Epi-43
မနက္က ေရာက္ေရာက္ခ်င္းမို႔ ႏွစ္ေယာက္အိပ္
ကုတင္ ျပန္႕ျပန္႕က အေထြအထူးျဖစ္မေနေပ
မယ့္ တစ္ေနကုန္လည္ပတ္ျပီး အခန္းျပန္ဝင္ခ်ိန္
ႏွစ္ေယာက္တည္းဟူေသာအသိက ဘယ္နား
ထုိင္လို႔ ထိုင္ရမွန္းမသိျဖစ္ေနေစသည္။
"ငပိုင္ ဘာျဖစ္ေနတာလဲ??တစ္ေနရာရာမွာ ထိုင္
ခ်င္ထိုင္ ေရအရင္ခ်ိဳးခ်င္သြားဝင္ခ်ိဳး..."
"မ ခ်ိဳးခ်င္ေသးဘူး"
ၿပီးၿပီေရာ ေျဖၿပီး ကုတင္ေပၚတက္သည္ႏွင့္
ဆရာသမား၏ ေအာင္ျမင္ေသာ အသံသည္
ျသဇာျပည့္ဝစြာ ထြက္လာသည္။
"ေဟ့ေကာင္ ေျခလက္အရင္သြားေဆးျပီးမွ ကုတင္ေပၚတက္..."
အသန္႔အျပန္႔ႀကိဳက္လွသူသည္ ေရခ်ိဳးဖို႔ျပင္ဆင္
သည္။ေရက်သံကို တိတ္တဆိတ္နားေထာင္ရင္း
ပီတိျပံဳးတစ္ခု လိုလိုလားလားျပံဳးမိသည္။
တံခါးပိတ္သံႏွင့္အတူ ေရစိုေနေသာ ေခါင္းကို
မ်က္ႏွာသုတ္ပုဝါ အုပ္လ်က္ထြက္လာပံုသည္
ထိန္လင္းေနေသာ မီးေရာင္ေအာက္မို႔ မ်က္ႏွာ
လႊဲလိုက္မိသည္။
ခါးတြင္ပိတ္ထားေသာ ေရခ်ိဳးခန္းသံုးသပတ္လြတ္
ေနေသာ ေနရာမ်ားသည္ မီးေရာင္ေအာက္တြင္
မို႔ ပို၍လင္းထင္းေနသလိုပဲ။
ခ်န္း က အတြင္းသားေတြလွသည္မွာငယ္ငယ္
တည္းက...တအံ့တႀသ အျမဲတမ္းေငးႀကည့္ေန
ခဲ့ရတာ။ေဖြးဆြတ္ေနတာမ်ိဳးမဟုတ္ပဲ ေသြးေရာင္
ေရးေရးလည္း ေျပးေနသျဖင့္ ပန္းႏုေရာင္သန္း
ေနတာမ်ိဳး။
"ခ်န္း..."
"ဘာလဲ"
"လာ ငါ ေခါင္းသုတ္ေပးမယ္"
"ေနစမ္းပါ။တစ္သက္လံုး ငါ့ဘာသာငါလုပ္လာ
တာ..."
တားေနေပမယ့္မရ။ လက္ထဲမွ ပုဝါကိုယူလ်က္
ေခါင္းတစ္ခုလံုးသူ႔လက္ထဲ ပါသြားသည္။
ျငင္ျငင္သာသာနဲ႔ ဖြဖြေလးသုတ္ေပးေန၏။
မတ္တပ္ရပ္လ်က္မို႔ ေညာင္းလာတာကတစ္
ေႀကာင္း ငပိုင္နဲ႔ အနီးဆံုးပူးကပ္ေနရတာကတစ္
မ်ိဳးမို႕ ကုတင္ေပၚတြင္သာ ထိုင္လိုက္ရေတာ့
့သည္။
"ျမန္ျမန္သုတ္မွာျဖင့္လည္း သုတ္ကြာ..."
