ဟန်ဆောင်ချစ်သူ (ထျန်းနင်) အပိုင်း(၁ မှ ၂၀၀အထိ)
Ep 94
အပိုင်း(၉၄)
မတရားမှုကို ရှင်းလင်းခြင်း
ထွက်သွားလိုက်တော့….
ဒီစကားနှစ်ခွန်းကို ကြားလိုက်ရတော့ ဟန်ယွီဖန်လည်း လန့်ဖျပ်သွားရတယ်။ သူမ အဆင့်အတန်း မြင့်မားခဲ့တဲ့ အချိန်မှာတောင် ထျန်းနင်က သူ့ကို တစ်ခါမှ မတူမတန်ဟန် နှိပ်ချသော ပုံစံမျိုးနဲ့ မပြောခဲ့ဖူးဘူး။
ဟန်ယွီဖန်လည်း သူ့ကိုယ်သူ လူပြက်တစ်ယောက်လို့ ခံစားမိတယ်။ ထျန်းနင်ဘက်က သူ့ကို ဟားတိုက်နေမှာပဲ။ သူကတော့ သူကိုယ်သူ ဂုဏ်မောက်ကာ အဟုတ်ကြီးထင်နေခဲ့မိတယ်။
လက်သင့်ခံဖို့ ခဲယဉ်းခဲ့တဲ့ ကိစ္စ တစ်ခုကတော့ ထျန်းနင်ကို မိန်းမပျက်လို့ ခေါ်ခဲ့တာပဲ။ ဒီစကားကြောင့် သူ့ကိုယ်သူ ပါးနီရဲတွတ်သွားတဲ့အထိ ရိုက်ချင်တယ်။
ဟန်ယွီဖန်မှာ ခွန်းတုံ့ပြန်ချင်သော်လည်း မို့ထင်ရဲ့ လက်များနဲ့ ထျန်းနင်ရဲ့လက်တို့ ဆုပ်ကိုင်ထားတာ မြင်တော့ သူ့နှုတ်ဖွင့်လိုက်သော်လည်း စကားတစ်ခွန်းမှ ထွက်မလာနိုင်အောင် ဆွံအနေခဲ့ပါတယ်။
သူ လုပ်နိုင်တာဆိုလို့ ကြမ်းပြင်ပေါ်မှ ကိုယ်ဘာသာ အားယူထကာ စားသောက်ဆိုင်မှ ထွက်သွားရုံသာ တတ်နိုင်ပါတော့တယ်။
စားသောက်ဆိုင်မှ ထွက်လာပြီးနောက် ချောင်ကျသော တစ်နေရာရှာပြီး နံရံကို ဒေါသတကြီးထိုးနှက်တော့တယ်။
သူ နောင်တရသော်လည်း သူ့အဆင့်အတန်း…သူ့ဂုဏ်သိက္ခာ အားလုံးကို ဆုံးရှုံးသွားခဲ့ပြီလေ…အခု သူ့ကိုယ်သူ အထင်ကြီးလေးစားတတ်တဲ့ စိတ်ဓာတ်လည်း ဆုံးရှုံးခဲ့ပြန်ပြီ။
ဒါက သူ့ဖောက်ပြန်ခဲ့လို့… လှည့်စားခဲ့လို့ ဖြစ်လာရတဲ့ အကျိုးဆက်လား။သူ ရွေးချယ်မှုနောက်မှ ဖြစ်တည်လာတဲ့ ကံ ကံ၏ အကျိုးများလား။ သူ့အကုသိုလ်က သူ့နောက်ကို အရိပ်ဆိုးကြီးလို လိုက်နေတော့မှာလား။
သိပ်မကြာခင်မှာဘဲ မို့ထင်နဲ့ ထျန်းနင်လည်း စားသောက်ဆိုင်မှ ထွက်လာလိုက်တယ်။
ခဏတောင် ချုပ်တည်း မထားနိုင်တာကြောင့် ဟန်ယွီဖန်လည်း ထျန်းနင်ရှိရာ ပြေးသွားလိုက်သော်လည်း ဟန့်တားခြင်းကို ခံလိုက်ရပါတယ်။
“ခင်ဗျား မစွန့်လွှတ်နိုင်သေးဘူးလား”
