အပိုင်း(၁၃)
" ဘယ်အချိန်ရှိနေပြီ ...."
ခြံတံခါးလေးသော့ခတ်နေစဉ် နောက်ပါးဆီကနေ ဦးထွဋ်ရဲ့ခပ်မာမာထွက်ပေါ်လာသော အော်ငေါက်သံတစ်ခုကြောင့် ကလေးငယ်ကျောတွန့်ကာ သော့ခတ်နေသည့်လက်များကတုန်ရီစပြုလာခဲ့သည်။
" ဗျာ....."
" ဒါ ဘယ်ချိန်ရှိနေပြီလဲ သမုဒါ..."
" ဟုတ်ကဲ့....၇နာရီလောက်ရှိနေပြီလား ဗျ.."
" ဘာကို ၇နာရီလဲ ၈နာရီထိုးဖို့ ၁၀မိနစ်လိုတော့တယ် ...မင်းဘယ်လိုလဲ ..မင်းဘယ်လိုတောင်လဲ..ဟမ်...ဒီအချိန်ဟာ မင်းအတွက်အရမ်းစော နေတယ်ထင်နေလား..."
" ဗျာ....."
" ငါကွာ.....! တောက်...."
ကျိတ်မနိုင်ခဲမရ...အဘယ်သို့သော အကြောင်းအရာပေါ်တွင် ထင်လင်းထွဋ်ပေါက်ကွဲရမည်မတွေးနိုင်ခဲ့။
မျက်စိရှေ့ရှိ ခေါင်းငုံ့ကာဖျော့လျော့နေသည့် ကလေးငယ်အပေါ်လည်း စကားကြမ်းများဖြင့် မထိုးနက်ချင်ခဲ့။ မှောင်ကျလာသည့်နေဆင်းချိန်များတွင် တစ်ယောက်တည်း ထိုင်မရ/ထမရ လမ်းထိပ်တွင်ခေါင်းဆိုက်ကာ ပြန်လာမည့်သူအား မျှော်နေမည်မတွေးပဲ အချိန်မသိ၊ အချိန်မကြည့်ပဲနေသည့် ထိုကလေးအား စေတနာဒေါသတို့ထိန်းမရခဲ့ပါ။
ကလေးငယ်တစ်ခုခုများ ဖြစ်နေမလား တွေးရင်း ပူလောင်လာသည့် မိမိစိတ်ကို ဘယ်လောက်ထိစိုးရ်ိမ်နေမည် ထိုကလေးငယ်သိမြင်မထင်ခဲ့။
"......."
ဦးထွဋ်စိတ်တိုနေမှန်းသိရက် သမုဒါ လက်ကလေးနှစ်ဖက်ကျစ်ကာ ခေါင်းငုံ့နေမိသည်။
ဖေဖေ့တရားစခန်းသွားတယ်အသိကြောင့် တစ်ယောက်တည်းကျန်ခဲ့သော ကလေးငယ်စျေးပြန်လာချိန်နှင့်ကွက်တိဖြစ်အောင် ညနေ ၅ခွဲကတည်းက အိမ်ပြန်ရောက်လာ ထင်လင်းထွဋ်အတွက် ကလေးငယ် ပန်းရောင်းပြန်လာမည့် အချိန်တွက် လည်ပင်းဆန့်ကာ ငေးနေခဲ့သည်က ထိုင်မရ/ ထမရ ....။
ညနေစာအတွက် အကုန်နီပါးချက်ပြုတ်ပြီးသည်တိုင် ပြန်ရောက်လာခြင်းမရှိသော ပန်းသည်လေး ကလေးငယ်က တစ်လမ်းပြီး တစ်လမ်း ၊ ရပ်ကွက် တစ်ခုမှနောက်တစ်ခုဆီသို့ စက်ဘီးလေးတစ်စင်းဖြင့် ခြေတိုအောင်လိုက်လံရောင်းချနေသည့် ကလေးငယ်ကို အဘယ်နေရာသို့ လိုက်လံရှာဖွေရမည်နည်း။
တဖြေးဖြေးမှောင်လာသည့်မိနစ်အချိန်အလိုက် ထင်လင်းထွဋ်ရဲ့စိုးရိမ်သောကတွေ ဆင်းပွါးလာကာ စိုးရိမ်စိတ်ကို ဒေါသအဖြစ်ပြောင်းလဲပြီး မီးထွန်းထားခြင်းမရှိသော ကလေးငယ်နေထိုင်ရာ အိမ်လေးအတွင်း တောင်/မြောက် ဝဲယာလျှောက်လှမ်းပြီး စိတ်တိုနေသည့် ဗိသုကာပညာရှင်ကြီး။
တစ်နာရီပြီး နောက်တစ်နာရီ ကြာသည့်အတိုင် ရောက်လာခြင်းမရှိပဲ သော့ခလောက်လေးကိုသာ စူးစွာကြည့်နေသည့် ထင်လင်းထွဋ်အတွက် စိုးရိမ်သောကများသည် နေထိုင်မရအောင် ဖြစ်ပေါ်ခံစားလာရသည်မို့ နိမ့်မြင့်မညီညာသော နှလုံးခုန်သံတို့သည်ကား မောဟိုက်သံသဲ့သဲ့ထွက်ပေါ်လာသည့်အတိုင် ကြယ်ရောင်စုံလင်းလက်ခြင်းမရှိသော ညအမှောင်ကောင်းကင်ယံကို ခါးထောက်ကာ မော့ကြည့်ပြီး ကလေးငယ်တို့ခြံတံခါးရှေ့ အရှေ့/အနောက် မနားတမ်း သောကများနှင့်အတူ လျှောက်လှမ်းကာ ပန်းသည်လေးအလာကိုစောင့်မျှော်နေမိသည်။
" အရမ်းစောနေသေးတယ် မင်းထင်နေလား ကလေးငယ် "
" ပန်းနည်းနည်း ကျန်သေးလို့ပါ ဦးထွဋ်..."