သေဘာတက်ရယ္သံတိုးလ်လ်ကအရင္ထြက္လာၿပီးမွ က်ေတာ့္အစိုဓာတ္ႂကြင္းက်န္ေနရစ္ဆဲ
ျဖစ္ေသာ ဆံပင္ေတြၾကား သူ႔လက္ေခ်ာင္းေတြ
ဝင္ေရာက္လာျပန္သည္။
ျဖဴဥဥ ဂုတ္ပိုးသားတို႔ထက္ စက္နဲ႔ ရိတ္သင္ထားေသာဆံပင္ပါးလ်လ်ကေရးေတးေတးနဲ႔ စိမ္းဖန္႔ဖန္႔...ခ်န္းဂုတ္ပိုးတေလ်ာက္က ေမႊးညႇင္းႏုေလးေတြတစ္ခုခ်င္းစီက အၾကည့္မလႊဲႏိုင္ေအာင္ဖမ္းစားႏိုင္သည္။
ဂုတ္ပိုးေပၚက်ေရာက္လာေသာ ပူေႏြးမႈတစ္ခု
ေၾကာင့္ ရုတ္တရက္မို႔ဆက္ခနဲျဖစ္သြားေပမယ့္
ဒါက က်ေတာ္ခံစားနားလည္ခဲ့ဖူးေသာ အနမ္း
တစ္ခ်ိဳ႕ထဲက တစ္ခု။အသစ္အဆန္းမဟုတ္ေပမယ့္ သူ႔အနမ္းကိုပထမဆံုးထိေတြ႔ခြင့္ရေသာ ေနရာမို႔ က်ေတာ့္ရင္ခုန္သံေတြ ပံုမွန္မဟုတ္ေတာ့
အလည္တစ္ေခါက္ခဏတစ္ျဖဳတ္မဟုတ္။နစ္နစ္
နဲနဲ ဖိကပ္ေနျခင္းမို႔ က်ေတာ္ခုန္ေနလ်က္စ ရင္ကို အ႐ွိန္မသတ္ႏိုင္ေတာ့။ငါကြာ...
Signalေတြဘာေတြမျပပဲ ဝုန္းခနဲထရပ္ကာ
ကုတင္ေပၚမွ ဆင္းေတာ့
"တခ်န္း ငါ ငါ ေတာင္းပန္ပါတယ္..."
ဒါပဲပိုင္သုတဆိုတာ။သူ႔ေလာက္က်ေတာ့္
ကို မသိသူလိုလိုလုပ္ခ်င္လုပ္ေနတတ္တယ္။
ခါတေလဆိုလည္း အဲ့လို မထံုတတ္ေတးျဖစ္သြား
တတ္ေသး၏။ခုလည္းဒီအတိုင္းပဲ။
ေနာက္ကေန လိုက္၍
"တခ်န္း...ငါက အဲ့လိုမရည္ရြယ္ပါဘူး။ငါ ဒီအတိုင္း...မင္း အရမ္းလွေနလို႔"
စိတ္မ႐ွည္ေတာ့ဘူး။အဲ့ တတြက္တြက္ေျပာေန
တဲ့ ႏႈတ္ခမ္းအိအိေတြကို ပိတ္ပစ္လိုက္ခ်င္စိတ္
ငါကြာ...ထိန္းမရေတာ့သည့္အဆံုး သူ႔လည္ပင္း
ကိုဆြဲခ်ၿပီး ပိတ္မိလိုက္ေတာ့သည္။
႐ုတ္တရက္မို႔ ေၾကာင္အအျဖစ္ေနေပမယ့္ တစ္ည
တာတည္းနဲ႔ အလြန္အမင္းရင္းႏွီးကြၽမ္းဝင္သြား
ေသာ အနမ္းတို႔အား သူလည္းၾကာၾကာမစိမ္းကား
ႏိုင္။
လိႈက္လွဲစြာခရီးဦးျပန္လည္ႀကိဳဆို တံု႔ျပန္၏။အရပ္
အေမာင္းကြာဟမႈကို စိတ္ပ်က္လာ၍ ကုတင္ေပၚ
သို႔ တြန္းလွဲလိုက္ေတာ့မွပဲ အဆင္ေျပေတာ့သည္။
အံု႔မိုးေနရင္းမွ တဂိႈက္မက္မက္နဲ႔ နမ္း႐ိႈက္ေနရင္း
မွ က်ေတာ့္႐ွပ္အက်ီ ၤထဲထိ ဝင္ေရာက္လာေသာ
ခ်န္း လက္သြယ္သြြယ္ေတြ။ျပဳတ္ထြက္ၿပီးေနၿပီ
ျဖစ္ေသာ ၾကယ္သီးတစ္ခ်ိဳ႕။
"တခ်န္း...ခဏ ခဏေလး"
ပုခံုးမွေန၍ တြန္းဖယ္ရင္း တားျမစ္ေတာ့ ျပန္လည္
ငံု႔ၾကည့္လာေသာ မ်က္လံုးဝိုင္းေတြ။အားနာ၏စြာ
အၾကည့္လႊဲမိသည္။
"မနက္ျဖန္ မင္းေဆးသြားစစ္စရာ႐ွိတယ္။ဒါေၾကာင့္..."
