အပိုင်း ၁
UNICODE VERSION
--------------------------------------------------------------------------------------------------------------------------------
အပိုင်း(၁)
ကျွန်တော့်ဘဝ အသက်နဲ့ မလိုက်သော ကံကြမ္မာကို မည်သူရေးဆွဲထားပါသနည်း။
ဤလောကထဲ စတင်ဝင်ရောက်ချိန်တွင် ကျွန်တော့် မေမေသည်အသက်အားဖြင့် ၁၈နှစ်စွန်းစွန်းသာ
ရှိသေးသည်ဟု ကြီးကြီးမေ၏ အပြောအရ သိခဲ့ရသည်။ အရွယ်မတိုင်ခင်ကိုယ်ဝန်ဆောင်ခဲ့ရရှာသော
မိခင်တစ်ဦး၏ ရင်သွေးဖြစ်တဲ့ ကျွန်တော်သည်လည်း နို့ရည်အာဟာရဓာတ်ကို အဟိတ်တိရစ္ဆာန်ဖြစ်သော
နွားကလေးများဆီမှ လုယူသောက်သုံးခဲ့ရသည် တဲ့။
အတိုးအရင်းပေါင်းခြင်း၏ ညီမျှခြင်းတစ်ဖက်တွင်ရှိနေသော ဖေဖေ့မဟေသီကျွန်တော့်မေမေသည် ဖေဖေ့ကြောင့်
သာလျှင် ကျွန်တော်ဖြစ်တည်လာ၍ ကျွန်တော့်ငိုသံသည် သူ့အနာဂတ်တံခါးများကို ပိတ်ပစ်နေခဲ့သည်ဟူသော
စွဲချက်ဖြင့်ကျွန်တော့်ကို လျစ်လျူရှုခဲ့သည်ဟု ကြီးကြီးမေက ကျွန်တော့်ကို သနားကြီးလွန်းသလိုဟန်ဖြင့်
သွားလေသူယောင်းမကို အားမနာတမ်း ဝေဖန်ခဲ့သည်။
ကျွန်တော်လူဖြစ်ခင်နဲ့ လူမှန်းမသိခင်က ကိစ္စတွေဖြစ်၍ ကျွန်တော်မယုံပါဘူး။ ကျွန်တော်သိတတ်ချိန်ရောက်တော့
ကျွန်တော့်မှာ မိုးစက်လေးတွေကြည်လင်လှတဲ့ မိုးဝသာန်ဦးဆိုတဲ့ ချစ်စရာညီမလေးတစ်ယောက် ရှိနေခဲ့ပြီ။
မေမေနဲ့တူတဲ့ ညီမလေးကိုတော့ မေမေချစ်တာတွေ့ခဲ့ရ၍ မေမေ ကျွန်တော့်ကို မချစ်ခဲ့ဘူးဆိုတာကို
မယုံနိုင်တာ။
နို့ချိုမတိုက်ကျွေးခဲ့ဘူးဆိုတာကလည်း ယုံတမ်းပုံပြင်သာသာပါ။ ဘာလို့ ဒီလိုပြောနေနိုင်နေတာလဲ။
အဖြေက ရိုးသည်။ နို့ကောင်းကောင်းမသောက်ခဲ့ရလို့ သေးကွေးပီလှီနေတဲ့ ကလေးလေးတွေကို
မြဝတီ TVကနေကျွန်တော်တွေ့ဖူး၏။ ကျွန်တော်က သူတို့နဲ့မှမတူတာ မှ နည်းနည်းမှကိုမတူတာ။
