Epi18
""မဟာေရ သတင္းေတြႀကားတယ္ေနာ္။ဘယ္သူ
လဲ??ဘယ္ကလဲ?""
က်ိဳင္းတံုလမ္းပိုင္းမွျပန္ေရာက္လာေသာသူငယ္
ခ်င္းျဖစ္သူက မဟာ့ထက္ မဟာ့ခ်စ္သူအေနအ
ထားကိုပို၍စိတ္ဝင္တစားရွိေနပံု။အင္ဂ်င္နီယာခ်ဳပ္
၏သားဆိုေသာေရွ႔ေတာ္ေျပးကာသင္းေနေသာ
ဇိုင္းဇက္ေနာက္ခံ backgroundေႀကာင့္မဟာ့
အေပါင္းအသင္းမ်ားႀကား အထူးေရပန္းစားလ်က္
ရွိ၏
""နာမည္က ဇိုင္းဇက္တဲ့။""
""ဘာ!!ဟိုဇိုင္းဇက္လား??ငါတို႔CEသားအငယ္"
""နင္သိေနတာလား?""
""သိတာေပါ့။နာမည္ႀကီးေတြပဲဟာ--ဒါနဲ႔မဟာ""
သဇင္ဦး ေျပာလ်က္စ စကားကိုရပ္လ်က္ျပန
္ႀကည့္လာပံုက ေျပာသင့္မေျပာသင့္ခ်ိန္ဆေနပံု
""ဒါဆို နင္--ေကာင္းေကာင္းဆိုတဲ့ေကာင္ေလး
ကိုေရာသိလား??""
""အင္းသိ္တယ္။ဘာျဖစ္လို႔လဲ?""
""ငါ--ေျပာသင့္လားမေျပာသင့္လားမသိေပ
မယ့္ ဇိုင္းဇက္က တစ္မ်ိဳးပဲဟ။ဟိုတစ္ခါငါ့ေမာင္
တစ္ဝမ္းကြဲနဲ႔ရန္ျဖစ္တည္းကသူနဲ႔ေကာင္းေကာင္း
ကို ငါသတိထာားမိလာတာ""
""Zကရန္ျဖစ္တယ္?""
""အင္း~~ငါ့ေမာင္ေဝယံက ေကာင္းေကာင္းကို
Proposeလုပ္လို႔ထေသာင္းက်န္းတာ။ငါ့ေမာင္
လည္းေဆးရံုေရာက္ သူလည္းအခ်ဳပ္ထဲေရာက္ပဲ
အဲ့ဒါ အခ်ဳပ္ထဲေရာက္တဲ့ထိေတာင္ တရႈးရႈးနဲ႔
ေဒါသေတြထြက္လို႔ကိုမဆံုးဘူးျဖစ္ေနတာ""
မဟာ ကိုယ့္နားပင္ကိုယ္မယံုႏိုင္။အျမဲတျပံဳးျပံဳးနဲ႔
ေဖာ္ေရြတတ္ေသာ ဇက္ကအခ်ဳပ္ထဲေတာင္
ေရာက္တယ္တဲ့လား??ျပီးေတာ့
""သဇင္ ခုနကနင္ေျပာတာဘယ္လို??ေကာင္း
ေကာင္းကို proposeလုပ္တာ နင့္ေမာင္!!""
""အင္း ဟုတ္တယ္။မဟာရ ငါဒီစကားေျပာတာ
နင့္တို႔ႏွစ္ေယာက္ကိုခြဲခ်င္လို႔လည္းမဟုတ္ဘူး
ေနာ္။ဇက္နဲ႔ေကာင္းေကာင္းက သာမာန္အတူတူ
ႀကီးျပင္းလာလို႔ခင္တာထက္ပိုတယ္။နင္ တကယ္ပဲမသိတာလား မဟာရယ္""
""ဘယ္လိုနင္--အခုေျပာေနတာေတြငါနားမလည္
ဘူး""
သဇင္ေျပာေနတာေတြ မဟာလိုက္မမွီ။ေယာက်ာ္း
ေလးအခ်င္းခ်င္းကို ဘာေတြလဲ?ေခ်ာေမာႏုဖတ္ေနတာမွန္ေပမယ့္ေကာင္းေကာင္းက ေယာက်ာ္းေလးေလ။ဒါကို သဇင့္ေမာင္က
ဘာလို႔မ်ားproposeလုပ္ရတာပါလဲ??
""မဟာ--နင္ ဇိုင္းဇက္Social accေတြဘာေတြ
ဝင္မႀကည့္ဘူးလား??IGတို႔ဘာတို႔ကိုေလ"
မဟာစိတ္ထဲမတင္မက်ႀကီးျဖစ္လာသည္။အမွန္ဆို Z၏ အဲ့လိုSocial mediaသံုးတာ
ေတြအေပၚစိတ္ပါဝင္စားမႈသိပ္မရွိခဲ့။
""ဒီမွာေလ မဟာ~~သူ႔Ig acc""
ခ်စ္သူ၏IG ACCေတာင္မသိတာ မဟာပဲသိပ္
ညံ့လြန္းေနတာလား??
သဇင္ျပေသာ သူ႔wallတြင္တင္ထားေသာဓာတ္
ပံုမ်ားတြင္ သူတစ္ေယာက္တည္းပံုဆိုတာမရွိသ
ေလာက္ပင္။ေကာင္းေကာင္းနဲ႔တြဲရိုက္ထားေသာ
ပံုမ်ား။ေနာက္ေက်ာေပးေနေသာေကာင္းေကာင္း
အားခိုးရိုက္ထားပံုရေသာ postေအာက္ captionက ညီ
""ေအာက္က Commentေတြကိုႀကည့္ ""
>> Icezz ကိုဇက္ရယ္ ခ်စ္တတ္လိုက္တာ။
>>အယ္ ေနာက္ေက်ာေလးေတာင္ခ်စ္တယ္ဆို
တဲ့သေဘာလား
>> Gegeေရ~~gegeလူႀကီး ေနာက္ကေနခိုး
ႀကည့္ေနတယ္ဗ်ိဳ႕
>>ဒီႏွစ္ေယာက္ကို ခ်စ္လြန္းလို႔ ငါဘယ္လိုလုပ္ရ
မလဲ??ျမန္ျမန္ confirmႀကပါေတာ့
""ဒါ--ဒါဘာေတြလဲ သဇင္?""