ဘာဆိုဘာမွမေျပာျဖစ္ေသးပဲ ၾကည့္ေနခဲ့ေသာ
မ်က္ဝန္းေတြထဲက ေျပးေနေသာအရိပ္မ်ိဳးစံု။
က်ေတာ္လိုက္ဖမ္းလို႔မမိ။
"ငါ...ငါ မေပးခ်င္လို႔ မဟုတ္ဘူး"
စိတ္ထဲ႐ွိသည့္အတိုင္း တခ်န္းစိတ္မေကာင္းမျဖစ္
ေစရန္ ခပ္ျမန္ျမန္ေျဖ႐ွင္းခ်က္ထုတ္ေတာ့
"ရၿပီ ငါသိတယ္။သြား ေျခလက္သြားေဆးေတာ့
မေဆးပဲနဲ႔ ငါနဲ႔ လာမအိပ္နဲ႔..."
စိတ္ဆိုးသြားဟန္ တစ္စြန္းတစ္စမ႐ွိ။ပကတိ က်ေတာ္တို႔ ခုျဖစ္ေနတာ ဘာမွမဟုတ္သလိုဟန္
ျဖင့္ က်ေတာ့္ကိုယ္ေပၚမွဖယ္ခြာေပးသည္။
ငပိုင့္ ကိုယ္ေပၚမွ ဖယ္ခြာမိသည္ႏွင့္ မ်က္ႏွာဘယ္
နားထားရမွန္းမသိေအာင္ပူလာရသည္။ခဏေလး
အတြင္း က်ေတာ့္စိတ္ က်ေတာ္မထိန္းႏိုင္ခဲ့တာပဲ
ေရခ်ိဳးခန္းထဲဝင္သြားေတာ့မွ အသက္႐ႈဝသလို႐ွိ
လာသည္။Tshirtတစ္ထည္အျမန္ေကာက္စြပ္
ထားလိုက္ရသည္။
အနမ္းတစ္ေပြ႔တစ္ပိုက္ျဖစ္ေစဖို႔ အစပ်ိဳးခဲ့ေသာ အနမ္းတစ္စ႐ွိသည့္ ဂုတ္ပိုးကိုစမ္းၾကည့္မိရံုနဲ႔တင္ ေက်နပ္စြာျပံဳးမိေစ၏။
"မင္းအရမ္းလွလို႔"ဆိုသည့္စကားကို တျခားလူ
ေျပာပါက အဲ့ေျပာတဲ့ပါးစပ္ထဲက သြားေတြကြၽတ္
ထြက္က်လာေအာင္ ထိုးမိမွာ။
ဒီလိုေျခေနနဲ႔ ဒီညသူနဲ႔ တစ္ကုတင္တည္းဘယ္လို
စိတ္နဲ႔အိပ္ရပါ့မလဲ?ငါ့ဘာသာငါ ေနေနတာအေကာင္းကြာ။အဲ့လို ႐ိုးသားတဲ့ဖိုးသခြားပံုနဲ႔ ထူးထူး
ဆန္းဆန္းေတြ လာလုပ္မွ
ေရခ်ိဳးခန္းထဲမွ ျပန္ထြက္လာသံၾကားေပမယ့္
မွိတ္ထားသည့္ မ်က္လုးံကိုမဖြင့္မိေအာင္
ထိန္းထားလိုက္သည္။အခန္းမီး အလင္းအေမွာင္ခ်ိန္ေနျပီး လိုခ်င္သည့္ ညအိပ္မီးေရာင္အေနအထားရေတာ့မွ ကုတင္ေပၚ သူခိုးက်င့္သူခိုးၾကံပံုစံနဲ႔တက္လာသည္။
ဒီလို ဘာလုိ႔လုပ္လဲေမးၾကည့္။
"မင္းႏိုးသြားမွာဆိုးလို႔"ဟူေသာ႐ိုးသားလြန္းေသာ
ႏႈတ္ႁမြတ္စကားနဲ႔ က်ေတာ့္ကို အလဲထိုးအံုးမွာ။
ေဘးနားဝင္လွဲလိုက္သည့္ႏွင့္ ေႏြးခနဲျဖစ္သြား
ေသာ ေနာက္ဖက္ေက်ာျပင္။မေျခာက္တေျခာက္
႐ွိေနေသးေသာဆံပင္ေတြၾကားထဲတိုးဝင္လာေသာထြက္သက္ေငြ႕ေငြ႕။
"ခုနက...ငါေတာင္းပန္ပါတယ္ တခ်န္း..."
