ခ်စ္အမိန္ ့( ချစအမိန့် ) (completed)
12
မီးရောင်စုံ တွေကြားမှာ အပြိုင်အဆိုင် ဝတ်စားထားကြတဲ့ အသိုင်းဝိုင်းကို မြင်လိုက်ရတော့ ချစ်ခြင်း လိုက်လာမိတာနည်းနည်းနောင်တရသွားသည်။
အထဲကို ၀င်သွားသင့်၊ မဝင်သွားသင့်
စဉ်းစားနေတုန်းမြင်ရတဲ့မြင်းကွင်းပဲရှိသေးတယ် ။
အထဲမှာ အရမ်းလူတွေများနေရင် ချစ်ခြင်းနေတက်မည်မထင်။
"ဆင်းမယ်လေ မြေးရယ်။ အနောက်မှာ
လည်းကားတွေနဲ့ "
သနားမိပေမဲ့ ကားရပ်ထားတာ အတော်ကြာနေပြီမို့  ဦးစိုင်းလူ သတိပေးလိုက်သည်။ မပေးလို့ လည်းမဖြစ်ပါ။
ခြံရှေ့ မှာရပ်တန့် နေတဲ့ သူတို့ ကားကို နောက်မှာ
ကားရပ်ဖို့ နေရာမကျန်တော့တာကြောင့် ခြံရှေ့ တွင် သူတို့ မြေးအဖိုးဆင်းနေခဲ့မှရမည်။
"ဟုတ်ကဲ့ ဖေကြီး ..ဆင်းရအောင်လေ "
ချစ်ခြင်းမျက်လုံးထဲ မြင်ယောင်မိတော့
ဆုံးဖြတ်ချက်ကပိုသေချာသွားသည်။
ဒီကလေး ဖုန်းမဆက်ပဲနေတာနှစ်ရက်ရှိပြီ။
ကိုယ့်ဖက်ကလည်း စဆက်ဖို့ ဆိုတာမာနကခံနေတော့ မဆက်ဖြစ်။
"ကျစ်!!"
ချစ်ခြင်းMaskမတက်ခဲ့မိတာကိုနောင်တရလာသည်။မဟုတ်တောင် ဒီမျက်နာကို လူတွေကြည့်လွန်းလို့ အမြဲစိတ်ညစ်ခဲ့ရတာ။
သွားလာနေကြတဲ့
ကြည့်ကာ တစ်နေရာ အရောက်မှာ
ချစ်ခြင်းသည် ထိုတစ်စုံတယောက်ထံ မှ
အကြည့်တို့ ဖယ်သိမ်းပြီး ဖေကြီးနဲ့ အတူ
ဘိုးဘိုးကြီးက ချစ်ခြင်းကိုမြင်တော့ဝမ်းသာအားရ ဖြစ်သွားတာ သိသိသာသာပင်။
"ဟာ! ကိုစိုင်းလူ ရောက်လာပြီလား။
သက်သက်စီစဉ်ထားတယ် "
သူ့ မြေးအကြောင်းကတော့ မမေးလည်းမပါမဖြစ် ပြောပြတက်သော ဦးမိုးကောင်းသည် တကယ် မြေးချစ်အဘိုးပီသပါပေတယ်။ အခုလည်း ချစ်ခြင်းတို့ ကို သေချာစီစဉ်ထားဟန်တူသော ပန်းခြံလေးထောင့်ချိုးလေးဘေးကို ခေါ်သွား၏။
ထို နေရာသည် ဧည့်ခံပွဲနဲ့ မဝေးလှပေမဲ့ စားပွဲဝိုင်းတွေ ကပ်မနေပဲ သေချာ ဖန်တီးပေးထားတဲ့ သီးသန့် လေးနေရာလေးဖြစ်သည်။
မသိသလိုသာနေလိုက်၏ ။ အားနာတက်သောဖေကြီးကတော့ချစ်ခြင်းကို မျက်မှောင်လှမ်းကုတ်ပြကာ ဘိုးဘိုးကြီးနဲ့ 