အသက်၈နှစ်အရွယ်မှာတင် ကျွန်တော့်ကဖေ့ဖေ့ခါးကိုမှီတော့မယ့်အရပ်အမောင်းနဲ့လေ။ နောက်ပြီး
နန်းရှေ့ရပ်ကွက်ထဲ ရေကုန်ရေခမ်း ၊ မီးကုန်ယမ်းကုန် ကျွန်တော် ဆော့နိုင်သည်။ ဆော့နေရင်းများ
လာမငြင်းလေနဲ့ပါးစပ်ကပြောမနေဘူး။ လက်နဲ့ပဲအီလဆံဝေအောင် တီးပေးလိုက်တာ။ ဟုတ်တယ် ။
ပြိုင်အော်ဟစ်ငြင်းနေရတာနဲ့တင် ဆော့ချိန်ပုပ်တယ်။ တစ်ချက်တည်းတီးပေးလိုက်အေးရော။
ငြင်းတဲ့ကောင်လည်း ငိုယိုပြီး အိမ်ပြန်သွား။ ကျန်ခဲ့တဲ့ ကျွန်တော်တို့က အေးအေးဆေးဆေး
ဆက်ကစားပေါ့...နောက်ဆက်တွဲပြဿနာတော့ နည်းနည်းရှိတယ်။ လုပ်လိုက်တာ နည်းနည်းခြေရာလက်ရာပါ
သွားရင် ငြင်းတဲ့ကောင်ရဲ့အမေက ကျွန်တော့်အိမ်ကို မိမဆုံးမဖမဆုံးမလေးဆိုပြီးလာဆူတတ်တယ်။
အဲ့လိုလာပြောလာရင် ကျွန်တော်မနာဘူး။ သူပြောနေတာလည်း အမှန်တွေပဲလေ...
ကျွန်တော့်မှာ မေမေမှ မရှိတော့တာ။ မေမေကကျွန်တော်နဲ့ ညီမလေးကိုထားသွားပြီး နောက်ဘဝမှာ ကလေးလေး
ပြန်ဖြစ်နေလောက်ပြီ။ ဖေဖေဆိုတာကလည်း နယ်စပ်နဲ့သူ့ပွဲရုံတွေကိုပဲ ရောက်နေတတ်တာ။ မိကောဖကော
'မ' ဆုံးမနိုင်တာမှန်နေတာပဲလေ ။ ထူးဆန်းတာက ဒါကိုကြီးကြီးမေကတော့နာတယ်။ အဲ့ပြောတဲ့ ငြင်းတဲ့ကောင်ရဲ့
အမေကို ခွန်းကြီးခွန်းငယ်နဲ့ကို ပြန်တုံ့ပြန်တတ်တယ်။ အဲ့အချိန်ဆို ညီမလေးကကြောက်ပြီးငိုပါရော။
အမြင်မတော် ကျွန်တော်က ဝင်တားရတယ်။ ညီမလေးက မွေးကတည်းက နှလုံးမှာ အပေါက်
တစ်ပေါက်ပါနေတာရယ်။ ငိုလို့ယိုလို့မရဘူး။ ပြီးတော့ အသက်ကလေးမှ ငယ်ငယ်လေးရှိသေး မျက်မှန်ပါဝါက
တစ်ဖက်၁၅၀ကျော်နေပြီ။ ငိုရင်မျက်လုံးတွေနာမှာပေါ့။ ကျွန်တော့်ညီမလေးကအမြဲဆူပူနေတတ်တဲ့
ကြီးမေကြီးလိုမဟုတ်ဘူး။ နုနုငယ်ငယ်လေး။ စကားလည်း နည်းတယ်။ ခဏခဏနေမကောင်းဖြစ်နေတတ်လို့
ကျွန်တော့်လို နေပူပူထဲလည်းမဆော့နိုင်ရှာဘူး။ ကျွန်တော်ကသူနဲ့အတူ ဆော့ပေးဖို့ ကျတော့လည်းသူ့အရုပ်မ
