ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)
အပိုင်း(၅၀၅)
အပိုင်း(၅၀၅)
"ကျွန်မက ဘာလို့ ရှင့်ကို ယုံကြည်ရမလဲ"
ထျန်းရွှမ် မစွန့်စားချင်ပေ။ ၎င်းအမျိုးသားက သူမတို့မိသားစုနှင့် ဟိုးယခင်တည်းက ငြိစွန်းမှု ရှိခဲ့၍ သူနှင့် ပတ်သက်ခြင်းက
အန္တရာယ်များသည်ဟု ခံစားရသည်။
"ကိုယ့်အနား လာပါဦး ရှောင်ရွှမ်ရယ်။ မင်းလေးက အခုလည်း တခြားသူရဲ့မကောင်းတဲ့ အကြံအစည်တွေကြား နစ်မွန်းနေတာပဲလေ။ ကျုံးမိသားစုက ချွတ်ချုံးကျခါနီးနေပြီ။ မင်းသာ ထျန်းအုပ်စုကို ထိန်းချုပ်နိုင်ခဲ့ရင် သူတို့က ကောင်းကောင်းဆက်ဆံမယ်များ ထင်နေလား။ ပြောနေစရာတောင် မလိုအပ်ပါဘူး..."
ထိုအမျိုးသားက ကောက်ကျစ်စဉ်းလဲစွာ ပြုံးနေသည်။
"ထျန်းမိသားစုကရော မင်းကိုတန်ဖိုးထားခဲ့လို့လား"
"ဘာလို့ ငါ့ကိုကူညီတာလဲ"
ဤအချင်းအရာက ထျန်းရွှမ် အသိချင်ဆုံး ဖြစ်သည်။
"ကိုယ်က အနိုင်ယူရတာ ကြိုက်လို့လေ"
ထိုစကားကိုပြောပြီးနောက် ထိုလူက သူ့ကိုယ်သူ တရားဝင် မိတ်ဆက်ပေးသည်။
"ငါ့နာမည်က လင်းရှောင်ယွမ်။ ငါက ကျောက်မြတ်ရတနာ ရောင်းဝယ်တဲ့ မိသားစုနောက်ခံကပဲ။ ငါ့မိန်းမ ဆုံးပါးသွားတာ တစ်နှစ်လောက်ရှိပြီ။ ငါ့မှာ သုံးနှစ်အရွယ် သားလေး တစ်ယောက်ရှိတယ်။ မင်း ဘာထပ်သိချင်သေးလဲ။ ငါက ထျန်းအုပ်စုရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင် အသစ်ပဲ"
၎င်းအမျိုးသား၏ အန္တရာယ်အငွေ့အသက်ကို ထျန်းရွှမ် ကြောက်လန့်နေရသည့် အကြောင်းအရင်းကို သူမ ကိုယ်တိုင် မသိခဲ့ပေ။ ထိုလူ၏စိတ်ကို ခန့်မှန်းရ ခက်ခဲလွန်းသည်။
တစ်ပြိုက်နက်တည်း သူမ တွေးတောမိသည်ကား ထျန်းနင်ကို နောက်ကွယ်မှ ပံ့ပိုးပေးနေသော မို့ထင်ရှိနေ၍ ထျန်းနင်က ယခုလို အောင်မြင်သည့် အခြေအနေကို ပိုင်ဆိုင်ရခြင်း ဖြစ်သည်။
အရည်အချင်း ရှိသော အမျိုးသားနှင့် လက်တွဲခွင့် ရလျှင် သူမလည်း အောင်မြင်လာနိုင်သည်။
"ကိုယ့်စကားကို နားထောင်ပါ။ အရင်ဆုံး ကျုံးမိသားစုနဲ့ ခပ်ကင်းကင်း နေရမယ်။ မင်းရဲ့ကလေးကိုတော့ ထျန်းနင်ကို အအသုံးချဖို့ ခဏ ထိန်းသိမ်းထားဦး"
