Epi9
""Love sought is good,but given unsought is better""
""အခ်စ္ဆိုတာကိုရွာေဖြေဖာ္ထုတ္ရတာေကာင္းပါတယ္။
ဒါေပမယ့္ တမင္တကာရွာစရာမလိုပဲ ရင္ထဲ
ကအလိုအေလ်ာက္ျဖစ္တည္လာတဲ့ အခ်စ္ကပို
ေကာင္းပါတယ္""
#ညီ
>>>>>>>>>>>>>ညီ<<<<<<<<<<<<<
အိေျႏၵႀကီးေသာေျခလွမ္းမ်ားျဖင့္ လွမ္းဝင္လာသူ
အားအျပံဳးျဖင့္ႏႈတ္ဆက္လိုက္ေတာ့ တည္ျငိမ္
အျပံဳးတစ္စ အခန္းလြတ္ထဲျဖန္႔က်ဲလိုက္စဥ္ ဘာ
ရယ္မဟုတ္ေတြ႔ဆံုခ်ိန္တို္င္းခ်စ္ျခင္းေပ်ာ္ဝင္ေန
ေသာအျပံဳးလွလွတစ္ခုကိုသတိရသြားသည္။
"ေနေကာင္းျမတ္သူ!ေစာင့္ေနရတာႀကာျပီလား"
""မႀကာေသးဘူးခင္ဗ်။ခုနေလးမွေရာက္တာ""
အနီးကပ္ႀကည့္ေလ အျပစ္ေျပာစရာမရွိေအာင္
ေခ်ာေမာေနေသာေကာင္ေလးကို မဟာနည္းနည္းေတာ့ရွိန္မိသလိုပဲ။ေဖာ္ေဖာ္ေရြေရြ
ေျပာဆိုေနေသာ္ငွား သူ႔မ်က္လံုးထဲကထက္ျမတ္
ျခင္္းအသြင္ပံုရိပ္ေတြက ထင္ထင္ရွားရွား။
အေရာင္ႏုႏုရွပ္အျပာကြက္ေလးႏွင့္ဂ်င္းကိုသာ
ရိုးရိုးရွင္းရွင္းဆင္ယင္ထားေသာ္လည္းCele
တစ္ေယာက္ကဲ့သို႔ ထင္းထင္းလင္းလင္းရွိေနတာ
ေတာ့အမွန္။
""အခန္းအေနအထားအရ မေန႔ကက်ေတာ္ေျပာ
တဲ့ပံုစံေတြနဲ႔အဆင္ေျပပါ့မလား?""
""အင္းးးေျပပါတယ္။ထည့္မယ့္အဝတ္အစားက
လည္းwedding dressေတြဆိုေတာ့။အေနာက္က Colourကအမ်ားႀကီးအေထာက္
အကူျပဳမွာပါ""
""ဟို တစ္ပတ္အတြင္း ကိစၥ??""
""ဟုတ္--ဟုတ္က်မတို႔ဖက္ကျပီးေအာင္တာဝန္
ယူေပးပါမယ္။ေနေကာင္းျမတ္သူ""
""ေလာေနလို႔အားလည္းနာမိပါတယ္။ဟိုတစ္ခု
ေတာင္းဆိုပါရေစ။က်ေတာ့္ကိုေတာ္ေတာ္မ်ားမ်ား
ေခၚႀကသလို ေနေကာင္း၊ေကာင္းေကာင္းဆို
ျပီးေခၚလို႔ရပါတယ္။နာမည္အရင္းႀကီးေခၚေတာ့
တစ္မ်ိဳးျဖစ္ေနလို႔""
""ဟုတ္ပါျပီ။ေကာင္းေကာင္းလို႔ပဲေခၚမယ္ေနာ္""
""By the way,မ,တျခားေဆြးေႏြးစရာေတြကို
အစ္ကိုတစ္ေယာက္နဲ႔ပဲဆက္ေျပာလို႔ရမလားမသိ
ဘူး။က်ေတာ္ဆိုင္ျပန္ရမွာမို႔""
""သူကႀကာမွာလား?""