ပိန်သေးသေးတွေကိုကျွန်တော်မှ ဘာမှမလုပ်ပေးတတ်တာ။ ညီမလေးက ဆော့တာက နည်းနည်း
အရုပ်မကိုအကျီ ၤတွေလဲပေးတာ ခဏခဏ။
ကျွန်တော့်ရှေ့လည်း သူ့ပိန်သေးမတွေကို ချွတ်တာပဲ။ ကိုယ်တုံးလုံးတွေဖြစ်နေတဲ့အရုပ်မတွေကို ကျွန်တော်
မကြည့်ရဲပါဘူးဗျာ။ သူ့မှာလည်း ဒါပဲဆော့စရာရှိတာကိုး။ အိုးပုတ်တော့ တစ်ခါ ဝိုင်းကစားပေးဖူးတယ်။
ကျွန်တော်ကိုင်တာ ကြမ်းလို့ သူ့မြေသားဒယ်အိုးလေး ကွဲသွားလို့ငိုတာဆိုတာ ကျွက်ကျွက်ညံသွားရော။
ကြီးမေကလည်း ဘယ်တုန်းတည်းက လုပ်ချင်နေမှန်းမသိ အကွက်လည်းဆိုက်ရော ကျွန်တော့် ခေါင်းကို
ခေါက်ထည့်လိုက်တာ ဂွတ်ခနဲပဲ။ မြေအိုးကွဲသွားတုန်းက အသံထက်တောင်ကျယ်သေး။ အဲ့တည်းက
မကစားပေးတော့ဘူး။ ညီမလေးလည်း သူ့အာရုံနဲ့သူ ပိန်သေးမတွေနဲ့ လွှတ်ပေးထားလိုက်တယ်။ငြိမ်ငြိမ်လေးသာ
ထိုင်ဆော့နေတော့ပဲ။ အိမ်ပေါ်ထပ်ကနေအောက်ဆင်းရင်တောင် မောနေတတ်တဲ့ ညီမလေးကို ဘဘငြိမ်းက
ကျောင်းလိုက်ပို့ရင် ကျောင်းပေါက်ဝကနေ သူ့အခန်းထဲထိ ကုန်းပိုးပို့ရတာ။ ခုနှစ်တော့
ကျွန်တော်လည်း ညီမလေးကိုနိုင်နေပြီမို့ ကျွန်တော်ကိုယ်တိုင်ပဲ ကုန်းပိုးပို့တယ်။ တစ်နှစ်ပဲ ကွာပေမယ့်
ညီမလေးက သေးသေးလေးရယ်။ ကျွန်တော်ကောင်းကောင်းနိုင်တယ်သူ့ကိုယ်ပေါ့ပေါ့လေးကို။
ကျွန်တော်အသက်ကြီးလာရင်တော့ ဆရာဝန်လုပ်မယ်လို့ ဆုံးဖြတ်ထားတယ်။ ကျွန်တော်ပဲ
ညီမလေးကို စောင့်ရှောက်ရမှာ။ ကြီးမေကအားနေ နင်တို့မောင်နှမနှစ်ယောက်ကို ငါထားခဲ့တော့မှာ။
စစ်ကိုင်းချောင်မှာ သွားနေတော့မှာ ဆိုပြီးအော် အော်နေတာ။
အမှန်တော့ ကျွန်တော်က သိပ်ဆိုးတဲ့ အထဲမပါပါဘူး။ ပျင်းလို့ လမ်းထဲထွက်ဆော့ရုံလေးပါ။
စာလည်းမညံ့ပါဘူးရယ်။ ခုသုံးတန်းရောက်နေပြီ။ နှစ်တိုင်းပထမရလို့ ဆရာမကြီးကတောင်ကျွန်တော့်ရဲ့ ပိုင်သုတ
ဆိုတဲ့နာမည်ကို အလွတ်ရနေပြီ။ တွေ့တာနဲ့တွေ့တဲ့နေရာမှာ နှုတ်ဆက်တာ။ စာမကျက်ဘဲ အတန်းထဲ