""သူတို႔အသိုင္းအဝိုင္းကလည္္းသူတို႔ႏွစ္ေယာက္ကိုသေဘာတူႀကတယ္ဟ။""
""ဘာ!!ေယာက်ာ္းေလးအခ်င္းခ်င္းကိုေလ။Zက
ေယာက်ာ္္ခ်င္းႀကိဳက္ရေအာင္အေျခာက္မဟုတ္
ဘူး။""
အသံေတြပါမက အသားေတြပါတဆက္ဆက္တုန္္
လာရသည္။
""မဟုတ္ဘူး မဟာ။သူတို႔ႏွစ္ေယာက္က--ငါဒါကို
ဘယ္လိုေျပာျပသင့္ပါသလဲ??~~""
ခပ္ညည္းညည္းေျပာရင္းသက္ျပင္းခ်ေနသည္
""မဟာရယ္~~ဘာပဲျဖစ္ျဖစ္ ဒါကသာမာန္သမီး
ရည္းစားေဖာက္ျပန္တဲ့ကိစၥထက္ပိုနားလည္ရခက္
တယ္ဟ။သူတို႔ႏွစ္ေယာက္က ေရွ႔ဆက္လို႔မရမွန္း
သူတို႔ဘာသာသိေနတယ။့္ကိုဇက္ကအခ်ိန္တန္ မဟာ့ကိုပဲလက္ထပ္မွာဆိုတာသိေနေပမယ့္
မဟာ ကေရာ ဒါကိုသိသိရက္နဲ႔
ဇက္ကိုလက္ထပ္ႏိုင္လားဆုိတာစဥ္းစားရမယ္။
့္ဒီမွာႀကည့္ခုေနာက္ပိုင္းFacebookမွာဆိုလညး္
ခုေနာက္ပိုင္းသူတို႔ႏွစ္ေယာက္ပံုေတြေတာ္ေတာ္
တင္လာႀကတယ္။အစက မသိမသာေလးေတြတင္ႀကေျပာႀကေပမယ့္ခု
ုေနာက္ပိုင္းေပၚတင္ေတြခ်လာႀကတာ။
ေကာင္းေကာင္းလည္းသိတယ္ထင္တယ္Accကို
deactiveလုပ္ထားတဲ့ ပံုပဲ။အရင္ကရွိတယ္။""
#ခရီးထြက္တုန္းက သူတို႔ခ်စ္ေနႀကတာေလ။ခ်စ္
လိုက္တာဟယ္
ဆိုသည့္ postေအာက္က ပံုေလးေတြ။ကားေပၚ
မွာအိပ္ေပ်ာ္ေနေသာ ေကာင္းေကာင္းမ်က္ႏွာကို
ေနထိုးေန၍ ဇက္ကလက္ႏွင့္ကားေပးထား
ေသာပံု
ေအာက္က commentေတြကိုႀကည့္ရင္းရင္ထဲ
တဆစ္ဆစ္ႏွင့္
""ဒါ--ဘယ္သူေတြတင္ေနတာလဲသဇင္?""
သူတို႔နဲ႔အသိကေလးေတြ။ေကာင္းေကာင္းဆိုင္ကို
လာေနက်ကေလးေတြျဖစ္မယ္သိလား?
#အဲ့ေန႔ကေပါ့။Gegeေလ ခ်စ္သူ႕အနား ဆိုျပ
တာေလ။တစ္ဖက္ကလည္းေငးႀကည့္ေနခဲဲ့တာ
ရယ္။ဘဝေတြရယ္ဘယ္လိုေတာင္ ခံစားေနႀက
ရမလဲ??
ဆိုသည့္ statusေအာက္ ကငိုေနႀကေသာ
Commentေတြ။
ဘာလဲ??အဲ့ေန႔ကဆိုျပခဲ့တဲ့သီခ်င္းစာသား??
ဒီေနရာက ခံစားဆိုျပီးေျပာခဲ့ေသာ
ေနေကာင္းျမတ္သူစကား?မ်က္ေတာင္မခတ္ေငး
ႀကည့္ေနခဲ့ေသာ ဇိုင္းဇက္။
မျဖစ္ႏိုင္ဘူးဟူေသာအေတြးတစ္စ၏ေနာက္ဆံုး
ေမ်ွာ္လင့္ခ်က္ကို ဆုပ္ကိုင္ဆြဲကာမွ ေရနစ္သူကို
ဝါးကူထိုးခ်ခံလိုက္ရသလိုပင္
""ေကာင္းေကာင္းမွာ တြဲေနတဲ့တစ္ေယာက္ရွိ
တယ္မလား?""
""အဲ့ဒါဘယ္သူလို႔ထင္လဲ?သြန္းလေရာင္ခ်ိဳေလ"
""ဘာ!!""
""ဟုတ္တယ္။တစ္ခ်ိဳ႔တစ္ခ်ိဳ႔ေသာ postေတြ
ေအာက္သူပါဝင္mentထားတာေတြရွိတယ္။
သြန္းသြန္းက အမွန္ေတာ့သူတို႔ႏွစ္ေယာက္ရဲ႕
HCေလ။""
""HCဆိုတာ??""
