Epi19
""ဖုန်းလာတာမလား?အလုပ်ကခေါ်နေပြီထင်
တယ်""
""မ--မဟုတ်ပါဘူး""
power ပြန်Onလေ၏။အဆက်မပြတ်ခေါ်နေပုံ
ရသော မဟာ့ဖုန်းက လိုင်းSignalပြသည်နှင့်
ဝင်လာသည်
""မဟာ~~ခေါ်နေတာ""
ကျတော့်ကိုဖုန်းပြန်ပေးပြီးသည်နှင့်မတ်တပ်ထရပ်
ကာ
တော့ဘူး""
ရာသို့ စေညွှန်သူ။
""ဘာလို့ ဖုန်းကိုပိတ်လိုက်တာလဲ Z""
""အင်း ပိတ်လိုက်မိတာ""
နေပြန်ရောက်လာလို့။အဲ့ဒါZနဲ့လည်းမိတ်ဆက်
ပေးချင်လို့လာမလားဟင်??ပြီးတော့သူက Zတို့
ဖေဖေရဲ့တပည့်လေ။လာခဲ့ပါလားဟင်""
""အင်း~အင်း လာခဲ့မယ်""
ဖေဖေတပည့်တဲ့လား??တဖြည်းဖြည်းနဲ့ ကျတော့်
အားသူ့အသိုင်းအဝိုင်းထဲဆွဲသွင်းနေသလို ကျတော့် မိသားစုနဲ့တဖြည်းဖြည်းချင်းနီးကပ်လာ
သောမဟာ။
ကျောခိုင်းသွားမည့် ကိုဇက်ကျောပြင်ကိုကျတော်
မကြည့်ချင်။
မျက်ရည်တွေမြင်ရင် ကျတော်တစ်ကိုယ်ကောင်း
ကျတော့်စိတ်ရိုင်းကို ကျတော်မုန်းတယ်။ချစ်တာ
မပေါ်ပေါက်လာအောင်ကျတော်မရက်စက်ချင်
ဘူးလူ့လောကထဲရေညက်လာမယ့်ကိုဇက်ရင်
သက်သာ။ဒါကိုကကျတော့်ဆုတောင်းမှားခဲ့တာနေမှာ။
""ညီ~~ကို ခဏအပြင်သွားလိုက်အုံးမယ်နော်
ညီ!!ညီကြားလား??အန်နေသေးတာလား?""
ချစ်နေတဲ့ကျတော့်ကို အဲ့လောက်ထိမချစ်ပါနဲ့။
ကျတော်နဲ့မတန်လို့ပါ
""အော်မနေနဲ့ဗျ။အိမ်သာထဲဝင်တာတောင်
""ကိုဦး!!ညီ့ကိုဂရုစိုက်လိုက်ပါအုံးနော်။ညီမလေး
-
-
-
""နေကောင်း!!""
သောဝေယံ
ကျတော်မေးတာကိုမဖြေ။လက်မောင်းနှစ်ဖက်ကို
ဆွဲကိုင်ရင်း
""မင်း--နေမကောင်းဘူးဆို။အန်တောင်အန်နေ
တယ်ဆို။""
ဖြစ်နေတယ်မလား?ဟမ် ဟုတ်တယ်မလား?""
