ZingTruyen.Xyz

ပန်းတစ်ပွင့်၏ ရိူက်သံ

အပိုင်း(၁၄)

maiyuri18

ချစ်ရသူကြီး ဦးထွဋ်နဲ့ဘာလိုလိုညာလိုလို တစ်ကုတင်ပေါ်အတူအိပ်နေစဉ် ပွေ့ဖက်နမ်းရိူက်မိသည့်အကြိမ်အရေအတွက် လက်ချိုးရေရသလို၊ ကိုယ်တိုင်ကလည်း ချစ်မြတ်နိုးသူမို့ လိုလိုလားလား နမ်းရိူက်ချင်သည်အထိ လက်ခံခဲ့တာမဟုတ်ပါလား။

ဦးထွဋ်နူတ်ဖျားက "ချစ်ကြိုက်စကား" မဖွင့်ဟသော်လည်း ကြင်နာရိပ်များလွှမ်းမိုးနေသည်မို့ မြတ်နိုးရခြင်းအဆင့်မှာတင်ရပ်တန့်ကာ အနမ်းတချို့ကို နှစ်ဦးသဘောတူ လက်ခံခဲ့မိခြင်းဖြစ်သည်။

ကြင်နာရိပ်တို့ရောပွမ်းနေတဲ့ ချစ်ရသူကြီးရဲ့ ဆင်ယင်ပေးမူအဝတ်အစားအပြင်၊ အထူးတလည်ချက်ပြုတ်ပေးလာသော ညနေစာချက်ပေးသည်အထိ မြတ်မြတ်န်ိုးနိုးယုယပေးခဲ့သည်မဟုတ်ပါ့လား။

သာယာခြင်းနဲ့ မြတ်နိုးခြင်းကြားက အလွှာပါးလေးဖြစ်နဲ့ သံယောဇဉ်နှောင်ကြိုးအမည်လေးတပ်ကာ တွယ်တာခဲ့ရသော လူသားတစ်ဦးမို့ မည်သည့်နေရာမှာထားအပ်သည်ဖြစ်စေ သမုဒါလိုလိုလားလားရှိနေခဲ့ပြီမဟုတ်ပါလား။

ကိုယ့်အချစ်က ပေါပေါပဲပဲထင်မိမစိုးလို့ မဖွင့်ဟမိခဲ့သော ချစ်စကားတစ်ခွန်းကို မျက်ဝန်းများ၏ ကျေနပ်ခြင်းတို့က ဖုံးဖိမရခဲ့။

" ကိုယ်နေ့တစ်ပိုင်းစောပြန်လာခဲ့မယ် " ဆိုတဲ့ ကတိကို မနေ့ညအိပ်ယာမဝင်ခင် ပေးခဲ့သော ဦးထွဋ်ကြောင့် မေမေ့အတွက်ရည်ရွယ်ကာ ဘုရားသွားချင်သည်ဟု ဖွင့်ဟမိသောအခါ သမုဒါအလိုကြ ဒီနေ့ နှစ်ယောက်အတူ ဘုရားဘက်သွားဖြစ်မည်။

" ဒါဆို ညနေစျေးမလည်ဘူးပေါ့ တော်က...."

" အင်း....ပေါ့ မကြီးရ..."

" အတော်အူမြူးနေတယ်ပေါ့....တော်ကို ကြည့်ရင်သိပ်သိသာတာနော်....."

" ဟဲ...အဲလိုလား..." မျက်နှာပူစွာ ပါးလေးအုပ်ကိုင်ပီးခေါင်းလေးရမ်းကာ မူဟန်ကြွယ်နေသေးသည် ။ ကိုယ့်အကြောင်းအနည်းငယ်ရိပ်မိသူပီပီ လှောင်ပြောင်ခြင်းမရှိပဲ *သမုဒါက တစ်စုံတစ်ဦးဆီက အချစ်ခံသင့်တဲ့ ကလေးရယ်ပါလို့ အမြဲချွေးသိပ်စကားဆိုတက်သော ဆိုင်နီးချင်းတွေကြောင့် ရှက်အားပိုကာ ခေါင်းရမ်းပြမိသေးသည်။ ကိုယ့်ဝမ်းနာ ကိုယ်သာသိမို့ လူတွေ့တိုင်း ရင်ခွင်ဖွင့်မပြမိခဲ့ပါ။

အသက်အရွယ်ကွာဟလွန်းသူကိုမှ ချစ်မိတဲ့သမုဒါအဖို့ တစ်ဖက်သတ်အချစ်ဟူသည်ခေါင်းစဉ်အောက်ဝယ် " သူသိသိမသိသိကွယ် ကိုယ်ကချစ်မှာပဲ" ဆိုတဲ့ တေးသီချင်းစာသားများလို တဖက်သူလက်ခံသည်ဖြစ်စေ ၊ လက်မခံသည်ဖြစ်စေ ငယ်ရွယ်သူအချစ်မို့ တစ်ဖက်သတ်အချစ်ဖြင့် ရူးမိုက်ရပါ၏။

မိုက်ရူးရဲဆန်မရသော ဘဝအခြေအနေမို့ တိတ်တဆိတ်ပဲ တဖက်သတ်ဆန်ဆန်အချစ်ဖြင့် မြတ်နိုးသူကြီးအနား ကပ်တွယ်နေမည်။

"ခေါ်လျှင်လာ၍ နှင်လျှင်လည့်ပြန်ရမည့်" တဖက်သတ်အချစ်က ရူးသထက်မူးရပါ၏။

ရူးရူးမူးမူး ငယ်ချစ်ဦးမို့ ဦးထွဋ်ကို ရူးသွပ်သည်အထိ သမုဒါချစ်ကျွမ်းဝင်မိသည်။

" ပြန်လိုက်တော့မလား ငါ့ညီရေ..."

" ဟုတ်ကိုကြီး..."

" ဒီနေ့ ပန်းရောင်းကောင်းနေတယ်ပေါ့လေ....."

" အဲလိုပြောရမှာပဲ...ကိုကြီးသူရရေ...ဒါလေးသိမ်းပီး သားရော အိမ်ဘက်အကြုံလိုက်မယ်နော်.."

အမေ့ရှိစဉ်ကတည်းက အိမ်နောက်ဘက်ထောင့်ရှိ သရက်ပင်ကြီးအောက်ဝယ် ဆိုင်ကယ်ဆိုက်တွဲများနားခိုရာအဖြစ် နားခိုဆောင်လေးအပါအဝင် တခါတရံ မေမေကိုယ်တိုင်က လဘက်ပဲခြမ်းလေးသုတ်ကာ ကျွေးခဲ့သည့် အစ်ကိုအောင်မြတ်သူငယ်ချင်း ဆိုက်တွဲဆရာအများစုက သမုဒါကို ညီငယ်မောင်နှမ သဖွယ်ချစ်ခင်တွယ်တာခဲ့ကြပါသေးသည်။

နံနက်အစော ပန်းထုံးများကို စျေးထိလိုက်ပို့ပေးသည်ကအစ စျေးကွဲချိန်တိုင်း အိမ်ပြန်ရင်လည်း ပန်းကျန်များကိုသိမ်းကာ လိုက်ပို့ပေးတက်သေးသည့် ကိုကြီးသူရတို့ဆိုက်တွဲဆရာများကြောင့်လည်း သမုဒါမိခင် ဆုံးပါးခဲ့စဉ်က အစအဆုံး ရက်လည်ဆွမ်းသွပ်ထိ ကိုယ်ကာယများဖြင့် ကူညီပေးခဲ့သည်မဟူတ်ပါလား။

မိသားစုစားဝတ်နေရေးကို ကြုံရာလုပ်ကာဖြေရှင်းနေရသော အောက်ခြေတန်းစားဘဝတွေကာ ဝါသနာက်ို အခြေခံကာ လုပ်ကိုင်စားသောက်ခွင့်မရှိခဲ့ပါ။

ဝမ်းရေးအတွက် ပညာရေးကိုစွန့်လွတ်ကာ ပန်းသည်ဘဝရောက်ခဲ့ရသော ငယ်ရွယ်နုနယ်လွန်းသော သမုဒါပင်မဟုတ်ပါ့လား။

ဝါသနာပါရမီက ဘာမှန်းမသိရသေးခင် ဘဝအတွက် ခက်ခဲသောအခြေခံလူတန်းစားတို့ထုံးစံနည်းအတိုင်း စျေးဆိုင်ခုံပေါ်ထိုင်ကာ အကြွေရွက်ကလေးကအစ ရေတွက်ကာ ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ပြီး ဖြေရှင်းနေရသည့် ဘဝနေထိုင်နည်းများကို သမုဒါအတော်ကျွမ်းကျင်နေခဲ့ပါပြီ။

" ပီးပီလား အငယ်ကောင်ရေ...."

" ဟုတ်ပြီးပြီ ကိုကြီးသူရ...ခဏလေးနော်...."

ပန်းလက်ကျန်လေးများကို ရေစိုပုဆိုးဝန်လေးဖြင့် ထုပ်ပိုးကာ လမ်းမဘေးထိုးရပ်ကာစောင့်နေပေးသော ကိုကြီးသူရဆိုက်တွဲပေါ်ရွေ့တင်ကာ ပန်းကုံးအကျန်လေးများကိုပါ ပန်းခြင်းလေးထဲထည့်ပြီး သိမ်းဆည်းနေမိသည်။

" ရပြီ ကိုကြီးသူရ...သားမလိုက်တော့ဘူး..."

" မလိုက်ဘူးလား..."

အရွယ်အားဖြင့် ဦးထွဋ်နဲ့မတိမ်းမယိမ်း ကိုယ်အပေါ်နားလည်ပေးကြသော ကိုကြီးကိုသူရတို့အဖွဲ့က ခုလိုတစ်ယောက်တည်း အားငယ်နေချိန် ပို၍ ကြည့်ရူစောင့်ရှောက်ကြသေးသည်။

" အသီးအရွက်လေး ဝယ်ချင်သေးလို့ "

" အေး...ဒါဆို အစ်ကိုသွားပြီ..."

