ZingTruyen.Xyz

EX-pect

Epi-43

HsuChiKo365

မနက္က ေရာက္ေရာက္ခ်င္းမို႔ ႏွစ္ေယာက္အိပ္
ကုတင္ ျပန္႕ျပန္႕က အေထြအထူးျဖစ္မေနေပ
မယ့္ တစ္ေနကုန္လည္ပတ္ျပီး အခန္းျပန္ဝင္ခ်ိန္
ႏွစ္ေယာက္တည္းဟူေသာအသိက ဘယ္နား
ထုိင္လို႔ ထိုင္ရမွန္းမသိျဖစ္ေနေစသည္။

"ငပိုင္ ဘာျဖစ္ေနတာလဲ??တစ္ေနရာရာမွာ ထိုင္
ခ်င္ထိုင္ ေရအရင္ခ်ိဳးခ်င္သြားဝင္​ခ်ိဳး..."

"မ ခ်ိဳးခ်င္ေသးဘူး"

ၿပီးၿပီ​ေရာ ​ေျဖၿပီး ကုတင္​​ေပၚတက္​သည္​ႏွင္​့
ဆရာသမား၏ ​ေအာင္​ျမင္​​ေသာ အသံသည္​
ျသဇာျပည္​့ဝစြာ ထြက္​လာသည္​။

"ေဟ့ေကာင္ ေျခလက္အရင္သြားေဆးျပီးမွ ကုတင္ေပၚတက္..."

အသန္႔အျပန္႔ႀကိဳက္လွသူသည္ ေရခ်ိဳးဖို႔ျပင္ဆင္
သည္။ေရက်သံကို တိတ္တဆိတ္နားေထာင္ရင္း
ပီတိျပံဳးတစ္ခု လိုလိုလားလားျပံဳးမိသည္။

တံခါးပိတ္သံႏွင့္အတူ ေရစိုေနေသာ ေခါင္းကို
မ်က္ႏွာသုတ္ပုဝါ အုပ္လ်က္ထြက္လာပံုသည္​
ထိန္​လင္​း​ေန​ေသာ မီး​ေရာင္​​ေအာက္​မို႔ မ်က္​ႏွာ
လႊဲလိုက္​မိသည္​။
ခါးတြင္ပိတ္ထားေသာ ေရခ်ိဳးခန္းသံုးသပတ္လြတ္
ေနေသာ ေနရာမ်ားသည္ မီးေရာင္ေအာက္တြင္
မို႔ ပို၍လင္းထင္းေနသလိုပဲ။
ခ်န္း က အတြင္းသားေတြလွသည္မွာငယ္ငယ္
တည္းက...တအံ့တႀသ အျမဲတမ္းေငးႀကည့္ေန
ခဲ့ရတာ။ေဖြးဆြတ္ေနတာမ်ိဳးမဟုတ္ပဲ ေသြးေရာင္
ေရးေရးလည္း ေျပးေနသျဖင့္ ပန္းႏုေရာင္သန္း
ေနတာမ်ိဳး။

"ခ်န္း..."

"ဘာလဲ"

"လာ ငါ ေခါင္းသုတ္ေပးမယ္"

"ေနစမ္းပါ။တစ္သက္လံုး ငါ့ဘာသာငါလုပ္လာ
တာ..."

တားေနေပမယ့္မရ။ လက္ထဲမွ ပုဝါကိုယူလ်က္
ေခါင္းတစ္ခုလံုးသူ႔လက္ထဲ ပါသြားသည္။
ျငင္ျငင္သာသာနဲ႔ ဖြဖြေလးသုတ္ေပးေန၏။

မတ္တပ္ရပ္လ်က္မို႔ ေညာင္းလာတာကတစ္
ေႀကာင္း ငပိုင္​နဲ႔ အနီးဆံုးပူးကပ္ေနရတာကတစ္
မ်ိဳးမို႕ ကုတင္ေပၚတြင္သာ ထိုင္လိုက္ရေတာ့
့သည္။

"ျမန္​ျမန္​သုတ္​မွာျဖင္​့လည္​း သုတ္​ကြာ..."

