Epi15
ကားပေါ်ရောကသည်နှင့် Safety baltကို
လှမ်းယူကာပတ်ပေး၏ရုတ်တရက်ကြီးလည်းဖြစ်
၍မဟာတကယ်ကို ရင်ထဲဒိုင်းနမိုက်ဖောက်
ဒီလိုမျိုးတွေကိုသူလုပ်ပေးနေကျလား??ဘယ်
နေသေး၏။
မြတ်သူကိုဆိုတာထိုကောင်လေးသည်သာမာန်
နေတာကိုလည်းသဘောမကျ။နောက်ပြီး မဟာ
လိုဖြစ်နေတတ်တဲ့ သူ့မျက်လုံးအကြည့်တွေကို
""ညီ့အကြောင်း??""
""ဟုတ်တယ်။Zကိုမေးရအုံးမယ်။Zလည်း
တွေကလည်းကျတော့်ထက် ညီ့ကိုပဲပိုခင်ကြတာ
ခုတောင်ကျတော့်ကိုနှုတ်ဆက်လို့လား?""
သာရှိမနေရင် Zလည်းအဲ့ဝိုင်းထဲရောက်နေမှာမ
လား?""
အရိုးသားဆုံးဝန်ခံတာ။ဒါပေမယ့် ကလေးတွေနဲ့
ကျတော်တို့ဆက်ဆံရေးက မဟာထင်သလိုမ
တော်တော်များများက တကယ့်ကလေးစိတ်လေး
ကြတာ။ညီ့ကိုလည်း Fanboyလည်းfanboy
ပြီးတော့ ညီ့က သူ့တို့ထက်seniorကျလို့ညီ့ကို
စိတ်မှမရှိဘူး။""
""Z--မဟာ့ကို စိတ်ဆိုးနေတာလား?""
""အာာာ မဟုတ်ပါဘူး။ကျတော်က မဟာကလေး
တွေအပေါ်မှာအမြင်လွဲမှာဆိုးလို့ပြောပြတာပါ။
မဟာ့ကို ကျတော်အမှန်တိုင်းတွေပြောပြနေတယ်
ဆိုတာ မဟာ့ကို ကျတော်တကယ်အလေးထား
ကြောင်းသိစေချင်တာပါ။မဟာ့ကိုကျတော်ဒီအတိုင်းအပျော်တွဲဖို့သက်သက်တွဲခဲ့တာမဟုတ်တဲ့အတွက် ဒါတွေကိုမဟာအမြင်
ရှင်းအောင်ပြောပြတာပါ။မဟာ့ကို စိတ်ဆိုးတာ
မဟုတ်ပါဘူး။ကျတော် မဟာ့ကိုအလေးထားတာ
သိစေချင်ရုံသက်သက်ပါ""
မျက်လုံးတွေနဲ့လေးလေးနက်နက်နဲ့ဖြေးဖြေး
ချင်းပြောနေသူ။သေချာတယ်။မဟာ--သူ့ကို
ကျမတကယ့်ရှင့်ကိုလိုတာထက်ပိုချစ်မိသွားပြီ
မှာတွေးကြောက်မိတယ်။
""Zတော့စိတ်ညစ်တော့မှာပဲ။မဟာက သဝန်တို
လွန်းနေတယ်ထင်ပြီး--""
မှမဟုတ်တာ။ဟုတ်တယ်မလား??""
""ဒါပေမယ့် မဟာ့ကိုနားလည်ပေးပါ။Zပဲစဉ်း
ပြီးတော့ Zနဲ့သာဒီထက်ပိုစောစောတွေ့မိရင်
ဘယ်လောက်ထိ ခဝါချထားရမလဲ ကျတော်
နားလည်တယ်။မဟာ့အပေါ်ကျတော်မတရား
""အင်းးမဟာ့နဲတွေ့ရင် ညီ့အကြောင်းမပြောတော့
ဘူး။ဟုတ်ပြီလား??ကျတော်ကတိပေးတယ်""
""တ--တကယ်လား??""
သည့်မျက်လုးူံများနှင့် ကျတော့်ကိုမော့ကြည့်နေ
လေရဲ့။
""တကယ်ပြောတာ။မဟာလည်းညီ့
တည်းက ခင်ပါတယ်။Zက တအားသည်းသည်း
လှုပ်ပြနေတော့ Zကိုပိုင်နဲ့လူတစ်ယောက်အနေနဲ့
""ဟင့်အင်း မညစ်ပါဘူး။အမှန်တော့ သဝန်တို
သင့်တယ်လို့ထင်တာပဲ။ဟုတ်တယ်မလား??""
""Zက အပြောလည်းတော်တော်ကောင်းသား""
""တကယ်ဂုဏ်ယူမိတာပါဗျာ""
မဟာ--Zကိုလွယ်လွယ်နဲ့ချစ်ခဲ့တာမဟုတ်ပါဘူး။
Zသိတဲ့အတိုင်းပဲ အိမ်နဲ့အတိုက်အခံလုပ်ပြီးZကို
ရွေးချယ်ခဲ့တာ။ဒါကြောင့် Zကလည်းမဟာ့ရွေး
အောင်Zပဲကာကွယ်ပေးနိုင်မှာ။Zကိုမဟာ့အချစ်
တွေပါ Zလက်ထဲကိုပုံအပ်ထားတာ။ခုပြောတာ
တွေZနားလည်တယ်မလား?""