ကနေထွက်သွားပါတော့""
ရောက်သွားတာလဲမင်းတစ်ခုခုဖြစ်နေတယ်။ငါသိ
တယ်။"
နေသောကျတော့်ကိုနောက်မှသိုင်းဖက်လာ၏။
ညပေါင်းများစွာအိပ်မပျော်မှုတွေနဲ့ အားယုတ်နေ
သောကျတော့်ခန္ဓာကိုယ်ကို ဝေယံလက်မောင်း
ကောင်းနေသူတစ်ယောက်ကိုကျတော်မယှဉ်နိုင်
""လွှတ်စမ်း ဟေ့ရောင်""
အရင်တုန်းက မင်းအနားZရှိနေလို့မင်းကိုငါ
မယ်။မင်း Zကိုပြုံးပြသလိုမပြုံးပြလည်းရတယ်။Zကိုကြည့်တတ်တဲ့မျက်လုံးမျိုးတွေနဲ့မကြည့်
ဟမ်။နေကောင်း--မင်းကိုင်ါအဲ့လိုချစ်ကြည့်ချင်တာပါ""
""ငါ GAYမဟုတ်ဘူး။ငါ ယောကျာ်းကြိုက်တဲ့
ကောင်မဟုတ်ဘူး။ငါ--မင်းနဲ့မတူဘူး""
မိသည်။ကျတော့်ကိုယ်မှာ မကောင်းဆိုးဝါးကပ်နေ
သလို ဝေယံကိုကျတော်ရက်စက်ချင်နေတာ။
ကျတော့်ကိုမက်မောနေသော ဝေယံကိုကျတော်
မုန်းတယ်။
ကန်ခြင်းလည်းမပြု။ကျတော့်လက်ဆစ်တွေထုံ
လာသလို အန်ထား၍အားယုတ်နေသော
ကျတော့်မျက်လုံးတွေပြာဝေလာတော့၏။ကျတော်
စိတ်သွားတိုင်းပါဖို့ ကျတော့်ခန္ဓာကိုယ်ကခွင့်မပြု
တော့ဘူး။
ကျတော့်ရဲ့ကျစ်ကျစ်ပါအောင်ဆုပ်ထားသော
ကျတော့်နှဖူးမှ ချွေးတွေကိုသုတ်ပေးနေသော
ဝေယံ။
သူ့အပေါ်ထပ်လျက်ထိုင်နေသော ကျတော့်ခါးပေါ်
မှာသူ့လက်တစ်ဖက်။မကြိုက်ဘူး။မကြည်ဖြူဘူး
ကျတော့်အသားတွေကို ကိုဇက် ကိုင်တာကလွဲ
ရင် ကျတော်ဘယ်သူ့ကိုမှ မကြည်ဖြူဘူး
ဝေယံမတားပါ။
""ဟာကွာ ဒီကောင်""
မျက်နှာကို ကျတော်ထပ်ထိုးချင်တယ်။ဒါပေမယ့်
ကျတော်--ကျတော်မရတော့ဘူး။စူးအောင့်တက်
လာမှုတစ်ခုနဲ့အတူ ကျတော်ချွေးစေးတွေပြန်လာ
ကာ ကျတော်အသိကပ်ထားပေမယ့် ဝေဒနာကြီး
နေ၍
""နေကောင်း--နေကောင်း!!""
ပါးပြင်နှစ်ဖကိပုတ်ကာနှိုးနေမှန်းကျတော်သိ
ကျတော့်ကိုဝေယံကောက်ပွေ့လိုက်တာသိတယ်
ခုကျတော့်ကိုကားနောက်ခန်းထဲချီမထည့်နေကြ
တယ်။ကျတော့်ခေါင်းက ဝေယံပေါင်ပေါ်မှာထင်
ပါရဲ့။
""ကိုဦး ကျတော် ဇက်ကိုဖုန်းခေါ်လိုက်---""
ယမ်းပြရတယ်။ မခေါ်နဲ့လို့ ကျတော်မပြောနိုင်
တော့ဘူး
မခေါ်ပါနဲ့။ကိုဇက်ကို မခေါ်ပါနဲ့။ဝေယံလက်တွေကို
ကျတော် ဆုပ်ကိုင်ထားလိုက်တယ်။ဒါမှသူဖုန်း
ဆက်လို့မရမှာ။
အသံ။ကျတောိ့လက်တွေကို ပြန်လည်ဆုပ်ကိုင်
လာ၏။
တော့မှာ မဟုတ်ပါဘူး
ကျတော်စိတ်လျော့လိုက်လို့ရပြီပေါ့။
Thank You All
Everyday on WP
(Unicode)
/
/
/
အပိုင်း(၁၉)