မို့ထင်နဲ့ ထျန်းနင်က လက်ထပ်ပြီးသွားပြီဆိုတာ သူ မေ့တော့မလို့။သူမနောက်ကိုလိုက်တော့လဲ ဘာအကျိုးထူးဦးမလဲ။ ထျန်းနင်က ပေကျင်းမှာ အတော်ဆုံးသော အမျိုးသားကို လက်ထပ်ခဲ့ပြီးပြီ။ ဒီလူကလည်း သူမလိုချင်သမျှ အရာရာတိုင်းကို ပေးနိုင်တဲ့ အစွမ်းအစ ရှိတယ်။
“ကိုယ်…ထျန်းနင်အတွက် အရာရာပေးဆပ်ချင်လို့ပါ… ဘာမဆိုပါကွာ”
“မလိုအပ်ဘူး”
လုချယ်လည်း သွေးအေးစွာ ပြောလိုက်တယ်။
“ငါတို့ သူဌေးက သူမကို ကာကွယ်ပေးထားပြီးသား.. သခင်မအတွက် လိုအပ်တာ ဘာမှမရှိဘူး… မင်းကိုယ်မင်း ငါတို့ သူဌေးနဲ့ အဆင့်အတန်း တူတယ်များ ထင်နေလား၊ မင်းကိုယ်မင်း အရေးပါ အရာရောက်သူလို့များ မှတ်ယူနေသလား”
“မဟုတ်ပါဘူး…”
“လုချယ်”
ထျန်းနင်လည်း သူတို့ ပြောနေတဲ့ စကားကို တစ်ခွန်းတစ်ပါဒမျှ ကြားသွားပုံရတယ် … ဒါကြောင့် လုချယ် နာမည်ကို ခေါ်လာခဲ့တယ်။
သူဌေးလင်မယားရဲ့ ညွှန်ကြားချက်ကို ကြားပြီးနောက် လုချယ်လည်း ဟန်ယွီဖန်ဘက် လှည့်ကာ မေးလိုက်တယ်။
“မို့ယွီရို့နဲ့ လီယွီတို့ကြား ပတ်သက်ဆက်နွှယ်မှုကို ခင်ဗျား ဘယ်လို သိသွားလဲဆိုတာ သခင်မက သိချင်တယ်တဲ့”
“ ချန်ပိန် ဟော်တယ် အခန်းနံပါတယ်၁၃၂၉မှာ သူတို့ကို အိပ်ရာပေါ်မှာ အတူတူ ဖမ်းမိခဲ့တာ… ဟော်တယ်မှာလဲ လုံခြုံရေး မှတ်တမ်းရှိတယ်”
“ကျေးဇူးပဲ…”
ရိုးရှင်းသော စကားတစ်ခွန်းနဲ့ ပြန်လည် တုံ့ပြန်ပြီးနောက် ထျန်းနင်လည်း ကားတံခါးကို ပိတ်လိုက်တယ်။
သူမက ဟန်ယွီဖန်ကို တစ်ချက်မျှ ပြန်မကြည့်ဘဲ ကျောခိုင်းလိုက်တယ်။
ထျန်းနင်ရဲ့ ဒီတုံ့ပြန်မှုကို ကြားပြီးနောက် သူ့ပခုံးပေါ်မှ ကြီးလေးသော ဝန်ကို ဖယ်ရှားလိုက်သလို ခံစားရပါတယ်… နောက်ဆုံးတော့ သူ့စိတ် သက်သောင့်သက်သာ ဖြစ်ပါပြီ
သူ ဘာကြောင့်များ ထျန်းနင်ရဲ့ စိတ်ကို နားမလည်ခဲ့ရလဲ…
ထျန်းနင်…ထျန်းနင်…
ဟန်ယွီဖန်လည်း မို့ထင်ရဲ့ sport car အဝေးကို မောင်းထွက်သွားတာကို စောင့်ကြည့်ရင်း သူ့အကြည့်က ထျန်းနင်နောက်သို့ လိုက်နေခဲ့လေရဲ့။ဒါပေမဲ့လည်း သူ့မျှော်လင့်ချက် အားလုံးကို စွန့်လွှတ်လိုက်ပါပြီ။ မို့ထင်လက်ထဲက သူမကို လုယူဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။