ထျန်းရွှမ် မှင်တက်သွားပြီး သူ့အရှေ့က အမျိုးသားကို ငေးစိုက်ကြည့်နေသည်။သို့သော် ၎င်းအမျိုးသားက သူမကို မဲ့ပြုံးပြုံးကာ ကြည့်နေသည်။
ထျန်းရွှမ်က ခြေလှမ်းအနည်းငယ် နောက်ဆုတ်နေမိသည်။ အစောပိုင်းက သူမ လွတ်မြောက်ချင်ခဲ့သော်လည်း စွဲမက်ဖွယ်ကောင်းသော သူ့အပြုအမူများကြောင့် လွတ်မြောက်ရန် ခက်ခဲနေသည်။
သူမ၏ခေါင်းထဲ သူ့စိတ်ကူးကို သဘောတူရန် ပြောကြားနေသော အသံတစ်သံကိုသာ ကြားနေရသည်။ သူ့ဆန္ဒကို လိုက်လျောခဲ့လျှင် သူမအတွက် မျှော်လင့်ချက် ရှိလာနိုင်သည်။
"ရှောင်ရွှမ်"
ထိုစဉ်အခိုက်အတန့် ထျန်းရွှမ် အသိစိတ် ကင်းမဲ့နေသည်။ သူမ ကျူးလွန်ခဲ့သော မကောင်းမှု နှင့် အနိုင်ရလိုခြင်းက သူမကိုယ်သူမ ပျောက်ဆုံးစေခဲ့သည်။
...
ကျုံးမိသားစု အစစ်ဆေးခံရသည့် သတင်းက ပေကျင်းမြို့ တစ်မြို့လုံးသို့ အလျင်အမြန် ပြန့်သွားခဲ့သည်။ အစစ်ဆေးခံရသည့် သတင်းက လူသိထင်ရှား ဖြစ်သွားသောနေ့က ကျုံးမိသားစုကို မွဲပြာကျရန် တွန်းအားပေးသောနေ့ ဖြစ်သည်။
သူမ၏ခင်ပွန်းသည် နှင့်သားကို ကယ်တင်ရန် အမေကျုံးက တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားခဲ့သည်။ သို့သော်လည်း စုံစမ်းစစ်ဆေးရေးက တင်းကျပ်ပြီး လွတ်မြောက်ခွင့်ရရန် ခက်ခဲသည်။ သူမတို့မိသားစု စုဆောင်းထားသော ငွေကြေးအားလုံးက မျက်စိတမှိတ်အတွင်း ကျပျောက်သွားသကဲ့သို့ ကုန်ဆုံးသွားခဲ့သည်။ အဆုံးသတ်မှာ သူမတို့ သုံးစရာ မရှိသည့်အဆုံး ထျန်းအုပ်စုကို မျက်စိကျမိ၍ ထျန်းရွှမ်ကို ဖုန်းဆက်ခြင်း ဖြစ်သည်။
ထျန်းရွှမ်က သူမနှင့် တွေ့ဆုံရန် သဘောတူခဲ့သော်လည်း သူမ၏မျက်ဝန်းအကြည့်က ယခင်နှင့် ခြားနားသွားခဲ့သည်။
"ရှောင်ရွှမ်၊ မင်းရဲ့သစ္စာစောင့်သိမှုကို ပြရမယ့်အခွင့်အရေးပဲ။ မင်းကို ငါတို့မိသားစုထဲ ဝင်ခွင့်ပေးခဲ့တယ်။ မင်းက ငါတို့မိသားစုအတွက် အသုံးဝင်တယ်ဆိုတာ ပြရမယ့် အချိန်ပဲ။ ပိုက်ဆံရနိုင်မယ့် နည်းလမ်းကို မြန်မြန် ကြံရွယ်စမ်းပါ"