"ရပါတယ္။မင္း ေတာင္းပန္စရာလိုတဲ့ကိစၥမွ မဟုတ္ပဲ..."
"တခ်န္း..."
"ရတယ္။ငါ မင္းကို စိတ္မဆိုးပါဘူး။မနက္ျဖန္ေဆးစစ္ရမွာ ငါတစ္ေယာက္တည္းလား?ငါဆိုလို
တာ မိန္းကေလးေရာ ဒီေရာက္ေနၿပီလား"
ခ်န္းအသံတိုးတိုးတြင္ ဘာဆိုဘာမွပါမေန။ဒီအတိုင္း တျခားတစ္ေယာက္၏ သတင္းကို
ေမးျမန္းေနရံုသာ။ဒီလိုနားလည္ေပးေလ က်ေတာ္
ပို၍ အားနာရေလ။
"အင္း ေရာက္ေနၿပီ..."
"ဒီHotelမွာပဲလား..."
"မဟုတ္ဘူး။ေဆးရံုနားက Hotelမွာ..."
"တစ္ေယာက္တည္းေပါ့။သူလည္းခုခ်ိန္စိတ္လႈပ္႐ွားေနမွာပဲ။အမွန္ေတာ့ မင္း ငါ့ထက္ သူ႔ကိုပို
ဂ႐ုစိုက္ေပးသင့္တာ။သူက မိန္းကေလးၿပီးေတာ့
ငါတို႔ ကေလးကို လြယ္ေမြးေပးမယ့္ အေမပဲေလ"
"သူက သတၱိ႐ွိတဲ့ မိန္းကေလးပါ..."
"ဘယ္ေလာက္ပဲ သတၱိ႐ွိ႐ွိေပါ့ ကေလးတစ္
ေယာက္ကို ပံုမွန္မဟုတ္တဲ့နည္းနဲ႔ေမြးဖြားရမွာ
ၿပီးေတာ့ အပ်ိဳေလးမလား..."
ႏွမသားခ်င္းမ႐ွိေပမယ့္လည္း က်ေတာ္စိုးရိမ္ေန
သလို ခါးခါးသီးသီးမျဖစ္ေနသင့္အျပင္ တစ္ဖက္
က မိန္းကေလးအတြက္ေတြးပူေပးေနေသာ
တခ်န္း။
"ငပိုင္ မင္း သူ႔ကို ၿခိမ္းေျခာက္တာေတြဘာေတြ
ေတာ့ မလုပ္ခဲ့တာေသခ်ာတယ္မလား?သူ႔မွာ
ဘာအခက္အခဲ႐ွိလို႔ ဒီလိုမ်ိဳးကိစၥကို လက္ခံလိုက္
လည္းမသိေပမယ့္...မင္းကိုေတာ့ မတရားသလို
ျဖစ္ေနမွာေတာ့ ငါစိုးရိမ္တယ္။ငါသိတဲ့ မင္းက
အဲ့လိုေတြ လုပ္မယ့္လူမဟုတ္ဘူးမလား..."
