ZingTruyen.Xyz

ညီ

Epi16

HsuChiKo365

""ဒီႏွစ္ပိုင္းတြင္းဒါေတြကုိ ဘယ္သူ႔မွမေျပာျပျဖစ္
ခဲ့ဘူး။ေမာင့္ကိုပထမဆံုးေျပာျပတာ""

အျမဲေပါ့ေပါ့ပါးပါးႏွင့္အေကာင္းျမင္ဝါဒစြဲကိုင္ထား
သူတစ္ေယာက္အေနႏွင့္ ဒီလိုေျပာထြက္ဖို႔အတင္း
ႀကိဳးစားယူေနတယ္ဆိုတည္းကမမခ်ိဳဘယ္
္ေလာက္ခက္ခဲခဲ့မွန္းမွန္းဆႏိုင္သည္။

""မိဘေတြခ်င္းရင္းႏွီးႀကေတာ့ မ,နဲ႔တာရာနဲ႔
လည္းအရင္းႏွီးဆံုးသူငယ္ခ်င္းေတြျဖစ္ခဲ့ႀကတယ္
မ,နဲ႔ခင္တယ္ဆိုတည္းက ေနာက္ထပ္မိန္းမေခ်ာ
ေလးတစ္ေယာက္ကိုပါခင္ခြင့္ရခဲ့လို႔ တာရာက
ဝမ္းသာမဆံုးျဖစ္ခဲ့တာေလ။""

""အဲ့ဒါ မဟာ မလား?""

""ဟင္!!ေမာင္ သိေနခဲ့တာလား?""

""မဟုတ္ပါဘူး။ဒီအတိုင္းဆက္စပ္ေတြးႀကည့္တာ
မဟာ့profileကိုလိုက္ေတာ့မ,နဲ႔ေက်ာင္းတူေန
တယ္ေလ။ဆယ္တန္းေအာင္တဲ့ႏွစ္ကလည္းတစ္
ႏွစ္တည္းဆိုေတာ့ေမာင့္စိတ္ထဲ သိေနတယ္လို႔
ထင္ေနတာ။""

""ရိုးရိုးသိတာထက္ပိုတာေပါ့ေမာင္ရယ္။မဟာနဲ႔
မ,နဲ႔က အေမေတြဖက္ကေတာ္တဲ့ တစ္ဝမ္းကြဲ
ညီမေတြေလ""

""တကယ္ႀကီးးး""

""အင္းဟုတ္တယ္။ငယ္ငယ္တုန္းကေတာ့တတြဲ
တြဲပဲ။အသက္လည္းတူ ေက်ာင္းလည္းတူေတာ့
သာမာန္cousinေတြထက္ပိုရင္းႏွီးခဲ့ႀကတာ။
မဟာကေလ အရြယ္ေရာက္ေလလွလာေလပဲ။
မ,ကအဲ့တုန္းတည္းက kpopperျဖစ္ေနေတာ့
သိတဲ့အတိုင္းပဲေလ။ကိုယ့္idolကိုယ္ႀကည့္ျပီးပဲ
ေနလာတာ။မဟာ ကေတာ့အဲ့လိုမဟုတ္ဘူး။လွလွ
ေလးေနတယ္။မ,နဲ႔တြဲသြားရင္ က်ားလုိလိုမလိုလို
နဲ႔ မ,ကိုဘယ္သူမွစိတ္မဝင္စားဘူး။တာရာလည္း
အဲ့လိုပဲေလ။မ,နဲ႔ခင္တယ္ဆိုေပမယ့္ တာရာစိတ္
ဝင္စားတာ မဟာပဲ။တာရာက westernမွာ
ႀကီးလာခဲ့တဲ့လူဆိုေတာ့ မဟာရဲ႕ျမန္မာဆန္ဆန္
ဆံပင္ရွည္ႀကီးနဲ႔ေအးေအးေဆးေဆးေလးေနတဲ့
ပံုက တာရာ့အတြက္ဆန္းေစတယ္ေလ""

ဒီေနရာမွာေတာ့ေတာ္ေတာ္ကိုလြဲသြားျပီ။က်ေတာ္
တို႔နဲ႔ ေတြ႔ခ်ိန္မွာ မမခ်ိဳက Fashionက်ကာ
လွေနေသာမိန္းမေခ်ာတစ္ဦးျဖစ္ေနခဲ့ျပီ။ခုလို
ႀကားရတာေတာ္ေတာ္ေတာ့ထူးဆန္းေန၏

""ဒါဆို မ,က တတိယလူျဖစ္ခဲ့တာေပါ့။""

""အင္းဟုတ္တယ္။တာရာက သူနဲ႔မဟာ့ႀကားမွာ
မ,ကိုေအာင္သြယ္လုပ္ခိုင္းခဲ့တာေလ။တာရာက
သူေနခဲ့တဲ့ပတ္ဝန္းက်င္ကလို မဟာ့ကိုသူ႔ခံစား
ခ်က္ကိုပြင့္ပြင့္လင္းလင္းေျပာခဲ့တယ္။ဒါေပမယ့္
မဟာ ကေတာ့ တာရာ့ကိုမပြင့္လင္းခဲ့ဘူး။အေျဖ
ေတာ္ေတာ္နဲ႔မေပးပဲဆြဲထားတယ္။သေဘာမက်
ဘူးလားဆိုေတာ့လည္းမဟုတ္ဘူး။ေနာက္ပိုင္း
တာရာ့နားဘယ္သူမွကပ္လို႔ကိုမရေတာ့တာ။အေျဖေတာ့မေပးပဲ အဲ့လိုေတြလုပ္ေတာ့ ႀကာ
ေတာ့တာရာကမႀကိဳက္ခ်င္ေတာ့ဘူး။တာရာက
ငယ္ငယ္ေလးတည္းကလူ႔အခြင့္အေရးအျပည့္အဝရတဲ့ေနရာမွာေနလာခဲ့ရတဲ့သူဆိုေတာ့
မဟာခ်ဳပ္ခ်ယ္တဲ့ဒဏ္မခံႏိုင့္ဘူးသူႀကိဳက္လည္းမ
ႀကိဳက္ဘူးေနာက္ႀကာေတာ့မဟာ့ကိုေရွာင္လာ
ေတာ့့တာပဲ""

""သူတို႔ႏွစ္ေယာက္ႀကားမ,ေနရခက္ခဲ့မွာေပါ့""

""တကယ္ေပါ့ေမာင္ရယ္။ေနာက္ပိုင္းအေႀကာင္း
ေတြေျပာမျပခ်င္ေတာ့ဘူးရယ္။မ,လည္းခုခ်ိန္ထိ
ငါမွားမ်ားမွားေနျပီလားလို႔ေတြးမိေနတုန္းပဲ""

""ေနာက္ပိုင္း ကိုတာရာက မ,ကို ပိုခင္တြယ္လာ
တယ္မလား?အစ က ခပ္ေပေပေတေတေလးမို႔
စိတ္မဝင္စားေပမယ့္ ေနာက္ပိုင္းသူငယ္ခ်င္းေပါင္း
ေပါင္းရင္းနဲ႔မွ မ,ကိုေႀကြသြားတယ္ဟုတ္??ခုေခတ္ေယာက်ာ္းေလးေတြက ဒီလိုပဲ
မ,ရ။လွရင္ေတာ့စိတ္ဝင္စားႀကတာပဲ။ဒါေပမယ့္
ဘဝအတြက္ဆိုရင္ေတာ့ လွတာေခ်ာတာထက္
ကိုယ့္စိတ္နဲ႔အနီးဆံုးရွိေနတဲ့မိန္းကေလး။ျပီးေတာ့
ကိုယ္နဲ႔ဘဝတုိက္ပြဲဝင္ႏိုင္မယ့္ရဲေဘာ္ရဲဘက္လို
လူမ်ိဳးကို ေရြးခ်ယ္သြားတတ္ႀကတာပဲ။""