သော့လေးကို ဆုပ်ကိုင်ကာ ခေါင်းလေးငုံ့ပြီး ဖြေကြားနေသည့်ကလေးငယ်ကို အားမရစွာ ဆွဲကိုင်ပေါက်ချင်စိတ်တွေ ဖြစ်ပေါ်နေသည့် ထင်လင်းထွဋ်ရဲ့ သောကကို မည်သူနားလည်နိုင်ပါအံ့နည်း။
" အဲ့ပန်းတွေ မကုန်မချင်း အိမ်မပြန်ဘူး ဆုံးဖြတ်ထားတာလား...ဟမ်...ကလေးငယ်ဖြေစမ်း..."
" ဗျာ....နောက်မနက်ထိ ထား....ထားမရလို့ပါ ဦးထွဋ်......"
" အဲ့ဒါနဲ့ ဒီအချိန်ထိနေနေရသလား ...ဟမ်....အိမ်မှာစောင့်နေမယ်သူတွေအတွက် မင်းကနည်းနည်းလေးမှ ထည့်မတွေးပေးဘူးပဲ....တောက် ! ..."
တောက်တစ်ချက်ခေါက်ကာ တစ်တောင်ခန့်အကွာမှာ ဒေါသကြီးနေတဲ့ ဦးထွဋ်ကြောင့် သမုဒါမောပမ်းလာသည်က်ိုပင် အပမ်းမဖြေနိုင်ပဲ ကြောင်ကြည့်နေမိသည်။
" ဗျာ.....ကျွန်တော်ကို စောင့်နေမယ့် အမေမရှိတော့...."
"ဒေါ်ဒေါ်မရှိတာနဲ့ အပြင်မှာ နေချင်သလို နေလို့ရောလား...."
" ဗျာ....ကျွန်တော် ပန်းရောင်းနေတာလေ......" ရစ်ဝဲလာသော မျက်ရည်တို့က တစ်နေကုန်ပန်းလည်ရောင်းထားသည့် ဆင်းရဲမူကြောင့်လား။
တစ်ရပ်ကွက်ဝင် တစ်လမ်းချင်း လှည့်ကာ စက်ဘီးလေးဖြင့်နှင်းကာ ပန်းရောင်းရသည့် ညောင်းညာကိုက်ခဲမူကြောင့်လားမသိ ဝမ်းနည်းစိတ်တို့ကြောင့် ဝဲရစ်ကာ မျက်ရည်စတို့အိုင်ထွန်းလာခဲ့သည်။
ညအချိန်ခါမို့ သမုဒါရဲ့ ဝမ်းနည်းမူသည်ကား ထင်လင်းထွဋ်မမြင်နိုင်ခဲ့ပါ။
တောက် !
ဘဝတစ်ပါးပြောင်းသွားသော မိခင်မရှိသည့်အတွက် သူအတွက်စိတ်ပူပေးမည့်သူမရှိဟု ထုတ်ပြောလာသော သမုဒါကို စိတ်တိုသော်လည်း ညအမှောင်အောက်ဝယ် ကိုယ်ရှေ့နှစ်တောင်အကွာမှ ခေါင်းလေးငုံ့ကာရပ်နေသော သမုဒါကိုတစ်ချက်မကြည့်ပဲ စိတ်တိုစွာဖြင့် အိမ်ဘက်ခြေဦးလှည့်မိသည်။
တစ်ညနေလုံး တစ်လမ်းမှသည် ရပ်ကွက်နှံ့သည်အထိ စက်ဘီးနှင်းခဲ့ရသော ပင်ပမ်းမူဒဏ်ကြောင့်လည်းကောင်း၊ နေအပူရှိန်အောက်ဝယ် ဝမ်းရေးအတွက် တစ်ကိုယ်တော်ဖြေရှင်းနေရသူမို့ ဝမ်းနည်းလာသည့်အရှိန်ဖြင့် ချစ်ရသူကြီးရဲ့ ဆူငေါက်မူပါထပ်တိုးပိုင်ဆိုင်ရသောကြောင့် လေမတိုက်မိုးမခြိမ်းပါပဲ တအိအိဖြင့် လိမ့်ဆင်းလှဿာ မျက်ရည်မိုးတွေကို ခေါင်းလေးငုံ့ကာသာ မှိန်ပြပြထွန်းလင်းနေသောအိမ်ခန်းလေးတစ်နေရာ ထိုင်၍ သမုဒါ ရိူက်ငိုခဲ့မိသည်။
မေမေကို သိပ်လွမ်းမိတာပဲဟု *ခေါင်းစဉ်တပ်ကာ အတိုးချငိုမိတော့သည်။
စက်ဘီးလက်ကိုင်လေးမှချိပ်ဆွဲထားသော ဝက်ခေါင်းသုတ်လေးဖြင့် ညစာတည့်ခင်းခြင်းမသိတော့ဘူး အထီးကျန်လမိုက်ညဟု ခံစားကာ မျက်နှာသစ်၍ အိပ်ယာထဲဝင်အိပ်ဖို့ရန်သာတွေးမိပြီး နောက်ဘေးမီးလေးဖွင့်ကာ ဆာလောင်နေသော ဝမ်းဗိုက်ကိုသတိမထားတော့ပဲ ရေချိုးကာ သနပ်ပါးပါးလူး၍ အိပ်စက်ရန်အတွက် အိပ်ယာခင်းနေမိသည်။
" ဘာမှမစားပဲ အာဟာရသိဒ္ဓိမြောက်နေလား သမုဒါ..."
