ZingTruyen.Xyz

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အပိုင်း(၁ မှ ၂၀၀အထိ)

Ep 89

jellyflower1

အပိုင်း(၈၉)

ငါတို့ရဲ့ဆက်ဆံရေးကိုကြေညာရအောင်

 
 
"ဒါပေမဲ့ မင်းအဲ့လိုလုပ်မယ်ဆိုရင် မင်းနဲ့မစ္စတာလီရဲ့ ဆက်ဆံရေးကို ဖော်ထုတ်ရလိမ့်မယ် ယွီရို့.."
 
"ငါအဲ့ဒါကို လက်မခံနိုင်ဘူး"
 
သူမရဲ့လက်ထောက်က သူမကိုရပ်တန့်ဖို့ ကြိုးစားရင်း အသံမာမာနဲ့ပြောလိုက်သည်။
 
"ငါတို့ ဖျော်ဖြေရေး လောကကနေ လွင့်စင်သွားရင် တစ်ချိန်က နေခဲ့တဲ့ဘဝကို ပြန်သွားရလိမ့်မယ်..ငါတို့ နေနိုင်မှာ မဟုတ်ဘူး.. ရန်သူကိုဖျက်ဆီးဖို့ ငါတို့ကိုယ်ငါတို့ အနစ်နာခံစရာ မလိုဘူး"
 
"ယိုကော......ဒီလောက အကြောင်းကို အစ်ကို နားမလည်သေးဘူး"
 
မို့ယွီရို့က ဝမ်းနည်းမှုအပြည့်နဲ့ အပြင်ကို ငေးနေလိုက်သည်။
 
"ငါရှုံးသွားလို့ ဒီလိုလုပ်တယ်များ ထင်နေလား လီယုက ညီမကိုစွန့်လွှတိလိမ့်မယ်လို့ အစ်ကို ထင်လား"
 
 "သူ့ကို ဖျက်စီးမယ့် သက်သေတွေ ညီမလက်ထဲမှာ ရှိတယ်ဆိုတာ မမေ့နဲ့ သူကျွန်မကို အလွတ်ပေးမှာ မဟုတ်ဘူး.. ဘယ်ရမလည်း စောင့်နေတာထက် အရင်လက်ဦးမှုယူပြီး တိုက်ခိုက်ရမယ်"
 
"မင်းတကယ်ပဲ အဲ့လိုလုပ်မှာလား"
 
"ထျန်းနင်နဲ့ဟန်ယွီဖန် ငါ့ရှေ့မှာ ကျဆုံးတာကို လိုချင်တယ်"
 
အဖြူရောင်စာရွက်ကို လုံးချေရင်း လက်သီးဆုပ်ကာ အံ့ကြိတ်လိုက်သည်။
 
သူမရဲ့မျက်လုံးတွေက ရက်စက်မှုတွေ ပြည့်နှက်နေသည်။
 
သူမရဲ့လက်ထောက်က အသက်ပြင်းပြင်း ရှုလိုက်သည်။
 
သူက မို့ယွီရို့ကို မဆန့်ကျင်တော့ပေ။
 
"ဟုတ်ပြီ စိတ်လျှော့ပါ အစ်ကို အဲ့ဒါကို အခုပဲ စီစဉ်လိုက်မယ်"
 
သူမက ထျန်းနင်လို တိုးတက်ချင်ရင်တော့ အဲ့ဒါကမဖြစ်နိုင်ဘူး။
 
သူမကိုယ်တိုင်က ပျက်စီးဖို့ အရမ်းလွယ်တယ်။
 
မို့ယွီရို့ရဲ့လက်ထောက်က သူမကို ဟန်ယွီဖန်နဲ့လီယု ရှာတွေ့ပြီး ခြိမ်းခြောက်မှာကို ကြောက်နေသည်။
 
ဆေးရုံရဲ့အပြင်ဘက်ကို ထွက်လို့ရမယ့် နည်းလမ်းကိုရှာပြီး ဘယ်သူမှ မသိတဲ့နေရာတခုကို ရှာလိုက်တယ်။
 