ထျန်းရွှမ်က လက်ပိုက်ဟန်အနေထားဖြင့် ရယ်မောနေသည်။
"ငါက နင်တို့တွေကို မကူညီချင်တာ မဟုတ်ပါဘူး။ ငါက မိသားစုမှာ အရေးမပါတဲ့သူလေ။ အမေကိုယ်တိုင်လည်း ငါ့အဖြစ်ကို မြင်နေတာပဲ။ ထျန်းမိသားစုစီက ငွေတစ်ပြားတစ်ချပ်တောင် မရတာလေ။ ဘယ်ကနေ ပိုက်ဆံလှည့်ယူရမလဲ"
"နင့်မှာ ထျန်းအုပ်စုရဲ့ ရှယ်ရာတွေ ရှိတယ်လေ"
"အမေက ဘာပြောချင်နေတာလဲ"
"ငါတို့တွေက မိသားစုဝင်တွေ မဟုတ်ဘူးလား"
အမေကျုံးက မိသားစုကတ်ကို အသုံးချရန် ကြိုးစားခဲ့သည်။
"မင်းကို လူတိုင်းက စွန့်ပစ်ခဲ့တုန်းက ငါတို့ကျုံးမိသားစုပဲ မင်းကို ထွေးပွေ့ခဲ့တာလေ။ မင်းက ကျေးဇူးကန်းလှချည်းလား"
"တခြားသူတွေက အကြင်နာတရား ခေါင်ပါးတယ်လို့ ပြောမှာစိုးလို့ ကျုံးမိသားစုက ငါ့ကို မစွန့်ပစ်ခဲ့တာမလား။ နင့်သားက အပြင်မှာ မယားငယ် ဘယ်လောက်တောင် ယူထားလဲ နင် သေချာသိမှာပါ"
ထျန်းရွှမ် ခနဲ့သည်။
"ဟန်ဆောင်မျက်နှာဖုံးတွေ ခွာချလိုက်စမ်းပါ။ အခုလိုအချိန်မျိုးမှာ တစ်ယောက်ကိုယ် တစ်ယောက် ရိုးသားတာ အကောင်းဆုံးပဲ ဟုတ်တယ်မလား"
ထိုစကားကို ပြောပြီးနောက် ထျန်းရွှမ်က သူ့အိတ်ထဲမှ ဓာတ်ပုံအထပ်လိုက်ကို ထုတ်လိုက်ပြီး အမေကျုံးလက်ထဲ ထည့်ပေးလိုက်သည်။
"ဒါက ဘာသဘောလဲ"
"ရိုးရိုးလေးပါပဲ။ ကွာရှင်းစာချုပ်မှာ နင့်သားရဲ့လက်မှတ် ထိုးပေးဖို့ပဲ။ တစ်ယောက်တစ်လမ်းစီ လျှောက်တာ အကောင်းဆုံးပဲ"
"ငါ ကိုယ်ဝန်ဆောင်နေရတုန်းက နင့်သားက အပြင်မှာ မိန်းမတကာနဲ့ ပတ်ရှုပ်နေခဲ့တာ ငါ ဘယ်လို ခံစားရလဲဆိုတာ နင် ကိုယ်ချင်းစားတတ်ရင် သိလိမ့်မယ်"
ထျန်းရွှမ်က သွေးအေးစွာ ပြောသည်။
ယခုလို လေသံမျိုးဖြင့် အမေကျုံးကို ပြောဆိုချင်ခဲ့သည်မှာ ကြာပါပြီ။ သူမက စိတ်ဆိုးမာန်ဆိုးဖြင့် အမေကျုံး၏မျက်နှာကို ဓာတ်ပုံများဖြင့် ပစ်ပေါက်ခဲ့သည်။ ယခုတော့ သူမ၏ဆန္ဒများ ပြည့်ဝသွားခဲ့၍ နှလုံးသားတစ်ခုလုံး ကျေနပ်သော ခံစားချက်များဖြင့် ပြည့်နှက်နေခဲ့သည်။
ထျန်းရွှမ်က ယခုလိုမျိုး ပြုမူလာလိမ့်မည်ဟု အမေကျုံး မမျှော်လင့်ခဲ့၍ မှင်တက်နေမိသည်။