ဘယ်ချိန်ကတည်းကရောက်နေမှန်းမသိသော ဦးထွဋ်က ခက်ထန်တည်တင်းနေသော မျက်နှာဖြင့် သမုဒါကျောဘက်ကိုစူးစိုက်ကြည့်ပီး ပြောဆိုနေတော့ အိပ်ယာခင်းနေသည့် သမုဒါခေါင်းလေးရမ်းကာသာ ဖြေကြားမိသည်။
" ခဏနေမှစားမလို့ပါ ....."
ကလေးငယ်ရဲ့ ခပ်တိုးလျလျဖြေကြားသံလေးက ထင်လင်းထွဋ်အဖို့ နှလုံးသားတို့ဆုတ်ညှစ်ချေသည့်အလား နာကျင်ရသည်။
ဘာမှသွေးသားမတော်စပ်သည့်ကလေးငယ်။
မိဘမောင်ဖွားတွေတို့ ရှင်ကွဲ၊ သေကွဲကြားကနာကျင်နေရပါသော အထီးကျန်ကလေးငယ်။
ခေါင်းစဉ်တပ်မရတဲ့ ပူပင်မူတွေကြား ကလေးငယ်ကို ဆွဲဖက်ကာ အချိနိတိုင်း
ရင်ခွင်တွင်းထားပြီး နှစ်သိမ့်ပေးချင်သည်အထိ။
ဖေဖေကိုတောင်ချက်မကြွေးဖူးသေးသော ဖွယ်ရာသော ညနေစာကို မမောပမ်းနိုင်ချက်ပြုတ်ပေးချင်သည်အထိ ထင်လင်းထွဋ်၏ နှလုံးသားနေရာဝယ် နက်နဲစွာ နေရာယူထားပါသော ကလေးငယ်။
သိမ်မွေ့သော ချစ်စကားကို နုနုရွရွဖွင့်ဟပြောချင်ပါသော်လည်း ပင်ကိုယ်အတွေးများခြင်း၏တားမြစ်မူကြောင့် ထိုကလေးအား သာယာမူအစား နာကျင်မူကိုသာဖန်တီးပေးနေမိသလို ကိုယ်ကိုကိုယ်လည်းအားမရနိုင်ခဲ့။
ဇီဇဝါပန်းခြုံအနားထိုးရပ်ထားသော စက်ဘီလေးမှာ ချိပ်ဆွဲထားသည့် လမ်းဘေးအစားအစာတွေက ထိုကလေးငယ် ညနေစာအတွက်လား။ ချက်ပြုတ်ပေးသူမရှိ တစ်ယောက်တည်း ထိုကလေးငယ် မည်သို့စားသောက်နေပါသနည်းမတွေးမိခဲ့ဖူးသော အစားအသောက်ရေးရာကအစ စိတ်ပင်ပူရသည်အထိ။
" ဘယ်အချိန်လဲ...နောက်က လိုက်ခဲ့...."
" ဟင်းအင်း...မလိုက်တော့ဘူး ဦးထွဋ်...."
" ဘာကိုလဲ ..." ဘာအကြောင်းမှန်းမသိ မလိုက်ဘူးခံငြင်းဆန်နေသော ကလေးငယ်အား ခပ်မာမာမေးမိသည့်စကားလေးတစ်ခွန်း။
" ကျွန်တော်အိပ်ရဲပါတယ်....အဲ့ကြောင့်..."
" ဘာကိုအိပ်ရဲတာလဲ ...ခု ညစာစားဖို့ပြောနေတာ..."
" ဟုတ် ...ခဏနေ စားလိုက်ပါ့မယ်..."
" အပြင်ကပါလာတဲ့ အသုပ်နဲ့စားမယ်လို့ ငါကိုမပြောနဲ့ သမုဒါ...ကိုယ့်ကိုငြင်းတာမကြိုက်ဘူးလို့ ကိုယ်တစ်ခါကမက ပြောဖူးပါတယ်နော်...."
" ဟုတ်......တကယ်လည်းမဆာလို့ပါ...."
" တစ်ညနေလုံး ရပ်ကွက်ပတ်နေရတဲ့လူက ညနေစာ မဆာဘူးတဲ့လား ...ကိုယ်ကိုထပ်မငြင်းရင်ကောင်းမယ်..."
" ကျွန်တော်....အိပ်တော့မယ်ဗျ....အဲ့ဒါကြောင့်...."
" တော်လိုက်တော့....ကိုယ်စိတ်မရှည်တာသိသားနဲ့....မင်းဆိုးနေတာပဲ ...." ဆိုကာ ရေချိုးပီးခါစ စပန့်ဝမ်းစက်လေးဖြင့် သနပ်ခါးပါးပါးလူးထားသည့် အိပ်ယာပေါ်က ကလေးငယ်ကို ကောက်ကာ ပွေ့မယ်ကြံတော့ အလန့်တကြားနောက်ဆုတ်သွားသောကြောင့် ခါးသိမ်လေးမှသည်လက်တစ်ဖက်ဖြင့် ပွေ့ကာ ရင်ခွင်ထဲသိမ်းပြီး နီးကပ်စေတော့အလန့်တကြားမျက်ဝန်းလေးဝိုင်းကာ မေ့ကြည့်နေပြန်သေးသည်။
" ပြန်ချပေး ဦးထွဋ်....ဟင်းအင်း...."