""ဟားးးးေမာင္က က်မ္းေက်ႀကီးပဲ။""

"က်မ္းေက်တာမဟုတ္ပါဘူး။ခုေခတ္ေယာက်ာ္း
ေလးေတြရဲ႕စိတ္ကိုေယာက်ာ္္းခ်င္းခ်င္းမို႔သိတာ
မဆန္းပါဘူး။ကဲေျပာပါအံုးေနာက္ဘယ္လိုျဖစ္လဲ"

""ေနာက္ တာရာက မဟာ့ကိုေရွာင္လာတယ္။
မဟာက တာရာသူ႔ကိုေရွာင္လာတာ မ,ကႀကားထဲ
ကေသြးထိုးတယ္လို႔ထင္ေနတာကျပႆနာစတာ
ပဲ။တာရာနဲ႔ မ,ကအိမ္ခ်င္းလည္းနီးတယ္။ျပီးေတာ့
တာရာကျမန္မာစာေရးဆရာႀကီးေတြရဲ႕စာအုပ္
ေတြကို ဒီေရာက္မွစဖတ္ဖူးေတာ့
မ,တို႔အဘိုးရဲ႕စာအုပ္ေတြလာလာငွားတယ္။ျပီးရင္ မ,နဲ႔ စာအုပ္အေႀကာင္းေတြေဆြးေႏြးျဖစ္တယ္""

"စာဖတ္တာခ်င္းဖတ္တဲ့စာအမ်ိဳးအစားခ်င္းတူ
တဲ့လူနဲ႔စကားေျပာရတာေလာက္ေကာင္းတာ
မရွိဘူး။အဲ့လိုစာအုပ္ေတြကိုအေျခခံျပီးခင္သြား
ႀကတဲ့လူေတြက သာမာန္ခင္တဲ့လူေတြထက္ပို
တြဲျဖစ္တယ္။အေတြးအေခၚခ်င္းတူတာကိုး။
စာဖတ္တဲ့လူအခ်င္းခ်င္းပဲသိတာအဲ့Feelingကို"

""အင္းးးမ,လည္းအစက တာရာ့ကိုတျခားစိတ္
မရွိဘူး။ဒီအတိုင္းခင္တာ။ေနာက္ပိုင္းသူနဲ႔စကား
ေျပာရင္း ဒါဘယ္လိုေျပာမလဲ?""

""ဒါဟာ ငါ့ရဲ႕ soulmateလား??အဲ့လိုေတြး
မိလာတယ္ဟုတ္?""

""ဟားးးေမာင့္ကို မ,လန္႔ေတာင္လန္႔လာျပီ။ဒီ
ေလာက္က်မ္းေက်ေနခဲ့တာမ,မသိခဲ့ဘူး""

""ဟားဟားမဟုတ္ပါဘူးဆိုဗ်ာခံစားခ်က္ျခင္းတူလို႔ပါ။""

""တာရာလည္းအဲ့လို ခံစားလာရတယ္နဲ႔တူပါ
တယ္။မ,တို႔ ကိုးတန္းေနာက္ဆံုးစာေမးပြဲေန႔
တာရာတို႔အိမ္မွာ Partyေပးတယ္။အဲ့မွာတာရာ
ကအားလံုးေရွ႕မွာဖြင့္ေျပာခဲ့တာ""

""Daebaek!!ဆရာတစ္ပါးပဲ။မိဘေတြေရွ႔မွာ
ေကာ။မိုက္တယ္ဗ်ာ""

""မ,လည္းတကယ္မထင္ထားခဲ့ဘူးေလ။မ,
တာရာ့ကို သေဘာက်တာမွန္ေပမယ့္ မဟာ့အေပၚမ,သစၥာမေဖာက္ခဲ့ဘူး။ငါငယ္ေသး
လို႔အေနနီးေနလို႔စိတ္ဝင္စားတာျဖစ္မွာပါေလဆို
ျပီးပဲ ေျဖေတြးခဲ့တယ္။အဲ့ေန႔က မဟာ့ကိုparty
ကိုေခၚသြားတယ္ဆိုတာကလည္း မဟာနဲ႔တာရာ့
ကိုတကယ္ညွုိေပးခ်င္လို႔။ဒါေပမယ့္ တာရာအဲ့လို
ဖြင့္ေျပာလိုက္ေတာ့-သူငယ္ခ်င္းေတာ္ေတာ္မ်ား
မ်ားကလည္း တာရာအစက မဟာ့ကိုႀကိဳက္ေန
တာသိေနႀကေတာ့။မဟာေတာ္ေတာ္ရွက္သြား
တယ္။အဲ့ေန႔ကစျပီး မဟာ--မ,ကိုစကားမေျပာ
ေတာ့ဘူး။မ,ေလဖုန္းေတြဆက္တယ္။အိမ္ေရွ႔မွာ
ရပ္ျပီးေတာင္းပန္ခဲ့တယ္။ေမာင္ရယ္မ,တကယ္
သူ႔အေပၚသစၥာမေဖာက္ခဲ့ပါဘူးဒါမွန္ေသာစကားပါ""

""အာာာာ မငိုနဲ႔ေလ။တိတ္--တိတ္။Arlayo
က်ေတာ္သိတယ္။က်ေတာ္ေလးစားမိတဲ့မိန္္းမ
ကဒီလို ခပ္နိမ့္နိမ့္ေတြးတတ္တဲ့မိန္းမ
မဟုတ္တာက်ေတာ္သိတယ္""

ေအာ္Role Modelကိုေျဖသိမ့္ေခ်ာ့ေမာ့ခြင့္ရခဲ့
ပါေပါ့လား။ငါကြ။ေနေကာင္းျမတ္သူတို႔ ဇာတာေတြတက္ေနတာ။အဲ့လို

ကမ္းေပးေသာTissueကိုလွမ္းယူရင္းမ်က္ရည္
ေတြသုတ္ရင္း

""မ်ိဳးေကာင္း္တာရာ့ေႀကာင့္ထိန္းခဲ့တဲ့ငါ့Imageေတြေတာ့ပ်က္ပါျပီ""

ဟူ၍eyelinerေတြမပြသြားေအာင္သုတ္ဖယ္ေန
ရင္းငိုသံတစ္ဝက္နဲ႔ေရျခားေျမျခားကလူအားေရႊ
ေမတာၱပို႔သေနေသး၏။
အားက်မိတယ္တကယ္။ငယ္ခ်စ္ေတြဆိုတာကလည္းအီဆီကလီေတြလုပ္
ဖို႔ထက္ တစ္ေယာက္နဲ႔တစ္ေယာက္ဖဲ့ဖို႔ေလာက္
သာေခ်ာင္းေနႀကတဲ့ Typesေတြဆိုေတာ့။
>>>ဒါဆို က်ေတာ္နဲ႔ကိုဇက္ တြဲျဖစ္ရင္<<<
ဘာေတြစိတ္ကူးယဥ္ေနတာလားေနေကာင္းရာ
ရူးေနလား??

အရူးတစ္ေယာက္လိုေခါင္းခါေမာင္းထုတ္ရင္း
သိခ်င္တာကိုဆက္ေမးျဖစ္သည္။သူမ်ားအေႀကာင္းစိတ္ဝင္စားေနမွကို္ယ့္အ
ေႀကင္းေပါက္ကရေတြမေတြးျဖစ္မွာ

""အဲ့တည္းကတြဲခဲ့ႀကတာလား??""