ညီ အသက်ရှုသံလေး မှန်သွားခါစလေးရှိသေးတယ်။ ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းကတကျီကျီနဲ့ အလုပ်က
ဖုန်းမဟုတ်ဘူးဆိုတာ သိနေတဲ့အတွက် မြန်မြန်ပိတ်လိုက်သော်လည်း အအိပ်ဆက်လှသောညီက ချက်ချင်း
မျက်လုံးဖွင့်လာသည်။ မှီတင်အုံးစက်နေသော ခေါင်းကိုပုခုံးမှ ဖယ်ခွာကာ မှေးစင်းနေသေးသော မျက်လုံးများ။
ပွယောင်းယောင်းဆံပင်ထူအုပ်အုပ်တွေနဲ့ညီ။ ဒီပုံစံလေးကို မနက်မျက်လုံးနှစ်လုံးပွင့်တာနဲ့ တွေ့ခွင့်ရမယ်ဆို
"ဖုန်းလာတာမလား။ အလုပ်ကခေါ်နေပြီထင်တယ်"
"မ...မဟုတ်ပါဘူး"
"ဖုန်းဘာလို့ပိတ်လိုက်တာလဲ"
ပြောပြောဆိုဆိုနဲ့ လက်ထဲမှဖုန်းကိုလှမ်းယူကာ ပါဝါ ပြန် Onလေ၏။ အဆက်မပြတ်ခေါ်နေပုံရသော
မဟာ့ဖုန်းက လိုင်းပြသည်နှင့် ဝင်လာသည်။။
"မဟာ~~ခေါ်နေတာ"
ကျွန်တော့်ကိုဖုန်းပြန်ပေးပြီးသည်နှင့်မတ်တပ်ထရပ်ကာ
"သွားစရာရှိရင်သွားနော်။ ကျွန်တော်ဘာမှမဖြစ်တော့ဘူး" ဟူ၍ပြောကာ လှည့်ထွက်သွား၏။
ညီက...ကျွန်တော့်ကိုချစ်တတ်လာအောင်သွန်သင်ခဲ့သလို သူနဲ့ဝေးရာသို့ စေညွှန်သူ။
"ဘာလို့ ဖုန်းကိုပိတ်လိုက်တာလဲ ဇက်"
"အင်း ပိတ်လိုက်မိတာ"
"အခုလေ မဟာ့သူငယ်ချင်းတစ်ယောက် နယ်ကနေပြန်ရောက်လာလို့။ အဲ့ဒါဇက်နဲ့လည်းမိတ်ဆက်ပေးချင်လို့
လာမလားဟင်။ ပြီးတော့...သူက ဇက်တို့ဖေဖေရဲ့တပည့်လေ။ လာခဲ့ပါလားဟင်"
"အင်း...အင်း လာခဲ့မယ်"
ဖေဖေတပည့်တဲ့လား။ တဖြည်းဖြည်းနဲ့ ကျွန်တော့်ကို သူ့အသိုင်းအဝိုင်းထဲ ဆွဲသွင်းနေသလို ကျွန်တော့်
မိသားစုနဲ့ တဖြည်းဖြည်းချင်းနီးကပ်လာသော မဟာ။
ကျောခိုင်းသွားမည့် ကိုဇက်ကျောပြင်ကိုကျွန်တော် မကြည့်ချင်။ သန့်စင်ခန်းကျဉ်းကျဉ်းလေးထဲ မီးမဖွင့်ထားမိ။
ကိုယ့်မျက်ရည်တွေကိုယ်ပြန်လန့်မိမှာဆိုးလို့ပါ။ မျက်ရည်တွေမြင်ရင် ကျွန်တော်တစ်ကိုယ်ကောင်းဆန်မိမှာ
ကြောက်တယ်။ ကိုဇက် ကိုလုယူချင်တဲ့ ကျွန်တော့်စိတ်ရိုင်းကို ကျွန်တော်မုန်းတယ်။ ချစ်တာတစ်ခုတည်းနဲ့
မဖြစ်သေးတဲ့ မိသားစုတစ်ခုကိုမပေါ်ပေါက်လာအောင်ကျွန်တော်မရက်စက်ချင်ဘူး။
လူ့လောကထဲရောက်လာမယ့် ကိုဇက်ရင်သွေးတွေကို ကျွန်တော်အားနာမိတယ်။ ဘာမှအသုံးမကျတော့တဲ့
ခန္ဓာကိုယ်က ကိုဇက်ဘဝကို လူသူလက်ညှိုးထိုးခံရမယ့် သက်သက်သာ ဒါကိုကကျွန်တော့်ဆုတောင်းမှား
ခဲ့တာနေမှာ။