""HCဆိုတာHard Coreကိုေျပာတာ။သူတို႔
ႏွစ္ေယာက္ကို အျမန္နီးစပ္ခ်င္သူေတြ။သူတို႔
ႏွစ္ေယာက္နီးစပ္ဖို႔ဆိုဘာပဲလုပ္ရလုပ္ရလုပ္မယ့္
သူေတြေပါ့။ေနာက္ျ႔ပီး ေကာင္းေကာင္းနဲ႔Zဟာ
ေနာင္တစ္ခ်ိန္ အမွန္တကယ္ဖူးစာဖက္မယ့္လူ
ေတြလို႔ ယံုႀကည္ထားသူေတြေပါ့။ေျပာရင္းေစာန
ေလးတင္မွ သြန္္းသြန္းတင္ထားတာ။""
>>ကေလးေတြရဲ႕ Gegeေနမေကာင္းဘူး။အန္
ေတာင္အန္ေနတယ္<<
Feeling worriedနဲ႔တင္ထားေသာpost
ေအာက္ ငိုေနေသာEmojiမ်ိဳးစံုႏွင့္ ကိုဇက္ေကာ
ဟူေသာအေမးစကားေတြႀကား "Uတို႔Gege ေဘးမွာရွိေနတယ္"ဟူေသာသြန္းသြန္း၏reply
ေတြကရင္ကိုဆူးဆိပ္နဲ႔ထိုးေပါက္ေနသလို။
>>Gegeေနမေကာင္းဘူးဆိုလို႔အေျပးသြားတာ
ဒီလိုေလးေတြရွိလို႔တိတ္တိတ္ေလးျပန္လာခဲ့တယ္။မ်က္ရည္ဝဲရတဲ့ထိႀကည္ႏူးမိတယ္။ဖူးစာစစ္လို႔
လားမသိႏွစ္ေယာက္တြဲရွိေနရင္ကို ခ်စ္ဖို႔ေကာင္း
ေနႀကတာ<<<
Like 500ေက်ာ္ေနေသာPostတစ္ခု။ပုခံုးကို
မွီကာေမွးေနေသာေကာင္းေကာင္းေခါင္းကိုပြတ္
သပ္ေပးေနေသာ သူ။ဒီေလာက္ႏူးညံတဲ့အျပဳအမူ
ေတြ။ခပ္ေဝးေဝးမွလွမ္းရိုက္ထားေသာဓာတ္ပံု
မွာပင္ သိသာေနေသာႀကင္နာရိပ္ေတြ။မဟာကို
တည့္တည့္စိုက္ႀကည့္ခဲ့ဖူးေသာ မ်က္ဝန္းနက္ေတြ
နဲ႔ကြာလိုက္တာ။မဟာ မ်က္ကြယ္ရာသူတို႔အသိုင္း
အဝိုင္းတြင္း ပတ္ဝန္းက်င္ကိုဂရုမစိုက္ႏိုင္ေလာက္
ေအာင္ေယာက်ာ္းတစ္ေယာက္ကိုဂရုစိုက္လြန္းေန
ေသာသူ။
ခံျပင္းမႈ။ရွက္ရြံ႕မႈႏွင့္ ေယာက်ာ္းတစ္ေယာက္
အေပၚႀကီးစြာ မနာလိုျဖစ္ေနရတဲဲ့ကိုယ့္ဘဝကို္ယ္
မုန္းတီးလာရသည္။ဖိတ္လွ်ံက်လာေသာအမုန္း
ေတြကို ေနေကာင္းျမတ္သူဟူေသာေယာက်ာ္း
ဟန္ေဆာင္ေနသူ တစ္ေယာက္အေပၚသို႔ ေလာင္း
က်မိေနေတာ့သည္။
မိနစ္ပိုင္းတြင္းျပေနေသာpostအရသူအဲ့ေနရာမွာ
ပင္ေနမွာေသခ်ာတယ္
""ငါ အဲ့ဆိုင္ကိုသြားမယ္ သဇင္""
""ေန--ေနပါအံုးမဟာ။နင္ အဲ့လိုဝုန္းဒိုင္းက်ဲ
လုပ္လို႔မရဘူး။ဒါ သာမာန္ေဖာက္ျပန္တဲ့ကိစၥ
ထက္ပိုနက္နဲတယ္။ခုခ်ိန္သူတို႔က နင္ထင္သလို
အေျခအေနကိုမေရာက္ေသးဘူး။အားလံုးေဘးတီးေပးေနတဲ့ႀကားက တစ္ေယာက္
ကိုတစ္ေယာက္ငဲ့ေနႀကတာဟ။ခုခ်ိန္နင္ကစင္
ေပၚကလူပါဟာ။နင္အရမ္းေလွ်ာက္မလုပ္ပါနဲ႔""
""Zက ငါရဲ႕တရားဝင္ခ်စ္သူ။ငါ့အသိုင္းအဝိုင္းက
ငါ့ခ်စ္သူ ငါတစ္ခ်ိန္လက္ထပ္မယ့္လူလို႔သိေနတဲ့
လူကို ဒီလိုပံုစံမ်ိဳးေတြျဖစ္ေနတာကို ငါကႀကည္
ျဖဴေနရေအာင္ ငါအဲ့ေလာက္ထိ သေဘာထားမ
ႀကီးေပးႏိုင္ဘူး""
""ဒီမွာမဟာနင္ေရြးခ်ယ္စရာႏွစ္ခုပဲရွိတယ္။ခုအေျခအေနေတြမလြန္ခင္နင္Zနဲ႔ လမ္းခြဲမလား??ဒါမွမဟုတ္