"ကျွန်တော်တို့ နားလည်ပါတယ် ဦးမိုးကောင်းရာ ပြောရမဲ့ သူတွေမှမဟုတ်တာ။
ခြံက တော်တော်ကျယ်တယ်နော်။ ဧည့်သည်တွေများတာတောင် ကောင်းကောင်းဧည့်ခံဖို့ အဆင်ပြေတယ်ပြောရမယ် "
"ဟုတ်တယ် ။အရင်ကလည်း ကျယ်ပေမဲ့ ကိုမိန့်  က ပန်းခြံလေးလုပ်ချင်တယ်ဆိုလို့  ဟိုဖက်ခြံရောင်းတာနဲ့ ကြုံ လို့ ထပ်ဝယ်လိုက်တာ ။ "
"ဟုတ်ပါ့ ...လူငယ်တွေရဲ့ စိတ်ကူးကလည်း
ခက်သားပဲ။ ကြည့်ရတာ အမိန့် က ပန်းကြိုက်တယ်ထင့်ပါ့ "
ထူပူနေတာကြောင့် အလိုမကျလာတော့
မျက်နှာချင်းဆိုင်ထိုင်နေတဲ့
ဘိုးဘိုးကြီးကို မျက်လုံးပြူးကာ ဆက်မပြောဖို့ တားမြစ်လိုက်၏။
ဒါကိုပဲ ဘိုးဘိုးကြီးက သဘောကျကာ
တဟားဟား အော်ရယ်နေသေးသည်။
ဖေကြီးလည်းရှိသေးသည်မို့  ချစ်ခြင်းတစ်ယောက် ရှက်ရွံ့ စွာခေါင်းပင်မဖော်ရဲတော့ပေ။
ဘိုးဘိုးကြီးတို့ မြေးအဖိုးကတော့ တကယ်မလွယ်တာပဲ။
ဟိုဖက်မှာခင်ဗျားနဲ့ မိတ်ဆက်ပေးရမဲ့သူတွေရှိတယ် "
" မောင်က မလာတော့ဘူးမှတ်လို့ တချိန်လုံး စိတ်မကောင်းဖြစ်နေတာ။
ဖေကြီးနဲ့ တွေ့ မှ ချစ်ခြင်းပါမှန်းသိရတယ်။ တကယ်ပါပဲ အချစ်ရာ.. မောင့်ကိုဆို
တအားနှိပ်စက်တာပဲ "
"--------"
သူပြောတာ အရေးမလုပ်ပဲ ချပေးတဲ့ အအေးကိုငုံ့ သောက်နေတဲ့ အနီရောင်လေး
သူကိုယ်တိုင်သာသိသည်။
အမြဲ ထင်ပေါ်နေတက်သော ချစ်ခြင်းသည် ဒီတခါလည်း ရိုးရာမပျက်လက်ဖျားတွေထိရှည်တဲ့ အနီရဲရဲ ရှပ်ပွကိုဘောင်းဘီအဖြူရောင်ထဲထည့်ဝတ်ထား၏။
မျက်နှာထပ်တွင် maskလုံးဝမတက်ထားတာကြောင့် စင်းနေတဲ့ နှာခေါင်းလေးနဲ့ 
နှုတ်ခမ်းဖူးဖူးလေးကို ရှင်းလင်းစွာမြင်နေရသည်။
ချစ်ခြင်းပြည့်စုံ သည် ဘာကြောင့် ထူးကဲစွာ လှနိုင်ရတာလဲ။
အလှမ်းကွာပေမဲ့ မြင်နေရသေးသည်မို့ 
သိသိသာသာအာရုံစူးစိုက်နေတဲ့ မျက်လုံးတွေက ချစ်ခြင်းပြည့်စုံဆီမှာရောက်နေတာကြောင့်
၃နှစ်ကြာမှ ထပ်မြင်ရသောအလှတရားကို မခံစားနိုင်အား.....
