EPI-42
"တခ်န္း BKသြားရေအာင္"
ဘာေၾကာင့္သြားခ်င္လဲ က်ေတာ္မေမး။နႏၵေပ်ာက္သည့္ေန႔တည္းက စိတ္နဲ႔ကိုယ္မကပ္သလို
ျုဖစ္ေနရာမွပထမဆံုးစိတ္လိုလက္ရေျပာလာေသာ စကားမို႔ က်ေတာ္ျငင္းမေနျဖစ္။
ယုတ္စြအဆံုး...ရန္ကုန္မွာက်န္ခဲ့သည့္
Passportကအစ ဘယ္လိုျပန္ေတာင္းလာလဲ
က်ေတာ္မေမးေတာ့။ခုခ်ိန္ သူ႔ကိုစိတ္ခ်မ္းသာေအာင္ထားေပးခ်င္သည္။အဆံုးစြန္ဆံုး လိုက္ေလ်ာေပးဖို႔ က်ေတာ္ႀကိဳတင္ျပင္ဆင္ထားၿပီးၿပီ။
Hotelကအစ ႀကိဳတင္စီစဥ္ထားေသာ သူ႔အေသးစိတ္မႈနဲ႔ ဤခရီးအေပၚေသခ်ာစိတ္ႏွစ္ထား
မႈသည္ က်ေတာ့္ကိုအခါမ်ားစြာ
ႀကိတ္ျပံဳးေစသည္။
အထုပ္အပိုးေတြ က်ၿပီးမွ ႏွစ္ေယာက္အိပ္ကုတင္
ျဖဴလြလြဆီေရာက္ေတာ့အလိုလို ျပံဳးမိသား။
ေယာက်ာ္းေလး၂ေယာက္အတြက္ ႏွစ္ေယာက္
ခန္းငွါးျခင္းတြင္...နည္းနည္းေတာ့မ်က္ႏွာပူ
စရာေတာ့ေကာင္းေနမွာပဲ။
"ခ်န္း...အဝတ္အစားလဲမလား..."
"မလဲေတာ့ဘူး"
"OKဒါဆို ဒါနဲ႔ပဲသြားရေအာင္။Dream worldကို လိုက္ပို႔မယ့္ကား လာဖို႔ေတာ့လိုေသး
တယ္။Hotelေအာက္မွာပဲ တစ္ခုခုစားမလား။ေလွ်ာက္ပတ္ၾကည့္အံုးမလား"
"Hotelေအာက္မွာပဲ စားေတာ့မယ္..."
"လာ"
ပုခံုးတစ္ဖက္ကို ပိုင္ႏိုင္စြာဖက္လ်က္အခန္းျပင္
ထြက္ေတာ့လည္း သူေခၚရာေနာက္ၿငိမ္သက္စြာ
ပင္ လိုက္လာမိသည္။
သူတစ္သက္နဲ႔တစ္ကိုယ္ မျမည္းစမ္းဖူးေသာ အသားဟင္း ငါးဟင္းမ်ိဳးစံုကို ဟိုဟာစားၾကည့္
ဒီဟာထည့္နဲ႔ လိုက္ထည့္ေပးေနေသး၏။
စားေနရင္းနဲ႔ ႏွစ္ေယာက္သား ဧည့္လမ္းညႊန္ကို
ေခါင္းခ်င္းဆိုင္ႀကည့္ရင္း ထံုးစံအတိုင္းျငင္းခုန္
"Dream Worldသြားရေအာင္ကေလးလား
ရန္ကုန္က ရင္ျပင္ေတာင္မသြားပဲ ခုသူမ်ားႏိုင္ငံ
လာမွ..."
"ခ်န္းရ အဲ့ေနရာက စံုတယ္။ဒီမွာႀကည့္ ဒီဟာေတြ
ဆို စီးမွမစီးဘူးတာ။သြားစီးရေအာင္"
လက္ညိဳးေထာက္ျပထားတဲ့ ပံုက ဂိုလာဂိုစတာ
ျမင့္ျမင့္နီနီ။တံေထြးတစ္ခ်က္ျမိဳခ်ျဖစ္သည္။
"Hollywood ဆက္တင္ေတြလည္း ရွိတယ္
တဲ့။အဲ့အရင္သြားမယ္ကြာေနာ္။ခ်န္း"
သူငယ္နာမစင္ေသးတာလား သူငယ္ပဲျပန္ေနတာ
လားပဲ??က်ေတာ္အဲ့လ္ုေတြ မစီးခ်င္တာ သူမသိ
ဘူးလား။
"သြားကြာ...မသိေတာ့ဘူး"
တကယ္မသိေတာ့တာ မီးစင္ႀကည့္ကရေတာ့
မယ္။ေတာက်ီးကန္းႏွစ္ေကာင္ ျမိဳ႕တက္လာသလို
ပဲ။ေတာင္ႀကည့္ေျမာက္ႀကည့္ ဆရာသမားက
Guideလည္းမငွား။ႏွစ္ေယာက္သား မေရာက္
ဖူးတာခ်င္းအတူတူ သူဆြဲေခၚရာေနာက္လိုက္ေန
ရတဲ့ ဘဝက မဟန္ဘူး။
ကေလးေတြနဲ႔ မိသားစုေလးေတြသည္ အားလပ္
ရက္မို႔ Worldတစ္ခုလံုးျပည့္ေနသည္။
ခ်စ္စရာ မိသားစုေလးေတြကို မေငးမိေအာင္မ်က္
ႏွာလႊဲရင္းငပိုင့္လက္ကို တင္းတင္းပိုဆုပ္ကိုင္ထား
မိသည္။
ေနာက္ စံုတြဲေတြ။တစ္ေယာက္ပုခံုးတစ္
္ေယာက္ဖက္ျပီး အရင္စနည္းနာသည့္အေနျဖင့္
ေလွ်ာက္ႀကည့္ႀကသည္။
"ခ်န္း ေတြ႔ျပီ။ဟိုမွာ"
ဘာ!ဒါႀကီးကို တကူးတကလိုက္ရွာေနတာလား?