အေႀကာင္းေတြအားလံုးကို မသိခ်င္ေယာင္ေဆာင္
ျပီးနင္ေရွ႔ဆက္မလား?ဒါဆို နင္ေနာက္ထပ္စဥ္း
စားရမွာက ေယာက်ာ္းတစ္ေယာက္ကိုခ်စ္ေနတဲ့
ေယာက်ာ္းတစ္ေယာက္ကို တစ္သက္လံုးသီးခံ
ေပါင္းႏိုင္ပါ့မလား?ငါနင့္သူငယ္ခ်င္း
တစ္ေယာက္အေနနဲ႔အႀကံေပးရမယ္ဆိုရင္ဒီ
ဇာတ္လမ္းမွာ နင့္ကိုဗီလိန္မျဖစ္ေစခ်င္ဘူး။""
""ငါ ဘာအေႀကာင္းေႀကာင့္နဲ႔မွ ေနာက္မဆုတ္
ႏိုင္ဘူး။ငါ သူ႔ကိုလြယ္လြယ္ေရြးခ်ယ္ခဲ့တာမဟုတ္
ဘူး။ျပီးေတာ့ Zကသူမ်ားသေတြးခြက္ထဲ ေမ်ာမယ့္ဘဝကိုေရြးခ်ယ္မယ့္လူမွမဟုတ္ဘူး။ငါ
သူ႔ကိုရေအာင္ကိုလက္ထပ္မွာ။Zကလည္းငါ့ကိုပဲ
လက္ထပ္မွာ ငါသိတယ္။ငါေရြးခ်ယ္ခဲ့တာေတာ္
ရံုစဥ္းစားတတ္တဲ့ေယာက်ာ္းမဟုတ္ဘူး။ေနာက္
ျပီးဘယ္သူကလူေရွ႔သူေရွ႔ထုတ္ျပဖို႔သင့္ေတာ္သလဲဆိုတာသူသိတယ္။ေယာက်ာ္းတစ္ေယာက္တစ္
ေယာက္အတြက္ သူ႔လိုအပ္ခ်က္
ေတြကိုဘယ္သူကပိုျပီးျဖည့္ဆည္းေပးႏုိင္လည္းဆိုတာလည္းသူသိတယ္""
""နင့္ကို ငါသူငယ္ခ်င္းတစ္ေယာက္အေနနဲ႔ေျပာ
ျပီးသြားလို႔ ငါအခုHCတစ္ေယာက္အေနနဲ႔ပဲေျပာ
ေတာ့မယ္။လူႏွစ္ေယာက္ခ်စ္တာကို ေသြးသားလို
အပ္ခ်က္ဆိုျပီးျမင္လို႔မရဘူးမဟာ။ဟုတ္တယ္
ငါလည္းအစကလက္မခံခဲ့ဘူး။မျဖစ္ႏိုင္တာႀကီး
သဘာဝမက်လိုက္တာအမွန္ေျပာမယ္ဆိုရြံ႕
ေတာင္ရြံ႕ခဲဲ့ဖူးတယ္ဒါေပမယ့္သူတို႔ႏွစ္ေယာက္ကိုေတြ႔လိုက္ခ်ိန္မွာငါအေတြးေတြကိုငါျပန္ရွက္မိလာတယ္။သူတို႔ဒီအတိုင္းရိုးရိုးေလးခ်စ္ခဲဲ့ႀကတာ။
ေယာက်ာ္းႏွစ္ေယာက္ေကာဒီတိုင္းတစ္ေယာက္
ကိုတစ္ေယာက္ျမတ္ျမတ္ႏိုးႏိုးနဲ႔ခ်စ္ခြင့္မရွိေတာ့
ဘူးလား?က်ား\မ သဘာဝက်က်ခ်စ္မွျဖဴစင္တဲ့
အခ်စ္လား??အဲ့မွာေကာ ယစ္မူးျခင္းေတြမပါ
ေတာ့ဘူးတဲ့လား?ခု သူတို႔ေတြတစ္ေယာက္နဲ႔
တစ္ေယာက္ခ်စ္ႀကတာမွာ ဘာမွမပါဘူးမဟာ။
ခုသူတို႔တစ္ေယာက္အသိုင္းအဝိုင္းကို
တစ္ေယာက္ငဲ့ျပီးစဥ္းစားေပးေနႀကတာႀကည့္ျပီး
ငါတို႔ သူတို႔နဲ႔ထပ္တူ ခံစားေနႀကရတာ။အခ်ိန္ေတြ
မလြန္ခင္ ေနာက္ဆုတ္ေပးလိုက္ပါဟာ။နင္ေရွ႔
ဆက္တိုးရင္ အားလံုးအတြက္မေကာင္းဘူးဟ""
""ဟားးးးးဟားးးနင္တကယ္သြန္္းသြန္းမႈိင္းမိ
ေနျပီပဲသဇင္။နင္လည္းခုဒီအရြယ္ေရာက္ေနျပီ
လက္ေတြ႔က်က်ပဲေတြးေခၚစမ္းပါ။လူ႔အသိုင္းအဝိုင္းကလက္သင့္မခံႏိုင္တဲ့ပတ္သတ္
မႈႀကီးကို လူႀကားေကာင္းေအာင္ အေပၚယံေရႊ
မႈန္က်ဲစကားလံုးေတြနဲ႔ စည္းရံုးထားတာ။စိတ္ကူး
ယဥ္နဲ႔လက္ေတြ႔တျခားစီပဲ။ငါ-ကပဲသူ႔လိုအပ္တာ
ေတြကိုျဖည့္ဆည္းေပးႏိုင္မွာ။ဒါကိုသူသိတယ္ဆို
တာ လက္ေတြ႔ျပရမလား??""
