ဟန်ဆောင်ချစ်သူ (ထျန်းနင်) အပိုင်း(၁ မှ ၂၀၀အထိ)
Ep 88
အပိုင်း(၈၈)
စုံတွဲတွေဟာ တစ်ယောက်နဲ့တစ်ယောက် နားလည်ကြတာကြောင့် TVကြည့်နေတဲ့ မို့ထင်ဟာ ရုတ်တရက် ထလိုက်ပြီး သူ့ရဲ့ အပြင်အကျီင်္ကို ယူလိုက်ကာ လုချယ်ကို ပြောလိုက်သည်။
"ဒီညရှိတဲ့ အစည်းအဝေး အားလုံးကို ရွှေ့ဆိုင်းပေးပါ''
"ဟုတ်ကဲ့ ဥက္ကဌ ''
လုချယ်က ပြုံးနေသည်။
မကြာခင်မှာ မို့ထင်ဟာ စိတ်လိုက်မာန်ပါ လုပ်မယ့်ပုံပဲ။
အမြဲတမ်း ကိုယ့်ဟာကိုယ် ချုပ်ထိန်းနိုင်ခဲ့တဲ့သူက
စိတ်လိုက်မာန်ပါ ဖြစ်နေသည်။
ဒါကို မခံစားမိဖို့က တော်တော်ခက်တယ်....
မို့ထင်ဟာ ပွဲကျင်းပရာသွားနေရင်း ကားထဲမှာ ထျန်းနင် ပြောနေတာတွေကို နားထောင်နေတယ်။
ထျန်းနင် မျက်လုံးအကြည့်တွေထဲက လွမ်းဆွတ်မှုတွေကို မို့ထင် နားလည်နေတယ်။
ဒါဟာ အရမ်းအရေးကြီးတဲ့ ဆုမဟုတ်ပေမယ့်.. ဒါဟာ ထျန်းနင် ပြန်လာပြီးနောက် လက်ခံရတယ့် ပထမဆုံးဆုပဲ။
သူ သူမဘေးမှာနေပြီး သူမ ကြိုးစားခဲ့တာတွေကို ပြောပြလိုက်ချင်တယ်....
စင်ပေါ်မှာတော့ ထျန်းနင်ဟာ စကားပြောနေတယ်။
ဒါပေမယ့် သူမ အပြောချင်ဆုံး စကားတွေပိုတော့ မပြောနိုင်ပါဘူး။
သူမရဲ့ ဘဝမှာ အရေးကြီးဆုံးလူကို ကျေးဇူးတင်စကား မပြောရတာကတော့ သူမတွက် အကြီးမားဆုံး နောင်တပဲ။
"အမှန်တော့ ကျွန်မ ပြောစရာ အများကြီး ရှိပါတယ်.. ဒါပေမယ့် အဲဒါတွေအားလုံးပါတဲ့ အရိုးရှင်းဆုံးစကားလုံးကို ပြောပါရစေ.. အားလုံးကို ကျေးဇူးတင်ပါတယ် ကျွန်မ ဒီထက်ကောင်းအောင် ကြိုးစားပါ့မယ်''
စင်အောက်က ပရိသတ်တွေရဲ့ လက်ခုပ်သံဟာ ဟောခန်းထဲမှာ ဟိန်းထွက်နေတယ်။
လူတိုင်းခံစားရတာကတော့ ပေးခဲ့တဲ့ ဆုအားလုံးမှာ ဒီဆုက အထိုက်တန်ဆုံးပဲလို့..
ထျန်းနင်က တကယ်ပဲ မော်ဒယ်လ်လောကရဲ့ စံနမူနာပဲ။
ဒါဟာ ဆုပေးပွဲရဲ့ အထွတ်ထိပ် အချိန်ပဲ။
နောက်ဆုံးတော့ ဆုပေးပွဲဟာ ပြီးဆုံးသွားပြီ။
အထူးဆု လက်ခံရရှိခဲ့တဲ့ ထျန်းနင်ဟာ အစောကြီး မပြန်သွားခဲ့ပေ။
သူမဟာ ပွဲပြီးသွားတာတောင် သူမထိုင်ခုံမှာ ထိုင်နေဆဲပဲ။
အဲဒီချိန်မှာ လီယုဟာ ထျန်းနင်ကို ကြိုးစားဖို့ လက်မလျော့သေးပါဘူး။
အထူးသဖြင့် ထျန်းနင်ဟာ ဆုလက်ခံယူနေတဲ့ချိန်မှာ သူမ အလှက သာမာန် မော်ဒယ်လ်တွေထက် သာတယ်ဆိုတာ သူတွေ့တယ်လေ။
ဒါပေမယ့် ဒီအချိန်မှာ အရေးကြီးဆုံးက ဆေးရုံကို အရင်သွားဖို့ပဲ..
မို့ယွီရို့ကို ရှာပြီး သူတို့ရဲ့ ဆက်ဆံရေးကို မဖော်ထုတ်အောင် ပြောရဦးမယ်လေ။
ပေကျင်းရဲ့ ညကောင်းကင်ယံက ဒီနေ့လောက် မတောက်ပ မလင်းထိန်သလိုပဲ။
ကြယ်တွေက တဖျတ်ဖျတ်နဲ့ တောက်ပနေတယ်။
ထျန်းနင်ဟာ အပေါက်ဝကို ထွက်လာတဲ့ခါမှာ လုံကျဲက ကားရှေ့မှာ စောင့်နေတာကို တွေ့ရတယ်။
သူမက ပြေးဖက်လိုက်တယ်။
"ထျန်းနင် ဂုဏ်ယူပါတယ် ငါနင့်အတွက် အရမ်းဝမ်းသာတယ်''
"လုံကျဲ နင်လည်း အလုပ်ကြိုးစားခဲ့တယ်''
ထျန်းနင်ဟာ သူမကို ကျေးဇူးတင်လိုက်တယ် ။
လုံကျဲဟာ မိုယွီရို့ကို ဆွဲချဖို့ အများကြီး ကူညီခဲ့တယ်။
"စကားပြောတာ ရပ်ရအောင် သူဋ္ဌေးကြီးက နင့်ကို စောင့်နေတာ ကြာနေပြီ.. ငါကဆုကို အိမ်ယူသွားမယ်.. နင်ကတော့ သူဋ္ဌေးနဲ့ အိမ်ပြန်လိုက်ပေါ့''
လုံကျုဲ ထျန်းနင်ကို ဖက်ထားတာ လွှတ်လိုက်ပြီး မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
ထျန်းနင် ကားထဲကို ခေါင်းငုတ်ကြည့်လိုက်တော့ မို့ထင်ကားထဲမှာ ထိုင်နေတာကို တွေ့ရသည်။
သူမနှလုံးသား စတင်ခုန်ပေါက်လာတယ်။
လုံကျဲအကူညီနဲ့ ထျန်းနင်က ကားထဲဝင်လိုက်သည်။
ထိုစုံတွဲက လုံကျဲရဲ့ အိမ်ကို အရင်သွားလိုက်တယ်။
ကားက ပေကျင်းလမ်းပေါ်မှာ တရိပ်ရိပ် ပြေးလွှားနေတယ်။
ထျန်းနင်က စိတ်လှုပ်ရှားနေပြီး သူမခေါင်းကို မို့ထင် ပခုံးပေါ်တင်ထားကာ မိုထင်ရဲ့ ညာဘက်လက်ကို တင်းကျပ်စွာ ကိုင်ထားတယ်။
"ကိုယ်မင်းကို ဘယ်ခေါ်သွားမလည်းလို့ မမေးဘူးလား''
"ဘယ်နေရာ ဖြစ်ဖြစ် ကောင်းပါတယ်။"
ထျန်းနင်ဟာ အရှေ့က လမ်းမကြီးကို ငေးနေသည်။
"ကျွန်မ ရှင့်ကို စပ်စုမယ်.. ဘယ်သူက ကျွန်မ ကိုယ့်ကိုယ်ကိုယ် နားလည်တာထက် ပိုနားလည် နိုင်မလဲ.. ကျွန်မအတွေ့ချင်ဆုံးက ရှင်ဆိုတာ ဘယ်လိုသိတာလဲ''
"ကိုယ်တို့ နှလုံးသားဟာ ဆက်သွယ်ထားတာကြောင့်ပေါ့''
ထျန်းနင်ဟာ မို့ထင်လက်ကို ပိုမို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး ပြုံးလိုက်တယ်။
"လူမရှိတဲ့ နေရာရှာပြီး ကားရပ်လိုက်ပါ''
"ဟမ်..''
"ကျွန်မ ရှင့်ကို တကယ်နမ်းချင်နေတယ်''
ထျန်းနင်ဟာ မို့ထင် မျက်နှာကို ကြည့်ပြီး ပြောလိုက်တယ်..
သူမ မျက်လုံးတွေက စိန်ပွင့်တွေလိုပဲ တဖျတ်ဖျတ်လက်နေတယ်။
မို့ထင်ဟာ ဆွဲဆောင်မှုရှိရှိ ပြုံးလိုက်ပြီး
"ကိုယ်တို့ရောက်တော့မှာပါ''
လို့ပြောလိုက်တယ်။
ထျန်းနင် အရှေ့ကိုကြည့်လိုက်တယ်။
ကားက ကျောက်မျက်တွေလိုလက်နေတဲ့ ပေကျင်းရဲ့အလှ မြင်ကွင်းကို မြင်ရတဲ့ တောင်ထိပ်ပေါ်မှာ ရပ်သွားတယ်။
"စိတ်မပူပါနဲ့ ဒီနေရာကို ကိုယ်တို့ကလွဲပီး တခြားသူ လာမရဘူး''
ထျန်းနင်ဟာ ဘေးစောင်းလိုက်ပြီး သူမလက်တွေကို မို့ထင်လည်ပင်းဆီ ချိတ်တွယ်လိုက်ကာ အနမ်းပေးလိုက်တယ်။
သူမဟာ နူးညံ့တဲ့ သူ့နှုတ်ခမ်းကို ဖြည်းဖြည်းချင်း အရသာခံနမ်းနေတယ်။
မို့ထင်ဟာ သူမခေါင်းနောက်ကို ကိုင်လိုက်ပြီး ပြန်နမ်းလိုက်တယ်။
သူတို့စုံတွဲက သူတို့ အသက်ရှူမဝတော့တဲ့အထိ ချစ်စိတ်ပြင်းပြစွာ နမ်းနေကြတယ်။
"အချစ်လေး ခုမင်း ဆုတစ်ဆု ရပြီဆိုတော့ ကိုယ့်ကိုရော မင်းဘယ်လို ဆုချစေချင်လဲ''
ထျန်းနင်က မို့ထင်နားကို နမ်းလိုက်ပြီး သူ့ရဲ့ နှာခေါင်းထိပ်ဖျားကို ကိုက်ကစားနေတယ်။
ခဏကြာတော့ သူမဟာ တိုးတိုးလေး ပြန်ပြောလာတယ်
"ကျွန်မ ဘာမှမလိုချင်ဘူး ဒါပေမယ့်... ရှင့်ကိုတော့''
မို့ထင်ဟာ ညင်ညင်သာသာ ရယ်လိုက်တယ်
"မင်း အဲဒါကို ကိုယ်တို့ရဲ့ နူးညံ့တဲ့ အိပ်ရာမှာ မဟုတ်ပဲ ဒီလိုနေရာမှာ လိုချင်တာ သေချာလား''
"ကျွန်မ ဘာမှ မလိုဘူး.. ရှင့်ကိုပဲ လိုတာ''
ဒီစကားတွေကိုကြားပြီးတဲ့ခါမှာတော့ မို့ထင်ဟာ သူ့ထိုင်ခုံကို ချက်ချင်း နှိမ့်ချလိုက်တယ်။
ထျန်းနင်ကို သူ့ပေါင်ပေါ်တင်လိုက်ကာ ပြတင်းပေါက် ပိတ်လိုက်တယ်။
သူ့ရဲ့ လက်တွေဟာ ထျန်းနင်ရဲ့ နောက်ကျောက ဇစ်ကို ဂရုတစိုက် ဆွဲချလိုက်တယ်။
သူ့ရဲ့ ထိတွေ့မှုတိုင်းဟာ သူမရဲ့ကျောရိုးကို စပ်ဖျဉ်းဖျဉ်း.ခံစားရတာကြောင့် သူမ ညီးညူမိသည်အထိ သာယာသွားသည်။
ထျန်းနင်ဟာ ထျန်းနင်ပဲဖြစ်ပေမယ့် ဒီညတော့ နည်းနည်း မတူနေဘူး။
ဒီညမှာတော့ သူမဟာ အလွန်ပဲ လိုချင်နေတယ်..
ဒါကြောင့် မို့ထင်ဟာ သူမဆီက ရနိုင်သမျှယူဖို့ ထိန်းချုပ်မှု လွတ်တော့မလို ခံစားနေရတယ်....
"အချစ်လေး မင်း အရမ်းဆိုးသွမ်းနေပြီ...''
"ကျွန်မ အစတည်းကပြောပြီးသားပဲ ကျွန်မက ကောင်းတဲ့သူမဟုတ်ဘူးလို့ ''
ထျန်းနင်က အက်ရှရှ အသံနဲ့ ပြန်ပြောလိုက်တယ်။
"ကျွန်မ ရှင်နဲ့အတူ လုပ်ချင်တာတွေ ပြောချက်တာတွေ အများကြီးရှိတယ်.. ဒါပေမယ့် ရှင့်ကို မြင်လိုက်တိုင်း ပြောစရာမရှိဖြစ်သွားတယ်.. ရှင်အရာရာတိုင်း သိနေတယ်ဆိုတာ ကျွန်မ သိတယ်လေ''
မို့ထင်ရဲ့ လက်တွေက ဗလာဖြစ်နေတဲ့ ထျန်းနင်ရဲ့ နောက်ကျောကို ပွတ်ကာသီကာ ထိလိုက်ပြီး ပြုံးပြောလိုက်တယ်။
" ဒီထက်ပို ပြောဖို့မလိုပါဘူး.. ကိုယ်တို့ အိမ်ပြန်ရအောင်.. ဒီအနေထားက တကယ်ပဲ မင်းတွက် အဆင်မပြေဘူး''
"ကောင်းပြီ''
ထျန်းနင်က မို့ထင်ရဲ့ လည်ပင်းကို အနမ်း အများကြီး ပေးလိုက်ပြီး ပြန်ပြောလိုက်တယ်။
ပေကျင်းရဲ့ ဆေးရုံမှာတော့ မိုယွီရို့က ခွဲစိတ်ခန်းကို ပို့ထားခံရတာ သုံးနာရီလောက်ရှိပြီ.. Creative centuryက မီဒီယာတွေကို ထိန်းချုပ်ဖို့ လူတွေကို ပို့ထားသည်။
မိုယွီရို့ရဲ့ လက်ထောက်ကတော့ သူမခုတင်ဘေးမှာ ရပ်နေတယ်။
မိုယွီရို့ဟာ စိုးရိမ်ရတယ့် အခြေနေကို ဖြတ်ကျော်ခဲ့ရတာကြောင့် မျက်နှာဟာ ဖြူဖျော့နေတယ်။
"ရေ...ရေ''
သူမငိုသံ ကြားတဲ့ခါမှာ သူမလက်ထောက်ဟာ ရေတစ်ခွက် အမြန် ကမ်းပေးလိုက်တယ်
"ဂရုစိုက်''
မိုယွီရို့ရဲ့ စိတ်က နောက်ဆူံးတော့ ကြည်လင်သွားပြီ..
သူမက ဆေးရုံ မျက်နှာကျက်ကို ငေးရင်း မေးလိုက်တယ်
"အကိုယွီ ဆုပေးပွဲ ပြီးသွားပြီလား''
"ပြီးသွားပြီ.. အများကြီး မတွေးဘဲ ကောင်းကောင်း အနားယူပါ ''
သူမ လက်ထောက်ဟာ သူမဂရုစိုက်ဖို့ ဖျောင်းဖျ ပြောဆိုတယ်။
"ထျန်းနင် ...''
မိုယွီရို့က မျက်ရည်တွေ စီးကျရင်း ပြုံးလိုက်တယ်
"ထျန်းနင် နိုင်သွားတာလား''
"ယွီရို့ ဒီလိုဖြစ်မနေပါနဲ့ ငါ ဥက္ကဋ္ဌဟန်ကို သွားရှာလိုက်မယ်။''
"မလိုဘူး သူငါ့ကို တွေ့ဖို့ လာမယ်လို့ နင်ထင်နေတာလား ''
မိုယွီရို့က သူ့လက်ထောက်ရဲ့ လက်မောင်းကို ကိုင်ပြီး ပြောလိုက်တယ်။
"သူနဲ့ မစ္စတာလီနဲ့တူတူပဲ... သူတို့က ကစားနေကြတာ။''
"အဲထျန်းနင်က အရှက်မဲ့လိုက်တာ...ငါ သူမ အဲဆုရဖို့ ဘာနည်းလမ်းသုံးလိုက်လည်း မသိဘူး''
အဲစကားတွေ မိုယွီရော့ ကြားတဲ့ခါမှာ ထျန်းနင် ဆုရခဲ့တာကို သူမ မယုံနိုင်ဘူး။
သူမစိတ်က မတည်မငြိမ် ဖြစ်လာတယ်
"ဆုလား... ဟားဟား ..ဆုပေါ့လေ''
"ကမ္ဘာကြီးက တော်တော် မတရားတာပဲ.... ငါ့ကိုပဲ အပြစ်ဖို့နေတယ်.. ငါ့တစ်ယောက်တည်းပဲ စိတ်မသက်မသာတော့ မခံစားနိုင်ဘူး''
စကားပြောပြီးသည့်နောက် မိုယွီရို့က သူမဖုန်းကို ညွှန်ပြလိုက်ပြီး ပြောလိုက်တယ်
" အကိုယွီ ငါ့ဖုန်းထဲမှာ ဓာတ်ပုံတစ်ပုံရှိတယ်.. အဲဒါက ဟန်ယွီဖန်နဲ့ မစ္စတာလီကြားက သဘောတူညီချက်ပဲ.. အဲဒါတင်ဖို့
အဲဒါတင်ဖို့ ကူညီပါ.. လီယုဟာ ဒိုင်တွေကို သူမတွက် လာဘ်ထိုးခဲ့တာကြောင့် သူမဆုရတဲ့ အကြောင်းပေါ့ ''
"ငါ ပျက်စီးသွားပြီ.. ...ငါတို့တူတူ ပျက်စီးကြတာပေါ့...''
***
Bạn đang đọc truyện trên: ZingTruyen.Xyz