"မင်းက အသာခေါ်မရပဲ..." ခပ်ရေးရေးပြုံးကာ ခေါင်းရင်းအိမ်ဘက်ခြေလှည့်မယ်ပြင်တော့ ရုန်းကန်ရင်းဖြင့်သာ ပါးစပ်ကလည်း မနာတမ်းရွတ်ဆိုနေသေးသောကလေးငယ်။
" မလိုက်ဘူးလို့....ဒီမှာပဲ အိပ်မှာလို့.....ဦးထွဋ်..."
"..........."
ဘာတစ်ခွန်းမှမဆိုတော့ပဲ ပွေ့ချီလျှက်သား အနောက်ဘက်တံခါးလေးကိုပိတ်ပြီး ကလေးငယ်အခန်းတံခါးလေးကို ကိုယ်လုံးဖြင့်တွန်းပိတ်ကာ မီးခုံလေးရှိရာကိုခပ်လှမ်းလှမ်းသွားနေပါသော ဦးထွဋ်က ပြောမရဆ်ိုမရ လူဆိုးကြီးတစ်ယောက်ပါ။
ချောက်ခနဲမြည်သံနှင့်အတူ အမှောင်ကျသွားသော ကလေးငယ်ရဲ့ အိမ်လေးထဲဝယ် တောင့်တင်းသန်မာလှသော ထင်လင်းထွဋ်၏ လက်မောင်းကြားဝယ် တိုးကန်ရုန်းနေသူလေးက ညအမှောင်ကို ကြောက်လန့်သည့်အလား လက်လေးနှစ်ဖက်ဖြင့် ထင်လင်းထွဋ် လည်ပင်းကိုသိုင်းဖက်ကာ ရင်ဘတ်ဆီမျက်နှာအပ်ထားပုံလေးက ၂၄/၇ တချိန်လုံး ပွေ့ပိုက်ထားချင်စရာလေး။
" ဦးထွဋ်....."
ကလေးငယ်ရဲ့ ပင်ကိုယ်သင်းရနံ့ ခပ်သင်းသင်းလေးက နှာခေါင်းဝဝယ် ပွတ်တိုက်ကျီစယ်သည့်အလား ဘာညာလူးလွင့်ကာ အရှိန်ဖြင့်ပွတ်တိုက်လာသည့် သနပ်ခါးရနံ့နှင့်အတူ မြတ်လေးပန်းရနံဆန်သော ကိုယ်သင်းရနံ့လေးကို ရင်ခွင်ထဲက ကလေးငယ်နဖူးလေးဆီမှန်း၍ တရိူက်မွှေးကြူမိ၏။
" ဦးထွဋ်....."
" ဘာလဲ...."
ညအမှောင်အားကိုးဖြင့် လူကိုပွေ့ပိုက်လျှက်သား မီးအလင်းကိုဆန့်ကျင်စွာဖြင့် ခပ်ရေးရေးပြုံးထင်နေသော ဦးထွဋ်က ဘာကြောင်းရယ်မရှိ ညာဘက်ပါးပြင်လေးဝယ် နှာခေါင်းနစ်၍ နမ်းရိူက်လာပြန်တော့ အလန့်တကြား ဖက်မိလျှက်သားလက်ပင်းကိုသာတင်းနေအောင်ဖက်နေမိသည်။
" ခင်များလေးပဲ နေရဲတယ်ဆို...."
" ဟိုလေ.......အဲ့ဒါ....." ဖြေရခက်နေသော ကလေးငယ်က ရင်ဘတ်ထဲတိုး၍သာကွယ်ဝှက်နေသည်မို့ ။
" လိုက်ခဲ့မယ် မဟုတ်လား...."
" မလိုက်လို့လည်း မရဘူး မဟုတ်လား ဦးထွဋ် က...."
" ဆက်ပြောလေ....."
" ပစ်ချမှာကြောက်တယ်လေ...."
" ဟုတ်ပါပြီကွာ....ဟိုဘက်အိမ်သွားရအောင် ကိုယ်ဗိုက်ဆာလှပြီ..."
" ဟင် ...မစားရျသးဘူးလား....ခုထိ"
" ခင်များလေးမှ စောပြန်မလာဘဲ...."
" မဆိုင်ပဲနဲ့...."
" ဆိုင်မဆိုင် သိချင်လား......"
သမုဒါနဖူးလေးပေါ် ဝဲပျံနေသည့် ဦးထွဋ်မျက်နှာကြောင့် ရောင်ရမ်းကာ တိုးဝင်မိသည်ကား ကျယ်ပြန့်လှသောရင်ခွင်တစ်စုံရဲ့အနက်ရိူင်းဆုံးနေရာအထိ နူတ်ခမ်းပါးလေးဖြင့်မထိတထိပွတ်တိုက်ရင်း ပုန်းရှောင်နေသည့် လေပြေလေးအလား ကြည်နူးမူက တသိမ့်သိမ့်လေးဖြင့် တညိမ့်ညိမ့်လေး ရစ်ခွေစီးဆင်းနေသော ချောင်းငယ်လေးအသွင်....။
" ဗိုက်ဆာပြီ......"
