ZingTruyen.Xyz

EX-pect

Epi-33

HsuChiKo365

တစ္ကိုယ္လံုးမီးခဲလို ျခစ္ကာပူေနသူကို ႏွဖူး
ေပၚမွ ေရခဲဝတ္အား မျပတ္လဲလွယ္ေနေပးရင္း
က်ေတာ္ေငးႀကည့္ေနရေသာ ေသြးေရာင္ေရး
ေရးနဲ႔ ပန္းႏုေရာင္သန္းေနေသာမ်က္ခြံမ်ားကို
ခပ္ဖြဖြ အနမ္းပ်ိဳးႀကည့္ရင္းအမုန္းပန္းေတြ ပြင့္အာမလာဖို႔လည္း ေတာင္းဆုေျခြရသည္။

ခါးရိုးတစ္ေလွ်ာက္ ေအာင့္ေနသည့္တိုင္ မတ္
မတ္ေတာင္ မရပ္ခ်င္ေတာ့ေပမယ့္ တစ္ကိုယ္လံုး
ပူျခစ္ေနသူအေရး သာ၍စိုးရိမ္မိသည္။
Hemophobia(ေသြးအေႀကာက္လြန္)ရွိသူ
မို႔ ဘယ္ေလာက္ေတာင္ လန္႔သြားမလဲ??

"ေတာင္းပန္ပါတယ္~~"

ဒါပဲက်ေတာ္ေျပာႏိုင္တာ။
ေမွာင္ပိန္းေနေသာ အနာဂတ္ေန႔ရက္ေတြ...
အတူတူရင္ဆိုင္ခြင့္ ေမွ်ာ္လင့္ခ်က္က အလင္းမႈန္
တစ္မႈန္စာပင္မရွိ။
ထြက္မသြားႏိုင္ေအာင္ ဆြဲထားခ်င္တယ္။
မိဘ၊အသိုင္းအဝိုင္းေတြရဲ႕ စြန္႔ပစ္ခံဘဝနဲ႔ လာမည့္အေရး တစ္ေယာက္တည္းေျပးမေတြ႔ေစ
ခ်င္။အတူတူ ရင္ဆိုင္ႀကည့္ခ်င္တယ္။ေနာက္
ဆံုး ေယာက်ာ္းမာနကို က်ခင္းရသည္ပဲ ျဖစ္ျဖစ္...

ငါ့ ကံႀကမၼာ ငါ့ဘဝအားလံုး မင္းလက္ထဲမွာ။

အသားဆိုင္ထဲ အပ္ဖ်ားဝင္သြားသည္ႏွင့္ ကေလး
ငယ္ တစ္ေယာက္လို အင့္ခနဲတစ္ခ်က္တြန္႔သည္။
လက္ေတြနဲ႔ တြန္းဖယ္သည္။မမွီမကမ္းနဲ႔မို႔ ဖမ္း
ကိုင္လာသည့္လက္ကို ဖိထားရင္း အသားထဲ
ေဆးဝင္ေအာင္ ထိုးရသည္။
အဖ်ားေသြးက မ်က္လံုးေတြပြင့္လာဖို႔ေတာင္ခဲ
ယဥ္းေနသည္မို႔ နာသြားတာေတာင္ ဘာမွမတံု႔ျပန္
ႏိုင္ေတာ့။

"ေဆးထိုးမွ ေပ်ာက္မွာေလ~~ျပီးျပီ ဘာမွမျဖစ္ဘူး။ကြ်တ္ က်ြတ္"

ငယ္ငယ္ကဆို ေဆးခန္းမသြားခ်င္။ေဆးတစ္ခါ
ထိုးျပီးတုိင္းလည္း ေဆးေခ်ေပးရတာ ဆယ္ငါးမိနစ္မက ႀကာတတ္တာ။အပ္ဖ်ားထိုးသြင္းရာ ေနရာကို
ႀကိတ္ေခ်ေပးေတာ့ တအင္းအင္း...မလုပ္နဲ႔ဟူ
ေသာ သေဘာနဲ႔ က်ေတာ့္လက္ေတြကို တြန္းဖယ္
သည္။တကယ့္ ကေလးလိုပဲ။

တစ္ကိုယ္လံုးေလးလံေနတာ လႈပ္လို႔ပင္မရ။
အပူေတြက တရွိန္ရွိန္နဲ႔...တင္ပါးေနရာ စူးခနဲျဖစ္
သြားတာ သိေနတာေတာင္ ေသခ်ာတြန္းမဖယ္
ႏိုင္။ငပိုင္ က်ေတာ့္ကိုေဆးထိုးေပးေနတာ။
ငယ္ငယ္တုန္းကလိုလည္းေဆးကို ေခ်ေနေပးေသး၏။
က်ြတ္တစုတ္စုတ္နဲ႔ ကေလးေခ်ာ့သိပ္သလိုလုပ္
ေနတဲ့ ဒီေကာင့္ကို ဆြဲဆြဲျပီးသာ ပစ္ထိုးခ်င္လာ
တယ္။ရွက္ဖို႔ေကာင္းလိုက္တာ။
ရြယ္တူခ်င္းခ်င္း...ဘယ္ေလာက္ေယာက်ာ္းဆန္ေအာင္ေနေန...
သူ မလုပ္ဖူးတဲ့ အရာတစ္ခ်ိဳ႕ကို လုပ္ျပေနတာ
ေတာင္ သူ႔မ်က္လံုးထဲ က်ေတာ္က ကေလး
တစ္ေယာက္လိုျဖစ္ေနတုန္းလား??
သိကၡာေတြ က်လို႔မဆံုးေအာင္က်ေနတယ္။
မာန္တင္းခ်င္ပါေသာ္လည္း သိပ္ႏုလြန္းတဲ့ ဒီခႏၶာ
ကိုယ္ ခိုက္ခိုက္တုန္ေအာင္ေအးလာျပန္၏။
တစ္ခြဲသားမွ မေလ်ာ့ႏိုင္ေသာ မာနကို ေစာင္ပံု
ေတြထဲ ထိုးကာအပ္ေပမယ့္ ဒီဇင္ဘာညအခ်ိဳ႕
တြင္ အေႏြးဓာတ္မွ်ေဝေပးႏိုင္ခဲ့ေသာ ခႏၶာကိုယ္
ေႏြးေႏြးကို မေတြးစေကာင္းေတြးေနမိျပန္၏။

