ZingTruyen.Xyz

ခ်စ္အမိန္ ့( ချစအမိန့် ) (completed)

11

eainsi23


ေနပူပူမွာ ကားသံ၊ လူသံေတြ ဆူညံေနေပမဲ့အမိန္ ့ကေတာ့
နဖူးကေန စီးက်လာတဲ့ ေခ်ြးေတြကို လက္မေလးနဲ ့ုသုတ္ကာ ေဘးကေန ထပ္တူမခြာ မုန္ ့ထုပ္ႀကီးဆြဲလိုက္ေနရတာေတာင္ အျပံဳးမပ်က္ပဲအေက်နပ္ႀကီးနပ္ေနေလသည္။

ခ်စ္ျခင္းသင္တန္းဆင္းတဲ့အခ်ိန္တိုင္း ကုမၸဏီမွာဘာအလုပ္ရွိရွိပစ္ျပီးေျပးတက္လြန္းတဲ့သူ ့ကို
ဘိုးဘိုးပါလက္ေျမာက္အရွဳံးေပးထားရသည္။ ခ်စ္ျခင္းနဲ ့ပါတ္သတ္လာရင္ သူက
မိုက္ရူးရဲဆန္ဖို ့လည္းဝန္မေလးတက္ေသာသူတျဖည္းျဖည္းျဖစ္လာ၏။
ဒါေပမဲ့ ခ်စ္ျခင္းတေယာက္ကေတာ့ေခါင္းမာသူပီပီ သူရဲ႕ ေမတၱာေတြကို အလြယ္တကူ လက္ခံမဲ့ပံုမေပၚေပ။

"အခ်စ္ေရ ...လာခဲ့ပါကြာေနာ္ ။
ခ်စ္ျခင္းေဖႀကီးလည္းလာမွာပဲကို။ ေမာင္စိတ္ခ်မ္းသာေအာင္ တစ္ခါထဲလိုက္ခဲ့လိုက္တာမဟုတ္ဘူး"

ခ်စ္သူရည္းစားမဟုတ္ပဲ နာမ္စားမ်ိဳးစံုေခၚတက္လြန္းတဲ့ အမိန္ ့ကို စိတ္ဆိုးဖို ့ကို ေမ့ျပစ္ထားတာႀကာပါျပီ ။သူ ့ဖက္က
ေအးတိေအးစက္မလွဳပ္တာေတာင္
အမိန္ ့က အသားယူလြန္းတာ သူဖက္ကသာအေျဖေပးျပီး ခ်စ္သူေတြျဖစ္ရင္
ခ်စ္ျခင္းေတြးေတာင္မေတြးရဲေပ။ ခုလည္း
သူ ့ရဲ့ အသက္22နွစ္ျပည့္ေမြးေန ့ပါတီကိုလာဖို ့ေခၚေနျခင္းသာျဖစ္သည္။

"ငါမလာခ်င္ဘူး ။ မင္းေမြးေန ့က ေမြးေန ့အျပင္ မင္းလုပ္ငန္းဆက္ခံသူဆိုတာ
တရားဝင္ခ်ျပမွာမို ့လား။ ေဖႀကီးေျပာလို ့ငါသိတာနွစ္ရက္ေတာင္ရွိျပီ ။လူရူပ္တဲ့ပြဲေတြကို ငါတကယ္ မတက္ခ်င္ဘူး"

ခ်စ္ျခင္းတကယ္လူမ်ားတဲ့ ပြဲေတြမသြားခ်င္ပါ။ ေဖႀကီးေျပာလို ့ အမိန္ ့ေမြးေန ့သည္
မိုးေကာင္းအုပ္စုရဲ့ ဆက္ခံသူအျဖစ္တရားဝင္အသိေပးတဲ့ ပြဲဆိုတာ သူတို ့စီးပြားေရးေလာကမွာ နာမည္ႀကီးေနတာမို ႔ခ်စ္ျခင္းလည္းသိထားျပီးျဖစ္သည္။ ဒီလိုပြဲမ်ိဳးမွ လူမမ်ားရင္ဘယ္ပြဲမ်ားနိုင္မွာလဲ။