ကျတော်ခေါင်းသာညိတ်ပြလိုက်သည်။ကျတော့်
စရာပါ။
တာပါ။
>>>>>>>>>ညီ<<<<<<<<<<
တာလဲ""
""ဒီနားမှာ အလုပ်Contractတစ်ခုလုပ်ပြီး
""ထင်တဲ့တိုင်းပဲ။သတိရလို့ တမင်လာတာမှမ
ဟုတ်တာ""
""အဲ့လို--မဟုတ်--တကယ်သတိရ--""
ကျတော်အသည်းအသန်ရှင်းပြတော့ရယ်သံချို
မြမြနှင့်
""မ--အားကောအားရဲ့လား?""
လေဧည့်ခန်းထဲ""
လည်းဆုံတယ်နော်""
""အင်းဟုတ်တယ်။Law Firm Concept
တက်သစ်စဒီဇိုင်းနာတွေကြီးပဲစုနေတော့လူငယ်
""Wow မိုက်တာပေါ့။မမချို တကယ်အောင်မြင်
Coffeeသောက်အုံးမလား??""
""ဟင့်အင်း ခုတလောCoffeeဖြတ်ထားတယ်"
"အင်းး ညဖက်တွေအိပ်မပျော်လို့။မောင့်ကိုရိုးရိုး
ရေပဲတိုက်""
တွေးတာပေါ့။မောင့်ကိုမောင်လည်းကြည့်အုံး။""
တော့
""မောင် လက်တွေပြအုံး""
""Wae~~""
""ပြပါဆို""
လေးလည်းသွားလုပ်အုံး။မောင့်ကိုကြည့်ရတာမ,
အားမရဘူး။နေပါအုံး မ,အာရှတော်ဝင်ကိုလှမ်း
ချိတ်ပေးမယ်""
အမြန်ဖမ်းတားရ၏
""အာာလောလိုက်တာ။အဲ့ဒါခဏထားခုမ,ကို
markလေ။အဲ့ဒါ ကျတော့်ကွတ်ကီးကိုတင်သွင်း
လာတာ""
""Daebaek!!Jinjar!!ဝါးးးး မောင်က
တော့တကယ်ပဲ""
""အင်းးးကျတော်က Factory ပုံစံနဲ့ထုတ်တာ
""Wow!!မောင်ကတော့ တကယ်ပါ။ကြန်ဒါတွေကိုတစ်ယောက်တည်းကျိတ်လုပ်နေတာပေါ့။တော်လိုက်တာ။ကိုယ်တွေကသူ့ကို
ကလေးလိုထားနေတာ။သူကတော့ ကြန် လုံးဝ
စီးပွါးရေးကျားဖြစ်နေပြီ""
""အင်းးးအဲ့ဒါ မ,ကိုပထမဆုံးလာပြောပြတာ""
""ဟင်--Zမသိသေးဘူးလား??""
ကျတော်ဖုန်းဆက်ရင်""
""အာာာ btw သတိရတုန်းပြောအုံးမယ်။မောင်
ကျတော်ဖြစ်လိုက်နဲ့""
ရှက်နေတယ်။အခု ကျတော့်စိတ်ကိုလည်း မ,က
သိနေတော့--""
နေသူဘယ်လိုပဲသူ့ဟာသူစီးပွါးရေးလောကထ
""Naeee""
ရောက်မှ Zကသတိပြုမိသွားရင် သူ့စတိုင်အတိုင်း
မနဲ့မောင် ဘာဖြစ်ထားလဲ?ညီ ဘာဖြစ်လဲဘာညာ
Sannamjarပုံအတင်းဖမ်းမနေနဲ့လေ။
""ဟာာာဗျာ""
""ဟိုလွန်ခဲ့တဲ့တစ်ပတ်ကတော့ ကျတော်သီချင်း
သေး၏။
""မဟုတ်ပါဘူးအဲ့လိုကြီးလည်းကျတော်မလုပ်ရဲ
သေးပါဘူးမ,ရယ်။CVချာတိတ်တွေလာတုန်းဆိုပြ
လိုက်တာ။ဘန်နီဖြိုးသီချင်း။ချစ်သူ့အနားကို
""Wow!!မိုက်တယ်။အဲ့တော့Zဘယ်လိုနေနေ
လဲ?""
တာ။ကျတော်ဆိုပြပြီးပြီးချင်းမဟာက ထပြန်ဖို့
လုပ်တယ်။အဲ့ကျမှ ကျတော်တကယ်မှားနေပြီ
လားလို့တွေးမိတယ်""
ခပ်ဖြေးဖြေးနှင့်လေးလေးပင်ပင်ပြောနေသူ။အိုးး
ဟင်းးးးးငါနော်။
""ဟာ~မောင်ရယ်။အဲ့လိုမတွေးပါနဲ့။ချစ်တာဘာလို့မှားရမှာတဲ့လဲ??မုန်းပြီးဒုက္ခရောက်
နေတာကျတော်ကအဲ့လိုပေးနိုင်တဲ့လူလည်းမ
ဟုတ်ဘူးလေ။ကျတော်--လွန်နေပြီလား?? ပြီးတော့ မ,ကိုရော""
""Wae~ဘာလို့အဲ့လိုတွေလျှောက်တွေးနေရတာလဲ??Normalတွေလည်းဒီလိုယူပြီး
""အာာာအဲ့ဒါလား??မောင်က မ,ကိုအထင်smallနေတာပဲ။မောင်ထင်နေတာ
ပေါ့။ဟုတ်လား?""
