ZingTruyen.Xyz

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အပိုင်း(၁ မှ ၂၀၀အထိ)

စာစဉ်(၇) အခန်း(၈၃)

jellyflower1

အပိုင်း(၈၃)

 
 
နောက်နေ့ တစ်နေ့လုံး ဟန်ယွီဖန်က တန်ရီ ရုံးခန်းက ပြန်မလာခဲ့ပေ။
 
နောက်ဆုံး ညနေပိုင်း သူပြန်လာတဲ့ အခါမှာတော့ သူ့ခန္ဓာကိုယ်ဟာ အရက်နံ့တွေနဲ့ နံစော်နေသည်။
 
မိုယွီရို့က သူ့နားကပ်သွားပြီးတော့ သူ့ပခုံးကို ညင်သာစွာပဲ လှုပ်ယမ်းလိုက်သည်။
 
"ယွီဖန် ယွီဖန်''
        
သူ မူးနေပြီး မသဲမကွဲ ရေရွတ်နေသည်။ 
 
ဒါကြောင့် သူဘာပြောနေလည်း ဆိုတာ ပြောဖို့ခက်ခဲသည်။
 
မိုယွီရို့က ဟန်ယွီဖန်ရဲ့ လက်ဆွဲအိတ်ကို ဖွင့်လိုက်ပြီး ဟန်ယွီဖန်နဲ့ မစ္စတာလီတို့ ကြားက သဘောတူညီချက် တစ်ခုကို ရှာတွေ့ခဲ့သည်။
 
သူမက သူမရဲ့ ဖုန်းကို ထုတ်လိုက်ပြီး ဓာတ်ပုံရိုက်လိုက်သည်။
 
နောက်ပြီး သူမတွေ့ခဲ့တဲ့ နေရာမှာ ပြန်ထားလိုက်သည်။
 
 
 ခဏကြာတဲ့အခါ ဟန်ယွီဖန် နိုးလာသည်။
 
မိုယွီရို့ကို မြင်တဲ့ခါမှာတော့ သူချက်ချင်း အမူးပြေသွားပြီး သူမကို တွန်းထုတ်လိုက်သည်။
 
 
"မိုယွီရို့ မင်းလွတ်လပ်သွားပြီ မင်းသဘောအတိုင်း ကလေးကို ဖျက်ချနိုင်တယ် အဆင်သင့်ဖြစ်တဲ့အခါ ပြောင်းရွေ့နိုင်တယ်.. ငါတို့ကြားမှာ ဘာမှမရှိတော့ဘူး...''
 
ပြောပြီးတဲ့အခါ ဟန်ယွီဖန်က ထရပ်လိုက်ပြီး သူ့အိပ်ခန်းထဲ ဝင်ကာ တံခါးကို ဒုန်းခနဲမြည်အောင် ဆောင့်ပိတ်လိုက်သည်။
 
နားကွဲမတတ် ဆောင့်ပိတ်သံက အခန်းထဲမှ ဖြစ်ပေါ်လာသည်..။
              
မိုယွီရို့က ဝင်သွားတဲ့ ဟန်ယွီဖန်၏ နောက်ကျော သူမ မြင်ကွင်းက ပျောက်ကွယ်သွားသည်အထိ အေးစက်စွာ ကြည့်ခဲ့သည်။
 
ပြီးနောက် သူမဟာ ရိုက်ထားတဲ့ ပုံကို ငုံ့ကြည့်လိုက်သည်။
 
ဟန်ယွီဖန်က မစ္စတာလီနဲ့ သဘောတူညီချက်နှစ်ခု လုပ်ထားသည်။
 
ပထမက မိုယွီရို့ကို လွတ်လပ်ခွင့်ပေးဖို့နဲ့ ဒုက္ခ မပေးဖို့။
 
 ဒုတိယအချက်က ထျန်းနင်ပဲ..
                