က်ေတာ့္ေဘးေနရာအိခနဲ ျဖစ္သြားျပီးမႀကာလိုက္
က်ေတာ့္တစ္ကိုယ္လံုးေႏြးေထြးသြားရသည္။
အသက္ရႈသံတိုးတိုးသည္ က်ေတာ့္ခႏၶာကိုယ္
တြင္းမွ အေအးဓာတ္တို႔ကို ေမာင္းထုတ္ပစ္ေန
သလို ေအးစက္ျခင္းတို႔ ထပ္မံနယ္မခ်ဲ႕ေစရန္
ေထြးေပြ႔ျခင္းျဖင့္ သူ႔လက္ေမာင္းေတြထဲ က်ေတာ့္
အားဝွက္ထားေပးသည္။
အိေျႏၵိပ်က္ေလာက္ေအာင္ေမးရိုက္သည္အထိ
မခ်မ္းေတာ့ေသာ္လည္း မာနတရားကို ဟားတိုက္
ခံရေနသလိုပဲ။
ခုအေျခအေနေတြက ကေျပာင္းကျပန္ႀကီးပဲ။
ဘယ္ေလာက္ခံျပင္းစရာေကာင္းလိုက္လဲ??

"အားလည္းမရွိပဲ ရုန္းမေနနဲ႔ ခ်န္း"

တိတ္ဆိတ္ေသာ ညအလယ္ထဲအမိန္႔မပီေပမယ့္
ခယ ျခင္းလည္းပါမေန။
သူတို႔ဘြဲ႕ႏွင္းသဘင္မွာဆိုခဲ့ရေသာ သမားေတာ္
ေတြေစာင့္ထိန္းရမည့္က်မ္းသစၥာရယ္ေႀကာင့္လား
ဒါမွမဟုတ္...က်ေတာ္ဆက္မေတြးခ်င္ေတာ့ဘူး
က်ေတာ္ဦးေဏွာက္လည္းအလုပ္မလုပ္ႏိုင္ေတာ့
ေခ်။သူေျပာသလိုက်ေတာ္တကယ္ကိုအားကုန္ေနျပီ
-
-
-
ဂလံု ဆုိသည့္ သတၱဳတစ္ခုထိခတ္ရိုက္သံႏွင့္အတူ
ေနာက္ထပ္ ခြ်န္ထက္ေသာ အရာတစ္ခုႀကမ္းျပင္
ေပၚ ျပဳတ္က်သံ။ဘာေတြျဖစ္ေနတာလဲ??

ေစာင္ပံုထဲက်ေတာ္တစ္ေယာက္တည္း...
တစ္ညလံုးေႏြးေထြးခဲ့ေသာ ေနရာသည္ခုေတာ့ ေအးစက္စက္။ေခါင္းေတြကိုက္ေနဆဲ။
လည္ေခ်ာင္းတစ္ေလွ်ာက္လည္းေျခာက္ေသြ႔
အက္ကြဲေနသလို တံေထြးမ်ိဳခ်လို႔ပင္မရေအာင္
္ျဖစ္ေနသည္။

မီးဖိုေခ်ာင္ထဲကထြက္လာေသာႏြားႏို႕အိုးကပ္နံ႔။
ေက်ာေပးရပ္ကာ ဓားတစ္ေခ်ာင္းကိုင္လ်က္ တုံဆိုင္းေနေသာ ဆရာဝန္ေရွ႕တြင္ အေမႊးႏႈတ္ျပီသားႀကက္ေကာင္လံုးက စြံ႕စြံ႕ငြါးငြါးနဲ႔လည္ဆန္႔ကာ ေျပာင္ျပေနသလိုပဲ။
ႏြားႏို႕ထည့္က်ိဳထားပံုရေသာမီးဖိုေပၚက
အိုးသည္လည္း အေငြ႔တေထာင္းေထာင္းႀကား
အိုးသဏၭန္ကြယ္ေနသည္။

"က်ြတ္ ဖယ္စမ္းကြာ"

Gasမီးဖိုခလုတ္ကိုပိတ္။မလိုင္ဘဝေျပာင္းလုေျပာင္းခင္ျဖစ္ေနေသာ ႏို႔အိုး
ကိုခ် သူ႔လက္ထဲကဓားကို လႊဲေျပာင္းယူလိုက္ႏိုင္
တာကို ပင္ နယ္ေျမတစ္ခုသိမ္းလာေသာ စစ္သူ
ႀကီးကို အားက်သမႈနဲ႔ေမာ္ကာႀကည့္ေသာ သာမန္အိုးစားဖက္္္စစ္သည္ေလးလိုပံုစံနဲ႔။
ဒါက ခဏတာပါ။
ပိုင္စိုးပိုင္နင္းန႔ဲ ႏွဖူးေပၚေရာက္လာေသာ လက္ကို ပုတ္ခ်လိုက္မိသည္။
က်ေတ္ာကသာ လူနာျဖစ္ေနတာ။သူကေတာ့
ဘာမွမျဖစ္သလို...မဟုတ္ဘူး။မျဖစ္သလိုဟန္
ေဆာင္ေနတာ။

မေျပာမဆိုလွည့္ထြက္သြားေတာ့ ေျခလွမ္းေတြက
သိပ္မမွန္ခ်င္။မေန႔က အျဖစ္အပ်က္ကို ျပန္ျမင္
မိေတာ့ျဖစ္လာေသာ စိတ္ကိုေရွ႔က ဇီဝခ်ဳပ္ျငိမ္းေနေသာ ႀကက္ေပၚကိုသာပံုက်
လိုက္ေတာ့သည္။

"ဟက္!!ႀကက္ေပါင္းရည္ေတာင္ လုပ္တိုက္အံုး
မယ္ေပါ့...ရႊဲ႕ေနတာ"

"ခ်န္း..."

ေရွ႔ေရာက္လာေသာ စာရြက္စာတမ္းအခ်ိဳ႔။

"ငါ...ပရဟိတသြားမလုပ္ခင္က ေဆးစစ္ထား
တာေတြ။ျပီးခဲ့တဲ့ လကစစ္ထားတာ။"

"အဲ့ေတာ့ေျပာခ်င္တာက..."

"မေန႔ညက မင္းစိုးရိမ္ေနတာေတြ မျဖစ္ဘူး
ဆိုတာကို သက္ေသျပေနတာ။
မင္းဝန္မခံခ်င္ေပမယ့္ မင္းေႀကာက္ေနခဲ့တာပဲ
မလား??"

