ဟန်ဆောင်ချစ်သူ (ထျန်းနင်) အပိုင်း(၁ မှ ၂၀၀အထိ)
အခန်း(၈၄)
အပိုင်း(၈၄)
စက်တင်ဘာလရဲ့ နောက်ဆုံးနေ့ ည... ထိပ်တန်း မော်ဒယ်လ် ဆုပေးပွဲကို (၇)နာရီမှာ ကျင်းပတယ်။
ဧည့်သည်ဆု တင်ဆက်သူ အနေဖြင့် ထျန်းနင်ဟာ ဒိုင်လူကြီးတွေ ထဲက တစ်ယောက်ဖြစ်တဲ့ လီယုနဲ့ ကော်ဇောနီ ပေါ်သို့ လျှောက်လှမ်းလာသည်။
လုံကျဲ လီယုဆိုတဲ့ လူကို ညွှန်းလိုက်တဲ့အခါမှာ ထျန်းနင်ရဲ့စိတ်ထဲ ပထမဆုံး ဝင်လာ တာကတော့ Bright Night ပျော်ပွဲရွှင်ပွဲမှ အကျင့်မကောင်းတဲ့ လူလတ်ပိုင်း အရွယ် လူကြီးသာဖြစ်သည်။
လီယု... ဘာကြောင့်သူ့ကိုလဲ.....
ဘေးမှာတော့ လုံကျဲဟာ ဆုပေးပွဲအတွက် မှတ်ထားတဲ့ အရာတွေကို ရောက်တတ်ရာရာ တရစပ်ပြောနေသည်။
ဒါပေမယ့် ထျန်းနင်ရဲ့ နှလုံးသားမှာ မလွယ်ကူဘူးလို့ ခံစားနေရသည်။
"လုံကျဲ နင်ငါ့ကို လျို့ဝှက်ကင်မရာ တစ်လုံး ပြင်ဆင်ဖို့ ကူညီပေး နိုင်မလား"
" လျှို့ဝှက် ကင်မရာ.. ငါ့မှာ အဲ့လိုဟာ မရှိဘူး၊ ဒါပေမယ့် အသံဖမ်း ရင်ထိုးတော့ရှိတယ်။ ဘာလုပ်ဖို့လဲ"
"လီယုမှာ ကောင်းတဲ့ ရည်ရွယ်ချက် ရှိမယ်လို့ ငါမထင်ဘူး။"
ထျန်းနင်က လုံကျဲကို ကြည့်ဖို့ ခေါင်းမော့လိုက်ပြီး ပြောလိုက်သည်။
"အလုပ်ထဲမှာ သူ့နဲ့ ပတ်သက်ပြီးတော့ တိုင်ကြားချက်တွေ အများကြီးရှိတယ်..
တကယ်လို့ သူနဲ့ တူတူဝင်ဖို့ စီစဉ် ထားတယ်ဆိုရင် အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ ငါသတိရှိဖို့ လိုတယ်။"
"ကောင်းပြီ ငါနင့်ကို လျို့ဝှက် ကင်မရာ ပြင်ဆင်ဖို့ ကူညီမယ်.. "
လုံကျဲက အခြေနေကို သဘောပေါက်ပြီး ပြန်ပြောလိုက်သည်။
လုံကျဲက သူမရဲ့ ခေါင်းနောက်ဖက်ကို ကိုင်ပြီး အားမလိုအားမရ ဖြစ်သွားသည်။
" ထျန်းနင် နင်ဟာ ပိုစွမ်းဆောင်နိုင်ပြီး ပိုတွေးတတ်တဲ့ ဝန်ထမ်းမျိုးနဲ့သာ ထိုက်တန်တယ်.. ငါသဘောပေါက်ပါတယ်ဟာ ငါက နင့်လက်ထောက်လုပ်ဖို့ အဆင့် မမှီဘူး"
"ထျန်းနင် လွန်ခဲ့တဲ့ နှစ်အတောတွင်း နင်ငါ့ပေါ် ကောင်းခဲ့တယ် ...ငါဘာမှ ထပ်မမျှော်လင့်တော့ဘူး''
သွက်လက်ချက်ချာတဲ့ အထောက်ပံ့အဖွဲ့ ရှိခြင်းဟာ ကောင်းသည်။
