ZingTruyen.Xyz

EX-pect

EPI-40

HsuChiKo365

"မင္​း ကိုဘယ္​ႏွခါ​ေျပာရမလဲ?မင္​့အသက္​နဲ႔
​ေမာ္​ဖိန္​းထိုးလို႔မရဘူးဆိုတာ..."

ျပင္​ပလူနာ​ေဆာင္​​ေ႐ွ႕ကအျဖတ္​ မ​ေန႔ကမွ
​ေရာက္​လာ​ေသာ Nurse ​ေပါက္​စ​ေလးအသံက
အ​ေဆာင္​ျပင္​ လ်ံက်လာသည္​။
ဘာရယ္​မဟုတ္​အသစ္​က​ေလး​မ်ား၏
ျပႆနာကိုင္​တြယ္​နညး္​ကို စိတ္​ဝင္​တစား႐ွိတတ္​တဲ့အက်င္​့က​ေဖ်ာက္​မရ၍ ​ေခါင္​း​ျပဴၾကည္​့မိသည္​။

"အားးးး နာတယ္​။ထိုး​ေပးပါ မ ရယ္​​ေနာ္​။က်
​ေတာ္​တအားနာ​ေနလို႔ပါ"

ဆယ္​​ေက်ာ္​သက္​​ေႏွာင္​းပိုင္​းလူပ်ိဳ​ေပါက္​စ၏အမူ
ပိုပို သ႐ုပ္​​ေဆာင္​ခ်က္​။ျမန္​မာ​ေပါကားအၾကည္​့
မ်ားပံုရတယ္​ ဒီ​ေကာင္​။ဟက္​ခနဲပင္​သ​ေဘာတက်
ရယ္​မိတယ္​။

"မရဘူး​ေျပာ​ေနတယ္​။မင္​့ဟာက ထိုးခံရတာ
မ်က္​ခံုးကြဲသြားရံု​ေလာက္​​ေလး...မင္​့​ေျပာတဲ့​ဟာက ျဖတ္​ရ​ေတာက္​ရမွသံုးရတာ"

အထက္​အညာ​ေလယူ​ေလသိမ္​းနဲ႔ ​ေျပာဆို​ေန
​ေသာ ဆရာမ​ေလး၏ ႐ိုးသားမႈႏွင္​့ လူနာပါးမဝ
​ေသးျခင္​းသည္​ က်​ေတာ္​့ကို အ​ေဆာင္​တြင္​း
​ေျခလွမ္​းလွမ္​း​ေစ​ေတာ့၏။

"ကဲ ​ေျပာ ခုဘာျဖစ္​လဲ"

"ဆရာ"

တစ္​​ေယာက္​တည္​းတိုင္​ပတ္​​ေနရာမွ က်​ေတာ္​့ကို
ျမင္​သည္​ႏွင္​့အားတက္​သြားဟန္​႐ွိ၏

"ဒီမွာ ​ေမာ္​ဖိန္​းအတင္​းထိုးခိုင္​း​ေနလို႔ ဆရာ"

"ဟုတ္​လား...​ေတာ္​​ေတာ္​နာ​ေနလို႔လား မွန္​း"

မ​ေျဖရ​ေသး​ေသာခ်ဳပ္​႐ိုး​ေနရာကို လက္​မႏွင္​့ဖိ
လိုက္​သည္​ႏွင္​့

"အားးးး"ခနဲ​ေအာ္​သံ။

"ဘာ ဘာလုပ္​တာလဲ ခင္​ဗ်ား။လႊတ္​ နာတယ္​ဗ်
အားးးး"

ဖိထား​ေသာလက္​ကို အတင္​းဆြဲဖယ္​ထုတ္​​ေန​ေသာ ခ်ာတိတ္​။လူ​ေကာင္​​ေလးကျဖင္​့ ၅​ေပ၃မ
ျပည္​့ခ်င္​တဲ့ အရပ္​နဲ႔ ဇိုးလုပ္​ခ်င္​​ေနတာ

"အဲ့​ေလာက္​​ေအာ္​ႏိုင္​​ေသးတယ္​ဆိုရင္​ ​ေျခ​ေန
​ေကာင္​း​ေသးတယ္​။​ေအး​ေဆး​ေပါ့"

"လႊတ္​။အားး"

မ်က္​ခံုး​ေပၚမွ လက္​မကိုအတင္​းဖယ္​ရင္​း ထြန္​႔လူး
​ေန၏။

"မွန္​း မင္​း ကိုယ္​က ​ေကာ္​နံ႔ရသလိုပဲ။​ေကာ္​႐ႈ
တာလား။ဟုတ္​လား"

"အားးးး မဟုတ္​"

မ်က္​ခံုး​ေပၚမွအားကို ထပ္​ဖိလိုက္​ရင္​း

"မွန္​မွန္​​ေျပာ​ေနာ္​...မဟုတ္​ရင္​"

"ခင္​ဗ်ားက က်​ေတာ္​့အ​ေဖမို႔လား?လႊတ္​​ေနာ္​"

"႐ႈလားမ႐ႈဘူးလား?ဘာမွမျဖစ္​ပဲ ​ေမာ္​ဖိန္​းထိုး
ခိုင္​းတာ​ မင္​းကိုအခ်ဳပ္​ထဲပို႔လို႔ရတယ္​​ေနာ္​...
ခု​ေမး​ေနတုန္​း ​​ေအး​ေဆး​ေျဖ"

ဟုတ္​​ေသာ္​႐ွိမဟုတ္​​ေသာ္​႐ွိျဖဲ​ေၾကာက္​​ေတာ့မွ
လန္​႔သြားသည္​့ပံုစံနဲ႔ မရဲတရဲ​ေခါင္​းညိတ္​ျပသည္​။
ဒါပဲ​ေလ မ်က္​ျဖဴဆိုက္​​ေလ ဆရာႀကိဳက္​​ေလ

"ရန္​ျဖစ္​တယ္​။ခံလာရတယ္​။အဲ့ဒါကို ​ေအး​ေဆး
မ​ေနပဲ ေမာ္​ဖိန္​း...ဟုတ္​လား။ဟားဟားပဲရမယ္​"

ဝယ္​လာတဲ့ ဂ်ာနယ္​အသစ္​စက္​စက္​ကို က်စ္​က်စ္​
ပါ​ေအာင္​လိပ္​ရင္​း ငတိ​ေခါင္​းကို သံုး​ေလးခ်က္​
ဆင္​့႐ိုက္​​ေပးလိုက္​တယ္​။
လူကဟိုဖက္​အ​ေဆာင္​မွ အ​ေပါက္​အလမ္​းမတည့္​့လို႔ လြတ္​လာတာ။ငတိမင္​းကံဆိုးတာ။
မဟုတ္​ဘူး ဒီအရြယ္​​ေတြက ​ေၾကာက္​ရမယ္​့လူ႐ွိမွ

Nurse​ေလးကျပဴးတူးတူးျပန္​ၾကည္​့​ေနသလို
တျခားျပင္​ပလူနာတစ္​​ေယာက္​စႏွစ္​​ေယာက္​စ
လည္​း က်​ေတာ္​တို႔ကိုလွည္​့ၾကည္​့​ေနသည္​။

"လူနာကို အဲ့လိုလက္​​ေရာက္​ႏွိပ္​စက္​လို႔မရဘူး။
ခင္​ဗ်ား ရပ္​"

"နနၵဦး​ေမာ္​"

ရင္​းႏွီးလြန္​း​ေသာ အသံ။႐ိုက္​​ေနရင္​းမွ ခပ္​က်ိတ္​
က်ိတ္​ က်ိန္​ဆဲမိသည္​။လွည္​့မၾကည္​့​ေပမယ္​့
ဒါ ​ေဆးရံုတစ္​ရံုလံုးမွာ က်​ေတာ္​့ကို​ေအာ္​ရဲသူ။
ခ်စ္​လွစြာ​ေသာ ဘိုး​ေတာ္​။

​ေျခသံတ႐ွပ္​႐ွပ္​နဲ႔ အနား​ေရာက္​လာၿပီးသည္​ႏွင္​့

"မင္​းကို ငါ ဘယ္​ႏွစ္​ခါ​ေျပာမွ မင္​းနားလည္​မွာ
လဲ..."