ထျန်းရွှမ်က ကျုံးမိသားစု အခက်ခဲဆုံး အချိန်တွင် ကိုယ်လွတ်ရုန်းသွားခဲ့သည်။
"ထျန်းရွှမ်၊ နင် တော်လွန်းတယ်။ ငါ့ကို တကယ် တုန်လှုပ်စေတယ်"
အမေကျုံးက သူ့လက်ထဲမှ ဓာတ်ပုံများကို ဆုပ်ကိုင်ကာ ရယ်မောနေမိသည်။
"ကောင်းတယ်။ အရမ်းကောင်းလွန်းတယ်။ နင်က ကွာရှင်းချင်တယ်ပေါ့ ဟုတ်လား။ နင့်ဆန္ဒကို ဖြည့်ဆည်းပေးလိုက်မယ် အရှက်မရှိတဲ့ အောက်တန်းစားမရဲ့"
ထိုစကားကိုပြောပြီးနောက် အမေကျုံးက မတ်တတ်ထရပ်ရန် ဟန်ပြင်နေစဉ် ထျန်းရွှမ်က ခြေလှမ်း တစ်လှမ်း တိုးလာခဲ့သည်။
"နင့်လက်မှာ ငါ အရင်က နာကျင်ခံစားခဲ့ရတယ်။ အခုတော့ နင်ပြန်ခံရမယ့် အလှည့်ပဲ"
"ကျုံးမိသားစု စောစောစီးစီး ပျက်စီးပါစေလို့ ငါ ဆုတောင်းတယ်"
"ငါတို့ကို ခါချလိုက်ရုံနဲ့ နင်က ထျန်းနင်ကို အနိုင်ယူနိုင်မယ် ထင်နေလား။ အရိုးသားဆုံး ပြောရရင် နင်နဲ့ ထျန်းနင်က ခြားနားတယ်။ အမှိုက်နဲ့ တိမ်တိုက်လိုပဲ။ ထျန်းနင် အခုလို အောင်မြင်တဲ့ အခြေအနေကို ပိုင်ဆိုင်ရတာ နင့်ထက် ပိုပြီးဉာဏ်ထက်လို့ပဲ။ နင့်ရဲ့ သနားစရာ အကောင်းဆုံး အခိုက်အတန့်ကို နင် စောင့်မျှော်နေလိုက်"
ထျန်းရွှမ်က ကော်ဖီဆိုင်မှ လှည့်မထွက်ခင် အမေကျုံးကို သရော်လိုက်သည်။ ထို့နောက် သူမက လင်းရှောင်ယွမ် စီစဉ်ပေးထားသော ကားပေါ် တက်လိုက်သည်။
ထျန်းရွှမ်ကဲ့သို့ အပေါစားဆန်သော မိန်းမက သူ့ကို စော်ကားမော်ကား ပြောဆိုခဲ့၍ အမေကျုံး မခံမရပ်နိုင် ဖြစ်နေသည်။
သို့သော်လည်း သူ့ခင်ပွန်း နှင့်သားကို ကယ်တင်ရန် သူမ ဆုံးဖြတ်ထားသေးသည်။ ကော်ဖီဆိုင်မှ ထွက်လာခါနီး သားရေအိတ်ကို ကိုင်ဆောင်ထားသော အမျိုးသားက သူမ၏အရှေ့သို့ ရုတ်တရက် ရောက်လာသည်။
"ဟယ်လို မဒမ်ကျုံး"
"ရှင့်ကို ကျွန်မ မသိဘူးထင်တယ်"
"ဒါပေမဲ့ ကျွန်တော်ကတော့ မဒမ်ကို သိနေလို့ မဒမ်ကို ကူညီပေးနိုင်ပါတယ်"
လူငယ်လေးက အပြုံးလေးဖြင့် စကားပြောကာ ထိုင်ခုံမှာ ထိုင်လိုက်သည်။
"စကားပြောကြတာပေါ့။ ကျွန်တော်က မဒမ်ကို သတင်းကောင်းလေး ပေးကောင်း ပေးနိုင်ပါတယ်"
"ဒီလောကကြီးထဲမှာ လူကောင်းတွေ ရှိသေးလို့လား"