အမှန်တော့ ထျန်းနင်လည်း ဟန်ယွီဖန်ကို ကျေးဇူးတင်မိပါတယ်… သူမဘက်က သူစိမ်းလို ပြုမူတော့ သူ့ဘက်က ယဉ်ယဉ်ကျေးကျေးနဲ့ ပြန်တုံ့ပြန်ပေးတယ်… အဓိက အချက်အနေနဲ့ သူမ ဖြစ်စေချင်တာက သူမတို့နှစ်ယောက်ရဲ့ ဇာတ်လမ်း ပြီးပြီ၊ သူမရဲ့ဘေးမှာ မို့ထင်ကို အဖော်ပြုပြီး သူမရဲ့ ဘဝခရီးလမ်းကို ဆက်မယ်ဆိုတာ သိစေချင်လို့ပါ။
“မို့ထင်…”
“နောင်တ မရပါနဲ့…ဒါတွေအားလုံးက မင်းဘဝ အတိတ်ရဲ့ တစ်စိတ်တစ်ပိုင်းတွေပါ”
မို့ထင်က ထျန်းနင်ရဲ့ ခံစားချက်ကို ထိုးထွင်းသိမြင်နိုင်တာကြောင့် နှစ်သိမ့်ဟန်ဖြင့် သူမရဲ့ပါးမို့မို့လေးကို ညင်သာစွာ ထိလိုက်တယ်။
“ဒီ အခက်အခဲတွေ ခံစားမှုတွေကြောင့် မင်းနဲ့ကိုယ် ဖူးစာဆုံခွင့်ရှိခဲ့တာ”
ထျန်းနင်လည်း ရယ်မောလိုက်တယ်။
မို့ထင်ပြောတဲ့စကားတွေက သူမကို အားပေးနေတာပါ။
“သူဌေးမို့… ရှင့် အရမ်းကို ယဉ်ကျေးပျူငှာနေပါလား”
မို့ထင်လည်း ခေါင်းမော့ကာ ထျန်းနင်ရဲ့ နားရွက်ဖျားကို ညင်သာစွာ အနမ်းခြွေလိုက်တယ်။
ထျန်းနင်လည်း မို့ထင်ရဲ့ရင်ခွင်ထဲမှာ စိတ်ပြေလက်ပျောက်နေလိုက်သည်။
ဟန်ယွီဖန်… သူမတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို ဖော်ထုတ်မှာကို လုံးဝကို မစိုးရိမ်ပါဘူး။
ဟန်ယွီဖန် ပြောသမျှ စကားလုံးတိုင်းက ယုံကြည်ဖို့ မထိုက်တန်မှန်း သိနေတာကြောင့် မို့ထင်က ကြိုတင်ကာကွယ်တဲ့ လုပ်ဆောင်မှုများကို ပြင်ဆင်ထားပြီးသားပါ။
အခု ဟန်ယွီဖန်ကို အနိုင်ရထားသော်လည်း အခုအချိန်မှာ ထျန်းနင်က ကျဉ်းထဲကျပ်ထဲ ရောက်နေတုန်းပါ။
သူမက လူတိုင်းရဲ့ နှုတ်ခမ်းဖျားမှာ အောင်မြင်ဖို့ အိပ်ရာပေါ် တက်တဲ့ အပျက်မ အဖြစ် နာမည်တွင်နေဆဲပါ။
မို့ယွီရို့နဲ့ လီယွီကတော့ ထိုပတ်သက်ဆက်နွှယ်မှုနဲ့ ကင်းရှင်းနေခဲ့တယ်။
မို့ယွီရို့က အမြဲတမ်း သူ့ကိုယ်သူ အထင်ကြီးနေသူ မလား။
သူမရဲ့ အသက်မွေး ဝမ်းကြောင်း အလုပ်မှာ တိုးတက်ဖို့ သူမက ဘာမဆို လုပ်ရဲတဲ့ မိန်းမစားမျိုး၊ထျန်းနင်နဲ့ မို့ထင် လက်ထပ်ထားတာကို သူမသိခဲ့ရင် ဘယ်လိုများ တုံ့ပြန်မလဲ။
