ZingTruyen.Xyz

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)

အပိုင်း(၅၀၆)

jellyflower1

အပိုင်း(၅၀၆)

မို့သူဌေးအကြောင်း နောက်ဆုံးတော့ ပေါ်ပေါက်လာခဲ့သည်။

ထျန်းနင်၏ခင်ပွန်းက သာမန်လူ မဟုတ်နေပေ။ ဟိုက်ဟွေ့ဖျော်ဖြေရေး၏ စီအီအို မို့ထင် ဖြစ်နေသည်။

ထိုအကြောင်းကို တွေးတောမိပြီးနောက် အမေကျုံးက အရိုးထဲထိ အေးစိမ့်သွားသည်။ သူမ၏ အကြံအစည်က ချို့ယွင်းချက် မရှိဟု တွေးခဲ့မိသော်လည်း မို့သူဌေးက သူတို့အကြောင်း စုံစမ်းမိသည်မှာ ကြာပါပြီ။

ထိုကြောင့်လည်း ကျုံးမိသားစုကို တန်ပြန်တိုက်ခိုက်ခွင့် မရအောင် အကွက်ချ ကြံစည်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ မို့ထင်က ဤမျှလောက်အထိ ကြောက်လန့်ဖွယ် ကောင်းမည်မှန်း ကြိုသိခဲ့လျှင် ထျန်းနင်ကို ရန်စသည့် အပြုအမူမျိုးကို ရှောင်တိမ်းမိလိမ့်မည်။

"မဒမ်ကျုံး မင်းကို တစ်ခုတော့ သတိပေးလိုက်မယ်နော်။ ကျုံးမိသားစုက တစ်ခုခု လုပ်ဖို့ ကြံရွယ်ခဲ့ရင်တော့..."

"ငါ မလုပ်ရဲပါဘူး"
အမေကျုံးက ချက်ချင်း လက်ခါပြသည်။ သူမကို မို့ထင်က ယခုလိုနည်းလမ်းဖြင့် သတိပေးခဲ့၍ သူမက ထျန်းနင်ကို နောက်တစ်ကြိမ် ရန်စရဲမည်နည်း။

"ဒီတစ်လောကလုံးမှာ သူဌေးအချစ်ဆုံးသူက မဒမ်ပဲ"

"တစ်စုံတစ်ယောက်က မဒမ်ကို ထိခိုက်အောင် လုပ်ခဲ့ရင် ငါတို့သူဌေးက အဲဒီလူကို လက်စားချေမှာပဲ။ မင်းတို့အတွက် အကောင်းဆုံး ဆုတောင်းပေးပါတယ်"

...

ကျုံးမိသားစု ပြဿနာကို ဖြေရှင်းပြီးနောက်  မို့ထင်ကို အခြေအနေ အသိပေးကြသည်။ အရာအားလုံး အဆင်ပြေချောမွေ့စွာ စီစဉ်ပြီးသွား၍ သူက လူငယ်ရှေ့နေလေးနှင့် စကားပြောသည်။
"ငါတို့လက်ထဲ ရောက်လာမယ့် သူတို့ ရှယ်ရာတွေကို သူတို့ရဲ့ အဓိကပြိုင်ဘက်ကို ရောင်းရမယ်"

ယခုလိုမျိုး ညှဉ်ပန်းမှုမျိုးက ကျုံးမိသားစုကို ရူးသွပ်စေလိမ့်မည်။

...