""ဟင့္အင္း မ,မတြဲခဲ့ဘူး။မ,ျငင္းခဲ့တာေပါ့။မ,စိတ္
ကိုသိေနေတာ့ တာရာပိုခံစားရတယ္။သူနည္းမ်ိဳး
စံုနဲ႔ေျဖာင္းျဖေနေပမယ့္ မ,က မဟာနဲ႔ျပန္ေျပ
လည္ဖို႔ပဲႀကိဳးစားေနခဲ့တာ။ေနာက္ဆံုးတာရာ
ေက်ာင္းထြက္သြားတယ္။ဆယ္တန္းဆက္မတက္
ပဲGCE O'LEVEL ေျဖတယ္။ေနာက္Paris
ကိုျပန္သြားတယ္""

""ဟင္!!ဒါဆို ဘယ္လိုလုပ္??""

""တာရာနဲ႔ျပန္ေတြ႔တာ မႀကာေသးဘူး။လြန္ခဲ့
တဲ့သံုးႏွစ္ဆိုေမာင္တို႔ USေရာက္ေနခ်ိန္မွ ျပန္
ေတြ႔ျဖစ္တာ။အဲ့ဒါလည္းလံုးဝမေမ်ွာ္လင့္ပဲျပန္ေတြ႔
တာ""

""တာရာတကယ္မ,ေပၚအဲ့ေလာက္ထိသံေယာဇဥ္
ႀကီးခဲ့လိမ့္မယ္လို႔လည္းမထင္ခဲ့ဘူး။ျပန္ေတြ႔ေတြ႔
ခ်င္းပဲ လက္ထပ္ခြင့္ေတာင္းခဲ့တာေလ။သူျမန္မာ
ျပည္ကိုျပန္လာတာ မ,ကိုလာရွာတာ။""

""Daebaek!!""

""အင္းးးမ,အေျခအေနေတြကိုသူအျမဲစံုစမ္းခဲ့
တယ္တဲ့။မ,စိတ္ေတြေနသားက်တဲ့ထိသူေစာင့္
ေပးခဲ့တာ။မ,အိမ္ကိုေရာက္လာျပီးေတာ့ ေမေမ
ေရွ႔မွာတင္လက္ထပ္ခြင့္ေတာင္းခဲ့တာ""

""ေယာက္ဖေတာ္ကို ေလးစားသြားျပီ။လံုးဝမိုက္တယ္။ဒါနဲ႔ က်ေတာ္နဲ႔ မ,အေႀကာင္း
ေကာ အစ္ကိိုသိလား?""

""သိတာေပါ့။သူကေတာင္ေျပာေသးတယ္။ေသ
ခ်ာကူညီေပးလိုက္ပါတယ္။ခ်စ္တဲ့လူခ်င္းေဝးေန
ရတဲ့ဒုကၡဘယ္ေလာက္ခံရခက္လည္းဆုိတာသိ
တယ္မလားတဲ့""

ခ်ိဳကသာအားတက္သေရာေျပာေနေပမယ့္ ေခါင္း
ေလးငံု႔ကာေတြေတြေလးျဖစ္သြား၏

""ဘာျဖစ္လို႔လဲေမာင္""

""ေမာင္ အခုေတြးေနတာ။ေမာင္--မဟာ့အေပၚ
မတရားသလိုျဖစ္ေနျပီထင္တယ္။""

""ဟာာာမဟုတ္တာ။""

""မဟာ ကအခ်စ္ဦးကိုလည္္းဆံုးရံႈးခဲ့ရတယ္။
ခု ကိုဇက္--နဲ႔ က်ေတာ့္ေႀကာင့္ပါသူစိတ္ညစ္ေန
ရမယ္ဆိုရင္--""

""ေမာင္ရယ္~~~မဟာ့အတြက္ Zမဟုတ္လည္း
မဟာ့ကို သေဘာက်တဲ့လူေတြအမ်ားႀကီးပါ။
ေမာင့္မွာက Zတစ္ေယာက္ပဲရွိတာေလ။ေဝယံ
ကိုေကာ ေမာင္ခ်စ္လို႔လား??မ,ကိုေရာ?ျပီးေတာ့
USမွာေမာင့္ကို crushခဲ့တဲ့ေကာင္မေလးေတြ
ေရာ??ေမာင္ဘယ္သူ႔မွ စိတ္ေတာင္မဝင္စားခဲ့
ဘူးမလား??ေမာင္ Zတစ္ေယာက္ထဲကိုပဲခ်စ္
ခဲ့ရတာေလ""

""ခ်စ္ေနတာနဲ႔ပဲ--သူ႔ကိုက်ေတာ့္ဘဝထဲဆြဲမသြင္း
ရက္ပါဘူးမ,ရယ္။အစတည္းက ကိုဇက္ကသူ႔ဘဝ
ကိုစီစဥ္တက်planဆြဲထားတာ။သူ က်ေတာ့္ကို
ခ်စ္တယ္ဆိုရင္ေတာင္မွ က်ေတာ္တို႔ႏွစ္ေယာက္
တည္းပဲရွိတာမွမဟုတ္တာ။က်ေတာ္တို႔အသိုင္း
အဝို္င္းေတြ--""

""ေမာင္ ရယ္--အခ်စ္စစ္ရင္--""

""မဟုတ္ဘူး။မ--စဥ္းစားႀကည့္ရင္--က်ေတာ္
တို႔ဒီအတိိုင္းေလးရပ္လိုက္တာပဲေကာင္းမယ္
ထင္တယ္။ကိုဇက္ ကိုလည္းသူမ်ားအထင္ေသး
အျမင္ေသးခံရတဲ့ဘဝမ်ိဳးက်ေတာ္မေရာက္ေစ
ခ်င္ဘူးက်ေတာ့္ေမေမနဲ႔ေဖေဖကနားလည္ေပး
တယ္ဆိုရင္ေတာင္ကိုဇက္္ကျမန္မာဆန္တဲ့
မိသားစုထဲမွာႀကီးျပင္းလာရတာေလကိုဇက္ေဖေဖ
ဆိုတာကလည္း Engineerဆိုေတာ့သိတဲ့
အတိိုင္းသူ႔အသိုင္းအဝိုင္းအေနအထားနဲ႔ဒီလိုအ
ေျခအေနကိုဘယ္လိုမွလက္ခံႏိိုင္မွာမဟုတ္ဘူး။အရင္တည္းက ေရွ႔ဆက္ဖို႔မျဖစ္ႏုိင္တဲ့အေျခအေန
မွာ ခု မဟာ့ အေႀကာင္းပါသိလိုက္ရေတာ့--""

""ေမာင္ရယ္~~ေမာင္ခံစားရမွာေပါ့။ျပီးေတာ့
Zကိုေကာ မဟာ့အေႀကာင္းလည္းေမာင္အခု
သိသြားျပီပဲ။Zကိုအဲ့လို အခ်ဳပ္ခ်ယ္ခံဘဝေရာက္
ခံႏုိင္လား?""

""သားေတြသမီးေတြ ရလာရင္ေတာ့ မိသားစုဆို
တဲ့အေနအထားမွာ ကိုဇက္ေနသားက်လာမွာပါ။
မဟာကကိုဇက္ကိုတကယ္ခ်စ္တာသိသာပါတယ္
ျပီးေတာ့ ကိုဇက္အတြက္ လူေရွ႔သူေရွ႔ပြဲထုတ္ဖို႔
သင့္ေတာ္တဲ့ အေျခအေနရွိသူေလ။
က်ေတာ္ကိုက မွားယြင္းျပီးေမြးဖြားလာတယ္လို႔
ပဲ--""

""ေမာင္ရယ္--""

ႏႈတ္ခမ္းေလးဖိလိုက္ လက္ေခ်ာင္းေတြကိုဖိညွစ္
လိုက္နဲ႔ အားတင္းေျပာေနေသာေကာင္ေလး။
ငံု႔ထားေသာေခါင္းေအာက္ကေနျပီး အရည္ႀကည္
ေလးတစ္စက္ ေျခဖမိုးေဖြးဥဥေပၚက်ဆင္းသြား
တာျမင္လိုက္ရခ်ိန္။ခ်ိဳ႕စိတ္ထဲနင့္ခနဲ။HCေတြရဲ႕
ယံုႀကည္မႈကို မွ်ေဝခံစားႏိုင္မႈ ဒါေတြကိုေကာ
ဒီကေလးမ်က္ကြယ္ျပဳေတာ့မွာတဲ့လား??