"ေတာ္ပါကြာ ။ မင္းအေႀကာင္းျပတာပါ ။
ေမာင့္ေမြးေန ့ေလး ေတာင္မလာခ်င္မွေတာ့ ေမာင္ဘာတက္နိုင္မွာလဲ ။ဘြဲ ့ယူတုန္းကလည္းမင္းကို မေျပာရဲလို ့မေခၚခဲ့ရဘူး။
ခုလည္း မလာခ်င္ဘူးဆိုေတာ့ေမာင္မေျပာေတာ့ပါဘူး ...။ဒါေပမဲ့ေမာင္ဘဝရဲ့အမွတ္တရေန ့ေတြတိုင္းမင္းမပါတာေတာ့စိတ္မေကာင္းဘူး...အခ်စ္ရာ။  ေရာ ့ဒါမင္းစားဖို ့ေမာင္ဝယ္လာတာ ျပန္ေတာ့မယ္"

လက္ထဲကို ထည့္သြားတဲ့ မုန္ ့ထုပ္ကို
တလွည့္ ၊ ထြက္သြားတဲ့ ေက်ာျပင္ေလးကိုတလွည့္ႀကည့္ပီး ခ်စ္ျခင္း ဆံုးျဖတ္ခ်က္ေတြ မျပတ္မသားျဖစ္လာ၏ ...။
ဒါခ်စ္ျခင္းဘဝမွာပထမဆံုးေတြေဝဖူးျခင္းပင္။
သူသာ မလုပ္ခ်င္ရင္ဘယ္သူေျပာလို ့မွ နားမေထာင္တဲ့ခ်စ္ျခင္းကအခုေတာ့ သြားသင့္၊ မသြားသင့္ေတြေဝလာသည္။

ဒါဟာ ၃နွစ္ၾကာခဲ့တဲ့ သံေယာဇဥ္ေတြေၾကာင့္လား။

_____

"ဟိတ္ေကာင္ သစ္တိုင္း။ ရုပ္ကိုျပင္စမ္းပါကြာ။
ေတြ ့တုန္းေလး သာယာစမ္းပါ ။ဒီမွာမင္းရုပ္ေႀကာင့္ feelငုတ္ကုန္ပီကြ"

လက္က ခပ္ေဟာ့ေဟာ့ေကာင္မေလး
ခါးကို ဖက္ပီးေျပာတဲ့ သူရိယကို
သစ္တိုင္း ခါတိုင္းလို လွမ္းမဆဲနိုင္ပါ။

"ထားလိုက္ သူရိယ။ ဒင္း ဒီတခါတကယ္ထိလာတာ"

"ဘယ္လိုလဲမင္းခန္း။ မင္းေတြ ့ခဲ့ဖူးတာပဲ။
ဒီေကာင္ေကြးသြားေအာင္ထိ အဲ့တေယာက္က တကယ္ ထိုက္တန္ရဲ႕လား "

သူရိယ အေမးကို မေျဖပဲ ကလပ္ မီးေရာင္စံုရဲ့ အလင္းေတြအကူအညီျဖင့္ ျမင္လ့ုိက္ရတဲ့မင္းခန္းမ်က္နာ က သူေတြ ့ခဲ့တဲ့အလွတရားအေႀကာင္းကိုသာတစိမ့္စိမ့္ျပန္ေတြးမိေနသလိုပံုမ်ိဳးပင္။

"လွတယ္ဆိုတာဘာလဲသူရိယ ။မင္းေတြ ့ဖူးတဲ့လွတယ္ဆိုတဲ့ဟာေတြ ထိုင္ငိုသြားရေအာင္ထိ စစ္မွန္တယ္ဆိုရင္ မင္းရယ္မွာလား။ သူက လံုးဝစစ္မွန္တဲ့အလွတရားပဲ ...။ ဒါေတာင္သူ ့မ်က္နာအျပည့္မဟုတ္ဘူးေနာ္။ မ်က္လံုးေလးပဲျမင္ရတာ ။
ဒီတိုင္းႏြဲ ့ေနတာလဲမဟုတ္ဘူး။ မိန္းမဆန္တာလဲမဟုတ္ပဲကြာ တကယ္လွတာ"

"မင္းပါေကြးသြားတာလားမင္းခန္းရ"