ရက်အနည်းငယ် ကုန်လွန်သွားခဲ့သော်လည်း ရှားယွီလင်း၏သတင်းကို မကြားရသေးပေ။ ထိုစဉ် စီအီအိုအသစ်၏ ဦးဆောင်မှုဖြင့် ထျန်းအုပ်စုက တည်ငြိမ်နေသည်။ ထိုချိန် ထျန်းအကြီးအကဲက လက်ဗလာဖြင့် ဆွစ်ဇာလန်မှ ပြန်လာခဲ့သည်။

နွမ်းလျနေသော အဘိုးအို အိမ်ထဲဝင်လာခြင်းကို မြင်မြင်ချင်း ထျန်းရွှမ်က အခွင့်အရေးကို အမိအရ အသုံးချကာ ငိုမဲ့မဲ့ဖြင့် ထျန်းအကြီးအကဲ အရှေ့ ဒူးထောက်သည်။

"ရှောင်ရွှမ် ဘာဖြစ်လို့လဲ"
ထျန်းအကြီးအကဲက  ချက်ချင်း ခါးကိုင်းလျက် မေးမြန်းသည်။

"ဘိုးဘိုး။ မြေးလေးလေ ဒါရိုက်တာအစည်းအဝေးပွဲကို အမှတ်မထင် တက်လိုက်မိတယ်။ မြေးက တကယ်တမ်း စီအီအို မဖြစ်ချင်ပါဘူး။ ကုမ္ပဏီ ဒုက္ခရောက်နေတာ မမြင်ရက်လို့ ကူညီခဲ့ရုံပါပဲ။ ဖြစ်ပျက်သမျှ ကိစ္စတိုင်းအတွက် မြေးကို အပြစ်မတင်ပါနဲ့"
ထျန်းရွှမ်က စိတ်ရင်းအတိုင်း တောင်းပန်စကား ပြောဆိုသည်။

"မြေးက ထျန်းအုပ်စုအတွက် စိုးရိမ်ပူပန်တာ ဘိုးဘိုး သိပါတယ်။ ဒါပေမဲ့ ဘိုးဘိိုးရဲ့မြစ်လေး မထိခိုက်ဖို့ပဲ ဂရုစိုက်သင့်တယ်"
ထျန်းအကြီးအကဲက ထျန်းရွှမ်ကို ဆွဲထူကာ စကားပြောသည်။

"ထျန်းအုပ်စုရဲ့ အလုပ်ကိစ္စတွေကို ကိုင်တွယ်ဖို့ တခြားသူလက်ထဲ အပ်ထားတာပဲ။ ကိုယ့်ခန္ဓာကိုယ် ကျန်းမာဖို့ပဲ အာရုံစိုက်ပါ။ တခြားကိစ္စတွေ မစိုးရိမ်နဲ့"

"ဒါပေမဲ့ ဒီတစ်ခေါက်တော့ ကိုယ့်ဘာသာကိုယ် အရှက်ရမိတယ်"
ထျန်းရွှမ်က ရုံးမှ ဝန်ထမ်းများ နှင့် ရှယ်ရှာရှင်များ၏ သိက္ခာချသော အပြုအမူ အပြောအဆိုများကို ရည်ညွှန်းခြင်း ဖြစ်သည်။

ထျန်းအကြီးအကဲက ခေါင်းခါလျက် သူမကို နှစ်သိမ့်သည်။

"ဘာမှ မဟုတ်တာတွေကို စိတ်ထဲ မထားနဲ့"

"ဒါပေမဲ့ ဘိုးဘိုးရယ်။ မြေးက တကယ်ကို အသုံးမကျတာလား။ ထျန်းအုပ်စုအတွက် ကောင်းကျိုးနည်းနည်းမှ မပေးခဲ့တာလား"

ထျန်းအကြီးအကဲက ထျန်းရွှမ်စကား နောက်ကွယ်မှ ရည်ရွယ်ချက်ကို နားလည်နိုင်အောင် ကြိုးစားကြည့်သည်။ သူမ၏ အကြံအစည်ကို ရုတ်တရက် တွေးတောမရပေ။

