ ။
"ခ်ီးပဲ "
ေခ်ြးေစးေတြထြက္ကာ မူမမွန္ေတာ့တဲ့ ခ်စ္ျခင္းေႀကာင့္ ဘာျဖစ္ေနတယ္ဆိုတာရိပ္မိလိုက္ပီမို ့ဆြဲေပြ ့ခ်ီ ကာျခံထဲကိုေျပးဝင္လာမိသည္။
ခ်စ္ျခင္းေမးဖ်ားမွာေလ်ာက်ေနတဲ့ maskကို ဆြဲတပ္ေပးပီး
ျခံထဲက လူေတြကိုျဖတ္ေက်ာ္ကာ အိမ္မႀကီးဆီကိုသာ တန္းတန္းမတ္မတ္သြားသည္။ လူတစ္ေယာက္ကိုေပြ ့ေခၚဝင္လာတဲ့ အမိန္ ့ကို သိသိသာသာ ဝိုင္းႀကည့္ေနေပမဲ့ ဘယ္သူ ့မွ ထည့္ဂရုစိုက္မေနနိုင္ေပ။
ဒီခ်ိန္မွာ ခ်စ္ျခင္းသည္သာ အေရးႀကီးဆံုး
မို ႔ က်န္တာေခါင္းထဲမထည့္ထားနိုင္ပါ။
ၿပီးေတာ့ ဒီလို ျဖစ္ေစတဲ့အေၾကာင္းရင္းကဘယ္သူလဲ။ ခ်စ္ျခင္းျပည့္စံုကို
ထိဖို ႔ႀကံတဲ့ မည္သူမဆို အမိန္ ႔အာဏာက အလြတ္ေပးမယ္ထင္သလား။
ေဒါသတို ႔ေၾကာင့္အမိန္ ႔မ်က္နွာသည္
နီရဲတင္းမာလ်က္။
အမိန္ ႔ အိမ္ထဲဝင္ခါနီးမွာပဲ ေဖႀကီးနဲ ့ဘိုးဘိုးပါ ေနာက္ပါး ကလိုက္လာသည္ကိုေတြ ႕ရ၏။
ျဖစ္ၿပီးမွေတာ့ အမိန္ ႔ခ်စ္ျခင္းကို ျပန္မ
ထုတ္ေပးခ်င္ေတာ့ပါ။ ထို ႔ေၾကာင့္
ခ်စ္ျခင္းကို ေမြ ႕ယာေပၚ ဖြဖြေလး ခ်ကာ အမိန္ ့ေဖႀကီး တို ့ကိုစကားေျပာဖို ့အျပင္ျပန္ထြက္ခဲ့ရသည္။
" ခ်စ္ျခင္းျပည့္စံု ကို ကြၽန္ေတာ့္ကိုေပးပါ
ေဖႀကီး ။ "
ဒူးေထာက္ကာ ေျပာလိုက္တဲ့ အမိန္ ့အာဏာေႀကာင့္ ဦးစိုင္းလူ မင္သက္သြား၏ ။
ေဘးမွာရပ္ေနေသာ ဦးမိုးေကာင္းကို ႀကည့္လိုက္ေတာ့လည္း သူ ့ကိုသာ ဘာျပန္ေျပာမလဲ ေစာင့္ႀကည့္ေနသည္မို ့ ဦးစိုင္းလူ သက္ျပင္းကိုေလးပင့္စြာခ်ကာ ေမးလိုက္သည္။
အျဖစ္အပ်က္ကို ဦးစိုင္းလူ နားမလည္ေသးေပမဲ့ မိုးေကာင္းအုပ္စုက