"မဒမ် အခု ထွက်သွားလိုက်ရင် ခင်ဗျား သားနဲ့ ယောက်ျားကို ကယ်တင်နိုင်တဲ့ အခွင့်အရေး လွဲချော်သွားရုံပေါ့"
ထိုလူက တည်တည်ငြိမ်ငြိမ်ဖြင့် သူ လိုချင်သော အချက်ကို ထိထိမိမိ ပြောဆိုသည်။
အမေကျုံးက အနည်းငယ် အံ့အားသင့်မိသော်လည်း နောက်ဆုံးတော့ ပြန်ထိုင်လိုက်သည်။
"ခင်ဗျား ယောက်ျား နဲ့ သားကို ကယ်တင်ပေးခဲ့တာကို အလဲအလှယ် အနေနဲ့ ကျုံးအုပ်စုရဲ့ ရှယ်ရာတွေကို ဝယ်ချင်တယ်။ ငွေရှိတဲ့လူတိုင်းက ခင်ဗျားရဲ့မိသားစုကို မကယ်တင်ပေးနိုင်တာ ခင်ဗျားလည်း သိမှာပါ"
အမေကျုံးက အတည်မပြုခင် နက်နက်နဲနဲ တွေးတောရန် ခေါင်းငုံ့လိုက်သည်။
"ငါ လုပ်ပေးနိုင်တာက ငါ့ရှယ်ရာတွေကို မင်းကို ရောင်းရမယ်ပေါ့ ဟုတ်လား"
"ဒါပေါ့"
လူငယ်လေး ပြုံးသည်။
"အားလုံးကို စာချုပ်မှာ ရေးထားပါတယ်။ စိတ်ပူဖို့ မလိုအပ်ပါဘူး"
"ဒါဆိုလည်း ကောင်းပြီလေ။ ငါရောင်းပေးမယ် ပြဿနာကိုရော ဘယ်အချိန် ဖြေရှင်းပေးမှာလဲ"
"မဒမ် ယောက်ျား နဲ့သားကို သုံးရက်အတွင်း သေချာပေါက် တွေ့ရပါမယ်"
အမျိုးသားက စာရွက်စာတမ်းများကို ပြန်သိမ်းလိုက်ပြီး လှည့်ထွက်သွားသည်။ သို့သော်လည်း အမေကျုံးက သူ့ကို ရုတ်တရက် လှမ်းတားသည်။
"မင်းကို နောက်ဆုံးမေးခွန်း မေးချင်တယ်။ ဘယ်လိုဖြစ်ပြီး ငါ့မိသားစုအကြောင်း အရမ်းသိနေရတာလဲ"
"မဒမ်ကျုံးကို ကျွန်တော် အရိုးသားဆုံး ပြောပါ့မယ်။ တစ်စုံတစ်ယောက်ကို အမှုမဲ့ အမှတ်မဲ့ ရန်စခဲ့ဖူးလား"
ထိုလူက လှည့်ကြည့်ကာ ပြုံးပြသည်။
အမေကျုံးက ကြံရာမရ၍ မှင်တက်သွားသည်။
"ခင်ဗျား မှတ်မိအောင် အသိပေးရတော့မယ် ထင်တယ်။ တစ်စုံတစ်ယောက်ရဲ့ သားအိမ်ကို ထုတ်ပစ်ဖို့ အကြံပေးခဲ့ဖူးတယ်မလား"
ထိုစကားသံကို ကြားပြီးနောက် အမေကျုံး၏ မျက်စိသူငယ်အိမ် ပြူးကျယ်သွားသည်။
"ဒါဆိုရင် အားလုံးက ထျန်းရွှမ် လက်ချက်ပေါ့"
"မို့သူဌေးက ဒီကိစ္စအားလုံးကို အသေးစိတ် သိနေပါတယ်။ ဒီအကြောင်း ထျန်းရွှမ်ကို မပြောဘူးမလား"
အပိုင်း(၅၀၅)
ပြီး၏။
Bạn đang đọc truyện trên: ZingTruyen.Xyz