စာအညံ့ဆုံးဖြစ်နေလည်းထားတော့။ ခုဟာက ဆရာမတွေချီးကျူးရင်ကျွန်တော်နဲ့တူတူ ဆုပေးပွဲတွေလိုက်ရင်
တော့ ကျွန်မသားလေးလေဘာညာဆိုပြီး အိမ်မှာဆိုရင်တော့ အမြဲဆူပူနေတာ။ သားလို့ခေါ်ဖို့ မပြောနဲ့။
ရှေးရှေး နန်းထဲက ငယ်ကျွန်ကြီးတွေကို ခေါ်သလို နာမည်ရှေ့ "င" တတ်ခေါ်တာ ငပိုင် ဆိုပြီး။
ဖေဖေရှေ့တစ်ခါခေါ်မိလို့ ဖေဖေစိတ်ဆိုးပြီးသွားတာတောင်ဖေဖေ့ကွယ်ရာ ခေါ်တာပဲ။
ဒါကိုကျွန်တော်လည်း မကြိုက်ပေမဲ့ ဖေဖေ့ကိုပြန် မတိုင်ချင်ဘူး။
ဘာပဲဖြစ်ဖြစ် ကြီးမေရှိလို့ ညီမလေးနဲ့ကျွန်တော် ထမင်းပုံမှန်စားနေရတာပေါ့။ ညီမလေးအတွက်လည်း
ကြီးမေကိုလိုအပ်တာပဲလေ။ ကျွန်တော့်ကြည့်မရလို့လည်း ဘာမှမဖြစ်ပါဘူး။ အဓိက က ညီမလေးကို
စောင့်ရှောက်ပေးရင် တော်ပါပြီ။ ကျွန်တော်အသက်မြန်မြန်ကြီးချင်တယ်။ ဒါမှ ညီမလေးကို ဂရုစိုက်ပေးနိုင်မှာ။
THANK YOU ALL
ZAWGYI
--------------------------------------------------------------------------------------------------------------------------------
UNICODE VERSION
--------------------------------------------------------------------------------------------------------------------------------
အပိုင္း(၁)
ကြၽန္ေတာ့္ဘဝ အသက္နဲ႔ မလိုက္ေသာ ကံၾကမၼာကို မည္သူေရးဆြဲထားပါသနည္း။
ဤေလာကထဲ စတင္ဝင္ေရာက္ခ်ိန္တြင္ ကြၽန္ေတာ့္ ေမေမသည္အသက္အားျဖင့္ ၁၈ႏွစ္စြန္းစြန္းသာ
ရွိေသးသည္ဟု ႀကီးႀကီးေမ၏ အေျပာအရ သိခဲ့ရသည္။ အ႐ြယ္မတိုင္ခင္ကိုယ္ဝန္ေဆာင္ခဲ့ရရွာေသာ
မိခင္တစ္ဦး၏ ရင္ေသြးျဖစ္တဲ့ ကြၽန္ေတာ္သည္လည္း ႏို႔ရည္အာဟာရဓာတ္ကို အဟိတ္တိရစာၦန္ျဖစ္ေသာ
ႏြားကေလးမ်ားဆီမွ လုယူေသာက္သုံးခဲ့ရသည္ တဲ့။
အတိုးအရင္းေပါင္းျခင္း၏ ညီမွ်ျခင္းတစ္ဖက္တြင္ရွိေနေသာ ေဖေဖ့မေဟသီကြၽန္ေတာ့္ေမေမသည္ ေဖေဖ့ေၾကာင့္