လူနာ​ေတြ။Nurse ​ေလးနဲ႔ အလုပ္​သင္​​ေလး​ေတြ
​ေနာက္​ ကုတင္​​ေပၚက​ေန ​ေပ​ေတ​ေတျပန္​ၾကည္​့
​ေန​ေသာ အႏွီငတိ...လူစုံတက္​စံု​ေ႐ွ႕​ေတာ့
မဆူပါ​ေစနဲ႔ ဟူ​ေသာဆု​ေတာင္​းျပည္​့သြားသည္​။

"ငါ့ရံုးခန္​း ခဏႂကြခဲ့အံုး ကိုယ္​​ေတာ္​"

ခံ​ယူ​ေပအံုး​ေပါ့ ျသဝါဒ။

"နနၵ..."

​ေဆးရံု​ေ႐ွ႕မွာထိုင္​​ေနမွန္​းဘယ္​လိုသိလဲမသိ
ရ​ေအာင္​လိုက္​လာ​ေသာ ပိုင္​သုတ။
ထိုင္​​ေတာင္​မထိုင္​ႏိုင္။အနား​ေရာက္​သည္​ႏွင္​့

"မင္​း ကခ်င္​ဖက္​သြားမလို႔ဆို။ဟုတ္​လား"

"​ေအး"

"ဘာလို႔လဲ?႐ုတ္​တရက္​ႀကီး မနက္​က မင္​းကို
ဆရာ​ေခၚဆူ​ေသးတယ္​ဆို...အဲ့ဒါ​ေၾကာင္​့လား"

"မဟုတ္​ပါဘူးကြာ။ငါ့ဘာသာငါ သြားခ်င္​လို႔"

"မဟုတ္​ဘူးဆို ဘာလို႔သြားမွာလဲ။အဲ့ဖက္​မွာ ပစ္​
​ေနၾကတာ။ၿပီး​ေတာ့ ​ေတာင္​က်​ေရ​ေတြ​ေၾကာင္​့
ရြာလံုးကြၽတ္​ျမဳပ္​​ေနၾကတာဆို"

"​ေအး အဲ့ဒါသြားမလို႔...ဟိုဖက္​မွာ ​ေတာ္​​ေတာ္​
ဒုကၡ​ေရာက္​​ေနၾကတာ။​ေနာက္​ၿပီး အဲ့မွာမူလတန္​း
​ေက်ာင္​း​ေလးတစ္​​ေက်ာင္​းၿပိဳသြားတယ္​တဲ့။အဲ့ဒါ
ငါသြား​ေဆာက္​​ေပးမလားလို႔ မ တည္​​ေငြထည္​့
ၿပီး..."

"ဒါဆို မင္​းတစ္​​ေယာက္​တည္​း​ေတာ့မသြားနဲ႔။ငါ
ပါလိုက္​ခဲ့မယ္​။ အႏၱရာယ္​ တအားမ်ားတယ္​ကြ"

"ရပါတယ္​။ဒီတစ္​ခါ​ေတာ့ မင္​းမလိုက္​နဲ႔​ေတာ့။
ဒီိအခ်ိန္​ ခ်န္​းၿငိမး္​နား​ေနသင္​့တယ္​။မင္​းတို႔လည္​း
မိဘ​ေတြဝင္​ပါ​ေန​ေတာ့..."

"ဒါဆိုလည္​း အလွဴ​ေငြပဲထည္​့​ေပးလိုက္​ကြာ။မင္​း
​ေတာ့မလိုက္​သြားနဲ႔...ငါစိတ္​မခ်ဘူး"

"ဟား အသဲက ဒီလိုဆို​ေတာ့လည္​း ကို႔ကို
တကယ္​ခ်စ္​တာပဲ။​ေက်ာင္​း​ေဆာက္​ဖို႔နဲ႔ ျပန္​လည္​
​ေနရာခ်ဖို႔ မိန္​းကေလး​ေတြပါလိုက္​ၾကတာပဲ။ငါလည္​း ဒီတစ္​​ေခါက္​ခရီးက​ေနာက္​ဆံုးျဖစ္​သြားမလားပဲ။အဲ့ကျပန္​​ေရာက္​တာနဲ႔ ငါအလုပ္​ထြက္​ရဖို႔မ်ား​ေနတယ္​။"

"ဘာလို႔...အလုပ္​ထြက္​မွာလဲ မင္​းက"

"မယ္​မယ္​တို႔ကို ျပန္​ၾကည္​့ရမယ္​။ဒီလိုပဲ မိသားစု
အတြင္​း​ေရး​ေတြကို သားတစ္​​ေယာက္​အ​ေနနဲ႔ ငါ​ေျဖ႐ွင္​း​ေပးရမွာ​ေတြ႐ွိတယ္​။မယ္​မယ္​နဲ႔
ဘြား​ေတာ္​ ႏွစ္​​ေယာက္​တည္​း​ေျဖ႐ွင္​း​ေနရတာ။
ခုတ​ေလာ ဘြား​ေတာ္​လည္​း က်န္​းမာ​ေရးသိပ္​
မ​ေကာင္​းဘူး။ငါတစ္​လွည္​့တာဝန္​ယူ​ေပးရ​ေတာ့
မယ့္​အခ်ိန္​​ေရာက္​​ေနၿပီ..."

ပြင္​့လင္​းတယ္​လို႔ ထင္​ရ​ေပမယ္​့ မိသားစုအ​ေရး
သိပ္​မ​ေျပာတတ္​​ေသာ နႏၵႏႈတ္​မွပထမဆံုးထြက္​
လာတဲ့ မိသားစုအတြင္​း​ေရးတစ္​ပိုင္​းတစ္​စ။

"ငါ ကူညီ​ေပးလို႔ရတာဆို..."

"ရပါတယ္​ အသဲရာ။ဒီ​ေလာက္​​ေတာ့ ကို ကိုင္​
တြယ္​ႏိုင္​ပါတယ္​။ဟက္​ ဒါနဲ႔ ငါနဲ႔မနက္​က ျပႆနာျဖစ္​တဲ့ငတိ ျပန္​သြားၿပီလား?"

"​ေအး သူတို႔အိမ္​က လာ​ေခၚသြားတယ္​။ဆရာသမားက ခုမွအသက္​က၁၇ပဲ႐ွိ​ေသးတယ္​
​ေရြး​ေကာက္​ပြဲဝင္​ၿပိဳင္​မယ္​့ အမတ္​​ေလာင္​းသားတဲ့
အ​ေဖကို ငါတို႔​ေဆးရံုထိမဲလာဆြယ္​​ေပးတာ
လားပဲ"

"ဟား ဟား"

​ေပါ့​ေပါ့ပါးပါးလိုက္ရယ္​​ေမာၿပီးမွ ပုခံုးတစ္​ဖက္​ကိုဖ်စ္​ညႇစ္​ရင္​း

"သတိထား​ေနာ္​ နႏၵ...ဖုန္​းလည္​းအျမဲဖြင္​့ထား
ျမစ္​​ေရလွံ်​ေနတဲ့ဖက္​​ေတြမို႔ သတိဝီရိယနဲ႔​ေန
ျပန္​လာရင္​လည္​း မင္​းကိစၥ​ေတြထဲက ငါကူညီ
လို႔ရႏိုင္​တာ​ေတြဆိုလည္​းအားမနာနဲ႔ကြာ။ငါ​ေျပာ
တာ သ​ေဘာ​ေပါက္​လား"

"​ေအးပါ အသဲရာ။မင္​းဟာက ငါကျပန္​မလာ
​ေတာ့မယ္​့ လူလိုပဲ မွာ​ေနတာ။သြား​ေနက်ပဲကြာ
ငါ့အႏၱရာယ္​ငါ ၾကည္​့​ေ႐ွာင္​ပါ့မယ္​။မင္​းသာ
ငါသြား​ေနတုန္​းစည္​းရံုး​ေရး​ေအာင္​ျမင္​​ေအာင္​
ႀကိဳးစားထား...အ​ေရး​ေတာ္​ပံု​ေအာင္​တာပဲ
ၾကားခ်င္​တယ္​"