စိန္ေခၚျပံဳးတစ္ခုျပံဳးျပရင္း ဖုန္းကိုပြတ္ဆြဲျပီး
ဖုန္းေခၚေနသူ၏ ႏႈတ္ခမ္းေတြမွာ ေအာင္ႏိုင္သူ
အျပံဳးေတြနဲ႔ Zပုခံုးေပၚေအးခ်မ္းစြာေမွးစက္ေနသူ။
မတူပါဘူး။သဘာဝအရေရာ ခ်စ္ျခင္းအေပၚ
ထားတဲ့သေဘာထားေတြေရာ။
Zေရ~~~ဖုန္းမကိုင္လိုက္ပါနဲ႔ေနာ္?ပုခံုးထက္
ေမွးစက္ေနသူကိုပဲ ငဲ့ႀကည့္ေပးေနပါ။Jelpa
Thank You All
Everyday on W
Words 700ေက်ာ္ေရးျပီးမွပ်က္သြားလို႔အစ
ကေနျပန္typeထားရတာပါ။ဟင့္ တစ္ခုခု
ေတာ့ေျပာေပးခဲဲ့ေပးရင္ ေခါင္းကိုက္သက္သာ
သြားမွာ
(Unicode)
/
/
/
အပိုင်း (၁၈)
"မဟာရေ သတင်းတွေကြားတယ်နော်။ ဘယ်သူလဲ ဘယ်ကလဲ"
ကျိုင်းတုံလမ်းပိုင်းမှ ပြန်ရောက်လာသော သူငယ်ချင်းဖြစ်သူက မဟာ့ထက် မဟာ့ချစ်သူအနေအထားကိုပို၍
စိတ်ဝင်တစားရှိနေပုံ။ အင်ဂျင်နီယာချုပ်၏ သားဆိုသော ရှေ့တော်ပြေးကာသင်းနေသော ဇိုင်းဇက်နောက်ခံ
အသိုင်းအဝိုင်းအခြေအနေ ကြောင့် မဟာ့အပေါင်းအသင်းများကြား အထူးရေပန်းစားလျက်ရှိ၏။
"နာမည်က ဇိုင်းဇက်တဲ့"
"ဘာ! ဟိုဇိုင်းဇက်လား ။ ငါတို့CEသားအငယ်"
"နင်သိနေတာလား "
"သိတာပေါ့ဟ၊ နာမည်ကြီးတွေပဲဟာ...ဒါနဲ့မဟာ"
သဇင်ဦး ပြောလျက်စ စကားကိုရပ်လျက် ပြန်ကြည့်လာပုံက ပြောသင့်မပြောသင့်ချိန်ဆနေပုံ။
"ဒါဆို နင်...ကောင်းကောင်းဆိုတဲ့ကောင်လေးကိုရောသိလား"
"အင်းသိတယ်။ ဘာဖြစ်လို့လဲ"
"ငါ...ပြောသင့်လားမပြောသင့်လား မသိပေမယ့် ဇိုင်းဇက်က တစ်မျိုးပဲဟ။ ဟိုတစ်ခါငါ့မောင်တစ်ဝမ်းကွဲနဲ့
ရန်ဖြစ်တည်းက သူနဲ့ကောင်းကောင်းကို ငါသတိထာားမိလာတာ"
"ဇက်ကရန်ဖြစ်တယ်"
"အင်း...ငါ့မောင်ဝေယံက ကောင်းကောင်းကို Proposeလုပ်လို့ ထသောင်းကျန်းတာ။ ငါ့မောင်လည်း
ဆေးရုံရောက် သူလည်းအချုပ်ထဲရောက်ပဲ၊ အဲ့ဒါ အချုပ်ထဲရောက်တဲ့ထိတောင် တရှူးရှူးနဲ့ ဒေါသတွေ
ထွက်လို့ကို မဆုံးဘူးဖြစ်နေတာ"
မဟာ ကိုယ့်နားပင်ကိုယ်မယုံနိုင်။ အမြဲတပြုံးပြုံးနဲ့ဖော်ရွေတတ်သော ဇက်ကအချုပ်ထဲတောင်ရောက်တယ်တဲ့
လား။ ပြီးတော့...
"သဇင် ခုနက နင်ပြောတာဘယ်လို...ကောင်းကောင်းကို proposeလုပ်တာ နင့်မောင်!"
"အင်း ဟုတ်တယ် မဟာရ ၊ ငါဒီစကားပြောတာ နင့်တို့နှစ်ယောက်ကို ခွဲချင်လို့လည်းမဟုတ်ဘူးနော်။
ဇက်နဲ့ကောင်းကောင်းက သာမာန်အတူတူကြီးပြင်းလာလို့ခင်တာထက်ပိုတယ်။ နင် တကယ်ပဲမသိတာလား
မဟာရယ်..."