" ဟုတ်ကဲ့ကိုကြီးသူရ...." ဆိုက်တွဲပေါ်ကနေ လက်ပြကာ မောင်းထွက်သွားသော ကိုကြီးသူရကိုကျောခိုင်းနူတ်ဆကိပြီး စျေးတောင်ဘက်ရှိ အသီးအရွက်တန်းဘက်စက်ဘီးဦးလှည့်ကာ အညာသားကိုသိန်းဆီက အသီးအရွက်တချို့ဝယ်ယူရမည်လေ။

" ညနေ ဟော့ပေါ့ချက်ကြွေးမယ်..." ဆိုတဲ့ ဦးထွဋ်ရဲ့ ပြောစကားကြောင့် လိုအပ်သောအသီးအရွက်အချို့နှင့် သစ်သီးတချို့ဝယ်ယူနေမိသည်။

အမှတ်(၂)စျေးမှစျေးသည်ပီပီ စျေးသူစျေးသားအချင်းချင်း ရင်းနှီးခင်မင်စွာဖြင့် နူတ်ဆက်ပြီး အိမ်ပြန်လမ်းလေးကို ဂျပန်စက်ဘီးစုတ်လေးစီးကာ တရွေ့ရွေ့။

" ဒီနေ့ စောပြန်မှာလား ဆရာ..."

"ဟုတ်တယ်ဝတီ၊ လုပ်လက်စလေး လက်စသတ်ပြီးရင် ပြန်မယ်..."

" အော်....ဟုတ်ကဲ့ပါဆရာ ဒါနဲ့ ဒီproject လေးက construction တာဝန်ခံက ဒီအပိုင်းလေးကို ဆရာနဲ့တွေ့ ပြီး ဆွေးနွေးပါရစေ လို့တောင်းဆိုလာတယ်ဆရာ..."

" ဟုတ်လား..ပြပါအုံး...."

လုပ်လက်စ ပုံကို ခဏရပ်နားပြီး ဝတီပြပေးလာသော construction ဆီပို့ထားသော ပုံကို ပြန်၍ သုံးသပ်ကြည့်မိပြီး လက်ထောက်ဖြစ်သူအား အနည်းငယ်အကျိုးအကြောင်းရှင်းပြနေမိသည်။

" ဒီအပိုင်းလေးကို နားမလည်တာနေမယ်...ဒါလေးက ဒီဘက်နေကြည့်ပြီး ဒီview ကနေ ဆွဲယူကြည့်ရတာမျိုး...."

" ဟုတ်ဆရာ...ဒါဆို ဒီအချိုးလေးက နေ ညာဘက်ကို zoom ချဲ့ရင် ပိုနားလည်နိုင်တာပေါ့နော် ဆရာ...."

" အမှန်ပဲ ..မင်းကို အကျဉ်းချုံးပြောထားသလို construction သမားလာရင် ဆရာဆီ ဆက်သွယ်ပေးပါ ၊ နောက်ပြီး ဆရာ့ဖုန်းနံပါတ်ဖစ်ဖစ်ပေးလိုက်ပါ ရုံးချိန်ပြင်ပမှာဆိုလည်း ဆရာအဆင်ပြေသလို ညှ်ိပြီး တွေ့လိုက်မယ်..."

" ဟုတ်ကဲ့ပါဆရာ..."

" ဒါဆို ဆရာလက်စသိမ်းပြီးရင် ပြန်မယ် ၊ နောက်လာမည့် Client တွေကိုမနက်ဖန် ၁၀နာရီနောက်ပိုင်း အချိန်ပေးလိုက်ပါ လိုအပ်တဲ့ အကြောင်းအချက်အလက် အနည်းငယ်ကို ဝတီတို့ဆီ လွဲအပ်ခဲ့မယ်နော်...."

" ဟုတ်ကဲ့ပါ ဆရာ..."

ဝတီအပါအဝင် လက်ထောက်အနည်းငယ်က တရိုတသေလေးစားစွာဖြင့် ဗိသုကာပညာရှင်ထင်လင်းထွဋ်၏ အမှာစကားများကိုလိုက်လံမှတ်သားနေကြသည်။ သိပ်မများသော ရုံးခန်းလေးအတွင်းမှာတကယ့်ဗိသုကာပညာရပ်ကို လေ့လာလိုက်စားသူအနည်းစုကိုယ်တိုင်ကြိုးစားကာ ပညာရပ်များစွာကိုလေ့လာဆည်းပူးရင်း ဗိသုကာပညာရှင်ထင်လင်းထွဋ်လက်အောက်ဝယ် လိုလိုလားလားအလုပ်လုပ်နေကြသည့် ပြည်တွင်းမှ junior architect များဖြင့် ဖွင့်လှစ်ထားသော ရုံးခန်းဖြစါသည့်အလျှောက် တိတ်ဆိတ်ခြင်းများနှင့်အတူ များပြားလှသော လုပ်ငန်းများကို သူ့နေရာနဲ့သူ ကြိုးစားလုပ်ကိုင်နေကြသော ဌာနကြီးတစ်ခုလည်းဖြစ်၏။

ရုံးခန်းပိုင်းအတွင်း ထင်းလင်ထွဋ်ကိုယ်တိုင် တွေ့ဆုံစေသည့် Client တချို့မှာ နိုင်ငံရေးအကြီးအကဲများ၏ ဆန္ဒအလျှောက်သီးသန့်တိုက်တာအိုးအိမ်များအပြင် ဇိမ်ခံနားနေအိမ်ရာများစွာနှင့်အတူ ထူးခြားလှပသော အဆောကိအဦးများစွာကိုပါ လက်ခံ၍ လုပ်ဆောင်ပေးလျှက်ရှိသည်။

တချို့ သူဌေးသူကြွယ်များ၏ ချိန်းဆိုမူကြောင့် ပြင်ပမှာသာ လက်ခံလာသော ပိုင်ရှင်စိတ်တိုင်းကျ ဆောင်ရွက်ပေးရမည့်အဆောက်အဦးအမျိုးမျိုးအပြင် သီးသန့်နားခိုရာ ဘန်ဂလိုအတွင်းပိုင်း အထိပါ interior designer တွေနှင့်အတူ လက်တွဲလုပ်ကိုင်ရသည့် လုပ်ငန်းတချို့လည်း ထင်လင်းထွဋ်ကြိုးစားဆောင်ရွက်ပေးနေသောကြောင့် နာမည်ကြီးသူဌေးသူကြွယ်တွေကြားဝယ် ဗိသုကာပညာရှင် ထင်လင်းထွဋ်ဆိုတာ မသိသူမရှိရလေအောင် နာမည်ကြီးလျှက်ရှိသည်။

" ဝတီ..."

" ဟုတ်ကဲ့ဆရာ...."

" ဟော့ပေါ့ချက်ဖို့ လိုအပ်တာတွေဘယ်နေရာမှာ အစုံရနိုင်မလဲ...."

" ရှင်......အော် ဟုတ်ကဲ့ပါဆရာ...ဒီနားကနေ ကိုက်၅၀အကွာမှာရှိတဲ့ Hotpot town မှာ အသင့်စား ကိုယ်တိုင်ချက်ပြုတ်စားနိုင်မည့် ပါဝင်ပစ္စည်းတွေ ဝယ်ယူနိုင်ပါတယ်ဆရာ...."

" seafoodရောလား....."

" ကြက်မဲကအစ ပင်လယ်စာ ဂဏန်းတွေထိ အစုံရရှိနိုင်ပါတယ်ဆရာ....."

" ကျေးဇူးပဲ ဝတီ..."

" ဝတီ တို့ ဘာကူညီပေးရမလဲဆရာ.....အိမ်အတွက်လား.."

" ဆိုပါတော့အိမ်မှာ ကလေးတစ်ယောက်ရှိတယ်လေ.....ပူဆာနေလို့...."

" အော် ဟုတ်ကဲ့ပါဆရာ....."

" ဒါဆို ပြန်ပြီနော်....အားလုံးလည်း ဂရုစိုက်ပြန်ကြဖို့နဲ့ လိုအပ်တာတွေ ကိုယ့်လက်ထောက်ဝတီဆီမှာ တောင်းဆိုလို့ရတယ်နော်...."

" ဟုတ်ကဲ့ပါဆရာ....." သံပြိုင်ခေါင်းညိတ်ပြပြီး တလေးတစားနူတ်ဆက်ခြင်းခံရသော ဗိသုကာပညာရှင်ကြီး ထင်လင်းထွဋ်အိမ်မှာ ဟော့ပေါ့ပူဆာတက်သော ကလေးငယ်များရှိနေသေးလားဆိုတာအကြွားခံလိုက်ရသည့် လက်ထောက်ဖြစ်သူ ဝတီကိုယ်တိုင်တွေးမရနိုင်ပဲ ခေါင်းရူပ်နေခဲ့ရပြီမဟုတ်ပါလား။

တခါက အလုပ်ကိစ္စအရေးကြီးလို့ အရှေ့ဒဂုံထဲရှိ ဆရာမိဘအိမ်အထိ stick လေးကိုယ်တိုင်သွားပို့ဖူးသော ဝတီကို သားအဖနှစ်ယောက်ကလွဲ၍ မည့်သည့်ကလေးနဲ့တူသမျှ တစ်ယောက်လေမှမရှိခဲ့ပါလေ။ ယခု ချိန်တော့ဆရာကိုယ်တိုင်ထုတ်ပြောခဲ့သော *ဟော့ပေါ့ပူဆာသော ကလေးကြောင့်ဆိုတဲ့စကားစုရဲ့ ကာယခံရှင် ထိုကလေးကမည်သူဖြစ်မည်နည်းဝတီတွေးတောမရခဲ့ပါ။

ကလေးမွေးစားထားလားလို့ မေးရမလို၊ အိမ်ထောင်မရှိ လူပျိုကြီး ဆရာထင်လင်းထွဋ် နူတ်မှထွက်ဆိုသွားသော ကလေးဆိုတာ မည်သူနည်းသိလိုစိတ်ဖြင့်မိန်းကလေးတို့၏ စပ်စုလိုစိတ်ဝါသနာအရ ရုံးအတွင်းဝယ် သို့လော သို့လောခေါင်းချင်းဆိုင်၍ အဖြေရှာမရသော ပဟေဋိပုစ္ဆာတစ်ပုဒ်ကို အစထုတ်ဖြေရှင်းမရခဲ့ပါ။