""မႀကာပါဘူး။ခုလာေနျပီတဲ့""
ေျပာရင္း မဟာနဲ႔ မ်က္လံုးခ်င္းဆံုေတာ့ခ်က္ခ်င္း
ဆိုသလို မ်က္ေတာ္ဖ်ားမ်ားခတ္သိမ္းလ်က္ေခါင္း
ငံု႔ေရွာင္လႊဲသြားေသာ ေကာင္းေကာင္း။
""Why??""ဆိုသည့္ေနာက္ပါအေႀကာင္းရင္း
ကို မဟာ မစဥ္းစားႏိုင္ခ်ိန္
""ဟိုမွာလာျပီ""ဟူ၍ဆိုင္ေရွ႔အေျပးေလးထြက္
သြားသူ။
ျပိဳင္ကားေပၚမွဆင္းလာသူသည္ကားေပၚမွဆင္း
သည္ႏွင့္ လာေစာင့္ႀကိဳေနေသာေကာင္းေကာင္း
ပုခံုးကိုဆြဲဖက္လိုက္သည္ကိုေတြ႔ရသည္။
ဟင္!!ဒါ--ဇိုင္းဇက္
သူလည္း မဟာကိုေတြ႔ေတာ့အံ့ႀသသြားဟန္။ဘာ
လဲ??မဟာလာမယ္ဆိုတာသူမသိဘူးလား??
ျမီးေကာင္ေပါက္မေလးလို ေျခဖ်ားလက္ဖ်ားေတြ
ေအးစက္လာ၏။
""ဒါ ကိုဇိုင္းဇက္။က်န္တာကိုဇက္နဲ႔ပဲဆက္ေျပာ
လိုက္ပါEngineeringပိုင္းသူကပိုက်ြမ္းတယ္"
က်ေတာ္ပုခံုးကိုအထာက်က်ပုတ္ျပီးမွ
""ကိုဇက္!!က်ေတာ္သြားျပီေနာ္။""ဟုေျပာလ်က္
ခ်က္ခ်င္းဆိုသလိုလွည့္ထြက္သြားေသာညီ။
ႀကိဳလည္းမေျပာ။ဘာမေျပာညာမေျပာနဲ႔ ေခၚခ်
လာတာ။ခုေတာ့ ဘာလုပ္လို႔လုပ္ရမွန္းမသိ။မ်က္
ႏွာေတြလည္းပူတာဆိုတာ။
""ေကာင္းေကာင္းကေတာ့ လိုခ်င္တဲ့ပံုစံေတြေျပာ
သြားတယ္။ဇက္ကေရာ??ဘယ္လိုစိတ္ကူးရလဲ?"
""အင္းးအဲ့ဒါ က်ေတာ္မေျပာတတ္ဘူး။ညီေျပာ
တဲ့Engineeringက်ြမ္းတယ္ဆိုတာက်ေတာ္
ကSoftware Engineeringပိုင္း Civil
ပိုင္းမွမသိဘူး။""
""ေဟာ္ေတာ့""
မ်က္လံုးေလးဝိုင္းကာ အံ့ႀသသြားေသာပံုစံ။မိန္း
မတစ္ေယာက္အေနနဲ႔ အရမ္းလွပါတယ္။ဒါေပမယ့္စိတ္ေတာင္မလႈပ္ရွားတာက ဘာလို႔ပါ
လိမ့္။
ညီတစ္ေယာက္ကားကိုေသခ်ာေမာင္းရဲ႕လားမသိ
-
-
-
-
ကားစက္ႏိႈးလိုက္သည္ႏွင့္ Sing For You
သီခ်င္းက ကားထဲျပန္႔လြင့္လာသည္။အားးး
စိတ္ေတြေလးပါတယ္ဆိုမွ---
ကိုဇက္ဝင္လာေတာ့ လွမ္းႀကည့္လိုက္ေသာမဟာ
ရဲ႕မ်က္ဝန္းေတြ။ခ်က္ခ်င္းကိုလင္းသြားတာ။
ေအးေလ။ကိုဇက္လိုလူမ်ိဳးကို လက္မခံႏိုင္စရာ
အေႀကာင္းမွမရွိပဲ။ဟိုတစ္ပတ္ကပို႔ေပးခဲ့တဲ့ပန္း
စည္းအရွိန္ေတြကလည္းနညး္လားေလ??
Peter Pen သီခ်င္းသံေႀကာင့္ဘယ္သူမွန္းသိ
လိုက္ျပီ။Bluetoothကိုေကာက္တပ္ျပီးျပီးခ်င္း
""မ,ကိုေမာင္ခုေလးတင္ေခၚဖို႔ပဲ""
တဖက္မွသေဘာတက်ရယ္ေမာသံလြင္လြင္က
မနက္ခင္းလက္ဆက္မႈနဲ႔အံဝင္ခြင္က်ရွိလွသည္
""စိတ္ခ်င္းဆက္ေနတာကိုးးး။အခန္းကဒီေန႔စျပင္
မွာလားေမာင္?""