" စောစောကပြောတော့ ဘာရယ်...."
" မမှတ်မိတော့ဘူး..."
" မဆာဘူးဆိုလား...ဘာလား..."
" ဦးထွဋ်နော်....."
" ဟားးးးးးးသွားရအောင်နော်...."
လူပျိုကြီးတစ်ယောက် စကားကိုမထိခလုတ်တိုက်ကာ အသက်ဆယ်နှစ်ငယ်သော ကလေးငယ်ကို ပိုင်နိုင်စွာ ပွေ့ယူခေါ်ဆောင်သွားပုံများ နှစ်ပါးသွားအကများ၏ မြိုင်ထက အရူံးပေးရမည်ထင်သည်။
တယုတယဖြင့် နူးနူးညံ့ညံ့လေးကို အနာအဆာမရှိ ပွေ့ယူနေပုံ....
ရင်ခွင်ထဲကကလေးငယ်ငယ်၏ စကားလုံးတွေကြားဝယ် ကောင်းကင်ပေါ်က ကြယ်ရောင်စုံတွေဆီ မော်ကြွားနေသည့်အလား မျက်နှာကိုပင့်မော့ကာ ခပ်ဟဟ ရယ်မောနေပုံတို့ကြောင့် လမင်းကြီးပင် ငုံကာ အားကျနေသည့်အလား လမ်းမီးရောင်အရှိန်တို့ပေါင်းစပ်ကာ အေးမြသော လရောင်ကို အစွမ်းကုန်လင်းဖြာခြင်းဖြင့် ကောင်းချီးဩဘာပေးနေပုံအလား .....။
ကလေးငယ်ရဲ့ လွတ်အိတ်လေးကို မမေ့မလျော့ ယူလာပါသော ထင်လင်းထွဋ်။
" ဦးထွဋ်ကိုယ်တိုင်ချက်တာလား...."
စားပွဲပေါ်ဝယ် ခင်းကျင်းထားသော ဟင်းအမျိုးစုံတို့ကြောင့် ကလေးငယ်မျက်ဝန်းတို့လင်းလက်ပုံများ ဟန်မဆောင်နိုင်ခဲ့ပါ။
လျှာလေးသပ်ကာ မေးနေသည့် ကလေးငယ်ကို ထမင်းခူးခပ်ပေးရင်း ပြုံး၍သာခေါင်းညိတ်ပြမိသည်။
" စားလို့ရပါပြီဗျာ...."
" ဟိ.....ရှယ်ကြီးပဲ...."
ထင်လင်းထွဋ်ပန်းကန်ထဲ မတ်တပ်ရပ်ကာ ခေါင်းလေးငုံ့ပြီး ဦးချနေပုံလေးက မသိရင် သူကိုယ်တိုင်ချက်ထားသော ဟင်းလျာကို ခင်ပွန်းဖြစ်သူအား ဦးချနေစဖွယ်။
" တော်ပါကွာ....ကိုယ်မီပါတယ်..."
" ဦးချချင်တာကိုး....ပြီးမှ ကျွန်တော်က အကုန်စားပစ်မယ် ...."
" ဟုတ်ပါပြီကွာ.....ခင်များလေးသဘော...."
တမျိုးမကျန်အနည်းငယ်ယူကာ ဦးချပေးလာသောကလေးငယ်စိတ်ကြိုက်။
ပါးလေးမို့အစ်သည်အထိ မြုံ့ကာဝါးနေသော ပါးဖောင်းဖောင်းလေးကိုကြည့်ရင်း ထင်လင်းထွဋ်တို့ အာဟာရသိဒ္ဓိမြောက်နေတယ်ဆိုတာ ထိုအနှီးကောင်ငယ်လေးမသိခဲ့ပါ။
ထင်လင်းထွဋ်ချက်သမျှကို အားရပါးရ မြုံ့ကာဝါးနေသည့် ကလေးငယ်ကြောင့် တညနေလုံး အပင်ပမ်းချက်ထား.သမျှ မောပမ်းသည်မရှိခဲ့ပါ။
ချစ်ရသူကိုအစားကောင်းကောင်းချက်ကြွေးချင်ကြသည့် လူတချို့၏ နှလုံးသားနဲ့ထပ်တူကျသလို ထင်လင်းထွဋ်ကိုယ်တိုင်လည်း ထိုကောင်ငယ်ငယ်လေးကိုကြည့်ပြီး ရင်တွင်းနေရာ ပျော်မြူးနေလေသည်။
နောက်များလည်း ချက်ကျွေးချင်ရဲ့ ကလေးငယ်ရယ်........။
" စားလို့အဆင်ပြေလား...."
" Good "ဆိုပြီး လက်မလေးထောင်ကာ မျက်ဝန်းလေးမှေးမှိတ်သည်အထိ အစားလေးတမြုံ့မြုံ့ဝါးကာစားနေသည့် အားပေးသူကြီးကြောင့် 5stars အဆင့်ရှိ နာမည်ကြော်Chef ကြီးတစ်ယောက်ခံစားမူက အမြင့်ဆုံးထိကျေနပ် နှစ်သက်လွန်းသည်။
" ဟုတ်ပါပြီကွာ...."