သူ ့ေျမးကို တန္ဖိုးထားႀကသည္ကိုေတာ့
အျမင္နဲ ့လက္ခံရမလိုျဖစ္ေနသည္။
"ကိုမိန္ ့! ေျမးငယ္ဘာျဖစ္တာလဲ.. ေဖႀကီးကို အရင္ေျပာျပပါဦး"
မ်က္မွန္ကို ပင့္ကာ သူ ့ေျမးဘာျဖစ္လာတာလဲဆိုတာသာအရင္သိဖို ့ေျပာလိုက္သည္။ ဒါဆို လက္ခံသင့္မခံသင့္ သူ
ဆံုးျဖတ္နိုင္ပီမို ့လား။
"ခ်စ္ျခင္း ေဆးမိလာတယ္ ေဖႀကီး။ ၿပီးေတာ့ အဲ့ဒါက လိင္စိတ္ႂကြေဆးျဖစ္ေနတယ္ "
"ဘယ္လို "
ဦးမိုးေကာင္းမယံုနိုင္သလို သူ ့ေျမးကို ႀကည့္ကာ ေသခ်ာေအာင္ထပ္ေမးလိုက္သည္။
ဘယ္လိုလူက ရာရာစစ မိုးေကာင္းစံအိမ္မွာလာျပီး သူ ့ေျမးရဲ့ ခ်စ္သူကို ေစာ္ကားဝင့္တာလဲ။
ဦးစိုင္းလူ ေတြေဝသြားသည္။
သူသည္ အဘိုးႀကီးတစ္ေယာက္ဆိုေပမဲ့ ေခတ္လူငယ္ေတြနဲ ့ရင္ေဘာင္တန္းပီး အလုပ္လုပ္လာတဲ့သူ ။ဒါဘာအေျခေနလဲဆိုတာ မသိရေအာင္ သူမတုံးဘူး။
သက္ျပင္းကို ေလးေလးပင္ပင္ခ်ကာ
ခုထိ ဒူးေထာက္ပီးထိုင္ေနတဲ့ အမိန္ ့ကို
ဆြဲထူၿပီး အလ်ွင္အျမန္ ဆံုးျဖတ္ခ်က္
ခ်လိုက္သည္။
"သား ..ကိုမိန္ ့။ ေဖႀကီးေမးမယ္ ..
အမွန္တိုင္းေျဖေပးပါ"
"ဟုတ္ကဲ့ "
"မင္း ခ်စ္ျခင္း ကို စိတ္ဝင္စားရုံသက္သက္ ဆိုရင္ ေဖႀကီး သေဘာတူမွာမဟုတ္ဘူး။
ျပန္စဥ္းစားခ်င္ေသးလား"
ေလးနက္စြာပင္ အမိန္ ႔ေျဖလိုက္သည္။
သူဟာ ခ်စ္ျခင္းကို ဘယ္ေသာအခါမွ
စိတ္ကစားရုံ ခ်စ္ခဲ့တာမဟုတ္ဘူး။
ထိုစကားသည္ မွန္ကန္တယ္ဆိုတာ
သူ ႔အသက္ကိုရင္းၿပီး အာမခံသည္။
"မစဥ္းစားခ်င္ဘူးေဖႀကီး ...။က်ြန္ေတာ္ ့ နာမည္ အမိန္ ့အာဏာပါ... ။မိုးေကာင္းအုပ္စုရဲ့ ဆက္ခံသူတစ္ေယာက္က ဂတိ
တလံုးကို တသက္လံုးတန္ဖိုးထားနိုင္ပါတယ္...