သာလွ်င္ ကြၽန္ေတာ္ျဖစ္တည္လာ၍ ကြၽန္ေတာ့္ငိုသံသည္ သူ႔အနာဂတ္တံခါးမ်ားကို ပိတ္ပစ္ေနခဲ့သည္ဟူေသာ
စြဲခ်က္ျဖင့္ကြၽန္ေတာ့္ကို လ်စ္လ်ဴရႈခဲ့သည္ဟု ႀကီးႀကီးေမက ကြၽန္ေတာ့္ကို သနားႀကီးလြန္းသလိုဟန္ျဖင့္
သြားေလသူေယာင္းမကို အားမနာတမ္း ေဝဖန္ခဲ့သည္။
ကြၽန္ေတာ္လူျဖစ္ခင္နဲ႔ လူမွန္းမသိခင္က ကိစၥေတြျဖစ္၍ ကြၽန္ေတာ္မယုံပါဘူး။ ကြၽန္ေတာ္သိတတ္ခ်ိန္ေရာက္ေတာ့
ကြၽန္ေတာ့္မွာ မိုးစက္ေလးေတြၾကည္လင္လွတဲ့ မိုးဝသာန္ဦးဆိုတဲ့ ခ်စ္စရာညီမေလးတစ္ေယာက္ ရွိေနခဲ့ၿပီ။
ေမေမနဲ႔တူတဲ့ ညီမေလးကိုေတာ့ ေမေမခ်စ္တာေတြ႕ခဲ့ရ၍ ေမေမ ကြၽန္ေတာ့္ကို မခ်စ္ခဲ့ဘူးဆိုတာကို
မယုံႏိုင္တာ။
ႏို႔ခ်ိဳမတိုက္ေကြၽးခဲ့ဘူးဆိုတာကလည္း ယုံတမ္းပုံျပင္သာသာပါ။ ဘာလို႔ ဒီလိုေျပာေနႏိုင္ေနတာလဲ။
အေျဖက ႐ိုးသည္။ ႏို႔ေကာင္းေကာင္းမေသာက္ခဲ့ရလို႔ ေသးေကြးပီလွီေနတဲ့ ကေလးေလးေတြကို
ျမဝတီ TVကေနကြၽန္ေတာ္ေတြ႕ဖူး၏။ ကြၽန္ေတာ္က သူတို႔နဲ႔မွမတူတာ မွ နည္းနည္းမွကိုမတူတာ။
အသက္၈ႏွစ္အ႐ြယ္မွာတင္ ကြၽန္ေတာ့္ကေဖ့ေဖ့ခါးကိုမွီေတာ့မယ့္အရပ္အေမာင္းနဲ႔ေလ။ ေနာက္ၿပီး
နန္းေရွ႕ရပ္ကြက္ထဲ ေရကုန္ေရခမ္း ၊ မီးကုန္ယမ္းကုန္ ကြၽန္ေတာ္ ေဆာ့ႏိုင္သည္။ ေဆာ့ေနရင္းမ်ား
လာမျငင္းေလနဲ႔ပါးစပ္ကေျပာမေနဘူး။ လက္နဲ႔ပဲအီလဆံေဝေအာင္ တီးေပးလိုက္တာ။ ဟုတ္တယ္ ။
ၿပိဳင္ေအာ္ဟစ္ျငင္းေနရတာနဲ႔တင္ ေဆာ့ခ်ိန္ပုပ္တယ္။ တစ္ခ်က္တည္းတီးေပးလိုက္ေအးေရာ။
ျငင္းတဲ့ေကာင္လည္း ငိုယိုၿပီး အိမ္ျပန္သြား။ က်န္ခဲ့တဲ့ ကြၽန္ေတာ္တို႔က ေအးေအးေဆးေဆး
ဆက္ကစားေပါ့...ေနာက္ဆက္တြဲျပႆနာေတာ့ နည္းနည္းရွိတယ္။ လုပ္လိုက္တာ နည္းနည္းေျခရာလက္ရာပါ
သြားရင္ ျငင္းတဲ့ေကာင္ရဲ႕အေမက ကြၽန္ေတာ့္အိမ္ကို မိမဆုံးမဖမဆုံးမေလးဆိုၿပီးလာဆူတတ္တယ္။
အဲ့လိုလာေျပာလာရင္ ကြၽန္ေတာ္မနာဘူး။ သူေျပာေနတာလည္း အမွန္ေတြပဲေလ...