"ဘယ်လို နင်...အခုပြောနေတာတွေ ငါနားမလည်ဘူး"
သဇင်ပြောနေတာတွေ မဟာလိုက်မမှီ။ ယောကျာ်းလေးအချင်းချင်းကို ဘာတွေလဲ။
ချောမောနုဖတ်နေတာမှန်ပေမယ့် ကောင်းကောင်းက ယောကျာ်းလေးလေ။ ဒါကို သဇင့်မောင်က ဘာလို့များ
proposeလုပ်ရတာပါလဲ။
"မဟာ...နင် ဇိုင်းဇက်Social account တွေ ဘာတွေဝင်မကြည့်ဘူးလား။ Instagram တို့ဘာတို့ကိုလေ"
မဟာစိတ်ထဲမတင်မကျကြီးဖြစ်လာသည်။ အမှန်ဆို ဇက်၏ Social mediaသုံးတာတွေအပေါ်
စိတ်ပါဝင်စားမှုသိပ်မရှိခဲ့။
"ဒီမှာလေ မဟာ...သူ့ Ig account"
ချစ်သူ၏ Ig account တောင်မသိတာ မဟာပဲ သိပ်ညံ့လွန်းနေတာလား။ သဇင်ပြသော သူ့ account
တွင်တင်ထားသော ဓာတ်ပုံများတွင် သူတစ်ယောက်တည်းပုံဆိုတာ မရှိသလောက်ပင်။
ကောင်းကောင်းနဲ့တွဲရိုက်ထားသောပုံများ။ နောက်ကျောပေးနေသော ကောင်းကောင်းအား ခိုးရိုက်ထား
ပုံရသော ဓာတ်ပုံအောက် စာတန်းက ညီ ဆိုသည့် တစ်လုံးတည်းသာ
"အောက်က Commentတွေကို ကြည့် ကြည့် မဟာ"
အိုက်စ် ကိုဇက်ရယ် ချစ်တတ်လိုက်တာ။
အယ် နောက်ကျောလေးတောင်ချစ်တယ်ဆိုတဲ့သဘောလား
ကောကောရေ...ကောကော လူကြီး နောက်ကနေ ခိုးကြည့်နေတယ်ဗျို့
ဒီနှစ်ယောက်ကို ချစ်လွန်းလို့ ငါဘယ်လိုလုပ်ရမလဲ။ မြန်မြန် confirmကြပါတော့
"ဒါ...ဒါဘာတွေလဲ သဇင်"
"သူတို့အသိုင်းအဝိုင်းကလည်း သူတို့နှစ်ယောက်ကို သဘောတူကြတယ်ဟ"
"ဘာ! ယောကျာ်းလေးအချင်းချင်းကိုလေ၊ ဇက်ကယောကျာ်ချင်းကြိုက်ရအောင်အခြောက်မဟုတ်ဘူး"
အသံတွေပါမက အသားတွေပါ တဆက်ဆက်တုန်လာရသည်။
"မဟုတ်ဘူး မဟာ။ သူတို့နှစ်ယောက်က ငါဒါကို ဘယ်လိုပြောပြသင့်ပါသလဲ"
ခပ်ညည်းညည်းပြောရင်း သက်ပြင်းချနေသည်။
"မဟာရယ်...ဘာပဲဖြစ်ဖြစ် ဒါကသာမာန်သမီးရည်းစားဖောက်ပြန်တဲ့ကိစ္စထက်ပိုနားလည်ရခက်တယ်ဟ။
သူတို့နှစ်ယောက်က ရှေ့ဆက်လို့မရမှန်း သူတို့ဘာသာသိနေတယ်။ ဇက်က အချိန်တန် မဟာ့ကိုပဲ
လက်ထပ်မှာဆိုတာသိနေပေမယ့် မဟာ ကရောဒါကိုသိသိရက်နဲ့ဇက်ကိုလက်ထပ်နိုင်လားဆိုတာစဉ်းစားရမယ်။
ဒီမှာကြည့် အခုနောက်ပိုင်း Facebookမှာဆိုလည်း သူတို့နှစ်ယောက်ပုံတွေတော်တော် တင်လာကြတယ်။
အစက မသိမသာလေးတွေတင်ကြပြောကြပေမယ့် ခုနောက်ပိုင်းပေါ်တင်တွေချလာကြတာ။ ကောင်းကောင်း
လည်း သိတယ်ထင်တယ်။ သူ့ Account ကိုဖျက်ထားတဲ့ ပုံပဲ ၊ အရင်ကရှိတယ်။ အခု ရှာမတွေ့တော့ဘူး"
ခရီးထွက်တုန်းက သူတို့ချစ်နေကြတာလေ။ ချစ်လိုက်တာဟယ် စာတန်းတပ်ထားသော
ပို့စ်တစ်ခု အောက်က ပုံတွေ။ ကားပေါ်မှာအိပ်ပျော်နေသော ကောင်းကောင်းမျက်နှာကိုနေထိုးနေ၍
ဇက် ကလက်နှင့်ကာပေးထားသောပုံ၊ ထိုပုံအောက်က commentတွေကိုကြည့်ရင်းရင်ထဲတဆစ်ဆစ်နှင့်
"ဒါတွေတင်နေတာ ဘယ်သူတွေလဲ သဇင်"
သူတို့နဲ့အသိကလေးတွေ။ ကောင်းကောင်းဆိုင်ကိုလာနေကျ ကလေးတွေဖြစ်မယ်။
အဲ့နေ့ကပေါ့။ ကောကော လေ ချစ်သူ့အနား ဆိုပြတာကို တစ်ဖက်ကလည်းငေးကြည့်နေခဲ့တာရယ်။
ဘဝတွေရယ်ဘယ်လိုတောင် ခံစားနေကြရမလဲ
ဆိုသည့် စာတန်းအောက် ကငိုနေကြသော Commentတွေ။
ဘာတွေလဲ။ အဲ့နေ့ကဆိုပြခဲ့တဲ့သီချင်းစာသား၊ ဒီနေရာက ခံစားဆိုပြီးပြောခဲ့သောနေကောင်းမြတ်သူစကား။
မျက်တောင်မခတ်ငေးကြည့်နေခဲ့သော ဇိုင်းဇက်။ မဖြစ်နိုင်ဘူး ဟူသောအတွေးတစ်စ၏ နောက်ဆုံး
မျှော်လင့်ချက်ကို ဆုပ်ကိုင်ဆွဲကာမှ ရေနစ်သူကိုဝါးကူထိုးချခံလိုက်ရသလိုပင်
"ကောင်းကောင်းမှာ တွဲနေတဲ့တစ်ယောက်ရှိတယ်မလား"
"အဲ့ဒါဘယ်သူလို့ထင်လဲ သွန်းလရောင်ချိုလေ"
"ဘာ!"