အဲဒီနေရာမှာ အခန်းငယ်တစ်ခုကို ငှားလိုက်တယ်။
 
သူမရဲ့လက်ထောက်က သူမကိုဂရုစိုက်တယ်
 
သူက ယုံကြည်စိတ်ချရတဲ့ သတင်းထောက်တချို့ကို မေးမြန်းလိုက်သည်။
 
 သူတို့ဖြန့်မယ့်သတင်းကို ကုမ္ပဏီကြီးများက ပိတ်ပင်မှာ မဟုတ်တော့ပေ။
 
[ထိတ်လန့်စရာအဖြစ်.. တန်ရီဖျော်ဖြေရေးကုမ္ပဏီက မြောင်းထဲထိုးကျသွားပြီ]
 
[အထူးဆုပေးပွဲနောက်က လျှို့ဝှက်ချက် ထျန်းနင်က ဒိုင်တွေနဲ့အိပ်ခဲ့တယ်]
 
[သဘောတူညီမှုကို ဖော်ထုတ်ခြင်း.. တန်ရီက သမိုင်းမှာ အညစ်ညမ်းဆုံးအေဂျင်စီအဖြစ် မှတ်တမ်းတင်ခံရခြင်း]
 
နောက်တစ်နေ့မနက်မှာ တန်ရီနဲ့ဒိုင်တွေကြားက မကောင်းသတင်းက ပေကျင်းတမြို့လုံးကို ပျံ့နှံ့သွားတယ်။
 
သဘောတူညီမှုရဲ့ အသေးစိတ် အချက်အလက်ကို ပါတီပွဲတွေအတွင်း လက်မှတ်ထိုးခဲ့ကြသည်။
 
မို့ယွီရို့အပါအဝင် အသစ်တွေနဲ့ ထျန်းနင်လည်း ပါသည်။
 
ဒိုင်လူကြီးလီကြောင့် ထျန်းနင်နဲ့မို့ယွီရို့က ဆုရတာလားဆိုတာ မီဒီယာတွေက စတင် စုံစမ်းလာကြသည်။
 
သူတို့က မျက်ကွယ်မှာ တခုခုလုပ်ခဲ့တယ်လို့ သံသယရှိတဲ့အတွက် သူတို့ကဆုရဖို့ အခွင့်အရေးမရှိဘူးလို့ ထုတ်ပြန်လိုက်သည်။
 
ချက်ချင်း လုပ်ငန်းခွင်က ဆူဆူညံညံဖြစ်သွားတယ်
 
တန်ရီက ပြည့်တန်ဆာအိမ်လို ဆူနေတယ်
 
ထျန်းနင်နဲ့မို့ယွီရို့ကို မိန်းမပျက်လို့ ခေါ်ကြပြီး လီယုကို ဖာခေါင်းလို့ခေါ်ကြသည်။
 
အင်တာနက်သုံးသူတွေက စုဝေးကာ ဝေဖန်ကြသည်။
 
တန်ရီနဲ့မို့ယွီရို့ပါတဲ့အကြောင်းက အံ့သြစရာမကောင်းပေ။
 
သူတို့က နာမည်ဆိုးရှိပြီးသား
 
ဒါပေမဲ့ထျန်းနင်ကပါ ဒီလိုလုပ်မယ်လို့ သူတို့မမျှော်လင့်ထားပေ။
 
မနေ့ညကတောင် ထျန်းနင်ဆုရတယ်ဆိုပြီး သူတို့ပျော်နေခဲ့ကြတာလေ။
 
ဒီအတွက်ကြောင့် ထျန်းနင်ကို သူတို့အပြင်းထန်ဆုံး တိုက်ခိုက်ကြသည်။
 
ထျန်းနင်က သရုပ်ဆောင်ကောင်းတာကြောင့် ရုပ်ရှင်မင်းသမီး လုပ်သင့်တယ်လို့ သူတို့က ပြောကြသည်။
 
ဒီမှတ်ချက်တွေကို မြင်တော့ ဟန်ယွီဖန်က သူ့ရုံးခန်းထဲမှာ ထိုင်နေပြီး ဒေါသကြီးစွာ ပေါက်ကွဲလာသည်။
 