""Song--mar!!ကျတော့်အပြင်နောက်တစ်
ယောက်ရှိသေးတယ်လို့ပြောနေတာလား?မောင့်
ကိုဘာလို့မပြောတာလဲ?""
ရင် ကျမကိုရှင်လေးကလမ်းခွဲပေးမှာလေ။ဒါဆိုကျမကရှင်တို့နှစ်ယောက်ကိုဘယ်လိုလုပ်
""ဒါဆို Another oneကဘယ်သူလဲ?ကျတော်သိနေတဲ့လူလား?""
""အင်းးးမောင်တော့မသိလောက်ပေမယ့် တစ်
""ကြည့်မလားသူ့ပုံ""
ကျတော်အဖြေမပေးနိုင်ခင် ဖုန်းကိုဖွင့်ကာcode
နဲ့ပိတ်ထားသောFileတစ်ခုကိုဖွင့်လေ၏
""ဘာလဲ??codeက မောင့်ဖုန်းနံပါတ်လား?""
ဒီမှာလေ""
typeကဒီလိုကိုးး။နာမည်ကဘာတဲ့လဲ။ခုဘယ်မှာ
နေနေတာလဲ?။ဘာအလုပ်လုပ်လဲ??မ,နဲ့ကျတော့်ကိစ္စကိုရောသိလား??""
""ဟိုးးခဏရပ်ပါအုံးမောင်ရယ်။သူ့နာမည်က
လင်းတာရာတဲ့။တာရာက အခု Parisမှာ""
""Paris နဲ့ Ygn??ဘယ်လိုလုပ်ပြီးတွေ့ကြတာ
လဲ?Onlineကနေလား?ဒါဆိုရင်တော့ကျတော်
သဘောမတူဘူး။""
"Onlineကတွေ့တာမဟုတ်ပါဘူးမောင်ရယ်
သူငယ်ချင်း။တာရာ့ Daddyက မ,တို့Daddy
တာရာ့Daddyက ပြင်သစ်သံရုံးမှာတာဝန်ကျ
လို့ သူ့Mommyပါ ပြင်သစ်ကိုလိုက်သွားရတာ
တာဝန်ထမ်းဆောင်တဲ့သက်တမ်းပြည့်လို့မြန်မာ
်ယောက်ကိုလည်းဆုံးရှုံးလိုက်ရတယ်လေ""
""သုံးပွင့်ဆိုင်ဖြစ်ခဲ့ကြတာလား?ဘယ်သူနဲ့လဲ?""
မေးသမျှမေးခွန်းတိုင်းကို မဖြေပဲမဖြေနိုင်ဘူးဟု
ဆနေလေ၏
Thank You All
Everyday on wp
>>ဇာတ်လမ်းတစ်ဝက်ကျိုးမှ HC ဂိုဏ်းချုပ်
နာမည်သိကြလေရဲ့။ခ်ခ်
(Unicode)
/
/
/
အပိုင်း (၁၅)
ကားပေါ်ရောက်သည်နှင့် ခါးပတ်ကို လှမ်းယူကာ ပတ်ပေး၏။ ရုတ်တရက်ကြီးလည်းဖြစ်၍ မဟာ့
ရင်ထဲဒိုင်းနမိုက်ဖောက်လိုက်ထည့်လိုက်သလိုပင်။ သူကတော့ မဟာကဲ့သို့ အထူးတလည်ဆန်းကြယ်မနေ။
ဒါဘာလဲ။ ဒီလိုမျိုးတွေကို သူလုပ်ပေးနေကျလား။ ဘယ်သူ့ကိုလဲ ဆိုတာစဉ်းစားစရာတောင်မလို။
သူသည်းသည်းလှုပ်ဖြစ်ပြနေသော နေကောင်းမြတ်သူကိုဆိုသော ထိုကောင်လေးသည်သာမာန်ထက်တော့
ထူးနေတာကို မဟာ့စိတ်ထဲ သဘောမကျတာ။ ယောကျာ်းလေးတန်မဲ့ နုဖတ်ချောမောနေတာကိုလည်း
သဘောမကျ။ နောက်ပြီး မဟာနဲ့မျက်လုံးချင်းဆုံတိုင်း မဟာ့ကို အားနာနေသလိုလို ဖြစ်နေတတ်တဲ့
ထိုကောင်လေး၏ မျက်လုံးအကြည့််တွေကိုလည်း မဟာနည်းနည်းမှကို သဘောမတွေ့တာ။
"မဟာ ဘာတွေစဉ်းစားနေတာလဲ"
"ကောင်းကောင်းအကြောင်း"
"ညီ့အကြောင်း"
"ဟုတ်တယ်။ ဇက်ကိုမေးရဦးမယ်။ ဇက်လည်းကောင်းကောင်းလို ခုနက ကောင်မလေးတွေနဲ့ရောရောနှောနှော
နေတာပဲလား"
"မနေပါဘူးမဟာရဲ့... ဆိုင်ကိုလာကြတော့နှုတ်ဆက်တာတွေ ဘာတွေတော့ရှိတာပေါ့။ ကလေးတွေကလည်း
ကျွန်တော့်ထက် ညီ့ကိုပဲပိုခင်ကြတာ၊ အခုတောင်ကျွန်တော့်ကိုနှုတ်ဆက်လို့လား"
"အဲ့ဒါ မဟာရှိနေလို့ဖြစ်မှာပေါ့။ အကယ်၍ မဟာသာရှိမနေရင် ဇက်လည်း အဲ့ဝိုင်းထဲရောက်နေမှာမလား"
"အမှန်အတိုင်း ပြောရင်ဟုတ်တယ်။ ဒါမဟာ့ကို အရိုးသားဆုံးဝန်ခံတာ။ဒါပေမဲ့ ကလေးတွေနဲ့ ကျွန်တော်တို့