""အင္းဟုတ္တယ္။ကိုဇက္အဆင္ေျပေအာင္
မဟာ တို႔Groupကိုပဲအပ္ထားလိုက္တယ္ေလ
ေမာင္ခုပဲအဲ့ကေနျပန္လာတာ""
""အင္းးးေကာင္းသားပဲဒါနဲ႔မ,ဒီမွာငါးရက္ေလာက္
ထပ္ေနရလိမ့္မယ္သိလား?""
""ဟုတ္လား?ငါးရက္ေတာင္--""
""ဘာလဲ?လြမ္းေနျပီလား?""
""Hk""
""အာာရယ္ေနတယ္။မ,ေမာင့္အတြက္ အက်ီ ၤေလးေတြဝယ္ထားတယ္။ခုဒီမွာေကာင္ေလးေတြေတာ္ေတာ္ဝတ္ေနတယ္။
ေမာင္နဲ႔ဆိုလည္းလိုက္မွာ""
""အာာာဘာလို႔အမ်ားႀကီးဝယ္တာလဲ??အလုပ္
လုပ္ေနတာကိုပိုက္ဆံေတြအလကားကုန္မွာေပါ့""
""လက္ေဆာင္ေပါ့ေမာင္ရာ။ေမာင္လည္းဘယ္
သြားသြားမ,အတြက္သတိတရဝယ္လာေပးေသး
တာပဲ""
""ေမာင္ေပးတဲ့လက္ေဆာင္ေလးကနည္းနည္း
ေလးပါ""
""ဟင့္အင္းေမာင္ တကယ္လက္ေဆာင္အႀကီး
ႀကီးေပးထားျပီးသားပါ။""
""ဘာလက္ေဆာင္လဲ?""
""အဲ့ဒါကေမာင္ကိုယ္တိုင္ေလ။""
""ဟာဗ်ာ--""
""အင္းေလ။USမွာေက်ာင္းသြားတက္တာေတာင္
ဘယ္ေကာင္မေလးနဲ႔မွမရႈပ္ခဲ့တာ။ေန႔တိုင္းemailေတြပို႔တာ။မ,အေပၚထားတဲ့
ေမာင့္သစၥာေတြကအႀကီးဆံုးလက္ေဆာင္ေပါ့
မဟုတ္ဘူးလား?""
""ေက်းဇူးပါ""
"အင္ တံု႔ျပန္ပံုႀကီးကလဲ??ေမာင့္အသံေတြေလး
ေနသလိုပဲ?ဘာစိတ္ညစ္စရာရွိလို႔လဲ""
>>>ဘုရားေရ မမခ်ိဳတို႔ကိုေတာ့ဖ်ားျပီးရင္းဖ်ား
မိတယ္<<<
""မဟုတ္ပါဘူးမရဲ႕။ထင္လို႔ပါ""
""အင္းးးေမာင္ဘာပဲျဖစ္ျဖစ္မ,ကိုရင္ဖြင့္ေနာ္သိ
လား။တစ္ေယာက္တည္းက်ိတ္ခံစားေနတာမ်ိဳး
ေတြမလုပ္န။ဲ႔ေမာင္႔ေဘးမ,တစ္ေယာက္လံုးရွိ
တယ္""
""ေမာင္ဘာမွမျဖစ္ပါဘူး။မ,လည္းက်န္းမာေရး
ဂရုစိုက္ေနာ္။ဖုန္းခ်လိုက္ေတာ့မလား??oversea callေတြဆိုေတာ့""
""အင္းေမာင္လည္းကားေမာင္းေနတာမလား?
ဒါဆို ဖုန္းခ်လိုက္ျပီ။Ai Ni""
""me too""
အရင္ကဆို ""က်ေတာ္လည္းခ်စ္တယ္""ဟူ၍
လြယ္လြယ္ကူကူျပန္ေျပာႏိုင္ခဲ့ေပမယ့္ ခုခါတြင္
ေတာ့Me tooဆိုတာကိုေတာင္ေျပာျပီးရင္ထဲ
ေလးေနသလိုလို။အားနာေနသလိုိလိုနဲ႔။
ဟူးးးးးးေနေကာင္းျမတ္သူ--မင္းမီးမေမႊးခ်င္စမ္းပါ
နဲ႔ကြာ။
-
-
-
-
""ညီ!!ဒီေန႔ မဟာနဲ႔ေန႔လည္စာစားဖို႔ခ်ိန္းထား
တယ္။လာခဲ့ပါလား?""