သ​ေဘာတက်ရယ္​သံတိုးလ်လ်ကအရင္​ထြက္​လာၿပီးမွ က်​ေတာ္​့အစိုဓာတ္​ႂကြင္​းက်န္​​ေနရစ္​ဆဲ
ျဖစ္​​ေသာ ဆံပင္​​ေတြၾကား သူ႔လက္​​ေခ်ာင္​း​ေတြ
ဝင္​​ေရာက္​လာျပန္​သည္​။

ျဖဴဥဥ ဂုတ္​ပိုးသားတို႔ထက္​ စက္​နဲ႔ ရိတ္​သင္​ထား​ေသာဆံပင္​ပါးလ်လ်က​ေရး​ေတး​ေတးနဲ႔ စိမ္​းဖန္​႔ဖန္​႔...ခ်န္​းဂုတ္​ပိုးတ​ေလ်ာက္​က ​ေမႊးညႇင္​းႏု​ေလး​ေတြတစ္​ခုခ်င္​းစီက အၾကည္​့မလႊဲႏိုင္​​ေအာင္​ဖမ္း​စားႏိုင္​သည္​။

ဂုတ္​ပိုး​ေပၚက်​ေရာက္​လာ​ေသာ ​ပူေႏြး​မႈတစ္​​ခု
​ေၾကာင္​့ ရုတ္​တရက္​မို႔ဆက္​ခနဲျဖစ္​သြား​ေပမယ္​့
ဒါက က်​ေတာ္​ခံစားနားလည္​ခဲ့ဖူး​ေသာ အနမ္​း
တစ္​ခ်ိဳ႕ထဲက တစ္​ခု။အသစ္​အဆန္​းမဟုတ္​​ေပမယ္​့ သူ႔အနမ္​းကိုပထမဆံုးထိ​ေတြ႔​ခြင္​့ရ​ေသာ ​ေနရာမို႔ က်​ေတာ္​့ရင္​​ခုန္​သံ​ေတြ ပံုမွန္​မဟုတ္​​ေတာ့

အလည္​တစ္​​ေခါက္​ခဏတစ္​ျဖဳတ္​မဟုတ္​။နစ္နစ္​
နဲနဲ ဖိကပ္​​ေနျခင္​းမို႔ က်​ေတာ္​ခုန္​​ေနလ်က္​စ ရင္​ကို အ႐ွိန္​မသတ္​ႏိုင္​​ေတာ့။ငါကြာ...

Signal​ေတြဘာ​ေတြမျပပဲ ဝုန္​းခနဲထရပ္​ကာ
ကုတင္​​ေပၚမွ ဆင္​း​ေတာ့

"တခ​်န္​း ငါ ငါ ​ေတာင္​းပန္​ပါတယ္​..."

ဒါပဲပိုင္​သုတဆိုတာ။သူ႔​ေလာက္​က်​ေတာ္​့
ကို မသိသူလိုလိုလုပ္​ခ်င္​လုပ္​​ေနတတ္​တယ္​။
ခါတ​ေလဆိုလည္​း အဲ့လို မထံုတတ္​​ေတးျဖစ္​သြား
တတ္​​ေသး၏။ခုလည္​းဒီအတိုင္​းပဲ။
​ေနာက္​က​ေန လိုက္​၍

"တခ်န္​း...ငါက အဲ့လိုမရည္​ရြယ္​ပါဘူး။ငါ ဒီအတိုင္​း...မင္​း အရမ္​းလွ​ေနလို႔"

စိတ္​မ႐ွည္​​ေတာ့ဘူး။အဲ့ တတြက္​တြက္​​ေျပာ​ေန
တဲ့ ႏႈတ္​ခမ္​းအိအိ​ေတြကို ပိတ္​ပစ္​လိုက္​ခ်င္​စိတ္​
ငါကြာ...ထိန္​းမရ​ေတာ့သည္​့အဆံုး သူ႔လည္​ပင္​း
ကိုဆြဲခ်ၿပီး ပိတ္​မိလိုက္​​ေတာ့သည္​။
႐ုတ္​တရက္​မို႔ ​ေၾကာင္​အအျဖစ္​​ေန​ေပမယ္​့ တစ္​ည
တာတည္​းနဲ႔ အလြန္​အမင္​းရင္​းႏွီးကြၽမ္​းဝင္​သြား
​ေသာ အနမ္​းတို႔အား သူလည္​းၾကာၾကာမစိမ္​းကား
ႏိုင္​။
လိႈက္​လွဲစြာခရီးဦးျပန္​လည္​ႀကိဳဆို တံု႔ျပန္​၏။အရပ္​
အ​ေမာင္​းကြာဟမႈကို စိတ္​ပ်က္​လာ၍ ကုတင္​​ေပၚ
သို႔ တြန္​းလွဲလိုက္​​ေတာ့မွပဲ အဆင္​​ေျပ​ေတာ့သည္​။