ဆက်ဆံရေးက မဟာထင်သလိုမဟုတ်ဘူး။ ပြီးတော့...ညီ့ဆီကိုလာလည်တဲ့ကလေး တော်တော်များများက
တကယ် ကလေးစိတ်လေးတွေ၊ သူတို့ကြိုက်တဲ့Idolလောက်ပဲစိတ်ဝင်စားကြတာ။ ညီ့ကိုလည်း Fanboyလည်း
Fanboy ပြီးတော့... ညီကသူတို့ထက်အရင် ဒီလောကကိုရောက်တာ စီနီယာ ကျလို့ ညီ့ကိုလေးစားပြီး
ချစ်ကြတာ။ ညီနဲ့သူတို့ကြားမှာ ဘာစိတ်မှမရှိဘူး"
"ဇက်...မဟာ့ကို စိတ်ဆိုးနေတာလား"
"မဟုတ်ပါဘူး။ ကျွန်တော်က မဟာ ကလေးတွေအပေါ်မှာ အမြင်လွဲမှာဆိုးလို့ပြောပြတာ။ မဟာ့ကို
ကျွန်တော်အမှန်တိုင်းတွေပြောပြနေတယ်ဆိုတာ မဟာ့ကို ကျွန်တော်တကယ်အလေးထားကြောင်း
သိစေချင်တာပါ။ မဟာ့ကို ကျွန်တော်ဒီအတိုင်း အပျော်တွဲဖို့သက်သက်တွဲခဲ့တာ မဟုတ်တဲ့အတွက်
ဒါတွေကိုမဟာအမြင်ရှင်းအောင်ပြောပြတာ။မဟာ့ကို စိတ်ဆိုးတာမဟုတ်ဘူး။ကျွန်တော် မဟာ့ကို
အလေးထားတာ သိစေချင်ရုံသက်သက်ပါ"
ကားမောင်းနေရင်းမှ ငဲ့ကြည့်ကာ ကြည်လင်သော မျက်လုံးတွေနဲ့လေးလေးနက်နက်နဲ့ဖြည်းဖြည်းချင်း
ပြောနေသူ။ သေချာတယ်။ မဟာ...သူ့ကိုအိမ်ထောင်ဖက်တစ်ယောက်အနေနဲ့သင့်တော်လို့ရွေးချယ်ခဲ့တယ်ဆို
တာထက်ပိုနေပြီးမှန်း အခုန်မြန်နေတဲ့ ရင်ခွင်တစ်စုံက အာမခံပေးနေလေပြီ။
ကျွန်မတကယ့်ရှင့်ကို လိုတာထက်ပိုချစ်မိသွားမှာတွေးကြောက်မိတယ်။
"ဇက်တော့ စိတ်ညစ်တော့မှာပဲ။မဟာက သဝန်တိုလွန်းနေတယ်ထင်ပြီး..."
"မညစ်ပါဘူး။ ဒါတွေက ညှိယူလို့မရတဲ့အရာတွေမှမဟုတ်တာ။ ဟုတ်တယ်မလား"
"ဒါပေမဲ့ မဟာ့ကို နားလည်ပေးပါ။ ဇက်ပဲစဉ်းစားကြည့်လေနော်...ကို့ချစ်သူနဲ့တွေ့ချိန်တိုင်း တခြားတစ်ယောက်
အကြောင်းပဲ နားထောင်နေရတဲ့ မိန်းမတစ်ယောက်ရဲ့စိတ်ကို။ ပြောဖူးသလိုပဲ
တစ်ခါတလေ ကောင်းကောင်းကို တကယ်မနာလိုဘူး။ ပြီးတော့ ဇက်နဲ့သာ ဒီထက်ပိုစောစောတွေ့မိရင်
ကောင်းမှာပဲ ဆိုပြီးလည်း တွေးမိတယ်။"
မဟာလို မာနကြီးသည်ဟုနာမည်ကြီးသော မိန်းမတစ်ယောက်က ခုလိုထုတ်ဖော်ပြောလာဖို့ဆိုတာ
ဘယ်လောက်ထိ ခဝါချထားရမလဲ ကျွန်တော်နားလည်တယ်။ မဟာ့အပေါ်ကျွန်တော်မတရားသလိုဖြစ်နေပြီ။
ယောကျာ်းတစ်ယောက်အနေနဲ့ အစတည်းက မဟာ့ကိုရွေးချယ်အပ်သည်ဟူသော အတ္တနှင့်ရွေးချယ်ထား
တာတင်လွန်နေပြီကို
"အင်း မဟာ့နဲတွေ့ရင် ညီ့အကြောင်းမပြောတော့ဘူး။ ဟုတ်ပြီလား...ကျွန်တော်ကတိပေးတယ်"
"တကယ်လား"
မိန်းမတွေဆိုတာ ဘယ်လောက်ပဲဦးဆောင်နိုင်တယ်ပြောပြော အမျိုးသမီးထုရဲ့၉၀ရာခိုင်နှုန်းလောက်က
သူချစ်တဲ့အမျိုးသားတစ်ယောက်ရှေ့မှာဆို ကလေးလေးတွေလို ဖြစ်သွားတတ်ကြတယ်လို့
တီဆွေပြောတာ ကြားခဲ့ဖူးလေရဲ့။ အခုစောမဟာဦးသည်လည်း တကယ်ဝမ်းသာသွားသည့် မျက်လုံးများဖြင့်
ကျွန်တော့်ကို မော့ကြည့်နေလေရဲ့။
"တကယ်ပြောတာ။ မဟာလည်း ညီ့ကိုမနာလိုစရာမလိုတော့ဘူးပေါ့"