ဟုတ္သား။ကိုဇက္ဖုန္းဆက္မွ သတိရတယ္။ဒီေန႔
ဆိုင္အျပီးသတ္တဲ့ေန႔ပဲ။ကိုဇက္ကဆိုင္ျပင္ေနစဥ္
တစ္ပတ္လံုးအလုပ္သြားရင္းဝင္ဝင္ႀကည့္ေပး
သလို မဟာကိုယ္တိုင္ကလည္္း မႀကာခဏလာ
လာႀကည့္တယ္ဟု သိရတယ္
""ဟာာကိုဇက္တို႔ႏွစ္ေယာက္တည္းပဲသြားစား
လိုက္ေလ""
""ညီပါလာခဲ့ေလညီရ။""
""ကိုယ္လိုက္ေနတဲ့မိန္းကေလးနဲ႔ႏွစ္ေယာက္
တည္းထမင္းလက္ဆံုစားရမယ့္ ကိစၥကိုဘာလို႔
က်ေတာ့္ပါဆြဲထည့္ေနရတာလဲ??ႏွစ္ေယာက္တည္းစားစမ္းပါ""
""ညီမလာရင္ ကိုယ္လည္းခ်ိန္းထားတာဖ်က္
လိုက္ေတာ့မယ္""
""ကေလးေတြလိုပဲဗ်ာ--""
စိတ္ေပါက္ေပါက္နဲ႔ေရရြတ္ျပီးေခါင္းသာတျဗင္း
ျဗင္းျမည္ေအာင္ကုတ္မိတယ္။သိတယ္ လုပ္ျပီဆို
ဇြတ္တရြတ္နဲ႔လုပ္တတ္သူေႀကာင့္
""လာခဲ့မယ္ဗ်ာ။""
""လာဝင္ႀကိဳမယ္""
""ေအးဗ်ာ။ႀကိဳက္သလိုသာလုပ္။""
က်ေတာ္ဖုန္းေျပာတာကိုလွမ္းႀကည့္ရင္ျပံဳးစိစိ
နဲ႔ဝန္ထမ္းေတြ။
""ကိုဇက္က မဟာဆိုတဲ့Ladyကိုတကယ္ေႀကြ
ေနတာမွဟုတ္ရဲ႕လား?""
တြဲဖက္ေကာ္ဖီကြ်မ္းက်င္ပညာရွင္ ကိုဦးကေတာင္
ဇေဝဇဝါနဲ႔လွမ္းေမးလာသည္။ကိုဦးလိုေတာ္
ရံုကိစၥဝင္မပါတတ္သူေတာင္ေမးလာေတာ့
ဟုတ္တယ္။ကိုဇက္ ခင္ဗ်ားဟာဟုတ္ေကာဟုတ္
ရဲ႕လားေလ??
-
-
-
""ကိုဇက္--မဟာ့ကိုတကယ္ခ်စ္တာလား္?""
ကားေမာင္းေနရင္းမွ မ်က္ေမွာင္ႀကီးက်ံဳသြားသည္
ကိုဇက္ အဲ့လိုျဖစ္တယ္ဆိုတာရွား၍ေမးျပီးမွ ကိုယ့္္
ကိုကိုယ္သာထုလိုက္ခ်င္ေတာ့တယ္
""ခ်စ္လို႔မရဘူးလား ညီ??""
ေစာင္းငဲ့ကာေမးလာသူေႀကာင့္စကားလံုးေတြ
အစား
""အင္--??""ဟူ၍သာထြက္လာသည္။
""ခ်စ္မွလက္ထပ္ရမယ္လို႔ညီကသတ္မွတ္ထားတာလား??""
>>ဒါဘာလဲ??သူေျပာပံုအရဆို<<
""ဒါဆိုကိုဇက္ကမိန္းမတစ္ေယာက္ကိုမခ်စ္
လည္းလက္ထပ္မယ္ေပါ့?""
""ခၽစ္တိုင္း လက္ထပ္လို႔မရတဲ့အေျခအေနေတြ
လည္းရွိတယ္ေလ။ေနာက္ျပီးလက္ထပ္မွခ်စ္လို႔ရတာမွမဟုတ္တာ""
""ဒါဆို ဘယ္ေလာက္ခ်စ္ေနပါေစ။ကိုဇက္အတြက္လက္ထပ္ဖို႔မသင့္ေတာ္ဘူးလို႔
ထင္ရင္ တကယ္ပဲလက္မထပ္ေတာ့ဘူးေပါ့။
ဟုတ္လား?ဒါ ကိုဇက္ေရးေနတဲ့ Softwareမွမဟုတ္တာ။လူေတြေလ Emotionဆိုတာရွိတယ္ေလ""
က်ေတာ္ဘာေႀကာင့္အလန္႔တႀကားေျပာေနမိ
လည္္းမသိဘူး။အျမဲဂရုတစိုက္နဲ႔ႀကင္ႀကင္နာနာရွိတတ္ေသာကို
ဇက္ဆီကေနဒီလို ေအးတိေအးစက္စကားေတြ
ေျပာလိမ့္မယ္ကိုမထင္တာ။
ေနာက္တစ္ႀကိမ္က်ေတာ့္ကိုငဲ့ႀကည့္ကာျပံဳးျပ၏။
ထူးဆန္းစြာတိတ္ဆိတ္သြားေသာပတ္ဝန္းက်င္။
ဒါဘယ္လိုအေျခအေနႀကီးလဲ???