"အဲ့လိုေတြ မဟုတ္လို႔ စိတ္မပူနဲ႔ေတာ့ တခ်န္း..."
မ်က္ႏွာနဲ႔အနီးဆံုးမွာ႐ွိေနေသာ ဆံပင္ေမႊးေမႊး
တို႔အားျမတ္ႏိုးစြာ နမ္း႐ိႈက္မိသည္။ေနာက္ၿပီး
ေက်းဇူးတင္လြန္းစြာ...
ထင္ပါတယ္။မားကိုေျပာခဲ့သလို...
က်ေတာ္တို႔ ေနာင္တမရေလာက္ပါဘူး။
Thank you all
နက္ျဖန္ဒီေအာက္ကေနပဲ ဆက္ေရးေပးပါရေစ
ေနာ္။
(Unicode)
/
/
/
မနက်က ရောက်ရောက်ချင်းမို့ နှစ်ယောက်အိပ်
ကုတင် ပြန့်ပြန့်က အထွေအထူးဖြစ်မနေပေ
မယ့် တစ်နေကုန်လည်ပတ်ပြီး အခန်းပြန်ဝင်ချိန်
နှစ်ယောက်တည်းဟူသောအသိက ဘယ်နား
ထိုင်လို့ ထိုင်ရမှန်းမသိဖြစ်နေစေသည်။
"ငပိုင် ဘာဖြစ်နေတာလဲ??တစ်နေရာရာမှာ ထိုင်
ချင်ထိုင် ရေအရင်ချိုးချင်သွားဝင်ချိုး..."
"မ ချိုးချင်သေးဘူး"
ပြီးပြီရော ဖြေပြီး ကုတင်ပေါ်တက်သည်နှင့်
ဆရာသမား၏ အောင်မြင်သော အသံသည်
သြဇာပြည့်ဝစွာ ထွက်လာသည်။
"ဟေ့ကောင် ခြေလက်အရင်သွားဆေးပြီးမှ ကုတင်ပေါ်တက်..."
အသန့်အပြန့်ကြိုက်လှသူသည် ရေချိုးဖို့ပြင်ဆင်
သည်။ရေကျသံကို တိတ်တဆိတ်နားထောင်ရင်း
ပီတိပြုံးတစ်ခု လိုလိုလားလားပြုံးမိသည်။
တံခါးပိတ်သံနှင့်အတူ ရေစိုနေသော ခေါင်းကို
မျက်နှာသုတ်ပုဝါ အုပ်လျက်ထွက်လာပုံသည်
ထိန်လင်းနေသော မီးရောင်အောက်မို့ မျက်နှာ
လွှဲလိုက်မိသည်။
ခါးတွင်ပိတ်ထားသော ရေချိုးခန်းသုံးသပတ်လွတ်
နေသော နေရာများသည် မီးရောင်အောက်တွင်
မို့ ပို၍လင်းထင်းနေသလိုပဲ။
ချန်း က အတွင်းသားတွေလှသည်မှာငယ်ငယ်
တည်းက...တအံ့တသြ အမြဲတမ်းငေးကြည့်နေ
ခဲ့ရတာ။ဖွေးဆွတ်နေတာမျိုးမဟုတ်ပဲ သွေးရောင်
ရေးရေးလည်း ပြေးနေသဖြင့် ပန်းနုရောင်သန်း
နေတာမျိုး။
"ချန်း..."
"ဘာလဲ"
"လာ ငါ ခေါင်းသုတ်ပေးမယ်"
"နေစမ်းပါ။တစ်သက်လုံး ငါ့ဘာသာငါလုပ်လာ
တာ..."
တားနေပေမယ့်မရ။ လက်ထဲမှ ပုဝါကိုယူလျက်
ခေါင်းတစ်ခုလုံးသူ့လက်ထဲ ပါသွားသည်။
ငြင်ငြင်သာသာနဲ့ ဖွဖွလေးသုတ်ပေးနေ၏။
မတ်တပ်ရပ်လျက်မို့ ညောင်းလာတာကတစ်
ကြောင်း ငပိုင်နဲ့ အနီးဆုံးပူးကပ်နေရတာကတစ်
မျိုးမို့ ကုတင်ပေါ်တွင်သာ ထိုင်လိုက်ရတော့
့သည်။
"မြန်မြန်သုတ်မှာဖြင့်လည်း သုတ်ကွာ..."