"--------"
ပြောသမျှကို စကားပြန်မလာတဲ့ ချစ်ခြင်းကြောင့်အမိန့် သက်ပြင်းချကာ ကိုစစ်ကိုဖုန်းခေါ်လိုက်သည်။
ခနကြာပြီးနောက်မှာ ကိုစစ်တယောက် အနက်ရောင်maskလေးတစ်ခုကိုင်ကာရောက်လာ၏။
အမိန့်  အမြန်မြန်ဆန်ဆန်ပင်လှမ်းယူကာ
ချစ်ခြင်းကို တပ် ပေးလိုက်သည်။
ဟူး.. နောက်ဆို Mask အမြဲဆောင်ထားမှပင်။
ထို အခါမှ မျက်လုံးလှလှလေးတွေက သူဖက်ရွေ့ လာကာ...
ပြောပြီး တဖက်ပြန်လှည့်သွားမို့  အမိန့် သဘောပေါက်သွားသည်။
ချစ်ခြင်းပြည့်စုံ တယောက် ဖုန်းမခေါ်လို့ 
စိတ်ကောက်နေတယ်ပေါ့။
ကျေနပ်ခြင်းတွေလှိုက်တက်လာကာ အမိန့် နူတ်ခမ်းတွေထိန်းမရအောင်ပြုံးမိသွားသည်။ ထို့ ကြောင့်မြတ်နိုးစွာပင်..
စကားဆုံးတော့ Maskအောက်က နှုတ်ခမ်းလေးသည် ကျေနပ်စွာကော့တက်
လို့ သွား၏။
______
"တောက် !!"
သစ်တိုင်းရဲ့ တက်ခေါက်သံကျယ်ကျယ်ကြောင့် သူရိယနဲ့  မင်းခန်းပါ လှည့်ကြည့်လာသည်။
လူသတ်ချင်နေသော စိတ်ကြောင့်
ကျန်တာကို သစ်တိုင်းစိတ်မဝင်စားတော့ပေ။
ဒီကိုစရောက် ကတည်းက loveကို လိုက်ရှာနေတာ။ မတွေ့ သေးတဲ့အပြင် ဒယ်ဒီကလည်းသူဌေးကြီးဦးမိုးကောင်းဆိုသူကိုသာ တကူတက သွားနှုတ်ဆက်နေသည်။
ဝန်ထမ်းတွေကို သေသေချာချာ ဧည့်ခံစေပေမဲ့ ပွဲရှင်ကိုယ်တိုင်က မလာပဲ
ကိုယ့်ဖခင်ကသာ ခခယယသွားနူတ်ဆက်ရသည်။ ဒါတောင် တဖက်လူက
သာမန်သာပြန်လည်နူတ်ဆက်တာတွေ့ ရတော့ ဒေါသက အုန်းခနဲပဲ။
ဘယ်လောက် ချမ်းသာသလဲ ဆိုတာ သစ်တိုင်းမသိဘူး။ဒါပေမဲ့
ဒေါသစိတ်တွေနှင့် ပူလောင်နေတဲ့သူစိတ်ကို မျှော်ရသူပေါ်လာမှငြိမ်းချမ်းသွားသည်။
loveသည် ခါတိုင်းလို ဖုံးကွယ်မထားပဲ
လှပနေတဲ့ မျက်နှာလေးကို အရှင်းသာမြင်နေရအောင် ဘာအကာကွယ်မှတက်မထားပေ။ နောက်တခုထူးခြားတာက
ဦးမိုးကောင်းဆိုတဲ့ ဒီ အိမ်ပိုင်ရှင်သည်
loveကို သီးသန့် လုပ်ပေးထားတဲ့နေရာကိုခေါ်သွားကာ ဧည့်ခံနေတာကိုပဲဖြစ်သည်။
သစ်တိုင်း အလိုမကျစွာကြည့်နေတုန်း