နီနီျမင့္ျမင့္နဲ႔ လမ္းေႀကာင္းေတြရႈပ္ေထြးေနေသာ
ဂိုလာဂိုစတာ။
ေနာက္တစ္ႀကိမ္တံေထြးျမိဳခ်မိသည္။ေအးစက္
စက္လက္ကိုဆြဲကာ ဦးေဆာင္ဆြဲေခၚသည္။
က်ေတာ္တစ္ခါမွ မစီးဖူးတာမွန္တယ္။ဘာေႀကာင့္
မစီးတာလည္းကိုယ့္ကိုကိုယ္သိတယ္။
သူ႕ေရွ႔အားငယ္ျပီးေႀကာက္တတ္တဲ့ေယာက်ာ္း
တစ္ေယာက္ပံုရိပ္ကို ဘယ္ေတာ့မွျပမွာမဟုတ္
ဘူး။ခုက အင္းးေဘးမွာသူလည္းရွိေနတာပဲ။
က်ေတာ္ဘာမွမျဖစ္ေလာက္ပါဘူး ဆိုျပီးတင္း
ထားေသာစိတ္သည္ အျမင့္ကေနအရွိန္နဲ႔ဆင္း
ခ်ခ်ိန္ ေဘးမွ ငပိုင့္လက္ကို ျပဳတ္ထြက္လာမ
တတ္ ဖမ္းဆုပ္မိသည္။
အားးးးဒါဘယ္လိုႀကီးလဲ??
"မျပီေသးဘူးလား???အားးးး ျပဳတ္က်ျပီ"
စေသာစေသာအသံမ်ားအဆံုးသတ္တြင္ ေခြ်းေတြလည္းနစ္သြားရွာသည္။
"တခ်န္း..."
ႏွဖူးမွ ေခြ်းေစးေတြကို သုတ္ဖယ္ေပးေတာ့...အထိမခံ ေခါင္းကိုရေအာင္ဖယ္ရင္း အသက္ကို
ရႈသြင္းေနသည္။ ခ်န္းအဲ့လိုေတြ ေႀကာက္တတ္
မွန္းတကယ္ကို မသိတာ။
"တခ်န္း ထိုင္...ထိုင္မလား?"
ခံုတန္းေလးဆီဆြဲေခၚေတာ့ က်ေတာ့္ရင္ဘက္
ကို ထိုးေတာ့၏။
"အာ့...တခ်န္း ခဏ ခဏေလး"
တားမရရင္ေနပါေစ။စိတ္ေျပတဲ့ထိ ထိုးပါေစ။
"ခု ဘယ္လိုေနေသးလဲ?"
Cokeဗူးကို အဆင့္သင့္ေဖာက္ကာကမ္းေပးရင္း
ေမးေတာ့ ေတာ္ေတာ္နဲ႔ အေျဖျပန္မလာ?
မ်က္ေမွာင္က်ံဳေန၏။
"ငါ တကယ္မသိလို႕ပါ ခ်န္းရာ...မင္း ကမစီးရဲ
ဘူးဆိုလည္း..."
"မစီးရဲဘူးဆိုတာ ေျပာစရာလား?"
Cokeကိုတစ္ငံုေမာ့ေသာက္ရင္း ခပ္ေဆာင့္
့္ေဆာင့္ျပန္ခ်သည္။ေဘးမွ ထိုင္းမတစ္ခ်ိဳ႕သည္
ခ်န္း ကို မသိမသာလွမ္းရႈိးေနႀကတာျမင္ေတာ့
တြန္႔တိုစြာ မသိမသာ က်ေတာ့္ကိုယ္နဲ႕ကြယ္
ထားမိသည္။
"တခ်န္း...ငါေတာင္းပန္..."
"ေတာင္းပန္မေနနဲ႔ထ။ထိုင္ေနရင္ ဝင္ေႀကးႏွေမ်ာ
စရာ... ပတ္ႀကည့္မယ္...လာ ထ"
စိတ္မဆိုးဘူးလား??ခုက်ေတာ့လည္းပံုမွန္ပဲ...