သဘောတကျရယ်သံတိုးလျလျကအရင်ထွက်လာပြီးမှ ကျတော့်အစိုဓာတ်ကြွင်းကျန်နေရစ်ဆဲ
ဖြစ်သော ဆံပင်တွေကြား သူ့လက်ချောင်းတွေ
ဝင်ရောက်လာပြန်သည်။
ဖြူဥဥ ဂုတ်ပိုးသားတို့ထက် စက်နဲ့ ရိတ်သင်ထားသောဆံပင်ပါးလျလျကရေးတေးတေးနဲ့ စိမ်းဖန့်ဖန့်...ချန်းဂုတ်ပိုးတလျောက်က မွှေးညှင်းနုလေးတွေတစ်ခုချင်းစီက အကြည့်မလွှဲနိုင်အောင်ဖမ်းစားနိုင်သည်။
ဂုတ်ပိုးပေါ်ကျရောက်လာသော ပူနွေးမှုတစ်ခု
ကြောင့် ရုတ်တရက်မို့ဆက်ခနဲဖြစ်သွားပေမယ့်
ဒါက ကျတော်ခံစားနားလည်ခဲ့ဖူးသော အနမ်း
တစ်ချို့ထဲက တစ်ခု။အသစ်အဆန်းမဟုတ်ပေမယ့် သူ့အနမ်းကိုပထမဆုံးထိတွေ့ခွင့်ရသော နေရာမို့ ကျတော့်ရင်ခုန်သံတွေ ပုံမှန်မဟုတ်တော့
အလည်တစ်ခေါက်ခဏတစ်ဖြုတ်မဟုတ်။နစ်နစ်
နဲနဲ ဖိကပ်နေခြင်းမို့ ကျတော်ခုန်နေလျက်စ ရင်ကို အရှိန်မသတ်နိုင်တော့။ငါကွာ...
Signalတွေဘာတွေမပြပဲ ဝုန်းခနဲထရပ်ကာ
ကုတင်ပေါ်မှ ဆင်းတော့
"တချန်း ငါ ငါ တောင်းပန်ပါတယ်..."
ဒါပဲပိုင်သုတဆိုတာ။သူ့လောက်ကျတော့်
ကို မသိသူလိုလိုလုပ်ချင်လုပ်နေတတ်တယ်။
ခါတလေဆိုလည်း အဲ့လို မထုံတတ်တေးဖြစ်သွား
တတ်သေး၏။ခုလည်းဒီအတိုင်းပဲ။
နောက်ကနေ လိုက်၍
"တချန်း...ငါက အဲ့လိုမရည်ရွယ်ပါဘူး။ငါ ဒီအတိုင်း...မင်း အရမ်းလှနေလို့"
စိတ်မရှည်တော့ဘူး။အဲ့ တတွက်တွက်ပြောနေ
တဲ့ နှုတ်ခမ်းအိအိတွေကို ပိတ်ပစ်လိုက်ချင်စိတ်
ငါကွာ...ထိန်းမရတော့သည့်အဆုံး သူ့လည်ပင်း
ကိုဆွဲချပြီး ပိတ်မိလိုက်တော့သည်။
ရုတ်တရက်မို့ ကြောင်အအဖြစ်နေပေမယ့် တစ်ည
တာတည်းနဲ့ အလွန်အမင်းရင်းနှီးကျွမ်းဝင်သွား
သော အနမ်းတို့အား သူလည်းကြာကြာမစိမ်းကား
နိုင်။
လှိုက်လှဲစွာခရီးဦးပြန်လည်ကြိုဆို တုံ့ပြန်၏။အရပ်
အမောင်းကွာဟမှုကို စိတ်ပျက်လာ၍ ကုတင်ပေါ်
သို့ တွန်းလှဲလိုက်တော့မှပဲ အဆင်ပြေတော့သည်။
အုံ့မိုးနေရင်းမှ တဂှိုက်မက်မက်နဲ့ နမ်းရှိုက်နေရင်း
မှ ကျတော့်ရှပ်အကျီ ၤထဲထိ ဝင်ရောက်လာသော
ချန်း လက်သွယ်သွယ်တွေ။ပြုတ်ထွက်ပြီးနေပြီ
ဖြစ်သော ကြယ်သီးတစ်ချို့။
"တချန်း...ခဏ ခဏလေး"
ပုခုံးမှနေ၍ တွန်းဖယ်ရင်း တားမြစ်တော့ ပြန်လည်
ငုံ့ကြည့်လာသော မျက်လုံးဝိုင်းတွေ။အားနာ၏စွာ
အကြည့်လွှဲမိသည်။
"မနက်ဖြန် မင်းဆေးသွားစစ်စရာရှိတယ်။ဒါကြောင့်..."