ခ်စ္ျခင္းကိုသာ ေပးပါ ... တစ္သက္လံုးတန္ဖိုးထားျမတ္နိုးသြားပါ့မယ္ ။ ဒါ အမိန္ ့အာဏာ ဆိုတဲ့ က်ြန္ေတာ့္ကတိပါပဲ ။ယံုႀကည္ပီး ခ်စ္ျခင္းကိုပဲေပးပါ"
ေတြေဝေနဖို ့မသင့္ေလာက္ေအာင္ျပတ္သားလွတဲ့စကားနဲ ့တည္ႀကည္တဲ့မ်က္နာအမူယာတို ့ေႀကာင့္
ဦးစိုင္းလူ ေခါင္း ျငိမ္ ့ျပီး အမိန္ ့ကို အသိမွတ္ျပဳလိုက္သည္။ တစ္သက္လံုး အခ်စ္မခံရပဲေမတၱာငတ္ေနတဲ့ ကေလး ..သူ ႔ဆံုးျဖတ္ခ်က္ မွန္ကန္ပီး ေပ်ာ္ရႊင္ပါေစ လို ့ ဆုေတာင္းေပးရုံသာ ရွိေတာ့သည္မို ့။
"အဆင္ေျပသလို သာ ႀကည့္ ပီး စီစဥ္လိုက္ပါ... ။က်ြန္ေတာ္ အမိန္ ့ကို...ယံုႀကည္ပီး ခ်စ္ျခင္းကို ေပးပါ့မယ္ ကိုမိုးေကာင္း"
" ခင္ဗ်ား ေက်နပ္ေစရပါ့မယ္ ကိုစိုင္းလူ ။
က်ြန္ေတာ္ မိုးေကာင္းကိုယ္တိုင္ ကတိေပးပါတယ္ "
ဦးစိုင္းလူရဲ ့ပုခံုးကို ပုတ္ကာ သူ
ေက်ေက်နပ္နပ္ ကတိေပးလိုက္သည္။
သူေျမးခ်စ္တဲ့ ကေလးကို သူကိုယ္တိုင္
လည္း မခ်စ္နိုင္စရာအေႀကာင္းမရွိေပ။
"ကဲဒါဆို ဘိုးဘိုးတို ့သြားေတာ့မယ္
ကိုမိန္ ႔။
ေအာက္က ပြဲကိုလဲ ကိုစိုင္းလူနဲ ့တိုင္ပင္
ပီး တခါထဲအသိေပးလိုက္ေတာ့မယ္"
ဘိုးဘိုးစကားေႀကာင့္ အမိန္ ့ဝဲတက္လာတဲ့ မ်က္ရည္စကို လက္မေလးနဲ ့ဖိသုတ္ပီး ေခါင္းျငိမ့္ျပလိုက္သည္။ ထို ေနာက္ အမိန္ ့ေျခလွမ္းတို ့သည္ သူ ့ရဲ့ခ်စ္ျခင္းရွိရာ အခန္းထဲကို သာ လွမ္းဝင္လိုက္ရင္း......
ခ်စ္တဲ့ အိမ္စည္။
မီးရောင်စုံတွေနဲ့ လှပနေတဲ့ လူကုန်ထံ
အသိုင်းဝိုင်း ကို ကြည့်ပီး ချစ်ခြင်း ပျော်ရွှင်မူ့ ကိုပင်မခံစားနိုင်တော့ပေ။
ပူလောင် လာမူ့ ကြောင့် နဖူးက
ချွေးစေးတွေကို လက်ဖမိုး
နဲ့ သုတ်လိုက်သည်။
ကိုယ်ခန္ဓာရဲ့ ဖောက်လွဲ
ဖောက်ပြန် မူ့ ကို ဆက်ထိန်းထားဖို့ ချစ်ခြင်းအဆင်မပြေတော့ပေ။