"ငါ မေႀကာက္ဘူး!"

ေတာက္!လည္ေခ်ာင္းေတြနာေနပါတယ္ဆိုမွ
ေအာ္ေနရတာ...
တစ္ေယာက္နဲ႔တစ္ေယာက္ ေပါက္ထြက္မတတ္
စိုက္ႀကည့္ေနမိသည္။ဘာေႀကာင့္မွန္းလဲမသိ။

"မင္းကို ငါ တာဝန္ယူေပးပါ့မယ္ ပိုင္။မင္းလည္း
ေႀကာက္ေနတယ္မလား?မင္း ကို ငါတာဝန္
မယူပဲ ထားခဲ့မွာကို..."

မီးဖိုေခ်ာင္ထဲ ခဏတာတိတ္ဆိတ္သြားျပီးမွ
ငပိုင့္ရယ္သံလႈိင္ကာလွ်ံက်လာသည္။

"ဟား ဟား။ဟား ဟား"

ရယ္စရာအေကာင္းဆံုး ဟာသတစ္ခုလိုရယ္ေမာ
ေနတာ။လူက လမ္းေတာင္ေကာင္းေကာင္းမ
ေလွ်ာက္ႏိုင္ေသးပဲနဲ႔ က်ေတာ့္စကားကို
သေရာ္စာတစ္ပုဒ္အားဖတ္လိုက္ရသလိုကိုရယ္ေန
တာ။ခြက္ဝင္ေနတဲ့ ပါးခ်ိဳင့္ေတြ တစ္သက္တာ
ခြက္ဝင္သြားေအာင္ကို အဲ့မ်က္ႏွာကိုပိတ္ထိုးပစ္
လိုက္ခ်င္သည္။

"တာဝန္မယူပဲ ပစ္ထားခဲ့မွာ ေႀကာက္ေနရေအာင္
ငါကမိန္းကေလးမွ မဟုတ္တာ...ေဆးေတြထား
ခဲ့တယ္ႀကက္ေပါင္းရည္ရရင္အားျပည့္ေအာင္စား
ျပီးေဆးေသာက္လိုက္"

အိမ္ထဲက်ေတာ္တစ္ေယာက္တည္း က်န္ခဲ့ျပီ။
ငပိုင္ အဲ့ဒါ ဘာအခ်ိဳးခ်ိဳးသြားတာလဲ??တစ္ည
လံုး ေရခဲဝတ္တင္ေပးလိုက္၊ႏွဖူးကို လာစမ္းလိုက္
က်ေတာ္အိပ္ေပ်ာ္ေနသည္ အထင္နဲ႔ တစ္ကိုယ္
လံုးကို သိမ္းက်ံဳးဖက္ထားေပးလိုက္နဲ႔လုပ္ခဲ့တဲ့
ဲ့ေကာင္က က်ေတာ့္ကို ေလွာင္ရယ္သြားတာ။

မီးလင္းဖိုထဲ ပ်ိဳးထားတဲ့ ထင္းရႈးတံုးေတြထဲ
တေျဖာက္ေျဖာက္ေတာက္ေနတဲ့မီးေတာက္ေတြသည္ က်ေတာ့္ရင္ထဲမွာပါ လာေတာက္ေနတာ။
တအံုေႏြးေႏြး။
-
-
-
"ဆရာဘာေျပာလဲ?"

ေဆးရံုအုပ္ႀကီးရံုးခန္းထဲက ထြက္လာသည္ႏွင့္
စကၠန္႔မျခားတန္းေမးခံရေတာ့၏။

"နားလည္ေပးတယ္တဲ့"

"OMG!!ဘိုးေတာ္ကေလ...အဲ့နားမွာ ဘုရား
မပြင့္သြားဘူးလား?"

"ဆရာက မင္းထင္သေလာက္လည္း ေရွးရိုးမဆန္
ပါဘူးကြာ"

"မင္းတို႔ ဘာျဖစ္သြားႀကတာလဲကြာ?"

"ေအးေဆးထိုင္လို႔ရမယ့္ ဆိုင္တစ္ဆိုင္ေလာက္
သြားရေအာင္။ငါလည္း သိခ်င္တာေတြရွိတယ္"

နႏၵဦးေမာ္အလိုက္သိစြာ ဘာမွဆက္မေျပာေတာ့

"မင္းတို႔ႏွစ္ေယာက္ ေျခေနဘယ္လိုေနလဲ?
မင္းဖက္ကေတာ့ ဂယက္မရိုက္ေပမယ့္ ခ်န္းျငိမ္း
ဖက္ကေတာ့ သတင္းစာထဲေတာင္ပါလာျပီေနာ္။
မဂၤလာပြဲဖ်က္သိမ္းေႀကာင္းေရာ...သားအျဖစ္မွ
စြန္႔လႊတ္ျခင္းေရာ တစ္ေန႔ထဲပါလာတာ"

သက္ျပင္းသာခ်မိသည္။ဘယ္ကဘယ္လိုစရွင္း
ရမွန္းလဲမသိ။တခ်န္းနဲ႕က်ေတာ့္အေျခအေနက
လည္း ခုမနက္မိုးလင္းတည္းက မေကာင္းခဲ့တာ။

"မသိေတာ့ပါဘူးကြာ"

"မင္းတို႔ အဲ့ေန႔ညက ဘာျဖစ္ႀကတာလဲ?မဂၤလာ
ေဆာင္ဖို႔သံုးရက္ေလာက္ပဲလိုေတာ့တဲ့ေကာင္က
မေျပာမဆိုနဲ႔ ျပင္ဦးလြင္ထိ ေပါက္ခ်လာျပီး...
အပ်င္းေတြကိုင္တာ။ႏွစ္ေကာင္လံုး ျမင္းလွည္း
ေပၚကေနေတာင္ ဆြဲခ်ရတယ္"

"ငါလည္း မူးေနတာ။ခုျဖစ္သြားတာေတြတစ္ခုမွ
လည္း ငါမမွတ္မိဘူး။မင္းေရာ သိလား?အဲ့ဒါ
ဘယ္သူ႔လက္ခ်က္ဆိုတာ?"

"ဘယ္သိမလဲကြ?မင္းတို႔ တင္မွ သိတာ။
ေနာက္ဘာျဖစ္ႀကေသးလဲ?တကယ္ ဘာမွေတာ့
မ-ျဖစ္-ဘူး-မ-လား??"