တနေ့နေ့တော့ ဆရာနူတ်ထွက်စကားအရ *ဟော့ပေါ့ပူဆာတက်သော ကလေးကို မြင်ဖူးမှာပါဟု ဆုံးဖြတ်ကာ တိတ်တဆိတ်ဆုံးဖြတ်ထားကြသည်။

အချိန်အားဖြင့် ၄နာရီကျော် မို့ ဘုရားလိုက်ပို့ပေးမည်။

ဟော့ပေါ့ချက်ကြွေးမည်ဟု ကတိပေးသွားသူကြီး၏အိမ်ပြန်အလာကို လည်ဆန့်၍ သမုဒါမျှော်နေတက်ပြီ။

အလုပ်ကပြန်လာမည့် ခင်ပွန်းဖြစ်သူကို သနပ်ပါးကွက်ကြားပါးပါးလိမ်းခြယ်ကာ အိမ်တံခါးဝဆီ မျှော်နေသယောင်သမုဒါကိုယ်တိုင်လည်း ရေမိုးချိုးကာ သနပ်ခါးခပ်ပါးပါးလူးထားပြီး စံပါယ်တစ်ပွင့်နားအကြားညှပ်ကာ ပန်ဆင်၍ အိမ်ပြန်လာမည့် ချစ်ရသူကြီးဦးထွဋ်ကို ထိုင်မရ၊ ထမရမျှော်တက်နေပြီမဟုတ်ပါ့လား။

တီ ~ တီ

ဖခင်ရှိစဉ်ကဲ့သို့ အမြဲစေ့ပိတ်ထားသောဝန်းခြံသံပန်းတံခါးကိုကားဟွန်းသံ နှစ်ချက်ပေးလို့ ဖွင့်စေခဲ့သူ ထင်လင်းထွဋ်ကိုယ်တိုင်သည်က သမုဒါရှိနေသည်ဆိုတာ တထစ်ချတွေးမိသောကြောင့် စေ့စေ့ပိတ်ထားသော ဝန်းတံခါးအပြင်ကနေ အသံပေးနေမိသည်။

" လာပြီ.......လေနော်....."အော်သံသေးသေးလေးနဲ့အတူ ပြေးထွက်လာသော သမုဒါအရိပ်လေးကိုကြည့်ပြီး ထင်လင်းထွဋ်အမောပြေရယ်မောနေခဲ့သည်ဆိုတာ ထိုကောင်ငယ်ငယ်လေး မသိခဲ့။

" ပြန်လာပြီလား....."

" အရမ်းနောက်ကျသွားလား....."

ဦးထွဋ်ကားဝင်လာပြီး သံပန်းတံခါးကို ပြန်လည်သော့ခတ်ရင်း အိမ်ပေါ်တီအောက်ထိုးရပ်ထားသော ကားလေးဆီခြေဦးလှည့်ကာ အပြုံးလေးဖြင့် အမေးစကားဆိုနေမိသည်။

"ဟင်းအင်း....."

" ကိုယ်နဲနဲနောက်ကျသွားတယ်.....sorry နော်...."

" ဟုတ်.....ဘာတွေပါသေးလဲ မုမုကူသယ်ပေးမယ်လေ....."

ဝတီညွှန်ပြလိုက်သော ဟော့ပေါ့ချက်ရန် လိုအပ်သည့် ပါဝင်ပစ္စည်းများကို အထုပ်အပိုးဖြင့် ထုပ်ပိုးထားသော အထုပ်များကို ကားအတွင်းမှယူကာ နောက်ဘေးမီးဖိုဆောင်ထိ သယ်ယူသွားသည့် ဦးထွဋ်နောက်က ခပ်ကုတ်ကုတ်လေးလိုက်ပါကာ ဘာလုပ်ပေးလို့ ပေးရမယ်မသိ ယောင်တောင်တောင်လေးသမုဒါ မနေတက်ဖြစ်နေခဲ့သည်။

" ဟော့ပေါ့စားချင်တယ်ဆို....."

" ဦးထွဋ်ချက်ကြွေးမှာလား....."

" အင်း......." ခပ်ပြုံးပြုံးခေါင်းညိတ်ကာအရွက်များကို ရေဆေးထားနှင့်ဟုဆိုကာ အဝတ်လဲရန်အပေါ်ထပ်ဆီတက်သွားသော ဦးထွဋ်ကို ရှက်ပြုံးလေးဖြင့် အမိန့်နာခံနေမိသည်။

ညနေရပ်ကွက်တွင်း ပန်လည်မရောင်းသည့်အတွက်အချိန်များစွာ စောင့်ဆိုင်းနေခဲ့ပြီး ခုလို ချစ်ရသူဘေးအရိပ်တကြည့်ကြည့် ရှိနေမည့်အချိန်လေးကို ရင်ခုန်စွာစောင့်ဆိုင်းနေမိသည်။

တခဏအကြာ ဆပ်ပြာရနံ့နှင့် ကြံ့ခိုင်သန်မာသော ယောကျာ်းသားတစ်ယောက်၏ ကိုယ်သင်းရနံ့တို့ပေါင်းစပ်ကာ အနားရပ်လာသူ ဦးထွဋ်ကြောင့် အရွက်လေးတစ်ချို့ ကိုင်ကာ အလိုလိုခေါင်းငုံ့နေမိသညိ။

" ဗိုက်ဆာနေပြီလား....."

" ဟင်းအင်း......"

" ဒီနေ့ ဘုရားမပို့ပေးနိုင်တာ ခွင့်လွတ်နော်...."

" ရတယ် လို့......"

" okay ဗျာ.....ဒါဆို dinner ကို hotpot ချက်စားကြတာပေါ့...."

" အွန်း....." မျက်ဝန်းလေးများမှေးမှိတ်ကာ ရယ်ပြနေသည့်ကောင်ငယ်ငယ်လေးရဲ့ ခေါင်းကို ဖွကာ ဟော့ပေါ့ချက်ရန် လိုအပ်သည်တို့ကို ခပ်မြန်မြန်လူပ်ရှားနေမိသည်။ ဝယ်ယူလာသော အသားနှင့်ပင်လယ်စာအချို့ကို အတုံးပါးပါးလေးအဖြစ် ပြောင်းလဲ၍ *ပင်လယ်စာ စားသလားဟူ၍လည်း မေးမြန်းနေခဲ့သော ဦးထွဋ်ကို မျက်တောင်မခပ်ငေးမောနေသည့် ကလေးငယ်က အကုန်စားတယ်ဟု၍ ရယ်သောသောလေးဖြေကြားခဲ့သည်။

ပွက်ပွက်ဆူနေသော အိုးလေးထဲဝယ် ပါဝင်ပစ္စည်းအချို့ကိုအစီအစဉ်တကျ ထည့်၍ ချက်ပြုတ်ကာ ကိုယ်တိုင်ပြုလုပ်ထားသော ဆော့အနှစ်များ၏ အရသာကို ကလေးငယ်က လက်မလေးတထောင်ထောင်ဖြင့် အားပေးမပြတ်ခဲ့ပါလေ။

" ဦးထွဋ်ကအရမ်းတော်တာပဲ.......ဟိုမှာလည်း ချစ်စားနေကြလားဟင်...."

" တခါတရံပေါ့......"

" ဟုတ်လား...မုမုကို သင်ပေးလေနော်....နောက်တခါ ကိုယ်ဘာသာချက်စားရမယ်..."

" ကိုယ်ချက်ပေးမယ်လေ...ဘယ်ချိန်ဖြစ်ဖြစ်...ခင်များလေးစားချင်ရင်သာ ပြောပါ...."

" အဲလိုလည်းမဟုတ်ပါဘူး....အားနာလိူ့ပါ ...."

" ကိုယ်တို့က အားနာရမည့် လူတွေလား..."

" မဟုတ်ဘူးလေ...ဦးထွဋ် ဟိုပြန်သွားရင်...."

ခေါင်းလေးငုံ့ကာ မရဲတရဲ ထွက်ဆိုနေတဲ့ကလေးငယ်ကြောင့် ခေါင်းရမ်း၍သာ

" မကြာပါဘူး....ပြန်လာမှာ..."

" ဟုတ်ကဲ့......ဟီး...." မျက်ရည်တွေဝေ့ဝဲစွာ ခေါင်းညိန်ပြလာသည့် ချစါစရာအမူအယာလေးတွေကို ဟန်လုပ်ယူစရာမလိုပဲ ပင်ကိုယ်အပြုအမူလေးတွေအက ချစ်စရာကောင်းနေမှန်း ထင်လင်းထွဋ် အာမခံနိုင်သည်။

ယောကျာ်းတန်မဲ့ အပူအစပ်စသော ချဉ်ငံ့စပ်သိပ်ကြိုက်သော ကလေးငယ်အလိုကျ အရသာသိပ်မပြင်းသော ချဉ်စပ်ဆော့လေးကိုယ်တိုင် စပ်ပေးပြီး ပွက်ပွက်ဆူနေသော ဟော့ပေါ့ဟင်းရည်အိုးထဲ အသား၊ ငါးလွှာများနှင့်မနည်းသော ပင်လယ်စာတို့ကို ဂရုတစိုက်ချက်ပြုတ်ပေးနေသည့် ဦးထွဋ်ကြောင့် ပန်းကန်ဖြူဖြူလေးနဲ့လက်ထဲတွင်တူလေးကိုင်ကာ အရံသင့်စောင့်ဆိုင်းနေမိသည်။

" စားလို့ရပြီလား...."

ပူပူလောလောဆူပွက်နေသောဟော့ပေါ့အိုးလေးအလယ်က ချကာကလေးငယ် ပန်းကန်လေးထဲ သောက်စရာဟင်းရည်ချိုလေးအပါအဝင် အသားလွှာလေးတွေကအစအသေးစိတ်စီစဉ်ပေးလာသော ဦးထွဋ်ရယ်ပါ။

အပူငွေ့အရှိန်ကြောင့် နီရဲနေသော မျက်နှာလေးပေါ်က ရှက်သွေးဖျာနေပုံများ ရင်ခွင်ထဲထည့်ကာ တယုတယ ခွံ့ကျွေးချင်သည်အထိ အနှီးကောင်ငယ်လေးက မူဟန်ကြွယ်စွာ ချစ်ဖို့ကောင်းနေပြန်သည်။

" အရသာ ဘယ်လိုလဲ...."