မကြာပါဘူး အဘိုးကြီးနှစ်ယောက် ထထွက်သွား၏။
ဒီတခါတော့ သူသွားပြီး စကားပြောရမယ်ဆိုတဲ့ စိတ်ကူး ဝင်ကာရှိသေး
ဟိုတနေ့ က loveကို လာခေါ်တဲ့ ကောင်ရောက်လာကာ တော်တော်နဲ့  စကားမပြတ်ပဲ လုပ်နေတော့ သစ်တိုင်းပေါက်ကွဲလာတာဖြစ်သည်။
လှတယ်ဆိုတာ ထပ် ကြည့်မဝအောင်
ကျက်သရေ ရှိနေသလိုပဲ"
တွေခွာမရဖြစ်နေသည်။
ငါသူငယ်ချင်းမို့ လို့ မထိုးတာနော် ..သူကဘာမို့ ငါကလက်လျော့ရမှာလဲ "
ထွက်နေပီဆိုတာ မပြောလည်းသိပေမဲ့သူရိယပြောစရာရှိတာတော့ပြောပြလိုက်သည်။ တကယ်ကို ကိုယ်တွေက သူ့ ပြိုင်ဖက်လုံးဝ မဖြစ်နိုင်ပေ။
"ဘယ်လို သူရိယ"
"ဟုတ်တယ်… မင်းခန်း သူက
ဒီမွေးနေ့ ပွဲရဲ့ အဓိက လူ… စိန်သူဌေး
သူရိယစကားကို မင်းခန်းနဲ့ သစ်တိုင်း နားထောင်ပီး မင်းခန်းငြိမ်သွားပေမဲ့
"ငါမသိချင်ဘူး ။ မနေ့ က မင်းပြောတာ
ဒေါသကြောင့် သစ်တိုင်းမျက်နှာသည်
နီရဲနေလျက်။
ချစ်တဲ့အိမ်စည်။
မီးရောင်စုံနဲ့ အပြိုင်အဆိုင် ဝတ်စားထားကြတဲ့ အသ်ိုင်းဝိုင်းကို မြင်လိုက်ရတော့
ချစ်ခြင်း လိုက်လာမိတာနည်းနည်းနောင်တရသွားသည်။ ဒါတောင် ကားပေါ်ကမဆင်းပဲ ခြံရှေ့ တင် သွားသင့်မသွားသင့်
စဉ်းစားနေတုန်းမြင်ရတဲ့မြင်းကွင်းပဲရှိသေးလို့ ။
"ဆင်းမယ်လေ မြေးရယ် အနောက်မှာလဲကားတွေနဲ့ "
တွန့် ဆုတ်နေတဲ့ ချစ်ခြင်းကို သနားပေမဲ့
ခြံရှေ့ မှာ ရပ်နေတဲ့ ကားကြောင့်နောက်မှ
ပါတီလာတဲ့ ကားတွေက ဆက်သွားဖို့ ဟွန်းတီးနေကြသည်။ ကားရပ်ဖို့ နေရာမကျန်တော့တာကြောင့် ပီးမှ သာလာခေါ်ဖို့
ပြောထားသည်မို့ ခြံရှေ့ တွင်ဆင်းမှရမည်။
"ဟုတ်"
ချစ်ခြင်း ရောက်မှတော့ ဝင်သွားဖို့ သာပြင်လိုက်၏မဟုတ်လဲ မျက်လုံးထဲမြင်လိုက်ရတဲ့ စိတ်မကောင်းသလို မျက်နာလေး။
ဖုန်းမဆက်ပဲနေတာနှစ်ရက်ရှိပီ။
ကိုယ့်ဖက်ကလဲ ဖုန်းစဆက်ဖို့ ဆိုတော့လဲ
စ မဆက်ချင် ။
ချစ်ခြင်းတို့ အထဲဝင်လိုက်တာနဲ့ သိသိသာသာ မျက်လုံးတို့ က ချစ်ခြင်းဆီမှာ။
"ကျစ်!!"