သူရိယရဲ့ခပ္ေလွာင္ေလွာင္စကားကို
မင္းခန္းျပန္မေျပာပဲ လ်စ္လ်ဴရွဳ ့လိုက္သည္။
သစ္တိုင္းကိုႀကည့္ေတာ့လည္း အာရုံက စကားဝိုင္းမွာမရွိလြင့္ခ်င္ရာလြင့္ေနသလို။

"aww ဒါနဲ ့ငါေမးမလို ့။မင္းတို ့မိုးေကာင္း
ဆက္ခံသူ မိတ္ဆက္မဲ့ပြဲကိုတက္ႀကမွာလား... ။အိမ္ကဖာသားႀကီးကအတင္းေခၚေနလို ့ငါကေတာ့တက္ရမွာေသခ်ာသေလာက္ပဲ"

သူရိယအေျပာေႀကာင့္မင္းခန္းတစံုတခုကို
သတိရသြားသည္။ ထို ႔ေနာက္

"ေဟ့ေကာင္ သစ္တိုင္း... မိုးေကာင္းဆို
လို ့ေျပာရအုန္းမယ္ ...မင္းloveရဲ့အဘိုးေရာ
တက္မယ္သတင္းႀကားတယ္ေနာ္ ...ဒီပြဲက
လုပ္ငန္းရွင္တိုင္းကိုယ့္သားသမီးကိုဆြဲပီး
အႀကီးအက်ယ္ပြဲထုတ္က်မွာကြ ...ငါ့ကိုအိမ္ကတက္ဖို့ေျပာေနတာ မင္းဖားသားကေရာ မေျပာဘူးလား"

မင္းခန္းရဲ့ အားတက္သေရာအေျပာကို
သစ္တိုင္း စိတ္မဝင္စားသလို အရက္ခြက္ေကာက္ကိုင္ကာ ေနာက္မွီကို ေက်ာမပါသလိုမွီကာ ျပန္ေျပာလိုက္၏

"ေျပာတယ္။ ငါျငင္းလိုက္တာ "

သစ္တိုင္းအေျပာေႀကာင့္ မင္းခန္းပုခံုး
တြန္ ့လိုက္ေပမဲ့ သူရိယကေတာ့..

"ဒါဆိုမင္းအဲ့ပြဲကို တက္သင့္တယ္ကြ ။
မင္းloveပါလာရင္အျမတ္ပဲ ။
ဆြဲစိလိုက္ ငါ့ေကာင္။ ဒီပြဲမွာ ပါးပါးေလး ငါဖန္တီးေပးလို ့ရတယ္ "

"ဘယ္လို "

ေနာက္မွီပီး ပ်င္းတိပ်င္းရြဲထိုင္ေနတဲ့
သစ္တိုင္းသည္ သူရိယစကားေႀကာင့္
မတ္ခနဲထထိုင္လိုက္ျပီးစိတ္ဝင္တစားေမးလိုက္၏ ။
တကယ္ဆို loveပါခ်င္ပါလာနိုင္တာမ်ိဳးကိုသူေတြးမိေပမဲ့
လူအမ်ားႀကီးေရွ ့ ဟိုတေန ့ကလိုျဖစ္ရပ္မ်ိဳး ျဖစ္သြားပါကအရွက္ကြဲမည္ဆိုးလို ့မလိုက္ဖို ့ဆံုးျဖတ္လိုက္ျခင္းပင္။

သူရိယက သစ္တိုင္းေရာ ၊မင္းခန္းေရာ
စိတ္ဝင္တစားနားေထာင္ေနတာေတြ ႕ရေတာ့ ဟန္ပါပါျပံဳးရင္း သူ ့အႀကံစည္ေတြကို
ခပ္တိုးတို းေျပာျပလိုက္သည္။
အဲ့ဒါကေတာ့.......