အံု႔မိုး​ေနရင္​းမွ တဂိႈက္​မက္​မက္​နဲ႔ နမ္​း႐ိႈက္​​ေနရင္​း
မွ က်​ေတာ္​့႐ွပ္​အက်ီ ၤထဲထိ ဝင္​​ေရာက္​လာ​ေသာ
ခ်န္​း လက္​သြယ္​သြြယ္​​ေတြ။ျပဳတ္​ထြက္​ၿပီး​ေနၿပီ
ျဖစ္​​ေသာ ၾကယ္​သီးတစ္​ခ်ိဳ႕။

"တခ်န္​း...ခဏ ခဏ​ေလး"

ပုခံုးမွ​ေန၍ တြန္​းဖယ္​ရင္​း တားျမစ္​​ေတာ့ ျပန္​လည္​
ငံု႔ၾကည္​့လာ​ေသာ မ်က္​လံုးဝိုင္​း​ေတြ။အားနာ၏စြာ
အၾကည္​့လႊဲမိသည္​။

"မနက္​ျဖန္​ မင္​းေဆးသြားစစ္​စရာ႐ွိတယ္​။ဒါ​ေၾကာင္​့..."

ဘာဆိုဘာမွမ​ေျပာျဖစ္​​ေသးပဲ ၾကည္​့​ေနခဲ့​ေသာ
မ်က္​ဝန္​း​ေတြထဲက ​ေျပး​ေန​ေသာအရိပ္​မ်ိဳးစံု။
က်​ေတာ္​လိုက္​ဖမ္​းလို႔မမိ။

"ငါ...ငါ မ​ေပးခ်င္​လို႔ မဟုတ္​ဘူး"

စိတ္​ထဲ႐ွိသည္​့အတိုင္​း တခ်န္​းစိတ္​မ​ေကာင္​းမျဖစ္​
​ေစရန္​ ခပ္​ျမန္​ျမန္​​ေျဖ႐ွင္​းခ်က္​ထုတ္​​ေတာ့

"ရၿပီ ငါသိတယ္​။သြား ​ေျခလက္​သြား​ေဆး​ေတာ့
မ​ေဆးပဲနဲ႔ ငါနဲ႔ လာမအိပ္​နဲ႔..."

စိတ္​ဆိုးသြားဟန္​ တစ္​စြန္​းတစ္​စမ႐ွိ။ပကတိ က်​ေတာ္​တို႔ ခုျဖစ္​​ေနတာ ဘာမွမဟုတ္​သလိုဟန္​
ျဖင္​့ က်​ေတာ္​့ကိုယ​္​​​ေပၚမွဖယ္​ခြာ​ေပးသည္​။

ငပိုင္​့ ကိုယ္​​ေပၚမွ ဖယ္​ခြာမိသည္​ႏွင္​့ မ်က္​ႏွာဘယ္​
နားထားရမွန္​းမသိ​ေအာင္​ပူလာရသည္​။ခဏ​ေလး
အတြင္​း က်​ေတာ္​့စိတ္​​ က်​ေတာ္​မထိန္​းႏိုင္​ခဲ့တာပဲ

​ေရခ်ိဳးခန္​းထဲဝင္​သြား​ေတာ့မွ အသက္​႐ႈဝသလို႐ွိ
လာသည္​။Tshirtတစ္​ထည္​အျမန္​​ေကာက္​စြပ္​
ထားလိုက္​ရသည္​။

အနမ္​းတစ္​​ေပြ႔တစ္​ပိုက္​ျဖစ္​​ေစဖို႔ အစပ်ိဳးခဲ့​ေသာ အနမ္​းတစ္​စ႐ွိသည္​့​ ဂုတ္​ပိုးကိုစမ္​းၾကည္​့မိရံုနဲ႔တင္​ ​ေက်နပ္​စြာျပံဳးမိ​ေစ၏။
"မင္​းအရမ္​းလွလို႔"ဆိုသည္​့စကားကို တျခားလူ
​ေျပာပါက အဲ့​ေျပာတဲ့ပါးစပ္​ထဲက သြား​ေတြကြၽတ္​
ထြက္​က်လာ​ေအာင္​ ထိုးမိမွာ။