"ဟုတ်တယ်။ တစ်ချို့တစ်ချို့သော ပိုစ့်တွေအောက်သူပါဝင်ပြောထားတာတွေရှိတယ်။ သွန်းသွန်းက
အမှန်တော့ သူတို့နှစ်ယောက်ရဲ့HCလေ"
"HCဆိုတာ ဘာလဲ"
"HCဆိုတာHard Coreကိုပြောတာ၊ သူတို့ ကေပေါ့ပါတွေ သုံးလေ့ရှိတဲ့ စာလုံးတွေပေါ့။ အဓိပ္ပါယ်ကတော့
သူတို့နှစ်ယောက်ကို အမြန်နီးစပ်ချင်သူတွေ။ သူတို့နှစ်ယောက်နီးစပ်ဖို့ဆိုဘာပဲလုပ်ရလုပ်ရလုပ်မယ့်သူတွေပေါ့။
နောက်ပြီး ကောင်းကောင်းနဲ့ဇက်ဟာ နောင်တစ်ချိန် အမှန်တကယ် ဖူးစာဖက်မယ့် လူတွေလို့ ယုံကြည်ထား
သူတွေပေါ့ ၊ ပြောရင်း စောနလေးတင်မှ သွန်းသွန်းတင်ထားတာ"
ကလေးတွေရဲ့ Gege(ကောကော) နေမကောင်းဘူး။ အန်တောင်အန်နေတယ်
စိုးရိမ်နေပါသည်ဟူသော အဓိပ္ပါယ်ရ ရုပ်ပုံလေးနှင့် တင်ထားသော ပိုစ့် အောက် ငိုနေသော စတစ်ကာ မျိုးစုံနှင့်
ကိုဇက်ကောဟူသော အမေးစကားတွေကြား
"ယူ တို့ ကောကော ဘေးမှာရှိနေတယ်" ဟူသော သွန်းသွန်း၏ ပြန်ဖြေပေးနေသော စာကြောင်းတွေကရင်ကို
ဆူးဆိပ်နဲ့ထိုးပေါက်နေသလို။
Gege(ကောကော)နေမကောင်းဘူးဆိုလို့အပြေးသွားတာဒီလိုလေးတွေရှိလို့တိတ်တိတ်လေးပြန်လာခဲ့တယ်။
မျက်ရည်ဝဲရတဲ့ထိကြည်နူးမိတယ်။ ဖူးစာစစ်လို့လားမသိ နှစ်ယောက်တွဲရှိနေရင်ကို ချစ်ဖို့ကောင်းနေကြတာ...
Like ၅၀၀ ကျော်နေသောနောက်ထပ်ပိုစ့်တစ်ခု။ ပုခုံးကိုမှီကာ မှေးနေသော ကောင်းကောင်းခေါင်းကိုပွတ်
သပ်ပေးနေသော သူ။ ဒီလောက်နူးညံတဲ့အပြုအမူတွေ၊ ခပ်ဝေးဝေးမှလှမ်းရိုက်ထားသောဓာတ်ပုံမှာပင်
သိသာနေသော ကြင်နာရိပ်တွေ မဟာကို တည့်တည့်စိုက်ကြည့်ခဲ့ဖူးသော မျက်ဝန်းနက်တွေနဲ့ကွာလိုက်တာ။
မဟာ့ မျက်ကွယ်ရာ သူတို့အသိုင်းအဝိုင်းတွင်း ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်လောက်အောင်
ယောကျာ်းတစ်ယောက်ကို ဂရုစိုက်လွန်းနေသောသူ။ ခံပြင်းမှု၊ ရှက်ရွံ့မှုနှင့်အတူ ယောကျာ်းတစ်ယောက်
အပေါ်ကြီးစွာ မနာလိုဖြစ်နေရတဲ့ ကိုယ့်ဘဝကိုယ်မုန်းတီးလာရသည်။ ဖိတ်လျှံကျလာသောအမုန်းတွေကို
နေကောင်းမြတ်သူ ဟူသော ယောကျာ်းဟန်ဆောင်နေသူ တစ်ယောက်အပေါ်သို့ လောင်းချမိနေတော့သည်။
မိနစ်ပိုင်းတွင်းပြနေသော ပိုစ့်အရ သူအဲ့နေရာမှာပင်နေမှာ သေချာတယ်။
"ငါ အဲ့ဆိုင်ကိုသွားမယ် သဇင်"
"နေ...နေပါဦးမဟာ။ နင် အဲ့လိုဝုန်းဝိုန်းဒိုင်းဒိုင်းလုပ်လို့မရဘူး။ ဒါ သာမာန်ဖောက်ပြန်တဲ့ကိစ္စထက်ပိုနက်နဲတယ်။
ခုချိန်သူတို့က နင်ထင်သလို အခြေအနေကိုမရောက်သေးဘူး။ အားလုံးဘေးတီးပေးနေတဲ့ကြားက တစ်ယောက်
ကိုတစ်ယောက်ငဲ့နေကြတာဟ။ ခုချိန်နင်က စင်ပေါ်က လူပါဟာ...နင်အရမ်းလျှောက်မလုပ်ပါနဲ့"
"ဇက်က ငါရဲ့တရားဝင်ချစ်သူ။ ငါ့အသိုင်းအဝိုင်းက ငါ့ချစ်သူ၊ ငါတစ်ချိန်လက်ထပ်မယ့်လူလို့သိနေတဲ့ လူက
ဒီလိုပုံစံမျိုးတွေ ဖြစ်နေတာကို ငါက ကြည်ဖြူနေရအောင် ငါအဲ့လောက်ထိ သဘောထားမကြီးပေးနိုင်ဘူး"
"ဒီမှာ မဟာနင်ရွေးချယ်စရာနှစ်ခုပဲရှိတယ်။ အခုအခြေအနေတွေ မလွန်ခင်နင်ဇက်နဲ့ လမ်းခွဲမလား။ ဒါမှမဟုတ်