" အရမ်းကောင်း....."

အသားလွှာလေးကို တူလေးဖြင့် ဂရုတစိုက် အအေးခံခွံ့ကျွေးမိတော့ မျက်ဝန်းလေးဝိုင်းကာ နှင်းဆီဖူးလေးကို ဖွင့်ဟပေးလာသူလေး အဆင်ပြေစေရန်အရံသင့် အအေးခံထားသည့် အသားလွှာလေးများက အစီအရီ။

ခေါင်းလေးညိတ်လိုက်၊ မျက်ဝန်းလေးမှိတ်သည်အထိပြုံးပြလိုက် ခွံ့ကျွေးသမျှမငြီးမညူစားနေသော ကလေးငယ်ကိုကြည့်ပြီး ပူလောင်လာသည့် ဆန္ဒတစုံတို့ကြောင့် တနေ့က city mall ကဝယ်လာသည့် ဘီယာဗူးဖောက်ကာ မော့ချလိုက်သည်။ ရှေ့ကကောင်ငယ်ငယ်လေးကို မျက်တောင်မခတ်ငေးကြည့်ရင်းပူလောင်နေသည့် ရသကို မျောချနေမိသည်။

" အဲ့ဒါလည်းသောက်ချင်တယ်....." စားလက်စ တူလေးကို နူတ်ခမ်းလေးဖြင့် ကိုက်ကာ ခပ်စစဆိုလာသူလေးကြောင့် နောက်ထပ်တောင်းဆိုစရာမလို ဖွင့်လက်စ ဘီယာဗူးကို ရှေ့ချပေးလိုက်တော့ ဘာညာမစဉ်းစားပဲ တချိုက်တည်းမော့ချလိုက်ပုံများ တားယူရသည့်အထိ။

" ဟာ......ဘာလို့အဲလိုသောက်ရတာလဲ.....ဘယ်လိုနေလဲ...."

ဘီယာဗူးခွံ့လေးဖြစ်သည်အထိ တချိုက်တည်းမော့ကာ သောက်ချလိုက်သည့်ကလေးငယ်ကျောပြင်လေးကို ခပ်ဖွဖွ ပွတ်ကာသပ်ချပေးရင်း အသားလွှာလေးကို ဆော့တို့ကာ ခွံ့ကျွေးဖို့လည်းမမေ့ခဲ့ပါ။

" သောက်အုံးမှာ..."

" တော်ပြီလေ...ကွာ "

" ဟင်းအင်းလို့ တစ်ခါတည်းဆို....." လက်ညိုးလေးထောင်ကာ နှင်းဆီဖူးလေးဆူထော်ကာ ချွဲကာ မူဟန်ကြွယ်သူလေးအလိုကျ တစ်ဗူးမှသည် ဒုတိယမြောက်သည်အထိ ထပ်ကာထပ်ကာ သောက်နေ့သည့်ဘီယာအရှိန်ကြောင့် နီဆွေးဆွေးပါးမို့လေးက မထိရက်ချင်စရာ ရဲသွေးလွန်းလှသည်။

ဘေးနားကပ်ထိုင်ကာ အသားလေးခွံ့ကျွေးလိုက် ကလေးထိမ်းသဖွယ်ပစ်ကာ မှီကျလာသည့် ကလေးငယ်ကိုယ်လေးကို ရင်ခွင်ဖွင့်ကာ ကြိုဆိူပေးမိတော့ ရင်ခွင်ထဲအံ့ဝင်ခွင်ကျ မှီတွယ်နေသည့် ကလေးငယ်ခါးလေးကို နောက်ပါးဆီကနေ သိုင်းဖက်၍ အမူးသမားလေးကို ထိန်းထားမိသည်။

" တော်ပီနော်......"

" ဟင်းအင်း.....သောက်ချင်သေးတယ်......"

" ခဏလေ.....ဒါလေးသိမ်းလိုက်အုံးမယ်...."

အိမ်အကူမရှိသည့်သားအဖနှစ်ယောက်တည်းနေသည့်အိမ်မို့ သန့်ရှင်းရေးကအစ ချက်ပြုတ်ရေးအထိ ကိုယ်တိုင်ကိုယ်ကျဆောင်ရွက်ရသည်။

Dinning chair ပေါ် ခွေခေါက်ကာ လက်ရန်းလေးကိုမှီနေသည့် ကလေးငယ်က မျက်ဝန်းလေးမှိတ်လိုက် ဖွင့်လိုက်ရီဝေစွာဖြင့် စားစရာအချို့ကိုသိမ်းဆည်ဆေးကြောနေသည့် ထင်လင်းထွဋ်နောက်ကျောပြင်ကိုစူးစိုက်ကာ ကြည့်နေပြန်သေးသည်။

ထိုအမူးသမားလေးဆီက တခါတရံ ရယ်သံလွင်လွင်လေးပေါ်သည်အထိ ဘာအကြောင်းတွေးရယ်နေသည်မသိပဲ မျက်ခုံးပင့်ကာ လည်ပြန်ငေးရသည်အထိ ။

" ဘာတွေသဘောကျနေလဲ......"

" ဟင့်.....မူးနောက်နေသလိုပဲ......မပီးသေးဘူးလား....."

ရယ်သော၍မဆုံးခင် ညို့ကျသွားသော နှင်ဆီဖူးလေးကြောင့် ခပ်မြန်မြန်ဆေးကြောနေမိသည့် ထင်လင်းထွဋ်တစ်ယောက် နောက်ပါးဆီက ကောင်ငယ်ငယ်လေးကို ချီပိုးကာ ရင်ခွင်ချီထားချင်သည်အထိ။

" အင့်......"

အတွေးမဆုံးခင် ကျောပြင်ဆီကိုပါးမို့လေးအပ်ကာ ပျော့ပျောင်းလှသည့်လက်သွယ်သွယ်လေးက ခါးထက်ဝယ်မြဲမြံစွာ ရစ်ပတ်ထားပြန်သေးသည်။

" ကလေး......"

" ဒီလို....လေး....ဖက်ထားချင်တယ်....."

" အဟွန်းးးးးရပါဗျာ...."

" အွန်းးးးးအွင်းးးး"

ပါးမို့လေးဖြင့် ပွတ်တိုက်ကာ ကျီစယ်နေပြန်သော ထိုအမူးသမားလေးကြောင့် ထကြွချင်နေသည့် ယောကျားစိတ်အဟုန်တို့ကြောင့် ဆေးကြောခြင်းကို လက်စသတ်ကာ ခါးထက်ကလက်သွယ်သွယ်လေးက်ို ထပ်မံအုပ်မိုးကာ ဆုပ်ကိုင်ပြီး မျက်နှာချင်းဆိုင်အနေအထားဖြစ်အောင် ခါးသိမ်သိမ်လေးကို ဆွဲကာ ဖက်လိုက်သည့် ဦးထွဋ်ကြောင့် ကြားလေမသွေးနိုင်လောက်အောင် နီးကပ်လွန်းလှသည်။

" ကိုယ့်ကိုကိုယ် ချစ်စရာကောင်းနေတယ်ဆိုတာ ကလေးသိရဲ့လား....ဟင်...."

နှာဖျားလေးအား ခပ်စစဖိကအမေးစကားကြားဝယ် မျက်ဝန်းလေးမှေးမှိတ်ကာ ရှက်အားပိုနေသူလေးအား အနမ်းတပွင့်ခြွေစေသည့်အလား နူတ်ခမ်းဖူးဖူးလေးထော်ကာ မူဟန်ကြွယ်နေပြန်သည်မို့ .....

လက်တစ်ကမ်းအလို ..

နှာတစ်ဖျား အကွာအဝေးကြားက ...ကိုယ်နှင့်ကလေးငယ်....

ခုန်လူပ်လာသည့်နှလုံးသားစည်းချက်....

ရှေးတိုးမိသည့် မျက်နှာအနေအထားမို့.........။

" ...ဦး....ဦးထွဋ်......."

"................"
#နောက်အပိုင်း 🌚မှောင်ရင်စိတ်ဆိုးမလား?

#မမအတွက် voteပေးခဲ့ဖို့မမေ့နဲ့နော်
#Take care

Zawgyi

ခ်စ္ရသူႀကီး ဦးထြဋ္နဲ႕ဘာလိုလိုညာလိုလို တစ္ကုတင္ေပၚအတူအိပ္ေနစဥ္ ေပြ႕ဖက္နမ္းရိူက္မိသည့္အႀကိမ္အေရအတြက္ လက္ခ်ိဳးေရရသလို၊ ကိုယ္တိုင္ကလည္း ခ်စ္ျမတ္နိုးသူမို႔ လိုလိုလားလား နမ္းရိူက္ခ်င္သည္အထိ လက္ခံခဲ့တာမဟုတ္ပါလား။

ဦးထြဋ္ႏူတ္ဖ်ားက "ခ်စ္ႀကိဳက္စကား" မဖြင့္ဟေသာ္လည္း ၾကင္နာရိပ္မ်ားလႊမ္းမိုးေနသည္မို႔ ျမတ္နိုးရျခင္းအဆင့္မွာတင္ရပ္တန့္ကာ အနမ္းတခ်ိဳ႕ကို ႏွစ္ဦးသေဘာတူ လက္ခံခဲ့မိျခင္းျဖစ္သည္။

ၾကင္နာရိပ္တို႔ေရာပြမ္းေနတဲ့ ခ်စ္ရသူႀကီးရဲ႕ ဆင္ယင္ေပးမူအဝတ္အစားအျပင္၊ အထူးတလည္ခ်က္ျပဳတ္ေပးလာေသာ ညေနစာခ်က္ေပးသည္အထိ မြတ်မြတ်န်ိုးနိုးယုယပေးခဲ့သည်မဟုတ်ပါ့လား။

သာယာျခင္းနဲ႕ ျမတ္နိုးျခင္းၾကားက အလႊာပါးေလးျဖစ္နဲ႕ သံေယာဇဥ္ႏွောင္ႀကိဳးအမည္ေလးတပ္ကာ တြယ္တာခဲ့ရေသာ လူသားတစ္ဦးမို႔ မည္သည့္ေနရာမွာထားအပ္သည္ျဖစ္ေစ သမုဒါလိုလိုလားလားရွိေနခဲ့ၿပီမဟုတ္ပါလား။

ကိုယ့္အခ်စ္က ေပါေပါပဲပဲထင္မိမစိုးလို႔ မဖြင့္ဟမိခဲ့ေသာ ခ်စ္စကားတစ္ခြန္းကို မ်က္ဝန္းမ်ား၏ ေက်နပ္ျခင္းတို႔က ဖုံးဖိမရခဲ့။

" ကိုယ္ေန႕တစ္ပိုင္းေစာျပန္လာခဲ့မယ္ " ဆိုတဲ့ ကတိကို မေန႕ညအိပ္ယာမဝင္ခင္ ေပးခဲ့ေသာ ဦးထြဋ္ေၾကာင့္ ေမေမ့အတြက္ရည္႐ြယ္ကာ ဘုရားသြားခ်င္သည္ဟု ဖြင့္ဟမိေသာအခါ သမုဒါအလိုၾက ဒီေန႕ ႏွစ္ေယာက္အတူ ဘုရားဘက္သြားျဖစ္မည္။

" ဒါဆို ညေနေစ်းမလည္ဘူးေပါ့ ေတာ္က...."