"အင်းပါ။ မဟာလည်း ကောင်းကောင်းကို အစတည်းက ခင်ပါတယ် ။ ဇက်က တအားသည်းသည်းလှုပ်ပြ
နေတော့ ဇက်ကို ပိုင်တဲ့လူတစ်ယောက်အနေနဲ့တော့ သဝန်တိုမိတာပေါ့။ မဟာ့ကိုစိတ်ညစ်နေပြီလား"
"ဟင့်အင်း မညစ်ပါဘူး။ အမှန်တော့ သဝန်တိုတယ်ဆိုတာချစ်လို့ဖြစ်တာပဲလေ။ မဟာကတောင်
သဝန်တိုရတယ်ဆိုတာ ဟား...ကျွန်တော်ဂုဏ်ယူသင့်တယ်လို့ထင်တာပဲ။ ဟုတ်တယ်မလား"
"ဇက်က အပြောလည်းတော်တော်ကောင်းသား"
"တကယ်ဂုဏ်ယူမိတာပါဗျာ"
"ဇက်ဂုဏ်ယူတာလည်း်ဂုဏ်ယူတာပေါ့။ မဟာ့စကားတွေကိုလည်း တကယ်အလေးထားစေချင်တယ်။
မဟာ...ဇက်ကိုလွယ်လွယ်နဲ့ချစ်ခဲ့တာမဟုတ်ပါဘူး။ ဇက်သိတဲ့အတိုင်းပဲ အိမ်နဲ့အတိုက်အခံလုပ်ပြီးဇက်ကို
ရွေးချယ်ခဲ့တာ။ ဒါကြောင့် ဇက်ကလည်းမဟာ့ရွေးချယ်မှုမမှားကြောင်း သက်သေပြပေးပါ။ မဟာ့
အသိုင်းအဝိုင်းထဲမှာ သူများအထင်သေးစရာ မဖြစ်အောင်ဇက်ပဲ ကာကွယ်ပေးနိုင်မှာ။ ဇက်ကို မဟာ့အချစ်
ပါမဟုတ်ဘူး မဟာပိုင်တဲ့ မာနတွေရောသိက္ခာတွေပါ ဇက်လက်ထဲကိုပုံအပ်ထားတာ။ အခုပြောတာတွေ
ဇက်နားလည်တယ်မလား"
ကျွန်တော်ခေါင်းသာညိတ်ပြလိုက်သည်။ ကျွန်တော့်ကိုဒီလောက်ထိ ချစ်နေပေးတယ်ဆိုတာ ယောကျာ်း
တစ်ယောက်အတွက်တကယ်ဂုဏ်ယူဝမ်းမြောက်စရာပါ။
ညီရေ...ကိုတို့တွေ ရှေ့လျှောက်ဒီအတိုင်းနဲ့ပဲအဆင်ပြေအောင်နေသွားရမှာပဲ
ကို ညီ့ကိုချစ်မိတာမမှားပါဘူး။ ညီကသာ ဆုတောင်းကောင်းလွန်းခဲ့တာပါ။
ညီ
"ဟင်! မောင် ဘယ်ကနေ ဘယ်လိုရောက်လာတာလဲ"
"ဒီနားမှာ လုပ်ငန်းစာချုပ် တစ်ခုလုပ်ပြီး လမ်းကြုံတာနဲ့ မ,ဆီဝင်လာတာ"
"ထင်တဲ့တိုင်းပဲ။ သတိရလို့ တမင်လာတာမှ မဟုတ်တာ"
"အဲ့လို...မဟုတ်။ တကယ်သတိရ..."
ကျွန်တော်အသည်းအသန်ရှင်းပြတော့ ရယ်သံချိုမြမြနှင့်
"တော်ပါပြီ မောင်ရယ်။ မ,ကနောက်တာ။ သတိရလို့ပဲရောက်လာတာပေါ့။ မဟုတ်ဘူးလား"
"မ အားကော အားရဲ့လား"
Modelလက်သစ်ဒီဇိုင်းနဲ့ ကောင်မလေးသုံးလေးယောက်ကြောင့် မေးလိုက်ရခြင်းဖြစ်သည်။
"ရပါတယ်။ ဟိုမှာ Designerတွေရှိတာပဲ။ လာလေ ဧည့်ခန်းထဲ"
"ဆိုင်က Designerဆုံတော့ လက်ရာတွေလည်းဆုံတယ်နော်"
"အင်းဟုတ်တယ်။ Law Firm Concept ယူလိုက်တာ တော်တော်မှန်သွားတယ်သိလား။ တက်သစ်စ
ဒီဇိုင်းနာတွေပဲ စုနေတော့လူငယ်တွေပီပီ Ideaတွေလည်းဆန်းတယ်။ နောက်နှစ်လလောက်ဆို
Fashion Showပွဲလုပ်ချင်လုပ်မလားလို့ လာကမ်းလှမ်းနေတယ်"
"ဝိုး မိုက်တာပေါ့။ မမချို တကယ်အောင်မြင်နေပြီ"
"အံမယ် မောင်လည်းမအောင်မြင်တာကျလို့။ ကော်ဖီသောက်ဦးမလား"
"ဟင့်အင်း အခုတလော မောင် ကော်ဖီ ဖြတ်ထားတယ်"
"ဟောတော့် ထူးထူးဆန်းဆန်းဘာဖြစ်လို့လဲ"
"အင်း... ညဖက်တွေအိပ်မပျော်လို့...မောင့်ကိုရိုးရိုးရေပဲတိုက်"
"မောင်ရယ် အလုပ်အကြောင်းတွေးတာလည်းတွေးတာပေါ့။ မောင့်ကိုမောင်လည်းကြည့်ဦး"
ဟုတ်တယ် ကောင်းကောင်းပိုပိုပိန်လာတယ်။ ပြီးတော့...