အနေရခက်သလို ဝမ်းတွင်းတနေရာမှာလည်း ပူလောင်နေလေသည်။
ချစ်ခြင်း ဘာဖြစ်နေမှန်းကို ကိုယ့်ဘာသာ ကိုယ်တောင်မသိတော့ပါ။
ဝိတ်တာတစ်ယောက်ယူလာပေးတဲ့ အအေးကို နည်းနည်းသောက်မိပြီး မကြာဘူး
ချစ်ခြင်း နေရခက်လာပီး..အဆင်မပြေဖြစ်လာသည်။ အမိန့် ကလဲ
ဘိုးဘိုးကြီးခေါ်လို့ ခဏ ပဲကြာမှာ မောင်ချက်ခြင်းပြန်လာခဲ့မယ် ပြောပြီး ထွက်သွားသည်။ တစ်ယောက်ထဲနေဖို့ အဆင်မပြေတောာတာကြောင့်ချစ်ခြင်းဘာသာ လိုက်ရှာဖို့ သာ ဆုံးဖြတ်လိုက်၏ ။
ရှုပ်ယှက်ခတ်နေတဲ့ လူတွေကို ရှောင်ရှား
ရင်း ဖေကြီးကိုတွေ့ ဖို့ သာ အရေးကြီးနေသည်။ ပူလောင်လာပြီး အမျိုးမည်မသိတဲ့
ခံစားချက်ကြောင့် ချွေးစေးတွေထွက်လာကာ လူက လှမ်းသွားတိုင်း ကတုန်ကရီဖြစ်နေ၏။
"Hi !တွေ့ ပြန်ပီနော်"
ရှေ့က ပိတ်ရပ်လိုက်တဲ့ လူကြောင့်
တိုက်မိမလို ဖြစ်သွားတာမို့ ချစ်ခြင်း အရှိန်ကို သပ်ကာ နောက်ကိုတစ်လှမ်းဆုတ်ကာ ပိတ်ရပ်လိုက်တဲ့ သူကို မျက်မှောင် ကျုံ့ ကြည့်လိုက်သည်။
"sorry ကိုယ်က မင်းမြင်လိုက်တော့
ဝမ်းသာသွားတာ "
မျက်ခုံးကို လက်နဲ့ ကုတ်ပီးပြောလာတဲ့
တဲ့ ကောင်သည် သင်တန်းရှေ့ မှာ အမြဲလိုက်နှောက်ယှက်နေကြကောင်ပင်။
တောက်စ်! တကယ် စိတ်ပျက်စရာပဲ။
ဘယ်လို အကုသိုလ်တွေကြောင့် ဒီကောင်နဲ့ အမြဲဆုံနေသလဲတွေးမရတော့။
ချစ်ခြင်းပြည့်စုံက မုန်းတယ်ဆိုရင် ဘယ်တော့မှ လှည့်မကြည့်ချင်တော့တဲ့လူစားမျိုး။
ထို့ ကြောင့် တုန်ရီနေ တဲ့ ကိုယ်ကို သတိနဲ့ ထိန်းချုပ်က လေသံမာမာနဲ့ အော်လိုက်သည်။
"ငါ့ရှေ့ ကဖယ်စမ်း !!"
"နေပါအုန်းloveရယ်။
တွေ့ တုန်းလေးကိုကွာ ..စိတ်လျော့စမ်းပါ။
မင်း တစ်ယောက်ထဲ ဖြစ်နေတော့
ပျင်းနေမှာစိုးလို့ လာခေါ်ပေးတာပါ။
ကိုယ်တို့ ဝိုင်းလိုက်ထိုင်ပါ့လား ဟင်.."