Thank You All
Everyday on wp
(Unicode)
/
/
/
အပိုင်း(၉)
"Love sought is good, but given unsought is better"
"အချစ်ဆိုတာကိုရှာဖွေဖော်ထုတ်ရတာကောင်းပါတယ်။ ဒါပေမဲ့ တမင်တကာရှာစရာမလိုပဲ ရင်ထဲ
ကအလိုအလျောက်ဖြစ်တည်လာတဲ့ အချစ်ကပိုကောင်းပါတယ်"
#ညီ
က္ကန္ဒြေကြီးသောခြေလှမ်းများဖြင့် လှမ်းဝင်လာသူအား အပြုံးဖြင့်နှုတ်ဆက်လိုက်တော့ တည်ငြိမ်
အပြုံးတစ်စကို အခန်းလွတ်ထဲဖြန့်ကျဲလိုက်စဉ် ဘာရယ်မဟုတ် တွေ့ဆုံချိန်တိုင်းချစ်ခြင်းပျော်ဝင်နေသော
အပြုံးလှလှတစ်ခုကို သတိရသွားသည်။
"နေကောင်းမြတ်သူ! စောင့်နေရတာကြာပြီလား"
"မကြာသေးဘူးခင်ဗျ။ ခုနလေးမှရောက်တာ"
အနီးကပ်ကြည့်လေ အပြစ်ပြောစရာမရှိအောင် ချောမောနေသော ကောင်လေးကို မဟာနည်းနည်းတော့
ရှိန်မိသလိုပဲ။ ဖော်ဖော်ရွေရွေပြောဆိုနေသော်ငှား သူ့မျက်လုံးထဲက ထက်မြတ်ခြင်းအသွင်ပုံရိပ်တွေက
ထင်ထင်ရှားရှား။
အရောင်နုနုရှပ်အပြာကွက်လေးနှင့်ဂျင်းကိုသာ ရိုးရိုးရှင်းရှင်းဆင်ယင်ထားသော်လည်းCeleတစ်ယောက်ကဲ့သို့
ထင်းထင်းလင်းလင်းရှိနေတာတော့အမှန်။
"အခန်းအနေအထားအရ မနေ့က ကျွန်တော်ပြောတဲ့ပုံစံတွေနဲ့အဆင်ပြေပါ့မလား"
"အင်းပြေပါတယ်။ ထည့်မယ့်အဝတ်အစားကလည်း wedding dressတွေဆိုတော့။ အနောက်က Colourက
အများကြီး အထောက်အကူပြုမှာပါ"
"ဟို တစ်ပတ်အတွင်း ကိစ္စ"
"ဟုတ်။ ဟုတ်ကျွန်မတို့ဖက်ကပြီးအောင်တာဝန်ယူပေးပါမယ်...နေကောင်းမြတ်သူ"
"လောနေလို့အားလည်းနာမိပါတယ်၊ ဟိုတစ်ခုတောင်းဆိုပါရစေ။ ကျွန်တော့်ကိုတော်တော်များများ
ခေါ်ကြသလို နေကောင်း၊ကောင်းကောင်းဆိုပြီးခေါ်လို့ရပါတယ်။နာမည်အရင်းကြီးခေါ်တော့
တစ်မျိုးဖြစ်နေလို့"
"ဟုတ်ပါပြီ ၊ ကောင်းကောင်းလို့ပဲခေါ်မယ်နော်"
"By the way, မ ,တခြား ဆွေးနွေးစရာတွေကို အစ်ကိုတစ်ယောက်နဲ့ပဲ ဆက်ပြောလို့ရမလားမသိဘူး။
ကျွန်တော်ဆိုင်ပြန်ရမှာမို့"
"သူကကြာမှာလား"
"မကြာပါဘူး ၊ ခုလာနေပြီတဲ့"
ပြောရင်း မဟာနဲ့ မျက်လုံးချင်းဆုံတော့ ချက်ချင်းဆိုသလို မျက်တော်ဖျားများခတ်သိမ်းလျက်ခေါင်း
ငုံ့ရှောင်လွှဲသွားသော ကောင်းကောင်း။
"ဘာကြောင့်" ဆိုသည့်နောက်ပါအကြောင်းရင်းကို မဟာ မစဉ်းစားနိုင်ချိန်