" အင္း....ေပါ့ မႀကီးရ..."

" အေတာ္အူျမဴးေနတယ္ေပါ့....ေတာ္ကို ၾကည့္ရင္သိပ္သိသာတာေနာ္....."

" ဟဲ...အဲလိုလား..." မ်က္ႏွာပူစြာ ပါးေလးအုပ္ကိုင္ပီးေခါင္းေလးရမ္းကာ မူဟန္ႂကြယ္ေနေသးသည္ ။ ကိုယ့္အေၾကာင္းအနည္းငယ္ရိပ္မိသူပီပီ ေလွာင္ေျပာင္ျခင္းမရွိပဲ *သမုဒါက တစ္စုံတစ္ဦးဆီက အခ်စ္ခံသင့္တဲ့ ကေလးရယ္ပါလို႔ အၿမဲေခြၽးသိပ္စကားဆိုတက္ေသာ ဆိုင္နီးခ်င္းေတြေၾကာင့္ ရွက္အားပိုကာ ေခါင္းရမ္းျပမိေသးသည္။ ကိုယ့္ဝမ္းနာ ကိုယ္သာသိမို႔ လူေတြ႕တိုင္း ရင္ခြင္ဖြင့္မျပမိခဲ့ပါ။

အသက္အ႐ြယ္ကြာဟလြန္းသူကိုမွ ခ်စ္မိတဲ့သမုဒါအဖို႔ တစ္ဖက္သတ္အခ်စ္ဟူသည္ေခါင္းစဥ္ေအာက္ဝယ္ " သူသိသိမသိသိကြယ္ ကိုယ္ကခ်စ္မွာပဲ" ဆိုတဲ့ ေတးသီခ်င္းစာသားမ်ားလို တဖက္သူလက္ခံသည္ျဖစ္ေစ ၊ လက္မခံသည္ျဖစ္ေစ ငယ္႐ြယ္သူအခ်စ္မို႔ တစ္ဖက္သတ္အခ်စ္ျဖင့္ ႐ူးမိုက္ရပါ၏။

မိုက္႐ူးရဲဆန္မရေသာ ဘဝအေျခအေနမို႔ တိတ္တဆိတ္ပဲ တဖက္သတ္ဆန္ဆန္အခ်စ္ျဖင့္ ျမတ္နိုးသူႀကီးအနား ကပ္တြယ္ေနမည္။

"ေခၚလွ်င္လာ၍ ႏွင္လွ်င္လည့္ျပန္ရမည့္" တဖက္သတ္အခ်စ္က ႐ူးသထက္မူးရပါ၏။

႐ူး႐ူးမူးမူး ငယ္ခ်စ္ဦးမို႔ ဦးထြဋ္ကို ႐ူးသြပ္သည္အထိ သမုဒါခ်စ္ကြၽမ္းဝင္မိသည္။

" ျပန္လိုက္ေတာ့မလား ငါ့ညီေရ..."

" ဟုတ္ကိုႀကီး..."

" ဒီေန႕ ပန္းေရာင္းေကာင္းေနတယ္ေပါ့ေလ....."

" အဲလိုေျပာရမွာပဲ...ကိုႀကီးသူရေရ...ဒါေလးသိမ္းပီး သားေရာ အိမ္ဘက္အႀကဳံလိုက္မယ္ေနာ္.."

အေမ့ရွိစဥ္ကတည္းက အိမ္ေနာက္ဘက္ေထာင့္ရွိ သရက္ပင္ႀကီးေအာက္ဝယ္ ဆိုင္ကယ္ဆိုက္တြဲမ်ားနားခိုရာအျဖစ္ နားခိုေဆာင္ေလးအပါအဝင္ တခါတရံ ေမေမကိုယ္တိုင္က လဘက္ပဲျခမ္းေလးသုတ္ကာ ေကြၽးခဲ့သည့္ အစ္ကိုေအာင္ျမတ္သူငယ္ခ်င္း ဆိုက္တြဲဆရာအမ်ားစုက သမုဒါကို ညီငယ္ေမာင္ႏွမ သဖြယ္ခ်စ္ခင္တြယ္တာခဲ့ၾကပါေသးသည္။

နံနက္အေစာ ပန္းထုံးမ်ားကို ေစ်းထိလိုက္ပို႔ေပးသည္ကအစ ေစ်းကြဲခ်ိန္တိုင္း အိမ္ျပန္ရင္လည္း ပန္းက်န္မ်ားကိုသိမ္းကာ လိုက္ပို႔ေပးတက္ေသးသည့္ ကိုႀကီးသူရတို႔ဆိုက္တြဲဆရာမ်ားေၾကာင့္လည္း သမုဒါမိခင္ ဆုံးပါးခဲ့စဥ္က အစအဆုံး ရက္လည္ဆြမ္းသြပ္ထိ ကိုယ္ကာယမ်ားျဖင့္ ကူညီေပးခဲ့သည္မဟူတ္ပါလား။

မိသားစုစားဝတ္ေနေရးကို ႀကဳံရာလုပ္ကာေျဖရွင္းေနရေသာ ေအာက္ေျခတန္းစားဘဝေတြကာ ဝါသနာက်ို အေျခခံကာ လုပ္ကိုင္စားေသာက္ခြင့္မရွိခဲ့ပါ။

ဝမ္းေရးအတြက္ ပညာေရးကိုစြန့္လြတ္ကာ ပန္းသည္ဘဝေရာက္ခဲ့ရေသာ ငယ္႐ြယ္ႏုနယ္လြန္းေသာ သမုဒါပင္မဟုတ္ပါ့လား။

ဝါသနာပါရမီက ဘာမွန္းမသိရေသးခင္ ဘဝအတြက္ ခက္ခဲေသာအေျခခံလူတန္းစားတို႔ထုံးစံနည္းအတိုင္း ေစ်းဆိုင္ခုံေပၚထိုင္ကာ အေႂကြ႐ြက္ကေလးကအစ ေရတြက္ကာ က်စ္က်စ္ပါေအာင္ဆုတ္ကိုင္ၿပီး ေျဖရွင္းေနရသည့္ ဘဝေနထိုင္နည္းမ်ားကို သမုဒါအေတာ္ကြၽမ္းက်င္ေနခဲ့ပါၿပီ။

" ပီးပီလား အငယ္ေကာင္ေရ...."

" ဟုတ္ၿပီးၿပီ ကိုႀကီးသူရ...ခဏေလးေနာ္...."

ပန္းလက္က်န္ေလးမ်ားကို ေရစိုပုဆိုးဝန္ေလးျဖင့္ ထုပ္ပိုးကာ လမ္းမေဘးထိုးရပ္ကာေစာင့္ေနေပးေသာ ကိုႀကီးသူရဆိုက္တြဲေပၚေ႐ြ႕တင္ကာ ပန္းကုံးအက်န္ေလးမ်ားကိုပါ ပန္းျခင္းေလးထဲထည့္ၿပီး သိမ္းဆည္းေနမိသည္။

" ရၿပီ ကိုႀကီးသူရ...သားမလိုက္ေတာ့ဘူး..."

" မလိုက္ဘူးလား..."

အ႐ြယ္အားျဖင့္ ဦးထြဋ္နဲ႕မတိမ္းမယိမ္း ကိုယ္အေပၚနားလည္ေပးၾကေသာ ကိုႀကီးကိုသူရတို႔အဖြဲ႕က ခုလိုတစ္ေယာက္တည္း အားငယ္ေနခ်ိန္ ပို၍ ၾကည့္႐ူေစာင့္ေရွာက္ၾကေသးသည္။

" အသီးအ႐ြက္ေလး ဝယ္ခ်င္ေသးလို႔ "

" ေအး...ဒါဆို အစ္ကိုသြားၿပီ..."

" ဟုတ္ကဲ့ကိုႀကီးသူရ...." ဆိုက္တြဲေပၚကေန လက္ျပကာ ေမာင္းထြက္သြားေသာ ကိုႀကီးသူရကိုေက်ာခိုင္းႏူတ္ဆကိၿပီး ေစ်းေတာင္ဘက္ရွိ အသီးအ႐ြက္တန္းဘက္စက္ဘီးဦးလွည့္ကာ အညာသားကိုသိန္းဆီက အသီးအ႐ြက္တခ်ိဳ႕ဝယ္ယူရမည္ေလ။

" ညေန ေဟာ့ေပါ့ခ်က္ေႂကြးမယ္..." ဆိုတဲ့ ဦးထြဋ္ရဲ႕ ေျပာစကားေၾကာင့္ လိုအပ္ေသာအသီးအ႐ြက္အခ်ိဳ႕ႏွင့္ သစ္သီးတခ်ိဳ႕ဝယ္ယူေနမိသည္။

အမွတ္(၂)ေစ်းမွေစ်းသည္ပီပီ ေစ်းသူေစ်းသားအခ်င္းခ်င္း ရင္းႏွီးခင္မင္စြာျဖင့္ ႏူတ္ဆက္ၿပီး အိမ္ျပန္လမ္းေလးကို ဂ်ပန္စက္ဘီးစုတ္ေလးစီးကာ တေ႐ြ႕ေ႐ြ႕။

" ဒီေန႕ ေစာျပန္မွာလား ဆရာ..."