မိုင္းတက္နင္းမိထားသကဲ့သို႔  သတိႀကီးႀကီးထား
ကာ တစ္လံုးခ်င္းေမးေနေပမယ့္...ေမးခံရသူက်ေတာ့္အတြက္ကေတာ့စနပ္တံျဖဳတ္
ျပီးသားလက္ပစ္ဗံုးကိုလွမ္းပစ္ေပးခံလိုက္ရတာနဲ႔
မထူးျခားနား။

လိမ္လို႔မရမွန္းလည္းသိတယ္။ဟန္မေဆာင္တတ္
တဲ့ အက်င့္ဆိုးသည္ ရွက္စိတ္နဲ႔ေသြးေသာက္ဖြဲ႕
လိုက္ေတာ့ က်ေတာ့္မ်က္ႏွာပါေသြးေရာင္လႊမ္း
သြားပံုရသည္။

"Oh_My_God!တကယ္ႀကီးျဖစ္ခဲ့ႀက...မင္း
က...စခဲ့တာလား??ခု ခ်န္းျငိမ္းဘယ္လိုေန?"

အသံတိတ္က်န္ဆဲလိုက္မိတာက စမွားတာဟု
ေျပာရမည္။မ်က္လံုးျပဴးထြက္သြားကာ ခ်က္ခ်င္း
အနားေရာက္ကာ နားနားတိုးကပ္လာရင္း

"ဒါမွမဟုတ္...မင္း bottom
ထိုင္လိုက္ရတာလား?"

သူ Fbေပၚတြင္နည္းမ်ိဳးစံုနဲ႔supportခဲ့ရေသာ Program Myanmar Idolမွစကားလံုးကို ယူသံုးကာေမးလာသည္။
က်ေတာ္အေျဖမဲ့ေနပံုကို ႀကည့္ျပီး တအံ့တႀသ
ျဖစ္ေနသြားဟန္ကသူvotingအေသအေႀကေပးခဲ့ရတဲ့ Idolေကာင္မေလး ဆုလႊဲခဲ့စဥ္ကထက္ ပို၍ယုရံုးမရျဖစ္သြားပံုပင္။
မတတ္ႏိုင္။ဒီ့ေကာင့္ဗိုက္ထဲက ပုဏၰားကိုသာ
ဝစီပိတ္တရားစခန္းပို႕ေပးထားခ်င္မိေတာ့၏။

"ပိုင္သုတရာ~~မင္းက အဲ့လိုျဖစ္သြားရမယ့္လူမွ
မဟုတ္တာကြ။မင္းနဲ႔ခ်န္းျငိမး္ဆိုရင္ ျဖစ္သင့္တာ
က ခ်န္းျငိမ္းမဟုတ္ဘူးလား??"

"မိန္းမတစ္ေယာက္ကို ခ်စ္မိသြားတာနဲ႔ေတာ့
ဘယ္တူပါ့မလဲ နႏၵရာ။ေယာက်ာ္းတစ္ေယာက္ကို
ခ်စ္မိသြားရင္ သူေယာက်ာ္းဆိုတဲ့ အခ်က္ကို
ေမ့ပစ္ထားလို႔မရဘူး။အဲ့ေနာက္မွာ ပါလာတဲ့
သူ႔သဘာဝတရားကိုလည္း ေမ့ထားျပီးကိုယ္က
အျမဲအထက္စီးကေနမယ္လို႕စိတ္ကူးထားလို႔မရဘူး။ခ်စ္ခဲ့မိတာ ေယာက်ာ္းေလ မိန္းမမွမဟုတ္
တာ"

"ဒါဆို ငါေျပာင္းေမးရေတာ့မယ္။ေဆးေကာ
ေသာက္ထားလား??ခု မင္း အဆင္ေျပလား?""

"ဆက္ေမးရင္ မင္းကို ငါထသတ္ရလိမ့္မယ္။
ထေတာ့။ခ်န္း...အိမ္မွာတစ္ေယာက္တည္း က်န္ခဲ့တာ။ေနလည္းမေကာင္းေသးဘူး။တစ္ည
လံုးအဖ်ားမက်လို႔..."

"မင္းတို႔ ဟာက ဘယ္လိုႀကီးတုန္း??"

ပြင့္ေနေသာ ပါးစပ္ထဲ မ်က္လံုးျပဳတ္က်သြားမ
ေယာင္ေယာင္ျပဴးက်ယ္ကာ ဆြံ႔အေနသူကို
ေနာက္က်န္ထားခဲ့ကာ ဆိုင္ထဲမွ အျမန္ထြက္လာ
ရသည္။
ျဖစ္ႏိုင္ရင္က်ေတာ္ဒီေနရာမွာသာ အရည္ေပ်ာ္
သြားခ်င္တာ။

           >>>>>EX-pect<<<<<

မီးလင္းဖိုေရွ႕ထိုင္ကာ က်ေတာ္အလာကို စာအုပ္
ဖတ္ရင္းထိုင္ေစာင့္ေနသည္။
ခံုေအာက္တြင္တြင္ခရီးေဆာင္အိတ္ကအဆင္သင့္
ခုခ်က္ခ်င္းခရီးထြက္ေတာ့မည့္ပံုစံနဲ႔။ အိမ္အျပန္လာကိုေစာင့္ႀကိဳပံုကတစ္ေန႔တစ္မ်ိဳး
ရိုးမသြားေစရေအာင္ Planဆြဲထားေလသလားပဲ

"ဘယ္သြားမလို႔လဲ ခ်န္း?"

"မင္းနဲ႔ဆက္ေနစရာအေႀကာင္းမွ မရွိတာ"

"ဘာ!"

"ဘာ ကို ဘာ လဲ?မင္းပဲ မနက္ကေျပာတယ္ေလ
တာဝန္ယူေပးစရာမလိုဘူးဆိုျပီး။အဲ့ေတာ့ မင္းလမ္းမင္းေလွ်ာက္ ငါ့လမ္းငါေလွ်ာက္မယ္"

"မင္းဒီအိမ္ထဲက ထြက္သြားတာနဲ႔ မင္းကိုႀကည့္
တဲ့ မ်က္လံုးေတြဒဏ္မင္းခံႏိုင္လို႔လားခ်န္း?"