3D Artေတြကို စိတ္ဝင္တစားႀကည့္ေပမယ့္
ဓာတ္ပံုရိုက္ဖို႔ေျပာေတာ့ ျငင္း၏။သို႔ေသာ္အရိုးစြဲ
ေနေသာ အက်င့္တိုင္း က်ေတာ့္Galleryထဲ
ခ်န္းေနာက္ေက်ာပံုေတြက ျပည့္ေနျပီ။
Hollywood shootingတြင္ေတာ့ ေသနတ္
ပစ္သံ တကယ္ျဖစ္ေနသလို မီးခိုးေတြအူတက္
လာတာေတြအား Engineeringအျမင္ျဖင့္
ႀကည့္ကာ ခ်ီးက်ဴးစကားဆိုေသး၏။
ကာတြန္းဇာတ္ေကာင္ေတြ Showသြားမလား
ေမးေတာ့ မ်က္ေထာင့္နီနဲ႔ ျပန္ႀကည့္ခံရ၍ မ်က္ႏွာထားပါ ျပန္ျမင္ထားရသည္။
"ငါ ဒီေနရာ သြားခ်င္တယ္"
Dream Worldထဲက အထြက္ ကားေပၚအ
ေရာက္ ခ်န္းသြားခ်င္သည့္ဟူ၍ေထာက္ျပလာတာ ကUnderwater။
"အဲ့ေနရာ ခုသြားလို႔ရေသးတယ္မလား?"
"အင္း သြားခ်င္သြားေလ။တစ္ေန႔လံုးေလွ်ာက္
ထားေတာ့ မင္း ပင္ပန္းမွာဆိုးလို႔ တခ်န္းရ"
"ရတယ္ ငါ သြားခ်င္လို႔"
"okok"
အျပာေရာင္မီးေရာင္မွိန္ပ်ပ်ေအာက္ မွန္ႀကည္
္ႀကည္ေတြေနာက္ လွပစြာကူးခတ္ေနေသာ
ေရာင္ေသြးစံုေရသတၱဝါမ်ိဳးစံု။
တိတ္ဆိတ္တယ္။ေအးခ်မ္းတယ္။
ခ်န္း က ဒီလိုေနရာမ်ိဳးေတြကိုသေဘာက်တာ
ပါလား??
အပူပိုင္းမွာက်င္လည္ေသာ ငါးေရာင္စံုတစ္အုပ္
ကို ေငးေမာႀကည့္သည္။ျငိမ္သက္ေနေသာႀကယ္ငါးေတြကိုလည္း မွန္
နားကပ္၍ တိတ္တဆိတ္ ရပ္ေငး၏။
လြတ္လြတ္လပ္လပ္ေငးႀကည့္လို႔အဆင္ေျပ
ေအာင္ သူ႔ေနာက္မွသာ တိတ္တိတ္ဆိတ္ဆိတ္နဲ႔
လိုက္ခဲ့သည္။
လမ္းညႊန္boardျပားေတြကိုဖတ္လိုက္ ေရွ႔ကို
လွမ္းေမွ်ာ္ႀကည့္လိုက္ လုပ္ရင္း တစ္ေနရာ
အေရာက္ ခ်န္း ေျခလွမ္းတို႕ တံု႔ခနဲရပ္သြားျပီး
မွန္နားသို႔ ျဖည္းျဖည္းခ်င္းကပ္သြားသျဖင့္ က်ေတာ္ပါ သူ႔ေနာက္မွ လိုက္ႀကည့္ျဖစ္သည္။
ခ်န္းေရွ႔တြင္ ေရာင္စံုေရေမွာ္ပင္တြင္ႀကား
ရွိေနေသာSeahorseေတြ။နဂါးေခါင္းလိုအခြ်န္
အတက္ေတြ နဲ႔ အျမီးေကာက္ေကာက္ ဗိုက္ပူပူ
နဲ႔ ရွိေနေသာ သတၱဝါေတြအားသေဘာတက်ျပံဳး
ရင္းေငးႀကည့္ေနသည္မွာ အႀကာႀကီး။
မွန္နဲ႔နီးနားရွိေနေသာ အေကာင္တစ္ေကာင္ကို
လက္သည္းနဲ႔ေတာက္ကာ လွမ္းေခၚေနေသး၏။
Seahorseထက္ မ်ားစြာစိတ္ဝင္စားစရာ
ေကာင္းတာေတြ ႀကည့္စရာရွိေသးေပမယ့္ ခ်န္း
က ထိုေနရာမွ မခြာေတာ့။
"တခ်န္း...သြားမယ္ေလ။ဒီေကာင္ေတြက ဒီလိုပဲ
ေနေနတာ။ဟိုဖက္မွာ ႀကည့္စရာေတြရွိေသး
တယ္"
"ငါ သူတို႔ကိုေတြ႔ခ်င္လို႔လာတာ။မင္းသိလား ပိုင္
သူတို႔အထီးေတြက ကေလးေမြးေပးႏိုင္တာေလ"
ေရျပာျပာ၏ေရာင္ျပန္ဟပ္မႈနဲ႔အတူ ျပာလဲ့ေန
ေသာ ခ်န္း မ်က္လံုးေတြထဲ ကအရည္ေတြသည္
လည္း ျပာရင္းလဲ့ေန၏။ႏႈတ္ခမ္းပါးတို႔ ျပံဳးေယာင္
သန္းရင္း က်ေတာ့္ကို ျပန္လွည့္ႀကည့္သည္။
"တခ်န္း..."