"မောင် လက်တွေပြဦး"
"Wae(ဘာလို့)"
"ပြပါဆို"
အတင်းဆွဲယူကြည့်တော့ လက်ချောင်းထိပ်တွေသွေးရောင်သိပ်မရှိ။ အရင်ကြည်ကြည်လေးရှိနေတတ်တဲ့
လက်သည်းခွံလေးတွေက ခုတော့မှိန်ဖျော့ဖျော့။
"မောင် Mediacal check လေးလည်း ဘာလေးလည်း သွားလုပ်ဦး ။မောင့်ကိုကြည့်ရတာ မ,
အားမရဘူး။ နေပါဦး မ,အာရှတော်ဝင်ကို လှမ်းချိတ်ပေးမယ်"
စိတ်မြန်လက်မြန်ရှိလှသော မမချိုဖုန်းခေါ်နေ၍ အမြန်ဖမ်းတားရ၏။
"အာ...လောလိုက်တာ။ အဲ့ဒါခဏထား။ ခုမ,ကိုဝမ်းသာစရာတစ်ခုပြောပြဖို့လာတာ။ ကျွန်တော်
ဟိုတလောက လှမ်းချိတ်နေတဲ့ ထိုင်းက food markလေ။ အဲ့ဒါ ကျွန်တော့်ကွတ်ကီးကိုတင်သွင်းဖို့သဘောတူ
လိုက်ပြီ။ ခုပဲအဲ့စာချုပ်ချုပ်ပြီးပြန်လာတာ"
"Daebaek! (မိုက်လိုက်တာ) Jinjar!(တကယ်လား) ဝါး... မောင်ကတော့တကယ်ပဲ"
"အင်း ကျွန်တော်က Factory ပုံစံနဲ့ထုတ်တာကိုတင်ပို့မှာမဟုတ်ဘူး။ Home made နဲ့ပို့မှာ။ အခု ထုတ်နေတဲ့
စက်ရုံက ဟာကို Exportပို့ဖို့ဆို တခြားလိုတာတွေနဲ့ ကြာဦးမှာ။ ဒါကြောင့် အဲ့ဒါရဖို့လုပ်နေတုန်း Localမှာပဲ
အရင်ထိုးဖောက်ပြီး ထိုင်းဖက်ကိုကျ Homemadeပုံစံနဲ့ပို့မှာ။ Limitedနဲ့ပဲ။
ခုပြန်လည်ထူထောင်ရေးသင်တန်းကျောင်းကအစ်မကြီးတွေလည်း အလုပ်ရသွားအောင်သူတို့ကိုလုပ်ခိုင်းမှာ
မိသားစုလုပ်ငန်းအနေနဲ့ပေါ့။ အဲ့Planကို ထိုင်းက Noona(အစ်မ) က တော်တော်သဘောကျသွားတာ"
"ဝိုး...မောင်ကတော့တကယ်ပါ။ ဒါတွေကိုတစ်ယောက်တည်း ကျိတ်လုပ်နေတာပေါ့။ တော်လိုက်တာ။
ကိုယ်တွေက သူ့ကိုကလေးလို ထားနေတာ။ သူကတော့ ကြန် လုံးဝစီးပါွးရေးကျားဖြစ်နေပြီ"
"အင်း...အဲ့ဒါ မ,ကိုပထမဆုံးလာပြောပြတာ"
"ဟင်! ဇက်မသိသေးဘူးလား"
"အစကတော့ ဖုန်းဆက်ပြောမလို့ပဲ။ အခုချိန်မဟာနဲ့ ရှိနေချိန်ဆိုတော့ ကျွန်တော်ဖုန်းဆက်ရင်"
"သြော်...သတိရတုန်းပြောဦးမယ်။ မောင်အခုတလောစကားပြောရင် မောင်ဖြစ်လိုက်
ကျွန်တော်ဖြစ်လိုက်နဲ့"
"ကျ...အဲ မောင်လည်းအရင်ကဘာမှမဖြစ်ပေမယ့် မ,ကိုဝန်ခံပြီးနောက်ပိုင်း မောင်လို့ပြောရမှာရှက်နေတယ်။
အခု ကျွန်တော့်စိတ်ကိုလည်း မ,ကသိနေတော့..."