"အဲ့ဒါ မင္းေႀကာင့္!!မင္းေႀကာင့္ျဖစ္လာတာေတြ
ြေလ ပိုင္သုတ!!"

"ငါမမွတ္မိတဲ့ ကိစၥတစ္ခုကို ငါမလုပ္ခဲ့ဘူးလို႔
အျပတ္မျငင္းဘူး။ဒါေပမယ့္ တစ္ခုက မင္း
အခု ဘယ္မွ သြားလို႔မရဘူး။မင္း ငါနဲ႔ပဲေနရမယ္"

"မင္းနဲ႔ ငါ ဘာဆိုင္လို႔ မင္းနဲ႔အတူေနရမွာလဲ?

"မင္းမေန႔ညကငါ့ကိုဘာလုပ္ခဲ့လဲ?မင္းဒီအိမ္ကေနဘယ္မွမသြားရဘူး။အိမ္ကေနထြက္ေျပးတာနဲ႔
မင္းကို ငါ ပုဒ္မ ၃၇၇နဲ႔တရားစြဲမယ္။မင္းသိတယ္
မလား အဲ့ဒါ ဘာအမႈလဲဆိုတာ"

မ်က္မွန္ေပၚမွာ မီးလင္္းဖိုကမီးေတာက္ေရာင္က
အရိပ္ထင္ေနသည္။မီေတာက္အရိပ္ေတြႀကားမွ
မ်က္လံုးတို႔တြင္ ဝမ္းနည္းျခင္းလည္းရွိမေန။
က်ေတ္ာ့စကားကို ထိတ္လန္႔သြားတာလားဆို
ေတာ့လည္းမဟုတ္။စိမ္ေခၚေနတာလားဆိုသည့္
ပံုစံနဲ႔ အေပၚႏႈတ္ခမ္းတြန္႔ေကြးသြားရံုျပံဳး၏။

"မင္း နဲ႔ ငါ Publicေပၚမွာ နာမည္ႀကီးသြားတဲ့
ကိစၥ ဘယ္သူလုပ္ခဲ့တာလဲဆိုတာ မသိမခ်င္း
မင္း ဒီအိမ္ကေန ထြက္သြားလို႔မရဘူး။ငါနဲ႔အတူတူေနျပီး ဒီျပႆနာကို အေျဖရွာရမယ္
အေျဖမေပၚခင္မင္းထြက္သြားတာနဲ႔မင္းကိုငါ
တရားစြဲမယ္"

"ဟက္!အေျဖေပၚလာရင္ေကာ မင္းေထာင္ထဲ
ဝင္မလား?ငပိုင္"

"မင္းဖက္က ေသခ်ာတယ္ဆိုရင္ေတာ့ ငါ့ျပန္
တရားစြဲေပါ့"

မနက္ကကဲ့သို႔ တစ္ေယာက္နဲ႔တစ္ေယာက္စူး
စိုက္ႀကည့္မိျပန္သည္။
ဝိုင္းစက္စက္မ်က္ဝန္းဝိုင္းတို႔ကို ေလာဘတက္
ေနမိသည့္ က်ေတာ္ကသာ မ်က္လႊာအရင္ခ်ကာ
အရံႈးေပးလိုက္ရတာ။

သူကေတာ့ ေအာင္ႏိုင္သူပမာ ခ်ထားေသာ လက္ဆြဲအိတ္ကို ေကာက္မကာအခန္းတြင္း
ဝင္သြားသည္။

အဆီအေငၚမတည့္ေသးတာက မတည့္ေသးေပ
မယ့္ စိုးရိမ္စိတ္န႔ဲ မေနႏိုင္မထိုင္ႏိုင္စြာ

"မင္း သက္သာသြားျပီလား"ဟူ၍ အခန္းထဲထိ
လိုက္ေမးမိေသးတယ္။

"မင္းအပူမပါဘူး။ခပ္ကင္းကင္းေန။"

ႀကက္ေကာင္လံုးအစေပ်ာက္ေနျပီဆိုတာ ရိပ္မိ
ေနျပီမို႔ စာဖတ္ခန္းထဲသာ ဝင္ျပီး Lockခ်
ထားလိုက္မိသည္။

"ဟုတ္တယ္။ခပ္ကင္းကင္းေန။စိတ္ေပါင္းလူ
ခြာထား ပိုင္သုတ"

Thank You All

About Storyမွာေျပာတဲ့စိမ္ေခၚမႈေတြဆိုတာ
ဒါေတြပါပဲ။
Be Enjoy
၉နာရီမွ အလုပ္အားလံုးျပီးလို႔ အျမန္typeထား
ရတာပါ။စာလံုးေပါင္း typingမွားရင္ ေတာင္း
ပန္ပါတယ္ေနာ္။နက္ျဖန္မွ ျပန္ျပင္ေပးပါေတာ့မယ္

(Unicode)

/

/

/

တစ်ကိုယ်လုံးမီးခဲလို ခြစ်ကာပူနေသူကို နှဖူး
ပေါ်မှ ရေခဲဝတ်အား မပြတ်လဲလှယ်နေပေးရင်း
ကျတော်ငေးကြည့်နေရသော သွေးရောင်ရေး
ရေးနဲ့ ပန်းနုရောင်သန်းနေသောမျက်ခွံများကို
ခပ်ဖွဖွ အနမ်းပျိုးကြည့်ရင်းအမုန်းပန်းတွေ ပွင့်အာမလာဖို့လည်း တောင်းဆုခြွေရသည်။

ခါးရိုးတစ်လျှောက် အောင့်နေသည့်တိုင် မတ်
မတ်တောင် မရပ်ချင်တော့ပေမယ့် တစ်ကိုယ်လုံး
ပူခြစ်နေသူအရေး သာ၍စိုးရိမ်မိသည်။
Hemophobia(သွေးအကြောက်လွန်)ရှိသူ
မို့ ဘယ်လောက်တောင် လန့်သွားမလဲ??

"တောင်းပန်ပါတယ်~~"

ဒါပဲကျတော်ပြောနိုင်တာ။
မှောင်ပိန်းနေသော အနာဂတ်နေ့ရက်တွေ...
အတူတူရင်ဆိုင်ခွင့် မျှော်လင့်ချက်က အလင်းမှုန်
တစ်မှုန်စာပင်မရှိ။
ထွက်မသွားနိုင်အောင် ဆွဲထားချင်တယ်။
မိဘ၊အသိုင်းအဝိုင်းတွေရဲ့ စွန့်ပစ်ခံဘဝနဲ့ လာမည့်အရေး တစ်ယောက်တည်းပြေးမတွေ့စေ
ချင်။အတူတူ ရင်ဆိုင်ကြည့်ချင်တယ်။နောက်
ဆုံး ယောကျာ်းမာနကို ကျခင်းရသည်ပဲ ဖြစ်ဖြစ်...