သက္မတစ္ခုခ်ရင္း ေခါင္းျပန္ေမာ့ကာျပံဳးျပသည္။
စိုေနတဲ့မ်က္ေတာင္ေတြက သူတို႔လာရာရပ္ဝန္း
ကိုကြယ္ကာဝွက္ကာႏွင့္ပုတ္ခတ္ပုတ္ခတ္။

""က်ေတာ္ျပန္ေတာ့မယ္ မမခ်ိဳ။""

""ေမာင္ ကားမပါလာဘူးမလား??မ,လိုက္ပို႔မယ္
ေလ""

"ရတယ္။Taxiပဲငွားသြားေတာ့မယ္။သြားမယ္ေနာ္""

မမခ်ိုဳေရွ႔မွအျမန္ထြက္လာလိုက္ရသည္။စူးျပီး
ေအာင့္တက္လာတဲ့တစ္ေနရာကိုလက္ႏွင့္ဖိကာ
Taxiေနာက္ခန္းတြင္းေခြ်းေစးေတြပါျပန္တက္ ေနျပီျဖစ္ေသာက်ေတာ့္အားTaxiေမာင္းတဲ့
အစ္ကိုႀကီးကသတိထားမိသြား၏

""ငါ့ညီ။ဘာ--ဘာျဖစ္လို႔လဲ??ဘယ္နားကနာ
ေနတာလဲ?""

""အစ္ကို က်ေတာ့္ကို ဝိတိုရိယကိုေမာင္းေပးပါ""

""ေအးေအး။မင္း ရရဲ႕လား??ဘာျဖစ္တာလဲ""

""ရ--ရတယ္။ျဖစ္ေနက်ပါ။စိတ္မပူပါနဲ႔""

ပိုပိုဆိုးလာတဲ့ေအာင့္တက္မႈက ခုေနာက္ပိုင္း
ရက္စိပ္လာခဲ့၏။အရင္ အကိုက္အခဲေပ်ာက္ေဆး
ႏွစ္လံုးေလာက္ေသာက္လိုက္ရင္ သက္သာသြား
တတ္ေပမယ့္ ခုတစ္ခါကမရေတာ့။ေခ်ြးေစးေတြပါ
ျပန္လာတာသတိမလြတ္သြားေအာင္မနည္းထိန္းထားလို႔သာ--ခုခ်ိန္စိတ္ေတြလႊတ္ခ်လိုက္ပါက--
က်ေတာ္--
-
-
-
-
မ်က္ႏွာလႊဲကာကြယ္ကာႏွင့္ ေျခလွမ္းက်ဲမ်ားႏွင့္
ေက်ာခိုင္းထြက္သြားသူ။ေက်ာျပင္ေလးကိုေငး
ႀကည့္ရင္းဆို႔နင္လာေသာရင္။မွားယြင္းျပီးေမြး
ဖြားလာတယ္တဲ့လား??မဟုတ္ပါဘူး။ ဒီေလာက္နဲ႔--ဒီလိုမ်ိဳးနဲ႔ေတာ့ ႏွစ္ေပါင္း
မ်ားစြာ ႀကည့္လာခဲ့ခ်စ္လာခဲ့ရတဲ့ လူႏွစ္ေယာက္
ကိုဒီလိုႀကီးနဲ႔ေတာ့ျပီးမသြားခ်င္ဘူး။

"မဟာေရ~~ငါ့ကိုလံုးဝခြင့္မလႊတ္ပါနဲ႔ေတာ့ဟာ"

ဒီကိစၥကို ခ်ိဳတစ္ေယာက္တည္းအားနဲ႔မရ။သူ႔ကို
ဝန္းရံေႀကာင္းသူတို႔ႏွစ္ေယာက္ကို ဘယ္ေလာက္
ထိနီးစပ္ေစခ်င္တဲ့ လူေတြရွိေႀကာင္းသိမွျဖစ္ေတာ့
မွာ~~~

ဆုျမတ္ကိုကို အားဖုန္းခ်က္ခ်င္းေခၚရေတာ့၏
အလုပ္ထဲေရာက္ေနလို႔လားမသိ။ကေလးမက
Fandomဖုန္းကိုပိတ္ထားတယ္။အာာအေရးမွ
မတတ္ႏိုင္ဘူး။အလုပ္ဖုန္းကိုပဲေခၚရေတာ့၏

""ညို,ငယ့္ကိုဖုန္းေခၚတယ္""

""အင္း--ဆုငယ္ေရ--ညိဒီမွာေသေတာ့မယ္""

""ဟင္!!ေကာင္းေကာင္းတို႔ဘာျဖစ္လို႔လဲ??""

Kpopperလို႔မေျပာရဘူး။ခ်က္ဆိုနားကြက္က
မီးေလာင္ေနတာ
သူတို႕siteထဲေက်ာက္ေလာင္းေနတဲ့ပံုပဲ။Vibrator---မလြတ္ေစနဲ႔ ဟုတစ္ခ်က္ေအာ္ျပီး
မွ

""ဟုတ္ ဟုတ္ ညိေျပာ
ငယ္Siteထဲေရာက္ေနလို႔ေကာင္း,ဘာေတြေမႊျပန္
ျပီလဲ??""

""ညိ ဒီေန႔သူ႔ကိုအေႀကာင္းတစ္ခုေျပာျပလိုက္မိ
တယ္။အဲ့မွာ ညိစမွားတာပဲ""

""ညိ ကဘာေတြသြားေျပာ??""

""အင္းညိလူခ်င္းေတြ႔မွ ေျပာျပမယ္။ခုေျပာခ်င္
တာ။ညိတို႔ ဝုနး္မွျဖစ္ေတာ့မယ့္အေျခအေန
ေရာက္ေနျပီ ဆုငယ္""

""အို---ႀကိဳက္ျပီေလ။ဒီကအဲ့ permitက်လာ
မယ့္အခ်ိန္ကိုေစာင့္ေနတာ။စိတ္ခ် ညိ,ငယ္အပီ
ကိုဝုန္းေပးမယ္။ဒီေလာက္တြန္းတာမွ မေရြ႔ရင္
ႏွစ္ေယာက္သားကို ဖမ္းျပီးအခန္းထဲပိတ္ထား
မယ္""

>>ငါ ေသလို႔ရျပီဆုငယ္ရယ္။သိပ္ကိုတက္ႀကြေန
တာေကာ<<<

""အမယ္ေလး အဲ့လိုပိတ္ထားရင္ေတာင္ ငါဟဲ့
ေယာက်ာ္းဆိုျပီး တံခါးဖ်က္ျပီးထြက္လာႀကမယ့္
အမ်ိဳးေတြ။ေကာင္းေကာင္း ကိုသနားတယ္ငယ္
ရယ္။ညိတို႔ ပါမွကိုျဖစ္ေတာ့မယ္""

""Okok စိတ္ခ်ညိ။ငယ္ အိမ္ျပန္ေရာက္တာနဲ႔
collectionေတြ ျပန္ထုတ္ျပီးဝုန္းေပးမယ္။
စိတ္ခ်ညိ။""

""ေအးပါ ငယ္ရယ္။ဝန္းရံေပးပါ။အားကိုးပါတယ္
ဒီေန႔ ေကာင္းေကာင္းေျပာသြားတဲ့စကားေတြ
ႀကားျပီး ညိတကယ္ခံစားေနရတာ""

""ငယ္ သိတယ္။စိတ္ခ်ညိ။ဝန္းရံေပးမယ့္သူေတြ
မ်ားက်ိပဲ။ညိလည္း old picsေလးေတြျပန္
ရွာေပးထားေနာ္သိလား?""