အကြောင်းတွေ အားလုံးကို မသိချင်ယောင်ဆောင်ပြီး နင်ရှေ့ဆက်မလား။ ဒါဆို နင်နောက်ထပ်စဉ်းစားရမှာက
ယောကျာ်းတစ်ယောက်ကို ချစ်နေတဲ့ ယောကျာ်းတစ်ယောက်ကို တစ်သက်လုံးသည်းခံ ပေါင်းနိုင်ပါ့မလား။
ငါနင့်သူငယ်ချင်းတစ်ယောက်အနေနဲ့အကြံပေးရမယ်ဆိုရင်ဒီဇာတ်လမ်းမှာ နင့်ကိုဗီလိန်မဖြစ်စေချင်ဘူး"
"ငါ ဘာအကြောင်းကြောင့်နဲ့မှ နောက်မဆုတ်နိုင်ဘူး။ ငါ သူ့ကိုလွယ်လွယ်ရွေးချယ်ခဲ့တာမဟုတ်ဘူး။ ပြီးတော့
ဇက်က သူများသတွေးခွက်ထဲ မျောမယ့်ဘဝကိုရွေးချယ်မယ့်လူ မဟုတ်ဘူး။ ငါသူ့ကိုရအောင်ကို လက်ထပ်မှာ။
ဇက်ကလည်း ငါ့ကိုပဲလက်ထပ်မှာ ငါသိတယ်။ ငါရွေးချယ်ခဲ့တာ တော်ရုံစဉ်းစားတတ်တဲ့ ယောကျာ်းမဟုတ်ဘူး။
နောက်ပြီး ဘယ်သူက လူရှေ့သူရှေ့ထုတ်ပြဖို့ သင့်တော်သလဲဆိုတာ သူသိတယ်။ ယောကျာ်း တစ်ယောက်
အတွက် သူ့လိုအပ်ချက်တွေကို ဘယ်သူကပိုပြီး ဖြည့်ဆည်းပေးနိုင်လဲ ဆိုတာလည်း သူသိတယ်"
"နင့်ကို ငါသူငယ်ချင်းတစ်ယောက်အနေနဲ့ပြောပြီးသွားလို့ ငါအခုHCတစ်ယောက်အနေနဲ့ပဲပြောတော့မယ်။
လူနှစ်ယောက်ချစ်တာကို သွေးသားလိုအပ်ချက်ဆိုပြီးမြင်လို့မရဘူး မဟာ။ ဟုတ်တယ် ။ ငါလည်းအစက
လက်မခံခဲ့ဘူး။ မဖြစ်နိုင်တာကြီး သဘာဝမကျလိုက်တာ၊ အမှန်ပြောမယ်ဆို ရွံတောင်ရွံခဲ့ဖူးတယ်။
ဒါပေမဲ့သူတို့နှစ်ယောက်ကိုတွေ့လိုက်ချိန်မှာ ငါအတွေးတွေကို ငါပြန်ရှက်မိလာတယ်။ သူတို့ဒီအတိုင်းရိုးရိုးလေး
ချစ်ခဲ့ကြတာ။ ယောကျာ်းနှစ်ယောက်ကော ဒီတိုင်းတစ်ယောက်ကိုတစ်ယောက် မြတ်မြတ်နိုးနိုးနဲ့ချစ်ခွင့်
မရှိတော့ ဘူးလား။ ကျား\မ သဘာဝကျကျ ချစ်မှဖြူစင်တဲ့အချစ်လား။ အဲ့မှာကော ယစ်မူးခြင်းတွေ ၊ ဆန္ဒတွေ
မပါ တော့ဘူးတဲ့လား။ ခု သူတို့တွေ တစ်ယောက်နဲ့တစ်ယောက်ချစ်ကြတာမှာ ဘာမှမပါဘူး မဟာ။
အခု သူတို့တစ်ယောက်အသိုင်းအဝိုင်းကို တစ်ယောက်ငဲ့ပြီး စဉ်းစားပေးနေကြတာ ကြည့်ပြီးငါတို့ သူတို့နဲ့ထပ်တူ
ခံစားနေကြရတာ။ အချိန်တွေမလွန်ခင် နောက်ဆုတ်ပေးလိုက်ပါဟာ...နင်ရှေ့ဆက်တိုးရင်အားလုံးအတွက်
မကောင်းဘူးဟ"
"ဟား ဟား နင်လည်းတကယ်သွန်းသွန်းမှိုင်းမိနေပြီပဲ သဇင်၊ နင်လည်း ခုဒီအရွယ်ပဲ ရောက်နေပြီ။
လက်တွေ့ကျကျပဲတွေးခေါ်စမ်းပါ။ လူ့အသိုင်းအဝိုင်းက လက်သင့်မခံနိုင်တဲ့ ပတ်သတ်မှုကြီးကို
လူကြားကောင်းအောင် အပေါ်ယံရွှေမှုန်ကျဲစကားလုံးတွေနဲ့ စည်းရုံးထားတာ။ စိတ်ကူးယဉ်နဲ့လက်တွေ့
တခြားစီပဲ။ ဒါလိင်စိတ်တိမ်းညွတ်မှုသက်သက်ပဲ။ ဒါကလည်း ခဏပဲ။ ငါကပဲသူ့လိုအပ်တာတွေကို ဖြည့်ဆည်း
ပေးနိုင်မှာ။ ဒါကိုသူသိတယ်ဆိုတာ လက်တွေ့ပြရမလား"
စိမ်ခေါ်ပြုံး တစ်ခုပြုံးပြရင်း ဖုန်းကိုပွတ်ဆွဲပြီး ဖုန်းခေါ်နေသူ၏ နှုတ်ခမ်းတွေမှာ အောင်နိုင်သူ အပြုံးတွေနဲ့
ဇက်ပုခုံးပေါ်အေးချမ်းစွာ မှေးစက်နေသူ။ မတူပါဘူး။ သဘာဝအရရော ချစ်ခြင်းအပေါ် ထားတဲ့သဘောထား
တွေရော။
သဇင် တိတ်တိတ်လေးဆုတောင်းမိတယ်။
ဇက်ရေ...ဖုန်းမကိုင်လိုက်ပါနဲ့နော်...မင်း ပုခုံးထက်မှေးစက်နေသူကိုပဲ ငဲ့ကြည့်နေပေးပါ။
Bạn đang đọc truyện trên: ZingTruyen.Xyz