ဒါပေမယ့် သူတို့တွေက သူမကို သစ္စာရှိဖို့လည်း လိုသေးသည်။
လုံကျဲပြောတာ မှန်ပါတယ်။
သူမ ခုလိုနေတာက မို့ထင်ဆီက အလုပ်တွေ လွှဲပြောင်းယူနိုင်မည့် စွမ်းဆောင်စွမ်းရှိတယ့် မန်နေဂျာပဲ။
ထျန်းနင်ဟာ သူမ မို့ထင်ကို အကုန် လိုက်မလုပ်စေချင်ဘူး။
အဲဒါက သူ့ကို ပင်ပန်းစေတယ်လေ။
လုံကျဲနဲ့ ထျန်းနင်ဟာ တစ်ယောက်ကို တစ်ယောက်ကြည့် လိုက်ပြီး ပြုံးလိုက်သည်။
သူတို့ဟာ အချင်းချင်း နားလည်ကြသည်။
အဲချိန်မှာပဲ လုံကျဲဟာ လုချယ်ဆီက ထျနိးနင်ကို သတင်းကြည့်ဖို့ ပြောတဲ့ ဖုန်းကောလ် တစ်ခုကို လက်ခံရရှိခဲ့သည်။
လုံကျဲဟာ စိတ်ရှုပ်စွာနဲ့ Tvကို ဖွင့်လိုက်တယ်။
မို့ယွီရို့ဟာ အင်တာဗျူးတစ်ခု လုပ်နေတာပဲ။
"မို့ယွီရို့ဟာ တန်ရီနဲ့ စာချုပ်ဖျက်ပြီး အေဂျင်စီအသစ်နဲ့ လက်မှတ်ထိုးပြီးပြီ''
"သတင်းဖော်ပြချက်.. Creative Centuryရဲ့ အနုပညာရှင်အသစ်... ဒါဆို အဲဒါထျန်းနင် မဟုတ်ဘဲ သူမပေါ့"
" မိုယွီရော့ဟာ တန်ရီနဲ့ စာချုပ် ဖျက်သိမ်းကြောင်း ကြေညာလိုက်တယ်။အားလုံးကို ထုတ်ဖော် ပြောလိုက်တာကတော့ သူမ ဟန်ယွီဖန်ကို သစ္စာဖောက်ပြီ ဆိုတာပါပဲ။''
ဒီခေါင်းစီးပိုင်း သတင်းတွေကို ကြည့်ပြီး ဘယ်ချိန်က ဖြစ်ပျက်သွားလည်း ဆိုတာ ခန့်မှန်းနေကြသည်။
သေချာတာကတော့ ဟန်ယွီဖန်နဲ့ မိုယွီရော့ဟာ ပြတ်သွားပြီ။
"မိုယွီရော့ဟာ ထပ်ပြီး ဂုဏ်မောက် နေပြန်ပြီ''
လုံကျဲက
"ဟမ့်..''
လို့ လှောင်လိုက်ပြီး သူမလက်ထဲက ရီမုကို နှိပ်လိုက်သည်။
"ဒီညပြီးရင် သူမ ဂုဏ်မောက်နိုင်ဦး မလားဆိုတာ စောင့်ကြည့် ရအောင်။''
ထျန်းနင်ဟာ Tvက အင်တာဗျူး လုပ်နေတဲ့ မိုယွီရော့ကို ကြည့်လိုက်တယ်။
ဒီအမျိုးသမီးအပေါ်ကို သူမရဲ့ စိတ်ရှည်မှုနဲ့ ကြင်နာမှုတွေ ပျောက်ဆုံးသွားတာ တော်တော်ကြာပြီ။
"တွေးကြည့်ရင် သူမက တော်တော်သနားစရာ ကောင်းတာပဲ.. ခုလေးတင်ပဲ ကုမ္ပဏီအသစ်နဲ့ လက်မှတ်ထိုးခါစ. မိုယွီရော့ဟာ သူမရဲ့ တက်လမ်းကနေ ပြုတ်ကျတော့မယ်။''
ထျန်းနင်ဟာ လှောင်ပြုံးလိုက်သည်။
မိုယွီရော့ အလျင်စလို ကြေညာချက် ပြုလုပ်လိုက်တဲ့ အကြောင်းကတော့ သူမ ဒီကိစ္စကို နှောင့်နှေးနေရင် ဆိုးတာတစ်ခုခု ဖြစ်မှာကို ကြောက်နေလို့ ဖြစ်တယ်။