မို့ယွီရို့က သူမရဲ့တစ်ဘဝလုံးကို လှည့်ဖျားရင်း တစ်ပါးသူ ပိုင်တာကို ခိုးယူရင်းနဲ့ ကုန်ဆုံးခဲ့တယ်…. နောက်ဆုံးတော့ လက်မဲ့ ဖြစ်ခဲ့ရပြီလေ…။
နောက်ဆုံးတော့ ဟန်ယွီဖန်လည်း အသိတရားရပြီး မို့ယွီရို့ သူ့ကို ဘယ်လိုမျိုး သစ္စာဖောက်ခဲ့လဲဆိုတဲ့ သဲလွန်စကို ထျန်းနင်ကို ပြောလိုက်ပါပြီ။ဒါပေမဲ့လည်း ထျန်းနင်ဘက်က မလှုပ်ရှားမီ မို့ထင်က ခြေတစ်လှမ်း ဦးထားပြီးသားပါ။
“လုချယ်… Champagneဟိုတယ်ကို စုံစမ်းဖို့ လူတစ်ယောက် လွှတ်လိုက်… လီယွီနဲ့ဆက်နွှယ်တဲ့ ဗီဒီယိုကို ယူလာခဲ့”
တစ်ချိန်တည်းမှာပဲ လုံကျဲလည်း သတင်းတစ်ခုကို စုံစမ်း မိသွားတယ်၊
“ထျန်းနင်… လွန်ခဲ့သော ခြောက်လခန့်က လူယုတ်မာကောင်နောက်ကို နောက်ယောင်ခံလိုက်ခဲ့တဲ့ သတင်းထောက် တစ်ယောက်ရှိခဲ့တယ်… သူ့မှာ လီယွီ စည်းကမ်းချိုးဖောက်တာနဲ့ ပတ်သက်တဲ့ သတင်းမျိုးစုံရှိတယ်… ဒါကြောင့် နင့်ရဲ့ မတရားမှုကို မကြာခင် ဖြေရှင်းနိုင်မှာပါ”
“တစ်ချိန်တည်းမှာ နောက်ထပ် ခြေတစ်လှမ်း လှမ်းကြတာပေါ့”
ထျန်းနင်လည်း သူမကိုယ်တိုင် ဘာဆိုဘာမှ မလုပ်ချင်တော့ဘူး။ သက်သေရှိလည်း သူမရဲ့ဆု က ထိုက်တန်လို့ ရမှန်း သက်သေမပြနိုင်ဘူးလေ။
သူမအတွက် အချိန်လိုအပ်တယ်…သို့သော်လည်း သူမတို့တွေ ရုန်းကန် ကြိုးစားနေစဉ် နှစ်စဉ် မော်ဒယ် ဆုပေးပွဲ ကျင်းပရေး ကော်မတီက ထုတ်ပြန်ချက် တစ်ခုကို ကြေညာခဲ့တယ်….
ပထမဆုံးတစ်ခုတော့ လီယွီက အမှန်တကယ်ကို စည်းမျဉ်းကို ချိုးဖောက်ခဲ့တယ် ထိပ်တန်းမော်ဒယ် ဆုပေးပွဲအတွက် မို့ယွီရို့ကို မှားယွင်း အမှတ်ပေးခဲ့မိပြီး တခြားမော်ဒယ်ကို ဆုပေးမယ့်အစား မို့ယွီရို့ကို ဆုရခွင့် ပေးလိုက်တယ်။
ဒီကိစ္စအတွက် ကော်မတီက အလွန့်အလွန် တောင်းပန်ပါတယ်… နောင်တရမိပါတယ်…
ဒုတိယအနေနဲ့ အထူးဆုအကြောင်းကို ပြောချင်ပါတယ်။
ဆုရရှိသူ ရွေးချယ်တဲ့နေရာမှာ ပါဝင်တဲ့ အကဲဖြတ်ဒိုင်အားလုံးကို ကော်မတီက စာရင်းပြုစုထားပါတယ်…
အကဲဖြတ်ဒိုင်စာရင်းမှာ လီယွီ မပါဝင်ပါဘူး။
အရေးကြီးဆုံးအချက်ကတော့ ဒီဆုဟာ အမှန်တကယ် အချက်အလက်ပေါ်မှာ အရင်းတည်ပြီး အမှန်တကယ် နာမည် ကျော်ကြားလို့ပါ။