"ဟိုမှာလာပြီ" ဟူ၍ဆိုင်ရှေ့သို့အပြေးလေးထွက်သွားသူ။
ပြိုင်ကားပေါ်မှ ဆင်းလာသူသည်ကားပေါ်မှ ဆင်းသည်နှင့် လာစောင့်ကြိုနေသောကောင်းကောင်း
ပုခုံးကိုဆွဲဖက်လိုက်သည်ကို တွေ့ရသည်။
ဟင်! ဒါ--ဇိုင်းဇက်
သူလည်း မဟာကိုတွေ့တော့အံ့သြသွားဟန်။ ဘာလဲ။ မဟာလာမယ်ဆိုတာသူမသိဘူးလား
မြီးကောင်ပေါက်မလေးလို ခြေဖျားလက်ဖျားတွေ အေးစက်လာ၏။
"ဒါ ကိုဇိုင်းဇက်။ ကျန်တာကိုဇက်နဲ့ပဲ ဆက်ပြောလိုက်ပါ ၊ Engineeringပိုင်းသူက ပိုကျွမ်းတယ်"
ကျွန်တော်ပုခုံးကိုအထာကျကျပုတ်ပြီးမှ
"ကိုဇက်! ကျွန်တော်သွားပြီနော်။" ဟုပြောလျက်ချက်ချင်းဆိုသလို လှည့်ထွက်သွားသောညီ။
ကြိုလည်းမပြော။ ဘာမပြောညာမပြောနဲ့ ခေါ်ချလာတာ။ ခုတော့ ဘာလုပ်လို့လုပ်ရမှန်းမသိ။ မျက်နှာတွေ
လည်းပူတာဆိုတာ။
"ကောင်းကောင်းကတော့ လိုချင်တဲ့ပုံစံတွေပြောသွားတယ်။ ဇက်ကရော ဘယ်လိုစိတ်ကူးရလဲ"
"အင်း...အဲ့ဒါ ကျွန်တော်မပြောတတ်ဘူး။ ညီပြောတဲ့Engineeringကျွမ်းတယ်ဆိုတာ ကျွန်တော်က
Software Engineer Civilပိုင်းဘာမှမသိဘူး။"
"ဟော်တော့"
မျက်လုံးလေးဝိုင်းကာ အံ့သြသွားသောပုံစံ။ မိန်းမတစ်ယောက်အနေနဲ့ အရမ်းလှပါတယ်။ ဒါပေမဲ့
စိတ်တောင်မလှုပ်ရှားတာက ဘာလို့ပါလိမ့်။ ဒါနဲ့ ညီတစ်ယောက်ကားကိုသေချာမောင်းရဲ့လားမသိ။
ကားစက်နှိုးလိုက်သည်နှင့် Sing For Youသီချင်းက ကားထဲပြန့်လွင့်လာသည်။ အား...စိတ်တွေလေးပါတယ်ဆို
မှ...
ကိုဇက်ဝင်လာတော့ လှမ်းကြည့်လိုက်သော မဟာရဲ့မျက်ဝန်းတွေ။ ချက်ချင်းကိုလင်းသွားတာ။
အေးလေ။ ကိုဇက်လိုလူမျိုးကို လက်မခံနိုင်စရာ အကြောင်းမှမရှိဘဲ။ ဟိုတစ်ပတ်က ပို့ပေးခဲ့တဲ့ပန်းစည်း
အရှိန်တွေကလည်း နည်းလားလေ။
Peter Pen သီချင်းသံကြောင့်ဘယ်သူမှန်း သိလိုက်ပြီ။ Bluetoothကို ကောက်တပ်ပြီးပြီးချင်း
"မ,ကိုမောင်ခုလေးတင်ခေါ်ဖို့ပဲ"
တစ်ဖက်မှ သဘောတကျရယ်မောသံလွင်လွင်က မနက်ခင်းလက်ဆက်မှုနဲ့ အံဝင်ခွင်ကျရှိလှသည်။
"စိတ်ချင်းဆက်နေတာကိုး...အခန်းကဒီနေ့စပြင်မှာလားမောင်"
"အင်းဟုတ်တယ်။ ကိုဇက်အဆင်ပြေအောင်မဟာ တို့Groupကိုပဲအပ်ထားလိုက်တယ် ၊ မောင်ခုပဲ
အဲ့ကနေပြန်လာတာ"
"အင်း...ကောင်းသားပဲ။ ဒါနဲ့မ,ဒီမှာငါးရက်လောက်ထပ်နေရလိမ့်မယ်သိလား"
"ဟုတ်လား။ ငါးရက်တောင်..."