ငါ့ ကံကြမ္မာ ငါ့ဘဝအားလုံး မင်းလက်ထဲမှာ။

အသားဆိုင်ထဲ အပ်ဖျားဝင်သွားသည်နှင့် ကလေး
ငယ် တစ်ယောက်လို အင့်ခနဲတစ်ချက်တွန့်သည်။
လက်တွေနဲ့ တွန်းဖယ်သည်။မမှီမကမ်းနဲ့မို့ ဖမ်း
ကိုင်လာသည့်လက်ကို ဖိထားရင်း အသားထဲ
ဆေးဝင်အောင် ထိုးရသည်။
အဖျားသွေးက မျက်လုံးတွေပွင့်လာဖို့တောင်ခဲ
ယဉ်းနေသည်မို့ နာသွားတာတောင် ဘာမှမတုံ့ပြန်
နိုင်တော့။

"ဆေးထိုးမှ ပျောက်မှာလေ~~ပြီးပြီ ဘာမှမဖြစ်ဘူး။ကျွတ် ကျွတ်"

ငယ်ငယ်ကဆို ဆေးခန်းမသွားချင်။ဆေးတစ်ခါ
ထိုးပြီးတိုင်းလည်း ဆေးချေပေးရတာ ဆယ်ငါးမိနစ်မက ကြာတတ်တာ။အပ်ဖျားထိုးသွင်းရာ နေရာကို
ကြိတ်ချေပေးတော့ တအင်းအင်း...မလုပ်နဲ့ဟူ
သော သဘောနဲ့ ကျတော့်လက်တွေကို တွန်းဖယ်
သည်။တကယ့် ကလေးလိုပဲ။

တစ်ကိုယ်လုံးလေးလံနေတာ လှုပ်လို့ပင်မရ။
အပူတွေက တရှိန်ရှိန်နဲ့...တင်ပါးနေရာ စူးခနဲဖြစ်
သွားတာ သိနေတာတောင် သေချာတွန်းမဖယ်
နိုင်။ငပိုင် ကျတော့်ကိုဆေးထိုးပေးနေတာ။
ငယ်ငယ်တုန်းကလိုလည်းဆေးကို ချေနေပေးသေး၏။
ကျွတ်တစုတ်စုတ်နဲ့ ကလေးချော့သိပ်သလိုလုပ်
နေတဲ့ ဒီကောင့်ကို ဆွဲဆွဲပြီးသာ ပစ်ထိုးချင်လာ
တယ်။ရှက်ဖို့ကောင်းလိုက်တာ။
ရွယ်တူချင်းချင်း...ဘယ်လောက်ယောကျာ်းဆန်အောင်နေနေ...
သူ မလုပ်ဖူးတဲ့ အရာတစ်ချို့ကို လုပ်ပြနေတာ
တောင် သူ့မျက်လုံးထဲ ကျတော်က ကလေး
တစ်ယောက်လိုဖြစ်နေတုန်းလား??
သိက္ခာတွေ ကျလို့မဆုံးအောင်ကျနေတယ်။
မာန်တင်းချင်ပါသော်လည်း သိပ်နုလွန်းတဲ့ ဒီခန္ဓာ
ကိုယ် ခိုက်ခိုက်တုန်အောင်အေးလာပြန်၏။
တစ်ခွဲသားမှ မလျော့နိုင်သော မာနကို စောင်ပုံ
တွေထဲ ထိုးကာအပ်ပေမယ့် ဒီဇင်ဘာညအချို့
တွင် အနွေးဓာတ်မျှဝေပေးနိုင်ခဲ့သော ခန္ဓာကိုယ်
နွေးနွေးကို မတွေးစကောင်းတွေးနေမိပြန်၏။

ကျတော့်ဘေးနေရာအိခနဲ ဖြစ်သွားပြီးမကြာလိုက်
ကျတော့်တစ်ကိုယ်လုံးနွေးထွေးသွားရသည်။
အသက်ရှုသံတိုးတိုးသည် ကျတော့်ခန္ဓာကိုယ်
တွင်းမှ အအေးဓာတ်တို့ကို မောင်းထုတ်ပစ်နေ
သလို အေးစက်ခြင်းတို့ ထပ်မံနယ်မချဲ့စေရန်
ထွေးပွေ့ခြင်းဖြင့် သူ့လက်မောင်းတွေထဲ ကျတော့်
အားဝှက်ထားပေးသည်။
အိန္ဒြေိပျက်လောက်အောင်မေးရိုက်သည်အထိ
မချမ်းတော့သော်လည်း မာနတရားကို ဟားတိုက်
ခံရနေသလိုပဲ။
ခုအခြေအနေတွေက ကပြောင်းကပြန်ကြီးပဲ။
ဘယ်လောက်ခံပြင်းစရာကောင်းလိုက်လဲ??

"အားလည်းမရှိပဲ ရုန်းမနေနဲ့ ချန်း"

တိတ်ဆိတ်သော ညအလယ်ထဲအမိန့်မပီပေမယ့်
ခယ ခြင်းလည်းပါမနေ။
သူတို့ဘွဲ့နှင်းသဘင်မှာဆိုခဲ့ရသော သမားတော်
တွေစောင့်ထိန်းရမည့်ကျမ်းသစ္စာရယ်ကြောင့်လား
ဒါမှမဟုတ်...ကျတော်ဆက်မတွေးချင်တော့ဘူး
ကျတော်ဦးဏှောက်လည်းအလုပ်မလုပ်နိုင်တော့
ချေ။သူပြောသလိုကျတော်တကယ်ကိုအားကုန်နေပြီ
-
-
-
ဂလုံ ဆိုသည့် သတ္တုတစ်ခုထိခတ်ရိုက်သံနှင့်အတူ
နောက်ထပ် ချွန်ထက်သော အရာတစ်ခုကြမ်းပြင်
ပေါ် ပြုတ်ကျသံ။ဘာတွေဖြစ်နေတာလဲ??