ဒီလို​ေျခ​ေနနဲ႔ ဒီညသူနဲ႔ တစ္​ကုတင္​တည္​းဘယ္​လို
စိတ္​နဲ႔အိပ္​ရပါ့မလဲ?ငါ့ဘာသာငါ ​ေန​ေနတာအ​ေကာင္​းကြာ။အဲ့လို ႐ိုးသားတဲ့ဖိုးသခြားပံုနဲ႔ ထူးထူး
ဆန္​းဆန္​း​ေတြ လာလုပ္​မွ

​ေရခ်ိဳးခန္​းထဲမွ ျပန္​ထြက္​လာသံၾကား​ေပမယ္​့
မွိတ္​ထားသည္​့ မ်က္​လုးံကိုမဖြင္​့မိ​ေအာင္​
ထိန္​းထားလိုက္​သည္​။အခန္​းမီး အလင္​းအ​ေမွာင္​ခ်ိန္​​ေနျပီး လိုခ်င္​သည္​့ ညအိပ္​မီး​ေရာင္​အ​ေနအထားရ​ေတာ့မွ ကုတင္​​ေပၚ သူခိုးက်င္​့သူခိုးၾကံပံုစံနဲ႔တက္​လာသည္​။
ဒီလို ဘာလုိ႔လုပ္​လဲ​ေမးၾကည္​့။

"မင္​းႏိုးသြားမွာဆိုးလို႔"ဟူ​ေသာ႐ိုးသားလြန္​း​ေသာ
ႏႈတ္​ႁမြတ္​စကားနဲ႔ က်​ေတာ္​့ကို အလဲထိုးအံုးမွာ။

​ေဘးနားဝင္​လွဲလိုက္​သည္​့ႏွင္​့ ​ေႏြးခနဲျဖစ္​သြား
​ေသာ ​ေနာက္​ဖက္​​ေက်ာျပင္​။မ​ေျခာက္​တ​ေျခာက္​
႐ွိ​ေန​ေသး​ေသာဆံပင္​​ေတြၾကားထဲတိုးဝင္​လာ​ေသာထြက္​​သက္​​ေငြ႕​ေငြ႕။

"ခုနက...ငါ​ေတာင္​းပန္​ပါတယ္​ တခ်န္​း..."

"ရပါတယ္​။မင္​း ​ေတာင္​းပန္​စရာလိုတဲ့ကိစၥမွ မဟုတ္​ပဲ..."

"တခ်န္​း..."

"ရတယ္​။ငါ မင္​းကို စိတ္​မဆိုးပါဘူး။မနက္​ျဖန္​​ေဆးစစ္​ရမွာ ငါတစ္​​ေယာက္​တည္​းလား?ငါဆိုလို
တာ မိန္​းက​ေလး​ေရာ ဒီ​ေရာက္​​ေနၿပီလား"

ခ်န္​းအသံတိုးတိုးတြင္​ ဘာဆိုဘာမွပါမ​ေန။ဒီအတိုင္​း တျခားတစ္​​ေယာက္​၏ သတင္​းကို​
​ေမးျမန္​း​ေနရံုသာ။ဒီလိုနားလည္​​ေပး​ေလ က်​ေတာ္​
ပို၍ အားနာရ​ေလ။

"အင္​း ​ေရာက္​​ေနၿပီ..."

"ဒီHotelမွာပဲလား..."

"မဟုတ္​ဘူး။​ေဆးရံုနားက Hotelမွာ..."

"တစ္​​ေယာက္​တည္​း​ေပါ့။သူလည္​းခုခ်ိန္​စိတ္​လႈပ္​႐ွား​ေနမွာပဲ။အမွန္​​ေတာ့ မင္​း ငါ့ထက္​ သူ႔ကိုပို
ဂ႐ုစိုက္​​ေပးသင္​့တာ။သူက မိန္​းက​ေလးၿပီး​ေတာ့
ငါတို႔ က​ေလးကို လြယ္​​ေမြး​ေပးမယ္​့ အ​ေမပဲ​ေလ"

"သူက သတၱိ႐ွိတဲ့ မိန္​းက​ေလးပါ..."

"ဘယ္​​ေလာက္​ပဲ သတၱိ႐ွိ႐ွိ​ေပါ့ က​ေလးတစ္​​
​ေယာက္​ကို ပံုမွန္​မဟုတ္​တဲ့နည္​းနဲ႔​ေမြးဖြားရမွာ
ၿပီး​ေတာ့ အပ်ိဳ​ေလးမလား..."