ဘာဆိုဘာမှမပြောဖြစ်သေးပဲ ကြည့်နေခဲ့သော
မျက်ဝန်းတွေထဲက ပြေးနေသောအရိပ်မျိုးစုံ။
ကျတော်လိုက်ဖမ်းလို့မမိ။
"ငါ...ငါ မပေးချင်လို့ မဟုတ်ဘူး"
စိတ်ထဲရှိသည့်အတိုင်း တချန်းစိတ်မကောင်းမဖြစ်
စေရန် ခပ်မြန်မြန်ဖြေရှင်းချက်ထုတ်တော့
"ရပြီ ငါသိတယ်။သွား ခြေလက်သွားဆေးတော့
မဆေးပဲနဲ့ ငါနဲ့ လာမအိပ်နဲ့..."
စိတ်ဆိုးသွားဟန် တစ်စွန်းတစ်စမရှိ။ပကတိ ကျတော်တို့ ခုဖြစ်နေတာ ဘာမှမဟုတ်သလိုဟန်
ဖြင့် ကျတော့်ကိုယ်ပေါ်မှဖယ်ခွာပေးသည်။
ငပိုင့် ကိုယ်ပေါ်မှ ဖယ်ခွာမိသည်နှင့် မျက်နှာဘယ်
နားထားရမှန်းမသိအောင်ပူလာရသည်။ခဏလေး
အတွင်း ကျတော့်စိတ် ကျတော်မထိန်းနိုင်ခဲ့တာပဲ
ရေချိုးခန်းထဲဝင်သွားတော့မှ အသက်ရှုဝသလိုရှိ
လာသည်။Tshirtတစ်ထည်အမြန်ကောက်စွပ်
ထားလိုက်ရသည်။
အနမ်းတစ်ပွေ့တစ်ပိုက်ဖြစ်စေဖို့ အစပျိုးခဲ့သော အနမ်းတစ်စရှိသည့် ဂုတ်ပိုးကိုစမ်းကြည့်မိရုံနဲ့တင် ကျေနပ်စွာပြုံးမိစေ၏။
"မင်းအရမ်းလှလို့"ဆိုသည့်စကားကို တခြားလူ
ပြောပါက အဲ့ပြောတဲ့ပါးစပ်ထဲက သွားတွေကျွတ်
ထွက်ကျလာအောင် ထိုးမိမှာ။
ဒီလိုခြေနေနဲ့ ဒီညသူနဲ့ တစ်ကုတင်တည်းဘယ်လို
စိတ်နဲ့အိပ်ရပါ့မလဲ?ငါ့ဘာသာငါ နေနေတာအကောင်းကွာ။အဲ့လို ရိုးသားတဲ့ဖိုးသခွားပုံနဲ့ ထူးထူး
ဆန်းဆန်းတွေ လာလုပ်မှ
ရေချိုးခန်းထဲမှ ပြန်ထွက်လာသံကြားပေမယ့်
မှိတ်ထားသည့် မျက်လုးံကိုမဖွင့်မိအောင်
ထိန်းထားလိုက်သည်။အခန်းမီး အလင်းအမှောင်ချိန်နေပြီး လိုချင်သည့် ညအိပ်မီးရောင်အနေအထားရတော့မှ ကုတင်ပေါ် သူခိုးကျင့်သူခိုးကြံပုံစံနဲ့တက်လာသည်။
ဒီလို ဘာလို့လုပ်လဲမေးကြည့်။
"မင်းနိုးသွားမှာဆိုးလို့"ဟူသောရိုးသားလွန်းသော
နှုတ်မြွတ်စကားနဲ့ ကျတော့်ကို အလဲထိုးအုံးမှာ။
ဘေးနားဝင်လှဲလိုက်သည့်နှင့် နွေးခနဲဖြစ်သွား
သော နောက်ဖက်ကျောပြင်။မခြောက်တခြောက်
ရှိနေသေးသောဆံပင်တွေကြားထဲတိုးဝင်လာသောထွက်သက်ငွေ့ငွေ့။
"ခုနက...ငါတောင်းပန်ပါတယ် တချန်း..."