စောင်ပုံထဲကျတော်တစ်ယောက်တည်း...
တစ်ညလုံးနွေးထွေးခဲ့သော နေရာသည်ခုတော့ အေးစက်စက်။ခေါင်းတွေကိုက်နေဆဲ။
လည်ချောင်းတစ်လျှောက်လည်းခြောက်သွေ့
အက်ကွဲနေသလို တံထွေးမျိုချလို့ပင်မရအောင်
်ဖြစ်နေသည်။

မီးဖိုချောင်ထဲကထွက်လာသောနွားနို့အိုးကပ်နံ့။
ကျောပေးရပ်ကာ ဓားတစ်ချောင်းကိုင်လျက် တုံဆိုင်းနေသော ဆရာဝန်ရှေ့တွင် အမွှေးနှုတ်ပြီသားကြက်ကောင်လုံးက စွံ့စွံ့ငွါးငွါးနဲ့လည်ဆန့်ကာ ပြောင်ပြနေသလိုပဲ။
နွားနို့ထည့်ကျိုထားပုံရသောမီးဖိုပေါ်က
အိုးသည်လည်း အငွေ့တထောင်းထောင်းကြား
အိုးသဏ္ဌန်ကွယ်နေသည်။

"ကျွတ် ဖယ်စမ်းကွာ"

Gasမီးဖိုခလုတ်ကိုပိတ်။မလိုင်ဘဝပြောင်းလုပြောင်းခင်ဖြစ်နေသော နို့အိုး
ကိုချ သူ့လက်ထဲကဓားကို လွှဲပြောင်းယူလိုက်နိုင်
တာကို ပင် နယ်မြေတစ်ခုသိမ်းလာသော စစ်သူ
ကြီးကို အားကျသမှုနဲ့မော်ကာကြည့်သော သာမန်အိုးစားဖက်စစ်သည်လေးလိုပုံစံနဲ့။
ဒါက ခဏတာပါ။
ပိုင်စိုးပိုင်နင်းနဲ့ နှဖူးပေါ်ရောက်လာသော လက်ကို ပုတ်ချလိုက်မိသည်။
ကျတေ်ာကသာ လူနာဖြစ်နေတာ။သူကတော့
ဘာမှမဖြစ်သလို...မဟုတ်ဘူး။မဖြစ်သလိုဟန်
ဆောင်နေတာ။

မပြောမဆိုလှည့်ထွက်သွားတော့ ခြေလှမ်းတွေက
သိပ်မမှန်ချင်။မနေ့က အဖြစ်အပျက်ကို ပြန်မြင်
မိတော့ဖြစ်လာသော စိတ်ကိုရှေ့က ဇီဝချုပ်ငြိမ်းနေသော ကြက်ပေါ်ကိုသာပုံကျ
လိုက်တော့သည်။

"ဟက်!!ကြက်ပေါင်းရည်တောင် လုပ်တိုက်အုံး
မယ်ပေါ့...ရွှဲ့နေတာ"

"ချန်း..."

ရှေ့ရောက်လာသော စာရွက်စာတမ်းအချို့။

"ငါ...ပရဟိတသွားမလုပ်ခင်က ဆေးစစ်ထား
တာတွေ။ပြီးခဲ့တဲ့ လကစစ်ထားတာ။"

"အဲ့တော့ပြောချင်တာက..."

"မနေ့ညက မင်းစိုးရိမ်နေတာတွေ မဖြစ်ဘူး
ဆိုတာကို သက်သေပြနေတာ။
မင်းဝန်မခံချင်ပေမယ့် မင်းကြောက်နေခဲ့တာပဲ
မလား??"

"ငါ မကြောက်ဘူး!"

တောက်!လည်ချောင်းတွေနာနေပါတယ်ဆိုမှ
အော်နေရတာ...
တစ်ယောက်နဲ့တစ်ယောက် ပေါက်ထွက်မတတ်
စိုက်ကြည့်နေမိသည်။ဘာကြောင့်မှန်းလဲမသိ။

"မင်းကို ငါ တာဝန်ယူပေးပါ့မယ် ပိုင်။မင်းလည်း
ကြောက်နေတယ်မလား?မင်း ကို ငါတာဝန်
မယူပဲ ထားခဲ့မှာကို..."

မီးဖိုချောင်ထဲ ခဏတာတိတ်ဆိတ်သွားပြီးမှ
ငပိုင့်ရယ်သံလှိုင်ကာလျှံကျလာသည်။

"ဟား ဟား။ဟား ဟား"

ရယ်စရာအကောင်းဆုံး ဟာသတစ်ခုလိုရယ်မော
နေတာ။လူက လမ်းတောင်ကောင်းကောင်းမ
လျှောက်နိုင်သေးပဲနဲ့ ကျတော့်စကားကို
သရော်စာတစ်ပုဒ်အားဖတ်လိုက်ရသလိုကိုရယ်နေ
တာ။ခွက်ဝင်နေတဲ့ ပါးချိုင့်တွေ တစ်သက်တာ
ခွက်ဝင်သွားအောင်ကို အဲ့မျက်နှာကိုပိတ်ထိုးပစ်
လိုက်ချင်သည်။

"တာဝန်မယူပဲ ပစ်ထားခဲ့မှာ ကြောက်နေရအောင်
ငါကမိန်းကလေးမှ မဟုတ်တာ...ဆေးတွေထား
ခဲ့တယ်ကြက်ပေါင်းရည်ရရင်အားပြည့်အောင်စား
ပြီးဆေးသောက်လိုက်"

အိမ်ထဲကျတော်တစ်ယောက်တည်း ကျန်ခဲ့ပြီ။
ငပိုင် အဲ့ဒါ ဘာအချိုးချိုးသွားတာလဲ??တစ်ည
လုံး ရေခဲဝတ်တင်ပေးလိုက်၊နှဖူးကို လာစမ်းလိုက်
ကျတော်အိပ်ပျော်နေသည် အထင်နဲ့ တစ်ကိုယ်
လုံးကို သိမ်းကျုံးဖက်ထားပေးလိုက်နဲ့လုပ်ခဲ့တဲ့
ဲ့ကောင်က ကျတော့်ကို လှောင်ရယ်သွားတာ။

မီးလင်းဖိုထဲ ပျိုးထားတဲ့ ထင်းရှုးတုံးတွေထဲ
တဖြောက်ဖြောက်တောက်နေတဲ့မီးတောက်တွေသည် ကျတော့်ရင်ထဲမှာပါ လာတောက်နေတာ။
တအုံနွေးနွေး။
-
-
-
"ဆရာဘာပြောလဲ?"