ချစ်ခြင်း လုံးဝစိတ်မရှည်ဖြစ်လာသည်။
တမင် သဘောကောင်းနေသလို
ပုံမျိုး လုပ်နေတာမို့ တခြားသူဆို အားနာကောင်းအားနာနိုင်ပေမဲ့ ချစ်ခြင်းကတော့အားမနာနိုင်တော့ပါ။ ပြီးတော့
တဖြည်းဖြည်း မတ်တပ်ရပ်မနေချင်တော့လောက်အောင် ဖြစ်လာပြီမို့ ပူလောင်လာသော လည်ပင်းတွေကို ပွတ်သပ်ရင်း ချစ်ခြင်း အံကြိတ်ကာ
"စိတ်မဝင်စားဘူး ။ ထပ်နှောက်ယှက်နေမယ်ဆိုရင် ငါ့အဆိုးမဆိုနဲ့ "
ပြောပီး ထိုကောင်ကို ရှောင်ကွင်းကာ
ခြံရှေ့ ကိုဦးတည်ပီးသွားလိုက်သည်။
ဖေကြီးကိုလည်းမရှာနိုင်တော့။ အိမ်ပြန်ရောက်မှ ဖြစ်မည်။
အလွယ်တကူဖုန်းဆက်လို့ ရနိုင်သော်လည်း ချစ်ခြင်းဒီနေ့ ဖုန်းယူဖို့ မေ့လာခဲ့သည်။ ထို့ ကြောင့် တစ်ယောက်ထဲသာ ပြန်နှင့်ဖို့ ခြေလှမ်းတွေကို ကြိုးစားလှမ်းနေမိသည်။
ခြံပြင်ကိုတရွေ့ ရွေ့ သွားနေသော ပုံရိပ်ကို ကြည့်ကာ
သစ်တိုင်း နူတ်ခမ်းတို့ တွန့် ကွေးသွား၏။
ထို့ နောက်သွက်လက်တဲ့ခြေလှမ်းတို့ ဖြင့်
loveနောက်ကို မသိမသာ လိုက်သွားလိုက်သည်။
လူကြီးတွေနဲ့ စကားပြောနေရပေမဲ့စိတ်ကတော့ချစ်ခြင်းဆီသာရောက်နေသည်အမိန့် ကတော့ သိသိသာသာ ဂနာမငြိမ်ဖြစ်နေသည်။
ချစ်ခြင်း တစ်ယောက်ထဲ ထားခဲ့ရတာမို့
စိတ်မချစိတ်ကကြီးစိုးလျက်ရှိသည်။
တွေးကြည့်ရင် သူလွန်မည်မထင်ပါ။
ယောကျာ်းလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ မလုံခြုံတော့တဲ့ ခေတ်ကြီးထဲမှာ
ချစ်ခြင်းပြည့်စုံကို ညကြီးမိုးချုပ် လူရှင်းတဲ့ ထောင့်ချိုးဝိုင်းမှာ တစ်ယောက်ထဲ ထားခဲ့ဖို့ ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပေ။
ထို့ ကြောင့် လူကြီးတွေကို နှုတ်ဆက်တဲ့အနေဖြင့် ရှေ့ မှာ ချထားတဲ့ ဝိုင်ကို မော့သောက်လိုက်၏။ သောက်နေရင်း ဘာရယ်မဟုတ် အကြည့်တို့ က ခြံဝဆီသို့ ရောက်ရှိသွားစဉ် အနီရောင် အရိပ်ကလေး ကို ဖြတ်ခနဲ တွေ့ လိုက်ရတာကြောင့် စိတ်လှုပ်ရှားကာ
အမိန့် နူတ်ဖျားက နာမ်စားလေးတစ်ခုခပ်တိုးတိုး ထွက်ကျလာ၏။
"ချစ်ခြင်း "
သောက်လက်စဝိုင်ခွက်ကို ပြန်ချကာ
လူကြီးတွေလဲသေချာ မနူတ်ဆက်နိုင်တော့ပဲ
ခြံပြင်ထွက်သွားတဲ့ ချစ်ခြင်းဆီသာ ပြေး
လိုက်တော့၏ ။နူတ်မဆက်ပဲဘာကြောင့်တစ်ယောက်ထဲပြန်ရတာလဲ ။
ချစ်ခြင်းပြည့်စုံသည် သူ့ ကိုရင်ပူအောင်
လုပ်ရမယ်ဆို ထိပ်ဆုံးကပဲ။
လမ်းမထက်မှာ တစ်ယောက်စ၊ နှစ်ယောက်စ သွားလာနေသူများကလွဲပြီး စိတ်ငြိမ်ရပ်ကွက်ဖြစ်တာမို့ ပတ်ဝန်းကျင်သည်
သိသိသာသာ လူသူရှင်းလင်းနေသည်။
လမ်းမီးတိုင်တွေအောက်မှာ မြင်နေရတဲ့
ချစ်ခြင်းသည် ယိုင်ထိုးနေတဲ့ခြေလှမ်း
တို့ ဖြင့် မူမမှန်ပဲ ဖြေးညင်းစွာ သွားနေသည်။ စိုးရိမ်စိတ်က ငယ်ထိပ်ကို ပြေးစောင့်၏။ တခုခုဖြစ်နေတယ်ဆိုစိတ်နဲ့
အမိန့် အော်သံသည် တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်မှာ ဟိန်းခနဲ ထွက်လာသည်။
"ချစ်ခြင်း!"