"ဟုတ္တယ္ဝတီ၊ လုပ္လက္စေလး လက္စသတ္ၿပီးရင္ ျပန္မယ္..."

" ေအာ္....ဟုတ္ကဲ့ပါဆရာ ဒါနဲ႕ ဒီproject ေလးက construction တာဝန္ခံက ဒီအပိုင္းေလးကို ဆရာနဲ႕ေတြ႕ ၿပီး ေဆြးႏြေးပါရေစ လို႔ေတာင္းဆိုလာတယ္ဆရာ..."

" ဟုတ္လား..ျပပါအုံး...."

လုပ္လက္စ ပုံကို ခဏရပ္နားၿပီး ဝတီျပေပးလာေသာ construction ဆီပို႔ထားေသာ ပုံကို ျပန္၍ သုံးသပ္ၾကည့္မိၿပီး လက္ေထာက္ျဖစ္သူအား အနည္းငယ္အက်ိဳးအေၾကာင္းရွင္းျပေနမိသည္။

" ဒီအပိုင္းေလးကို နားမလည္တာေနမယ္...ဒါေလးက ဒီဘက္ေနၾကည့္ၿပီး ဒီview ကေန ဆြဲယူၾကည့္ရတာမ်ိဳး...."

" ဟုတ္ဆရာ...ဒါဆို ဒီအခ်ိဳးေလးက ေန ညာဘက္ကို zoom ခ်ဲ့ရင္ ပိုနားလည္နိုင္တာေပါ့ေနာ္ ဆရာ...."

" အမွန္ပဲ ..မင္းကို အက်ဥ္းခ်ဳံးေျပာထားသလို construction သမားလာရင္ ဆရာဆီ ဆက္သြယ္ေပးပါ ၊ ေနာက္ၿပီး ဆရာ့ဖုန္းနံပါတ္ဖစ္ဖစ္ေပးလိုက္ပါ ႐ုံးခ်ိန္ျပင္ပမွာဆိုလည္း ဆရာအဆင္ေျပသလို ညှ်ိပြီး ေတြ႕လိုက္မယ္..."

" ဟုတ္ကဲ့ပါဆရာ..."

" ဒါဆို ဆရာလက္စသိမ္းၿပီးရင္ ျပန္မယ္ ၊ ေနာက္လာမည့္ Client ေတြကိုမနက္ဖန္ ၁၀နာရီေနာက္ပိုင္း အခ်ိန္ေပးလိုက္ပါ လိုအပ္တဲ့ အေၾကာင္းအခ်က္အလက္ အနည္းငယ္ကို ဝတီတို႔ဆီ လြဲအပ္ခဲ့မယ္ေနာ္...."

" ဟုတ္ကဲ့ပါ ဆရာ..."

ဝတီအပါအဝင္ လက္ေထာက္အနည္းငယ္က တရိုတေသေလးစားစြာျဖင့္ ဗိသုကာပညာရွင္ထင္လင္းထြဋ္၏ အမွာစကားမ်ားကိုလိုက္လံမွတ္သားေနၾကသည္။ သိပ္မမ်ားေသာ ႐ုံးခန္းေလးအတြင္းမွာတကယ့္ဗိသုကာပညာရပ္ကို ေလ့လာလိုက္စားသူအနည္းစုကိုယ္တိုင္ႀကိဳးစားကာ ပညာရပ္မ်ားစြာကိုေလ့လာဆည္းပူးရင္း ဗိသုကာပညာရွင္ထင္လင္းထြဋ္လက္ေအာက္ဝယ္ လိုလိုလားလားအလုပ္လုပ္ေနၾကသည့္ ျပည္တြင္းမွ junior architect မ်ားျဖင့္ ဖြင့္လွစ္ထားေသာ ႐ုံးခန္းျဖစါသည့္အေလွ်ာက္ တိတ္ဆိတ္ျခင္းမ်ားႏွင့္အတူ မ်ားျပားလွေသာ လုပ္ငန္းမ်ားကို သူ႕ေနရာနဲ႕သူ ႀကိဳးစားလုပ္ကိုင္ေနၾကေသာ ဌာနႀကီးတစ္ခုလည္းျဖစ္၏။

႐ုံးခန္းပိုင္းအတြင္း ထင္းလင္ထြဋ္ကိုယ္တိုင္ ေတြ႕ဆုံေစသည့္ Client တခ်ိဳ႕မွာ နိုင္ငံေရးအႀကီးအကဲမ်ား၏ ဆႏၵအေလွ်ာက္သီးသန့္တိုက္တာအိုးအိမ္မ်ားအျပင္ ဇိမ္ခံနားေနအိမ္ရာမ်ားစြာႏွင့္အတူ ထူးျခားလွပေသာ အေဆာကိအဦးမ်ားစြာကိုပါ လက္ခံ၍ လုပ္ေဆာင္ေပးလွ်က္ရွိသည္။

တခ်ိဳ႕ သူေဌးသူႂကြယ္မ်ား၏ ခ်ိန္းဆိုမူေၾကာင့္ ျပင္ပမွာသာ လက္ခံလာေသာ ပိုင္ရွင္စိတ္တိုင္းက် ေဆာင္႐ြက္ေပးရမည့္အေဆာက္အဦးအမ်ိဳးမ်ိဳးအျပင္ သီးသန့္နားခိုရာ ဘန္ဂလိုအတြင္းပိုင္း အထိပါ interior designer ေတြႏွင့္အတူ လက္တြဲလုပ္ကိုင္ရသည့္ လုပ္ငန္းတခ်ိဳ႕လည္း ထင္လင္းထြဋ္ႀကိဳးစားေဆာင္႐ြက္ေပးေနေသာေၾကာင့္ နာမည္ႀကီးသူေဌးသူႂကြယ္ေတြၾကားဝယ္ ဗိသုကာပညာရွင္ ထင္လင္းထြဋ္ဆိုတာ မသိသူမရွိရေလေအာင္ နာမည္ႀကီးလွ်က္ရွိသည္။

" ဝတီ..."

" ဟုတ္ကဲ့ဆရာ...."

" ေဟာ့ေပါ့ခ်က္ဖို႔ လိုအပ္တာေတြဘယ္ေနရာမွာ အစုံရနိုင္မလဲ...."

" ရွင္......ေအာ္ ဟုတ္ကဲ့ပါဆရာ...ဒီနားကေန ကိုက္၅၀အကြာမွာရွိတဲ့ Hotpot town မွာ အသင့္စား ကိုယ္တိုင္ခ်က္ျပဳတ္စားနိုင္မည့္ ပါဝင္ပစၥည္းေတြ ဝယ္ယူနိုင္ပါတယ္ဆရာ...."

" seafoodေရာလား....."

" ၾကက္မဲကအစ ပင္လယ္စာ ဂဏန္းေတြထိ အစုံရရွိနိုင္ပါတယ္ဆရာ....."

" ေက်းဇူးပဲ ဝတီ..."

" ဝတီ တို႔ ဘာကူညီေပးရမလဲဆရာ.....အိမ္အတြက္လား.."

" ဆိုပါေတာ့အိမ္မွာ ကေလးတစ္ေယာက္ရွိတယ္ေလ.....ပူဆာေနလို႔...."

" ေအာ္ ဟုတ္ကဲ့ပါဆရာ....."

" ဒါဆို ျပန္ၿပီေနာ္....အားလုံးလည္း ဂ႐ုစိုက္ျပန္ၾကဖို႔နဲ႕ လိုအပ္တာေတြ ကိုယ့္လက္ေထာက္ဝတီဆီမွာ ေတာင္းဆိုလို႔ရတယ္ေနာ္...."

" ဟုတ္ကဲ့ပါဆရာ....." သံၿပိဳင္ေခါင္းညိတ္ျပၿပီး တေလးတစားႏူတ္ဆက္ျခင္းခံရေသာ ဗိသုကာပညာရွင္ႀကီး ထင္လင္းထြဋ္အိမ္မွာ ေဟာ့ေပါ့ပူဆာတက္ေသာ ကေလးငယ္မ်ားရွိေနေသးလားဆိုတာအႂကြားခံလိုက္ရသည့္ လက္ေထာက္ျဖစ္သူ ဝတီကိုယ္တိုင္ေတြးမရနိုင္ပဲ ေခါင္း႐ူပ္ေနခဲ့ရၿပီမဟုတ္ပါလား။

တခါက အလုပ္ကိစၥအေရးႀကီးလို႔ အေရွ႕ဒဂုံထဲရွိ ဆရာမိဘအိမ္အထိ stick ေလးကိုယ္တိုင္သြားပို႔ဖူးေသာ ဝတီကို သားအဖႏွစ္ေယာက္ကလြဲ၍ မည့္သည့္ကေလးနဲ႕တူသမွ် တစ္ေယာက္ေလမွမရွိခဲ့ပါေလ။ ယခု ခ်ိန္ေတာ့ဆရာကိုယ္တိုင္ထုတ္ေျပာခဲ့ေသာ *ေဟာ့ေပါ့ပူဆာေသာ ကေလးေၾကာင့္ဆိုတဲ့စကားစုရဲ႕ ကာယခံရွင္ ထိုကေလးကမည္သူျဖစ္မည္နည္းဝတီေတြးေတာမရခဲ့ပါ။

ကေလးေမြးစားထားလားလို႔ ေမးရမလို၊ အိမ္ေထာင္မရွိ လူပ်ိဳႀကီး ဆရာထင္လင္းထြဋ္ ႏူတ္မွထြက္ဆိုသြားေသာ ကေလးဆိုတာ မည္သူနည္းသိလိုစိတ္ျဖင့္မိန္းကေလးတို႔၏ စပ္စုလိုစိတ္ဝါသနာအရ ႐ုံးအတြင္းဝယ္ သို႔ေလာ သို႔ေလာေခါင္းခ်င္းဆိုင္၍ အေျဖရွာမရေသာ ပေဟဋိပုစ္ဆာတစ္ပုဒ္ကို အစထုတ္ေျဖရွင္းမရခဲ့ပါ။