သူမ ဗိုက်ထဲက ကလေးက ချိန်ကိုက်ဗုံးလိုပဲ။
ဒါပေမယ့် ဒီကလေးပဲ ဟန်ယွီဖန်ဆီက သူမကို လွယ်လွယ် ထွက်သွား ခွင့်ပြုစေခဲ့တာပဲ။
"ခုတော့ ကျွန်မ လူနှစ်ယောက်ကို ကျေးဇူးတင်ချင် ပါတယ်.. တစ်ယောက်က ကျွန်မကို ကူညီပြီး ကာကွယ်ပေးတဲ့ တန်ရီရဲ့ Ceoဖြစ်တဲ့ မစ္စတာဟန်.. နောက်တစ်ယောက်က လုပ်ဖော်ကိုင်ဘက် ဖြစ်တဲ့ ထျန်းနင်ပါ.. ရှင်တို့ မရှိဘဲ ကျွန်မဆိုတာ ဖြစ်လာမှာမဟုတ်ဘူးလေ''
မိုယွီရို့ ပြောပြီးတဲ့ နောက်မှာတော့ Creative century ရဲ့ ဒါရိုက်တာဟာ မီဒီယာရှေ့ ထွက်လာပါတယ်။
"Creative Centuryက တစ်ချိန်လုံး မိုယွီရော့ကို လိုချင်နေတာပါ.. ကောလဟာလတွေ အတွက် ကျွန်တော်တို့ တောင်းပန်ပါတယ်.. အဲဒါတွေကြောင့် မီဒီယာတွေကို ကျွန်တော်အမှားနဲ့ အမှန်ကို ခွဲခြားကြဖို့ တောင်းပန်ချင်ပါတယ်.. မိုယွီရို့ကို Creative centuryက ကြိုဆိုပါတယ်''
မိုယွီရို့ ပြောချင်တဲ့ ကောလဟာလ ကCreative century ထျန်းနင်ကို ကမ်းလှမ်းချင်ကြတာကို ဆိုလိုတာ ရှင်းပါတယ်။
ထျန်းနင်ဟာ မကောင်းသတင်းတွေရဲ့ အတိုက်ခိုက်ခံ နေရပြီး ဆုပေးပွဲနဲ့လည်း မသက်ဆိုင်တာကြောင့် သူတို့ဟာ ဒီအင်တာဗျူးကို အသုံးချပြီး သူတို့နာမည်တွေကို ရှင်းလင်းချင်နေသည်။
"သူတို့က တော်တော်အရှက်မဲ့တာပဲ.. Creative centuryကလူတွေ သူတို့ထျန်းနင်ရဲ့ အီးမေးလ်ကို ပို့ထားတဲ့ စာချုပ်စာတမ်းတွေကို မေ့နေကြတာလား''
"နင် ပြသနာအသေးလေး ကြုံနေတာကြောင့် ဒီလူတွေက သူတို့ရဲ့နာမည်ကို ရှင်းလင်းဖို့ ဒီအခွင့်ရေး သုံးလိုက်ကြတာပဲ..မိုယွီရို့လား ဟမ့်.. သူမလည်း မကောင်းသတင်း အများကြီးရှိတာပဲ.. သူမကိုကျတော့ သူတို့က လိုလားတယ်တဲ့လား..''
"မိုယွီရို့က ဆုအတွက် သေချာမှု ရှိတာကြောင့် မကောင်းသတင်း အားလုံးကို ဖုံးကွယ်နိုင်တယ်လေ. ဖျော်ဖြေရေး နယ်ပယ်မှာ မှန်လား မှားလားက အရေးမပါဘူး။''
ထျန်းနင်က Tvထဲက သတင်းထောက်တွေရဲ့ အမေးကို ကြော့ကြော့မော့မော့ ပြန်ဖြေနေတဲ့ မိုယွီရို့ကို ပြုံးပြီး ကြည့်နေတယ်။
သူမဟာ ပိုပိုပြီး အရှက်မဲ့လာတာပဲ...