""Okok!!ေက်းေက်းပါဆုငယ္ရယ္""

""ရပါတယ္။ညက်မွ ဆက္ေျပာမယ္ေနာ္။ငယ္
အခု အလုပ္ထဲမွာမို႔""

""အင္းအင္း ညိေႏွာင့္ယွက္မိျပီ။ညိလည္းဒီေန႔
တကယ္ထူပူသြားတာပါငယ္ရယ္""

""အာာရတယ္ရတယ္။ငယ္ဖုန္းခ်လိုက္ေတာ့
မယ္ေနာ္။cc u ညိ""

""Paiငယ္။ည လိုင္းတက္ခဲ့ေနာ္။""

""Nae~~""

Thank You All

Everyday on Wp

>>ဆုျမတ္ကိုကို ဆိုသည့္ကေလးမကို မမွတ္မိ
ပါက Age Limited Warningေပးထား
ေသာEpiေလးအားျပန္ဖတ္ႀကပါကုန္။

(Unicode)

/

/

/

အပိုင်း (၁၆)
"ဒီနှစ်ပိုင်းတွင်း ဒါတွေကို ဘယ်သူ့ကို မှ မပြောပြဖြစ်ခဲ့ဘူး။ မောင့်ကို ပထမဆုံးပြောပြတာ"
အမြဲပေါ့ပေါ့ပါးပါးနှင့် အကောင်းမြင်ဝါဒစွဲကိုင်ထားသူ တစ်ယောက်အနေနှင့် ဒီလိုပြောထွက်ဖို့အတင်း
ကြိုးစားယူနေတယ်ဆိုတည်းက မမချိုဘယ်လောက်ခက်ခဲခဲ့မှန်း မှန်းဆနိုင်သည်။
"မိဘတွေချင်း ရင်းနှီးကြတော့ မနဲ့တာရာနဲ့လည်း အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်။
မ,နဲ့ခင်တယ်ဆိုတည်းက နောက်ထပ်မိန်းမချောလေးတစ်ယောက်ကိုပါ ခင်ခွင့်ရခဲ့လို့ တာရာက
ဝမ်းသာမဆုံးဖြစ်ခဲ့တာလေ"
"အဲ့ဒါ မဟာ မလား"
"ဟင်! မောင် သိနေခဲ့တာလား"
"မဟုတ်ပါဘူး။ ဒီအတိုင်း ဆက်စပ်တွေးကြည့်တာ မဟာ့အကြောင်းကို လိုက်တော့ မ,နဲ့ကျောင်းတူနေ
တယ်လေ။ ဆယ်တန်းအောင်တဲ့နှစ်ကလည်း တစ်နှစ်တည်းဆိုတော့ မောင့်စိတ်ထဲသိနေတယ်လို့ထင်နေတာ"
"ရိုးရိုးသိတာထက်ပိုတာပေါ့မောင်ရယ်...မဟာနဲ့မ, က အမေတွေဖက်ကတော်တဲ့ တစ်ဝမ်းကွဲညီမတွေလေ"
"တကယ်ကြီး..."
"အင်းဟုတ်တယ်။ ငယ်ငယ်တုန်းကတော့ တတွဲတွဲပဲ၊ အသက်လည်းတူ ကျောင်းလည်းတူတော့
သာမာန်cousinတွေထက် ပိုရင်းနှီးခဲ့ကြတာ။ မဟာကလေ အရွယ်ရောက်လေ လှလာလေပဲ။
မ,ကအဲ့တုန်းတည်းက kpopper ဖြစ်နေတော့ သိတဲ့အတိုင်းပဲလေ၊ ကိုယ့်idolကိုယ်ကြည့်ပြီးပဲ နေလာတာ။
မဟာ ကတော့ အဲ့လိုမဟုတ်ဘူး။ လှလှလေးနေတယ်။ သူနဲ့တွဲသွားရင် ကျားလိုလိုမလိုလိုနဲ့ မ,ကိုဘယ်သူမှ
စိတ်မဝင်စားဘူး။ တာရာလည်းအဲ့လိုပဲလေ။ မ,နဲ့ခင်တယ်ဆိုပေမယ့် တာရာစိတ်ဝင်စားတာ မဟာပဲ၊ တာရာက
အနောက်မှာကြီးလာခဲ့တဲ့ လူဆိုတော့ မဟာရဲ့မြန်မာဆန်ဆန် ဆံပင်ရှည်ကြီးနဲ့အေးအေးဆေးဆေးလေး
နေတဲ့ ပုံက တာရာ့အတွက် ဆန်းစေတယ်လေ"
ဒီနေရာမှာတော့ တော်တော်ကိုလွဲသွားပြီ။ ကျွန်တော်တို့နဲ့ တွေ့ချိန်မှာ မမချိုက Fashionကျကာ
လှနေသော မိန်းမချောတစ်ဦးဖြစ်နေခဲ့ပြီ။ ခုလိုကြားရတာ တော်တော်တော့ထူးဆန်းနေ၏။
"ဒါဆို မ,က တတိယလူဖြစ်ခဲ့တာပေါ့"
"အင်းဟုတ်တယ်။ တာရာက သူနဲ့မဟာ့ကြားမှာ မ,ကိုအောင်သွယ်လုပ်ခိုင်းခဲ့တာလေ။ တာရာက သူနေခဲ့တဲ့
ပတ်ဝန်းကျင်ကလို မဟာ့ကိုသူ့ခံစားချက်ကိုပွင့်ပွင့်လင်းလင်းပြောခဲ့တယ်။ ဒါပေမဲ့ မဟာ ကတော့ တာရာ့ကို
မပွင့်လင်းခဲ့ဘူး။ အဖြေတော်တော်နဲ့မပေးပဲဆွဲထားတယ်။ သဘောမကျဘူးလားဆိုတော့လည်းမဟုတ်ဘူး။
နောက်ပိုင်း တာရာ့နား ဘယ်သူမှကပ်လို့ကိုမရတော့တာ၊ အဖြေတော့မပေးဘဲ အဲ့လိုတွေလုပ်တော့
ကြာတော့ တာရာက မကြိုက်ချင်တော့ဘူး။ တာရာက ငယ်ငယ်လေးတည်းက လူ့အခွင့်အရေးအပြည့်အဝ
ရတဲ့ နေရာမှာ နေလာခဲ့ရတဲ့သူဆိုတော့ မဟာ ချုပ်ချယ်တဲ့ဒဏ်မခံနိုင်ဘူး ။ သူကြိုက်လည်းမကြိုက်ဘူး။
နောက်ကြာတော့ မဟာ့ကိုရှောင်လာတော့တာပဲ"
"သူတို့နှစ်ယောက်ကြား မ,နေရခက်ခဲ့မှာပေါ့"
"တကယ်ပေါ့မောင်ရယ်...နောက်ပိုင်းအကြောင်းတွေ ပြောမပြချင်တော့ဘူးရယ်...မ,လည်းခုချိန်ထိ
ငါမှားများမှားနေပြီလားလို့တွေးမိနေတုန်းပဲ"
"နောက်ပိုင်း ကိုတာရာက မ,ကို ပိုခင်တွယ်လာတယ်မလား ၊ အစ က ခပ်ပေပေတေတေလေးမို့
စိတ်မဝင်စားပေမယ့် နောက်ပိုင်း သူငယ်ချင်းပေါင်းပေါင်းရင်းနဲ့မှ မ,ကိုကြွေသွားတယ်ဟုတ်။
ခုခေတ်ယောကျာ်းလေး တွေက ဒီလိုပဲ မ, ရ။ လှရင်တော့ စိတ်ဝင်စားကြတာပဲ။ ဒါပေမဲ့ ဘဝအတွက်ဆို