တေန႕ေန႕ေတာ့ ဆရာႏူတ္ထြက္စကားအရ *ေဟာ့ေပါ့ပူဆာတက္ေသာ ကေလးကို ျမင္ဖူးမွာပါဟု ဆုံးျဖတ္ကာ တိတ္တဆိတ္ဆုံးျဖတ္ထားၾကသည္။

အခ်ိန္အားျဖင့္ ၄နာရီေက်ာ္ မို႔ ဘုရားလိုက္ပို႔ေပးမည္။

ေဟာ့ေပါ့ခ်က္ေႂကြးမည္ဟု ကတိေပးသြားသူႀကီး၏အိမ္ျပန္အလာကို လည္ဆန့္၍ သမုဒါေမွ်ာ္ေနတက္ၿပီ။

အလုပ္ကျပန္လာမည့္ ခင္ပြန္းျဖစ္သူကို သနပ္ပါးကြက္ၾကားပါးပါးလိမ္းျခယ္ကာ အိမ္တံခါးဝဆီ ေမွ်ာ္ေနသေယာင္သမုဒါကိုယ္တိုင္လည္း ေရမိုးခ်ိဳးကာ သနပ္ခါးခပ္ပါးပါးလူးထားၿပီး စံပါယ္တစ္ပြင့္နားအၾကားညွပ္ကာ ပန္ဆင္၍ အိမ္ျပန္လာမည့္ ခ်စ္ရသူႀကီးဦးထြဋ္ကို ထိုင္မရ၊ ထမရေမွ်ာ္တက္ေနၿပီမဟုတ္ပါ့လား။

တီ ~ တီ

ဖခင္ရွိစဥ္ကဲ့သို႔ အၿမဲေစ့ပိတ္ထားေသာဝန္းၿခံသံပန္းတံခါးကိုကားဟြန္းသံ ႏွစ္ခ်က္ေပးလို႔ ဖြင့္ေစခဲ့သူ ထင္လင္းထြဋ္ကိုယ္တိုင္သည္က သမုဒါရွိေနသည္ဆိုတာ တထစ္ခ်ေတြးမိေသာေၾကာင့္ ေစ့ေစ့ပိတ္ထားေသာ ဝန္းတံခါးအျပင္ကေန အသံေပးေနမိသည္။

" လာၿပီ.......ေလေနာ္....."ေအာ္သံေသးေသးေလးနဲ႕အတူ ေျပးထြက္လာေသာ သမုဒါအရိပ္ေလးကိုၾကည့္ၿပီး ထင္လင္းထြဋ္အေမာေျပရယ္ေမာေနခဲ့သည္ဆိုတာ ထိုေကာင္ငယ္ငယ္ေလး မသိခဲ့။

" ျပန္လာၿပီလား....."

" အရမ္းေနာက္က်သြားလား....."

ဦးထြဋ္ကားဝင္လာၿပီး သံပန္းတံခါးကို ျပန္လည္ေသာ့ခတ္ရင္း အိမ္ေပၚတီေအာက္ထိုးရပ္ထားေသာ ကားေလးဆီေျခဦးလွည့္ကာ အၿပဳံးေလးျဖင့္ အေမးစကားဆိုေနမိသည္။

"ဟင္းအင္း....."

" ကိုယ္နဲနဲေနာက္က်သြားတယ္.....sorry ေနာ္...."

" ဟုတ္.....ဘာေတြပါေသးလဲ မုမုကူသယ္ေပးမယ္ေလ....."

ဝတီၫႊန္ျပလိုက္ေသာ ေဟာ့ေပါ့ခ်က္ရန္ လိုအပ္သည့္ ပါဝင္ပစၥည္းမ်ားကို အထုပ္အပိုးျဖင့္ ထုပ္ပိုးထားေသာ အထုပ္မ်ားကို ကားအတြင္းမွယူကာ ေနာက္ေဘးမီးဖိုေဆာင္ထိ သယ္ယူသြားသည့္ ဦးထြဋ္ေနာက္က ခပ္ကုတ္ကုတ္ေလးလိုက္ပါကာ ဘာလုပ္ေပးလို႔ ေပးရမယ္မသိ ေယာင္ေတာင္ေတာင္ေလးသမုဒါ မေနတက္ျဖစ္ေနခဲ့သည္။

" ေဟာ့ေပါ့စားခ်င္တယ္ဆို....."

" ဦးထြဋ္ခ်က္ေႂကြးမွာလား....."

" အင္း......." ခပ္ၿပဳံးၿပဳံးေခါင္းညိတ္ကာအ႐ြက္မ်ားကို ေရေဆးထားႏွင့္ဟုဆိုကာ အဝတ္လဲရန္အေပၚထပ္ဆီတက္သြားေသာ ဦးထြဋ္ကို ရွက္ၿပဳံးေလးျဖင့္ အမိန့္နာခံေနမိသည္။

ညေနရပ္ကြက္တြင္း ပန္လည္မေရာင္းသည့္အတြက္အခ်ိန္မ်ားစြာ ေစာင့္ဆိုင္းေနခဲ့ၿပီး ခုလို ခ်စ္ရသူေဘးအရိပ္တၾကည့္ၾကည့္ ရွိေနမည့္အခ်ိန္ေလးကို ရင္ခုန္စြာေစာင့္ဆိုင္းေနမိသည္။

တခဏအၾကာ ဆပ္ျပာရနံ႕ႏွင့္ ႀကံ့ခိုင္သန္မာေသာ ေယာက်ာ္းသားတစ္ေယာက္၏ ကိုယ္သင္းရနံ႕တို႔ေပါင္းစပ္ကာ အနားရပ္လာသူ ဦးထြဋ္ေၾကာင့္ အ႐ြက္ေလးတစ္ခ်ိဳ႕ ကိုင္ကာ အလိုလိုေခါင္းငုံ႕ေနမိသညိ။

" ဗိုက္ဆာေနၿပီလား....."

" ဟင္းအင္း......"

" ဒီေန႕ ဘုရားမပို႔ေပးနိုင္တာ ခြင့္လြတ္ေနာ္...."

" ရတယ္ လို႔......"

" okay ဗ်ာ.....ဒါဆို dinner ကို hotpot ခ်က္စားၾကတာေပါ့...."

" အြန္း....." မ်က္ဝန္းေလးမ်ားေမွးမွိတ္ကာ ရယ္ျပေနသည့္ေကာင္ငယ္ငယ္ေလးရဲ႕ ေခါင္းကို ဖြကာ ေဟာ့ေပါ့ခ်က္ရန္ လိုအပ္သည္တို႔ကို ခပ္ျမန္ျမန္လူပ္ရွားေနမိသည္။ ဝယ္ယူလာေသာ အသားႏွင့္ပင္လယ္စာအခ်ိဳ႕ကို အတုံးပါးပါးေလးအျဖစ္ ေျပာင္းလဲ၍ *ပင္လယ္စာ စားသလားဟူ၍လည္း ေမးျမန္းေနခဲ့ေသာ ဦးထြဋ္ကို မ်က္ေတာင္မခပ္ေငးေမာေနသည့္ ကေလးငယ္က အကုန္စားတယ္ဟု၍ ရယ္ေသာေသာေလးေျဖၾကားခဲ့သည္။

ပြက္ပြက္ဆူေနေသာ အိုးေလးထဲဝယ္ ပါဝင္ပစၥည္းအခ်ိဳ႕ကိုအစီအစဥ္တက် ထည့္၍ ခ်က္ျပဳတ္ကာ ကိုယ္တိုင္ျပဳလုပ္ထားေသာ ေဆာ့အႏွစ္မ်ား၏ အရသာကို ကေလးငယ္က လက္မေလးတေထာင္ေထာင္ျဖင့္ အားေပးမျပတ္ခဲ့ပါေလ။

" ဦးထြဋ္ကအရမ္းေတာ္တာပဲ.......ဟိုမွာလည္း ခ်စ္စားေနၾကလားဟင္...."

" တခါတရံေပါ့......"

" ဟုတ္လား...မုမုကို သင္ေပးေလေနာ္....ေနာက္တခါ ကိုယ္ဘာသာခ်က္စားရမယ္..."

" ကိုယ္ခ်က္ေပးမယ္ေလ...ဘယ္ခ်ိန္ျဖစ္ျဖစ္...ခင္မ်ားေလးစားခ်င္ရင္သာ ေျပာပါ...."

" အဲလိုလည္းမဟုတ္ပါဘူး....အားနာလိူ႕ပါ ...."

" ကိုယ္တို႔က အားနာရမည့္ လူေတြလား..."

" မဟုတ္ဘူးေလ...ဦးထြဋ္ ဟိုျပန္သြားရင္...."

ေခါင္းေလးငုံ႕ကာ မရဲတရဲ ထြက္ဆိုေနတဲ့ကေလးငယ္ေၾကာင့္ ေခါင္းရမ္း၍သာ

" မၾကာပါဘူး....ျပန္လာမွာ..."

" ဟုတ္ကဲ့......ဟီး...." မ်က္ရည္ေတြေဝ့ဝဲစြာ ေခါင္းညိန္ျပလာသည့္ ခ်စါစရာအမူအယာေလးေတြကို ဟန္လုပ္ယူစရာမလိုပဲ ပင္ကိုယ္အျပဳအမူေလးေတြအက ခ်စ္စရာေကာင္းေနမွန္း ထင္လင္းထြဋ္ အာမခံနိုင္သည္။

ေယာက်ာ္းတန္မဲ့ အပူအစပ္စေသာ ခ်ဥ္ငံ့စပ္သိပ္ႀကိဳက္ေသာ ကေလးငယ္အလိုက် အရသာသိပ္မျပင္းေသာ ခ်ဥ္စပ္ေဆာ့ေလးကိုယ္တိုင္ စပ္ေပးၿပီး ပြက္ပြက္ဆူေနေသာ ေဟာ့ေပါ့ဟင္းရည္အိုးထဲ အသား၊ ငါးလႊာမ်ားႏွင့္မနည္းေသာ ပင္လယ္စာတို႔ကို ဂ႐ုတစိုက္ခ်က္ျပဳတ္ေပးေနသည့္ ဦးထြဋ္ေၾကာင့္ ပန္းကန္ျဖဴျဖဴေလးနဲ႕လက္ထဲတြင္တူေလးကိုင္ကာ အရံသင့္ေစာင့္ဆိုင္းေနမိသည္။

" စားလို႔ရၿပီလား...."