" အွင်းးးးးး"
စားသောက်ပြီးတော့ ဗိုက်ကလေးပူသည်အထိစားပြီး ဗိုက်အင့်သည်ဆိုကာ ဧည့်ခန်းအလယ်တောင်/မြောက် လျှောက်ကာနေသည့် ကလေးငယ်ကို အစာကြေလေးပေးပြီး အပေါ်ထပ်မှာပဲ အိပ်စက်ဖို့ရန် အကြောင်းဖန်လာခဲ့ပြီ။
" ဘဘကြီးက ဘယ်နှစ်ရက်တရားစခန်းလဲ ဦးထွဋ်..."
ရေချိုးခန်းထဲက သွားတိုက်၊ မျက်နှာသစ်ပြီး ထွက်လာသော ကလေးငယ်ရဲ့ နူးညံ့လွန်းသော အသားအရေတို့တွင် ပြောင်ပြောင်းတင်းလေး ကြည်လင်နေသောကြောင့် laptop ကိုမေ့ကာ ငေးနေမိသည်။
ကလေးရဲ့ ပင်ကိုသဘာဝကိုက အသားအရေကောင်းတာ....။
" တစ်ပတ်"
" ဒါနဲ့.......ဦးထွဋ်ပြန်တော့မှာဆို ....."
ကုတင်လေးပေါ်အသာအယာတက်ရင်း မရဲတရဲမေးနေရှာတဲ့ ကောင်ငယ်လေးရဲ့မျက်ဝန်းထဲကိုကိုယ်လိုချင်သော အဖြေကိုရှာကြည့်နေမိသည်။
" အင်းးးးးကလေးဘယ်လိုသိလဲ...."
" ဘ...ဘဘကြီးက ပြောပြတာ.."
" အော်.....အပြီးပြန်တာမဟုတ်ဘူး...."
" အော်......."
" ပြန်လာမှာ...."
" ဗျာ.....ဟုတ်ကဲ့....."
" ဖေဖေအနားနေပေး....ကိုယ်ဟိုခဏပြန်ရင် ...."
" ဟုတ်ကဲ့...." ခေါင်းလေးညိတ်ကာ အိပ်ယာထဲ တစ်ဖက်ကဝင်လဲပြီး ထင်လင်းထွဋ်ကိုကျောပေးကာ အိပ်စက်ဖို့ပြင်နေသော ကလေးငယ်ကြောင့် ထင်လင်းထွဋ်မျက်မှောင်ကျုံ့နေမိသည်။
အနားမှာ အတူရှိနေတာတောင် ကျောပေးကာအိပ်နေသည့် ကလေးငယ်ရဲ့ အမူအရာတိူ့က ထင်လင်းထွဋ်နှလုံးသားဝယ် အပ်ဖျားနဲ့ဆွသလို တဆစ်ဆစ်နာကျင်သည်မို့ လုပ်လက်စကို ရပ်ထားပြီး laptop ကို သိမ်းကာ ကလေးငယ်အနားတိုးကာ ခါးသိမ်လေးကို ဆွဲဖက်ရင်း ကိုယ်ရင်ခွင်ထဲထည့်ထာရမိသည်။
" ဦးထွဋ်........"
" အင်း......"
အိမ်နေရင်းအဝတ်ပါးလေးထက် ကျယ်ပြန့်သော ညာဘက်ရင်အုံပေါ်ကို ပါးလေးအပ်ကာ မျက်နှာမော့အလာ နီးကပ်လွန်းနေတဲ့ ကိုယ်ခန္ဓာနှစ်ခုကြောင့် ကလေးငယ် အသက်ပင်အောင့်ထားရသည်အထိ။
" လွတ်.....လွတ်ပေး...."
လက်မောင်းလေးကနေ သိမ်းဖက်ကာ ဦးထွဋ်ညာဘတ်ရင်အုပ်ပေါ်ကိုယ်တစ်ပိုင်းရောက်နေသည့်အနေအထားမို့ အထီးကျန်နေခေါင်းအုံးလေးပေါ် မှီတွဲကာအိပ်စက်ပါမည်ဆိုသော်လည်း ဦးထွဋ်လက်မခံခဲ့ပါ။
" ကိုယ်နားရှိနေရင် ကိုယ့်ကိုကျောပေးမအိပ်နဲ့ ကလေးငယ်...ကိုယ်မကြိုက်ဘူး...."
" အင်း....ခု...လွတ်ပေး...."
" လွတ်ပေး....ပြန်တော့မယ်ဆိုတာတွေပါ မပြောမိစေနဲ့ ...."
" ဟင့် ကိုယ်ဘာသာအိပ်မယ်လို့......"
"ဒီတိုင်းအိပ်ကွာ...ပြောမရရင် နမ်းမှာနော်...."
" ဟင့်....ဟိုဘက်မှာ အိပ်မယ်လို့...."
ကိုယ်ညာဘက်ရင်အုံပေါ်မေးလေးထောက်ကာ ရုန်းကန်နေသူလေးကြောင့် ခါးလေးကို ကျစ်နေအောင်ဖက်လိုက်ပြီး ထင်လင်းထွဋ်ကိုယ်ခန္ဓာပေါ် ပွေ့တင်မိတော့ ရင်ဘတ်နေရာကနေ ခေါငိးလေးထောင်ကြည့်နေပြန်သေးသည်။
" ငြိမ်ငြိမ်နေကွာ...."