ႏွမသားခ်င္​းမ႐ွိ​ေပမယ္​့လည္​း က်​ေတာ္​စိုးရိမ္​​ေန
သလို ခါးခါးသီးသီးမျဖစ္​​ေနသင္​့အျပင္​ တစ္​ဖက္​
က မိန္​းက​ေလးအတြက္​​ေတြးပူ​ေပး​ေန​ေသာ
တခ်န္​း။

"ငပိုင္​ မင္​း သူ႔ကို ၿခိမ္​း​ေျခာက္​တာ​ေတြဘာ​ေတြ
​ေတာ့ မလုပ္​ခဲ့တာ​ေသခ်ာတယ္​မလား?သူ႔မွာ
ဘာအခက္​အခဲ႐ွိလို႔ ဒီလိုမ်ိဳးကိစၥကို လက္​ခံလိုက္​
လည္​းမသိ​ေပမယ္​့...မင္​းကို​ေတာ့ မတရားသလို
ျဖစ္​​ေနမွာ​ေတာ့ ငါစိုးရိမ္​တယ္​။ငါသိတဲ့ မင္​းက
အဲ့လို​ေတြ လုပ္​မယ္​့လူမဟုတ္​ဘူးမလား..."

"အဲ့လို​ေတြ မဟုတ္​လို႔ စိတ္​မပူနဲ႔​​ေတာ့ တခ်န္​း..."

မ်က္​ႏွာနဲ႔အနီးဆံုးမွာ႐ွိ​ေန​ေသာ ဆံပင္​​ေမႊး​ေမႊး
တို႔အားျမတ္​ႏိုးစြာ နမ္​း႐ိႈက္​မိသည္​။​ေနာက္​ၿပီး
​ေက်းဇူးတင္​လြန္​းစြာ...

ထင္​ပါတယ္​။မား​ကို​ေျပာခဲ့သလို...

က်​ေတာ္​တို႔ ​ေနာင္​တမရ​ေလာက္​ပါဘူး။

Thank you all

နက္​ျဖန္​ဒီ​ေအာက္​က​ေနပဲ ဆက္​​ေရး​ေပးပါရ​ေစ
​ေနာ္​။

(Unicode)

/

/

/

မနက်က ရောက်ရောက်ချင်းမို့ နှစ်ယောက်အိပ်
ကုတင် ပြန့်ပြန့်က အထွေအထူးဖြစ်မနေပေ
မယ့် တစ်နေကုန်လည်ပတ်ပြီး အခန်းပြန်ဝင်ချိန်
နှစ်ယောက်တည်းဟူသောအသိက ဘယ်နား
ထိုင်လို့ ထိုင်ရမှန်းမသိဖြစ်နေစေသည်။

"ငပိုင် ဘာဖြစ်နေတာလဲ??တစ်နေရာရာမှာ ထိုင်
ချင်ထိုင် ရေအရင်ချိုးချင်သွားဝင်ချိုး..."

"မ ချိုးချင်သေးဘူး"

ပြီးပြီရော ဖြေပြီး ကုတင်ပေါ်တက်သည်နှင့်
ဆရာသမား၏ အောင်မြင်သော အသံသည်
သြဇာပြည့်ဝစွာ ထွက်လာသည်။

"ဟေ့ကောင် ခြေလက်အရင်သွားဆေးပြီးမှ ကုတင်ပေါ်တက်..."

အသန့်အပြန့်ကြိုက်လှသူသည် ရေချိုးဖို့ပြင်ဆင်
သည်။ရေကျသံကို တိတ်တဆိတ်နားထောင်ရင်း
ပီတိပြုံးတစ်ခု လိုလိုလားလားပြုံးမိသည်။

တံခါးပိတ်သံနှင့်အတူ ရေစိုနေသော ခေါင်းကို
မျက်နှာသုတ်ပုဝါ အုပ်လျက်ထွက်လာပုံသည်
ထိန်လင်းနေသော မီးရောင်အောက်မို့ မျက်နှာ
လွှဲလိုက်မိသည်။
ခါးတွင်ပိတ်ထားသော ရေချိုးခန်းသုံးသပတ်လွတ်
နေသော နေရာများသည် မီးရောင်အောက်တွင်
မို့ ပို၍လင်းထင်းနေသလိုပဲ။
ချန်း က အတွင်းသားတွေလှသည်မှာငယ်ငယ်
တည်းက...တအံ့တသြ အမြဲတမ်းငေးကြည့်နေ
ခဲ့ရတာ။ဖွေးဆွတ်နေတာမျိုးမဟုတ်ပဲ သွေးရောင်
ရေးရေးလည်း ပြေးနေသဖြင့် ပန်းနုရောင်သန်း
နေတာမျိုး။

"ချန်း..."