က်ေတာ္သူ႔နားတိုးကပ္ေတာ့ ေခါင္းငံု႕ကာမ်က္ႏွာ
လႊဲရင္း Seahorseေတြကိုသာ ဆက္ႀကည့္၏။
သူ႔ပုခံုးေပၚတင္ထားေသာ က်ေတာ့္လက္ေတြမွ
လည္း သူမရုန္းဖယ္ရွား...ေလသံတိုးတိုးနဲ႔သာ
ဆက္ေျပာ၏။
"ငါ သူတို႔ကို အားက်တယ္။ဒီစကားက
နည္းနည္းမိုက္ရူးရဲဆန္ေန သလားပဲ။"
"တခ်န္းရာ..."
အေနာက္မွေန၍ တခ်န္းအားတင္းႀကပ္စြာေထြး
ဖက္မိသည္။ဒီစကားဘယ္အတိုင္းအတာထိ
ေရာက္လည္းဆိုတာ တိုင္းတြာမႈမွာကြ်မ္းက်င္
တဲ့ တခ်န္းကိုယ္တိုင္လည္းသိမွာပါ။
"မင္း ငါ့ရင္ေသြးကို လိုခ်င္ရင္ ငါ လိုက္ေလ်ာ
ေပးပါ့မယ္။မင္းကို ငါနားလည္တယ္ပိုင္။မင္းက
ငယ္ေလးတည္းက မိသားစုနဲ႕အတူတူမွမေနခဲ့ရ
တာ။မင္း မိသားစုလိုခ်င္တာ ငါ ငါနားလည္ေပး
ႏိုင္တယ္။ဒီကိုလာတာလည္း အဲ့အတြက္ပဲ
မလား?ငါသိတယ္ပိုင္။ဒီလိုေတာင္းဆိုဖို႔ ငါ့ကို ဖြင့္ေျပာဖို႔ခက္ေနတာလည္း ငါသိတယ္။မင္းေတာင္းဆိုရင္ ငါမျငင္းပါဘူး ပိုင္ရာ..."
"ခ်န္း..."
"ငါ မင္းကို စိတ္ခ်မ္းသာေစခ်င္တာ...ငါလိုခ်င္
တာေတြကိုမင္းဝယ္ေပးႏိုင္ခဲ့တယ္။ငါကေတာ့
မင္း ဘာလိုခ်င္မွန္း မသိခဲ့ဖူးဘူး။
ငယ္တည္းက ငါ မင္းကို ဘာမွျပန္မေပးႏိုင္ခဲ့ဘူး။
ဒါေပမယ့္အခု မင္းလိုခ်င္တာငါသိသြားေတာ့
ငါလည္း မင္းကိုေပးခ်င္လာတယ္။မင္းကိုစိတ္ခ်မ္းသာေစခ်င္တယ္...
ျဖစ္ႏိုင္ရင္ ဒီေကာင္ေလးေတြလိုပဲ ကေလးေမြး
လို႔ရရင္ေကာင္းမွာပဲလို႔ ငါေတြးေနတာ..."
ရင္ခြင္ထဲမွထြက္ကာ က်ေတာ့္ကို ေမာ့ႀကည့္၏။
ျပံဳးျပသည္။ေယာက်ာ္းတစ္ေယာက္၏ အျပံဳးျဖစ္
တာေႀကာင့္ ႏူးညံ့လြန္းေနမွာ မဟုတ္ေပမယ့္
ႀကင္နာမႈအရိပ္ေတြကိုေတာ့ က်ေတာ္ျမင္ေတြ႔
ခြင့္ရသည္။
"ေက်းဇူူးပါ တခ်န္းရယ္...ငါ ေလာဘတက္မိလို႔
လည္းေတာင္းပန္ပါတယ္"
Underwater၏ ျပာလဲ့လဲ့ ေရျပင္ေရာင္
ေအာက္က ျပာေရာင္မျခယ္ခ်စ္ျခင္းတစ္ခုက
နားလည္မႈအေရာင္အဝါနဲ႔လင္းလင္းလက္လက္...