မိုယွီရော့က လှောင်ရယ်လိုက်သည်။
 
သူမက ဟန်ယွီဖန်၏ နုံအမှုကို ရယ်မော လှောင်ပြောင် လိုက်ချင်သည်။
 
အကျင့်ပျက် ချစားတဲ့ အဲ့လူကြီးက အရမ်း သဘောထားကြီးတယ်လို့ သူထင်နေတာလား။
 
ဆုတွက် သဘောတူပြီးတော့ သူ့အိပ်ယာမှာ ဖြည့်ဆည်းပေးမယ့် အသစ်သစ်တွေ အဲ့လူကြီး ရလာဦးမှာဘဲလေ...။
                 
မသိလိုက်စွာပဲ ဟန်ယွီဖန်ဟာ အမျိုးသမီး နှစ်ယောက်၏ သစ္စာဖောက်ခြင်းကို ခံခဲ့ရသည်။
 
 သူဟာ သူ့ရဲ့ အနာဂတ်ဖြစ်လာမယ့် အနုပညာရှင်တွေ အားလုံးကိုလည်း ရောင်းခဲ့သည်။
 
ဒါပေမယ့် ဟန်ယွီဖန်က တန်ဖိုးမြင့်မားပြီး အင်အားကြီးတဲ့ ထျန်းနင်ကို စျေးပေါပေါနဲ့ ရောင်းမယ် ဆိုတာတေယင် မိုယွီရော့ အတွက်တော့ အံသြစရာ ကိစ္စမဟုတ်ပေ။
 
 ထပ်ပြောရရင် မိုယွီရော့ဟာ ထိပ်တန်းမော်ဒယ်ဆု၊ creative century နဲ့ သဘောတူညီချက် စာချုပ်တွေနဲ့ အတူ အိမ်ပြန်ရမှာပဲ။
 
ကံကောင်းစွာနဲ့ဘဲ သူမဟာ အကျင့်ပျက် ချစားတဲ့ လူကြီးကို ဆန့်ကျင်နိုင်မယ့် သက်သေ သူမ လက်ထဲမှာရှိနေပြီ။
 
အရာရာပြီးဆုံးသွားပြီ။ သူမ သူ့ကို ဖယ်ထုတ်နိုင်လိမ့်မယ်။
 
ထျန်းနင်ဟာလည်း သူမချစ်ခဲ့ဖူးတဲ့ ယောက်ျား ရဲ့ရက်ရက်စက်စက် ရောင်းစားခြင်းကို ခံခဲ့ရမှာဘဲ ။
            
မိုယွီရော့ဟာ သူမရဲ့သေးသွယ်တဲ့ခါးကို  ကြည့်လိုက်ပြီး လှောင်ပြုံးလိုက်သည်။
 
သူမက နောက်ဆုံးတော့ ဒီကလေးကို ဖယ်ထုတ် နိုင်တော့မယ်။
 
ကံဆိုးစွာနဲ့ဘဲ နောက်နေ့တွေဟာ ကိုယ်ဝန်ဖျက်ဖို့ အချိန်ကောင်း မဟုတ်ပေ။
 
ဆုပေးပွဲ အရမ်းနီး လာတာကြောင့် သူမကို စောင့်ကြည့်နေတဲ့ မျက်လုံးတွေ အများကြီး ရှိနေသည်လေ။
 
ဒါကြောင့် သူမရဲ့ လျို့ဝှက် အစီအစဉ်တွေကို လုပ်ဆောင်ဖို့ ဆုပေးပွဲပြီးအောင် စောင့်ဖို့ ဆုံးဖြတ်လိုက်သည်။
               
အစီအစဉ်တိုင်းက ပြီးပြည့်စုံသည်။
 
သူမ တစ်ခါမှ စိတ်မကူးဖူးပေ။
 
 သူမ ဒီလို ပြန်လည်ကျော်ကြားဖို့ အခွင့်ရေးရလာမယ်လို့ပေါ့။
 
မှောင်စပျိုးချိန်မှာ ထျန်းနင် စီးလာတဲ့လေယာဉ်က ပေကျင်းကို ဆိုက်ကပ်လာသည်။
 
 သူမရဲ့အချိန်ဇယားဟာ လျို့ဝှက်တာကြောင့် သူမ ပြန်လာတာ ဘယ်သူမှ မသိပေ။
              
ထျန်းနင်ဟာ သူမ အလုပ် အတွက် သူဋ္ဌေး တစ်ယောက်ကို မှီခိုနေတယ်ဆိုတဲ့ သတင်းတွေဟာ အငြင်းပွားစရာ ဖြစ်နေတုန်းဘဲ။
 