ခါးဆီကိုတင်းကျပ်အောင်ဖက်ထားပြီး စိတ်မရှည်လေသံတို့ဖြင့် ဆိုလာသောသူကြောင့် ကလေးငယ်ကိုယ်လုံးလေးကိုမသိမသာ ရုန်းကြည့်မိပါသော်လည်း ခွန်အားချင်းမမျှခဲ့ပါ။
မသိမသာမှသည် အသံတိတ်သိသာစွာတိုးထွက်ကြည့်တော့ ရင်ခွင်ထဲထွက်သလို ကိုယ့်ကိုအောက်ဖက်ပို့ကာ အပေါ်စီးမှနေ စီးမိုးကာ ကြည့်လာပြန်သည်မို့ နှလုံးသွေးရပ်မတက် လန့်ထိတိသွားပါသော ကလေးငယ်အပေါ် လက်ထောက်ကာ သေချာစူးစိုက်ကြည့်နေပါသော ဦးထွဋ်ခန္ဓာကိုယ်အောက်ဝယ် သမုဒါ မလူးသာမလွင့်သာ။
" ရုန်းလေ.."
" ........."
အသံလေးတိတ်ကာခေါင်းရမ်းနေသူလေးရဲ့ ကိုယ်သင်းရနံ့မွှေးမွှေးလေးကြောင့် ထိုကလေးငယ်လည်ပင်းနီးနား ခေါင်းငုံ့ကာ ချတော့ ကြောက်လန့်တကြား ရင်ဘတ်ကိုတွန်းကန်ကာ ငြင်းရှာနေသူလေး။
ဘယ်လိုမှမထိမ်းချုပ်နိုင်သော နမ်းရိူက်ချင်စိတ်တို့ကြောင့် ..
ဘယ်ဘက်နားအနီးငုံ့ကာ နင့်နင့်သည်းသည်းနမ်းရိူက်မိတဲ့ ဝင်းပပလည်တိုင်လေးပေါ်က စိမ်းမြမြသွေးပြန်ကြောလေးပေါ် အနမ်းငွေ့ငွေ့ခြွေချမိသည်။
" ဦးထွဋ်.........! "
တုန့်ပြန်သံမလာ ကိုယ်လည်ပင်းကြား မပြတ်နမ်းရိူက်နေသော ချစ်ရသူပေးတဲ့ အနမ်းသင်ခန်းစာဝယ် သမုဒါ မူးမူးမေ့မေ့......
ခပ်ပါးပါး နားရဲရဲတို့သက်သေတည်ကာ ရှက်အားပိုနေသူလေးကို စကားမဆိုတော့ပဲ နူတ်ခမ်းသားတို့ဖြင့် ရှပ်ပါးပါးတို့ထိကာ မွှေးကြူမိသည့် ဒုတိယနေရာသည်ကား ဘယ်ဘက်နားစွန်းလေးပေါ် ကျူးကျော်မိတော့ အော်ဟစ်ကာ တားဆီးလာသူလေး။
" ဟင်းအင်း....."
" ပြွတ်စ်.......! "
" ဦးထွဋ်....."
" ဗျ......"
" ဟင်းအင်း....."
" .........."
#မမအတွက်voteပေးခဲ့ဖို့မမေ့နဲ့နော်
#Take care all
(မထင်မှတ်ပဲ Ph ကြောင်နေလို့ စာရေးရမပြေဘူးလေ။ update နောက်ကျတာ နားလည်ပေးနော်..)
Zawgyi
" ဘယ်အချိန်ရှိနေပြီ ...."
" ဗျာ....."
" ဟုတ္ကဲ့....၇နာရီလောက်ရှိနေပြီလား ဗ်.."
" ဗျာ....."
" ငါကွာ.....! တောက်...."
"......."
ဖေဖေ့တရားစခန်းသွားတယ်အသိကြောင့် တစ်ယောက်တည်းကျန်ခဲ့သော ကလေးငယ်ဈေးပြန်လာချိန်နှင့်ကွက်တိဖြစ်အောင် ညနေ ၅ခွဲကတည်းက အိမ်ပြန်ရောက်လာ ထင်လင်းထွဋ်အတွက် ကလေးငယ် ပန်းရောင်းပြန်လာမည့် အချိန်တွက် လည်ပင်းဆန့်ကာ ငေးနေခဲ့သည်က ထိုင်မရ/ ထမရ ....။
တောက် !
တစ်ညနေလုံး တစ်လမ်းမှသည် ရပ်ကွက်နှံ့သည်အထိ စက်ဘီးနှင်းခဲ့ရသော ပင်ပမ်းမူဒဏ်ကြောင့်လည်းကောင်း၊ နေအပူရှိန်အောက်ဝယ် ဝမ်းရေးအတွက် တစ်ကိုယ်တော်ဖြေရှင်းနေရသူမို့ ဝမ်းနည်းလာသည့်အရှိန်ဖြင့် ချစ်ရသူကြီးရဲ့ ဆူငေါက်မူပါထပ်တိုးပိုင်ဆိုင်ရသောကြောင့် လေမတိုက်မိုးမခြိမ်းပါပဲ တအိအိဖြင့် လိမ့်ဆင်းလှဿာ မျက်ရည်မိုးတွေကို ခေါင်းလေးငုံ့ကာသာ မှိန်ပြပြထွန်းလင်းနေသောအိမ်ခန်းလေးတစ်နေရာ ထိုင်၍ သမုဒါ ရိုက်ငိုခဲ့မိသည်။
" ခဏနေမှစားမလို့ပါ ....."
"..........."