ချစ်ခြင်းMaskမတက်ခဲ့တာကိုနောင်တရလာသည်။မဟုတ်တောင် ဒီမျက်နာကို လူတွေကြည့်လွန်းလို့ ။ သွားလာနေကြတဲ့
လူတွေရှိရာ ခြံကြီး ဆီကို မျက်လုံး ဝေ့
ကြည့်လိုက်တော့ တစ်နေရာ အရောက်မှာ အကြည့်တို့ ရပ်တန့် သွား၏။
လူကြီးတွေနဲ့ စကားပြောနေဟန်ရှိတဲ့
အနက်ရောင် အနောက်တိုင်းဝတ်စုံကို
ချပ်ချပ်ရပ်ရပ်ဝတ်ထားတဲ့ အမိန့် အာဏာ
က ဒီပွဲရဲ့ အဓိကလူပီသစွာ ထင်းလင်းပီးရှင်းသန့် နေသည်။ ရှည်လျားလှတဲ့ အရပ်အမောင်းကြောင့်သိသိသာ ပေါ်လွင်နေတဲ့ ကိုယ်နေဟန်ကလဲ အဆင့်အတန်း
ကြီးမားလှလဲ့ သခင်လေးတစ်ယောက်ပုံစံ
ကို အပီအပြင်ဖော်ကျူးနေသည်။
ချစ်ခြင်းသည် ထိုတစ်စုံယောက်ထံ မှ
အကြည့်တို့ ခွာသိမ်းပီး ဖေကြီးနဲ့ အတူ
ဘိုးဘိုးကြီးရှိရာဝိုင်းသို့ သွားရောက်နူတ်ဆက်လိုက်၏။
"ဟာ ကိုစိုင်းလူ ရောက်လာပီလား
ကိုမိန့် ကတော့ ဟိုဖက်ဝိုင်းမှာ ဧည့်ခံနေတုန်း ။ လာ လာ ဟိုဖက်မှာ ချစ်ခြင်း ပါလာရင်နေရခက်မှာစိုးလို့ တဲ့ ကိုမိန့် သက်သက်စီစဉ်ထားတယ် "
ဝမ်းသာအားရ ပြန်နုတ်ဆက်တဲ့
ဘိုးဘိုးကြီးက သူ့ မြေးဘယ်မှာဆိုတာကို
ချစ်ခြင်းကိုလှည့်ရှင်းပြပီး သက်သက်စီစဉ်
ထားဟန် တူတဲ့ ထောင့်ချိုးနားက ပန်းခြံလေးဘေးကို ခေါ်သွား၏။ နေရာက ဧည့်ခံပွဲနဲ့ သိသိသာသာမဝေးပေမဲ့ စားပွဲဝိုင်းခြင်းတော့ ကပ်မနေပဲ သီးသန့် လေးဖြစ်နေသည်။
"ကဲ ကိုစိုင်းလူရေ မြင်တဲ့ တိုင်းပဲ
လူတွေတော့ များတယ်ဗျို့ချစ်ခြင်းတော့နေရခက်နေတော့မှာပဲ"
ချစ်ခြင်းကိုသိသိသာသာ စကားဝိုင်းထဲထည့်သွင်းပြောနေပေမဲ့ ရေခဲလူသားပီသစွာ
မသိသလိုသာနေလိုက်၏ အားနာတက်သောဖေကြီးကတော့ ဘိုးဘိုးကြီးနဲ့
အလိုက်အထိုက်ပြောနေကြသည်။
"ကျွန်တော်တို့ နားလည်ပါတယ်
ခြံက ကျယ်တော့ ကောင်းကောင်းဧည့်ခံဖို့ အဆင်ပြေသားပဲ "
"ဟုတ်တယ် အရင်ကလဲ ကျယ်ပေမဲ့ ကိုမိန့် က ပန်းခြံလေးလုပ်ချင်တယ်ဆိုလို့ ဟိုဖက်ခြံရောင်းတာနဲ့ ကြုံ လို့ ထပ်ဝယ်လိုက်တာ ။ "
"ဟားဟား ဟုတ်ပါ့ လူငယ်တွေရဲ့ စိတ်ကူးကလဲ ခက်သားပဲ ကြည့်ရတာ အမိန့် ကလဲ ပန်းကြိုက်တယ်ထင့်ပါ့ "