ဒီလိုမျိုးတွေ ဖြစ်အောင် လုပ်တဲ့လူက တစ်ယောက်တည်းပဲ...။
 
အဲ့ဒါက ဘယ်သူလဲဆိုတာ သူမသိသည်။
 
အဲ့ဒါကမို့ယွီရို့ပဲ။
 
 မို့ယွီရို့က သူမကိုယ်သူမ စွန့်လွှတ်ပစ်မယ်ဆိုတာ
သူမ မယုံကြည်နိုင်ပေ။
 
သတင်းတွေက ဝေဖန်မှု ပြင်းထန်တာကြောင့် ရှေ့က ကောလဟာလတွေနဲ့ မတူပဲ အံ့အားသင့်စရာ ကောင်းနေသည်။
 
ဒီအချိန်မှာ မို့ယွီရို့က  အကျိုးဆက်ကို ရရှိခဲ့သည်။
 
သူမ၏နာမည်က ဖယ်ရှားခံရသည်။
 
သူမ အဲ့ဒါကို မငြင်းပယ်နိုင်ပေ။
 
တန်ရီကသွားပြီ။
 
နှစ်တွေအများကြီး သူမ ကြိုးစားခဲ့တဲ့ အလုပ်တွေလည်း သွားပြီ။
 
ဝန်ထမ်းတွေကနုတ်ထွက်ကြသည်။
 
တန်ရီက ဒေဝါလီခံရခါနီးပြီး ဟန်ယွီဖန်က စိတ်ဓာတ်ကျလာသည်။
 
မကြာခင် ဒါရိုက်တာများ၏ ဘုတ်အဖွဲ့ အစည်းအဝေး ကျင်းပတော့မယ်
 
သူဘာမှမရလိုက်ဘဲ ကုမ္ပဏီက ထွက်သွားရတော့မယ်
 
မို့ယွီရို့မင်းကမိန်းမပျက်ပဲ...
 
ဟန်ယွီဖန် ဆေးရုံကိုသွားနေတဲ့ လမ်းတလျှောက်လုံး မို့ယွီရို့ကို ဒေါသတကြီးနဲ့ ထပ်ခါတလဲလဲ phဆက်လိုက်သည်။
 
မို့ယွီရို့က အဝေးကိုထွက်ပြေး ပုန်းရှောင်နေတဲ့အတွက် သူမကိုရှာဖို့ သူ့တွင် နည်းလမ်းမရှိပေ။
 
နောက်ဆုံးတော့ ဟန်ယွီဖန် မို့ယွီရို့လက်ထောက်ကို phခေါ်ပြီး သူ့ရဲ့မိသားစုနဲ့ ခြိမ်းခြောက်လိုက်သည်။
 
နောက်ဆုံးတော့ မို့ယွီရို့က သူမ၏လက်ထောက်လက်ထဲကနေ phကို ယူလိုက်သည်။
 
"ယွီဖန်.."
 
"မို့ယွီရို့မင်းဘယ်မှာလဲ မင်းက မိန်းမပျက်ဆိုတာ မင်းဘာသာ သက်သေပြလိုက်တာလား"
 
တစ်လျှောက်လုံး ဟန်ယွီဖန်က သူ့ရဲ့စရိုက်အမှန်ကို ဖုံးကွယ်ခဲ့သည်။
 
ဒီနေ့တော့ သူစရိုက်အမှန်ကို ထုတ်ပြလိုက်သည်။
 
"မင်းကိုယ်တိုင်ဖွင့်ချမလား.. ဒါမှမဟုတ် ငါမင်းကို သတ်ရမှာလား"
 
"ကျွန်မကိုသတ်မယ်.. ဒီပွဲအတွက် ကျွန်မ ကြောက်နေမယ်လို့ ရှင်ထင်လား"
 
သူမက ဖုန်းထဲကနေ အေးစက်စက်ပြောလိုက်တယ်။
 
"ငါ့ကိုရောင်းစားလို့ ဖြစ်လာတဲ့ အကျိုးဆက်ကို နင် ရင်မဆိုင်ရဲဘူးလား.. ဟန်ယွီဖန် ရှင့်ရဲ့စရိုက်အမှန်ကို သိခွင့်ရတဲ့ အတွက်ရော.. ရှင်က ဒီသဘောတူညီမှုကို လက်မှတ်ထိုးခဲ့ပြီး ကျမကို အခွင့်ရေးများစွာ ပေးခဲ့တဲ့အတွက်ရော ကျေးဇူးတင်ပါတယ် ရှင်ဘာဖြစ်ဖြစ် ကိစ္စမရှိပါဘူး.. ရှင်တို့အားလုံး ကျွန်မနဲ့အတူတူ ရှုံးနိမ့်ရမယ်"
 