ရှေ့ ကနေ ဒရီးဒယိုင် လျှောက်နေသော
loveကြောင့် သစ်တိုင်း ဆွဲပွေ့ ဖို့ သစ်တိုင်း လက်ကို လှုပ်ရှားဖို့ ရှိသေးတယ်
အနောက်က အော်ခေါ်သံကြောင့်
"ကျစ် " ကနဲ့ ရေရွတ်ကာ loveကိုကျော်ပီး
ရှေ့ ကလမ်းကြားထဲကိုသာချိုးဝင်လိုက်သည်။ခံစားချက်သည် ပါးစပ်ထဲရောက်ခါနီး မုန့် ကို ပုတ်ထုတ်ခံလိုက်ရသလို သစ်တိုင်းကို တနင့်တပိုးဖြစ်စေသည်။
အတော်လှမ်းလှမ်းရောက်မှနောက်ကို လှည့်ကြည့်လိုက်တော့ loveကို ပွေ့ ချီသွားတဲ့ အမိန့် အာဏာဆိုတဲ့ ကောင်ကိုတွေ့ လိုက်ရသည်။ သစ်တိုင်း ခူးခပ်ပီးသား ဟင်းထမင်းကို တစ်ခြားလူ ဝင်စားသွာသလို ဖြစ်သွားပီမို့ ခပ်ကျယ်ကျယ်အော်ဆဲကာ လမ်းဘေးကခဲတွေ ကိုသာ အားနဲ့ ကန်ထည့်လိုက်၏ ။
"ချီးပဲ "
ချွေးစေးတွေထွက်ကာ မူမမှန်တော့တဲ့ ချစ်ခြင်းကြောင့် ဘာဖြစ်နေတယ်ဆိုတာရိပ်မိလိုက်ပီမို့ ဆွဲပွေ့ ချီ ကာခြံထဲကိုပြေးဝင်လာမိသည်။
ချစ်ခြင်းမေးဖျားမှာလျောကျနေတဲ့ maskကို ဆွဲတပ်ပေးပီး
ခြံထဲက လူတွေကိုဖြတ်ကျော်ကာ အိမ်မကြီးဆီကိုသာ တန်းတန်းမတ်မတ်သွားသည်။ လူတစ်ယောက်ကိုပွေ့ ခေါ်ဝင်လာတဲ့ အမိန့် ကို သိသိသာသာ ဝိုင်းကြည့်နေပေမဲ့ ဘယ်သူ့ မှ ထည့်ဂရုစိုက်မနေနိုင်ပေ။
ဒီချိန်မှာ ချစ်ခြင်းသည်သာ အရေးကြီးဆုံး
မို့ ကျန်တာခေါင်းထဲမထည့်ထားနိုင်ပါ။
ပြီးတော့ ဒီလို ဖြစ်စေတဲ့အကြောင်းရင်းကဘယ်သူလဲ။ ချစ်ခြင်းပြည့်စုံကို
ထိဖို့ ကြံတဲ့ မည်သူမဆို အမိန့် အာဏာက အလွတ်ပေးမယ်ထင်သလား။
ဒေါသတို့ ကြောင့်အမိန့် မျက်နှာသည်
နီရဲတင်းမာလျက်။
အမိန့် အိမ်ထဲဝင်ခါနီးမှာပဲ ဖေကြီးနဲ့ ဘိုးဘိုးပါ နောက်ပါး ကလိုက်လာသည်ကိုတွေ့ ရ၏။