ဒါပေမယ့် ပုံမှန်အတိုင်းဘဲ သူမဟာ  ရိုးရှင်းတဲ့ ရှင်းလင်းချက် လေးတောင် ပြန်မပေးပေ။
              
လေဆိပ်ရဲ့အပြင်မှာ လုချယ်ဟာ ထျန်းနင် နဲ့ မို့ထင်ကို ကြိုဖို့ ရောက်နေသည်။
 
သူတို့နှစ်ဦးက လေဆိပ်ကနေ တသီးတခြား ထွက်လာပြီး ကားတစီးထဲ နှစ်ယောက်အတူ ပြန်သွားကြသာ်။
 
 "သူဋ္ဌေးနဲ့ သူဋ္ဌေးကတော် ခင်ဗျ ပင်ပန်းသွားကြပါပြီ.. ဒါပေမယ့် တကယ်ဘဲ ချန်ထျန်း ဖန်တီးထားတဲ့ သတင်းတွေကို သူဋ္ဌေးကတော် တကယ်ဘဲ ဘာမှ မတုံ့ပြန်ဘူးလား"
 
လုချယ်ဟာ သူ့ရဲ့ ယာဉ်မောင်း ထိုင်ခုံမှာ ဝင်ထိုင်ရင်း လှည့်မေးလိုက်သည်။
              
"မစ္စတာလီ  ဒီတောတွင်း ဘာတွေလုပ်သေးလဲ"
 
ထျန်းနင်ဟာ သူမ ခေါင်းကိုမော့လိုက်ပြီး သိမ်သိမ်မွေ့မွေ့ ပြန်မေးလိုက်သည်။
                 
"မရှိပါဘူး၊ မစ္စတာလီဟာ ဒီလိုမျိုး အတင်းဖျင်း စကားတွေကို ဂရုမစိုက်ဘူး" လုချယ်ဟာ   ခေါင်းခါ ရမ်းလိုက်ရင်း ပြောလိုက်တယ်     
 
"တချိန်ထဲမှာဘဲ Star Age က အရာရာတိုင်းကို မပြတ်မသား လုပ်နေတုန်းဘဲ သူတို့ဟာ သူဋ္ဌေးကတော်နဲ့ မရှင်းမလင်း ဆက်ဆံရေးကို ထိန်းသိမ်းချင်နေတယ်.. ဒါမှ သူဋ္ဌေးကတော်နဲ့ တန်ရီရဲ့ ဆက်ဆံရေး ပြိုလဲစေမှာလေ.. နောက်ပြီး ကျွန်တော် စုဆောင်းမိတဲ့  အချက်လက်အရ star Age နဲ့ အသစ်ဝင်လာတဲ့ လန်ယုက ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်လေ"
 
ထျန်းနင်ဟာ ခပ်တိုးတိုး ရယ်လိုက်ပြီး အသက်ကို ပြင်းပြင်းရှုလိုက်သည်။
 
 "ဒီအတင်းဖျင်းကို လျစ်လျုရှုလိုက်ရအောင် အချိန်တန်ရင် အမှန်တရားက သူ့ဘာသူ ပေါ်လာမှာပဲလေ"    
               
"တစုံတယောက်ဟာ နင့်အကြောင်း အတင်းဖျင်း  ပြောတယ်ဆိုတဲ့ အဓိပ္ပါယ်က နင်က တစ်ခြားသူရဲ့ လမ်းမှာပိတ်နေလို့ပဲ.. နင်ဟာ အရေးကြီးတဲ့ နေရာမှာ ရှိနေတယ်လို့လည်း အဓိပ္ပါယ် ရောက်သည်"
 
မို့ထင်ဟာ ထျန်းနင်ကို ပိုတင်းကျပ်နေအောင် ဖက်လိုက်ပြီး ပြောလိုက်သည်။ 
 
ကိုးနှစ်တာ စိတ်ပိုင်းလေ့ကျင့်မှု ပြီးဆုံးတဲ့ အခါမှာတော့ ထျန်းနင်မှာ မှန်လိုမျိုး အလွယ်တကူ ကျိုးပြတ်တတ်တဲ့ နှလုံးသားမရှိတော့ပေ။
 