" သူကြိုက်လို့ မဟုတ်ဘူး ကိုစိုင်းလူရေ
ချစ်ခြင်းတိုက်ခန်း မှာ ပန်းအိုးလေးတွေ
မြင်ပီးကတည်းက ရောဂါစတာပဲ"
ပြောချလိုက်တဲ့ဘိုးဘိုးကြီးစကားကြောင့်
ချစ်ခြင်းပါးပြင်တွေနီရဲနေကုန်သည်။
ထူပူနေတာကြောင့် အလိုမကျလာကာ
ဘိုးဘိုးကြီးကို မျက်မှောင်ကုတ်ပြလိုက်၏
ဦးမိုးကောင်းကတော့ သူ့ ကိုမျက်မှောင်ကုတ်ပြတဲ့ ကလေးကြောင့် ဟက်ဟက်ပါတ်ပါတ်ရယ်မောကာ
"ကဲ ကိုစိုင်းလူရေ ကျုပ်နဲ့ လိုက်ခဲ့အုန်းဟိုဖက်မှာခင်ဖျားနဲ့ မိတ်ဆက်ပေးရမဲ့သူတွေရှိတယ် "
ဖေကြီးနဲ့ ဘိုးဘိုးကြီး ထွက်သွားပီး
မကြာဘူး စားစရာတွေနဲ့ အမိန့် က
ဝမ်းသာအားရရောက်လာသည်။
" မောင်က မလာတော့ဘူးမှတ်လို့ စိတ်မကောင်းနေတာ ဖေကြီးနဲ့ တွေ့ မှ ဟိုဖက်မှာ
ထိုင်နေတယ်ဆိုလို့ မောင်ပြေးလာတာ"
"--------"
သူပြောတာ အရေးမလုပ်ပဲ ချပေးတဲ့ အအေးကိုငုံသောက်နေတဲ့ အနီရောင် လေး
ကြောင့် အမိန့် ပြုံးလိုက်သည်။ ဒီလူသားကိုသူဘယ်လောက် ချစ်မိသွားပီလဲဆိုတာသူသာသိသည်။ ချစ်ခြင်းကတော့ရိုးရာမပျက်လက်ဖျားတွေထိရှည်တဲ့ အနီရဲရဲ ရှပ်ပွကိုဘောင်းဘီအဖြူရောင်ထဲထည့်ဝတ်ထားကာ ခါတိုင်း လို maskမတပ်ထားတဲ့ မျက်နာလေးနဲ့ လှချင်တိုင်းလှလို့ နေသည်။ ဒီပွဲမှာmaskတက်ဖို့ အဆင်မပြေနိုင်ဘူးဆိုတာသိပေမဲ့ ဘေးစားပွဲတွေက သိသိသာ သာ ချစ်ခြင်းကို လှည့်ကြည့်နေကြသည်မို့ အမိန့် စိတ်နှလုံးမသာယာလာသည်။
" အချစ်ရေ maskက ဘာလို့ တပ်မလာတာလဲ ဟိုဖက်မှာ သိသိသာသာကြည့်နေကြပီ မောင့်ကို မနာလိုသေအောင်လုပ်နေတာလား"
"--------"
ဘာစကားမှမပြောတဲ့ ချစ်ခြင်းကြောင့်အမိန့် သက်ပြင်းချကာ ကိုစစ်ကိုဖုန်းခေါ်လိုက်သည်။ ခနကြာတော့ အနက်ရောင်maskလေးတစ်ခုကိုင်ကာရောက်လာတော့လှမ်းယူပီး
ချစ်ခြင်းကို ပေးလိုက်သည်။ ချစ်ခြင်းကလဲ ဘယ်လောက်စိတ်ရှုတ်နေမှန်းမသိ ချက်ချင်းကို ယူပီးတပ်လိုက်၏
"ချစ်ခြင်းမောင့်ကိုဘာလို့ စကားမပြောတာလဲ မောင်စိတ်ကောက်နေမှန်းသိရက်နဲ့ လဲနေနိုင်လိုက်တာ မောင့်ကိုနှစ်ရက်ကြီးတောင်ပြစ်ထားတယ် "