"ဘာလဲ"

"လာ ငါ ခေါင်းသုတ်ပေးမယ်"

"နေစမ်းပါ။တစ်သက်လုံး ငါ့ဘာသာငါလုပ်လာ
တာ..."

တားနေပေမယ့်မရ။ လက်ထဲမှ ပုဝါကိုယူလျက်
ခေါင်းတစ်ခုလုံးသူ့လက်ထဲ ပါသွားသည်။
ငြင်ငြင်သာသာနဲ့ ဖွဖွလေးသုတ်ပေးနေ၏။

မတ်တပ်ရပ်လျက်မို့ ညောင်းလာတာကတစ်
ကြောင်း ငပိုင်နဲ့ အနီးဆုံးပူးကပ်နေရတာကတစ်
မျိုးမို့ ကုတင်ပေါ်တွင်သာ ထိုင်လိုက်ရတော့
့သည်။

"မြန်မြန်သုတ်မှာဖြင့်လည်း သုတ်ကွာ..."

သဘောတကျရယ်သံတိုးလျလျကအရင်ထွက်လာပြီးမှ ကျတော့်အစိုဓာတ်ကြွင်းကျန်နေရစ်ဆဲ
ဖြစ်သော ဆံပင်တွေကြား သူ့လက်ချောင်းတွေ
ဝင်ရောက်လာပြန်သည်။

ဖြူဥဥ ဂုတ်ပိုးသားတို့ထက် စက်နဲ့ ရိတ်သင်ထားသောဆံပင်ပါးလျလျကရေးတေးတေးနဲ့ စိမ်းဖန့်ဖန့်...ချန်းဂုတ်ပိုးတလျောက်က မွှေးညှင်းနုလေးတွေတစ်ခုချင်းစီက အကြည့်မလွှဲနိုင်အောင်ဖမ်းစားနိုင်သည်။

ဂုတ်ပိုးပေါ်ကျရောက်လာသော ပူနွေးမှုတစ်ခု
ကြောင့် ရုတ်တရက်မို့ဆက်ခနဲဖြစ်သွားပေမယ့်
ဒါက ကျတော်ခံစားနားလည်ခဲ့ဖူးသော အနမ်း
တစ်ချို့ထဲက တစ်ခု။အသစ်အဆန်းမဟုတ်ပေမယ့် သူ့အနမ်းကိုပထမဆုံးထိတွေ့ခွင့်ရသော နေရာမို့ ကျတော့်ရင်ခုန်သံတွေ ပုံမှန်မဟုတ်တော့

အလည်တစ်ခေါက်ခဏတစ်ဖြုတ်မဟုတ်။နစ်နစ်
နဲနဲ ဖိကပ်နေခြင်းမို့ ကျတော်ခုန်နေလျက်စ ရင်ကို အရှိန်မသတ်နိုင်တော့။ငါကွာ...

Signalတွေဘာတွေမပြပဲ ဝုန်းခနဲထရပ်ကာ
ကုတင်ပေါ်မှ ဆင်းတော့

"တချန်း ငါ ငါ တောင်းပန်ပါတယ်..."

ဒါပဲပိုင်သုတဆိုတာ။သူ့လောက်ကျတော့်
ကို မသိသူလိုလိုလုပ်ချင်လုပ်နေတတ်တယ်။
ခါတလေဆိုလည်း အဲ့လို မထုံတတ်တေးဖြစ်သွား
တတ်သေး၏။ခုလည်းဒီအတိုင်းပဲ။
နောက်ကနေ လိုက်၍

"တချန်း...ငါက အဲ့လိုမရည်ရွယ်ပါဘူး။ငါ ဒီအတိုင်း...မင်း အရမ်းလှနေလို့"

စိတ်မရှည်တော့ဘူး။အဲ့ တတွက်တွက်ပြောနေ
တဲ့ နှုတ်ခမ်းအိအိတွေကို ပိတ်ပစ်လိုက်ချင်စိတ်
ငါကွာ...ထိန်းမရတော့သည့်အဆုံး သူ့လည်ပင်း
ကိုဆွဲချပြီး ပိတ်မိလိုက်တော့သည်။
ရုတ်တရက်မို့ ကြောင်အအဖြစ်နေပေမယ့် တစ်ည
တာတည်းနဲ့ အလွန်အမင်းရင်းနှီးကျွမ်းဝင်သွား
သော အနမ်းတို့အား သူလည်းကြာကြာမစိမ်းကား
နိုင်။
လှိုက်လှဲစွာခရီးဦးပြန်လည်ကြိုဆို တုံ့ပြန်၏။အရပ်
အမောင်းကွာဟမှုကို စိတ်ပျက်လာ၍ ကုတင်ပေါ်
သို့ တွန်းလှဲလိုက်တော့မှပဲ အဆင်ပြေတော့သည်။