_____

ဒီေန ့က သူ ့ေမြးေန ့မို ့ႀကီးမားက်ယ္ျပန္ ့လွတဲ့ အမိန္ ့တို ့ျခံႀကီးထဲတြင္ အလုပ္သမားမ်ား စြာ အလုပ္ရွဳပ္ေနႀကသည္။
ျခံထဲတြင္ ခါတိုင္းစိမ္းျမေနတဲ့မ်က္ခင္းျပင္ထက္တြင္ အျဖဴေရာင္ အျပင္အဆင္မ်ားနဲ ့လွခ်င္တိုင္းလွေနေပမဲ့ ပူေလာင္ေနတဲ့အမိန္ ့ကေတာ့ လွတယ္လို ့ပင္မခံစားရေပ။
ေနဝင္ခါစ မို ့အလွမီးတခ်ိဳ ့ထြန္းလင္းေနႀကသည္ကို အမိန္ ့အိမ္ေပၚကေနလွမ္း
ႀကည့္ပီး ျပင္ဆင္ဖို ့ပါ စိတ္မဝင္စားပဲ
ခ်စ္ျခင္းကိုသာလြမ္းေနမိသည္။

ဟိုေန ့ကျပန္လာကတည္းက
ခ်စ္ျခင္းဆီဖုန္းမဆက္တာနွစ္ရက္ရွိျပီ။

ခ်စ္ျခင္းနဲ ့ပတ္သတ္လာရင္ သူ ႔စိတ္ေတြသည္ ကေလးဆန္ခ်င္သလို တခါတေလ ျဖစ္သြားတက္ေပမဲ့ ရွက္ဖို ့ထိ မေတြးနိုင္ေအာင္ခ်စ္ျခင္းအေပၚဆိုးႏြဲ ့ခ်င္တာပဲသိသည္။
စိတ္မာသူႀကီးကေတာ့ သူစိတ္ေကာက္ေနမွန္းေတာင္သိရဲ႕လားမသိေပ။
လံုးဝမေခ်ာ့ပဲပစ္ထားသည္မွာ ရင္နာစရာေတာ့ေကာင္း၏။။

"ေဒါက္ ေဒါက္... "

"ကိုမိန္ ့...က်ြန္ေတာ္ ကိုစစ္ပါ "

တံခါးေခါက္သံေႀကာင့္ အမိန္ ့အေတြးေတြ
ရပ္တန္ ့သြားသည္ ။နာရီ ႀကည့္ေတာ့
ေျခာက္နာရီခြဲ ေနၿပီျဖစ္၏။ ။
ညခုနွစ္နာရီစမဲ့ ပြဲကို
ဘာမွမျပင္ဆင္ပဲေရခ်ိဳးၿပီး တပါတ္တစ္ထည္ခါးမွာပတ္၍ လက္ရန္းကို မွီကာ
ေတြးခ်င္ရာေတြးေနမိသည္။

"က်စ္ ! ဝင္ခဲ့ ကိုစစ္ တံခါးေစ ့ရုံေစ ့ထားတာ"

ဘိုးဘိုး သိရင္ေတာ့ ဆူပါလိမ့္မည္။

ခ်စ္ျခင္းနဲ ့ပါတ္သတ္ရင္ အမိန္ ့မရူးရင္သာ
ထူးေနလိမ့္မည္။ ဘယ္ခ်ိန္ေတြးေတြး ခ်စ္ျခင္းအေၾကာင္းက ေခါင္းထဲသာေရာက္လာတက္သည္မို ႔ အမိန္ ႔ေတာ္ေတာ္ ျဖစ္ေနသည္ ဟုဆိုရမည္။

" ဧည့္သည္ တခ်ိဳ ႕ေရာက္ေနၿပီ ကိုမိန္ ႔။
အားရင္ ဆင္းခဲ့ဖို ႔ဆရာႀကီးက ေခၚခိုင္းလိုက္တယ္ဆိုတာ ကြၽန္ေတာ္လာေျပာတာ။ "

သက္ျပင္းခ်ကာ ေခါင္းညိမ့္ျပၿပီး
ကိုစစ္ ယူေပးတဲ့ ဝတ္စံုကို လွမ္းယူလိုက္သည္။ 

" ခဏေန ဆင္းခဲ့မယ္။ ပန္းၿခံေဘးက
ေသခ်ာျပင္ခိုင္းထားတဲ့ စားပြဲဝိုင္းကို တေယာက္မွမထိုင္ေစနဲ ့ေနာ္ "