"ညီ...ကို ခဏအပြင်သွားလိုက်ဦးမယ်နော်...ညီ! ညီကြားလား။ အန်နေသေးတာလား"
မစိုးရိမ်ပေးပါနဲ့။ ခင်ဗျားအပေါ် မရိုးသားစိတ်နဲ့ ချစ်နေတဲ့ ကျွန်တော့်ကို အဲ့လောက်ထိမချစ်ပါနဲ့။ ကျွန်တော်နဲ့
မတန်လို့ပါ။
"အော်မနေနဲ့ဗျ။ အိမ်သာထဲဝင်တာတောင် ဖြောင့်ဖြောင့်မတက်ရဘူး။ သွားစရာရှိတာ သွား"
ညီစိတ်ဆိုးသွားပြီ ထင်ပါရဲ့။ မနှင်ပါနဲ့ညီရာ။ နှင်ခံရလေ မင်းဆီအပြေးလာချင် ဖြစ်နေမိလို့ပါ။
"ကိုဦး! ညီ့ကိုဂရုစိုက်လိုက်ပါဦး၊ ညီမလေးတို့ကောပဲ။ ညီ တစ်ခုခုဖြစ်တာနဲ့ဖုန်းဆက်နော်"
စိတ်မချနို်င်စွာ ဆိုင်ရှိလူကုန်တတွက်တွက်မှာနေသောသူ။ ပြေးထွက်သွားသောခြေသံတရှပ်ရှပ်ကကြမ်းပြင်ကို
နင်းသွားတာမဟုတ်ပါဘူး။ ကျွန်တော့်နှလုံးသားကိုဖြတ်နင်းကျော်ဖြတ်သွားတာ။ ဒီလိုပဲ မြန်မြန်သာ
ပြေးထွက်သွားလိုက်ပါတော့...
"နေကောင်း!"
ထိတ်ထိတ်ဖြာဖြာပုံစံနှင့် နားနေခန်းထဲထိဝင်လာသော ဝေယံ။
"မင်းဘယ်လိုရောက်လာတာလဲ"
ကျွန်တော်မေးတာကိုမဖြေ။ လက်မောင်းနှစ်ဖက်ကိုဆွဲကိုင်ရင်း
"မင်း...နေမကောင်းဘူးဆို။ အန်တောင်အန်နေတယ်ဆို"
"ကျွတ်! ငါဘာမှမဖြစ်ဘူး။ ပြန်လိုက်တော့...ကိုဇက်နဲ့တွေ့ရင် မင်းသေလိမ့်မယ်"
"မင်းဘာဖြစ်နေလဲ နေကောင်း။ မင်းတစ်ခုခု ဖြစ်နေတယ်မလား။ ဟမ် ဟုတ်တယ်မလား"
"ငါဘာမှမဖြစ်ဘူး။ မင်းတွေ့တဲ့အတိုင်းပဲ။ ငါ့ဆိုင်ကနေ ထွက်သွားပါတော့"
"ငါ့ကို မနှင်နဲ့နေကောင်း! မင်းဘဝထဲ ငါဝင်လာလို့မရပေမယ့် ငါ့ကို မင်းနှင်လို့မရဘူး။ ဘာမှမဖြစ်ဘူးဆိုတဲ့
လူက ဝီတိုရိယက အရေးပေါ်ခန်းကို ဘာလို့ရောက်သွားတာလဲ။ မင်းတစ်ခုခုဖြစ်နေတာ ငါသိတယ်"
"ဝေယံ မင်းအားနေရင် မင်းငွေနဲ့ပေါက်လို့ရမယ့် ချာတိတ်တစ်ယောက်ကိုသွားရှာ။ အခုငါစိတ်ရှုပ်နေတယ်။
ငါအကောင်းပြောနေတုန်း ပြန်တော့"
"မင်းတစ်ခုခုဖြစ်နေတာ ငါသိတယ်။ မင်းကိုစောင့်ရှောက်ပါရစေ နေကောင်းရာ...နော်"
မျက်နှာချင်းဆိုင်ပြောရမှာ စိတ်မလုံ၍ နောက်လှည့်နေသော ကျွန်တော့်ကိုနောက်မှ သိုင်းဖက်လာ၏။
ညပေါင်းများစွာအိပ်မပျော်မှုတွေကြောင့် အားယုတ်နေသော ကျွန်တော့်ခန္ဓာကိုယ်ကို ဝေယံ လက်မောင်း
တွေကြား ပျော့ဆင်းကျမသွားဖို့ ယောကျာ်းတစ်ယောက်၏ အားနဲ့တွန်းကန်သော်လည်း ကျန်းမာရေးကောင်း
နေသူတစ်ယောက်ကို ကျွန်တော်မယှဉ်နိုင်။