"ခုထိ​ေတာ့ ခ်န္​းကို ​ေျပာမထြက္​​ေသးဘူးကြာ
ငါသိတယ္​ ခ်န္​း လက္​ခံမွာလည္​းမဟုတ္​ဘူး။ၿပီး
​ေတာ့ ခ်န္​းလက္​ခံပါၿပီတဲ့ ငါဘယ္​သူ႔ကို အကူ
အညီထပ္​​ေတာင္​းရပါ့မလဲ?ဘယ္​ျမန္​မာမိန္​းက​ေလးက ဒီလိုကိစၥကိုလက္​ခံမွာလဲ"

"​ေအး...ခ်န္​းၿငိမ္​းကိုပဲ အရင္​ရ​ေအာင္​ညႇိၾကည္​့
မင္​းတို႔လည္​း မလြယ္​ဘူး။ခုမွစလံုး​ေရ စတုန္​း
႐ွိ​ေသးတဲ့​ေျခ​ေနမွာ အ အထိအၿပီးသင္​ခိုင္​းသလို
ျဖစ္​​ေနတယ္​"

"မား ​ေျပာတာလည္​းမွန္​​ေနတာပဲ​ေလကြာ...​ေနာက္​ၿပီး မား​ေက်းဇူး​ေတြက ငါ့အ​ေပၚအမ်ား
ႀကီးပဲ...သားအရင္​းတစ္​​ေယာက္​လို ဂ႐ုစိုက္​​ေပး
ခဲ့တာ။ခ်န္​းနဲ႔ခုလိုျဖစ္​သြား​တာကိုက ငါလြန္​​ေန
ၿပီ။မားအတြက္​ ခ်န္​း က ၂​ေယာက္​မ႐ွိႏိုင္​​ေတာ့
တဲ့ လူမ်ိဳး။ငါက..."

"ကိုယ္​့ကိုကိုယ္​ အျပစ္​တင္​မ​ေနပါနဲ႔ သုတရာ။
အဆင္​​ေျပသြားမွာပါ။ခ်န္​းကိုျဖည္​းျဖည္​းခ်င္​းနား
လည္​​ေအာင္​ ​ေျပာၾကည္​့။သူက ငါတို႔​​ေဆးေလာကထဲကမဟုတ္​​ေတာ့ဒါမ်ိဳးေတြအတြက္နည္​းနည္​း​ေတာ့ အခ်ိန္​ယူရမယ္​။အားတင္​းထား အသဲ"

"မင္​း​ေရာပဲ...ငါက​ေတာ့ မင္​းဘာဆံုးျဖတ္​ဆံုး
ျဖတ္​ မင္​းမွန္​တယ္​လို႔ ငါ​ေျပာမွာပဲ"

"Thank...ျပန္​ဝင္​ရ​ေအာင္​။​ေတာ္​ၾကာ ငါတို႔
၂​ေယာက္​ အပင္​​ေအာက္​ ခ်ိန္​း​ေတြ႔​ေနတယ္​ ထင္​
အံုးမယ္​။ ဟား ဟား"

           >>>>>EX-pect<<<<<

"တခ်န္း..."

ပန္းကန္ေဆးေနေသာ က်ေတာ့္ေနာက္ မွ ေခၚသံ
ထဲ မရဲတရဲအသံဆပါဝင္ေနမႈသည္ အနည္းကုန္
ေက်ာတြန္႔ေစ၏။

"ေျပာေလ"

လွည့္မႀကည့္ပဲ ေဆးလက္စပန္းကန္ကိုေရစင္
္ေအာင္ အဝတ္ေျခာက္နဲ႔ ပြတ္တိုက္ေနရင္း ေနာက္မွ အသံကို နားစြံေပမယ့္ ဗလာနတၱိ။
ဘာကိစၥမို႔လဲ??

"နာမည္ေခၚျပီးရင္ ေျပာစရာရွိေျပာ ငပိုင္။ဘာလဲ
ပိုက္ဆံ ထုတ္မလို႔လား?"

"မဟုတ္ဘူး။မင္း ကေလးခ်စ္တတ္လား တခ်န္း"

"ဘာ!"

"မင္း ကေလးခ်စ္တတ္လား?"

"ထူးထူးဆန္းဆန္း...ငါ ဘယ္ႏွစ္ခါ ကေလးခ်ီတာ
ပိုးတာ မင္းျမင္ဖူးလို႔လဲ?"

လက္မွေရေတြခါကာ အိမ္ေရွ႔သို႔အရင္ထြက္လာ
ေသာ က်ေတာ့္ေနာက္ထပ္ႀကပ္မခြာလိုက္လာ
သည္က လြဲ၍ ဘာစကားမွ ဆက္မေျပာ။
ဒီေကာင္ဘာျဖစ္ေနလဲ?

ဆက္ခနဲလွည့္ႀကည့္ေပမယ့္ အနည္းငယ္မကရွည္
ေသာ သူ႕အရပ္ေႀကာင့္က်ေတာ့္ေမာ့မႀကည့္ခ်င္
ေပမယ့္ ေမာ္ႀကည့္ေနရသည္။

"ငါ ငါတို႔ ကေလးယူႀကမလား?"

"ဘာ!!ရူးေနလား ငပိုင္။သူမ်ား ကေလးေမြးစား
ဖို႔ လာမေျပာနဲ႔။ငါဘာကေလးမွ မလိုဘူး"

"သူမ်ားကေလး မဟုတ္ပဲ ငါတို႔ကေလးဆိုရင္
ေရာ"

"ဟူးးးဒါနည္းအသစ္လားပဲ..."

ဒါဇနီးဝတၱရား ခင္ပြန္းဝတၱရားဘယ္ဝတၱရား
အစုအခြဲထဲမွာပါလဲေတာ့က်ေတာ္မသိ။
သူ႔လည္ပင္းကိုဖမ္းဆြဲငံု႔ခ်ေစကာ သူ႔ႏႈတ္ခမ္းကို
ဖိထိေတာ့ ရုန္း၏။နည္းနည္းေတာ့ ေအာင့္သက္
သက္ျဖစ္သြားေစသည္။

"ငါ...ငါဆိုလိုခ်င္တာ အဲ့ဒါမဟုတ္ဘူး တခ်န္း
တကယ့္ ကေလးတစ္ေယာက္..."

"ေတာ္ေတာ့ ငပိုင္"

ေျခလွမ္းက်ဲမ်ားႏွင့္ အခန္းထဲဝင္ေရာက္သြားရံု
သာမက ေဆာင့္ပိတ္လိုက္ေသာ တံခါးသံ...
ခ်န္း စိတ္ဆိုးသြားျပီ။

"တခ်န္း..."

ျပန္မထူး။အိပ္ေပ်ာ္သြားမွမဟုတ္ဘူးဆိုတာသိေန
၍ ေဘးနားဝင္လွဲျဖစ္သည္။ေနာက္မွ သိုင္းဖက္သည့္တိုင္ မလိုမခ်င္ျငင္းဆိုတာလည္း
မဟုတ္ပဲ။မတုန္မလႈပ္၍သာ...

"တခ်န္း..."

"ျမင့္ျမတ္တဲ့ စိတ္ကို ခိုးယူမိလို႔ ေတာင္းပန္ပါ
တယ္"

ထြက္ေပၚလာေသာ ခ်န္းအသံတိုးတိုးတြင္ သိမ္ငယ္ျခင္းမ်ားစြာ...လႈိက္လွဲစြာထပ္တူဝမ္း
နည္းမိသည္။

"တခ်န္း...ငါ ေတာင္းပန္ပါတယ္။ငါဆိုလိုတာ..."

က်ေတာ္စိတ္ဆိုးေနတယ္ဟု ထင္ေနပံုရသည္။
ေနာက္ကေန သိုင္းယူေပြ႔ဖက္ထားရင္း က်ေတာ့္
ပုခံုးေပၚေမးဖ်ားတင္၍ ေတာင္းပန္စကားကို
အထပ္ထပ္ရြတ္ဆိုလ်က္ တတ္သေလာက္မွတ္
သေလာက္ ေခ်ာ့ေမာ့ေနသူ။
ေခ်ာ့ေမာ့ေနရေအာင္ က်ေတာ္က သူ႔ကိုစိတ္ဆိုး
စိတ္ေကာက္ေနတာမွ မဟုတ္ပဲ။
တကယ္က်ေတာ္ခံစားေနရတာ တစ္ခုတည္း...
အားနာျခင္း။
လွည့္ႀကည့္ဖို႔ပင္ တြန္႔ဆုတ္စြာ မ်က္ႏွာလႊဲလ်က္
ပင္ ရင္ဖြင့္ရသည္။

"ငပိုင္...မင္း ကိုငါ ေပးႏိုင္သေလာက္ အကုန္
ေပးထားျပီးျပီ...ငါ မေပးႏိုင္တာေတြကို ထပ္မ
ေတာင္းပါနဲ႔ေတာ့"

"ငါ လိုခ်င္လို႔မဟုတ္ပါဘူး တခ်န္းရာ..."

"မင္းနဲ႔ငါႀကားခ်ည္ထားစရာ ဘာႀကိဳးမွမလိုဘူး။
မင္း ထင္ေနလိမ့္မယ္။သာမာန္အိမ္ေထာင္တစ္စုမွာလို သားသမီး
သံေယာဇာဥ္တစ္ခု ရွိေနမွ ခိုင္ျမဲမယ္လို႔မထင္နဲ႔။
ခုကြာရွင္းထားတဲ့အိမ္ေထာင္စုအကုန္လံုးက
သားသမီးမရွိလို႔ ကြဲႀကတာမဟုတ္ဘူး။မင္းေရွ႔မွာ
ဥပမာေကာင္းအျဖစ္ ငါနဲ႔ မားရွိေနတာပဲေလ"

"ငါ ေတာင္းပန္ပါတယ္"

က်ေတာ့္ကို ပို၍တိုးဖက္လာသည္။မငိုပါဘူး။သူ
ေရာ က်ေတာ္ပါ။႐ွိေနေသာရင္ေငြ႔ေႏြးေႏြး...
စကားလံုးတို႔ မလိုေတာ့...

ငါ...မင္းဘာေတြေတြးေနလဲ ဆိုတာလိုက္မွီ
ေအာင္ဘယ္ေတာ့မွ လိုက္မစဥ္းစားခဲ့ဘူး။
နားလည္ေအာင္လည္းမႀကိဳးစားခ်င္ဘူး။
ခုေတာင္ ငါအရမ္းပင္ပန္းေနျပီ...
-
-
-
ဖုန္းရရခ်င္း ဘာမွမစဥ္းစားႏိုင္။သူရွိရာ ေဆးရံု
ႀကီးသို႔သည္ အျမန္ေရာက္ေအာင္သြားရသည္။
ထိုသတင္းကို က်ေတာ့္ထံဦးစြာအသိေပးတယ္
ဆိုတည္းက သူ႔နားက်ေတာ္ရွိေနေပးဖို႔လိုအပ္
ေနျပီ။

ေဆးရံုေရာက္သည္ႏွင့္ ျမင္ရသည့္ျမင္ကြင္းက

"ငါ့သားကို အခုေတြ႔ေအာင္ရွာေပး..."

နန္းရိပ္နန္းဟန္တို႔ႀကြင္းက်န္ေနေသာ ဟန္ေတြ
ႀကားက ပူေဆြးေသာကေဝေနေသာ အမ်ိဳးသမီး
ႀကီးသည္ သူ႕ရင္ကိုထုရင္း ငိုေႀကြးေန၏

"မယ္မယ္...အခုDrနဲ႔ အတူ ပါသြားတဲ့လူေတြ
ကိုေရာ Drကိုပါ ရွာေနႀကပါတယ္။မေန႔ညက
ျဖစ္သြားတာဆိုေတာ့ ခု အေျခအေနကို ေစာင့္
ႀကည့္ရေအာင္..."

"ငါ့သား...ငါ့သား တစ္ခုခုျဖစ္လို႔မရဘူး။"

ရုန္းရင္းဆန္ခတ္ျဖစ္ေနေသာ အမ်ိဳးသမီးႀကီး
သည္ တစ္သက္သာ ထိန္းသိမ္းခဲ့ေသာ ဣျႏၵိတို႔
သည္ သူ၏တစ္ဦးတည္းေသာသား ေတာင္က်ေခ်ာင္းေရနဲ႔ အတူေမ်ာပါသြားသည္
ဟူေသာ သတင္းေနာက္ ေရစုန္ေမ်ာခ်ေနသလို
ိုပင္။

အားလံုးကဝိုင္းဝန္းေျဖာင္းျဖေနသည့္ႀကားမွ ငိုေန
ရင္း ေမ့လဲက်ေတာ့၏။

အေဆာင္ေရွ႔ ေတြကာရပ္ေငးေနေသာ က်ေတာ့္
ကိုျမင္သည္ႏွင့္ သူ႔မ်က္လံုးတို႕အေရာင္ေျပာင္း
သြားသည္။အားတက္စရာ ခိုကိုးစရာေနရာတစ္ခု
ေတြ႔သြားသလို မ်က္လံုးေတြ...
အျမင္ေတာ္၏ မေတာ္၏ဘာမွ မစဥ္းစားခ်င္
ခုခ်ိန္သူႏွွစ္သိမ့္ေျဖဆည္စရာ ရင္ခြင္ေပးႏိုင္ဖို႔သာ
အဓိက။
ေပြ႕ဖက္ေပးထားေသာ က်ေတာ့္ေက်ာျပင္ကို
တင္းႀကပ္စြာျပန္လည္ဖက္တြယ္ထားရင္း

"မသြားပါနဲ႔ လို႔ ငါအတန္တန္တားတဲ့ႀကားက
ကြာ"

ဟူ၍ မခ်ိတင္ကဲေရရြတ္သံသည္ အက္ကြဲစြာ

နႏၵဦးေမာ္ဆိုတာ ပိုင္သုတ အတြက္ ဘယ္လို
လူလဲဆိုတာ က်ေတာ္အသိဆံုးပင္။
က်ေတာ္နဲ႔ ေကာင္းဆက္စံကို ခ်စ္ခဲ့တာထက္ပို
စြာ...နႏၵဦးေမာ္သည္ သူ႕အတြက္ဆို ေသေဖာ္
ေသဖက္လိုပင္။

"ျပန္ေတြ႔မွာပါ...နႏၵက ကႏၱာရထဲတစ္
ေယာက္တည္းက်န္ခဲ့ရင္ေတာင္ ျပန္လာႏိုင္မယ့္
ေကာင္မ်ိဳးပါ"

က်ေတာ္ႏွစ္သိမ့္စကားအရာေရာက္ေသာ္ရွိ
မေရာက္ေသာ္ရွိ...တစ္ပတ္ဆိုသည့္ အခ်ိန္ျဖတ္
ေက်ာ္ျပီးသည့္တိုင္ ထိုေန႔ည ေတာင္က်ေခ်ာင္း
ေရထဲ ေမ်ာပါသြားသူမ်ား၏ ရွင္သန္မႈေသဆံုး
မႈသတင္းစ သတင္းနမ်ားတြင္ နႏၵအေႀကာင္း
တစ္စြန္းတစပင္မပါ။

ေန႔ေတြ ညေတြမွားယြင္းေနသူတစ္ေယာက္လို
သူလည္းစိတ္နဲ႔ကိုယ္မကပ္ေတာ့။
က်ေတာ္နဲ႔ ေနစဥ္ တစ္ခြန္းတေလေတာင္စကား
ေႀကာင္းရာ မဆက္မိေသာ သူ႕ငယ္သူခ်င္းအေပၚ
ထားေသာ သံေယာဇာဥ္အား ခုခါတြင္မွ ထင္ရွား
စြာ...စိတ္မခ်မ္းသာဖြယ္ျမင္ေတြ႔ေနရသည္။

"ပိုင္...မသြားခင္ မနက္စာေတာ့စားသြား"

"မစားေတာ့ဘူး တခ်န္း"

"ဒီေန႔ေတာ့ စားသြား။ဒီလိုနဲ႔ နႏၵျပန္မေရာက္ခင္
မင္းအရင္ ေရာက္သြားမယ္"

က်ေတာ္စိတ္ေက်နပ္ေအာင္ ေျမပဲဆံနဲ႔နယ္ေပး
ထားေသာ ထမင္းကို သံုးေလးလုတ္ေလာက္ဝင္
ေအာင္စားသည္။

"အမွန္ေတာ့ ဒီရက္ပိုင္းတြင္း မင္းကိုဆိုင္ကယ္
ေတာင္ မစီးေစခ်င္ဘူး။ဆိုင္ကယ္ေမာင္းေန
ခ်ိန္ေတာ့ မင္း စိတ္န႔ဲကိုယ္ကပ္ထားပါကြာ။ငပိုင္
ငါေျပာတာ သိလား"

"အင္း...ငါသြားျပီ"

အိမ္ေရွ႔ေပါက္ဝကေနရပ္ရင္း ျမင္ကြင္းထဲက
ေပ်ာက္သြားသည္အထိရပ္က်န္ေငးရစ္ေနမယ့္
လူကို အားနာ၏။ဒါေပမယ့္ ခုခ်ိန္ ဘယ္ဆီေရာက္
၍ ဘာေတြျဖစ္ေနလဲ မသိရေသာ နႏၵအေႀကာင္း
အေတြးထဲ မထည့္ထားလို႔မရ။

က်ေတာ္မလိုက္သြားလို႔ျဖစ္ရတာ...ဟူေသာ
အသိကလည္း အိပ္မက္ထဲထိႏွိပ္စက္သည္။
ေဆးေက်ာင္းတက္ေနသည့္အခ်ိန္တည္းက
ပရဟိတသြားမယ္ဆို ႏွစ္ေယာက္စလံုးစိတ္တူ
ကိုယ္တူ သြားေနက်။
ဒါ ပထမဆံုး က်ေတာ္မလိုက္ျဖစ္သင့္ခရီးမွ တိုက္
ဆိုင္စြာ...

အိပ္ကပ္ထဲမွေန၍ အဆက္မျပတ္ဝင္ေနေသာ
ဖုန္း၏ တုန္ခါမႈဒဏ္ကို မခံႏိုင္စြာ ဆိုင္ကယ္လ္
ကို လမ္းေဘးခ်ရပ္ကာ ဖုန္းလက္ခံရေတာ့သည္

အမည္မသိ Noေတြခ်ဥ္းသာေပၚေနေသာ ဖုန္း
မွ codeသည္ ကိုယ့္ႏိုင္ငံ codeမဟုတ္။
ထူးထူးဆန္းဆန္းoversea callကို လက္ခံ
မိစဥ္

"သုတ...ငါ အမရာဦးေမာ္"

Thank you all

(Unicode)

/

/

/

"မင်း ကိုဘယ်နှခါပြောရမလဲ?မင့်အသက်နဲ့
မော်ဖိန်းထိုးလို့မရဘူးဆိုတာ..."

ပြင်ပလူနာဆောင်ရှေ့ကအဖြတ် မနေ့ကမှ
ရောက်လာသော Nurse ပေါက်စလေးအသံက
အဆောင်ပြင် လျံကျလာသည်။
ဘာရယ်မဟုတ်အသစ်ကလေးများ၏
ပြဿနာကိုင်တွယ်နည်းကို စိတ်ဝင်တစားရှိတတ်တဲ့အကျင့်ကဖျောက်မရ၍ ခေါင်းပြူကြည့်မိသည်။

"အားးးး နာတယ်။ထိုးပေးပါ မ ရယ်နော်။ကျ
တော်တအားနာနေလို့ပါ"

ဆယ်ကျော်သက်နှောင်းပိုင်းလူပျိုပေါက်စ၏အမူ
ပိုပို သရုပ်ဆောင်ချက်။မြန်မာပေါကားအကြည့်
များပုံရတယ် ဒီကောင်။ဟက်ခနဲပင်သဘောတကျ
ရယ်မိတယ်။

"မရဘူးပြောနေတယ်။မင့်ဟာက ထိုးခံရတာ
မျက်ခုံးကွဲသွားရုံလောက်လေး...မင့်ပြောတဲ့ဟာက ဖြတ်ရတောက်ရမှသုံးရတာ"

အထက်အညာလေယူလေသိမ်းနဲ့ ပြောဆိုနေ
သော ဆရာမလေး၏ ရိုးသားမှုနှင့် လူနာပါးမဝ
သေးခြင်းသည် ကျတော့်ကို အဆောင်တွင်း
ခြေလှမ်းလှမ်းစေတော့၏။

"ကဲ ပြော ခုဘာဖြစ်လဲ"

"ဆရာ"

တစ်ယောက်တည်းတိုင်ပတ်နေရာမှ ကျတော့်ကို
မြင်သည်နှင့်အားတက်သွားဟန်ရှိ၏

"ဒီမှာ မော်ဖိန်းအတင်းထိုးခိုင်းနေလို့ ဆရာ"

"ဟုတ်လား...တော်တော်နာနေလို့လား မှန်း"

မဖြေရသေးသောချုပ်ရိုးနေရာကို လက်မနှင့်ဖိ
လိုက်သည်နှင့်

"အားးးး"ခနဲအော်သံ။

"ဘာ ဘာလုပ်တာလဲ ခင်ဗျား။လွှတ် နာတယ်ဗျ
အားးးး"

ဖိထားသောလက်ကို အတင်းဆွဲဖယ်ထုတ်နေသော ချာတိတ်။လူကောင်လေးကဖြင့် ၅ပေ၃မ
ပြည့်ချင်တဲ့ အရပ်နဲ့ ဇိုးလုပ်ချင်နေတာ

"အဲ့လောက်အော်နိုင်သေးတယ်ဆိုရင် ခြေနေ
ကောင်းသေးတယ်။အေးဆေးပေါ့"

"လွှတ်။အားး"

မျက်ခုံးပေါ်မှ လက်မကိုအတင်းဖယ်ရင်း ထွန့်လူး
နေ၏။

"မှန်း မင်း ကိုယ်က ကော်နံ့ရသလိုပဲ။ကော်ရှု
တာလား။ဟုတ်လား"

"အားးးး မဟုတ်"

မျက်ခုံးပေါ်မှအားကို ထပ်ဖိလိုက်ရင်း

"မှန်မှန်ပြောနော်...မဟုတ်ရင်"

"ခင်ဗျားက ကျတော့်အဖေမို့လား?လွှတ်နော်"

"ရှုလားမရှုဘူးလား?ဘာမှမဖြစ်ပဲ မော်ဖိန်းထိုး
ခိုင်းတာ မင်းကိုအချုပ်ထဲပို့လို့ရတယ်နော်...
ခုမေးနေတုန်း အေးဆေးဖြေ"

ဟုတ်သော်ရှိမဟုတ်သော်ရှိဖြဲကြောက်တော့မှ
လန့်သွားသည့်ပုံစံနဲ့ မရဲတရဲခေါင်းညိတ်ပြသည်။
ဒါပဲလေ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ

"ရန်ဖြစ်တယ်။ခံလာရတယ်။အဲ့ဒါကို အေးဆေး
မနေပဲ မော်ဖိန်း...ဟုတ်လား။ဟားဟားပဲရမယ်"

ဝယ်လာတဲ့ ဂျာနယ်အသစ်စက်စက်ကို ကျစ်ကျစ်
ပါအောင်လိပ်ရင်း ငတိခေါင်းကို သုံးလေးချက်
ဆင့်ရိုက်ပေးလိုက်တယ်။
လူကဟိုဖက်အဆောင်မှ အပေါက်အလမ်းမတည့့်လို့ လွတ်လာတာ။ငတိမင်းကံဆိုးတာ။
မဟုတ်ဘူး ဒီအရွယ်တွေက ကြောက်ရမယ့်လူရှိမှ

Nurseလေးကပြူးတူးတူးပြန်ကြည့်နေသလို
တခြားပြင်ပလူနာတစ်ယောက်စနှစ်ယောက်စ
လည်း ကျတော်တို့ကိုလှည့်ကြည့်နေသည်။

"လူနာကို အဲ့လိုလက်ရောက်နှိပ်စက်လို့မရဘူး။
ခင်ဗျား ရပ်"

"နန္ဒဦးမော်"

ရင်းနှီးလွန်းသော အသံ။ရိုက်နေရင်းမှ ခပ်ကျိတ်
ကျိတ် ကျိန်ဆဲမိသည်။လှည့်မကြည့်ပေမယ့်
ဒါ ဆေးရုံတစ်ရုံလုံးမှာ ကျတော့်ကိုအော်ရဲသူ။
ချစ်လှစွာသော ဘိုးတော်။

ခြေသံတရှပ်ရှပ်နဲ့ အနားရောက်လာပြီးသည်နှင့်

"မင်းကို ငါ ဘယ်နှစ်ခါပြောမှ မင်းနားလည်မှာ
လဲ..."

လူနာတွေ။Nurse လေးနဲ့ အလုပ်သင်လေးတွေ
နောက် ကုတင်ပေါ်ကနေ ပေတေတေပြန်ကြည့်
နေသော အနှီငတိ...လူစုံတက်စုံရှေ့တော့
မဆူပါစေနဲ့ ဟူသောဆုတောင်းပြည့်သွားသည်။

"ငါ့ရုံးခန်း ခဏကြွခဲ့အုံး ကိုယ်တော်"

ခံယူပေအုံးပေါ့ သြဝါဒ။

"နန္ဒ..."

ဆေးရုံရှေ့မှာထိုင်နေမှန်းဘယ်လိုသိလဲမသိ
ရအောင်လိုက်လာသော ပိုင်သုတ။
ထိုင်တောင်မထိုင်နိုင်။အနားရောက်သည်နှင့်

"မင်း ကချင်ဖက်သွားမလို့ဆို။ဟုတ်လား"

"အေး"

"ဘာလို့လဲ?ရုတ်တရက်ကြီး မနက်က မင်းကို
ဆရာခေါ်ဆူသေးတယ်ဆို...အဲ့ဒါကြောင့်လား"

"မဟုတ်ပါဘူးကွာ။ငါ့ဘာသာငါ သွားချင်လို့"

"မဟုတ်ဘူးဆို ဘာလို့သွားမှာလဲ။အဲ့ဖက်မှာ ပစ်
နေကြတာ။ပြီးတော့ တောင်ကျရေတွေကြောင့်
ရွာလုံးကျွတ်မြုပ်နေကြတာဆို"

"အေး အဲ့ဒါသွားမလို့...ဟိုဖက်မှာ တော်တော်
ဒုက္ခရောက်နေကြတာ။နောက်ပြီး အဲ့မှာမူလတန်း
ကျောင်းလေးတစ်ကျောင်းပြိုသွားတယ်တဲ့။အဲ့ဒါ
ငါသွားဆောက်ပေးမလားလို့ မ တည်ငွေထည့်
ပြီး..."

"ဒါဆို မင်းတစ်ယောက်တည်းတော့မသွားနဲ့။ငါ
ပါလိုက်ခဲ့မယ်။ အန္တရာယ် တအားများတယ်ကွ"

"ရပါတယ်။ဒီတစ်ခါတော့ မင်းမလိုက်နဲ့တော့။
ဒီအချိန် ချန်းငြိမ်းနားနေသင့်တယ်။မင်းတို့လည်း
မိဘတွေဝင်ပါနေတော့..."

"ဒါဆိုလည်း အလှူငွေပဲထည့်ပေးလိုက်ကွာ။မင်း
တော့မလိုက်သွားနဲ့...ငါစိတ်မချဘူး"

"ဟား အသဲက ဒီလိုဆိုတော့လည်း ကို့ကို
တကယ်ချစ်တာပဲ။ကျောင်းဆောက်ဖို့နဲ့ ပြန်လည်
နေရာချဖို့ မိန်းကလေးတွေပါလိုက်ကြတာပဲ။ငါလည်း ဒီတစ်ခေါက်ခရီးကနောက်ဆုံးဖြစ်သွားမလားပဲ။အဲ့ကပြန်ရောက်တာနဲ့ ငါအလုပ်ထွက်ရဖို့များနေတယ်။"

"ဘာလို့...အလုပ်ထွက်မှာလဲ မင်းက"

"မယ်မယ်တို့ကို ပြန်ကြည့်ရမယ်။ဒီလိုပဲ မိသားစု
အတွင်းရေးတွေကို သားတစ်ယောက်အနေနဲ့ ငါဖြေရှင်းပေးရမှာတွေရှိတယ်။မယ်မယ်နဲ့
ဘွားတော် နှစ်ယောက်တည်းဖြေရှင်းနေရတာ။
ခုတလော ဘွားတော်လည်း ကျန်းမာရေးသိပ်
မကောင်းဘူး။ငါတစ်လှည့်တာဝန်ယူပေးရတော့
မယ့်အချိန်ရောက်နေပြီ..."

ပွင့်လင်းတယ်လို့ ထင်ရပေမယ့် မိသားစုအရေး
သိပ်မပြောတတ်သော နန္ဒနှုတ်မှပထမဆုံးထွက်
လာတဲ့ မိသားစုအတွင်းရေးတစ်ပိုင်းတစ်စ။

"ငါ ကူညီပေးလို့ရတာဆို..."

"ရပါတယ် အသဲရာ။ဒီလောက်တော့ ကို ကိုင်
တွယ်နိုင်ပါတယ်။ဟက် ဒါနဲ့ ငါနဲ့မနက်က ပြဿနာဖြစ်တဲ့ငတိ ပြန်သွားပြီလား?"

"အေး သူတို့အိမ်က လာခေါ်သွားတယ်။ဆရာသမားက ခုမှအသက်က၁၇ပဲရှိသေးတယ်
ရွေးကောက်ပွဲဝင်ပြိုင်မယ့် အမတ်လောင်းသားတဲ့
အဖေကို ငါတို့ဆေးရုံထိမဲလာဆွယ်ပေးတာ
လားပဲ"

"ဟား ဟား"

ပေါ့ပေါ့ပါးပါးလိုက်ရယ်မောပြီးမှ ပုခုံးတစ်ဖက်ကိုဖျစ်ညှစ်ရင်း

"သတိထားနော် နန္ဒ...ဖုန်းလည်းအမြဲဖွင့်ထား
မြစ်ရေလှံျနေတဲ့ဖက်တွေမို့ သတိဝီရိယနဲ့နေ
ပြန်လာရင်လည်း မင်းကိစ္စတွေထဲက ငါကူညီ
လို့ရနိုင်တာတွေဆိုလည်းအားမနာနဲ့ကွာ။ငါပြော
တာ သဘောပေါက်လား"

"အေးပါ အသဲရာ။မင်းဟာက ငါကပြန်မလာ
တော့မယ့် လူလိုပဲ မှာနေတာ။သွားနေကျပဲကွာ
ငါ့အန္တရာယ်ငါ ကြည့်ရှောင်ပါ့မယ်။မင်းသာ
ငါသွားနေတုန်းစည်းရုံးရေးအောင်မြင်အောင်
ကြိုးစားထား...အရေးတော်ပုံအောင်တာပဲ
ကြားချင်တယ်"

"ခုထိတော့ ချန်းကို ပြောမထွက်သေးဘူးကွာ
ငါသိတယ် ချန်း လက်ခံမှာလည်းမဟုတ်ဘူး။ပြီး
တော့ ချန်းလက်ခံပါပြီတဲ့ ငါဘယ်သူ့ကို အကူ
အညီထပ်တောင်းရပါ့မလဲ?ဘယ်မြန်မာမိန်းကလေးက ဒီလိုကိစ္စကိုလက်ခံမှာလဲ"

"အေး...ချန်းငြိမ်းကိုပဲ အရင်ရအောင်ညှိကြည့်
မင်းတို့လည်း မလွယ်ဘူး။ခုမှစလုံးရေ စတုန်း
ရှိသေးတဲ့ခြေနေမှာ အ အထိအပြီးသင်ခိုင်းသလို
ဖြစ်နေတယ်"

"မား ပြောတာလည်းမှန်နေတာပဲလေကွာ...နောက်ပြီး မားကျေးဇူးတွေက ငါ့အပေါ်အများ
ကြီးပဲ...သားအရင်းတစ်ယောက်လို ဂရုစိုက်ပေး
ခဲ့တာ။ချန်းနဲ့ခုလိုဖြစ်သွားတာကိုက ငါလွန်နေ
ပြီ။မားအတွက် ချန်း က ၂ယောက်မရှိနိုင်တော့
တဲ့ လူမျိုး။ငါက..."

"ကိုယ့်ကိုကိုယ် အပြစ်တင်မနေပါနဲ့ သုတရာ။
အဆင်ပြေသွားမှာပါ။ချန်းကိုဖြည်းဖြည်းချင်းနား
လည်အောင် ပြောကြည့်။သူက ငါတို့ဆေးလောကထဲကမဟုတ်တော့ဒါမျိုးတွေအတွက်နည်းနည်းတော့ အချိန်ယူရမယ်။အားတင်းထား အသဲ"

"မင်းရောပဲ...ငါကတော့ မင်းဘာဆုံးဖြတ်ဆုံး
ဖြတ် မင်းမှန်တယ်လို့ ငါပြောမှာပဲ"

"Thank...ပြန်ဝင်ရအောင်။တော်ကြာ ငါတို့
၂ယောက် အပင်အောက် ချိန်းတွေ့နေတယ် ထင်
အုံးမယ်။ ဟား ဟား"

>>>>>EX-pect<<<<<

"တချန်း..."

ပန်းကန်ဆေးနေသော ကျတော့်နောက် မှ ခေါ်သံ
ထဲ မရဲတရဲအသံဆပါဝင်နေမှုသည် အနည်းကုန်
ကျောတွန့်စေ၏။

"ပြောလေ"

လှည့်မကြည့်ပဲ ဆေးလက်စပန်းကန်ကိုရေစင်
်အောင် အဝတ်ခြောက်နဲ့ ပွတ်တိုက်နေရင်း နောက်မှ အသံကို နားစွံပေမယ့် ဗလာနတ္တိ။
ဘာကိစ္စမို့လဲ??

"နာမည်ခေါ်ပြီးရင် ပြောစရာရှိပြော ငပိုင်။ဘာလဲ
ပိုက်ဆံ ထုတ်မလို့လား?"

"မဟုတ်ဘူး။မင်း ကလေးချစ်တတ်လား တချန်း"

"ဘာ!"

"မင်း ကလေးချစ်တတ်လား?"

"ထူးထူးဆန်းဆန်း...ငါ ဘယ်နှစ်ခါ ကလေးချီတာ
ပိုးတာ မင်းမြင်ဖူးလို့လဲ?"

လက်မှရေတွေခါကာ အိမ်ရှေ့သို့အရင်ထွက်လာ
သော ကျတော့်နောက်ထပ်ကြပ်မခွာလိုက်လာ
သည်က လွဲ၍ ဘာစကားမှ ဆက်မပြော။
ဒီကောင်ဘာဖြစ်နေလဲ?

ဆက်ခနဲလှည့်ကြည့်ပေမယ့် အနည်းငယ်မကရှည်
သော သူ့အရပ်ကြောင့်ကျတော့်မော့မကြည့်ချင်
ပေမယ့် မော်ကြည့်နေရသည်။

"ငါ ငါတို့ ကလေးယူကြမလား?"

"ဘာ!!ရူးနေလား ငပိုင်။သူများ ကလေးမွေးစား
ဖို့ လာမပြောနဲ့။ငါဘာကလေးမှ မလိုဘူး"

"သူများကလေး မဟုတ်ပဲ ငါတို့ကလေးဆိုရင်
ရော"

"ဟူးးးဒါနည်းအသစ်လားပဲ..."

ဒါဇနီးဝတ္တရား ခင်ပွန်းဝတ္တရားဘယ်ဝတ္တရား
အစုအခွဲထဲမှာပါလဲတော့ကျတော်မသိ။
သူ့လည်ပင်းကိုဖမ်းဆွဲငုံ့ချစေကာ သူ့နှုတ်ခမ်းကို
ဖိထိတော့ ရုန်း၏။နည်းနည်းတော့ အောင့်သက်
သက်ဖြစ်သွားစေသည်။

"ငါ...ငါဆိုလိုချင်တာ အဲ့ဒါမဟုတ်ဘူး တချန်း
တကယ့် ကလေးတစ်ယောက်..."

"တော်တော့ ငပိုင်"

ခြေလှမ်းကျဲများနှင့် အခန်းထဲဝင်ရောက်သွားရုံ
သာမက ဆောင့်ပိတ်လိုက်သော တံခါးသံ...
ချန်း စိတ်ဆိုးသွားပြီ။

"တချန်း..."

ပြန်မထူး။အိပ်ပျော်သွားမှမဟုတ်ဘူးဆိုတာသိနေ
၍ ဘေးနားဝင်လှဲဖြစ်သည်။နောက်မှ သိုင်းဖက်သည့်တိုင် မလိုမချင်ငြင်းဆိုတာလည်း
မဟုတ်ပဲ။မတုန်မလှုပ်၍သာ...

"တချန်း..."

"မြင့်မြတ်တဲ့ စိတ်ကို ခိုးယူမိလို့ တောင်းပန်ပါ
တယ်"

ထွက်ပေါ်လာသော ချန်းအသံတိုးတိုးတွင် သိမ်ငယ်ခြင်းများစွာ...လှိုက်လှဲစွာထပ်တူဝမ်း
နည်းမိသည်။

"တချန်း...ငါ တောင်းပန်ပါတယ်။ငါဆိုလိုတာ..."

ကျတော်စိတ်ဆိုးနေတယ်ဟု ထင်နေပုံရသည်။
နောက်ကနေ သိုင်းယူပွေ့ဖက်ထားရင်း ကျတော့်
ပုခုံးပေါ်မေးဖျားတင်၍ တောင်းပန်စကားကို
အထပ်ထပ်ရွတ်ဆိုလျက် တတ်သလောက်မှတ်
သလောက် ချော့မော့နေသူ။
ချော့မော့နေရအောင် ကျတော်က သူ့ကိုစိတ်ဆိုး
စိတ်ကောက်နေတာမှ မဟုတ်ပဲ။
တကယ်ကျတော်ခံစားနေရတာ တစ်ခုတည်း...
အားနာခြင်း။
လှည့်ကြည့်ဖို့ပင် တွန့်ဆုတ်စွာ မျက်နှာလွှဲလျက်
ပင် ရင်ဖွင့်ရသည်။

"ငပိုင်...မင်း ကိုငါ ပေးနိုင်သလောက် အကုန်
ပေးထားပြီးပြီ...ငါ မပေးနိုင်တာတွေကို ထပ်မ
တောင်းပါနဲ့တော့"

"ငါ လိုချင်လို့မဟုတ်ပါဘူး တချန်းရာ..."

"မင်းနဲ့ငါကြားချည်ထားစရာ ဘာကြိုးမှမလိုဘူး။
မင်း ထင်နေလိမ့်မယ်။သာမာန်အိမ်ထောင်တစ်စုမှာလို သားသမီး
သံယောဇာဉ်တစ်ခု ရှိနေမှ ခိုင်မြဲမယ်လို့မထင်နဲ့။
ခုကွာရှင်းထားတဲ့အိမ်ထောင်စုအကုန်လုံးက
သားသမီးမရှိလို့ ကွဲကြတာမဟုတ်ဘူး။မင်းရှေ့မှာ
ဥပမာကောင်းအဖြစ် ငါနဲ့ မားရှိနေတာပဲလေ"

"ငါ တောင်းပန်ပါတယ်"

ကျတော့်ကို ပို၍တိုးဖက်လာသည်။မငိုပါဘူး။သူ
ရော ကျတော်ပါ။ရှိနေသောရင်ငွေ့နွေးနွေး...
စကားလုံးတို့ မလိုတော့...

ငါ...မင်းဘာတွေတွေးနေလဲ ဆိုတာလိုက်မှီ
အောင်ဘယ်တော့မှ လိုက်မစဉ်းစားခဲ့ဘူး။
နားလည်အောင်လည်းမကြိုးစားချင်ဘူး။
ခုတောင် ငါအရမ်းပင်ပန်းနေပြီ...
-
-
-
ဖုန်းရရချင်း ဘာမှမစဉ်းစားနိုင်။သူရှိရာ ဆေးရုံ
ကြီးသို့သည် အမြန်ရောက်အောင်သွားရသည်။
ထိုသတင်းကို ကျတော့်ထံဦးစွာအသိပေးတယ်
ဆိုတည်းက သူ့နားကျတော်ရှိနေပေးဖို့လိုအပ်
နေပြီ။

ဆေးရုံရောက်သည်နှင့် မြင်ရသည့်မြင်ကွင်းက

"ငါ့သားကို အခုတွေ့အောင်ရှာပေး..."

နန်းရိပ်နန်းဟန်တို့ကြွင်းကျန်နေသော ဟန်တွေ
ကြားက ပူဆွေးသောကဝေနေသော အမျိုးသမီး
ကြီးသည် သူ့ရင်ကိုထုရင်း ငိုကြွေးနေ၏

"မယ်မယ်...အခုDrနဲ့ အတူ ပါသွားတဲ့လူတွေ
ကိုရော Drကိုပါ ရှာနေကြပါတယ်။မနေ့ညက
ဖြစ်သွားတာဆိုတော့ ခု အခြေအနေကို စောင့်
ကြည့်ရအောင်..."

"ငါ့သား...ငါ့သား တစ်ခုခုဖြစ်လို့မရဘူး။"

ရုန်းရင်းဆန်ခတ်ဖြစ်နေသော အမျိုးသမီးကြီး
သည် တစ်သက်သာ ထိန်းသိမ်းခဲ့သော ဣန္ဒြိတို့
သည် သူ၏တစ်ဦးတည်းသောသား တောင်ကျချောင်းရေနဲ့ အတူမျောပါသွားသည်
ဟူသော သတင်းနောက် ရေစုန်မျောချနေသလို
ိုပင်။

အားလုံးကဝိုင်းဝန်းဖြောင်းဖြနေသည့်ကြားမှ ငိုနေ
ရင်း မေ့လဲကျတော့၏။

အဆောင်ရှေ့ တွေကာရပ်ငေးနေသော ကျတော့်
ကိုမြင်သည်နှင့် သူ့မျက်လုံးတို့အရောင်ပြောင်း
သွားသည်။အားတက်စရာ ခိုကိုးစရာနေရာတစ်ခု
တွေ့သွားသလို မျက်လုံးတွေ...
အမြင်တော်၏ မတော်၏ဘာမှ မစဉ်းစားချင်
ခုချိန်သူနှစ်သိမ့်ဖြေဆည်စရာ ရင်ခွင်ပေးနိုင်ဖို့သာ
အဓိက။
ပွေ့ဖက်ပေးထားသော ကျတော့်ကျောပြင်ကို
တင်းကြပ်စွာပြန်လည်ဖက်တွယ်ထားရင်း

"မသွားပါနဲ့ လို့ ငါအတန်တန်တားတဲ့ကြားက
ကွာ"

ဟူ၍ မချိတင်ကဲရေရွတ်သံသည် အက်ကွဲစွာ

နန္ဒဦးမော်ဆိုတာ ပိုင်သုတ အတွက် ဘယ်လို
လူလဲဆိုတာ ကျတော်အသိဆုံးပင်။
ကျတော်နဲ့ ကောင်းဆက်စံကို ချစ်ခဲ့တာထက်ပို
စွာ...နန္ဒဦးမော်သည် သူ့အတွက်ဆို သေဖော်
သေဖက်လိုပင်။

"ပြန်တွေ့မှာပါ...နန္ဒက ကန္တာရထဲတစ်
ယောက်တည်းကျန်ခဲ့ရင်တောင် ပြန်လာနိုင်မယ့်
ကောင်မျိုးပါ"

ကျတော်နှစ်သိမ့်စကားအရာရောက်သော်ရှိ
မရောက်သော်ရှိ...တစ်ပတ်ဆိုသည့် အချိန်ဖြတ်
ကျော်ပြီးသည့်တိုင် ထိုနေ့ည တောင်ကျချောင်း
ရေထဲ မျောပါသွားသူများ၏ ရှင်သန်မှုသေဆုံး
မှုသတင်းစ သတင်းနများတွင် နန္ဒအကြောင်း
တစ်စွန်းတစပင်မပါ။

နေ့တွေ ညတွေမှားယွင်းနေသူတစ်ယောက်လို
သူလည်းစိတ်နဲ့ကိုယ်မကပ်တော့။
ကျတော်နဲ့ နေစဉ် တစ်ခွန်းတလေတောင်စကား
ကြောင်းရာ မဆက်မိသော သူ့ငယ်သူချင်းအပေါ်
ထားသော သံယောဇာဉ်အား ခုခါတွင်မှ ထင်ရှား
စွာ...စိတ်မချမ်းသာဖွယ်မြင်တွေ့နေရသည်။

"ပိုင်...မသွားခင် မနက်စာတော့စားသွား"

"မစားတော့ဘူး တချန်း"

"ဒီနေ့တော့ စားသွား။ဒီလိုနဲ့ နန္ဒပြန်မရောက်ခင်
မင်းအရင် ရောက်သွားမယ်"

ကျတော်စိတ်ကျေနပ်အောင် မြေပဲဆံနဲ့နယ်ပေး
ထားသော ထမင်းကို သုံးလေးလုတ်လောက်ဝင်
အောင်စားသည်။

"အမှန်တော့ ဒီရက်ပိုင်းတွင်း မင်းကိုဆိုင်ကယ်
တောင် မစီးစေချင်ဘူး။ဆိုင်ကယ်မောင်းနေ
ချိန်တော့ မင်း စိတ်နဲ့ကိုယ်ကပ်ထားပါကွာ။ငပိုင်
ငါပြောတာ သိလား"

"အင်း...ငါသွားပြီ"

အိမ်ရှေ့ပေါက်ဝကနေရပ်ရင်း မြင်ကွင်းထဲက
ပျောက်သွားသည်အထိရပ်ကျန်ငေးရစ်နေမယ့်
လူကို အားနာ၏။ဒါပေမယ့် ခုချိန် ဘယ်ဆီရောက်
၍ ဘာတွေဖြစ်နေလဲ မသိရသော နန္ဒအကြောင်း
အတွေးထဲ မထည့်ထားလို့မရ။

ကျတော်မလိုက်သွားလို့ဖြစ်ရတာ...ဟူသော
အသိကလည်း အိပ်မက်ထဲထိနှိပ်စက်သည်။
ဆေးကျောင်းတက်နေသည့်အချိန်တည်းက
ပရဟိတသွားမယ်ဆို နှစ်ယောက်စလုံးစိတ်တူ
ကိုယ်တူ သွားနေကျ။
ဒါ ပထမဆုံး ကျတော်မလိုက်ဖြစ်သင့်ခရီးမှ တိုက်
ဆိုင်စွာ...

အိပ်ကပ်ထဲမှနေ၍ အဆက်မပြတ်ဝင်နေသော
ဖုန်း၏ တုန်ခါမှုဒဏ်ကို မခံနိုင်စွာ ဆိုင်ကယ်လ်
ကို လမ်းဘေးချရပ်ကာ ဖုန်းလက်ခံရတော့သည်

အမည်မသိ Noတွေချဉ်းသာပေါ်နေသော ဖုန်း
မှ codeသည် ကိုယ့်နိုင်ငံ codeမဟုတ်။
ထူးထူးဆန်းဆန်းoversea callကို လက်ခံ
မိစဉ်

"သုတ...ငါ အမရာဦးမော်"

Thank you all

Bạn đang đọc truyện trên: ZingTruyen.Xyz