ရင်တော့ လှတာချောတာထက်ကိုယ့်စိတ်နဲ့အနီးဆုံးရှိနေတဲ့မိန်းကလေး၊ ပြီးတော့ကိုယ်နဲ့ဘဝတိုက်ပွဲဝင်နိုင်မယ့်
ရဲဘော်ရဲဖက်လိုလူမျိုးကို ရွေးချယ်သွားတတ်ကြတာပဲ"
"ဟား...ဒီလိုဆိုတော့လည်း မောင်က ကျမ်းကျေကြီးပဲ"
"ကျမ်းကျေတာမဟုတ်ပါဘူး။ ခုခေတ်ယောကျာ်းလေးတွေရဲ့ စိတ်ကိုယောကျာ်းချင်းချင်းမို့ သိတာမဆန်းပါဘူး။
ကဲပြောပါဦး နောက်ဘယ်လိုဖြစ်လဲ"
"နောက် တာရာက မဟာ့ကိုရှောင်လာတယ်။ မဟာက တာရာသူ့ကိုရှောင်လာတာ မ,ကကြားထဲက
သွေးထိုးတယ်လို့ထင်နေတာက ပြဿနာစတာပဲ၊ တာရာနဲ့ မ,ကအိမ်ချင်းလည်းနီးတယ်။ ပြီးတော့...
တာရာကမြန်မာစာရေးဆရာကြီးတွေရဲ့ စာအုပ်တွေကို ဒီရောက်မှစဖတ်ဖူးတော့ မ,တို့အဘိုးရဲ့စာအုပ်တွေ
လာလာငှားတယ်။ ပြီးရင် မ,နဲ့ စာအုပ်အကြောင်းတွေဆွေးနွေးဖြစ်တယ်"
"စာဖတ်တာချင်း ဖတ်တဲ့စာအမျိုးအစားချင်းတူတဲ့လူနဲ့ စကားပြောရတာလောက် ကောင်းတာမရှိဘူး။
အဲ့လိုစာအုပ်တွေကို အခြေခံပြီး ခင်သွားကြတဲ့လူတွေက သာမာန်ခင်တဲ့လူတွေထက်ပိုတွဲဖြစ်တယ်။
အတွေးအခေါ်ချင်းတူတာကိုး...စာဖတ်တဲ့လူအချင်းချင်းပဲသိတာ။ အဲ့Feelingကို"
"အင်း...မ,လည်းအစက တာရာ့ကို တခြားစိတ်မရှိဘူး။ ဒီအတိုင်းခင်တာ။ နောက်ပိုင်းသူနဲ့စကားပြောရင်း
ဒါဘယ်လိုပြောမလဲ"
"ဒါဟာ ငါ့ရဲ့ soulmateလား။ အဲ့လိုတွေးမိလာတယ်ဟုတ်"
"ဟား...မောင့်ကို မ,လန့်တောင်လန့်လာပြီ။ ဒီလောက်ကျမ်းကျေနေခဲ့တာမ,မသိခဲ့ဘူး"
"ဟားဟားမဟုတ်ပါဘူးဆိုဗျာ... ခံစားချက်ခြင်းတူလို့ပါ"
"တာရာလည်းအဲ့လို ခံစားလာရတယ်နဲ့တူပါတယ်။ မ,တို့ ကိုးတန်းနောက်ဆုံးစာမေးပွဲနေ့ တာရာတို့အိမ်မှာ
ပါတီ ပေးတယ်။ အဲ့မှာ တာရာက အားလုံးရှေ့မှာ ဖွင့်ပြောခဲ့တာ"
"Daebaek!(မိုက်လိုက်တာ) ဆရာတစ်ပါးပဲ၊ မိဘတွေရှေ့မှာကော...မိုက်တယ်ဗျာ"
"မ,လည်း တကယ်မထင်ထားခဲ့ဘူးလေ။ မ,တာရာ့ကို သဘောကျတာမှန်ပေမယ့် မဟာ့အပေါ်
မ,သစ္စာမဖောက်ခဲ့ဘူး။ ငါငယ်သေးလို့ အနေနီးနေလို့ စိတ်ဝင်စားတာဖြစ်မှာပါလေဆိုပြီးပဲ ဖြေတွေးခဲ့တယ်။
အဲ့နေ့က မဟာ့ကိုပါတီကို ခေါ်သွားတယ်ဆိုတာကလည်း မဟာနဲ့တာရာ့ကို တကယ်ညှိုပေးချင်လို့။
ဒါပေမဲ့ တာရာအဲ့လိုဖွင့်ပြောလိုက်တော့...သူငယ်ချင်းတော်တော်များများကလည်း တာရာအစက
မဟာ့ကိုကြိုက်နေတာသိနေကြတော့...မဟာတော်တော်ရှက်သွားတယ်။ အဲ့နေ့ကစပြီး မဟာ မ,ကိုစကား
မပြောတော့ဘူး။ မ,လေဖုန်းတွေဆက်တယ်။ အိမ်ရှေ့မှာရပ်ပြီးတောင်းပန်ခဲ့တယ်။
မောင်ရယ်မ,တကယ်သူ့အပေါ် သစ္စာမဖောက်ခဲ့ပါဘူး။ ဒါမှန်သောစကားပါ"
"အာ... မငိုနဲ့လေ။ တိတ်...တိတ်။ ကျွန်တော်သိတယ်။ ကျွန်တော်လေးစားမိတဲ့မိန်းမက ဒီလို ခပ်နိမ့်နိမ့်
တွေးတတ်တဲ့မိန်းမ မဟုတ်တာ ကျွန်တော်သိတယ်"
သြော် Role Model ကိုဖြေသိမ့်ချော့မော့ခွင့်ရခဲ့ပါပေါ့လား။ ငါကွ။ နေကောင်းမြတ်သူတို့ ဇာတာတွေတက်
နေတာ။ အဲ့လိုကမ်းပေးသော တစ်ရှုး ကိုလှမ်းယူကာ မျက်ရည်တွေသုတ်ရင်း...
"မျိုးကောင်း တာရာ့ကြောင့် ထိန်းခဲ့တဲ့ ငါ့Imageတွေတော့ ပျက်ပါပြီ" ဟူ၍ အိုင်းလိုင်နာ တွေ ပွမသွား
အောင်သုတ်ဖယ်နေရင်း ငိုသံတစ်ဝက်နဲ့ရေခြားမြေခြားက လူအား ရွှေမေတ္တာပို့သနေသေး၏။
အားကျမိတယ်တကယ်။ငယ်ချစ်တွေဆိုတာကလည်း အီဆီကလီတွေ လုပ်ဖို့ထက်တစ်ယောက်နဲ့တစ်ယောက်
ဖဲ့ဖို့လောက်သာ ချောင်းနေကြတဲ့ ပုံစံတွေဆိုတော့။
ဒါဆို ကျွန်တော်နဲ့ကိုဇက် တွဲဖြစ်ရင်ရော... ဘာတွေစိတ်ကူးယဉ်နေတာလားနေကောင်းရာ ရူးနေလား။
အရူးတစ်ယောက်လို အတွေးတွေကို ခေါင်းခါမောင်းထုတ်ရင်း သိချင်တာကို ဆက်မေးဖြစ်သည်။
သူများအကြောင်း စိတ်ဝင်စားနေမှ ကိုယ့်အကြောင်း ပေါက်ကရတွေမတွေးဖြစ်မှာ။
"အဲ့တည်းက တွဲခဲ့ကြတာလား"
"ဟင့်အင်း မ, မတွဲခဲ့ဘူး။ မ, ငြင်းခဲ့တာပေါ့။ မ,စိတ်ကိုသိနေတော့ တာရာပိုခံစားရတယ်။ သူနည်းမျိုးစုံနဲ့