"မင်းရူးနေပြီပဲ"
 
"ရူးနေပြီ.. မနေ့ညက ကျွန်မကိုယ်ဝန် ပျက်ကျခဲ့တယ်.. ကျွန်မခွဲစိတ်ခန်းထဲမှာ ရှိနေချိန် ကျွန်မဗိုက်ထဲမှာ ရှိတဲ့ကလေးကို ရှင့်ကလေးလို့ တွေးမိရဲ့လား.. ရှင့်မှာအပြစ်ရှိတယ်လို့ မခံစားရဖူးလား.. ရှင်မခံစားရဖူးလို့ ကျွန်မထင်တယ်.. ဒါကြောင့် ကျွန်မကို နှလုံးသားမရှိဘူးလို့ အပြစ်တင်မနေနဲ့.. ဟန်ယွီဖန် ရှင်က အဲ့ဒါနဲ့ ထိုက်တန်တယ်"
 
စကားဆုံးသည်နှင့် မို့ယွီရိုက ဖုန်းချလိုက်သည်။
 
သူမရဲ့ဖြုဖျော့နေတဲ့ မျက်နှာမှာ ယုတ်မာတဲ့ လှလှပပအပြုံး ပေါ်လာသည်။
 
ဟန်ယွီဖန်က အရာအားလုံးကို ကြမ်းပြင်ပေါ် တွန်းချလိုက်ပြီး ဒေါသတကြီး ပေါက်ကွဲလိုက်တယ်။
 
ပထမဆုံး သူမလိမ်ဘဲနဲ့ ထျန်းနင်ကို လက်ထပ်ဖို့ ရွေးချယ်ခဲ့ရင် အခြေအနေက အခုနဲ့တူမှာ မဟုတ်ဘူး။
 
အမှားဘာမှမလုပ်ခဲ့တဲ့ ထျန်းနင်က သူမကြောင့် နာမည်ပျက်ခဲ့ရတယ်။
 
သူမက အိပ်ရာပေါ်တက်တဲ့သူဆိုတဲ့နာမည်ကို သယ်ဆောင်ခဲ့ရတယ်။
 
ဟန်ယွီဖန် အကူညီမဲ့နေသလို လီယုကလည်း မေးခွန်းတွေဖြေဖို့ အင်တာဗျူးတွေ ငြင်းပယ်နေသည်။
 
သူ့မှာအဆက်သွယ်တွေ မရှိတော့ပေ။
 
လီယုရဲ့အပြုအမူတွေက ဖုံးကွယ်ထားတဲ့ကိစ္စတွေ အားလုံး အမှန်ဆိုတာ ထင်ရှားပေါ်လွင်နေသည်။
 
ထျန်းနင်နဲ့မို့ယွီကလည်း တခြားသူရဲ့ အိပ်ရာပေါ်တက်ခဲ့တယ် ဆိုတာလည်း မှန်တယ်။
 
မီဒီယာအားလုံးက ဒီလိုမျိုးသာ ယူဆခဲ့ကြသည်။
 
Hyatt Regency မှာထျန်းနင်က ဆိုဖာပေါ်ကနေTVကြည့်နေတယ်
 
သူမနဲ့ပက်သက်တဲ့ မှတ်ချက်တွေကို တွေ့လိုက်တော့ ရှုပ်ထွေးတဲ့ခံစားချက်တွေကို ခံစားနေရသည်။
 
မို့ထင်က သူမကိုတင်းကြပ်စွာ ပွေ့ဖက်လိုက်ကာ နှစ်သိမ့်လိုက်တယ်။
 
ကြောက်စရာမလိုဘူးဆိုတာ သူမကိုသိစေချင်တယ်။
 
"ထျန်းနင်...ငါတို့အခုဘာလုပ်ကြမလဲ"
 