"ရပါတယ်။မင်း တောင်းပန်စရာလိုတဲ့ကိစ္စမှ မဟုတ်ပဲ..."
"တချန်း..."
"ရတယ်။ငါ မင်းကို စိတ်မဆိုးပါဘူး။မနက်ဖြန်ဆေးစစ်ရမှာ ငါတစ်ယောက်တည်းလား?ငါဆိုလို
တာ မိန်းကလေးရော ဒီရောက်နေပြီလား"
ချန်းအသံတိုးတိုးတွင် ဘာဆိုဘာမှပါမနေ။ဒီအတိုင်း တခြားတစ်ယောက်၏ သတင်းကို
မေးမြန်းနေရုံသာ။ဒီလိုနားလည်ပေးလေ ကျတော်
ပို၍ အားနာရလေ။
"အင်း ရောက်နေပြီ..."
"ဒီHotelမှာပဲလား..."
"မဟုတ်ဘူး။ဆေးရုံနားက Hotelမှာ..."
"တစ်ယောက်တည်းပေါ့။သူလည်းခုချိန်စိတ်လှုပ်ရှားနေမှာပဲ။အမှန်တော့ မင်း ငါ့ထက် သူ့ကိုပို
ဂရုစိုက်ပေးသင့်တာ။သူက မိန်းကလေးပြီးတော့
ငါတို့ ကလေးကို လွယ်မွေးပေးမယ့် အမေပဲလေ"
"သူက သတ္တိရှိတဲ့ မိန်းကလေးပါ..."
"ဘယ်လောက်ပဲ သတ္တိရှိရှိပေါ့ ကလေးတစ်
ယောက်ကို ပုံမှန်မဟုတ်တဲ့နည်းနဲ့မွေးဖွားရမှာ
ပြီးတော့ အပျိုလေးမလား..."
နှမသားချင်းမရှိပေမယ့်လည်း ကျတော်စိုးရိမ်နေ
သလို ခါးခါးသီးသီးမဖြစ်နေသင့်အပြင် တစ်ဖက်
က မိန်းကလေးအတွက်တွေးပူပေးနေသော
တချန်း။
"ငပိုင် မင်း သူ့ကို ခြိမ်းခြောက်တာတွေဘာတွေ
တော့ မလုပ်ခဲ့တာသေချာတယ်မလား?သူ့မှာ
ဘာအခက်အခဲရှိလို့ ဒီလိုမျိုးကိစ္စကို လက်ခံလိုက်
လည်းမသိပေမယ့်...မင်းကိုတော့ မတရားသလို
ဖြစ်နေမှာတော့ ငါစိုးရိမ်တယ်။ငါသိတဲ့ မင်းက
အဲ့လိုတွေ လုပ်မယ့်လူမဟုတ်ဘူးမလား..."
"အဲ့လိုတွေ မဟုတ်လို့ စိတ်မပူနဲ့တော့ တချန်း..."
မျက်နှာနဲ့အနီးဆုံးမှာရှိနေသော ဆံပင်မွှေးမွှေး
တို့အားမြတ်နိုးစွာ နမ်းရှိုက်မိသည်။နောက်ပြီး
ကျေးဇူးတင်လွန်းစွာ...
ထင်ပါတယ်။မားကိုပြောခဲ့သလို...
ကျတော်တို့ နောင်တမရလောက်ပါဘူး။
Thank you all
နက်ဖြန်ဒီအောက်ကနေပဲ ဆက်ရေးပေးပါရစေ
နော်။
Bạn đang đọc truyện trên: ZingTruyen.Xyz