Thank you all
ဆက္ေရးစရာက ရွိေသးတယ္။ဒါေပမယ့္ ဒီေန႔
ေတာ့ ဒီအပိုင္းေလာက္မွာ ခဏရပ္ထားပါရေစ
ေနာ္။
Seahorseထီးေလးကေလးေမြးတာႀကည့္
ခ်င္ရင္ Hsu Myat Kyaw fb wall
ထဲမွာ shareထားပါတယ္လို႔
ေနာက္ျပီး... ေတာင္းပန္ခ်င္တာေလ။Dream
worldနဲ႔ Underwaterအေႀကာင္း ထံုးစံ
အတိုင္း အေသးစိတ္ေရးျပခ်င္ေပမယ့္ ခုက
ခရီးသြားလမ္းညႊန္ကတ္တေလာက္ေလးထဲကနဲ႔
Googleထဲကေနပဲႀကည့္ထားရေတာ့ Detail
မေရးျပႏိုင္ဘူးျဖစ္သြားတယ္ရယ္။ကိုယ္တိုင္လည္းမေရာက္ဖူးတဲ့ေနရာဆိုေတာ့...
မျပည့္မစံုျဖစ္သြားရင္ readernimတို႕ကပဲ
နားလည္ေပးပါလို႔ ေမတၱာရပ္ခံပါရေစ
(Unicode)
/
/
/
"တချန်း BKသွားရအောင်"
ဘာကြောင့်သွားချင်လဲ ကျတော်မမေး။နန္ဒပျောက်သည့်နေ့တည်းက စိတ်နဲ့ကိုယ်မကပ်သလို
ြုဖစ်နေရာမှပထမဆုံးစိတ်လိုလက်ရပြောလာသော စကားမို့ ကျတော်ငြင်းမနေဖြစ်။
ယုတ်စွအဆုံး...ရန်ကုန်မှာကျန်ခဲ့သည့်
Passportကအစ ဘယ်လိုပြန်တောင်းလာလဲ
ကျတော်မမေးတော့။ခုချိန် သူ့ကိုစိတ်ချမ်းသာအောင်ထားပေးချင်သည်။အဆုံးစွန်ဆုံး လိုက်လျောပေးဖို့ ကျတော်ကြိုတင်ပြင်ဆင်ထားပြီးပြီ။
Hotelကအစ ကြိုတင်စီစဉ်ထားသော သူ့အသေးစိတ်မှုနဲ့ ဤခရီးအပေါ်သေချာစိတ်နှစ်ထား
မှုသည် ကျတော့်ကိုအခါများစွာ
ကြိတ်ပြုံးစေသည်။
အထုပ်အပိုးတွေ ကျပြီးမှ နှစ်ယောက်အိပ်ကုတင်
ဖြူလွလွဆီရောက်တော့အလိုလို ပြုံးမိသား။
ယောကျာ်းလေး၂ယောက်အတွက် နှစ်ယောက်
ခန်းငှါးခြင်းတွင်...နည်းနည်းတော့မျက်နှာပူ
စရာတော့ကောင်းနေမှာပဲ။
"ချန်း...အဝတ်အစားလဲမလား..."
"မလဲတော့ဘူး"
"OKဒါဆို ဒါနဲ့ပဲသွားရအောင်။Dream worldကို လိုက်ပို့မယ့်ကား လာဖို့တော့လိုသေး
တယ်။Hotelအောက်မှာပဲ တစ်ခုခုစားမလား။လျှောက်ပတ်ကြည့်အုံးမလား"
"Hotelအောက်မှာပဲ စားတော့မယ်..."
"လာ"
ပုခုံးတစ်ဖက်ကို ပိုင်နိုင်စွာဖက်လျက်အခန်းပြင်
ထွက်တော့လည်း သူခေါ်ရာနောက်ငြိမ်သက်စွာ
ပင် လိုက်လာမိသည်။
သူတစ်သက်နဲ့တစ်ကိုယ် မမြည်းစမ်းဖူးသော အသားဟင်း ငါးဟင်းမျိုးစုံကို ဟိုဟာစားကြည့်
ဒီဟာထည့်နဲ့ လိုက်ထည့်ပေးနေသေး၏။
စားနေရင်းနဲ့ နှစ်ယောက်သား ဧည့်လမ်းညွှန်ကို
ခေါင်းချင်းဆိုင်ကြည့်ရင်း ထုံးစံအတိုင်းငြင်းခုန်
"Dream Worldသွားရအောင်ကလေးလား
ရန်ကုန်က ရင်ပြင်တောင်မသွားပဲ ခုသူများနိုင်ငံ
လာမှ..."
"ချန်းရ အဲ့နေရာက စုံတယ်။ဒီမှာကြည့် ဒီဟာတွေ
ဆို စီးမှမစီးဘူးတာ။သွားစီးရအောင်"
လက်ညိုးထောက်ပြထားတဲ့ ပုံက ဂိုလာဂိုစတာ
မြင့်မြင့်နီနီ။တံထွေးတစ်ချက်မြိုချဖြစ်သည်။
"Hollywood ဆက်တင်တွေလည်း ရှိတယ်
တဲ့။အဲ့အရင်သွားမယ်ကွာနော်။ချန်း"
သူငယ်နာမစင်သေးတာလား သူငယ်ပဲပြန်နေတာ
လားပဲ??ကျတော်အဲ့လ်ုတွေ မစီးချင်တာ သူမသိ
ဘူးလား။
"သွားကွာ...မသိတော့ဘူး"
တကယ်မသိတော့တာ မီးစင်ကြည့်ကရတော့
မယ်။တောကျီးကန်းနှစ်ကောင် မြို့တက်လာသလို
ပဲ။တောင်ကြည့်မြောက်ကြည့် ဆရာသမားက
Guideလည်းမငှား။နှစ်ယောက်သား မရောက်
ဖူးတာချင်းအတူတူ သူဆွဲခေါ်ရာနောက်လိုက်နေ
ရတဲ့ ဘဝက မဟန်ဘူး။
ကလေးတွေနဲ့ မိသားစုလေးတွေသည် အားလပ်
ရက်မို့ Worldတစ်ခုလုံးပြည့်နေသည်။
ချစ်စရာ မိသားစုလေးတွေကို မငေးမိအောင်မျက်
နှာလွှဲရင်းငပိုင့်လက်ကို တင်းတင်းပိုဆုပ်ကိုင်ထား
မိသည်။
နောက် စုံတွဲတွေ။တစ်ယောက်ပုခုံးတစ်
်ယောက်ဖက်ပြီး အရင်စနည်းနာသည့်အနေဖြင့်
လျှောက်ကြည့်ကြသည်။
"ချန်း တွေ့ပြီ။ဟိုမှာ"
ဘာ!ဒါကြီးကို တကူးတကလိုက်ရှာနေတာလား?
နီနီမြင့်မြင့်နဲ့ လမ်းကြောင်းတွေရှုပ်ထွေးနေသော
ဂိုလာဂိုစတာ။
နောက်တစ်ကြိမ်တံထွေးမြိုချမိသည်။အေးစက်
စက်လက်ကိုဆွဲကာ ဦးဆောင်ဆွဲခေါ်သည်။
ကျတော်တစ်ခါမှ မစီးဖူးတာမှန်တယ်။ဘာကြောင့်
မစီးတာလည်းကိုယ့်ကိုကိုယ်သိတယ်။
သူ့ရှေ့အားငယ်ပြီးကြောက်တတ်တဲ့ယောကျာ်း
တစ်ယောက်ပုံရိပ်ကို ဘယ်တော့မှပြမှာမဟုတ်
ဘူး။ခုက အင်းးဘေးမှာသူလည်းရှိနေတာပဲ။
ကျတော်ဘာမှမဖြစ်လောက်ပါဘူး ဆိုပြီးတင်း
ထားသောစိတ်သည် အမြင့်ကနေအရှိန်နဲ့ဆင်း
ချချိန် ဘေးမှ ငပိုင့်လက်ကို ပြုတ်ထွက်လာမ
တတ် ဖမ်းဆုပ်မိသည်။
အားးးးဒါဘယ်လိုကြီးလဲ??
"မပြီသေးဘူးလား???အားးးး ပြုတ်ကျပြီ"
စသောစသောအသံများအဆုံးသတ်တွင် ချွေးတွေလည်းနစ်သွားရှာသည်။
"တချန်း..."
နှဖူးမှ ချွေးစေးတွေကို သုတ်ဖယ်ပေးတော့...အထိမခံ ခေါင်းကိုရအောင်ဖယ်ရင်း အသက်ကို
ရှုသွင်းနေသည်။ ချန်းအဲ့လိုတွေ ကြောက်တတ်
မှန်းတကယ်ကို မသိတာ။
"တချန်း ထိုင်...ထိုင်မလား?"
ခုံတန်းလေးဆီဆွဲခေါ်တော့ ကျတော့်ရင်ဘက်
ကို ထိုးတော့၏။
"အာ့...တချန်း ခဏ ခဏလေး"
တားမရရင်နေပါစေ။စိတ်ပြေတဲ့ထိ ထိုးပါစေ။
"ခု ဘယ်လိုနေသေးလဲ?"
Cokeဗူးကို အဆင့်သင့်ဖောက်ကာကမ်းပေးရင်း
မေးတော့ တော်တော်နဲ့ အဖြေပြန်မလာ?
မျက်မှောင်ကျုံနေ၏။
"ငါ တကယ်မသိလို့ပါ ချန်းရာ...မင်း ကမစီးရဲ
ဘူးဆိုလည်း..."
"မစီးရဲဘူးဆိုတာ ပြောစရာလား?"
Cokeကိုတစ်ငုံမော့သောက်ရင်း ခပ်ဆောင့်
့်ဆောင့်ပြန်ချသည်။ဘေးမှ ထိုင်းမတစ်ချို့သည်
ချန်း ကို မသိမသာလှမ်းရှိုးနေကြတာမြင်တော့
တွန့်တိုစွာ မသိမသာ ကျတော့်ကိုယ်နဲ့ကွယ်
ထားမိသည်။
"တချန်း...ငါတောင်းပန်..."
"တောင်းပန်မနေနဲ့ထ။ထိုင်နေရင် ဝင်ကြေးနှမျော
စရာ... ပတ်ကြည့်မယ်...လာ ထ"
စိတ်မဆိုးဘူးလား??ခုကျတော့လည်းပုံမှန်ပဲ...
3D Artတွေကို စိတ်ဝင်တစားကြည့်ပေမယ့်
ဓာတ်ပုံရိုက်ဖို့ပြောတော့ ငြင်း၏။သို့သော်အရိုးစွဲ
နေသော အကျင့်တိုင်း ကျတော့်Galleryထဲ
ချန်းနောက်ကျောပုံတွေက ပြည့်နေပြီ။
Hollywood shootingတွင်တော့ သေနတ်
ပစ်သံ တကယ်ဖြစ်နေသလို မီးခိုးတွေအူတက်
လာတာတွေအား Engineeringအမြင်ဖြင့်
ကြည့်ကာ ချီးကျူးစကားဆိုသေး၏။
ကာတွန်းဇာတ်ကောင်တွေ Showသွားမလား
မေးတော့ မျက်ထောင့်နီနဲ့ ပြန်ကြည့်ခံရ၍ မျက်နှာထားပါ ပြန်မြင်ထားရသည်။
"ငါ ဒီနေရာ သွားချင်တယ်"
Dream Worldထဲက အထွက် ကားပေါ်အ
ရောက် ချန်းသွားချင်သည့်ဟူ၍ထောက်ပြလာတာ ကUnderwater။
"အဲ့နေရာ ခုသွားလို့ရသေးတယ်မလား?"
"အင်း သွားချင်သွားလေ။တစ်နေ့လုံးလျှောက်
ထားတော့ မင်း ပင်ပန်းမှာဆိုးလို့ တချန်းရ"
"ရတယ် ငါ သွားချင်လို့"
"okok"
အပြာရောင်မီးရောင်မှိန်ပျပျအောက် မှန်ကြည်
်ကြည်တွေနောက် လှပစွာကူးခတ်နေသော
ရောင်သွေးစုံရေသတ္တဝါမျိုးစုံ။
တိတ်ဆိတ်တယ်။အေးချမ်းတယ်။
ချန်း က ဒီလိုနေရာမျိုးတွေကိုသဘောကျတာ
ပါလား??
အပူပိုင်းမှာကျင်လည်သော ငါးရောင်စုံတစ်အုပ်
ကို ငေးမောကြည့်သည်။ငြိမ်သက်နေသောကြယ်ငါးတွေကိုလည်း မှန်
နားကပ်၍ တိတ်တဆိတ် ရပ်ငေး၏။
လွတ်လွတ်လပ်လပ်ငေးကြည့်လို့အဆင်ပြေ
အောင် သူ့နောက်မှသာ တိတ်တိတ်ဆိတ်ဆိတ်နဲ့
လိုက်ခဲ့သည်။
လမ်းညွှန်boardပြားတွေကိုဖတ်လိုက် ရှေ့ကို
လှမ်းမျှော်ကြည့်လိုက် လုပ်ရင်း တစ်နေရာ
အရောက် ချန်း ခြေလှမ်းတို့ တုံ့ခနဲရပ်သွားပြီး
မှန်နားသို့ ဖြည်းဖြည်းချင်းကပ်သွားသဖြင့် ကျတော်ပါ သူ့နောက်မှ လိုက်ကြည့်ဖြစ်သည်။
ချန်းရှေ့တွင် ရောင်စုံရေမှော်ပင်တွင်ကြား
ရှိနေသောSeahorseတွေ။နဂါးခေါင်းလိုအချွန်
အတက်တွေ နဲ့ အမြီးကောက်ကောက် ဗိုက်ပူပူ
နဲ့ ရှိနေသော သတ္တဝါတွေအားသဘောတကျပြုံး
ရင်းငေးကြည့်နေသည်မှာ အကြာကြီး။
မှန်နဲ့နီးနားရှိနေသော အကောင်တစ်ကောင်ကို
လက်သည်းနဲ့တောက်ကာ လှမ်းခေါ်နေသေး၏။
Seahorseထက် များစွာစိတ်ဝင်စားစရာ
ကောင်းတာတွေ ကြည့်စရာရှိသေးပေမယ့် ချန်း
က ထိုနေရာမှ မခွာတော့။
"တချန်း...သွားမယ်လေ။ဒီကောင်တွေက ဒီလိုပဲ
နေနေတာ။ဟိုဖက်မှာ ကြည့်စရာတွေရှိသေး
တယ်"
"ငါ သူတို့ကိုတွေ့ချင်လို့လာတာ။မင်းသိလား ပိုင်
သူတို့အထီးတွေက ကလေးမွေးပေးနိုင်တာလေ"
ရေပြာပြာ၏ရောင်ပြန်ဟပ်မှုနဲ့အတူ ပြာလဲ့နေ
သော ချန်း မျက်လုံးတွေထဲ ကအရည်တွေသည်
လည်း ပြာရင်းလဲ့နေ၏။နှုတ်ခမ်းပါးတို့ ပြုံးယောင်
သန်းရင်း ကျတော့်ကို ပြန်လှည့်ကြည့်သည်။
"တချန်း..."
ကျတော်သူ့နားတိုးကပ်တော့ ခေါင်းငုံ့ကာမျက်နှာ
လွှဲရင်း Seahorseတွေကိုသာ ဆက်ကြည့်၏။
သူ့ပုခုံးပေါ်တင်ထားသော ကျတော့်လက်တွေမှ
လည်း သူမရုန်းဖယ်ရှား...လေသံတိုးတိုးနဲ့သာ
ဆက်ပြော၏။
"ငါ သူတို့ကို အားကျတယ်။ဒီစကားက
နည်းနည်းမိုက်ရူးရဲဆန်နေ သလားပဲ။"
"တချန်းရာ..."
အနောက်မှနေ၍ တချန်းအားတင်းကြပ်စွာထွေး
ဖက်မိသည်။ဒီစကားဘယ်အတိုင်းအတာထိ
ရောက်လည်းဆိုတာ တိုင်းတွာမှုမှာကျွမ်းကျင်
တဲ့ တချန်းကိုယ်တိုင်လည်းသိမှာပါ။
"မင်း ငါ့ရင်သွေးကို လိုချင်ရင် ငါ လိုက်လျော
ပေးပါ့မယ်။မင်းကို ငါနားလည်တယ်ပိုင်။မင်းက
ငယ်လေးတည်းက မိသားစုနဲ့အတူတူမှမနေခဲ့ရ
တာ။မင်း မိသားစုလိုချင်တာ ငါ ငါနားလည်ပေး
နိုင်တယ်။ဒီကိုလာတာလည်း အဲ့အတွက်ပဲ
မလား?ငါသိတယ်ပိုင်။ဒီလိုတောင်းဆိုဖို့ ငါ့ကို ဖွင့်ပြောဖို့ခက်နေတာလည်း ငါသိတယ်။မင်းတောင်းဆိုရင် ငါမငြင်းပါဘူး ပိုင်ရာ..."
"ချန်း..."
"ငါ မင်းကို စိတ်ချမ်းသာစေချင်တာ...ငါလိုချင်
တာတွေကိုမင်းဝယ်ပေးနိုင်ခဲ့တယ်။ငါကတော့
မင်း ဘာလိုချင်မှန်း မသိခဲ့ဖူးဘူး။
ငယ်တည်းက ငါ မင်းကို ဘာမှပြန်မပေးနိုင်ခဲ့ဘူး။
ဒါပေမယ့်အခု မင်းလိုချင်တာငါသိသွားတော့
ငါလည်း မင်းကိုပေးချင်လာတယ်။မင်းကိုစိတ်ချမ်းသာစေချင်တယ်...
ဖြစ်နိုင်ရင် ဒီကောင်လေးတွေလိုပဲ ကလေးမွေး
လို့ရရင်ကောင်းမှာပဲလို့ ငါတွေးနေတာ..."
ရင်ခွင်ထဲမှထွက်ကာ ကျတော့်ကို မော့ကြည့်၏။
ပြုံးပြသည်။ယောကျာ်းတစ်ယောက်၏ အပြုံးဖြစ်
တာကြောင့် နူးညံ့လွန်းနေမှာ မဟုတ်ပေမယ့်
ကြင်နာမှုအရိပ်တွေကိုတော့ ကျတော်မြင်တွေ့
ခွင့်ရသည်။
"ကျေးဇူူးပါ တချန်းရယ်...ငါ လောဘတက်မိလို့
လည်းတောင်းပန်ပါတယ်"
Underwater၏ ပြာလဲ့လဲ့ ရေပြင်ရောင်
အောက်က ပြာရောင်မခြယ်ချစ်ခြင်းတစ်ခုက
နားလည်မှုအရောင်အဝါနဲ့လင်းလင်းလက်လက်...
Thank you all
ဆက်ရေးစရာက ရှိသေးတယ်။ဒါပေမယ့် ဒီနေ့
တော့ ဒီအပိုင်းလောက်မှာ ခဏရပ်ထားပါရစေ
နော်။
Seahorseထီးလေးကလေးမွေးတာကြည့်
ချင်ရင် Hsu Myat Kyaw fb wall
ထဲမှာ shareထားပါတယ်လို့
နောက်ပြီး... တောင်းပန်ချင်တာလေ။Dream
worldနဲ့ Underwaterအကြောင်း ထုံးစံ
အတိုင်း အသေးစိတ်ရေးပြချင်ပေမယ့် ခုက
ခရီးသွားလမ်းညွှန်ကတ်တလောက်လေးထဲကနဲ့
Googleထဲကနေပဲကြည့်ထားရတော့ Detail
မရေးပြနိုင်ဘူးဖြစ်သွားတယ်ရယ်။ကိုယ်တိုင်လည်းမရောက်ဖူးတဲ့နေရာဆိုတော့...
မပြည့်မစုံဖြစ်သွားရင် readernimတို့ကပဲ
နားလည်ပေးပါလို့ မေတ္တာရပ်ခံပါရစေ
Bạn đang đọc truyện trên: ZingTruyen.Xyz