ဖြောင်းဖြနေပေမယ့် မ,က မဟာနဲ့ ပြန်ပြေလည်ဖို့ပဲ ကြိုးစားနေခဲ့တာ။ နောက်ဆုံးတာရာကျောင်းထွက်သွား
တယ်။ ဆယ်တန်းဆက်မတက်တော့ဘဲ ပဲရစ်ကိုပြန်သွားတယ်"
"ဟင်! ဒါဆို ဘယ်လိုလုပ်"
"တာရာနဲ့ပြန်တွေ့တာ မကြာသေးဘူး။ လွန်ခဲ့တဲ့သုံးနှစ်ဆိုတော့ မောင်တို့ USရောက်နေချိန်မှ ပြန်တွေ့
ဖြစ်တာ။ အဲ့ဒါလည်း လုံးဝမမျှော်လင့်ပဲပြန်တွေ့တာ"
"တာရာတကယ်မ,ပေါ်အဲ့လောက်ထိ သံယောဇဉ်ကြီးခဲ့လိမ့်မယ်လို့လည်း မထင်ခဲ့ဘူး။ ပြန်တွေ့တွေ့ချင်းပဲ
လက်ထပ်ခွင့်တောင်းခဲ့တာလေ။ သူမြန်မာပြည်ကို ပြန်လာတာ မ,ကိုလာရှာတာတဲ့"
"Daebaek!(မိုက်တယ်)"
"အင်း မ,အခြေအနေတွေကို သူအမြဲစုံစမ်းခဲ့တယ်တဲ့။ မ,စိတ်တွေနေသားကျတဲ့ထိ သူစောင့်ပေးခဲ့တာ။
မ,အိမ်ကိုရောက်လာပြီးတော့ မေမေရှေ့မှာတင် လက်ထပ်ခွင့်တောင်းခဲ့တာ"
"ယောက်ဖတော်ကို လေးစားသွားပြီ။ လုံးဝမိုက်တယ်။ ဒါနဲ့ ကျွန်တော်နဲ့ မ,အကြောင်းကော အစ်ကိုသိလား"
"သိတာပေါ့။ သူကတောင်ပြောသေးတယ်။ သေချာကူညီပေးလိုက်ပါတဲ့၊ ချစ်တဲ့လူချင်းဝေးနေရတဲ့ဒုက္ခ ဘယ်လောက်ခံရခက်လည်းဆိုတာ သိတယ်မလားတဲ့"
ချိုကသာ အားတက်သရောပြောနေပေမယ့် ခေါင်းလေးငုံ့ကာတွေတွေလေးဖြစ်သွား၏။
"ဘာဖြစ်လို့လဲမောင်"
"မောင် အခုတွေးနေတာ။ မောင်...မဟာ့အပေါ်မတရားသလိုဖြစ်နေပြီထင်တယ်"
"ဟာ မဟုတ်တာ"
"မဟာ ကအချစ်ဦးကိုလည်း ဆုံးရှုံးခဲ့ရတယ်။ ခု ကိုဇက်နဲ့ ကျွန်တော့်ကြောင့်ပါ သူစိတ်ညစ်နေရမယ်ဆိုရင်..."
"မောင်ရယ်...မဟာ့အတွက် ဇက်မဟုတ်လည်း မဟာ့ကို သဘောကျတဲ့လူတွေအများကြီးပါ။ မောင့်မှာက
ဇက်တစ်ယောက်ပဲရှိတာလေ။ ဝေယံကိုကော မောင်ချစ်လို့လား။ မ,ကိုရော ၊ ပြီးတော့ USမှာ မောင့်ကို
ကြိုက်ခဲ့တဲ့ကောင်မလေးတွေရော၊ မောင်ဘယ်သူ့မှ စိတ်တောင်မဝင်စားခဲ့ဘူးမလား။ မောင့်မှာက
ဇက်တစ်ယောက်ထဲကိုပဲ ချစ်ခဲ့ရတာလေ"
"ချစ်နေတာနဲ့ပဲသူ့ကိုကျွန်တော့်ဘဝထဲ ဆွဲမသွင်းရက်ပါဘူးမ,ရယ်။ အစတည်းက ကိုဇက်ကသူ့ဘဝကို
စီစဉ်တကျဆွဲထားတာ၊ သူ ကျွန်တော့်ကို ချစ်တယ်ဆိုရင်တောင်မှ ကျွန်တော်တို့နှစ်ယောက်တည်းပဲ
ရှိတာမှမဟုတ်တာ။ ကျွန်တော်တို့ မိဘ နောက်ပြီး အသိုင်းအဝိုင်းတွေ..."
"မောင် ရယ်...အချစ်စစ်ရင်"
"မဟုတ်ဘူး။ မ စဉ်းစားကြည့်ရင် ကျွန်တော်တို့ဒီအတိုင်းလေး ရပ်လိုက်တာပဲ ကောင်းမယ်ထင်တယ်။
ကိုဇက် ကိုလည်း သူများအထင်သေးအမြင်သေးခံရတဲ့ ဘဝမျိုး ကျွန်တော်မရောက်စေချင်ဘူး။
ကျွန်တော့်မေမေနဲ့ဖေဖေက နားလည်ပေးတယ်ဆိုရင်တောင် ကိုဇက်ကမြန်မာဆန်တဲ့မိသားစုထဲမှာ
ကြီးပြင်းလာရတာလေ။ ကိုဇက်ဖေဖေဆိုတာကလည်း အစိုးရဝန်ထမ်း အရာရှိဆိုတော့သိတဲ့အတိုင်း
သူ့အသိုင်းအဝိုင်းအနေအထားနဲ့ ဒီလိုအခြေအနေကို ဘယ်လိုမှလက်ခံနိုင်မှာ မဟုတ်ဘူး။အရင်တည်းက
ရှေ့ဆက်ဖို့ မဖြစ်နိုင်တဲ့အခြေအနေမှာ ခု မဟာ့ အကြောင်းပါသိလိုက်ရတော့..."
"မောင်ရယ်...မောင်ခံစားရမှာပေါ့။ ပြီးတော့ ဇက်ကိုရော မဟာ့အကြောင်းလည်း မောင်အခုသိသွားပြီပဲ။
ဇက်ကို အဲ့လို အချုပ်ချယ်ခံဘဝရောက်ခံနိုင်လား"
"သားတွေသမီးတွေ ရလာရင်တော့ မိသားစုဆိုတဲ့အနေအထားမှာ ကိုဇက်နေသားကျလာမှာပါ။ မဟာက
ကိုဇက်ကို တကယ်ချစ်တာသိသာပါတယ်။ ပြီးတော့... ကိုဇက်အတွက် လူရှေ့သူရှေ့ပွဲထုတ်ဖို့သင့်တော်တဲ့
အခြေအနေရှိသူလေ။ ကျွန်တော်ကိုက မှားယွင်းပြီး မွေးဖွားလာတယ်လို့ပဲ..."
"မောင်ရယ်...မဟုတ်တာတွေကွာ"
နှုတ်ခမ်းလေးဖိလိုက် လက်ချောင်းတွေကို ဖိညှစ်လိုက်နဲ့ အားတင်းပြောနေသော ကောင်လေး။
ငုံ့ထားသော ခေါင်းအောက်ကနေပြီး အရည်ကြည်လေးတစ်စက် ခြေဖမိုးဖွေးဥဥပေါ် ကျဆင်းသွား
တာမြင်လိုက်ရချိန်။ ချို့စိတ်ထဲနင့်ခနဲ။ HCတွေရဲ့ ယုံကြည်မှု ၊ မျှဝေခံစားနိုင်မှု ဒါတွေကိုကော ဒီကလေး
မျက်ကွယ်ပြုတော့မှာတဲ့လား။ သက်မတစ်ခုချရင်း ခေါင်းပြန်မော့ကာ ပြုံးပြသည်။ စိုနေတဲ့ မျက်တောင်တွေ