လာသည္ျဖစ္ေစ ၊ မလာသည္ျဖစ္ေစ
ခ်စ္ျခင္းအတြက္  လူရွင္းတဲ့ေနရာတခုကို သူႀကိဳတင္ ျပင္ဆင္ခိုင္းထားၿပီးသားျဖစ္သည္။
လာခဲ့သည္ရွိေသာ္ လူေတြအမ်ားႀကီးခ်စ္ျခင္းကို ဝိုင္းၾကည့္ၾကမွာ သူမလိုခ်င္ေပ။
တေယာက္ေသာသူ၏ ထူးကဲလွေသာ
ၾကည္ျပာေရာင္ အသားေရသည္
ဖံုးဖိလို ႔မရႏိုင္ေအာင္ ေပၚလြင္ေနသည္မို ႔
ေျပာလို ႔သာေျပာတာ လူၾကားထဲေခၚရတာ ရင္မေအးနိုင္စရာပင္။

ခ်စ္တဲ့အိမ္စည္။

----------------------------

နေပူပူမှာ ကားသံ၊ လူသံတွေ ဆူညံနေပေမဲ့အမိန့် ကတော့
နဖူးကနေ စီးကျလာတဲ့ ချွေးတွေကို လက်မလေးနဲ့ုသုတ်ကာ ဘေးကနေ ထပ်တူမခွာ မုန့် ထုပ်ကြီးဆွဲလိုက်နေရတာတောင် အပြုံးမပျက်ပဲအကျေနပ်ကြီးနပ်နေလေသည်။

ချစ်ခြင်းသင်တန်းဆင်းတဲ့အချိန်တိုင်း ကုမ္ပဏီမှာဘာအလုပ်ရှိရှိပစ်ပြီးပြေးတက်လွန်းတဲ့သူ့ ကို
ဘိုးဘိုးပါလက်မြောက်အရှုံးပေးထားရသည်။ ချစ်ခြင်းနဲ့ ပါတ်သတ်လာရင် သူက
မိုက်ရူးရဲဆန်ဖို့ လဲဝန်မလေးတက်သောသူတဖြည်းဖြည်းဖြစ်လာ၏။
ဒါပေမဲ့ ချစ်ခြင်းတယောက်ကတော့ခေါင်းမာသူပီပီ သူရဲ့ မေတ္တာတွေကို အလွယ်တကူ လက်ခံမဲ့ပုံမပေါ်ပေ။

"အချစ်ရေ ...လာခဲ့ပါကွာနော် ။
ချစ်ခြင်းဖေကြီးလဲလာမှာပဲကို။ မောင်စိတ်ချမ်းသာအောင် တစ်ခါထဲလိုက်ခဲ့လိုက်တာမဟုတ်ဘူး"

ချစ်သူရည်းစားမဟုတ်ပဲ နာမ်စားမျိုးစုံခေါ်တက်လွန်းတဲ့ အမိန့် ကို စိတ်ဆိုးဖို့ ကို မေ့ပြစ်ထားတာကြာပါပြီ ။သူ့ ဖက်က
အေးတိအေးစက်မလှုပ်တာတောင်
အမိန့် က အသားယူလွန်းတာ သူဖက်ကသာအဖြေပေးပြီး ချစ်သူတွေဖြစ်ရင်
ချစ်ခြင်းတွေးတောင်မတွေးရဲပေ။ ခုလဲ
သူ့ ရဲ့ အသက်22နှစ်ပြည့်မွေးနေ့ ပါတီကိုလာဖို့ ခေါ်နေခြင်းသာဖြစ်သည်။

"ငါမလာချင်ဘူး ။ မင်းမွေးနေ့ က မွေးနေ့ အပြင် မင်းလုပ်ငန်းဆက်ခံသူဆိုတာ
တရားဝင်ချပြမှာမို့ လား။ ဖေကြီးပြောလို့ ငါသိတာနှစ်ရက်တောင်ရှိပြီ ။လူရူပ်တဲ့ပွဲတွေကို ငါတကယ် မတက်ချင်ဘူး"

ချစ်ခြင်းတကယ်လူများတဲ့ ပွဲတွေမသွားချင်ပါ။ ဖေကြီးပြောလို့  အမိန့် မွေးနေ့ သည်
မိုးကောင်းအုပ်စုရဲ့ ဆက်ခံသူအဖြစ်တရားဝင်အသိပေးတဲ့ ပွဲဆိုတာ သူတို့ စီးပွားရေးလောကမှာ နာမည်ကြီးနေတာမို့ ချစ်ခြင်းလည်းသိထားပြီးဖြစ်သည်။ ဒီလိုပွဲမျိုးမှ လူမများရင်ဘယ်ပွဲများနိုင်မှာလဲ။