"လွှတ်စမ်း ဟေ့ကောင်"
"ငါပြောတာလေး ခဏနားထောင် နေကောင်း။ အရင်တုန်းက မင်းအနားဇက်ရှိနေလို့ မင်းကိုငါအဝေးကနေပဲ
ငေးကြည့်ခဲ့ရတယ်။ ခုဇက်မှမင်းဘေးမှာမှ မရှိတော့တာ။ အခုငါကပဲ ဇက်မင်းကိုဂရုစိုက်သလို
ငါဂရုစိုက်ပေးပါ့မယ်။ မင်း ဇက်ကိုပြုံးပြသလို မပြုံးပြလည်းရတယ်။ ဇက်ကိုကြည့်တတ်တဲ့မျက်လုံးမျိုးတွေနဲ့
မကြည့်လည်း ရတယ်။ ငါ့ အနားမှာပဲ ငါဂရုစိုက်တာတွေကို လက်ခံလို့မရဘူးလား ဟမ်။ နေကောင်း
မင်းကို ငါအဲ့လိုချစ်ကြည့်ချင်တာပါ"
သစ္စာတရားကိုစိမ်ခေါ်ခံနေရတာ။ မာနတရားကို ထိပ်ပုတ်ခံရချိန် ခန္ဓာကိုယ်ကမရပေမယ့် စိတ်ကဆောင်
နိုင်တယ်။ ဖက်ထားသော လက်တစ်ဖက်ကို ဆွဲလိမ် အနည်းငယ်ကြောင်အ သွားသူကို ရှိသမျှအားနဲ့
ကိုင်ပေါက်ပစ်လိုက်မိတော့၏။ လွတ်ထွက်သွားနေသော စိတ်ကို ပက်လက်ဖြစ်နေသောဝေယံ အပေါ်ကို
ခွတက်ကာ လွှတ်ချလိုက်တော့၏။ အသံလုံအခန်းမို့ဆွဲမယ့် လူမရှိ။ ဘယ်နှစ်ချက်မြောက်လည်း ကျွန်တော်
မသိတော့...
"ငါ GAYမဟုတ်ဘူး။ ငါ ယောကျာ်းကြိုက်တဲ့ကောင်မဟုတ်ဘူး။ ငါ...မင်းနဲ့မတူဘူး"
ဒေါသတကြီး။ သွေးရူးတန်းရူး အော်ဟစ်နေမိသည်။ ကျွန်တော့်ကိုယ်မှာ မကောင်းဆိုးဝါးကပ်နေသလို
ဝေယံကို ကျွန်တော်ရက်စက်ချင်နေတာ။ ကျွန်တော့်ကို မက်မောနေသော ဝေယံကို ကျွန်တော်မုန်းတယ်။
ထူးဆန်းတာက ဝေယံက တွန်းဖယ်မထုတ်ရုန်းကန်ခြင်းလည်းမပြု။ ကျွန်တော့်လက်ဆစ်တွေထုံလာသလို
အန်ထား၍ အားယုတ်နေကာ ကျွန်တော့်မျက်လုံးတွေ ပြာဝေလာတော့၏။ ကျွန်တော် စိတ်သွားတိုင်းပါဖို့
ကျွန်တော့်ခန္ဓာကိုယ်က ခွင့်မပြုတော့ဘူး။ ကျွန်တော့်ရဲ့ကျစ်ကျစ်ပါအောင်ဆုပ်ထားသော လက်သီးကို
ဖြည်းဖြည်းချင်း ဆွဲခါပေးကာ
"နေကောင်း...တော်ပါတော့ကွာ။ မင်း မောနေပြီ"
ကြမ်းပြင်ပေါ်ပက်လက်လှဲနေရာမှ ပြန်ထကာ ကျွန်တော့်နှဖူးမှ ချွေးတွေကို သုတ်ပေးနေသော ဝေယံ။
သူ့အပေါ်ထပ်လျက်ထိုင်နေသော ကျွန်တော့်ခါးပေါ်မှာ သူ့လက်တစ်ဖက်။ မကြိုက်ဘူး။ မကြည်ဖြူဘူး။
ကျွန်တော့်အသားတွေကို ကိုဇက် ကိုင်တာကလွဲရင် ကျွန်တော် ဘယ်သူ့ကိုမှ မကြည်ဖြူဘူး။ ဒေါသတကြီး
လက်ရွယ်မိပြန်တော့ ဒီတစ်ခါလည်း ဝေယံမတားပါ။
"မင်းစိတ်ကြိုက်ထိုးလို့ရပါတယ် နေကောင်းရာ...ငါ့ခန္ဓာကိုယ်ကို မင်းပိုင်တယ်။ ဒီထက်ပိုပြီးလိုချင်..."