" မင်းစိတ်ကောက်မှန်းမှမသိတာ
မင်းမခေါ်ချင်လို့ မခေါ်တာမှတ်တာပေါ့"
စကားသာပါးစပ်ကပြောနေတာ မျက်လုံးကသူ့ ဆီရောက်မလာတာမို့ အမိန့် သိလိုက်သည်။ ချစ်ခြင်းဖုန်းမခေါ်တာမဟုတ်ဘူး
သူမခေါ်လို့ စိတ်ကောက်နေတာဆိုတာ ကို ……ကျေနပ်ခြင်းတွေလှိုက်တက်လာခြင်းနဲ့ အတူ အမိန့် နူတ်ခမ်းတွေထိန်းမရအောင်ပြုံးလာသည်။
"မောင် မင်းကို သိပ်ချစ်တယ် "
သုံးနှစ်သုံးမိုးကျော်အောင် ပြောလာတဲ့ ဒီစကားက သိပ်မထူးဆန်းပေမဲ့ အေးစက်စက်ရေခဲမင်းသား ပြုံးမယောင်ဖြစ်သွားတာကတော့ ထူးဆန်းသည်။ ဒါကို ဘယ်သူမှ
မမြင်လိုက်ရပေမယ်လို့ ပေါ့……
"တောက် !!"
သစ်တိုင်းရဲ့ တောက်ခေါက်သံကျယ်ကျယ်ကြောင့် သူရိယနဲ့ မင်းခန်းပါ လှည့်ကြည့်လာသည်။ ခုလူသတ်ချင်နေတာပဲသိသည် ကျန်တာသူစိတ်မဝင်စားတော့ပေ။
စလာကတည်းက loveကို လိုက်ရှာနေတာမတွေ့ သေးတဲ့အပြင် ဒယ်ဒီကလဲ သူဠေးကြီးဦးမိုးကောင်းဆိုသူသာ တကူတက သွားနုတ်ဆက်နေသည်။
ဝန်ထမ်းတွေ သေသေချာချာ ဧည့်ခံစေပေမဲ့ ကိုယ့်ဖအေကသာ ခခယယသွားနူတ်ဆက်နေပေမဲ့တဖက်လူကတော့ သာမန်သာပြန်လည်နူတ်ဆက်တာကိုတွေ့ တော့ဒေါသကထွက်လာသည်။ ဘယ်လောက် ကြီးကျယ်ခမ်နားနေတာလဲဆိုတာ သူမသိပေမဲ့
ဒီရက်ကွက်မျိုးမှာ ဒီလို ခြံအကျယ်ကြီးနဲ့ နန်းတော်လောက်ရှိတဲ့အိမ်ကြီးကြည့်ရုံနဲ့ သူမှန်းဆနိုင်သည်။ ဒေါသစိတ်တွေနဲ့ပူလောင်နေတဲ့သူစိတ်ကို မျှော်ရသူပေါ်လာမှငြိမ်းချမ်းသွားသည်။
တွေ့ ချင်သူသည်
ခါတိုင်းလို မဟုတ်ပဲ ဖူးသန့် နေအောင်
လှပနေတဲ့ မျက်နှာလေးကို အရှင်းသာမြင်နေရအောင် ဘာအကာကွယ်မှတက်မထားတော့ သစ်တိုင်းအပါအဝင် ရှိသမျှ
လူတိုင်းနီးပါးရဲ့ အာရုံက loveဆီမှာ။
အများက တကူးတက ခခယယမျက်နာလုပ်နေတဲ့ ဦးမိုးကောင်းဆိုသူကလဲ
loveကို သီးသန့် လုပ်ပေးထားတဲ့နေရာကိုခေါ်သွားကာ ဧည့်ခံနေသည်မို့ သစ်တိုင်း အလိုမကျလာသည်။
မကြာပါဘူး အဘိုးကြီးနှစ်ယောက် ထထွက်သွားလို့ ပျော်သွားကာ loveဆီသွားမလို့ ပြင်မှ ရောက်လာတဲ့ ဟိုတစ်နေ့ က