လည်ပင်းကိုလက်ဖဝါးနဲ့ပွတ်ရင်း ခေါင်းငုံ့ကာ ပြောနေသူဘယ်လိုပဲ သူ့ဟာသူစီးပါွးရေးလောက
ထဲကွက်ကျော်တွေမြင်ပြီး ကျားပေါက်လေးဖြစ်နေပါစေ။ ချိုတို့အတွက်သူက တကယ့်ကလေးလေး။
"တကယ်တော့ မောင်ဆိုတာ အသုံးအနှုန်းတစ်ခုပါ။ မ,တို့ကျောင်းတက်နေတုန်းကလည်း ဇာနည်မောင်ဆိုတဲ့
သူငယ်ချင်းကို မောင်လို့ခေါ်ကြတာပဲ...မလည်းမောင့်ကို မောင်လို့ခေါ်ရတာနှုတ်ကျိုးနေပြီရယ်...
ဒါကြောင့် မောင်က အကြီးကြီးတွေ လျှောက်မတွေးနေနဲ့တော့။ ဟုတ်ပြီလား''
"Nae(ဟုတ်ကဲ့)"
"မနဲ့နှစ်ယောက်တည်းရှိနေလို့အသုံးအနှုန်းတွေ ကမောက်ကမဖြစ်နေတာ ပြဿနာမရှိဘူး။ ဇက်ရှေ့ရောက်မှ
ဇက်က သတိပြုမိသွားရင် သူ့စတိုင်အတိုင်း မနဲ့မောင် ဘာဖြစ်ထားလဲ။ ညီ ဘာဖြစ်လဲဘာညာအတင်းလိုက်မေး
နေရင် မောင်က ရှက်တော်မူဦးမယ်။ ပြီးတော့...မောင်ကလည်း ဒီအတိုင်း Sannamjar (ယောကျာ်းပီသ) ပုံ
အတင်းဖမ်းမနေနဲ့လေ။ နည်းနည်းလေးလည်း ရေလာမြောင်းပေး..."
"ဟာဗျာ..."
ရှက်ကိုးရှက်ကမ်းနဲ့ ရှေ့မှရေခွက်ကိုကိုင်ကာ တဂွပ်ဂွပ်မော့တော့၏။ ပြီးမှခေါင်းငုံ့လျက်
"ဟိုလွန်ခဲ့တဲ့တစ်ပတ်ကတော့ ကျွန်တော်သီချင်းဆိုပြလိုက်တယ်" ဟူ၍ရှက်ရွံ့စွာ ခပ်တိုးတိုးလေးပြောသော
စကားသံထဲ ဝမ်းနည်းခြင်းတို့ကလည်း နေရာတကျပါဝင်နေသေး၏။
"ဘာသီချင်းလဲ၂ယောက်တည်းရှိနေတုန်းဆိုပြလိုက်တာလား"
"မဟုတ်ပါဘူး။ အဲ့လိုကြီးလည်းကျွန်တော်မလုပ်ရဲသေးပါဘူးမ,ရယ်...ချာတိတ်မလေးတွေလာတုန်း ဆိုပြ
လိုက်တာ။ ဘန်နီဖြိုးသီချင်း။ ချစ်သူ့အနားကို ဂစ်တာတီးပြီးဆိုပြလိုက်တာ"
"ဝိုး...မိုက်တယ်။ အဲ့တော့ ဇက်ဘယ်လိုနေနေလဲ"
"ကျွန်တော့်ကိုငေးကြည့်နေတယ်။ အဲ့ချိန်က ဆိုင်ကိုမဟာလည်း ရောက်နေတာ။ ကျွန်တော်ဆိုပြပြီးပြီးချင်း
မဟာက ထပြန်ဖို့လုပ်တယ်။ အဲ့ကျမှ ကျွန်တော်တကယ်မှားနေပြီလားလို့တွေးမိတယ်"
ခပ်ဖြည်းဖြည်းနှင့်လေးလေးပင်ပင်ပြောနေသူ။ အိုး...ဖြစ်နိုင်ရင် နှစ်ယောက်သားကို ထိပ်တိုက်တွေ့ပြီး
ဟင်း...ငါနော်။
"ဟာ...မောင်ရယ်...အဲ့လိုမတွေးပါနဲ့။ချစ်တာဘာလို့မှားရမှာတဲ့လဲ။ မုန်းပြီးဒုက္ခရောက်အောင်လုပ်တာထက် အများကြီးပိုသာတယ်"
"ဒါပေမဲ့ အခုကျွန်တော်အားနာနေတာ။ ကိုဇက်ဖက်က မိသားစုဘဝကိုတည်ဆောက်ချင်နေတာ
ကျွန်တော်က အဲ့လိုပေးနိုင်တဲ့လူလည်း မဟုတ်ဘူးလေ။ ကျွန်တော်လွန်နေပြီလား။ ပြီးတော့... မ,ကိုရော"
"ဘာလို့အဲ့လိုတွေလျှောက်တွေးနေရတာလဲ။ သာမန်အိမ်ထောင်တွေလည်း ဒီလိုယူပြီး ကလေးတွေရပြီးမှ
ကွာရှင်းကြတာတွေရှိတာပဲ။ အဓိက,ကတစ်ယာက်နဲ့တစ်ယောက်နားလည်မှုနဲ့ သစ္စာရှိရှိချစ်ဖို့ပါပဲလိုတာ။
နောက်ပြီးမ,ကိုဘာလို့အားနာနေတာလဲ"
"မောင့်ကိုပဲဂရုစိုက်နေရတာနဲ့ မ,တခြားလူကောင်းနဲ့လွဲကုန်တယ်မလား"
"အာ...အဲ့ဒါလား။ မောင်က မ,ကို အထင်သေးနေတာပဲ။ မောင်ထင်နေတာမ,ကမောင်နဲ့တွဲနေလို့ တခြား
တစ်ယောက်မရှိဘူးပေါ့။ ဟုတ်လား"
"ဟမ် မောင့်အပြင် နောက်တစ်ယောက်ရှိသေးတယ်လို့ပြောနေတာလား။ မောင့်ကိုဘာလို့မပြောတာလဲ"
"ဟော်တော့။ အရင်ကအခြေအနေနဲ့ပြောလိုက်ရင် ကျွန်မကိုရှင်လေးက လမ်းခွဲပေးမှာလေ။
ဒါဆိုကျွန်မက ရှင်တို့နှစ်ယောက်ကိုဘယ်လိုလုပ်ပြီး နီးစပ်အောင်လုပ်ပေးလို့ရတော့မလဲ"
"ဒါဆို တခြားတစ်ယောက်ကဘယ်သူလဲ။ ကျွန်တော်သိနေတဲ့လူလား"
"အင်း...မောင်တော့မသိလောက်ပေမယ့် တစ်ယောက်ကတော့ ရင်းရင်းနှီးနှီးကို သိနေလိမ့်မယ်"
မမချိုသည်ခပ်ပြုံးပြုံးလေးပြောနေရာမှ...