ကြၽန္ေတာ့္မွာ ေမေမမွ မရွိေတာ့တာ။ ေမေမကကြၽန္ေတာ္နဲ႔ ညီမေလးကိုထားသြားၿပီး ေနာက္ဘဝမွာ ကေလးေလး
ျပန္ျဖစ္ေနေလာက္ၿပီ။ ေဖေဖဆိုတာကလည္း နယ္စပ္နဲ႔သူ႔ပြဲ႐ုံေတြကိုပဲ ေရာက္ေနတတ္တာ။ မိေကာဖေကာ
'မ' ဆုံးမႏိုင္တာမွန္ေနတာပဲေလ ။ ထူးဆန္းတာက ဒါကိုႀကီးႀကီးေမကေတာ့နာတယ္။ အဲ့ေျပာတဲ့ ျငင္းတဲ့ေကာင္ရဲ႕
အေမကို ခြန္းႀကီးခြန္းငယ္နဲ႔ကို ျပန္တုံ႔ျပန္တတ္တယ္။ အဲ့အခ်ိန္ဆို ညီမေလးကေၾကာက္ၿပီးငိုပါေရာ။
အျမင္မေတာ္ ကြၽန္ေတာ္က ဝင္တားရတယ္။ ညီမေလးက ေမြးကတည္းက ႏွလုံးမွာ အေပါက္
တစ္ေပါက္ပါေနတာရယ္။ ငိုလို႔ယိုလို႔မရဘူး။ ၿပီးေတာ့ အသက္ကေလးမွ ငယ္ငယ္ေလးရွိေသး မ်က္မွန္ပါဝါက
တစ္ဖက္၁၅၀ေက်ာ္ေနၿပီ။ ငိုရင္မ်က္လုံးေတြနာမွာေပါ့။ ကြၽန္ေတာ့္ညီမေလးကအၿမဲဆူပူေနတတ္တဲ့
ႀကီးေမႀကီးလိုမဟုတ္ဘူး။ ႏုႏုငယ္ငယ္ေလး။ စကားလည္း နည္းတယ္။ ခဏခဏေနမေကာင္းျဖစ္ေနတတ္လို႔
ကြၽန္ေတာ့္လို ေနပူပူထဲလည္းမေဆာ့ႏိုင္ရွာဘူး။ ကြၽန္ေတာ္ကသူနဲ႔အတူ ေဆာ့ေပးဖို႔ က်ေတာ့လည္းသူ႔အ႐ုပ္မ
ပိန္ေသးေသးေတြကိုကြၽန္ေတာ္မွ ဘာမွမလုပ္ေပးတတ္တာ။ ညီမေလးက ေဆာ့တာက နည္းနည္း
အ႐ုပ္မကိုအက်ီ ေတၤြလဲေပးတာ ခဏခဏ။
ကြၽန္ေတာ့္ေရွ႕လည္း သူ႔ပိန္ေသးမေတြကို ခြၽတ္တာပဲ။ ကိုယ္တုံးလုံးေတြျဖစ္ေနတဲ့အ႐ုပ္မေတြကို ကြၽန္ေတာ္
မၾကည့္ရဲပါဘူးဗ်ာ။ သူ႔မွာလည္း ဒါပဲေဆာ့စရာရွိတာကိုး။ အိုးပုတ္ေတာ့ တစ္ခါ ဝိုင္းကစားေပးဖူးတယ္။
ကြၽန္ေတာ္ကိုင္တာ ၾကမ္းလို႔ သူ႔ေျမသားဒယ္အိုးေလး ကြဲသြားလို႔ငိုတာဆိုတာ ကြၽက္ကြၽက္ညံသြားေရာ။
ႀကီးေမကလည္း ဘယ္တုန္းတည္းက လုပ္ခ်င္ေနမွန္းမသိ အကြက္လည္းဆိုက္ေရာ ကြၽန္ေတာ့္ ေခါင္းကို
ေခါက္ထည့္လိုက္တာ ဂြတ္ခနဲပဲ။ ေျမအိုးကြဲသြားတုန္းက အသံထက္ေတာင္က်ယ္ေသး။ အဲ့တည္းက
မကစားေပးေတာ့ဘူး။ ညီမေလးလည္း သူ႔အာ႐ုံနဲ႔သူ ပိန္ေသးမေတြနဲ႔ လႊတ္ေပးထားလိုက္တယ္။ၿငိမ္ၿငိမ္ေလးသာ
ထိုင္ေဆာ့ေနေတာ့ပဲ။ အိမ္ေပၚထပ္ကေနေအာက္ဆင္းရင္ေတာင္ ေမာေနတတ္တဲ့ ညီမေလးကို ဘဘၿငိမ္းက