"ဘာလဲ။ လွမ်းနေပြီလား။"
"ဟက်"
"အာရယ်နေတယ်။မ,မောင့်အတွက်အကျီၤလေးတွေဝယ်ထားတယ်။ခုဒီမှာကောင်လေးတွေတော်တော်ဝတ်နေတယ်။မောင်နဲ့ဆိုလည်းလိုက်မှာ"
"အာ---ဘာလို့အများကြီးဝယ်တာလဲ ၊ အလုပ်လုပ်နေတာကို ပိုက်ဆံတွေအလကားကုန်မှာပေါ့"
"လက်ဆောင်ပေါ့မောင်ရာ၊ မောင်လည်း ဘယ်သွားသွားမ,အတွက်သတိတရ ဝယ်လာပေးသေးတာပဲ"
"မောင်ပေးတဲ့လက်ဆောင်လေးကနည်းနည်းလေးပါ"
"ဟင့်အင်း မောင် တကယ်လက်ဆောင်အကြီးကြီးပေးထားပြီးသားပါ။"
"ဘာလက်ဆောင်လဲ"
"အဲ့ဒါကမောင်ကိုယ်တိုင်လေ။"
"ဟာဗျာ..."
"အင်းလေ၊USမှာကျောင်းသွားတက်တာတောင်ဘယ်ကောင်မလေးနဲ့မှမရှုပ်ခဲ့တာ၊နေ့တိုင်းemailတွေပို့တာ။
မ,အပေါ်ထားတဲ့ မောင့်သစ္စာတွေက အကြီးဆုံးလက်ဆောင်ပေါ့ မဟုတ်ဘူးလား။"
"ကျေးဇူးပါ"
"အင် တုံ့ပြန်ပုံကြီးကလဲ...မောင့်အသံတွေ လေးနေသလိုပဲ ၊ ဘာစိတ်ညစ်စရာရှိလို့လဲ"
ဘုရားရေ မမချိုကိုတော့ဖျားပြီးရင်းဖျားမိတယ် ။ သူမမြင်သေးပဲ အသံနားထောင်ရုံနဲ့တင် ဘာဖြစ်တယ်ဆိုတာ
သိနေတာလား။
"မဟုတ်ပါဘူးမရဲ့။ ထင်လို့ပါ"
"အင်း...မောင်ဘာပဲဖြစ်ဖြစ်မ,ကိုရင်ဖွင့်နော်သိလား။ တစ်ယောက်တည်းကျိတ်ခံစားနေတာမျိုးတွေမလုပ်နဲ့
မောင့်ဘေးမ,တစ်ယောက်လုံးရှိတယ်"
"မောင်ဘာမှမဖြစ်ပါဘူး။ မ,လည်းကျန်းမာရေးဂရုစိုက်နော် ၊ ဖုန်းချလိုက်တော့မလား...oversea callတွေဆိုတော့"
"အင်းမောင်လည်း ကားမောင်းနေတာမလား။ ဒါဆို ဖုန်းချလိုက်ပြီ။ Ai Ni(ချစ်တယ်)"
"me too"
အရင်ကဆို "ကျွန်တော်လည်းချစ်တယ်" ဟူ၍လွယ်လွယ်ကူကူ ပြန်ပြောနိုင်ခဲ့ပေမယ့် ခုခါတွင်တော့
Me tooဆိုတာကိုတောင် ပြောပြီး ရင်ထဲ လေးနေသလိုလို။ အားနာနေသလိုလိုနဲ့။
"ဟူးနေကောင်းမြတ်သူ...မင်းမီးမမွှေးချင်စမ်းပါနဲ့ကွာ။"
ညီ
"ညီ! ဒီနေ့ မဟာနဲ့နေ့လည်စာစားဖို့ချိန်းထားတယ်။ လာခဲ့ပါလား"
ဟုတ်သား။ ကိုဇက်ဖုန်းဆက်မှ သတိရတယ်။ ဒီနေ့ဆိုင်အပြီးသတ်တဲ့နေ့ပဲ။ ကိုဇက်က ဆိုင်ပြင်နေစဉ်
တစ်ပတ်လုံး အလုပ်သွားရင်း ဝင်ဝင်ကြည့်ပေးသလို မဟာကိုယ်တိုင်ကလည်း မကြာခဏလာ
လာကြည့်တယ်ဟု သိရတယ်။
"ဟာ...ကိုဇက်တို့နှစ်ယောက်တည်းပဲသွားစားလိုက်လေ"
"ညီပါလာခဲ့လေ...ညီရ။"
"ကိုယ်လိုက်နေတဲ့မိန်းကလေးနဲ့နှစ်ယောက်တည်း ထမင်းလက်ဆုံစားရမယ့် ကိစ္စကိုဘာလို့
ကျွန်တော့်ဘာလို့ ဆွဲထည့်နေရတာလဲ။ နှစ်ယောက်တည်း စားစမ်းပါ"
"ညီ မလာရင် ကိုယ်လည်းချိန်းထားတာ ဖျက်လိုက်တော့မယ်"
"ကလေးတွေလိုပဲဗျာ..."