အုံ့မိုးနေရင်းမှ တဂှိုက်မက်မက်နဲ့ နမ်းရှိုက်နေရင်း
မှ ကျတော့်ရှပ်အကျီ ၤထဲထိ ဝင်ရောက်လာသော
ချန်း လက်သွယ်သွယ်တွေ။ပြုတ်ထွက်ပြီးနေပြီ
ဖြစ်သော ကြယ်သီးတစ်ချို့။

"တချန်း...ခဏ ခဏလေး"

ပုခုံးမှနေ၍ တွန်းဖယ်ရင်း တားမြစ်တော့ ပြန်လည်
ငုံ့ကြည့်လာသော မျက်လုံးဝိုင်းတွေ။အားနာ၏စွာ
အကြည့်လွှဲမိသည်။

"မနက်ဖြန် မင်းဆေးသွားစစ်စရာရှိတယ်။ဒါကြောင့်..."

ဘာဆိုဘာမှမပြောဖြစ်သေးပဲ ကြည့်နေခဲ့သော
မျက်ဝန်းတွေထဲက ပြေးနေသောအရိပ်မျိုးစုံ။
ကျတော်လိုက်ဖမ်းလို့မမိ။

"ငါ...ငါ မပေးချင်လို့ မဟုတ်ဘူး"

စိတ်ထဲရှိသည့်အတိုင်း တချန်းစိတ်မကောင်းမဖြစ်
စေရန် ခပ်မြန်မြန်ဖြေရှင်းချက်ထုတ်တော့

"ရပြီ ငါသိတယ်။သွား ခြေလက်သွားဆေးတော့
မဆေးပဲနဲ့ ငါနဲ့ လာမအိပ်နဲ့..."

စိတ်ဆိုးသွားဟန် တစ်စွန်းတစ်စမရှိ။ပကတိ ကျတော်တို့ ခုဖြစ်နေတာ ဘာမှမဟုတ်သလိုဟန်
ဖြင့် ကျတော့်ကိုယ်ပေါ်မှဖယ်ခွာပေးသည်။

ငပိုင့် ကိုယ်ပေါ်မှ ဖယ်ခွာမိသည်နှင့် မျက်နှာဘယ်
နားထားရမှန်းမသိအောင်ပူလာရသည်။ခဏလေး
အတွင်း ကျတော့်စိတ် ကျတော်မထိန်းနိုင်ခဲ့တာပဲ

ရေချိုးခန်းထဲဝင်သွားတော့မှ အသက်ရှုဝသလိုရှိ
လာသည်။Tshirtတစ်ထည်အမြန်ကောက်စွပ်
ထားလိုက်ရသည်။

အနမ်းတစ်ပွေ့တစ်ပိုက်ဖြစ်စေဖို့ အစပျိုးခဲ့သော အနမ်းတစ်စရှိသည့် ဂုတ်ပိုးကိုစမ်းကြည့်မိရုံနဲ့တင် ကျေနပ်စွာပြုံးမိစေ၏။
"မင်းအရမ်းလှလို့"ဆိုသည့်စကားကို တခြားလူ
ပြောပါက အဲ့ပြောတဲ့ပါးစပ်ထဲက သွားတွေကျွတ်
ထွက်ကျလာအောင် ထိုးမိမှာ။

ဒီလိုခြေနေနဲ့ ဒီညသူနဲ့ တစ်ကုတင်တည်းဘယ်လို
စိတ်နဲ့အိပ်ရပါ့မလဲ?ငါ့ဘာသာငါ နေနေတာအကောင်းကွာ။အဲ့လို ရိုးသားတဲ့ဖိုးသခွားပုံနဲ့ ထူးထူး
ဆန်းဆန်းတွေ လာလုပ်မှ

ရေချိုးခန်းထဲမှ ပြန်ထွက်လာသံကြားပေမယ့်
မှိတ်ထားသည့် မျက်လုးံကိုမဖွင့်မိအောင်
ထိန်းထားလိုက်သည်။အခန်းမီး အလင်းအမှောင်ချိန်နေပြီး လိုချင်သည့် ညအိပ်မီးရောင်အနေအထားရတော့မှ ကုတင်ပေါ် သူခိုးကျင့်သူခိုးကြံပုံစံနဲ့တက်လာသည်။
ဒီလို ဘာလို့လုပ်လဲမေးကြည့်။