"တော်ပါကွာ ။ မင်းအကြောင်းပြတာပါ ။
မောင့်မွေးနေ့ လေး တောင်မလာချင်မှတော့ မောင်ဘာတက်နိုင်မှာလဲ ။ဘွဲ့ ယူတုန်းကလဲမင်းကို မပြောရဲလို့ မခေါ်ခဲ့ရဘူး။
ခုလဲ မလာချင်ဘူးဆိုတော့မောင်မပြောတော့ပါဘူး ...။ဒါပေမဲ့မောင်ဘဝရဲ့အမှတ်တရနေ့ တွေတိုင်းမင်းမပါတာတော့စိတ်မကောင်းဘူး...အချစ်ရာ။  ရော့ ဒါမင်းစားဖို့ မောင်ဝယ်လာတာ ပြန်တော့မယ်"

လက်ထဲကို ထည့်သွားတဲ့ မုန့် ထုပ်ကို
တလှည့် ၊ ထွက်သွားတဲ့ ကျောပြင်လေးကိုတလှည့်ကြည့်ပီး ချစ်ခြင်း ဆုံးဖြတ်ချက်တွေ မပြတ်မသားဖြစ်လာ၏ ...။
ဒါချစ်ခြင်းဘဝမှာပထမဆုံးတွေဝေဖူးခြင်းပင်။
သူသာ မလုပ်ချင်ရင်ဘယ်သူပြောလို့ မှ နားမထောင်တဲ့ချစ်ခြင်းကအခုတော့ သွားသင့်မသွားသင့်တွေဝေလာသည်။

ဒါဟာ ၃နှစ်ကြာခဲ့တဲ့ သံယောဇဉ်တွေကြောင့်လား။

_____

"ဟိတ်ကောင် သစ်တိုင်း။ ရုပ်ကိုပြင်စမ်းပါကွာ။
တွေ့ တုန်းလေး သာယာစမ်းပါ ။ဒီမှာမင်းရုပ်ကြောင့် feelငုတ်ကုန်ပီကွ"

လက်က ခပ်ဟော့ဟော့ကောင်မလေး
ခါးကို ဖက်ပီးပြောတဲ့ သူရိယကို
သစ်တိုင်း ခါတိုင်းလို လှမ်းမဆဲနိုင်ပါ။

"ထားလိုက် သူရိယ။ ဒင်း ဒီတခါတကယ်ထိလာတာ"

"ဘယ်လိုလဲမင်းခန်း။ မင်းတွေ့ ခဲ့ဖူးတာပဲ။
ဒီကောင်ကွေးသွားအောင်ထိ အဲ့တယောက်က တကယ် ထိုက်တန်ရဲ့လား "

သူရိယ အမေးကို မဖြေပဲ ကလပ် မီးရောင်စုံရဲ့ အလင်းတွေအကူအညီဖြင့် မြင်လို့က်ရတဲ့မင်းခန်းမျက်နာ က သူတွေ့ ခဲ့တဲ့အလှတရားအကြောင်းကိုသာတစိမ့်စိမ့်ပြန်တွေးမိနေသလိုပုံမျိုးပင်။

"လှတယ်ဆိုတာဘာလဲသူရိယ ။မင်းတွေ့ ဖူးတဲ့လှတယ်ဆိုတဲ့ဟာတွေ ထိုင်ငိုသွားရအောင်ထိ စစ်မှန်တယ်ဆိုရင် မင်းရယ်မှာလား။ သူက လုံးဝစစ်မှန်တဲ့အလှတရားပဲ ...။ ဒါတောင်သူ့ မျက်နာအပြည့်မဟုတ်ဘူးနော်။ မျက်လုံးလေးပဲမြင်ရတာ ။
ဒီတိုင်းနွဲ့ နေတာလဲမဟုတ်ဘူး။ မိန်းမဆန်တာလဲမဟုတ်ပဲကွာ တကယ်လှတာ"

"မင်းပါကွေးသွားတာလားမင်းခန်းရ"