"မစ္စမို ငါမေးပါရစေ နင် ထျန်းနင်ကို နင့်နှလုံးသားက အမှန်တကယ် ကျေးဇူးတင်တာလား''
" နင်နဲ့ထျန်းနင်က ပြိုင်ဘက်တွေ ဆိုတာ လူတိုင်း သိပါတယ်။နင်တို့နှစ်ယောက် အနာဂတ်မှာ အဆင်ပြေမယ်လို့ ထင်ပါသလား''
Creative century ကလူတွေဟာ မိုယွီရို့ကို ပြန်မဖြေခင် စဉ်းစားဖို့ သတိပေးတဲ့အကြည့်နဲ့ ကြည့်လိုက်သည်။
သူတို့ရဲ့ ဒါရိုက်တာသာ မီဒီယာကို အာရုံလွဲအောင် စောစော မပြောခဲ့ဘူး ဆိုရင် မိုယွီရို့ဟာ အမှန်တကယ် ဒုက္ခရောက်မှာပဲ။
မိုယွီရော့ဟာ ခဏလောက် ကြောင်သွားပြီး ပြုံးလိုက်ကာ
"ကျွန်မဟာ မိုယွီရော့ပါ.. ကျွန်မ စကားပြော မကောင်းဘူး.. ကျွန်မကို ခက်ခဲစေမည့် မေးခွန်းတွေ မမေးဖို့ တောင်းဆိုလို့ ရနိုင်မလား''
တစ်နည်းအားဖြင့် သူမဟာ ထျန်းနင်ကို စောင်းပြောနေတာပဲ။လက်တွေ့မှာ ထျန်းနင်ဟာ အလုပ် အဆင်မပြေမှုရှိလာရင် မီဒီယာတွေကို ရင်မဆိုင်ပဲ ရှောင်တိမ်း တက်တယ်လေ။
မကောင်းသတင်း လွှင့်တက်တဲ့ သူတွေက ဒီအချက်ကိုသုံးပြီး ထျန်းနင်ဟာ စိတ်ရင်း မကောင်းဘူးလို့ ပြောကြသည်။
ဒါကြောင့် ပွင့်လင်းတဲ့ မိုယွီရော့ကို ချစ်ဖို့ကောင်းတယ် လို့ ထင်ကြသည်။
"ဒါနဲ့ နင် ဟန်ယွီဖန်နဲ့ ထျန်းနင်တို့ အတွက် နောက်ဆုတ်လိုက်တာလား.. သူတို့ ပြန်တွဲမယ် ထင်နေတာလား.. အဲဒါကြောင့် နင် တန်ရီက ထွက်လိုက်တာလား.. ထျန်းနင်ဟာ ဟန်ယွီဖန်ဆီ ပြန်လာချင်တာကြောင့်လား"
"ဒါကိုတော့ နင်တို့ ထျန်းနင်ကို ကိုယ်တိုင် မေးကြပါ''
မိုယွီရို့က ထျန်းနင်ကို လွှဲချလိုက်တယ်။
မီဒီယာတွေက ထျန်းနင်ဟာ ဟန်ယွီဖန်ကို ချစ်နေဆဲပဲလို့ ထင်သွားကြတယ်။
အရေးကြီးဆုံးက မီဒီယာတွေဟာ မိုယွီရော့ တန်ရီက ထွက်ရတာ ထျန်းနင်ကြောင့်လို့ ထင်သွားကြဖို့ပဲလေ။
ထျန်းနင်ဟာ ထွက်သွားဖို့ တွန်းအားပေးခဲ့တာပဲ..
ထျန်းနင်ဟာ ဖြူစင်တဲ့ အနုပညာရှင်အဖြစ်မှ မကောင်းတဲ့ မရိုးသားတဲ့ သူအဖြစ် ထင်မြင်ခံနေရတယ်။
မိုယွီရော့နဲ့ creative centuryမှ ပြောစကားတွေက ထျန်းနင်ကို မကောင်းပြောတာ ချည်းပဲ။
ထျန်းနင်ဟာ အင်တာဗျူးပြီးအောင် ကြည့်လိုက်တယ်။
နောက်ဆုံးတော့ အဲဒါတွေက အသုံးမဝင်တဲ့ အမှိုက် ဖြစ်သွားမှာပဲလေ...
လုံကျဲဟာ ထျန်းနင်ရဲ့ မျက်လုံးထဲက ထက်မြက်မှုတွေနဲ့ သည်းခံနိုင်မှုတွေ မြင်နေရတယ်။
ထျန်းနင်ဟာ သူမရဲ့ ရန်သူတွေကို အပြတ်မချေမှုန်းခင် ဒီလိုငြိမ်နေလေ့ရှိတယ်။
မိုယွီရော့က သူမကို ဆန့်ကျင်ချင်တယ်လား...
သူမ အောင်မြင်ဖို့ အများကြီးလိုပါသေးတယ်။
"ငါတို့ အဆင်သင့်ဖြစ်သင့်ပြီ.. ဆုပေးပွဲအချိန် ရောက်တော့မယ်...''
လုံကျဲဟာ သူမလက်က နာရီကြည့်လိုက်ပြီး ထျန်းနင်ကို သတိပေးလိုက်တယ်။
"စိတ်မပူပါနဲ့.. မိုယွီရော့က ဆုအတွက် အရည်အချင်းမရှိတဲ့ အကြောင်း ပြဖို့ သက်သေတွေနဲ့ လူတွေ အဆင်သင့်ပဲ.. နင်လုပ်ရမှာက အနားယူပြီး စောင့်ကြည့်ဖို့ပဲ။''
"ထျန်းနင် နင်ခံစားခဲ့ရသမျှအတွက် မိုယွီရော့ကို ဒီတစ်ခေါက် ပြန်ပေးဆပ်ခိုင်းမယ်''
***
Bạn đang đọc truyện trên: ZingTruyen.Xyz