သတင်းတွေကို စိုးရိမ်စွာကြည့်ရင်းနဲ့ လုံကျဲက မေးလိုက်သည်။
 
"ကြည့်ရတာ မို့ယွီရို့က အဆုံးစွန်ထိ တွန်းပို့လိုက်တာပဲ.. အတူတူကျဆုံးဖို့ သူမဆုံးဖြတ်လိုက်တာပဲ သူမအတွက် ဖျက်ဆီးတာက ဟုတ်ပါပြီ.. ဒါပေမဲ့နင်က ဘယ်လိုလုပ်မလဲ.. နင်က အပြစ်ကင်းတဲ့အတွက် ဆုရဖို့ ထိုက်တန်ပါတယ် အရာအားလုံးက အခုတော့ ပြောင်းလဲသွားပြီ"
 
"ငါမို့ယွီရို့ကို အတင်းအကျပ်ခိုင်းမယ် ငါကလုံးလုံး အပြစ်ကင်းတယ်ဆိုတာလေ"
 
ထျန်းနင်က မပီမပြင်ပြောလိုက်တယ်
 
"ဒါပေမဲ့မို့ယွီရို့ကို ဒီအချိန်မှာရှာမတွေ့ဘူး.. လီယုကလည်း ငြိမ်နေတယ် ဟန်ယွီဖန်ကလည်း ဒီအခြေအနေကို ဘယ်လိုရင်ဆိုင်မလဲဆိုတဲ့ ideaမရှိဘူး.. သက်သေတွေက ထွက်ထားပြီးပြီ.. ငါတို့က ကွဲပြားအောင် လုပ်ဖို့မလွယ်ဘူး"
 
"ငါ့မှာအကြံစည်မရှိဘူး အခုချိန်မရောက်ခင်ထိ အရာအားလုံးက ဖြေးဖြေးချင်း သွားနေခဲ့တာ ကျရှုံးတဲ့နာကျင်မှုက ဘယ်လိုလဲဆိုတာ ငါမေ့နေပြီ"
 
ထျန်းနင် အားကိုးရာမဲ့ ပြောလိုက်တယ်။
 
သူမ လီယုကို သတိထားခဲ့သော်လည်း လီယုနဲ့ဟန်ယွီဖန်တို့ ဒီလို အဆုံးသတ်မယ်လိုတော့ မထင်ထားပေ။
 
"ဒီအတွက် ဖြေရှင်းချက်၂ခုပဲရှိတယ် နံပါတ်တစ်က ဟန်ယွီနဲ့လီယုတစ်ယောက်ယောက်ကို ရှာလိုက်.. နံပါတ်နှစ်က ငါတို့ရဲ့ဆက်ဆံရေးကို ကြေညာလိုက်"
 
မို့ထင်က ထျန်းနင်ကို ပြောလိုက်တယ်။
 
"ကောင်းပြီ အကောင်းဆုံးအဖြေက လီယုကိုရှာမယ် ဒါပေမဲ့ ဘယ်မှာရှိလဲဆိုတာ ကျမမသိဘူး.. ဒီနိုင်ငံက ထွက်သွားပြီး ပုန်းနေလောက်ပြီ ဒါကြောင့် ကျမတို့ ဟန်ယွီဖန်ကို ရှာရမယ် သူတို့နှစ်ယောက်ကြားမှာ ဘာသဘော တူညီမှုရှိတယ်ဆိုတာ သူတို့ပဲသိလိမ့်မယ် ဒုတိယက....."
 
"ငါနားလည်ပြီ ငါတို့ဟန်ယွီဖန်ကို ရှာတွေ့တောင် သူက ကျွန်မတို့ကို ကူညီမှာမဟုတ်ဘူး"
 
"သူ့ကိုရှာရမယ်လို့ မင်းကိုဘယ်သူပြောလဲ သူ့ကိုရှာဖို့ ကိုယ်သွားမယ်"
 
မို့ထင်က တည်ကြည်တဲ့အသံနဲ့ ဖြေလိုက်တယ်။
 
"ဟိုက်ဟွေ့အေဂျင်စီရဲ့ဥက္ကဋ္ဌအဖြစ် သူ့ရှေ့ကိုသွားမှာမဟုတ်ဘူး.. ဒါပေမဲ့ရိုးရိုးပဲ မင်းရဲ့ယောက်ျားအဖြစ်သွားမှာ"
 
 
***

Bạn đang đọc truyện trên: ZingTruyen.Xyz