"မင်းနိုးသွားမှာဆိုးလို့"ဟူသောရိုးသားလွန်းသော
နှုတ်မြွတ်စကားနဲ့ ကျတော့်ကို အလဲထိုးအုံးမှာ။

ဘေးနားဝင်လှဲလိုက်သည့်နှင့် နွေးခနဲဖြစ်သွား
သော နောက်ဖက်ကျောပြင်။မခြောက်တခြောက်
ရှိနေသေးသောဆံပင်တွေကြားထဲတိုးဝင်လာသောထွက်သက်ငွေ့ငွေ့။

"ခုနက...ငါတောင်းပန်ပါတယ် တချန်း..."

"ရပါတယ်။မင်း တောင်းပန်စရာလိုတဲ့ကိစ္စမှ မဟုတ်ပဲ..."

"တချန်း..."

"ရတယ်။ငါ မင်းကို စိတ်မဆိုးပါဘူး။မနက်ဖြန်ဆေးစစ်ရမှာ ငါတစ်ယောက်တည်းလား?ငါဆိုလို
တာ မိန်းကလေးရော ဒီရောက်နေပြီလား"

ချန်းအသံတိုးတိုးတွင် ဘာဆိုဘာမှပါမနေ။ဒီအတိုင်း တခြားတစ်ယောက်၏ သတင်းကို
မေးမြန်းနေရုံသာ။ဒီလိုနားလည်ပေးလေ ကျတော်
ပို၍ အားနာရလေ။

"အင်း ရောက်နေပြီ..."

"ဒီHotelမှာပဲလား..."

"မဟုတ်ဘူး။ဆေးရုံနားက Hotelမှာ..."

"တစ်ယောက်တည်းပေါ့။သူလည်းခုချိန်စိတ်လှုပ်ရှားနေမှာပဲ။အမှန်တော့ မင်း ငါ့ထက် သူ့ကိုပို
ဂရုစိုက်ပေးသင့်တာ။သူက မိန်းကလေးပြီးတော့
ငါတို့ ကလေးကို လွယ်မွေးပေးမယ့် အမေပဲလေ"

"သူက သတ္တိရှိတဲ့ မိန်းကလေးပါ..."

"ဘယ်လောက်ပဲ သတ္တိရှိရှိပေါ့ ကလေးတစ်
ယောက်ကို ပုံမှန်မဟုတ်တဲ့နည်းနဲ့မွေးဖွားရမှာ
ပြီးတော့ အပျိုလေးမလား..."

နှမသားချင်းမရှိပေမယ့်လည်း ကျတော်စိုးရိမ်နေ
သလို ခါးခါးသီးသီးမဖြစ်နေသင့်အပြင် တစ်ဖက်
က မိန်းကလေးအတွက်တွေးပူပေးနေသော
တချန်း။

"ငပိုင် မင်း သူ့ကို ခြိမ်းခြောက်တာတွေဘာတွေ
တော့ မလုပ်ခဲ့တာသေချာတယ်မလား?သူ့မှာ
ဘာအခက်အခဲရှိလို့ ဒီလိုမျိုးကိစ္စကို လက်ခံလိုက်
လည်းမသိပေမယ့်...မင်းကိုတော့ မတရားသလို
ဖြစ်နေမှာတော့ ငါစိုးရိမ်တယ်။ငါသိတဲ့ မင်းက
အဲ့လိုတွေ လုပ်မယ့်လူမဟုတ်ဘူးမလား..."

"အဲ့လိုတွေ မဟုတ်လို့ စိတ်မပူနဲ့တော့ တချန်း..."

မျက်နှာနဲ့အနီးဆုံးမှာရှိနေသော ဆံပင်မွှေးမွှေး
တို့အားမြတ်နိုးစွာ နမ်းရှိုက်မိသည်။နောက်ပြီး
ကျေးဇူးတင်လွန်းစွာ...

ထင်ပါတယ်။မားကိုပြောခဲ့သလို...

ကျတော်တို့ နောင်တမရလောက်ပါဘူး။

Thank you all

နက်ဖြန်ဒီအောက်ကနေပဲ ဆက်ရေးပေးပါရစေ
နော်။

Bạn đang đọc truyện trên: ZingTruyen.Xyz