"ဟာကွာ ဒီကောင်"
ကျွန်တော်ဆွဲထိုးချင်တယ်။ ခုတင်ညိုမဲစွဲနေတဲ့ ဝေယံမျက်နှာကို ကျွန်တော်ထပ်ထိုးချင်တယ်။
ဒါပေမဲ့ကျွန်တော်...ကျွန်တော်မရတော့ဘူး။ စူးအောင့်တက်လာမှု တစ်ခုနဲ့အတူ ကျွန်တော်ချွေးစေးတွေ
ပြန်လာကာ ကျွန်တော်အသိကပ်ထားပေမယ့် ဝေဒနာကြီးနေ၍ ပျော့ခွေကျလာသော ကောင်းကောင်း။
"နေကောင်း ! နေကောင်း!"
ပါးပြင်နှစ်ဖက်ပုတ်ကာနှိုးနေမှန်း ကျွန်တော်သိတယ်။ ဒါပေမဲ့ ကျွန်တော်မလှုပ်နိုင်တော့ဘူး။ အသိစိတ်တွေ
လွှတ်ချလိုက်ချင်သော်လည်း စိုးရိမ်တကြီးမှာခဲ့သော ကိုဇက်ကို စိတ်မပူစေချင်။
ကျွန်တော့်ကို ဝေယံကောက်ပွေ့လိုက်တာသိတယ်။ ဝန်ထမ်းလေးတွေနဲ့ ကိုဦး၏ စိုးရိမ်တကြီးမေးမြန်းသံ
ဝေဝေဝါးဝါးတွေကို နားထဲမှလေတွေ တဝီဝီထွက်နေရင်းမှ မကြားတစ်ချက်ကြားတစ်ချက်။
အခုကျွန်တော့်ကို ကားနောက်ခန်းထဲချီမထည့်နေကြတယ်။ ကျွန်တော့်ခေါင်းက ဝေယံပေါင်ပေါ်မှာထင်ပါရဲ့။
"ကိုဦး ကျွန်တော် ဇက်ကိုဖုန်းခေါ်လိုက်..."
ကိုဇက်သိလို့မဖြစ်ဘူး။ ကိုဇက်သိလို့မဖြစ်ဘူး။ ဝေယံလက်ထဲမှ ဖုန်းကို ရှိသမျှအားနဲ့ပုတ်ချလိုက်မိသည်။
ငုံ့မိုးပြန်ကြည့်လာသော ဝေယံကို ခေါင်းယမ်းပြရတယ်။ မခေါ်နဲ့လို့ ကျွန်တော်မပြောနိုင်တော့ဘူး။ မခေါ်ပါနဲ့။
ကိုဇက်ကို မခေါ်ပါနဲ့။ ဝေယံလက်တွေကိုကျွန်တော် ဆုပ်ကိုင်ထားလိုက်တယ်။ ဒါမှ သူဖုန်းဆက်လို့မရမှာ။
"နေကောင်းရာ..." ဟူသော ဝေယံ၏မချိတင်ကဲအသံ။ ကျွန်တော့်လက်တွေကို ပြန်လည်ဆုပ်ကိုင်လာ၏။
ကျွန်တော်စိတ်ချလိုက်ပြီ။ ဒီလိုဆို ဝေယံဖုန်းခေါ်တော့မှာ မဟုတ်ပါဘူး။ ကျွန်တော်စိတ်လျော့လိုက်လို့ရပြီပေါ့။
Bạn đang đọc truyện trên: ZingTruyen.Xyz