 
 ဒီလိုမျိုး အတင်းဖျင်းဟာ သူမကို ထိခိုက်စေမှာ မဟုတ်ချေ။
 
ပိုကြီးမားတဲ့သတင်းက အဲ့ဒီအတင်းအဖျင်းကို မကြာခင် ဖုံးလွှမ်းသွားမှာဘဲလေ။
 
ဒီလိုမျိုး သေးငယ်တဲ့ အတင်းဖျင်းနဲ့ လူတွေဟာ သူတို့ရဲ့အချိန်ကို ကုန်စေသည်။
 
ထျန်းနင်က စကားလွှဲလိုက်ပြီး လုံကျဲကို မေးလိုက်သည်
 
"မို့ယွီရော့ရဲ့ ကလေး အသက်ရှိသေးလား"
 
 
  "ရှိသေးတယ် ငါအာမခံတယ်"
 
လုံကျဲက သူမ၏ ခေါင်းကို ညိမ့်ကာ ပြုံးလိုက်သည်။
 
 "ငါသူမကို အနီးကပ် စောင့်ကြည့်ခဲ့တယ် ဆုပေးပွဲ က နီးလာတာကြောင့် သတင်းက ပျံ့နှံ့ လွယ်တယ်။ သူမ ဖျက်ချချင်ရင်တောင် ဆုပေးပွဲပြီးအောင် စောင့်ရမယ်။"
             
 "ကောင်းတယ်.."
 
ထျန်းနင်က တည်ငြိမ်စွာဘဲ ပြန်ပြောလိုက်သည်။
 
 သူမရဲ့မျက်လုံးတွေဟာ နက်မှောင်နေသည်။
 
 သူမ ဒီနေ့လိုမျိုး ရောက်ဖို့ အချိန်ကြာကြီး စောင့်ခဲ့ရသည်....
               
 မို့ထင်ဟာ ထျန်းနင်ကို ကြည့်လိုက်ပြီး သူစိတ်ပူဖို့ မလိုဘူးဆိုတာ  သဘောပေါက်လိုက်သည်။
 
 အဲ့လိုဆိုရင်တောင် သူဟာ လုချယ်ကို  Annual Model ဆုပေးပွဲနဲ့ ပတ်သက်ပြီး စုံစမ်းဖို့ အမိန့်ပေးလိုက်သည်။
 
သူက ထျန်းနင်၏လက်ကို ကိုင်လိုက်ပြီး သက်သောင့်သက်သာ ပြန်ပြောလိုက်သည်။
 
 "စိတ်မပူပါနဲ့ မင်းဆန္ဒအတိုင်း အမှန်ဖြစ်လာမယ်"     
                 
"တစ်ကမ္ဘာလုံးက လူတွေ မင်းကို ဆန့်ကျင်နေရင်တောင် မင်းတွက် တစ်ကမ္ဘာလုံးကို ကိုယ် သိမ်းပိုက်ပေးမယ်...."
              
ထျန်းနင်ဟာ မို့ထင်ရဲ့ လက်ကိုကိုင်ပြီး နူးညံ့စွာ  ပြုံးပြလိုက်သည်။
 
သူမသိသည်လေ။
 
မို့ထင်က သူပြောတဲ့အတိုင်း လုပ်တတ်တယ် ဆိုတာ။
                
 
နောက်ဖက်ထိုင်ခုံမှာ လုံကျဲဟာ နှစ်ယောက်ရဲ့ချစ်ခြင်း မေတ္တာပြပွဲကို မြင်နေရသည်။
 
ထျန်းနင်ဟာ သူမရဲ့ နူးညံ့တဲ့ ပုံရိပ်ကို မို့ထင်ကိုသာ ထုတ်ဖော်ပြတယ်ဆိုတာ သူမသိသည်။
 
 သူမက လူတွေရှေ့မာ မကြာခဏ ပြုံးပြတတ်သော်လည်း အေးတိအေးစက်သာ ဖြစ်တယ်။
               
လုချယ်ဟာ ဒီမြင်ကွင်းကို နေသားကျနေပြီ။
 
မို့ထင်ဟာ  လူထုမှာ ထင်ရှားပေမယ့်လည်း ထျန်းနင်ရှေ့မှာတော့ နူးညံ့ပြီး လေးစားစရာကောင်းတဲ့ ခင်ပွန်းတစ်ယောက်ပုံစံပင်။
 
သူဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ အကောင်းဆုံးမှန်သမျှကို သူမဆီ ပေးချင်နေပုံရသည်။
 
 ဒီလူနှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် တူညီကြသည်။
               
လွန်ခဲ့တဲ့ ရုပ်သံသတင်းတွေဟာ ဆုပေးပွဲကိုဘဲ ဦးတည်နေကြသည်။
 
ဒါပေမယ့် ကံဆိုးစွာနဲ့ ထျန်းနင်ဟာ ဧည့်သည်ဆုသာ ရခဲ့သည်။
             
မို့ထင်ဟာ တီဗွီကိုငေးနေတဲ့ ထျန်းနင်ကို ကြည့်လိုက်ပြီး သူမကို ဖြေသိမ့်လိုက်သည်။
 
"ကိုယ် အမှတ်မမှားရင် မင်းဟာ ဒီဆုကို ဟိုးအရင်ကတည်းက ရပီးသားမဟုတ်လား.. ဆုရတဲ့ ခံစားချက်ဟာ မင်းလေး အတွက်တော့ စိမ်းမှာမဟုတ်ဘူး"
           
  "အဲ့ဒါက နှစ်အများကြီးကြာခဲ့ပြီ.."
 
ထျန်းနင်ဟာ သူ့ကိုလှည့်ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။
 
 "ထပ်ပြောရမယ်ဆိုရင် ဆုကိုတော့ ဖန်တီးပြီးပြီ.. ဒါပေမယ့်  စည်းမျဉ်းတွေတော့ ခုထိ အသက်မဝင်သေးဘူး.. အဲ့ဒါက တန်ဖိုးမရှိဘူး"
             
"အဲ့ဒါကို နောင်တရလား"
 
မို့ထင်က ထျန်းနင်ရဲ့ ပုခုံးပေါ်ကို သူ့လက်တင်ရင်း မေးလိုက်သည်။
              
ထျန်းနင်ဟာ ခေါင်းခါလိုက်ပြီး ပြုံးလိုက်တယ်။
 
"နောင်တမရဘူး.. အဲ့ဒါက တန်ဖိုးမတူရင်တောင် မို့ယွီရော့ဟာ သူမရဲ့အဆက်သွယ်တွေကို သုံးပြီးတော့ လုံခြုံအောင် အလွယ်တကူ စီစဉ်ရတာကိုဘဲ ကြည့်လေ.. အဲ့ဒါက ဆုပေးပွဲ ရွေးချယ်မှုက မမျှတဘူးဆိုတာ ပြနေတယ်.. အဲ့မမျှတတဲ့ ဆုအတွက် ကျွန်မ ဘာလုပ်ဖို့ရှိနေရမလဲ "
              
 " ဒီဆုပေးပွဲက မို့ယွီရော့နဲ့ ကျွန်မရဲ့ တိုက်ပွဲနေရာဘဲ ဖြစ်လိမ့်မယ်...."
                 
"မနက်ဖြန်ည ကျွန်မ ဆုရတဲ့အခါမှာ မို့ယွီရော့ ပိုစိတ်ရှုပ်သွားလိမ့်မယ်။"
                 
 မို့ထင်က သူမရဲ့နှာခေါင်းကို  ဖျစ်ညှစ်ရင်း ပြုံးလိုက်သည်။
 
" ကိုပွဲကို လာမှာမဟုတ်ဘူး ဒါပေမယ့် ပုံမှန်အတိုင်းဘဲ မင်းရဲ့ ဖျော်ဖြေတင်ဆက်မှုကို ရုပ်သံက တစ်ဆင့် စောင့်ကြည့်နေမယ်"
             
ထျန်းနင်ဟာ မတ်မတ် ထိုင်လိုက်ပြီး မို့ထင်ကို နမ်းလိုက်ကာ ခေါင်းညိမ့်လိုက်သည်
 
 "ကျွန်မရှင့်ကို ဘယ်တုန်းက စိတ်ပျက် စေခဲ့ဖူးလို့လဲ"
 
 
 
***

Bạn đang đọc truyện trên: ZingTruyen.Xyz