"ဘိုးဘိုး မြေးအတွေ့အကြုံ လိုချင်လို့ စီမံ့ကိန်းရေးဆွဲဌာနမှာ အလုပ်ခန့်ပေးလို့

ထျန်းအကြီးအကဲက စက္ကန့်ပိုင်းမျှ ချင့်ချိန် စဉ်းစားပြီးနောက် ထျန်းရွှမ် ကိုယ်ဝန်ရှိနေသော အကြောင်းပြချက်ဖြင့် ငြင်းဆိုရန် ဆုံးဖြတ်ခဲ့သည်။
"မြေး ကလေးမွေးပြီးရင် ဘယ်ဌာနမှာမဆို အလုပ်လုပ်လို့ ရတယ်။ ဒါပေမဲ့ အခုတော့ အိမ်မှာပဲ ကောင်းကောင်း အနားယူပြီး ကိုယ်ဝန်ကိုပဲ ဂရုစိုက်တာ ကောင်းမယ်"

ထျန်းရွှမ်က ဇွဲမလျော့စတမ်း တောင်းဆိုလိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း အံ့ဩစရာကောင်းစွာ သူမက ချက်ချင်း ခေါင်းညိတ်သည်။
"ကောင်းပြီလေ။ မြေးလေးက အနားယူသင့်တယ်လို့ ဘိုးဘိုး အကြံပေးတော့လဲ ကလေး နဲ့ မြေးအတွက် မစိုးရိမ်ရအောင် မြေးလေး အနားယူလိုက်ပါ့မယ်"

ထျန်းအကြီးအကဲက ထျန်းရွှမ်ကို စက္ကန့်ပိုင်းမျှ အကဲခတ်သော်လည်း စကားအပို ထပ်မပြောခဲ့ပေ။ သူမ၏ ဖြူစင်ရိုးသားသော မျက်နှာဖုံး၏ နောက်ကွယ်တွင် ယုတ်ညံ့သော စိတ်ထားကို သိနေသည်။ သူမက အဆိပ်ပြင်းသော မြွေဟောက်မမှန်း သူ ကောင်းကောင်း သိနေသည်။

"ဒါနဲ့ ဘိုးဘိုး၊ မြေး ကွာရှင်းလိုက်ပြီ"

"ဘာလို့လဲ"
ထျန်းအကြီးအကဲက ကြားသိရသော သတင်းကြောင့် အံ့အားသင့်သွားသည်။

ကျုံးမိသားစုက မကောင်းမှန်း သိသော်လည်း ထျန်းရွှမ်က ကျုံးမိသားစုထဲ ဝင်ရောက်ရန် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ဖူးသည်။ သူမ နှစ်ပေါင်းများစွာ ကြိုးစား သည်းခံခဲ့ပြီးမှ အကျိုးအမြတ် ပြန်မရခဲ့ပေ။ ယခုတော့ သူမက တည်တည်ငြိမ်ငြိမ် အမူအရာဖြင့် ကွာရှင်းရန် ဆုံးဖြတ်ခဲ့သည်။

ဤအချင်းအရာကား ထျန်းရွှမ်အတွက် ပုံမှန် မဟုတ်ခဲ့ပေ။

"ကျုံးမိသားစုက ဇယားရှုပ်နေပြီး မြေးကို ငွေပဲ လိုက်တောင်းနေတယ်။ သည်းမခံနိုင်တဲ့ အဆုံး မြေးက ကွာရှင်းဖို့ တောင်းဆိုလိုက်ရုံပဲ"
ထျန်းအကြီးအကဲက အပြန်အလှန် စကားပြောဆိုခြင်း မရှိဘဲ သူ့စာကြည့်ခန်းထဲ လမ်းလျှောက်ဝင်သွားသည်။ သိပ်မကြာလိုက် သူက ထျန်းနင်ကို ဖုန်းခေါ်လိုက်ပြီး ထျန်းရွှမ်နှင့် ပတ်သက်သမျှ အကြောင်းအရာ အားလုံးကို ပြောပြသည်။

"ရှောင်နင်၊ တစ်ခုခု ပုံမှန်မဟုတ်ဘူးလို့ ဘိုးဘိုး ခံစားရတယ်"