ပူပူေလာေလာဆူပြက္ေနေသာေဟာ့ေပါ့အိုးေလးအလယ္က ခ်ကာကေလးငယ္ ပန္းကန္ေလးထဲ ေသာက္စရာဟင္းရည္ခ်ိဳေလးအပါအဝင္ အသားလႊာေလးေတြကအစအေသးစိတ္စီစဥ္ေပးလာေသာ ဦးထြဋ္ရယ္ပါ။

အပူေငြ႕အရွိန္ေၾကာင့္ နီရဲေနေသာ မ်က္ႏွာေလးေပၚက ရွက္ေသြးဖ်ာေနပုံမ်ား ရင္ခြင္ထဲထည့္ကာ တယုတယ ခြံ႕ေကြၽးခ်င္သည္အထိ အႏွီးေကာင္ငယ္ေလးက မူဟန္ႂကြယ္စြာ ခ်စ္ဖို႔ေကာင္းေနျပန္သည္။

" အရသာ ဘယ္လိုလဲ...."

" အရမ္းေကာင္း....."

အသားလႊာေလးကို တူေလးျဖင့္ ဂ႐ုတစိုက္ အေအးခံခြံ႕ေကြၽးမိေတာ့ မ်က္ဝန္းေလးဝိုင္းကာ ႏွင္းဆီဖူးေလးကို ဖြင့္ဟေပးလာသူေလး အဆင္ေျပေစရန္အရံသင့္ အေအးခံထားသည့္ အသားလႊာေလးမ်ားက အစီအရီ။

ေခါင္းေလးညိတ္လိုက္၊ မ်က္ဝန္းေလးမွိတ္သည္အထိၿပဳံးျပလိုက္ ခြံ႕ေကြၽးသမွ်မၿငီးမၫူစားေနေသာ ကေလးငယ္ကိုၾကည့္ၿပီး ပူေလာင္လာသည့္ ဆႏၵတစုံတို႔ေၾကာင့္ တေန႕က city mall ကဝယ္လာသည့္ ဘီယာဗူးေဖာက္ကာ ေမာ့ခ်လိဳက္သည္။ ေရွ႕ကေကာင္ငယ္ငယ္ေလးကို မ်က္ေတာင္မခတ္ေငးၾကည့္ရင္းပူေလာင္ေနသည့္ ရသကို ေမ်ာခ်ေနမိသည္။

" အဲ့ဒါလည္းေသာက္ခ်င္တယ္....." စားလက္စ တူေလးကို ႏူတ္ခမ္းေလးျဖင့္ ကိုက္ကာ ခပ္စစဆိုလာသူေလးေၾကာင့္ ေနာက္ထပ္ေတာင္းဆိုစရာမလို ဖြင့္လက္စ ဘီယာဗူးကို ေရွ႕ခ်ေပးလိုက္ေတာ့ ဘာညာမစဥ္းစားပဲ တခ်ိဳက္တည္းေမာ့ခ်လိဳက္ပုံမ်ား တားယူရသည့္အထိ။

" ဟာ......ဘာလို႔အဲလိုေသာက္ရတာလဲ.....ဘယ္လိုေနလဲ...."

ဘီယာဗူးခြံ႕ေလးျဖစ္သည္အထိ တခ်ိဳက္တည္းေမာ့ကာ ေသာက္ခ်လိဳက္သည့္ကေလးငယ္ေက်ာျပင္ေလးကို ခပ္ဖြဖြ ပြတ္ကာသပ္ခ်ေပးရင္း အသားလႊာေလးကို ေဆာ့တို႔ကာ ခြံ႕ေကြၽးဖို႔လည္းမေမ့ခဲ့ပါ။

" ေသာက္အုံးမွာ..."

" ေတာ္ၿပီေလ...ကြာ "

" ဟင္းအင္းလို႔ တစ္ခါတည္းဆို....." လက္ညိုးေလးေထာင္ကာ ႏွင္းဆီဖူးေလးဆူေထာ္ကာ ခြၽဲကာ မူဟန္ႂကြယ္သူေလးအလိုက် တစ္ဗူးမွသည္ ဒုတိယေျမာက္သည္အထိ ထပ္ကာထပ္ကာ ေသာက္ေန႕သည့္ဘီယာအရွိန္ေၾကာင့္ နီေဆြးေဆြးပါးမို႔ေလးက မထိရက္ခ်င္စရာ ရဲေသြးလြန္းလွသည္။

ေဘးနားကပ္ထိုင္ကာ အသားေလးခြံ႕ေကြၽးလိုက္ ကေလးထိမ္းသဖြယ္ပစ္ကာ မွီက်လာသည့္ ကေလးငယ္ကိုယ္ေလးကို ရင္ခြင္ဖြင့္ကာ ႀကိဳဆိူေပးမိေတာ့ ရင္ခြင္ထဲအံ့ဝင္ခြင္က် မွီတြယ္ေနသည့္ ကေလးငယ္ခါးေလးကို ေနာက္ပါးဆီကေန သိုင္းဖက္၍ အမူးသမားေလးကို ထိန္းထားမိသည္။

" ေတာ္ပီေနာ္......"

" ဟင္းအင္း.....ေသာက္ခ်င္ေသးတယ္......"

" ခဏေလ.....ဒါေလးသိမ္းလိုက္အုံးမယ္...."

အိမ္အကူမရွိသည့္သားအဖႏွစ္ေယာက္တည္းေနသည့္အိမ္မို႔ သန့္ရွင္းေရးကအစ ခ်က္ျပဳတ္ေရးအထိ ကိုယ္တိုင္ကိုယ္က်ေဆာင္႐ြက္ရသည္။

Dinning chair ေပၚ ေခြေခါက္ကာ လက္ရန္းေလးကိုမွီေနသည့္ ကေလးငယ္က မ်က္ဝန္းေလးမွိတ္လိုက္ ဖြင့္လိုက္ရီေဝစြာျဖင့္ စားစရာအခ်ိဳ႕ကိုသိမ္းဆည္ေဆးေၾကာေနသည့္ ထင္လင္းထြဋ္ေနာက္ေက်ာျပင္ကိုစူးစိုက္ကာ ၾကည့္ေနျပန္ေသးသည္။

ထိုအမူးသမားေလးဆီက တခါတရံ ရယ္သံလြင္လြင္ေလးေပၚသည္အထိ ဘာအေၾကာင္းေတြးရယ္ေနသည္မသိပဲ မ်က္ခုံးပင့္ကာ လည္ျပန္ေငးရသည္အထိ ။

" ဘာေတြသေဘာက်ေနလဲ......"

" ဟင့္.....မူးေနာက္ေနသလိုပဲ......မပီးေသးဘူးလား....."

ရယ္ေသာ၍မဆုံးခင္ ညို႔က်သြားေသာ ႏွင္ဆီဖူးေလးေၾကာင့္ ခပ္ျမန္ျမန္ေဆးေၾကာေနမိသည့္ ထင္လင္းထြဋ္တစ္ေယာက္ ေနာက္ပါးဆီက ေကာင္ငယ္ငယ္ေလးကို ခ်ီပိုးကာ ရင္ခြင္ခ်ီထားခ်င္သည္အထိ။

" အင့္......"

အေတြးမဆုံးခင္ ေက်ာျပင္ဆီကိုပါးမို႔ေလးအပ္ကာ ေပ်ာ့ေပ်ာင္းလွသည့္လက္သြယ္သြယ္ေလးက ခါးထက္ဝယ္ၿမဲၿမံစြာ ရစ္ပတ္ထားျပန္ေသးသည္။

" ကေလး......"

" ဒီလို....ေလး....ဖက္ထားခ်င္တယ္....."

" အဟြန္းးးးးရပါဗ်ာ...."

" အြန္းးးးးအြင္းးးး"

ပါးမို႔ေလးျဖင့္ ပြတ္တိုက္ကာ က်ီစယ္ေနျပန္ေသာ ထိုအမူးသမားေလးေၾကာင့္ ထႂကြခ်င္ေနသည့္ ေယာက်ားစိတ္အဟုန္တို႔ေၾကာင့္ ေဆးေၾကာျခင္းကို လက္စသတ္ကာ ခါးထက်ကလက်သွယ်သွယ်လေးက်ို ထပ္မံအုပ္မိုးကာ ဆုပ္ကိုင္ၿပီး မ်က္ႏွာခ်င္းဆိုင္အေနအထားျဖစ္ေအာင္ ခါးသိမ္သိမ္ေလးကို ဆြဲကာ ဖက္လိုက္သည့္ ဦးထြဋ္ေၾကာင့္ ၾကားေလမေသြးနိုင္ေလာက္ေအာင္ နီးကပ္လြန္းလွသည္။

" ကိုယ့္ကိုကိုယ္ ခ်စ္စရာေကာင္းေနတယ္ဆိုတာ ကေလးသိရဲ႕လား....ဟင္...."

ႏွာဖ်ားေလးအား ခပ္စစဖိကအေမးစကားၾကားဝယ္ မ်က္ဝန္းေလးေမွးမွိတ္ကာ ရွက္အားပိုေနသူေလးအား အနမ္းတပြင့္ေႁခြေစသည့္အလား ႏူတ္ခမ္းဖူးဖူးေလးေထာ္ကာ မူဟန္ႂကြယ္ေနျပန္သည္မို႔ .....

လက္တစ္ကမ္းအလို ..

ႏွာတစ္ဖ်ား အကြာအေဝးၾကားက ...ကိုယ္ႏွင့္ကေလးငယ္....

ခုန္လူပ္လာသည့္ႏွလုံးသားစည္းခ်က္....

ေရွးတိုးမိသည့္ မ်က္ႏွာအေနအထားမို႔.........။

" ...ဦး....ဦးထြဋ္......."

"................"
#ေနာက္အပိုင္း ေမွာင္ရင္စိတ္ဆိုးမလား?

#မမအတြက္ voteေပးခဲ့ဖို႔မေမ့နဲ႕ေနာ္
#Take care

Bạn đang đọc truyện trên: ZingTruyen.Xyz