စိတ်ပေါက်ပေါက်နဲ့ရေရွတ်ပြီးခေါင်းသာ တဗြင်းဗြင်းမြည်အောင်ကုတ်မိတယ်။ သိတယ် လုပ်ပြီဆို ဇွတ်တရွတ်နဲ့
လုပ်တတ်သူကြောင့်...
"လာခဲ့မယ်ဗျာ။"
"လာဝင်ကြိုမယ်"
"အေးဗျာ။ ကြိုက်သလိုသာလုပ်။"
ကျွန်တော်ဖုန်းပြောတာကို လှမ်းကြည့်ရင်း ပြုံးစိစိနဲ့ဖြစ်နေသော ဝန်ထမ်းတွေ။
"ကိုဇက်က မဟာဆိုတဲ့Ladyကိုတကယ်ကြွေနေတာမှဟုတ်ရဲ့လား"
တွဲဖက်ကော်ဖီကျွမ်းကျင်ပညာရှင် ကိုဦးကတောင်ဇဝေဇဝါနဲ့လှမ်းမေးလာသည်။ ကိုဦးလို
တော်ရုံကိစ္စဝင်မပါတတ်သူတောင်မေးလာတော့...ဟုတ်တယ်။ ကိုဇက် ခင်ဗျားဟာက ဟုတ်ကောဟုတ်
ရဲ့လားလေ။
ညီ
"ကိုဇက်...မဟာ့ကိုတကယ်ချစ်တာလား''
ကားမောင်းနေရင်းမှ မျက်မှောင်ကြီးကြုတ်သွားသည်။ ကိုဇက် အဲ့လိုဖြစ်တယ်ဆိုတာ ရှား၍ မေးပြီးမှ ကိုယ့််
ကိုကိုယ်သာ ထုလိုက်ချင်တော့တယ်။
"ချစ်လို့မရဘူးလား ညီ"
စောင်းငဲ့ကာမေးလာသူကြောင့်စကားလုံးတွေအစား "အင်..." ဟူ၍သာ ထွက်လာသည်။
"ချစ်မှလက်ထပ်ရမယ်လို့ညီက သတ်မှတ်ထားတာလား"
ဒါဘာလဲ။ သူပြောပုံအရဆို
"ဒါဆို ကိုဇက်က မိန်းမတစ်ယောက်ကို မချစ်လည်းလက်ထပ်မယ်ပေါ့"
"ချစ်တိုင်း လက်ထပ်လို့မရတဲ့ အခြေအနေတွေလည်း ရှိတယ်လေ။ နောက်ပြီး လက်ထပ်မှ ချစ်လို့
ရတာမှ မဟုတ်တာ"
"ဒါဆို ဘယ်လောက်ချစ်နေပါစေ။ ကိုဇက်အတွက်လက်ထပ်ဖို့မသင့်တော်ဘူးလို့ ထင်ရင် တကယ်ပဲ
လက်မထပ်တော့ဘူးပေါ့။ ဟုတ်လား။ ဒါ ကိုဇက်ရေးနေတဲ့ Softwareမှမဟုတ်တာ။ လူတွေလေ
စိတ်ခံစားချက်ဆိုတာ ရှိတယ်လေ"
ကျွန်တော်ဘာကြောင့် အလန့်တကြားပြောနေမိလဲ မသိဘူး။ အမြဲဂရုတစိုက်နဲ့ ကြင်ကြင်နာနာရှိတတ်သော
ကိုဇက်က ဒီလို အေးတိအေးစက်စကားတွေ ပြောလိမ့်မယ်ကို မထင်တာ။ နောက်တစ်ကြိမ်
ကျွန်တော့်ကိုငဲ့ကြည့်ကာပြုံးပြ၏။ ထူးဆန်းစွာ တိတ်ဆိတ်သွားသော ပတ်ဝန်းကျင်။
Bạn đang đọc truyện trên: ZingTruyen.Xyz