သူရိယရဲ့ခပ်လှောင်လှောင်စကားကို
မင်းခန်းပြန်မပြောပဲ လျစ်လျူရှု့ လိုက်သည်။
သစ်တိုင်းကိုကြည့်တော့လဲ အာရုံက စကားဝိုင်းမှာမရှိလွင့်ချင်ရာလွင့်နေသလို။

"aww ဒါနဲ့ ငါမေးမလို့ ။မင်းတို့ မိုးကောင်း
ဆက်ခံသူ မိတ်ဆက်မဲ့ပွဲကိုတက်ကြမှာလား... ။အိမ်ကဖာသားကြီးကအတင်းခေါ်နေလို့ ငါကတော့တက်ရမှာသေချာသလောက်ပဲ"

သူရိယအပြောကြောင့်မင်းခန်းတစုံတခုကို
သတိရသွားသည်။ ထို့ နောက်

"ဟေ့ကောင် သစ်တိုင်း... မိုးကောင်းဆို
လို့ ပြောရအုန်းမယ် ...မင်းloveရဲ့အဘိုးရော
တက်မယ်သတင်းကြားတယ်နော် ...ဒီပွဲက
လုပ်ငန်းရှင်တိုင်းကိုယ့်သားသမီးကိုဆွဲပီး
အကြီးအကျယ်ပွဲထုတ်ကျမှာကွ ...ငါ့ကိုအိမ်ကတက်ဖို့ပြောနေတာ မင်းဖားသားကရော မပြောဘူးလား"

မင်းခန်းရဲ့ အားတက်သရောအပြောကို
သစ်တိုင်း စိတ်မဝင်စားသလို အရက်ခွက်ကောက်ကိုင်ကာ နောက်မှီကို ကျောမပါသလိုမှီကာ ပြန်ပြောလိုက်၏

"ပြောတယ်။ ငါငြင်းလိုက်တာ "

သစ်တိုင်းအပြောကြောင့် မင်းခန်းပုခုံး
တွန့် လိုက်ပေမဲ့ သူရိယကတော့..

"ဒါဆိုမင်းအဲ့ပွဲကို တက်သင့်တယ်ကွ ။
မင်းloveပါလာရင်အမြတ်ပဲ ။
ဆွဲစိလိုက် ငါ့ကောင်။ ဒီပွဲမှာ ပါးပါးလေး ငါဖန်တီးပေးလို့ ရတယ် "

"ဘယ်လို "

နောက်မှီပီး ပျင်းတိပျင်းရွဲထိုင်နေတဲ့
သစ်တိုင်းသည် သူရိယစကားကြောင့်
မတ်ခနဲထထိုင်လိုက်ပြီးစိတ်ဝင်တစားမေးလိုက်၏ ။
တကယ်ဆို loveပါချင်ပါလာနိုင်တာမျိုးကိုသူတွေးမိပေမဲ့
လူအများကြီးရှေ့  ဟိုတနေ့ ကလိုဖြစ်ရပ်မျိုး ဖြစ်သွားပါကအရှက်ကွဲမည်ဆိုးလို့ မလိုက်ဖို့ ဆုံးဖြတ်လိုက်ခြင်းပင်။

သူရိယက သစ်တိုင်းရော ၊မင်းခန်းရော
စိတ်ဝင်တစားနားထောင်နေတာတွေ့ ရတော့ ဟန်ပါပါပြုံးရင်း သူ့ အကြံစည်တွေကို
ခပ်တိုးတိုးပြောပြလိုက်သည်။
အဲ့ဒါကတော့.......

_____

ဒီနေ့ က သူ့ မွေးနေ့ မို့ ကြီးမားကျယ်ပြန့် လှတဲ့ အမိန့် တို့ ခြံကြီးထဲတွင် အလုပ်သမားများ စွာ အလုပ်ရှုပ်နေကြသည်။
ခြံထဲတွင် ခါတိုင်းစိမ်းမြနေတဲ့မျက်ခင်းပြင်ထက်တွင် အဖြူရောင် အပြင်အဆင်များနဲ့ လှချင်တိုင်းလှနေပေမဲ့ ပူလောင်နေတဲ့အမိန့် ကတော့ လှတယ်လို့ ပင်မခံစားရပေ။
နေဝင်ခါစ မို့ အလှမီးတချို့ ထွန်းလင်းနေကြသည်ကို အမိန့် အိမ်ပေါ်ကနေလှမ်း
ကြည့်ပီး ပြင်ဆင်ဖို့ ပါ စိတ်မဝင်စားပဲ
ချစ်ခြင်းကိုသာလွမ်းနေမိသည်။