ဖြစ်ပြီးမှတော့ အမိန့် ချစ်ခြင်းကို ပြန်မထွတ်ပေးချင်တော့ပါ။ ထို့ ကြောင့်
ချစ်ခြင်းကို မွေ့ ယာပေါ် ဖွဖွလေး ချကာ အမိန့် ဖေကြီး တို့ ကိုစကားပြောဖို့ အပြင်ပြန်ထွက်ခဲ့ရသည်။
" ချစ်ခြင်းပြည့်စုံ ကို ကျွန်တော့်ကိုပေးပါ
ဖေကြီး ။ "
ဒူးထောက်ကာ ပြောလိုက်တဲ့ အမိန့် အာဏာကြောင့် ဦးစိုင်းလူ မင်သက်သွား၏ ။
ဘေးမှာရပ်နေသော ဦးမိုးကောင်းကို ကြည့်လိုက်တော့လဲ သူ့ ကိုသာ ဘာပြန်ပြောမလဲ စောင့်ကြည့်နေသည်မို့ ဦးစိုင်းလူ သက်ပြင်းကိုလေးပင့်စွာချကာ မေးလိုက်သည်။
အဖြစ်အပျက်ကို ဦးစိုင်းလူ နားမလည်သေးပေမဲ့ မိုးကောင်းအုပ်စုက
သူ့ မြေးကို တန်ဖိုးထားကြသည်ကိုတော့
အမြင်နဲ့ လက်ခံရမလိုဖြစ်နေသည်။
"ကိုမိန့် ! မြေးငယ်ဘာဖြစ်တာလဲ.. ဖေကြီးကို အရင်ပြောပြပါအုန်း"
မျက်မှန်ကို ပင့်ကာ သူ့ မြေးဘာဖြစ်လာတာလဲဆိုတာသာအရင်သိဖို့ ပြောလိုက်သည်။ ဒါဆို လက်ခံသင့်မခံသင့် သူ
ဆုံးဖြတ်နိုင်ပီမို့ လား။
"ချစ်ခြင်း ဆေးမိလာတယ် ဖေကြီး။ ပြီးတော့ အဲ့ဒါက လိင်စိတ်ကြွဆေးဖြစ်နေတယ် "
"ဘယ်လို "
ဦးမိုးကောင်းမယုံနိုင်သလို သူ့ မြေးကို ကြည့်ကာ သေချာအောင်ထပ်မေးလိုက်သည်။
ဘယ်လိုလူက ရာရာစစ မိုးကောင်းစံအိမ်မှာလာပြီး သူ့ မြေးရဲ့ ချစ်သူကို စော်ကားဝင့်တာလဲ။
ဦးစိုင်းလူ တွေဝေသွားသည်။
သူသည် အဘိုးကြီးတစ်ယောက်ဆိုပေမဲ့ ခေတ်လူငယ်တွေနဲ့ ရင်ဘောင်တန်းပီး အလုပ်လုပ်လာတဲ့သူ ။ဒါဘာအခြေနေလဲဆိုတာ မသိရအောင် သူမတုံးဘူး။
သက်ပြင်းကို လေးလေးပင်ပင်ချကာ
ခုထိ ဒူးထောက်ပီးထိုင်နေတဲ့ အမိန့် ကို
ဆွဲထူပြီး အလျှင်အမြန် ဆုံးဖြတ်ချက်
ချလိုက်သည်။
"သား ..ကိုမိန့် ။ ဖေကြီးမေးမယ် ..