ဘာတစ်ခွန်းမှမဆိုတော့ပဲ ပွေ့ချီလျှက်သား အနောက်ဘက်တံခါးလေးကိုပိတ်ပြီး ကလေးငယ်အခန်းတံခါးလေးကို ကိုယ်လုံးဖြင့်တွန်းပိတ်ကာ မီးခုံလေးရှိရာကိုခပ်လှမ်းလှမ်းသွားနေပါသော ဦးထွဋ်က ပွောမရဆျိုမရ လူဆိုးကြီးတစ်ယောက်ပါ။
" ဦးထွဋ်....."
ကလေးငယ်ရဲ့ ပင်ကိုယ်သင်းရနံ့ ခပ်သင်းသင်းလေးက နှာခေါင်းဝဝယ် ပွတ်တိုက်ကျီစယ်သည့်အလား ဘာညာလူးလွင့်ကာ အရှိန်ဖြင့်ပွတ်တိုက်လာသည့် သနပ်ခါးရနံ့နှင့်အတူ မြတ်လေးပန်းရနံဆန်သော ကိုယ်သင်းရနံ့လေးကို ရင်ခွင်ထဲက ကလေးငယ်နဖူးလေးဆီမှန်း၍ တရိုက်မွှေးကြူမိ၏။
" ဦးထွဋ်....."
" ဘာလဲ...."
ညအမှောင်အားကိုးဖြင့် လူကိုပွေ့ပိုက်လျှက်သား မီးအလင်းကိုဆန့်ကျင်စွာဖြင့် ခပ်ရေးရေးပြုံးထင်နေသော ဦးထွဋ်က ဘာကြောင်းရယ်မရှိ ညာဘက်ပါးပြင်လေးဝယ် နှာခေါင်းနစ်၍ နမ်းရိုက်လာပြန်တော့ အလန့်တကြား ဖက်မိလျှက်သားလက်ပင်းကိုသာတင်းနေအောင်ဖက်နေမိသည်။
" လိုက်ခဲ့မယ် မဟုတ်လား...."
" ဆက်ပြောလေ....."
" ပစ်ချမှာကြောက်တယ်လေ...."
" မဆိုင်ပဲနဲ့...."
သမုဒါနဖူးလေးပေါ် ဝဲပျံနေသည့် ဦးထွဋ်မျက်နှာကြောင့် ရောင်ရမ်းကာ တိုးဝင်မိသည်ကား ကျယ်ပြန့်လှသောရင်ခွင်တစ်စုံရဲ့အနက်ရိုင်းဆုံးနေရာအထိ နူတ်ခမ်းပါးလေးဖြင့်မထိတထိပွတ်တိုက်ရင်း ပုန်းရှောင်နေသည့် လေပြေလေးအလား ကြည်နူးမူက တသိမ့်သိမ့်လေးဖြင့် တညိမ့်ညိမ့်လေး ရစ်ခွေစီးဆင်းနေသော ချောင်းငယ်လေးအသွင်....။
" ဗိုက်ဆာပြီ......"
" မမှတ်မိတော့ဘူး..."
" မဆာဘူးဆိုလား...ဘာလား..."
" ဦးထွဋ်နော်....."
" စားလို့ရပါပြီဗျာ...."
" ဟိ.....ရှယ်ကြီးပဲ...."
" စားလို့အဆင်ပြေလား...."
" ဟုတ်ပါပြီကွာ...."
" အွင်းးးးးး"
" တစ်ပတ်"
" ဘ...ဘဘကြီးက ပြောပြတာ.."
" အော်......."
" ပြန်လာမှာ...."
" ဗျာ.....ဟုတ်ကဲ့....."
အနားမှာ အတူရှိနေတာတောင် ကျောပေးကာအိပ်နေသည့် ကလေးငယ်ရဲ့ အမူအရာတို့က ထင်လင်းထွဋ်နှလုံးသားဝယ် အပ်ဖျားနဲ့ဆွသလို တဆစ်ဆစ်နာကျင်သည်မို့ လုပ်လက်စကို ရပ်ထားပြီး laptop ကို သိမ်းကာ ကလေးငယ်အနားတိုးကာ ခါးသိမ်လေးကို ဆွဲဖက်ရင်း ကိုယ်ရင်ခွင်ထဲထည့်ထာရမိသည်။
" ဦးထွဋ်........"
" အင်း......"
" လွတ်.....လွတ်ပေး...."
" အင်း....ခု...လွတ်ပေး...."
" ငြိမ်ငြိမ်နေကွာ...."
" ရုန်းလေ.."
" ........."
ဘယ်လိုမှမထိမ်းချုပ်နိုင်သော နမ်းရိုက်ချင်စိတ်တို့ကြောင့် ..
ဘယ်ဘက်နားအနီးငုံ့ကာ နင့်နင့်သည်းသည်းနမ်းရိုက်မိတဲ့ ဝင်းပပလည်တိုင်လေးပေါ်က စိမ်းမြမြသွေးပြန်ကြောလေးပေါ် အနမ်းငွေ့ငွေ့ခြွေချမိသည်။
" ဦးထွဋ်.........! "
တုန့်ပြန်သံမလာ ကိုယ်လည်ပင်းကြား မပြတ်နမ်းရိုက်နေသော ချစ်ရသူပေးတဲ့ အနမ်းသင်ခန်းစာဝယ် သမုဒါ မူးမူးမေ့မေ့......
" ဟင်းအင်း....."
" ပြွတ်စ်.......! "
" ဦးထွဋ်....."
" ဗျ......"
" ဟင်းအင်း....."
" .........."
#Take care all
Bạn đang đọc truyện trên: ZingTruyen.Xyz