"ကြည့်မလားသူ့ပုံ"
ကျွန်တော်အဖြေမပေးနိုင်ခင် ဖုန်းကိုဖွင့်ကာပိတ်ထားသော ဖိုင်တစ်ခုကိုဖွင့်လေ၏။
"ဒါ ဘာလဲ ။ codeက မောင့်ဖုန်းနံပါတ်လား"
"အေးလေ မောင့်ကိုလျှို့ဝှက်ထားမှတော့ မောင့်နဲ့ပတ်သတ်တာ တစ်ခုခုနဲ့ဖွတ်ထားမှလုံခြုံမှာပေါ့။ ဒီမှာလေ"
"တော်တော်လေးကြည့်ကောင်းတာပဲ။ မ,Ideal typeကဒီလိုကိုး။ နာမည်ကဘာတဲ့လဲ။ ခုဘယ်မှာ
နေနေတာလဲ။ဘာအလုပ်လုပ်လဲ။ မ,နဲ့ကျွန်တော့်ကိစ္စကိုရောသိလား"
"ဟိုး...ခဏရပ်ပါဦးမောင်ရယ်။ သူ့နာမည်ကလင်းတာရာတဲ့။ တာရာက အခု ပဲရစ်မှာ"
"ပဲရစ်နဲ့ ရန်ကုန်ကိုဘယ်လိုလုပ်ပြီးတွေ့ကြတာလဲ။အွန်လိုင်းကနေလား။ဒါဆိုရင်တော့ကျွန်တော်
သဘောမတူဘူး။"
"အွန်လိုင်းကတွေ့တာမဟုတ်ပါဘူးမောင်ရယ်...ပြီးတော့ တာရာနဲ့က ခုမှသိတာမဟုတ်ဘူး။ ငယ်သူငယ်ချင်း ၊
တာရာ့ အဖေက မ,တို့ ဖေဖေ လိုသံရုံးအရာရှိပဲ။ ကျောင်းနေဖက်သူငယ်ချင်းတွေ၊ တာရာ့ အဖေ က
ပြင်သစ်သံရုံးမှာ တာဝန်ကျလို့ သူ့တို့ မိသားစုပါ ပြင်သစ်ကိုလိုက်သွားရတာ တာရာကို ပြင်သစ်မှာပဲ
မွေးတာ။ ပြင်သစ်က သူ့မွေးရပ်ဇာတိလို့တောင်ပြောလို့ရတယ်။ နောက်တာရာ အထက်တန်းကျောင်း
ရောက်တဲ့နှစ်မှာနိုင်ငံကို ပြန်လာပြီး တာရာ့ကိုလည်းခေါ်လာတာ။
တာရာ့ကို မ,တို့ကျောင်းမှာပဲ ထားတယ်လေ။ အဲ့ဒီမှာ မ,အတွက်အရမ်းကောင်းတဲ့ချစ်သူတစ်ယောက်ရ
လိုက်သလို ငယ်သူငယ်ချင်းတစ်ယောက်ကိုလည်း ဆုံးရှုံးလိုက်ရတယ်"
"သုံးပွင့်ဆိုင်ဖြစ်ခဲ့ကြတာလား။ ဘယ်သူနဲ့လဲ"
"အင်း ဟုတ်တယ်။ ဒီနှစ်အတွင်းအဲ့ကိစ္စကို ဘယ်သူ့ကိုမှ မပြောပြဖြစ်ခဲ့ဘူး"
မေးသမျှမေးခွန်းတိုင်းကို မဖြေဘဲ မဖြေနိုင်ဘူးဟုဆိုခဲ့သော သွန်းလရောင်ချို ဆိုသည့်မိန်းမချော
တစ်ယောက်က ဒီတစ်ခါတော့...နှုတ်ခမ်းများစွာ ဖိကာ ပြောသင့်မပြောသင့်ချိန်ဆနေလေ၏။
Bạn đang đọc truyện trên: ZingTruyen.Xyz