ေက်ာင္းလိုက္ပို႔ရင္ ေက်ာင္းေပါက္ဝကေန သူ႔အခန္းထဲထိ ကုန္းပိုးပို႔ရတာ။ ခုႏွစ္ေတာ့
ကြၽန္ေတာ္လည္း ညီမေလးကိုႏိုင္ေနၿပီမို႔ ကြၽန္ေတာ္ကိုယ္တိုင္ပဲ ကုန္းပိုးပို႔တယ္။ တစ္ႏွစ္ပဲ ကြာေပမယ့္
ညီမေလးက ေသးေသးေလးရယ္။ ကြၽန္ေတာ္ေကာင္းေကာင္းႏိုင္တယ္သူ႔ကိုယ္ေပါ့ေပါ့ေလးကို။
ကြၽန္ေတာ္အသက္ႀကီးလာရင္ေတာ့ ဆရာဝန္လုပ္မယ္လို႔ ဆုံးျဖတ္ထားတယ္။ ကြၽန္ေတာ္ပဲ
ညီမေလးကို ေစာင့္ေရွာက္ရမွာ။ ႀကီးေမကအားေန နင္တို႔ေမာင္ႏွမႏွစ္ေယာက္ကို ငါထားခဲ့ေတာ့မွာ။
စစ္ကိုင္းေခ်ာင္မွာ သြားေနေတာ့မွာ ဆိုၿပီးေအာ္ ေအာ္ေနတာ။
အမွန္ေတာ့ ကြၽန္ေတာ္က သိပ္ဆိုးတဲ့ အထဲမပါပါဘူး။ ပ်င္းလို႔ လမ္းထဲထြက္ေဆာ့႐ုံေလးပါ။
စာလည္းမညံ့ပါဘူးရယ္။ ခုသုံးတန္းေရာက္ေနၿပီ။ ႏွစ္တိုင္းပထမရလို႔ ဆရာမႀကီးကေတာင္ကြၽန္ေတာ့္ရဲ႕ ပိုင္သုတ
ဆိုတဲ့နာမည္ကို အလြတ္ရေနၿပီ။ ေတြ႕တာနဲ႔ေတြ႕တဲ့ေနရာမွာ ႏႈတ္ဆက္တာ။ စာမက်က္ဘဲ အတန္းထဲ
စာအညံ့ဆုံးျဖစ္ေနလည္းထားေတာ့။ ခုဟာက ဆရာမေတြခ်ီးက်ဴးရင္ကြၽန္ေတာ္နဲ႔တူတူ ဆုေပးပြဲေတြလိုက္ရင္
ေတာ့ ကြၽန္မသားေလးေလဘာညာဆိုၿပီး အိမ္မွာဆိုရင္ေတာ့ အၿမဲဆူပူေနတာ။ သားလို႔ေခၚဖို႔ မေျပာနဲ႔။
ေရွးေရွး နန္းထဲက ငယ္ကြၽန္ႀကီးေတြကို ေခၚသလို နာမည္ေရွ႕ "င" တတ္ေခၚတာ ငပိုင္ ဆိုၿပီး။
ေဖေဖေရွ႕တစ္ခါေခၚမိလို႔ ေဖေဖစိတ္ဆိုးၿပီးသြားတာေတာင္ေဖေဖ့ကြယ္ရာ ေခၚတာပဲ။
ဒါကိုကြၽန္ေတာ္လည္း မႀကိဳက္ေပမဲ့ ေဖေဖ့ကိုျပန္ မတိုင္ခ်င္ဘူး။
ဘာပဲျဖစ္ျဖစ္ ႀကီးေမရွိလို႔ ညီမေလးနဲ႔ကြၽန္ေတာ္ ထမင္းပုံမွန္စားေနရတာေပါ့။ ညီမေလးအတြက္လည္း
ႀကီးေမကိုလိုအပ္တာပဲေလ။ ကြၽန္ေတာ့္ၾကည့္မရလို႔လည္း ဘာမွမျဖစ္ပါဘူး။ အဓိက က ညီမေလးကို
ေစာင့္ေရွာက္ေပးရင္ ေတာ္ပါၿပီ။ ကြၽန္ေတာ္အသက္ျမန္ျမန္ႀကီးခ်င္တယ္။ ဒါမွ ညီမေလးကို ဂ႐ုစိုက္ေပးႏိုင္မွာ။
THANK YOU ALL
Bạn đang đọc truyện trên: ZingTruyen.Xyz