ဟိုနေ့ ကပြန်လာကတည်းက
ချစ်ခြင်းဆီဖုန်းမဆက်တာနှစ်ရက်ရှိပြီ။

ချစ်ခြင်းနဲ့ ပတ်သတ်လာရင် သူ့ စိတ်တွေသည် ကလေးလို တခါတလေ ဖြစ်သွားတက်ပေမဲ့ ရှက်ဖို့ ထိ မတွေးနိုင်အောင်ချစ်ခြင်းအပေါ်ဆိုးနွဲ့ ချင်တာပဲသိသည်။
စိတ်မာသူကြီးကတော့ သူစိတ်ကောက်နေမှန်းတောင်သိရဲ့လားမသိပေ။
လုံးဝမချော့ပဲပြစ်ထားသည်မှာ ရင်နာစရာတော့ကောင်း၏။။

"ဒေါက် ဒေါက်... "

"ကိုမိန့် ...ကျွန်တော် ကိုစစ်ပါ "

တံခါးခေါက်သံကြောင့် အမိန့် အတွေးတွေ
ရပ်တန့် သွားသည် ။နာရီ ကြည့်တော့
ခြောက်နာရီခွဲ နေပြီဖြစ်၏။ ။
ညခုနှစ်နာရီစမဲ့ ပွဲကို
ဘာမှမပြင်ဆင်ပဲရေချိုးပြီး တပါတ်တစ်ထည်ခါးမှာပတ်၍ လက်ရန်းကို မှီကာ
တွေးချင်ရာတွေးနေမိသည်။

"ကျစ် ! ဝင်ခဲ့ ကိုစစ် တံခါးစေ့ ရုံစေ့ ထားတာ"

ဘိုးဘိုး သိရင်တော့ ဆူပါလိမ့်မည်။

ချစ်ခြင်းနဲ့ ပါတ်သတ်ရင် အမိန့် မရူးရင်သာ
ထူးနေလိမ့်မည်။ ဘယ်ချိန်တွေးတွေး ချစ်ခြင်းအကြောင်းက ခေါင်းထဲသာရောက်လာတက်သည်မို့  အမိန့် တော်တော် ဖြစ်နေသည် ဟုဆိုရမည်။

" ဧည့်သည် တချို့ ရောက်နေပြီ ကိုမိန့် ။
အားရင် ဆင်းခဲ့ဖို့ ဆရာကြီးက ခေါ်ခိုင်းလိုက်တယ်ဆိုတာ ကျွန်တော်လာပြောတာ။ "

သက်ပြင်းချကာ ခေါင်းညိမ့်ပြပြီး
ကိုစစ် ယူပေးတဲ့ ဝတ်စုံကို လှမ်းယူလိုက်သည်။ 

" ခဏနေ ဆင်းခဲ့မယ်။ ပန်းခြံဘေးက
သေချာပြင်ခိုင်းထားတဲ့ စားပွဲဝိုင်းကို တယောက်မှမထိုင်စေနဲ့ နော် "

လာသည်ဖြစ်စေ ၊ မလာသည်ဖြစ်စေ
ချစ်ခြင်းအတွက်  လူရှင်းတဲ့နေရာတခုကို သူကြိုတင် ပြင်ဆင်ခိုင်းထားပြီးသားဖြစ်သည်။
လာခဲ့သည်ရှိသော် လူတွေအများကြီးချစ်ခြင်းကို ဝိုင်းကြည့်ကြမှာ သူမလိုချင်ပေ။
တယောက်သောသူ၏ ထူးကဲလှသော
ကြည်ပြာရောင် အသားရေသည်
ဖုံးဖိလို့ မရနိုင်အောင် ပေါ်လွင်နေသည်မို့
ပြောလို့ သာပြောတာ လူကြားထဲခေါ်ရတာ ရင်မအေးနိုင်စရာပင်။

ချစ်တဲ့အိမ်စည်။

----------------------------

Bạn đang đọc truyện trên: ZingTruyen.Xyz