က သူတို့လာရာရပ်ဝန်းကို ကွယ်ကာဝှက်ကာနှင့် ပုတ်ခတ်ပုတ်ခတ်လုပ်နေသေး၏။
"ကျွန်တော်ပြန်တော့မယ် မမချို"
"မောင် ကားမပါလာဘူးမလား။ မ,လိုက်ပို့မယ်လေ"
"ရတယ်။ ကားပဲငှားသွားတော့မယ်။ သွားမယ်နော်"
မမချိုုရှေ့မှအမြန်ထွက်လာလိုက်ရသည်။ စူးပြီးအောင့်တက်လာတဲ့ တစ်နေရာကို လက်နှင့်ဖိကာ
နောက်ခန်းတွင်း ချွေးစေးတွေပါ ပြန်တက်နေပြီဖြစ်သော ကျွန်တော့်ကိုTaxiမောင်းတဲ့ အစ်ကိုကြီးက
သတိထားမိသွား၏။
"ငါ့ညီ။ ဘာဖြစ်လို့လဲ။ ဘယ်နားကနာနေတာလဲ"
"အစ်ကို ကျွန်တော့်ကို ဝိတိုရိယကိုမောင်းပေးပါ"
"အေးအေး။ မင်း ရရဲ့လား။ ဘာဖြစ်တာလဲ"
"ရ...ရတယ်။ ဖြစ်နေကျပါ။ စိတ်မပူပါနဲ့"
ပိုပိုဆိုးလာတဲ့အောင့်တက်မှုက ခုနောက်ပိုင်းရက်စိပ်လာခဲ့၏။ အရင် အကိုက်အခဲပျောက်ဆေးနှစ်လုံးလောက်
သောက်လိုက်ရင် သက်သာသွားတတ်ပေမယ့် ခုတစ်ခါက မရတော့။ ချွေးစေးတွေပါ ပြန်လာတာ
သတိမလွတ်သွားအောင် မနည်းထိန်းထားလို့သာ ခုချိန်စိတ်တွေလွှတ်ချလိုက်ပါက ကျွန်တော်...
ညီ
မျက်နှာလွှဲကာကွယ်ကာနှင့် ခြေလှမ်းကျဲများနှင့် ကျောခိုင်းထွက်သွားသူ၏ ကျောပြင်လေးကို ငေးရင်း
ဆို့နင့်လာ သောရင်။ မှားယွင်းပြီးမွေးဖွားလာတယ်တဲ့လား မဟုတ်ပါဘူး ကလေးရာ။
ဒီလောက်နဲ့...ဒီလိုမျိုးနဲ့တော့ နှစ်ပေါင်းများစွာ ကြည့်လာခဲ့ချစ်လာခဲ့ရတဲ့ လူနှစ်ယောက်ကို ဒီလိုကြီးတော့
ပြီးမသွားစေချင်ဘူး။
"မဟာရေ...ငါ့ကိုလုံးဝခွင့်မလွှတ်ပါနဲ့တော့ဟာ"
ဒီကိစ္စကို ချိုတစ်ယောက်တည်း အားနဲ့မရ။ သူ့ကိုဝန်းရံကြောင်း သူတို့နှစ်ယောက်ကို ဘယ်လောက်
ထိနီးစပ်စေချင်တဲ့ လူတွေရှိကြောင်း သိမှဖြစ်တော့မှာ။ ဆုမြတ်ကိုကို အားဖုန်းချက်ချင်းခေါ်ရတော့၏။
အလုပ်ထဲရောက်နေလို့လားမသိ။ ကလေးမက ဖုန်းကို ပိတ်ထားတယ်။ အရေးမှမတတ်နိုင်ဘူး။
အလုပ်ဖုန်းကိုပဲ ခေါ်ရတော့၏။
"ညိ ငယ့်ကိုဖုန်းခေါ်တယ်"
"အင်း ဆုငယ်ရေ...ညိ ဒီမှာသေတော့မယ်"
"ဟင်! ကောင်းကောင်းတို့ဘာဖြစ်လို့လဲ"
Kpopperလို့မပြောရဘူး။ ချက်ဆိုနားကွက်ကမီးလောင်နေတာ။ သူတို့ဆိုဒ်ထဲကျောက်လောင်းနေတဲ့ပုံပဲ။
Vibrator မလွတ်စေနဲ့ ဟု တစ်ချက်အော်ပြီးမှ...
"ဟုတ် ဟုတ် ညိ ပြော၊ ငယ် ဆိုဒ် ထဲရောက်နေလို့ကောင်း,ဘာတွေမွှေပြန်ပြီလဲ"
"ညိ ဒီနေ့သူ့ကို အကြောင်းတစ်ခုပြောပြလိုက်မိတယ်။ အဲ့မှာ ညိစမှားတာပဲ"
"ညိ ကဘာတွေသွားပြောလို့လဲ"
"အင်း ညိလူချင်းတွေ့မှ ပြောပြမယ်။အခုပြောချင်တာ။ ညိတို့ ဝုန်းမှဖြစ်တော့မယ့် အခြေအနေရောက်နေပြီ ဆုငယ်"
"အို...ကြိုက်ပြီလေ။ ဒီကအဲ့ ပါမစ် ကျလာမယ့် အချိန်ကိုစောင့်နေတာ။ စိတ်ချ ညိ,ငယ်အပီကိုဝုန်းပေးမယ်။
ဒီလောက်တွန်းတာမှ မရွေ့ရင်နှစ်ယောက်သားကို ဖမ်းပြီးအခန်းထဲပိတ်ထားမယ်"
"အမယ်လေး အဲ့လိုပိတ်ထားရင်တောင် ငါဟဲ့ယောကျာ်းဆိုပြီး တံခါးဖျက်ပြီးထွက်လာကြမယ့်အမျိုးတွေ။
ကောင်းကောင်းကို သနားတယ်ငယ်ရယ်...ညိတို့ ပါမှကိုဖြစ်တော့မယ်"
"အိုကေ စိတ်ချ ညိ၊ ငယ် အိမ်ပြန်ရောက်တာနဲ့ စုဆောင်းထားတဲ့ပုံတွေ ပြန်ထုတ်ပြီးဝုန်းပေးမယ်။ စိတ်ချညိ"
"အေးပါ ငယ်ရယ်...ဝန်းရံပေးပါ။ အားကိုးပါတယ်။ ဒီနေ့ ကောင်းကောင်းပြောသွားတဲ့စကားတွေ ကြားပြီး ညိတကယ်ခံစားနေရတာ"
"ငယ် သိတယ်။ စိတ်ချညိ။ ဝန်းရံပေးမယ့် သူတွေများကြီးပဲ။ ညိလည်း သူတို့ ပုံအဟောင်းလေးတွေပြန်ရှာ
ပေးထားနော်သိလား"
"အိုကေ အိုကေ ကျေးကျေးပါဆုငယ်ရယ်"
"ရပါတယ်။ ညကျမှ ဆက်ပြောမယ်နော်။ ငယ်အခု အလုပ်ထဲမှာမို့"
"အင်းအင်း ညိနှောင့်ယှက်မိပြီ။ ညိလည်း ဒီနေ့တကယ်ထူပူသွားတာပါ ငယ်ရယ်"
"အာ...ရတယ်ရတယ်။ ငယ်ဖုန်းချလိုက်တော့မယ်နော်။ see u ညိ"
"ဘိုင့်ဘိုင် ငယ်။ ည လိုင်းတက်ခဲ့နော်"
"Nae(ဟုတ်ကဲ့)"

Bạn đang đọc truyện trên: ZingTruyen.Xyz