loveကိုခေါ်သွားတဲ့ကောင် ။ ဘာတွေပြောနေမှန်းမသိပေမဲ့တော်တော်နဲ့ ထထွက်မသွားတဲ့ကောင်ကြောင့် သစ်တိုင်းစိတ်တွေ ပေါက်ကွဲတော့မလိုဖြစ်လာပီ။
"တော်တော်ကြီးကို လှတာပဲ အင်းး
လှတယ်ဆိုတာ ထက် ကြည့်မဝအောင်
ကျက်သရေ ရှိနေသလိုပဲ"
သူရိယက သူကြည့်နေတဲ့ နေရာကိုလိုက်ကြည့်ပီး ပြောနေပေမဲ့ ထိုနေရာမှ သူအာရုံ
တွေခွာမရဖြစ်နေသည်။
"စိတ်မကောင်းဘူးသစ်တိုင်းရေ
ခုသူစကားပြောနေတဲ့ တစ်ယောက်ဆိုရင်တော့ မင်းပြိုင်ဖက်မဖြစ်နိုင်ဘူး လက်လျော့လိုက်တော့ "
သူရိယ စကားကြောင့် သစ်တိုင်းဒေါသတို့ က သူရိယအပေါ်သာကျရောက်သွား၏
"မင်းစောက်ပေါက်ကိုပိတ်ထားသူရိယ
ငါသူငယ်ချင်းမို့ လို့ မထိုးတာနော်
ငါက ဘာမို့ လက်လျော့ရမှာလဲ "
နီရဲနေတဲ့ မျက်နာကြောင့် သစ်တိုင်းဒေါသ
ထွက်နေပီဆိုတာ မပြောလဲသိပေမဲ့သူရိယပြောစရာရှိတာတော့ပြောပြလိုက်သည်။ တကယ်ကို ကိုယ်တွေက သူ့ ပြိုင်ဖက်မဖြစ်နိုင်ဘူး မို့ လား။
"ဘာလို့ လဲ ဆိုတော့ သူက ဒီပွဲရဲ့ အဓိကသူ
အမိန့် အာဏာမို့ လို့ ပဲ "
"ဘယ်လို သူရိယ"
"ဟုတ်တယ်… မင်းခန်း သူက
မိုးကောင်းလုပ်ငန်းစုရဲ့ ဆက်ခံသူ
ဒီမွေးနေ့ ပွဲရဲ့ အဓိက လူ… စိန်သူဠေး
ကြီး ဦးမိုးကောင်းရဲ့မြေး အမိန့် အာဏာဆိုတာသူပဲ … သူကို ထိလို့ တော့ရမယ်မထင်ဘူးသစ်တိုင်း …မင်းဖက်ကပဲလျော့ပေးလိုက်တော့ မြန်မာပြည်မှာ ဦးမိုးကောင်းရဲ့
အာဏာနဲ့ ချမ်းသာကြွယ်ဝမူ့ ကောလဟာလတွေက တစ်ခုမှပုံပြင်မဟုတ်ဘူး"
သူရိယ ပြောစကားကို မင်းခန်းနဲ့ သစ်တိုင်းနားထောင်ပီးခနငြိမ်သွားပေမဲ့
ဒေါသကြီးတဲ့ သစ်တိုင်းကတော့ စိတ်မလျော့ခဲ့ပေ။
"ငါမသိချင်ဘူး မနေ့ က မင်းပြောတာ
ပါလား… ပေး… ငါ့ကို အစီစဉ်တိုင်းပဲသွားမယ်
ငါloveကို လက်မလွတ်နိုင်ဘူး ဒီပွဲပီးရင်
loveက ငါ့ပိုင်ဖြစ်သွားလိမ့်မယ် "
ချစ်စိတ်မွှန်နေတဲ့ သစ်တိုင်းကတော့ ပြသနာကိုမီးထွန်းရှာခဲ့ပီ။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz