ZingTruyen.Xyz

EX-pect

အပိုင်း ၂

HsuChiKo365

UNICODE

--------------------------------------------------------------------------------------------------------------------------------

အပိုင်း(၂)
CHAN'S POV:

မျက်မှန်သမားတွေမို့ ရှေ့ဆုံးခုံတွင်ထိုင်နေရသော ကျွန်တော်နဲ့ ကောင်းဆက်စံနား အတူတူလာထိုင်နေသောကျောင်းသားသစ်။ အုတ်နရံနဲ့ကပ်နေသော ထောင့်စွန်းတွင် ကျောင်းစတက်တဲ့နေ့တည်းက ရောက်တာနဲ့ခေါင်းမှောက်အိပ်နေတတ်လို့ ကျောင်းပြောင်းလာတာ တစ်ပတ်ရှိနေပေမယ့် သူ့နာမည် ပိုင်သုတဆိုတာကလွဲရင်
သူ့မျက်နှာပင် ကျွန်တော်သေချာ မကြည့်ရသေး။ မန္တလေးက ပြောင်းလာတယ်ဆိုလားပဲ။ ကျွန်တော်တို့
မြန်မာနိုင်ငံက ကျောင်းတွေက ကိုရီးယားကားတွေထဲကဆို ကျောင်းသားသစ်ကို မိတ်ဆက်တာတွေ ဘာတွေ
လည်း မရှိတော့ သူက နေရာသစ်မှာ အသားမကျသေးတာလားပဲ? မဟုတ်တော့ မဟုတ်လောက်ဘူး။
သူကိုယ်တိုင်ဒီပတ်ဝန်းကျင်နဲ့ ဝင်မဆန့်ချင်တာဖြစ်မယ်။ သုံးယောက်ထိုင်ရ၍ အရင်ကောင်းဆက်စံကအလယ်မှာ
ထိုင်နေကျကို သူရောက်လာတော့မှသူ့ကိုကြောက်လို့ဟု ဆိုကာ ကျွန်တော့်ကိုအလယ်သို့ပို့၏။ ကျွန်တော်ကရော
သူ့ကြောက်လား။ အများရှေ့ဆိုရင်တော့ ဟန်ဆောင်ကောင်းစွာ ခေါင်းခါနေတာမှန်ပေမဲ့ အသက်၁၂နှစ်အရွယ်
၆တန်းကျောင်းသားလို့ပင်ယုံချင်စရာမရှိသော သူ့အရပ်အမောင်းကြီးက ၁၀တန်း အစ်ကိုကြီးတွေနဲ့မတိမ်းမယိမ်း
ရယ်မို့ နည်းနည်းတော့ ရှိန်တယ်။ မနက်ကျောင်းကို စောစောရောက်တတ်တဲ့ ကျွန်တော့်ထက်ပင်အရင်စော
ရောက်နေတတ်တဲ့ သူ့ဝီရိယကိုမှီဖို့ ကျွန်တော်ကြိုးစားကြည့်သော်ငှား ကွာခြားနေသော သူ့အရပ်လိုပင်ကျွန်တော်
လိုက်မမီ။ သံသယတောင်ဖြစ်မိတယ်။ သူ ဒီအခန်းထဲမှာများ ညအိပ်လေသလား။ ဘယ်လိုကနေဘယ်လို အေ
ခန်းရောက်လာလဲမသိပေမဲ့ ခုချိန်ထိတော့ သူစာတစ်လုံးမှ လိုက်မရေးသေး။ ဆရာမတွေဝင်လာရင်
ထနှုတ်ဆက်တယ်။ ပြီးရင် စာရှင်းပြရင်းမျက်နှာသေနဲ့ နားထောင်တယ်။ စာအုပ်ထပ်ဆိုလည်း မထပ်ဘူး။
ဆရာမတွေကလည်းဘာလို့လဲ မသိ။ သူ့ကိုဆို မရိုက်ဘူး။ အရိုက်ကြမ်းလွန်း၍အားလုံးကြောက်ရသော
သချာၤဆရာမသည်ပင်လျှင်သူ့ကို ဘေးမဲ့ပေးထား၏။ ဘာကောင်လဲမသိ။ ကျောင်းလာပြီး လာအိပ်နေတယ်။
ဇိုးလိုလိုဘာလိုလိုနဲ့။ ကျွန်တော်ကတော့ နည်းနည်းမှကြည့်မရတာ။
ကျွန်တော်က သူငယ်ချင်းဆို ရွေးပေါင်းတတ်တာ ။ ဒါကို မားတောင် သင်ပေးစရာမလိုဘူး။ ခုပေါင်းတဲ့
ကောင်းဆက်စံဆို စာတော်တယ်။ ကျွန်တော့်ကိုလည်းအနိုင်ကျင့်ဖို့ နေနေသာသာ သူ့တောင်
နောက်ခန်းကကောင်တွေက အနိုင်ကျင့်နေကြလို့ ကျွန်တော်ကပဲကာကွယ်ပေးနေရတာ။
ကျွန်တော်လည်း ပြောမယ်ဆို အကောင်ကြီးထဲမပါပေမဲ့ အနေတည်တဲ့ ကျွန်တော့်ကို
တော့ရှိန်ကြတယ်။ ဆရာမတွေရဲ့ အချစ်တော်ဆိုတဲ့ဂုဏ်တွေကြောင့်လည်း ပါမယ်ထင်တယ်။
တက်နေရတာ ယောကျာ်းလေးကျောင်းမို့ မိန်းကလေးမရှိတိုင်း ကျွန်တော်တို့လိုပုံစံဆို သူတို့တွေက
ရိတိတိနဲ့ ကျွန်တော့်ရုပ်က မား နဲ့သာ ချွတ်စွတ်တူချင်တူနေမယ်။ စိတ်ကတော့ တောတွေတောင်တွေထဲ
ဆည်ဆောက်နေတဲ့ ကျွန်တော့်ဖေဖေလို တုံးတိုက်တိုက်ကျားကိုက်ကိုက်ပဲ။ ဘေးနားအိပ်နေတဲ့ကောင်ကိုလည်း
ကြည့်နေတယ်။ မပြောသေးဘူး။ ဟိုနေ့က အတန်းပိုင်ကို သူနဲ့မထိုင်ချင်ဘူး သွားပြောတော့...
"သားရယ် ထားလိုက်ပါ။ သူက ထင်သလောက်မဆိုးပါဘူး" တဲ့။
ကျွန်တော် ဒီကောင့်ကို စောင့်ကြည့်နေတယ်။ တစ်ခုခုဆိုလို့ကတော့ နောက်ဆုံးခန်းရောက်သွားအောင်ပို့ပစ်မယ်
ချန်းငြိမ်းအောင်တဲ့ ။ မလုပ်ရင် မလုပ်ဘူး။ လုပ်ရင်တစ်ဆုံးပဲ။

THANK YOU ALL

ZAWGYI

--------------------------------------------------------------------------------------------------------------------------------

အပိုင္း(၂)
CHAN'S POV:

မ်က္မွန္သမားေတြမို႔ ေရွ႕ဆံုးခံုတြင္ထိုင္ေနရေသာ ကြ်န္ေတာ္နဲ႔ ေကာင္းဆက္စံနား အတူတူလာထိုင္ေနေသာ
ေက်ာင္းသားသစ္။ အုတ္နရံနဲ႔ကပ္ေနေသာ ေထာင့္စြန္းတြင္ ေက်ာင္းစတက္တဲ့ေန႔တည္းက ေရာက္တာနဲ႔
ေခါင္းေမွာက္အိပ္ေနတတ္လို႔ ေက်ာင္းေျပာင္းလာတာ တစ္ပတ္ရွိေနေပမယ့္ သူ႔နာမည္ ပိုင္သုတဆိုတာကလြဲရင္
သူ႔မ်က္ႏွာပင္ ကြ်န္ေတာ္ေသခ်ာ မႀကည့္ရေသး။ မႏၱေလးက ေျပာင္းလာတယ္ဆိုလားပဲ။ ကြ်န္ေတာ္တို႔
ျမန္မာႏိုင္ငံက ေက်ာင္းေတြက ကိုရီးယားကားေတြထဲကဆို ေက်ာင္းသားသစ္ကို မိတ္ဆက္တာေတြ ဘာေတြ
လည္း မရွိေတာ့ သူက ေနရာသစ္မွာ အသားမက်ေသးတာလားပဲ? မဟုတ္ေတာ့ မဟုတ္ေလာက္ဘူး။
သူကိုယ္တိုင္ဒီပတ္ဝန္းက်င္နဲ႔ ဝင္မဆန္႔ခ်င္တာျဖစ္မယ္။ သံုးေယာက္ထိုင္ရ၍ အရင္ေကာင္းဆက္စံကအလယ္မွာ
ထိုင္ေနက်ကို သူေရာက္လာေတာ့မွသူ႔ကိုေႀကာက္လို႔ဟု ဆိုကာ ကြ်န္ေတာ့္ကိုအလယ္သို႔ပို႔၏။ ကြ်န္ေတာ္ကေရာ
သူ႔ေႀကာက္လား။ အမ်ားေရွ႕ဆိုရင္ေတာ့ ဟန္ေဆာင္ေကာင္းစြာ ေခါင္းခါေနတာမွန္ေပမဲ့ အသက္၁၂ႏွစ္အရြယ္
၆တန္းေက်ာင္းသားလို႔ပင္ယံုခ်င္စရာမရွိေသာ သူ႔အရပ္အေမာင္းႀကီးက ၁၀တန္း အစ္ကိုႀကီးေတြနဲ႔မတိမ္းမယိမ္း
ရယ္မို႔ နည္းနည္းေတာ့ ရွိန္တယ္။ မနက္ေက်ာင္းကို ေစာေစာေရာက္တတ္တဲ့ ကြ်န္ေတာ့္ထက္ပင္အရင္ေစာ
ေရာက္ေနတတ္တဲ့ သူ႔ဝီရိယကိုမွီဖို႔ ကြ်န္ေတာ္ႀကိဳးစားႀကည့္ေသာ္ငွား ကြာျခားေနေသာ သူ႔အရပ္လိုပင္ကြ်န္ေတာ္္
လိုက္မမီ။ သံသယေတာင္ျဖစ္မိတယ္။ သူ ဒီအခန္းထဲမွာမ်ား ညအိပ္ေလသလား။ ဘယ္လိုကေနဘယ္လို ေအ
ခန္းေရာက္လာလဲမသိေပမဲ့ ခုခ်ိန္ထိေတာ့ သူစာတစ္လံုးမွ လိုက္မေရးေသး။ ဆရာမေတြဝင္လာရင္
ထႏႈတ္ဆက္တယ္။ ျပီးရင္ စာရွင္းျပရင္းမ်က္ႏွာေသနဲ႔ နားေထာင္တယ္။ စာအုပ္ထပ္ဆိုလည္း မထပ္ဘူး။
ဆရာမေတြကလည္းဘာလို႔လဲ မသိ။ သူ႔ကိုဆို မရိုက္ဘူး။ အရိုက္ႀကမ္းလြန္း၍အားလံုးေႀကာက္ရေသာ
သခ်ာၤဆရာမသည္ပင္လ်ွင္သူ႔ကို ေဘးမဲ့ေပးထား၏။ ဘာေကာင္လဲမသိ။ ေက်ာင္းလာျပီး လာအိပ္ေနတယ္။
ဇိုးလိုိလိုဘာလိုလိုနဲ႕။ ကြ်န္ေတာ္ကေတာ့ နည္းနည္းမွႀကည့္မရတာ။
ကြ်န္ေတာ္က သူငယ္ခ်င္းဆို ေရြးေပါင္းတတ္တာ ။ ဒါကို မားေတာင္ သင္ေပးစရာမလိုဘူး။ ခုေပါင္းတဲ့
ေကာင္းဆက္စံဆို စာေတာ္တယ္။ ကြ်န္ေတာ့္ကိုလည္းအႏိုင္က်င့္ဖို႔ ေနေနသာသာ သူ႔ေတာင္
ေနာက္ခန္းကေကာင္ေတြက အႏိုင္က်င့္ေနႀကလို႔ ကြ်န္ေတာ္ကပဲကာကြယ္ေပးေနရတာ။
ကြ်န္ေတာ္လည္း ေျပာမယ္ဆို အေကာင္ႀကီးထဲမပါေပမဲ့ အေနတည္တဲ့ ကြ်န္ေတာ့္ကို
ေတာ့ရွိန္ႀကတယ္။ ဆရာမေတြရဲ႕ အခ်စ္ေတာ္ဆိုတဲ့ဂုဏ္ေတြေႀကာင့္လည္း ပါမယ္ထင္တယ္။
တက္ေနရတာ ေယာက်ာ္းေလးေက်ာင္းမို႔ မိန္းကေလးမရွိတိုင္း ကြ်န္ေတာ္တို႔လိုပံုစံဆို သူတို႔ေတြက
ရိတိတိနဲ႔ ကြ်န္ေတာ့္ရုပ္က မား နဲ႔သာ ခြ်တ္စြတ္တူခ်င္တူေနမယ္။ စိတ္ကေတာ့ ေတာေတြေတာင္ေတြထဲ
ဆည္ေဆာက္ေနတဲ့ ကြ်န္ေတာ့္ေဖေဖလို တုံးတိုက္တိုက္က်ားကိုက္ကိုက္ပဲ။ ေဘးနားအိပ္ေနတဲ့ေကာင္ကိုလည္း
ႀကည့္ေနတယ္။ မေျပာေသးဘူး။ ဟိုေန႔က အတန္းပိုင္ကို သူနဲ႔မထိုင္ခ်င္ဘူး သြားေျပာေတာ့...
"သားရယ္ ထားလိုက္ပါ။ သူက ထင္သေလာက္မဆိုးပါဘူး" တဲ့။
ကြ်န္ေတာ္ ဒီေကာင့္ကို ေစာင့္ႀကည့္ေနတယ္။ တစ္ခုခုဆိုလို႔ကေတာ့ ေနာက္ဆံုးခန္းေရာက္သြားေအာင္ပို႔ပစ္မယ္
ခ်န္းျငိမ္းေအာင္တဲ့ ။ မလုပ္ရင္ မလုပ္ဘူး။ လုပ္ရင္တစ္ဆံုးပဲ။

Bạn đang đọc truyện trên: ZingTruyen.Xyz