ထျန်းနင်ရဲ့ အရှေ့တိုင်း မဂ္ဂဇင်းက ယူအက်စ်မှာ ရှာဖွေမှု ထိပ်တန်းပါ… လူအများကြားမှာ နာမည်ကြီး သတင်းမွှေးပါတယ်…။
ဒီလို တိကျတဲ့ အချက်အလက်မျိုးကို ဖျက်ဆီးလို့ မရသလို မကောင်းမြင်တဲ့ ပရိသတ်များ ကိုယ်တိုင် ငြင်းလို့တောင် မရပါဘူး။
ဒီစာကို ပွဲစီစဉ်ရေး ကော်မတီက ည၇နာရီမှာ ထုတ်ပြန်ခဲ့ပြီး ထိုဖြစ်ရပ်နဲ့ ပတ်သက်တဲ့ မေးခွန်းများ ဖြေဆိုနိုင်ရန် သတင်းစာ ရှင်းလင်းပွဲလည်း လုပ်ဆောင်ခဲ့ပါတယ်။
ကော်မတီဘက်က ကိုယ်တိုင် ဖြေရှင်းချက် ပေးသော်လည်း နောက်ဆုံးသော သက်သေတစ်ခု လိုအပ်သေးတယ်ဆိုတာ ထျန်းနင် သိပါတယ်၊
သူမရဲ့ဖြူစင်မှုနဲ့ ထိုက်တန်တဲ့ ဆုအတွက် သူမကိုယ်တိုင် သက်သေပြမှ ဖြစ်မှာပါ။ သူမကိုယ်တိုင် ကြိုးစား အားထုတ်မှ ဒီပြဿနာက အဆင်ပြေသွားနိုင်မယ်။
“ဒီပြဿနာ ဟိုလေတကျော် ဖြစ်သွားရတဲ့ အကြောင်းအရင်းကတော့ ကျော်မကောင်း ကြားမကောင်း သတင်းဖြစ်နေလို့…. တစ်စုံတစ်ယောက်က တိတ်တဆိတ် မီးလောင်ရာ လေပင့်လုပ်နေလို့…”
မို့ထင်လည်း လုချယ် ရှာပေးထားတဲ့ သတင်းကို ဖတ်ကာ ပြောလိုက်လေရဲ့။
ဟိုက်ဟွေ့ရဲ့ လက်အောက်ခံ မီဒီယာ အားလုံးကိုတော့ ထိန်းချုပ်နိုင်ပါတယ်။
သူ့ပြိုင်ဘက် ကုမ္ပဏီက ထိန်းချုပ်ထားတာတွေလဲ ရှိတယ်။
“ဒီမီဒီယာ ကုမ္ပဏီကို ကြည့်လိုက်… သူတို့တွေက ချန်းထျန်း လက်အောက်ခံ ကုမ္ပဏီတွေ… ကြည့်လိုက်တာနဲ့ မင်းရဲ့ ပြင်သစ် ရှိုးပွဲ အကြောင်းကို မင်းရဲ့ ရန်သူက လုပ်ကြံဖန်တီးထားတာ ဖြစ်ရမယ်…ဒါပေမဲ့… စိတ်မပူပါနဲ့… မင်းရဲ့ဖြူစင်မှုကို သိပ်မကြာခင်မှာ သက်သေပြပေးမယ်”
ထျန်းနင်လည်း မို့ထင်ရဲ့ခန္ဓာကိုယ်ကို မှီလိုက်ပြီး နွေးထွေးမှုကို ခံစားလိုက်တယ်၊
“ဒီလိုဆိုရင်… ရှင်… ကျွန်မကို ချန်းထျန်း ကုမ္ပဏီဘက် သွားစေချင်လား”
“ဒါပေါ့… ဒီပြဿနာက မင်းအတွက် ခက်ခဲနေရတဲ့ အကြောင်းအရင်းက မင်းမှာ ကိုယ်ပိုင် အဖွဲ့မရှိလို့လေ…နင်… မင်းတစ်စုံတစ်ရာကို လိုအပ်လာရင်… ချန်ထျန်းနဲ့ရင်ဆိုင် တိုက်ခိုက်ဖို့ သတ္တိ မရှိဘူးလား”
***
Bạn đang đọc truyện trên: ZingTruyen.Xyz