ထျန်းနင် ကိုယ်တိုင်လည်း တစ်ခုခု လွဲမှားနေသည်ဟု ခံစားရသည်။

ထျန်းရွှမ်က အလွယ်တကူ ကွာရှင်းမည့်သူ မဟုတ်ပေ။ ကျုံးမိသားစုကလည်း သည်းခံတတ်သူ မဟုတ်ချေ။ ယခုတော့ အရာအားလုံးက ရိုးရှင်းစွာ အေးအေးချမ်းချမ်း ပြီးဆုံးသွားခဲ့သည်။
"ဘိုးဘိုး ဂရုစိုက်နော်"
ထျန်းနင် သတိပေးသည်။

"ဘိုးဘိုး ဘာလုပ်သင့်လဲ သိပါတယ်။ မစိုးရိမ်ပါနဲ့"

ထျန်းအကြီးအကဲ၏အာမခံသော စကားကို ကြားပြီးနောက် ထျန်းနင်က တွေးဝေလျက် ဖုန်းချလိုက်သည်။ ထျန်းရွှမ်ကို ကပ်ဘေးဒုက္ခမှ အလွယ်တကူ လွတ်မြောက်ခွင့် ပေးလိုက်လျှင် ထျန်းနင်အတွက် အကျိုး မရှိပေ။

...

"ကြားရတဲ့ သတင်းအရတော့  ထျန်းအုပ်စုရဲ့ စီအီအို ရှားယွီလင်းက ပျောက်နေတုန်းပဲတဲ့။ ထျန်းအုပ်စုက အခက်အခဲ ကြုံဖို့ ကံကြမ္မာ ပါလာပုံပဲ"

"နောက်ထပ် သတင်းထူး ရှိသေးတယ်။ ထျန်းနင် ပါဝင်ရိုက်ကူးထားတဲ့ ကပ်ဘေးရုပ်ရှင် 'WH'ကို ဒီဇင်ဘာလ ၄ရက်နေ့ ရုံတင်မယ်တဲ့နော်။ အဲဒီရုပ်ရှင်က ရုံမတင်ရသေးပေမဲ့ ရုပ်ရှင်ပရိသတ်တွေကြားမှာ တော်တော်လေး နာမည်ကျော်နေတယ်"

"ထျန်းနင်က သူ့အမေကို မြန်မြန် ပြန်တွေ့ပြီး ဖျော်ဖြေရေးလောကထဲ ပြန်လာဖို့ပဲ မျှော်လင့်တယ်။ လူတိုင်းက သူ့ကို လွမ်းနေပြီသားလေ"

ထျန်းနင်က လူအများရှေ့တွင် မြင်တွေ့ခွင့် မရတော့သော်လည်း သူမ၏သတင်းက သတင်းဌာနတိုင်းတွင် အကျော်ကြားဆုံး ဖြစ်နေသည်။

"ထျန်းအုပ်စုရဲ့ တခြားသတင်းလည်း ကြားထားသေးတယ်"

"ထျန်းအုပ်စုရဲ့ နှစ်စဉ် ကျင်းပတဲ့ ကုန်ပစ္စည်းပြပွဲမှာ ကျင်းပမယ့်  အထူးဧည့်သည်တော် စာရင်း ပေါက်ကြားသွားတယ်တဲ့။ ဒီသတင်းကို ဘယ်သူဖော်လဲတော့ ခုထိ မသိရသေးဘူး။ ဒါပေမဲ့ အဲဒီနာမည်စာရင်းက ဖောက်သည်တွေကြား တော်တော်လေး မကျေမနပ် ဖြစ်စေတယ်တဲ့။ အထူးဖောက်သည်တွေ တော်တော်များများ မကျေနပ်ကြဘူး"

"ဒါတောင် ထျန်းအုပ်စုက ဖြေရှင်းချက် မပေးသေးဘူး။ ဒီသတင်းက ကုမ္ပဏီကို တော်တော်လေး ရိုက်ခတ်လာနိုင်တယ်"

အထူးဧည့်သည်တော် စာရင်း ပေါက်ကြားခဲ့သည်။

အပိုင်း(၅၀၆)
ပြီး၏။

Bạn đang đọc truyện trên: ZingTruyen.Xyz