အမှန်တိုင်းဖြေပေးပါ"
"ဟုတ်ကဲ့ "
"မင်း ချစ်ခြင်း ကို စိတ်ဝင်စားရုံသက်သက် ဆိုရင် ဖေကြီး သဘောတူမှာမဟုတ်ဘူး။
ပြန်စဉ်းစားချင်သေးလား"
လေးနက်စွာပင် အမိန့် ဖြေလိုက်သည်။
သူဟာ ချစ်ခြင်းကို ဘယ်သောအခါမှ
စိတ်ကစားရုံ ချစ်ခဲ့တာမဟုတ်ဘူး။
ထိုစကားသည် မှန်ကန်တယ်ဆိုတာ
သူ့ အသက်ကိုရင်းပြီး အာမခံသည်။
"မစဉ်းစားချင်ဘူးဖေကြီး ...။ကျွန်တော့် နာမည် အမိန့် အာဏာပါ... ။မိုးကောင်းအုပ်စုရဲ့ ဆက်ခံသူတစ်ယောက်က ဂတိ
တလုံးကို တသက်လုံးတန်ဖိုးထားနိုင်ပါတယ်...
ချစ်ခြင်းကိုသာ ပေးပါ ... တစ်သက်လုံးတန်ဖိုးထားမြတ်နိုးသွားပါ့မယ် ။ ဒါ အမိန့် အာဏာ ဆိုတဲ့ ကျွန်တော့်ကတိပါပဲ ။ယုံကြည်ပီး ချစ်ခြင်းကိုပဲပေးပါ"
တွေဝေနေဖို့ မသင့်လောက်အောင်ပြတ်သားလှတဲ့စကားနဲ့ တည်ကြည်တဲ့မျက်နာအမူယာတို့ ကြောင့်
ဦးစိုင်းလူ ခေါင်း ငြိမ့် ပြီး အမိန့် ကို အသိမှတ်ပြုလိုက်သည်။ တစ်သက်လုံး အချစ်မခံရပဲမေတ္တာငတ်နေတဲ့ ကလေး ..သူ့ ဆုံးဖြတ်ချက် မှန်ကန်ပီး ပျော်ရွှင်ပါစေ လို့ ဆုတောင်းပေးရုံသာ ရှိတော့သည်မို့ ။
"အဆင်ပြေသလို သာ ကြည့် ပီး စီစဉ်လိုက်ပါ... ။ကျွန်တော် အမိန့် ကို...ယုံကြည်ပီး ချစ်ခြင်းကို ပေးပါ့မယ် ကိုမိုးကောင်း"
" ခင်ဗျား ကျေနပ်စေရပါ့မယ် ကိုစိုင်းလူ ။
ကျွန်တော် မိုးကောင်းကိုယ်တိုင် ကတိပေးပါတယ် "
ဦးစိုင်းလူရဲ့ ပုခုံးကို ပုတ်ကာ သူ
ကျေကျေနပ်နပ် ကတိပေးလိုက်သည်။
သူမြေးချစ်တဲ့ ကလေးကို သူကိုယ်တိုင်လဲမချစ်နိုင်စရာအကြောင်းမရှိပေ။
"ကဲဒါဆို ဘိုးဘိုးတို့ သွားတော့မယ်
ကိုမိန့် ။
အောက်က ပွဲကိုလဲ ကိုစိုင်းလူနဲ့ တိုင်ပင်
ပီး တခါထဲအသိပေးလိုက်တော့မယ်"
ဘိုးဘိုးစကားကြောင့် အမိန့် ဝဲတက်လာတဲ့ မျက်ရည်စကို လက်မလေးနဲ့ ဖိသုတ်ပီး ခေါင်းငြိမ့်ပြလိုက်သည်။ ထို နောက် အမိန့် ခြေလှမ်းတို့ သည် သူ့ ရဲ့ချစ်ခြင်းရှိရာ အခန်းထဲကို သာ လှမ်းဝင်လိုက်ရင်း......
ချစ်တဲ့ အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz