ZingTruyen.Xyz

EX-pect

Epi-39

HsuChiKo365

ေယာက်ာ္းေလးေတြပဲမို႔လားမသိ က်ေတာ္ေရာ
ငပိုင္ ပါ မ်က္ႏွာေျပာင္တိုက္ထားႏိုင္သည္။
ခုက်ေတာ္တို႔၂ေယာက္အေျခအေန ဘယ္အေန
အထားေရာက္ေနလဲဆိုတာ သိေပမယ့္...
ပိုင္သုတ သည္လည္း က်ေတာ့္အား ျမန္မာေပါ
ကားမ်ားထဲကလို စားမလိုဝါးေတာ့မလိုမ်ိဳပဲခ်မလို
ႀကည့္ျပီး "ခ်စ္တယ္" ဘာညာမေျပာ။
က်ေတာ္ကလည္း မခို႔တယို႔အမူအရာေလးနဲ႔
ရွက္သလိုလို ေႀကာက္သလိုလိုလုပ္မေန။
က်ေတာ္တို႔ တစ္ကုတင္တည္းအတူတူအိပ္တယ္
ဒါကလည္းအထူးတလည္ဆန္းႀကယ္တဲ့ ကိစၥ
မဟုတ္။
ႏွစ္ဦးသေဘာတူညတစ္ညကို အတူတူျဖတ္သန္း
ျပီးေနာက္ က်ေတာ္တို႔ပံုမွန္သာေနျဖစ္သည္။
ပိုင္သုတဆိုသည္ကလည္း ေရာင့္ရဲတင္းတိမ္ႏိုင္
ျခင္းတရားတစ္ဝက္ေလာက္ေပါက္ထားသလို
လူဆိုေတာ့...က်ေတာ္လည္းသူနဲ႔ေနရတာ
ေႀကာက္စရာေတာ့မရွိ။
Living Togetherဟူေသာသတ္မွတ္ခ်က္
ထက္ပိုေသာ ဆက္ဆံေရးတစ္ခုတည္ေဆာက္
ထားျဖစ္သည္။လင့္ဝတၱရားငါးပါးအျပင္ မယား
ဝတၱရား ငါးပါးကိုပါ မတိုင္ပင္ခြဲေဝယူထားျဖစ္
ႀကသည္။
ညဖက္ေတြဆို က်ေတာ္အလုပ္မျပီးမခ်င္း သူလည္း စာအုပ္ဖတ္ရင္း ေစာင့္ေနတတ္တယ္။
ခါတေလ Excel linkေတြႀကား ညဥ့္နက္သြား
ပါက...

"တခ်န္း နားေတာ့...အိပ္ခ်င္ေက်ာ္ေနျပီ"ဟူ၍
စာႀကည့္ခန္းထဲထိ တကူးတကလာသတိေပး
ျခင္းျဖင့္ က်ေတာ့္၏

"ခဏေလး...ဒါေလးျပီးရင္ျပီးျပီ" ဟူေသာ
အလ်င္စလိုအေျပာေနာက္ က်ေတာ္အခန္းထဲမွ
မထြက္မခ်င္း ေဘးကရပ္လ်က္ေစာင့္ေနတတ္
္သည္။

မနက္ဆိုေစာေစာမထတတ္သည့္ ငပိုင့္အက်င့္
ကို ငဲ့၍ သံုးရက္တစ္ႀကိမ္မ်ွသာ ေစ်းသြားခိုင္း
ျဖစ္သည္။

က်ေတာ္သူ႕ထမင္းခ်ိဳင့္အတြက္ျပင္ေနခ်ိန္ဆို
ႏွစ္ေယာက္စာအဝတ္ကို သူေလွ်ာ္ေပးသည္။
တျခားအတြဲေတြဘယ္လိုေနလဲဟူ၍ ေနေကာင္း
ကို တီးေခါက္ႀကည့္ေတာ့...

"ဒီလိုပဲ ကူညီညာေပးရင္းေနတာပဲ" ဟူ၍ျပန္
ႀကားရ၏။

သူတို႔ကေတာ့ အသက္တစ္ႏွစ္ကြာ၍ ရိုေသသမႈ
ဆိုတာ ပါေနေပမယ့္ က်ေတာ္တို႕ႏွစ္ေယာက္
က်ေတာ့ ထိုသို႔မရွိ။

ငပိုင္က သည္းခံတတ္ေပမယ့္ က်ေတာ္ကေတာ့
ေအာ္ဟစ္ေနတတ္ဆဲပင္။
ဒါေပမယ့္ ဒီဘဝမွာေနေပ်ာ္လာတာမဟုတ္ပဲ
သူ႕ဘဝေန႔ရက္ေတြထဲ ေနသားတက်ေပ်ာ္ဝင္
လာတာ။

တစ္ပတ္တစ္ခါမႏၱေလးဆင္းတဲ့ ညေတြဆို တည္း
ခိုအိမ္မွာ က်ေတာ္အိပ္မေပ်ာ္တာမ်ားတယ္။
ေဘးနားက ေအးစက္စက္အိပ္ယာခင္းကိုႀကည့္
ရင္း ခပ္ေႏြးေႏြးခႏၶာကိုယ္ကို သတိရေနတတ္ျပီ။
တနဂၤေႏြျပန္လာတဲ့ ေန႔ေတြဆိုကားဂိတ္ထိလာ
ႀကိဳတတ္တဲ့ သူ႕ဆိုင္ကယ္လ္ေနာက္သူ႔ခါးဖက္
္ရင္း အိပ္ေပ်ာ္လာတတ္သည္မွာ သဘာဝ...

က်ေတာ္အိမ္ျပန္ေရာက္သည့္ေန႔ေတြဆို
ညစာသည္ သူခ်က္ထားတဲ့သက္သက္လြတ္
ဟင္းနဲ႔သာျပီးသြားတတ္သည္။
ခြဲစိတ္ဆရာဝန္ျဖစ္ခ်င္သည္ဟု တစ္ပိုင္းတစ္စ
သိခဲ့ရေသာ သူ႕ရည္မွန္းခ်က္နဲ႔ ဆန္႕က်င္စြာ
သူ အသားေသ ငါးေသေတြကို မျဖတ္ေတာက္ရဲ
တာလည္း က်ေတာ္သိေန၍ ခ်က္ေပးထားတဲ့
သက္သက္လြတ္အရြက္ေႀကာ္ကိုသာ သူနဲ႔အတူ
စားျဖစ္သည္။

ေအးအတူပူအမ်ွလို႔ မဆိုသာေပမယ့္ က်ေတာ္တို႔
၂ေယာက္လံုး အပူမရွိ။နဂိုေအးေဆးတဲ့သြင္ျပင္
ရွိတဲ့ ျမိဳ႕သဘာဝတည္း က်ေတာ္နဲ႔သူ႔ကိုလည္း
ေထြထူးမစပ္စုႀက။

က်ေတာ္သူနဲ႔ ေနေပ်ာ္တယ္။သူေဘးနားရွိေနမွ
က်ေတာ္ အိပ္ေပ်ာ္တယ္။

-
-
-
ေတာင္ေလွကားျမိဳ႕ကဆင္းသည္ႏွင့္ တည့္မတ္
ေနေရာင္ျခည္ဒဏ္ကို ခံစားရသည္။Company
တြင္း လူလုပ္ေလေအးဖန္တီးထားေပလို႔သာ
ေတာ္ေတာ့၏။

"ေမာင္ခ်န္းျငိမ္း အခုေဆာက္မယ့္ေျမကြက္ကို
လိုက္ႀကည့္အံုးမလား"

"ဟုတ္ ႀကည့္မယ္ေလ အန္ကယ္။အန္ကယ္တို႔
သြားႏွင့္ပါအံုး က်ေတာ္သန္႔စင္ခန္းခဏဝင္လိုက္
အံုးမယ္။ခဏေနာ္"

"ရတယ္ ရတယ္ ေအးေဆးလုပ္"

လုပ္ငန္းေဆြးေႏြးရာတစ္ဖက္ခန္းတြင္လည္း
ခုလိုေဆြးေႏြးခန္းတစ္ခုရွိေသး၏။အစိုးရတင္ဒါ
ေအာင္ ေဆာက္လုပ္ေရးCompanyျဖစ္သည့္
အျပင္ ေဆာက္လုပ္ေရးဆိုင္ရာပစၥည္းမ်ားတင္
သြင္းျဖန္႔ခ်ီသည့္ companyမို႔ တင္ဒါအဖြဲ႕မ်ား
နဲ႔ ေဆာက္လုပ္ေရးဌာနမွ လူႀကီးပိုင္းေတြနဲ႔ မႀကာ
ခဏေဆြးေႏြးရတာေတြလည္းရွိေနတတ္သည္။
ဒါကလည္းကိုယ္နဲ႔ဆိုင္တဲ့ အပိုင္းမဟုတ္၍ စပ္စပ္
စုစုမေမးျဖစ္။

လက္ေဆးရန္ေဘစင္သို႔အလာ တည့္တည့္ဆံုမိ
သည္က

"ေဖေဖ"

မေမွ်ာ္လင့္သည့္ေနရာ မေမွ်ာ္လင့္သည့္အခ်ိန္မို႔
က်ေတာ္ဘာလုပ္လို႔ လုပ္ရမွန္းမသိခ်ိန္

"မင္းဒီေနရာကို ဘာလာလုပ္တာလဲ?"

ဟူေသာအေမးတြင္ စက္ဆုပ္ျခင္းေတြ၊ မႏွစ္ျမိဳ႕
ျခင္းေတြ အထင္အရွား။

"ဒီမွာ က်ေတာ္က QSပိုင္းတာဝန္ယူထားတာ"

"အလုပ္ထြက္လိုက္။ငါနဲ႔ ေဝးေဝးေန ခ်န္းျငိမ္းေအာင္။မင္း ငါတို႔လင္မယားႏွစ္ေယာက္
လံုးကို မ်က္ႏွာမေဖာ္ရဲေအာင္လုပ္ထားျပီး ငါတို႔
က်င္လည္ရာ အသိုင္းအဝိုင္းထဲ ျပန္ဝင္မလာနဲ႔"

"ဒါ ေဖေဖ့အသိုင္းအဝိုင္းမဟုတ္ဘူး။ေဖေဖ့အသိုင္းအဝိုင္းထဲလည္း က်ေတာ္မဝင္ခဲ့
ဖူးပါဘူး။စိတ္ခ်...က်ေတာ္လည္း ေဖေဖ့သားဆိုတာကို ဘယ္သူ႕မွကိုမေျပာခဲ့တာ ဒီေလာကထဲေျခခ်တည္းကပါ"

ဟုတ္တယ္။ငါ့ အေဖက ေဆာက္လုပ္ေရးက
အင္ဂ်င္နီယာဆိုတဲ့ ဂုဏ္ေအာက္ က်ေတာ့္သက္
တမ္းတေလ်ွာက္ ဘယ္လုပ္ငန္းခြင္ထဲကိုမွ အကပ္သေဘာနဲ႔ မေရာက္ခဲ့။ခုလည္း အေဖဆိုတာ CV formထဲ နာမည္ထည့္ေရး
ထားရံုေလာက္ပဲ

"ငါလည္း မင္းကို ငါ့သားလို႔ မေျပာရဲဘူး။မင္း
မရွက္ပမယ့္ ငါတို႔ရွက္တယ္။အခ်င္းခ်င္းဆိုတာ
ကို မင္း မရြံ႕တတ္ေပမယ့္ ငါတို႔ေတာ့ ရြံ႕တယ္"

ရြံတယ္...အေဖအရင္းတစ္ေယာက္ဆီကနားနဲ႔
ဆက္ဆက္ႀကားလိုက္ရေသာ ထိုစကား။
သေဘာတက်ေခါင္းေမာ့ရယ္ေမာမိျခင္းက
လူႀကီးတစ္ေယာက္မ်က္လံုးထဲပမာမခန္႔မ်ားႏိုင္
ေနတယ္ဆိုလည္း မတတ္ႏိုင္...မ်က္ဝန္းေထာင့္
စြန္းမွ အရည္ႀကည္ေတြကိုလည္း မားအေမြျဖစ္တဲ့
မ်က္ေတာင္ရွည္ေတြထဲ ႀကားညွပ္ထည့္လိုက္
ျပီးမွ...

"အခ်င္းခ်င္း??ေဖေဖဘာကိုေတြးျပီး ဘာကို
ရြံေနလဲေတာ့ က်ေတာ္မသိဘူး။ဒါေပမယ့္...
သူနဲ႔​ေနတာ ​ေရာက္​တဲ့​ေနရာတိုင္​း
တစ္​ရြာတစ္​က်ီ ​ေဆာက္​​ေနတာထက္​​ေတာ့ သာတယ္​ ​ေဖ​ေဖ။သူေရာက်ေတာ္ေရာ သားႀကီး
မယားႀကီးကို ပစ္မထားခဲ့ဖူးဘူး"

"မင္း!"

အရႈိုက္ထိသြားပံုပင္။ႏႈတ္ခမ္းတည့္တည့္ထိခိုက္
သြားေသာ လက္အရိုးဆစ္ေတြ။ခ်က္ခ်င္းဆို
သလိုထြက္လာတဲ့ ငန္က်ိက်ိအရသာ။မ်က္လံုး
ေတြစံုမွိတ္ထားလိုက္မိသည္။
က်ေတာ့္ကိုယ္ထဲက ထြက္လာတဲ့ ေဖေဖ့ေသြး
ေတြကို ျမင္ရမွာ ပိုေႀကာက္တယ္။
က်ေတာ္လည္း ရြံတတ္တယ္။

"မင္း ငါ့ေရွ႔ထပ္ေပၚမလာနဲ႔ ခ်န္းျငိမ္းေအာင္..."

"စိတ္ခ်ပါ ငယ္တည္းက မိဘေတြဘယ္သူလဲ
ေမးရင္ မား နာမည္ကိုပဲေျပာခဲ့တာပါ ေဖေဖ"

ဝုန္းခနဲတံခါးပိတ္သံဆံုးမွ ေဘစင္ေပၚအားယူ
လက္ေထာက္မိသည္။မျမင္ခ်င္ဆံုးမ်က္ရည္ေတြ
သည္ က်ေတာ့္ပိုင္ မ်က္လံုးကေန လိုလိုခ်င္ခ်င္
က်ဆင္းလာသည္။

ရြံတယ္...ဘာလု႔ိလဲ??က်ေတာ္တို႔ သူမ်ားသား
ပ်ိဳသမီးပ်ိဳျပစ္မွားေနတာ မဟုတ္ဘူး။
ကိုယ့္ပိုင္ ကာမပိုင္ရွိလ်က္နဲ႔ ေဖာက္ျပန္ေနတာ
မဟုတ္ဘူး။သူလည္း လူပ်ိဳ က်ေတာ္လည္း
လူပ်ိဳ က်ေတာ္တို႔၂ေယာက္လံုး လြတ္လပ္တဲ့
လူသားေတြ။
၈ႏွစ္တာတြဲခဲ့ဖူးတဲ့ႏွင္းႏုကိုလည္း က်ေတာ္
စိတ္နဲ႔ေတာင္ မျပစ္မွားဖူးဘူး။

"ဘယ္လိုပဲျဖစ္ေနေန...အေဖဟာ အေဖပဲ"

ဟူေသာမားဆံုးမစကားနဲ႔ က်ေတာ္အျပစ္မျမင္ခဲ့
က်ေတာ္တို႔ဆီ တစ္ႏွစ္ေနလို႔ တစ္ေခါက္ျပန္
မလာေပမယ့္ ျပန္လာခိ်န္တိုင္းလည္း မားက ဘာကိစၥမွ မျဖစ္ခဲ့သလိုႀကိဳဆိုျမဲ။

ဒီလိုသားအမိႏွစ္ေယာက္တည္းေနေပ်ာ္ခဲ့တယ္။
အမ်ားတိုးတိုးေဝဖန္ေမးေငါ့တာေတြကို က်ေတာ္
တို႔သားအမိႏွစ္ေယာက္ မျမင္ခ်င္ေယာင္ေဆာင္
ခဲ့ရတာေတြ။
ခုေတာ့ ဒါေတြအားလံုးခါးစီးခံရင္း သည္းခံခဲ့တဲ့
က်ေတာ္က က်ေတာ္တို႔သားအမိနဲ႔ အတူတူ
ေအးအတူပူအမ်ွ မ်ွေဝေပးခဲ့တဲ့ ပိုင္ နဲ႔ ေနမိတာ
က ရြံစရာတဲ့လား?

ဘဝမွာ ပိုင့္ေလာက္ ျဖဴစင္ေအးခ်မ္းတဲ့လူမ်ိဳး
က်ေတာ္မေတြ႔ခဲ့ဖူးဘူး။ကိုယ္တိုင္ ပိုင့္လိုေနဖို႔
ႀကိဳးစားလို႔မရခဲ့တာ...အဲဲ့လိုလူမ်ိဳးကို ေဖေဖက
ရြံတယ္တဲ့လား??

ေဘစင္ေဇာင္းကိုဆုပ္ကိုင္ထားေသာလက္ေတြ
မွ အေႀကာေတြေတာင္ ထင္းေနျပီ။
ခုခ်ိန္ ေတြ႔ခ်င္ဆံုးသူက ပိုင္သုတ...
        
အလုပ္ရွင္ကို အက်ိဳးအေႀကာင္း ေကြ႔ပတ္ေျပာဆို
ျပီးက်ေတာ္ ခ်က္ခ်င္းျပင္ဦးလြင္သို႔ ျပန္တက္လာ
ျဖစ္သည္။သူမရွိေသာ အိမ္က ပိုသတိရစရာ
ေကာင္းေနသလိုပဲ။
ခုခိ်န္ သူဘာေတြလုပ္ေနမလဲ??

"မင္းပဲ ေအးခ်မ္းတယ္ ငပိုင္"

-
-
-
"မား??"

contact listလဲ မမွတ္ထားေသာ နံပါတ္စိမ္းနဲ႔
ဝင္လာေသာ ဖုန္းေခၚဆိုမႈျပီးေနာက္ မားနဲ႔ေတြ႔
ဖို႔ျဖစ္လာခဲ့သည္။

ခ်ိန္းဆိုရာ ေဆးရံုနားက ဆိုင္ကိုထြက္လာေတြ႔
ေတာ့ အားနာစိတ္နဲ႔စိုးထိတ္ေနေသာ က်ေတာ့္ကို
မူပိုင္အျပံဳးေအးေအးတစ္ခုနဲ႔ ႀကိဳဆိုေတာ့...
ပို၍ အျပစ္ႀကီးသလိုခံစားရသည္။

"သားပိုင္ ပိန္သြားသလိုပဲ"

"မား..."

"မတ္တပ္ႀကီးသားရယ္ ထိုင္ပါအံုး"

"မားဘယ္လို ေရာက္လာ...က်ေတာ္ မားကို
ဖုန္းေတြဆက္တယ္ ဖုန္းမရတာနဲ႔ ရန္ကုန္ထိ
လည္း တက္မလာရဲေတာ့ မားကို မားကို..."

"သားပိုင္ရယ္...မားနားလည္ပါတယ္"

မားကိုႀကည့္ေတာ့ ျပံဳးျပျပန္သည္။အသက္အရြယ္
တစ္ခုေအာက္ မားဆံပင္နက္နက္တို႕ပင္အေရာင္
ေျပာင္းစျပဳေနေပမယ့္ မားမ်က္ႏွာက အေရးအ
ေႀကာင္းတစ္ခ်ိဳ႕ ေခ်ာေမာမႈထဲ ရင့္က်က္မႈကို
ထပ္ထည့္ေပးေနသလိုပင္။

"မား...ခ်န္းေဖေဖနဲ႔အတူ မႏၱေလးလိုက္လာတာ
သားပိုင္တို႔ နန္းေရွ႔ကအိမ္ကို သြားေတာ့ သား
ညီမေလးနဲ႔ေတြ႔တယ္။ဒါနဲ႔ပဲ သားဆီေရာက္လာ
တာ။မား ကို ဖုန္းဆက္မရတာ မားအရင္ကဖုန္း
ကို ခ်န္းေဖေဖက ျဖဳတ္ခဲ့လို႔...မား စစသိခ်င္း
သမီးႏွင္း ရန္ကုန္ျပန္ေရာက္တည္းက ခ်န္းဆီ
ဖုန္းေတြေခၚတယ္ မကိုင္ဘူး"

က်ေတာ္မ်က္ေမွာင္မ်ားတြန္႔က်ိဳးသြားရသည္။
ခ်န္းက မားဖုန္းေတြကို မကိုင္ဘူး...

"သူ႕အေဖကို စိတ္နာေနတာ မားသိတယ္။ဒါ...
ဒါေပမယ့္ ဒီလို ဒီေလာက္ထိ သာမာန္အိမ္ေထာင္
ေရးတစ္ခုကို စိတ္ကုန္ေနမယ္လို႔ မားမထင္ခဲ့တာ"

"အဲ့...အဲ့လိုေႀကာင့္ မဟုတ္ဘူး မား။ခ်န္းက
ခ်န္းက ခုလိုေျခေနကို သေဘာက်တဲ့လူမဟုတ္
ပါဘူး။က်ေတ္ာကသာ...ငယ္ငယ္ည္းကခ်န္းကို
ခ်စ္ခဲ့တာ။ခုလည္း ခ်န္းကို က်ေတာ္ဆြဲထားတာ
ပါ။အားလံုးက မားတို႔ေႀကာင့္လည္း မဟုတ္ဘူး
က်ေတာ့္ေႀကာင့္ပါ"

အဆက္မျပတ္ေျပာေနေသာ က်ေတာ့္အား
ေငး၍သာ ႀကည့္ေနျပီးမွ...

"သားပိုင္ကေလ မားသားကိုဆို မားေျပာတာ
ေတာင္ မႀကိဳက္တတ္တာ မားသိတယ္။ခုက
ခ်န္း ေနေကာင္းတယ္မလား??"

"ဟုတ္"

"ဒါဆို မားစိတ္ေအးရပါျပီ။မားသားကိုသိေစခ်င္
တာ မားသားကလည္း သားပိုင္ကိုခ်စ္ခဲ့တာဟိုး
ငယ္ေလးတည္းကပါ။သူ႔အတြက္က သားပိုင္နဲ႔
ေကာင္းဆက္စံပဲရွိခဲ့တာ။မေန႕ကမွ ဒီကိုလာ
မယ္ဆိုျပီး မားထည့္လာတာ"

ခံုေအာက္ခ်ထေသာ အရြယ္ခပ္လတ္လတ္
ပလက္စတစ္ပံုးတစ္ပံုးကို ခံုေပၚတင္ျပသည္

"ဖြင့္ႀကည့္ေလ သားပိုင္"

ျမင္ကြင္းထဲ ပထမဆံုးေရာက္လာတာ...
Harry potter ေရာင္စံုျခယ္စာအုပ္။ဒါ ခ်န္း
ကိုပထမဆံုး ဝယ္ေပးခဲ့ေသာ လက္ေဆာင္။
အေရာင္ျခယ္ခ်င္လြန္း၍ ဝယ္ေပးခဲ့ေသာ္လည္း
ပံုေတြသည္ အသစ္အတိုင္းျဖဴလြလြ...စာအုပ္
ေထာင့္စြန္းေနရာတြင္ ရက္စြဲတစ္ခုေအာင္
"ပိုင္"ဟူေသာ က်ေတာ့္နာမည္။
ေပ်ာက္သြားေသာဖိနပ္အစားဝယ္ေပးခဲ့ဖူးေသာ
Scoll ဖိနပ္...ငယ္တုန္းတည္းကေနခုထိသိသိ
သာသာ ႀကီးမလာတဲ့ ေျခေထာက္ေသးေသးေလး
ကို ျမင္ေယာင္ရင္း က်ေတာ္မ်က္ရည္ဝဲလာရသည္

ေနာက္ မန္းေလးေရာက္ခဲ့စဥ္က ဝယ္ေပးခဲ့ေသာ
လက္ေဆာင္ေတြ။ရက္စြဲေတြေအာက္ က်ေတာ့္
နာမည္ "ပိုင္" ဟူသည္ကို သူေရးထိုးဖို႔ဘယ္
ေတာ့မွ မေမ့

"ခ်န္းရာ..."

"မားသားက အစြဲအလမ္းႀကီးတယ္ သားပိုင္။
မားစိုးရိမ္ေနခဲ့တာကေလ သားအိမ္ေထာင္ျပဳ
ျပီး သူတစ္ေယာက္တည္းက်န္ခဲ့မွာကိုပဲ။
ႀကားထဲ မားစိတ္ေအးရတာ ႏွင္းႏုေလးနဲ႔ ႀကိဳက္
သြားတာပဲ။အမွန္တိုင္းေျပာရင္ မား မ်ိဳးဆက္ျပတ္
မွာေတာ့ေႀကာက္ခဲ့တယ္သား။မားအတြက္ သား
တို႔ႏွစ္ေယာက္စလံုးက မားသားေတြပါပဲ။သားတို႔
ခုလိုေနရင္း မ်ိဳးဆက္ျပတ္သြားမွာ...မားဆိုလို
ခ်င္တဲ့သေဘာကို သားပိုင္သေဘာေပါက္ပါတယ္
ေနာ္။သားတို႔ဒီလိုတစ္သက္လံုးေနဖို႔က..."

"ဟုတ္ မားေျပာခ်င္တာ က်ေတာ္နားလည္ပါ
တယ္"

"သားပိုင္ ဆံုးျဖတ္ပါ။သားပိုင္ကိုပဲ မားယံုတယ္"

"ဟုတ္ကဲ့ မား"

ေခါင္းျပန္ေမာ့ကာ မႀကည့္မိေအာင္ႀကိဳးစားေန
ရသည္။မားကိုအားနာတယ္။
မားအတြက္ ခ်န္းက အစားထိုးမရတဲ့သား...
ေနာက္ ငယ္တည္းက ဆိုင္ကို ခ်ီပိုးအရြယ္ကေလးငယ္ေတြပါလာတိုင္း သေဘာ
တက် ေပြ႔ဖက္ခ်ီပိုးတတ္တဲ့မားပံုရိပ္ေတြကို
ျမင္ေယာင္လာျပန္သည္။
ခုလို အရြယ္က်ေနခ်္န္ ဆိုင္သိမ္းခ်ိန္ အိမ္ခန္း
ေလးထဲ တစ္ေယာက္တည္းျဖစ္ေနမယ့္မားရဲ႕
အထီးက်န္မႈကိုလည္း စာနာတယ္။ေနာက္ျပီး
သနားတယ္။

"မားျပန္ေတာ့မယ္သားပိုင္...ေရာ့ ဒါေလးသား
ပိုင္ပဲယူထား"

"က်ေတ္ာမယူဘူးမား။ဒါေတြကိုက်ေတာ့္ကို မေတြ႔ေစခ်င္လို႔ သူေသခ်ာဝွက္ထားခဲ့တာမလား
က်ေတာ္ ဒါေတြေတြ႔တာကို သာသိသြားရင္ သူ
အေနခက္ေနလိမ့္မယ္...ဒါေႀကာင့္ မားပဲျပန္ယူ
သိမ္းေပးထားေပးပါ။က်ေတာ္ လိုက္မပို႕ေတာ့ဘူး
မား ရတယ္မလား?"

"အင္း ရံုးက ကားနဲ႔လာခဲ့တာပဲ။သားပိုင္!"

မားကို ျပန္ႀကည့္ေတာ့မွ

"ခ်န္းကို ေျပာေပးပါ။ျပန္လာခ်င္ရင္ မားဆီ
အခ်ိန္မေရြးျပန္လာလို႕ရပါတယ္လို႔။သူက
ထာဝရ မားသား ျဖစ္ေနတယ္လို႔ သားပိုင္ေျပာ
ေပးပါ"

"ဟုတ္။က်ေတာ္ေျပာျပေပးပါ့မယ္"

"ဒါ့ဆို  မား သြားေတာ့မယ္ သားပိုင္"

ေမ့ထားခဲ့တဲ့အရာေတြ...ေတြ႔ဖို႔စိုးေႀကာက္ေန
ေသာသူေတြ...ေနာက္ျပီး ေျပးမေတြ႔ခ်င္တဲ့
ေရွ႔ဆက္ရမယ့္ အနာဂတ္ေတြ...ခုမွ က်ေတာ္တို႕
ႏွစ္ေယာက္ရဲ႕ တည္ေဆာက္ဆဲ ဘဝတစ္ခုက
ဘာလို႔မ်ား ဒီေလာက္ထိ...
ခ်စ္ေနတာသိရေတာ့ ငါပိုေလာဘတက္မိတယ္
ခ်န္းရယ္...

ေမွာင္ေနေသာ အိမ္တြင္းလွမ္းဝင္လိုက္သည္နဲ႔
ဖိနပ္စင္တြင္ ရွိေနေသာ ဖိနပ္။
ခ်န္း ျပန္ေရာက္ေနတာလား??ျပန္ေရာက္ေန
ရင္ က်ေတာ့္ကိုဖုန္းဆက္မွာေပါ့...

"တခ်န္း"

စာႀကည့္ခန္းထဲ က်ေတာ့္အားေက်ာေပးလ်က္
3D MAXတစ္ခုကို တည္ေဆာက္ေနေသာ
ခ်န္းသည္ ေခၚသံႀကားေပမယ့္လို႕ လွည့္မႀကည့္

"တခ်န္း ဘယ္အခ်ိန္တည္းက ဘယ္ေရာက္ေန
တာလဲ?အလုပ္အဆင္မေျပဘူးလား"

"အင္း"

အလုပ္လုပ္ေနစဥ္ စကားမ်ားတာမႀကိဳက္ေသာ
သူ႕အက်င့္ကို သိ၍ေနာက္မွ ေမးမယ္ဆိုတဲ့အ
ေတြးနဲ႔ အခန္းျပင္ထြက္မယ္ျပင္ေတာ့မွ

"ပိုင္"

ဟူေသာေခၚသံတိုးတိုး။

"ဘာလဲ တခ်န္း"

ေမးလည္းေမး သူ႔ေက်ာျပင္ပဲႀကည့္ေနရသည္ကို
အားမရ၍ မ်က္ႏွာမူရာေရွ႔တည့္တည့္ေရာက္
္ေအာင္ သြားကာ မ်က္ႏွာခ်င္းဆိုင္လိုက္သည္ႏွင့္
ခ်က္ခ်င္းေခါင္းငံု႕လိုက္ေသာ္လည္း က်ေတာ္
ျမင္လိုက္ရတာက...
ခ်က္ခ်င္းငံု႕ေနေသာ ခ်န္း မ်က္ႏွာကို ေမးဖ်ားက
ေနဆြဲကိုင္ေမာ့ေတာ့ ဖူးေရာင္ေနေသာ အေပၚ
ႏႈတ္ခမ္းပါး...

အျမတ္​တႏိုးနမ္​း႐ိႈက္​ခဲ့ဖူးတဲ့ ႏႈတ္​ခမ္​းထက္​က ဒဏ္​ရာ...​ေသြးထဲ အက္​ဆစ္​​ေရာထည္​့ခံ​ေနရသလိုပါပဲ

"တ...ခ်န္း ဒါ ဘယ္သူလုပ္တာလဲ?"

"ငါအေဖနဲ႔ ေတြ႔ခဲ့တာ...ငါတို႕ဘယ္ေနရာမွားေန
လဲ ပိုင္??ငါတို႔ဘာေတြမွားေနႀကလို႕လဲ"

ေျပာရင္းေဝ့သီလာတဲ့ အရည္ႀကည္တစ္ခ်ိဳ႕ကို
က်မလာေစရန္ ေအာက္ႏႈတ္ခမ္းကို တင္းတင္း
ႀကိတ္ေနျခင္းျဖင့္ ျခိမ္းေျခာက္ေနဟန္ရွိေသာ
တခ်န္း

"မကိုက္ထားနဲ႔ တခ်န္း...မင္း ပိုနာလိမ့္မယ္"

ႏႈတ္ခမ္းပါးေတြအား ခပ္ဖြဖြထိေတြ႔ေတာ့ က်ေတာ့္
ကို ျပန္ေမာ့ႀကည့္လ်က္...

"မင္း...မင္း ငါ့ကို မရြံဘူးမလား"

"တခ်န္းရာ..."

က်ေတာ့္ေပြ႕ဖက္မိေတာ့ သူ႔ထြက္သက္က
အေႏြးထည္ကိုျဖတ္ျပီး က်ေတာ့္ဗိုက္သားေပၚထိ
ထိေတြ႔သည္။ထိုင္ခံုမွ မထပဲ က်ေတာ့္ခါးအား
သိုင္းယွက္ကာ ျပန္ဖက္ထားရင္း

"မင္း က ငါေတြ႔ဖူးသမွ်ေကာင္ေတြနဲ႔ မတူဘူး
ပိုင္...မင္းက...မင္းက ငါ့ထက္ ျဖဴစင္တယ္"

ေက်းဇူးပါ ခ်န္းရာ...ဟူေသာ စကားလံုးကိုသာ
စိတ္ထဲ အႀကိမ္ႀကိမ္ေရရြတ္ေနမိသည္။

ဘယ္သူမွမလိုခ်င္ေတာ့ေလာက္ပဲ ငါမင္းကိုပဲ
လိုအပ္တာ...ဒါေပမယ့္...

Thank You All

(Unicode)

/

/

/

ယောကျာ်းလေးတွေပဲမို့လားမသိ ကျတော်ရော
ငပိုင် ပါ မျက်နှာပြောင်တိုက်ထားနိုင်သည်။
ခုကျတော်တို့၂ယောက်အခြေအနေ ဘယ်အနေ
အထားရောက်နေလဲဆိုတာ သိပေမယ့်...
ပိုင်သုတ သည်လည်း ကျတော့်အား မြန်မာပေါ
ကားများထဲကလို စားမလိုဝါးတော့မလိုမျိုပဲချမလို
ကြည့်ပြီး "ချစ်တယ်" ဘာညာမပြော။
ကျတော်ကလည်း မခို့တယို့အမူအရာလေးနဲ့
ရှက်သလိုလို ကြောက်သလိုလိုလုပ်မနေ။
ကျတော်တို့ တစ်ကုတင်တည်းအတူတူအိပ်တယ်
ဒါကလည်းအထူးတလည်ဆန်းကြယ်တဲ့ ကိစ္စ
မဟုတ်။
နှစ်ဦးသဘောတူညတစ်ညကို အတူတူဖြတ်သန်း
ပြီးနောက် ကျတော်တို့ပုံမှန်သာနေဖြစ်သည်။
ပိုင်သုတဆိုသည်ကလည်း ရောင့်ရဲတင်းတိမ်နိုင်
ခြင်းတရားတစ်ဝက်လောက်ပေါက်ထားသလို
လူဆိုတော့...ကျတော်လည်းသူနဲ့နေရတာ
ကြောက်စရာတော့မရှိ။
Living Togetherဟူသောသတ်မှတ်ချက်
ထက်ပိုသော ဆက်ဆံရေးတစ်ခုတည်ဆောက်
ထားဖြစ်သည်။လင့်ဝတ္တရားငါးပါးအပြင် မယား
ဝတ္တရား ငါးပါးကိုပါ မတိုင်ပင်ခွဲဝေယူထားဖြစ်
ကြသည်။
ညဖက်တွေဆို ကျတော်အလုပ်မပြီးမချင်း သူလည်း စာအုပ်ဖတ်ရင်း စောင့်နေတတ်တယ်။
ခါတလေ Excel linkတွေကြား ညဉ့်နက်သွား
ပါက...

"တချန်း နားတော့...အိပ်ချင်ကျော်နေပြီ"ဟူ၍
စာကြည့်ခန်းထဲထိ တကူးတကလာသတိပေး
ခြင်းဖြင့် ကျတော့်၏

"ခဏလေး...ဒါလေးပြီးရင်ပြီးပြီ" ဟူသော
အလျင်စလိုအပြောနောက် ကျတော်အခန်းထဲမှ
မထွက်မချင်း ဘေးကရပ်လျက်စောင့်နေတတ်
်သည်။

မနက်ဆိုစောစောမထတတ်သည့် ငပိုင့်အကျင့်
ကို ငဲ့၍ သုံးရက်တစ်ကြိမ်မျှသာ ဈေးသွားခိုင်း
ဖြစ်သည်။

ကျတော်သူ့ထမင်းချိုင့်အတွက်ပြင်နေချိန်ဆို
နှစ်ယောက်စာအဝတ်ကို သူလျှော်ပေးသည်။
တခြားအတွဲတွေဘယ်လိုနေလဲဟူ၍ နေကောင်း
ကို တီးခေါက်ကြည့်တော့...

"ဒီလိုပဲ ကူညီညာပေးရင်းနေတာပဲ" ဟူ၍ပြန်
ကြားရ၏။

သူတို့ကတော့ အသက်တစ်နှစ်ကွာ၍ ရိုသေသမှု
ဆိုတာ ပါနေပေမယ့် ကျတော်တို့နှစ်ယောက်
ကျတော့ ထိုသို့မရှိ။

ငပိုင်က သည်းခံတတ်ပေမယ့် ကျတော်ကတော့
အော်ဟစ်နေတတ်ဆဲပင်။
ဒါပေမယ့် ဒီဘဝမှာနေပျော်လာတာမဟုတ်ပဲ
သူ့ဘဝနေ့ရက်တွေထဲ နေသားတကျပျော်ဝင်
လာတာ။

တစ်ပတ်တစ်ခါမန္တလေးဆင်းတဲ့ ညတွေဆို တည်း
ခိုအိမ်မှာ ကျတော်အိပ်မပျော်တာများတယ်။
ဘေးနားက အေးစက်စက်အိပ်ယာခင်းကိုကြည့်
ရင်း ခပ်နွေးနွေးခန္ဓာကိုယ်ကို သတိရနေတတ်ပြီ။
တနင်္ဂနွေပြန်လာတဲ့ နေ့တွေဆိုကားဂိတ်ထိလာ
ကြိုတတ်တဲ့ သူ့ဆိုင်ကယ်လ်နောက်သူ့ခါးဖက်
်ရင်း အိပ်ပျော်လာတတ်သည်မှာ သဘာဝ...

ကျတော်အိမ်ပြန်ရောက်သည့်နေ့တွေဆို
ညစာသည် သူချက်ထားတဲ့သက်သက်လွတ်
ဟင်းနဲ့သာပြီးသွားတတ်သည်။
ခွဲစိတ်ဆရာဝန်ဖြစ်ချင်သည်ဟု တစ်ပိုင်းတစ်စ
သိခဲ့ရသော သူ့ရည်မှန်းချက်နဲ့ ဆန့်ကျင်စွာ
သူ အသားသေ ငါးသေတွေကို မဖြတ်တောက်ရဲ
တာလည်း ကျတော်သိနေ၍ ချက်ပေးထားတဲ့
သက်သက်လွတ်အရွက်ကြော်ကိုသာ သူနဲ့အတူ
စားဖြစ်သည်။

အေးအတူပူအမျှလို့ မဆိုသာပေမယ့် ကျတော်တို့
၂ယောက်လုံး အပူမရှိ။နဂိုအေးဆေးတဲ့သွင်ပြင်
ရှိတဲ့ မြို့သဘာဝတည်း ကျတော်နဲ့သူ့ကိုလည်း
ထွေထူးမစပ်စုကြ။

ကျတော်သူနဲ့ နေပျော်တယ်။သူဘေးနားရှိနေမှ
ကျတော် အိပ်ပျော်တယ်။

-
-
-
တောင်လှေကားမြို့ကဆင်းသည်နှင့် တည့်မတ်
နေရောင်ခြည်ဒဏ်ကို ခံစားရသည်။Company
တွင်း လူလုပ်လေအေးဖန်တီးထားပေလို့သာ
တော်တော့၏။

"မောင်ချန်းငြိမ်း အခုဆောက်မယ့်မြေကွက်ကို
လိုက်ကြည့်အုံးမလား"

"ဟုတ် ကြည့်မယ်လေ အန်ကယ်။အန်ကယ်တို့
သွားနှင့်ပါအုံး ကျတော်သန့်စင်ခန်းခဏဝင်လိုက်
အုံးမယ်။ခဏနော်"

"ရတယ် ရတယ် အေးဆေးလုပ်"

လုပ်ငန်းဆွေးနွေးရာတစ်ဖက်ခန်းတွင်လည်း
ခုလိုဆွေးနွေးခန်းတစ်ခုရှိသေး၏။အစိုးရတင်ဒါ
အောင် ဆောက်လုပ်ရေးCompanyဖြစ်သည့်
အပြင် ဆောက်လုပ်ရေးဆိုင်ရာပစ္စည်းများတင်
သွင်းဖြန့်ချီသည့် companyမို့ တင်ဒါအဖွဲ့များ
နဲ့ ဆောက်လုပ်ရေးဌာနမှ လူကြီးပိုင်းတွေနဲ့ မကြာ
ခဏဆွေးနွေးရတာတွေလည်းရှိနေတတ်သည်။
ဒါကလည်းကိုယ်နဲ့ဆိုင်တဲ့ အပိုင်းမဟုတ်၍ စပ်စပ်
စုစုမမေးဖြစ်။

လက်ဆေးရန်ဘေစင်သို့အလာ တည့်တည့်ဆုံမိ
သည်က

"ဖေဖေ"

မမျှော်လင့်သည့်နေရာ မမျှော်လင့်သည့်အချိန်မို့
ကျတော်ဘာလုပ်လို့ လုပ်ရမှန်းမသိချိန်

"မင်းဒီနေရာကို ဘာလာလုပ်တာလဲ?"

ဟူသောအမေးတွင် စက်ဆုပ်ခြင်းတွေ၊ မနှစ်မြို့
ခြင်းတွေ အထင်အရှား။

"ဒီမှာ ကျတော်က QSပိုင်းတာဝန်ယူထားတာ"

"အလုပ်ထွက်လိုက်။ငါနဲ့ ဝေးဝေးနေ ချန်းငြိမ်းအောင်။မင်း ငါတို့လင်မယားနှစ်ယောက်
လုံးကို မျက်နှာမဖော်ရဲအောင်လုပ်ထားပြီး ငါတို့
ကျင်လည်ရာ အသိုင်းအဝိုင်းထဲ ပြန်ဝင်မလာနဲ့"

"ဒါ ဖေဖေ့အသိုင်းအဝိုင်းမဟုတ်ဘူး။ဖေဖေ့အသိုင်းအဝိုင်းထဲလည်း ကျတော်မဝင်ခဲ့
ဖူးပါဘူး။စိတ်ချ...ကျတော်လည်း ဖေဖေ့သားဆိုတာကို ဘယ်သူ့မှကိုမပြောခဲ့တာ ဒီလောကထဲခြေချတည်းကပါ"

ဟုတ်တယ်။ငါ့ အဖေက ဆောက်လုပ်ရေးက
အင်ဂျင်နီယာဆိုတဲ့ ဂုဏ်အောက် ကျတော့်သက်
တမ်းတလျှောက် ဘယ်လုပ်ငန်းခွင်ထဲကိုမှ အကပ်သဘောနဲ့ မရောက်ခဲ့။ခုလည်း အဖေဆိုတာ CV formထဲ နာမည်ထည့်ရေး
ထားရုံလောက်ပဲ

"ငါလည်း မင်းကို ငါ့သားလို့ မပြောရဲဘူး။မင်း
မရှက်ပမယ့် ငါတို့ရှက်တယ်။အချင်းချင်းဆိုတာ
ကို မင်း မရွံ့တတ်ပေမယ့် ငါတို့တော့ ရွံ့တယ်"

ရွံတယ်...အဖေအရင်းတစ်ယောက်ဆီကနားနဲ့
ဆက်ဆက်ကြားလိုက်ရသော ထိုစကား။
သဘောတကျခေါင်းမော့ရယ်မောမိခြင်းက
လူကြီးတစ်ယောက်မျက်လုံးထဲပမာမခန့်များနိုင်
နေတယ်ဆိုလည်း မတတ်နိုင်...မျက်ဝန်းထောင့်
စွန်းမှ အရည်ကြည်တွေကိုလည်း မားအမွေဖြစ်တဲ့
မျက်တောင်ရှည်တွေထဲ ကြားညှပ်ထည့်လိုက်
ပြီးမှ...

"အချင်းချင်း??ဖေဖေဘာကိုတွေးပြီး ဘာကို
ရွံနေလဲတော့ ကျတော်မသိဘူး။ဒါပေမယ့်...
သူနဲ့နေတာ ရောက်တဲ့နေရာတိုင်း
တစ်ရွာတစ်ကျီ ဆောက်နေတာထက်တော့ သာတယ် ဖေဖေ။သူရောကျတော်ရော သားကြီး
မယားကြီးကို ပစ်မထားခဲ့ဖူးဘူး"

"မင်း!"

အရှိုက်ထိသွားပုံပင်။နှုတ်ခမ်းတည့်တည့်ထိခိုက်
သွားသော လက်အရိုးဆစ်တွေ။ချက်ချင်းဆို
သလိုထွက်လာတဲ့ ငန်ကျိကျိအရသာ။မျက်လုံး
တွေစုံမှိတ်ထားလိုက်မိသည်။
ကျတော့်ကိုယ်ထဲက ထွက်လာတဲ့ ဖေဖေ့သွေး
တွေကို မြင်ရမှာ ပိုကြောက်တယ်။
ကျတော်လည်း ရွံတတ်တယ်။

"မင်း ငါ့ရှေ့ထပ်ပေါ်မလာနဲ့ ချန်းငြိမ်းအောင်..."

"စိတ်ချပါ ငယ်တည်းက မိဘတွေဘယ်သူလဲ
မေးရင် မား နာမည်ကိုပဲပြောခဲ့တာပါ ဖေဖေ"

ဝုန်းခနဲတံခါးပိတ်သံဆုံးမှ ဘေစင်ပေါ်အားယူ
လက်ထောက်မိသည်။မမြင်ချင်ဆုံးမျက်ရည်တွေ
သည် ကျတော့်ပိုင် မျက်လုံးကနေ လိုလိုချင်ချင်
ကျဆင်းလာသည်။

ရွံတယ်...ဘာလု့ိလဲ??ကျတော်တို့ သူများသား
ပျိုသမီးပျိုပြစ်မှားနေတာ မဟုတ်ဘူး။
ကိုယ့်ပိုင် ကာမပိုင်ရှိလျက်နဲ့ ဖောက်ပြန်နေတာ
မဟုတ်ဘူး။သူလည်း လူပျို ကျတော်လည်း
လူပျို ကျတော်တို့၂ယောက်လုံး လွတ်လပ်တဲ့
လူသားတွေ။
၈နှစ်တာတွဲခဲ့ဖူးတဲ့နှင်းနုကိုလည်း ကျတော်
စိတ်နဲ့တောင် မပြစ်မှားဖူးဘူး။

"ဘယ်လိုပဲဖြစ်နေနေ...အဖေဟာ အဖေပဲ"

ဟူသောမားဆုံးမစကားနဲ့ ကျတော်အပြစ်မမြင်ခဲ့
ကျတော်တို့ဆီ တစ်နှစ်နေလို့ တစ်ခေါက်ပြန်
မလာပေမယ့် ပြန်လာချိန်တိုင်းလည်း မားက ဘာကိစ္စမှ မဖြစ်ခဲ့သလိုကြိုဆိုမြဲ။

ဒီလိုသားအမိနှစ်ယောက်တည်းနေပျော်ခဲ့တယ်။
အများတိုးတိုးဝေဖန်မေးငေါ့တာတွေကို ကျတော်
တို့သားအမိနှစ်ယောက် မမြင်ချင်ယောင်ဆောင်
ခဲ့ရတာတွေ။
ခုတော့ ဒါတွေအားလုံးခါးစီးခံရင်း သည်းခံခဲ့တဲ့
ကျတော်က ကျတော်တို့သားအမိနဲ့ အတူတူ
အေးအတူပူအမျှ မျှဝေပေးခဲ့တဲ့ ပိုင် နဲ့ နေမိတာ
က ရွံစရာတဲ့လား?

ဘဝမှာ ပိုင့်လောက် ဖြူစင်အေးချမ်းတဲ့လူမျိုး
ကျတော်မတွေ့ခဲ့ဖူးဘူး။ကိုယ်တိုင် ပိုင့်လိုနေဖို့
ကြိုးစားလို့မရခဲ့တာ...အဲ့လိုလူမျိုးကို ဖေဖေက
ရွံတယ်တဲ့လား??

ဘေစင်ဇောင်းကိုဆုပ်ကိုင်ထားသောလက်တွေ
မှ အကြောတွေတောင် ထင်းနေပြီ။
ခုချိန် တွေ့ချင်ဆုံးသူက ပိုင်သုတ...

အလုပ်ရှင်ကို အကျိုးအကြောင်း ကွေ့ပတ်ပြောဆို
ပြီးကျတော် ချက်ချင်းပြင်ဦးလွင်သို့ ပြန်တက်လာ
ဖြစ်သည်။သူမရှိသော အိမ်က ပိုသတိရစရာ
ကောင်းနေသလိုပဲ။
ခုချိန် သူဘာတွေလုပ်နေမလဲ??

"မင်းပဲ အေးချမ်းတယ် ငပိုင်"

-
-
-
"မား??"

contact listလဲ မမှတ်ထားသော နံပါတ်စိမ်းနဲ့
ဝင်လာသော ဖုန်းခေါ်ဆိုမှုပြီးနောက် မားနဲ့တွေ့
ဖို့ဖြစ်လာခဲ့သည်။

ချိန်းဆိုရာ ဆေးရုံနားက ဆိုင်ကိုထွက်လာတွေ့
တော့ အားနာစိတ်နဲ့စိုးထိတ်နေသော ကျတော့်ကို
မူပိုင်အပြုံးအေးအေးတစ်ခုနဲ့ ကြိုဆိုတော့...
ပို၍ အပြစ်ကြီးသလိုခံစားရသည်။

"သားပိုင် ပိန်သွားသလိုပဲ"

"မား..."

"မတ်တပ်ကြီးသားရယ် ထိုင်ပါအုံး"

"မားဘယ်လို ရောက်လာ...ကျတော် မားကို
ဖုန်းတွေဆက်တယ် ဖုန်းမရတာနဲ့ ရန်ကုန်ထိ
လည်း တက်မလာရဲတော့ မားကို မားကို..."

"သားပိုင်ရယ်...မားနားလည်ပါတယ်"

မားကိုကြည့်တော့ ပြုံးပြပြန်သည်။အသက်အရွယ်
တစ်ခုအောက် မားဆံပင်နက်နက်တို့ပင်အရောင်
ပြောင်းစပြုနေပေမယ့် မားမျက်နှာက အရေးအ
ကြောင်းတစ်ချို့ ချောမောမှုထဲ ရင့်ကျက်မှုကို
ထပ်ထည့်ပေးနေသလိုပင်။

"မား...ချန်းဖေဖေနဲ့အတူ မန္တလေးလိုက်လာတာ
သားပိုင်တို့ နန်းရှေ့ကအိမ်ကို သွားတော့ သား
ညီမလေးနဲ့တွေ့တယ်။ဒါနဲ့ပဲ သားဆီရောက်လာ
တာ။မား ကို ဖုန်းဆက်မရတာ မားအရင်ကဖုန်း
ကို ချန်းဖေဖေက ဖြုတ်ခဲ့လို့...မား စစသိချင်း
သမီးနှင်း ရန်ကုန်ပြန်ရောက်တည်းက ချန်းဆီ
ဖုန်းတွေခေါ်တယ် မကိုင်ဘူး"

ကျတော်မျက်မှောင်များတွန့်ကျိုးသွားရသည်။
ချန်းက မားဖုန်းတွေကို မကိုင်ဘူး...

"သူ့အဖေကို စိတ်နာနေတာ မားသိတယ်။ဒါ...
ဒါပေမယ့် ဒီလို ဒီလောက်ထိ သာမာန်အိမ်ထောင်
ရေးတစ်ခုကို စိတ်ကုန်နေမယ်လို့ မားမထင်ခဲ့တာ"

"အဲ့...အဲ့လိုကြောင့် မဟုတ်ဘူး မား။ချန်းက
ချန်းက ခုလိုခြေနေကို သဘောကျတဲ့လူမဟုတ်
ပါဘူး။ကျတေ်ာကသာ...ငယ်ငယ်ည်းကချန်းကို
ချစ်ခဲ့တာ။ခုလည်း ချန်းကို ကျတော်ဆွဲထားတာ
ပါ။အားလုံးက မားတို့ကြောင့်လည်း မဟုတ်ဘူး
ကျတော့်ကြောင့်ပါ"

အဆက်မပြတ်ပြောနေသော ကျတော့်အား
ငေး၍သာ ကြည့်နေပြီးမှ...

"သားပိုင်ကလေ မားသားကိုဆို မားပြောတာ
တောင် မကြိုက်တတ်တာ မားသိတယ်။ခုက
ချန်း နေကောင်းတယ်မလား??"

"ဟုတ်"

"ဒါဆို မားစိတ်အေးရပါပြီ။မားသားကိုသိစေချင်
တာ မားသားကလည်း သားပိုင်ကိုချစ်ခဲ့တာဟိုး
ငယ်လေးတည်းကပါ။သူ့အတွက်က သားပိုင်နဲ့
ကောင်းဆက်စံပဲရှိခဲ့တာ။မနေ့ကမှ ဒီကိုလာ
မယ်ဆိုပြီး မားထည့်လာတာ"

ခုံအောက်ချထသော အရွယ်ခပ်လတ်လတ်
ပလက်စတစ်ပုံးတစ်ပုံးကို ခုံပေါ်တင်ပြသည်

"ဖွင့်ကြည့်လေ သားပိုင်"

မြင်ကွင်းထဲ ပထမဆုံးရောက်လာတာ...
Harry potter ရောင်စုံခြယ်စာအုပ်။ဒါ ချန်း
ကိုပထမဆုံး ဝယ်ပေးခဲ့သော လက်ဆောင်။
အရောင်ခြယ်ချင်လွန်း၍ ဝယ်ပေးခဲ့သော်လည်း
ပုံတွေသည် အသစ်အတိုင်းဖြူလွလွ...စာအုပ်
ထောင့်စွန်းနေရာတွင် ရက်စွဲတစ်ခုအောင်
"ပိုင်"ဟူသော ကျတော့်နာမည်။
ပျောက်သွားသောဖိနပ်အစားဝယ်ပေးခဲ့ဖူးသော
Scoll ဖိနပ်...ငယ်တုန်းတည်းကနေခုထိသိသိ
သာသာ ကြီးမလာတဲ့ ခြေထောက်သေးသေးလေး
ကို မြင်ယောင်ရင်း ကျတော်မျက်ရည်ဝဲလာရသည်

နောက် မန်းလေးရောက်ခဲ့စဉ်က ဝယ်ပေးခဲ့သော
လက်ဆောင်တွေ။ရက်စွဲတွေအောက် ကျတော့်
နာမည် "ပိုင်" ဟူသည်ကို သူရေးထိုးဖို့ဘယ်
တော့မှ မမေ့

"ချန်းရာ..."

"မားသားက အစွဲအလမ်းကြီးတယ် သားပိုင်။
မားစိုးရိမ်နေခဲ့တာကလေ သားအိမ်ထောင်ပြု
ပြီး သူတစ်ယောက်တည်းကျန်ခဲ့မှာကိုပဲ။
ကြားထဲ မားစိတ်အေးရတာ နှင်းနုလေးနဲ့ ကြိုက်
သွားတာပဲ။အမှန်တိုင်းပြောရင် မား မျိုးဆက်ပြတ်
မှာတော့ကြောက်ခဲ့တယ်သား။မားအတွက် သား
တို့နှစ်ယောက်စလုံးက မားသားတွေပါပဲ။သားတို့
ခုလိုနေရင်း မျိုးဆက်ပြတ်သွားမှာ...မားဆိုလို
ချင်တဲ့သဘောကို သားပိုင်သဘောပေါက်ပါတယ်
နော်။သားတို့ဒီလိုတစ်သက်လုံးနေဖို့က..."

"ဟုတ် မားပြောချင်တာ ကျတော်နားလည်ပါ
တယ်"

"သားပိုင် ဆုံးဖြတ်ပါ။သားပိုင်ကိုပဲ မားယုံတယ်"

"ဟုတ်ကဲ့ မား"

ခေါင်းပြန်မော့ကာ မကြည့်မိအောင်ကြိုးစားနေ
ရသည်။မားကိုအားနာတယ်။
မားအတွက် ချန်းက အစားထိုးမရတဲ့သား...
နောက် ငယ်တည်းက ဆိုင်ကို ချီပိုးအရွယ်ကလေးငယ်တွေပါလာတိုင်း သဘော
တကျ ပွေ့ဖက်ချီပိုးတတ်တဲ့မားပုံရိပ်တွေကို
မြင်ယောင်လာပြန်သည်။
ခုလို အရွယ်ကျနေချ်န် ဆိုင်သိမ်းချိန် အိမ်ခန်း
လေးထဲ တစ်ယောက်တည်းဖြစ်နေမယ့်မားရဲ့
အထီးကျန်မှုကိုလည်း စာနာတယ်။နောက်ပြီး
သနားတယ်။

"မားပြန်တော့မယ်သားပိုင်...ရော့ ဒါလေးသား
ပိုင်ပဲယူထား"

"ကျတေ်ာမယူဘူးမား။ဒါတွေကိုကျတော့်ကို မတွေ့စေချင်လို့ သူသေချာဝှက်ထားခဲ့တာမလား
ကျတော် ဒါတွေတွေ့တာကို သာသိသွားရင် သူ
အနေခက်နေလိမ့်မယ်...ဒါကြောင့် မားပဲပြန်ယူ
သိမ်းပေးထားပေးပါ။ကျတော် လိုက်မပို့တော့ဘူး
မား ရတယ်မလား?"

"အင်း ရုံးက ကားနဲ့လာခဲ့တာပဲ။သားပိုင်!"

မားကို ပြန်ကြည့်တော့မှ

"ချန်းကို ပြောပေးပါ။ပြန်လာချင်ရင် မားဆီ
အချိန်မရွေးပြန်လာလို့ရပါတယ်လို့။သူက
ထာဝရ မားသား ဖြစ်နေတယ်လို့ သားပိုင်ပြော
ပေးပါ"

"ဟုတ်။ကျတော်ပြောပြပေးပါ့မယ်"

"ဒါ့ဆို မား သွားတော့မယ် သားပိုင်"

မေ့ထားခဲ့တဲ့အရာတွေ...တွေ့ဖို့စိုးကြောက်နေ
သောသူတွေ...နောက်ပြီး ပြေးမတွေ့ချင်တဲ့
ရှေ့ဆက်ရမယ့် အနာဂတ်တွေ...ခုမှ ကျတော်တို့
နှစ်ယောက်ရဲ့ တည်ဆောက်ဆဲ ဘဝတစ်ခုက
ဘာလို့များ ဒီလောက်ထိ...
ချစ်နေတာသိရတော့ ငါပိုလောဘတက်မိတယ်
ချန်းရယ်...

မှောင်နေသော အိမ်တွင်းလှမ်းဝင်လိုက်သည်နဲ့
ဖိနပ်စင်တွင် ရှိနေသော ဖိနပ်။
ချန်း ပြန်ရောက်နေတာလား??ပြန်ရောက်နေ
ရင် ကျတော့်ကိုဖုန်းဆက်မှာပေါ့...

"တချန်း"

စာကြည့်ခန်းထဲ ကျတော့်အားကျောပေးလျက်
3D MAXတစ်ခုကို တည်ဆောက်နေသော
ချန်းသည် ခေါ်သံကြားပေမယ့်လို့ လှည့်မကြည့်

"တချန်း ဘယ်အချိန်တည်းက ဘယ်ရောက်နေ
တာလဲ?အလုပ်အဆင်မပြေဘူးလား"

"အင်း"

အလုပ်လုပ်နေစဉ် စကားများတာမကြိုက်သော
သူ့အကျင့်ကို သိ၍နောက်မှ မေးမယ်ဆိုတဲ့အ
တွေးနဲ့ အခန်းပြင်ထွက်မယ်ပြင်တော့မှ

"ပိုင်"

ဟူသောခေါ်သံတိုးတိုး။

"ဘာလဲ တချန်း"

မေးလည်းမေး သူ့ကျောပြင်ပဲကြည့်နေရသည်ကို
အားမရ၍ မျက်နှာမူရာရှေ့တည့်တည့်ရောက်
်အောင် သွားကာ မျက်နှာချင်းဆိုင်လိုက်သည်နှင့်
ချက်ချင်းခေါင်းငုံ့လိုက်သော်လည်း ကျတော်
မြင်လိုက်ရတာက...
ချက်ချင်းငုံ့နေသော ချန်း မျက်နှာကို မေးဖျားက
နေဆွဲကိုင်မော့တော့ ဖူးရောင်နေသော အပေါ်
နှုတ်ခမ်းပါး...

အမြတ်တနိုးနမ်းရှိုက်ခဲ့ဖူးတဲ့ နှုတ်ခမ်းထက်က ဒဏ်ရာ...သွေးထဲ အက်ဆစ်ရောထည့်ခံနေရသလိုပါပဲ

"တ...ချန်း ဒါ ဘယ်သူလုပ်တာလဲ?"

"ငါအဖေနဲ့ တွေ့ခဲ့တာ...ငါတို့ဘယ်နေရာမှားနေ
လဲ ပိုင်??ငါတို့ဘာတွေမှားနေကြလို့လဲ"

ပြောရင်းဝေ့သီလာတဲ့ အရည်ကြည်တစ်ချို့ကို
ကျမလာစေရန် အောက်နှုတ်ခမ်းကို တင်းတင်း
ကြိတ်နေခြင်းဖြင့် ခြိမ်းခြောက်နေဟန်ရှိသော
တချန်း

"မကိုက်ထားနဲ့ တချန်း...မင်း ပိုနာလိမ့်မယ်"

နှုတ်ခမ်းပါးတွေအား ခပ်ဖွဖွထိတွေ့တော့ ကျတော့်
ကို ပြန်မော့ကြည့်လျက်...

"မင်း...မင်း ငါ့ကို မရွံဘူးမလား"

"တချန်းရာ..."

ကျတော့်ပွေ့ဖက်မိတော့ သူ့ထွက်သက်က
အနွေးထည်ကိုဖြတ်ပြီး ကျတော့်ဗိုက်သားပေါ်ထိ
ထိတွေ့သည်။ထိုင်ခုံမှ မထပဲ ကျတော့်ခါးအား
သိုင်းယှက်ကာ ပြန်ဖက်ထားရင်း

"မင်း က ငါတွေ့ဖူးသမျှကောင်တွေနဲ့ မတူဘူး
ပိုင်...မင်းက...မင်းက ငါ့ထက် ဖြူစင်တယ်"

ကျေးဇူးပါ ချန်းရာ...ဟူသော စကားလုံးကိုသာ
စိတ်ထဲ အကြိမ်ကြိမ်ရေရွတ်နေမိသည်။

ဘယ်သူမှမလိုချင်တော့လောက်ပဲ ငါမင်းကိုပဲ
လိုအပ်တာ...ဒါပေမယ့်...

Thank You All

Bạn đang đọc truyện trên: ZingTruyen.Xyz