ဆေးရုံအုပ်ကြီးရုံးခန်းထဲက ထွက်လာသည်နှင့်
စက္ကန့်မခြားတန်းမေးခံရတော့၏။

"နားလည်ပေးတယ်တဲ့"

"OMG!!ဘိုးတော်ကလေ...အဲ့နားမှာ ဘုရား
မပွင့်သွားဘူးလား?"

"ဆရာက မင်းထင်သလောက်လည်း ရှေးရိုးမဆန်
ပါဘူးကွာ"

"မင်းတို့ ဘာဖြစ်သွားကြတာလဲကွာ?"

"အေးဆေးထိုင်လို့ရမယ့် ဆိုင်တစ်ဆိုင်လောက်
သွားရအောင်။ငါလည်း သိချင်တာတွေရှိတယ်"

နန္ဒဦးမော်အလိုက်သိစွာ ဘာမှဆက်မပြောတော့

"မင်းတို့နှစ်ယောက် ခြေနေဘယ်လိုနေလဲ?
မင်းဖက်ကတော့ ဂယက်မရိုက်ပေမယ့် ချန်းငြိမ်း
ဖက်ကတော့ သတင်းစာထဲတောင်ပါလာပြီနော်။
မင်္ဂလာပွဲဖျက်သိမ်းကြောင်းရော...သားအဖြစ်မှ
စွန့်လွှတ်ခြင်းရော တစ်နေ့ထဲပါလာတာ"

သက်ပြင်းသာချမိသည်။ဘယ်ကဘယ်လိုစရှင်း
ရမှန်းလဲမသိ။တချန်းနဲ့ကျတော့်အခြေအနေက
လည်း ခုမနက်မိုးလင်းတည်းက မကောင်းခဲ့တာ။

"မသိတော့ပါဘူးကွာ"

"မင်းတို့ အဲ့နေ့ညက ဘာဖြစ်ကြတာလဲ?မင်္ဂလာ
ဆောင်ဖို့သုံးရက်လောက်ပဲလိုတော့တဲ့ကောင်က
မပြောမဆိုနဲ့ ပြင်ဦးလွင်ထိ ပေါက်ချလာပြီး...
အပျင်းတွေကိုင်တာ။နှစ်ကောင်လုံး မြင်းလှည်း
ပေါ်ကနေတောင် ဆွဲချရတယ်"

"ငါလည်း မူးနေတာ။ခုဖြစ်သွားတာတွေတစ်ခုမှ
လည်း ငါမမှတ်မိဘူး။မင်းရော သိလား?အဲ့ဒါ
ဘယ်သူ့လက်ချက်ဆိုတာ?"

"ဘယ်သိမလဲကွ?မင်းတို့ တင်မှ သိတာ။
နောက်ဘာဖြစ်ကြသေးလဲ?တကယ် ဘာမှတော့
မ-ဖြစ်-ဘူး-မ-လား??"

မိုင်းတက်နင်းမိထားသကဲ့သို့ သတိကြီးကြီးထား
ကာ တစ်လုံးချင်းမေးနေပေမယ့်...မေးခံရသူကျတော့်အတွက်ကတော့စနပ်တံဖြုတ်
ပြီးသားလက်ပစ်ဗုံးကိုလှမ်းပစ်ပေးခံလိုက်ရတာနဲ့
မထူးခြားနား။

လိမ်လို့မရမှန်းလည်းသိတယ်။ဟန်မဆောင်တတ်
တဲ့ အကျင့်ဆိုးသည် ရှက်စိတ်နဲ့သွေးသောက်ဖွဲ့
လိုက်တော့ ကျတော့်မျက်နှာပါသွေးရောင်လွှမ်း
သွားပုံရသည်။

"Oh_My_God!တကယ်ကြီးဖြစ်ခဲ့ကြ...မင်း
က...စခဲ့တာလား??ခု ချန်းငြိမ်းဘယ်လိုနေ?"

အသံတိတ်ကျန်ဆဲလိုက်မိတာက စမှားတာဟု
ပြောရမည်။မျက်လုံးပြူးထွက်သွားကာ ချက်ချင်း
အနားရောက်ကာ နားနားတိုးကပ်လာရင်း

"ဒါမှမဟုတ်...မင်း bottom
ထိုင်လိုက်ရတာလား?"

သူ Fbပေါ်တွင်နည်းမျိုးစုံနဲ့supportခဲ့ရသော Program Myanmar Idolမှစကားလုံးကို ယူသုံးကာမေးလာသည်။
ကျတော်အဖြေမဲ့နေပုံကို ကြည့်ပြီး တအံ့တသြ
ဖြစ်နေသွားဟန်ကသူvotingအသေအကြေပေးခဲ့ရတဲ့ Idolကောင်မလေး ဆုလွှဲခဲ့စဉ်ကထက် ပို၍ယုရုံးမရဖြစ်သွားပုံပင်။
မတတ်နိုင်။ဒီ့ကောင့်ဗိုက်ထဲက ပုဏ္ဏားကိုသာ
ဝစီပိတ်တရားစခန်းပို့ပေးထားချင်မိတော့၏။

"ပိုင်သုတရာ~~မင်းက အဲ့လိုဖြစ်သွားရမယ့်လူမှ
မဟုတ်တာကွ။မင်းနဲ့ချန်းငြိမ်းဆိုရင် ဖြစ်သင့်တာ
က ချန်းငြိမ်းမဟုတ်ဘူးလား??"

"မိန်းမတစ်ယောက်ကို ချစ်မိသွားတာနဲ့တော့
ဘယ်တူပါ့မလဲ နန္ဒရာ။ယောကျာ်းတစ်ယောက်ကို
ချစ်မိသွားရင် သူယောကျာ်းဆိုတဲ့ အချက်ကို
မေ့ပစ်ထားလို့မရဘူး။အဲ့နောက်မှာ ပါလာတဲ့
သူ့သဘာဝတရားကိုလည်း မေ့ထားပြီးကိုယ်က
အမြဲအထက်စီးကနေမယ်လို့စိတ်ကူးထားလို့မရဘူး။ချစ်ခဲ့မိတာ ယောကျာ်းလေ မိန်းမမှမဟုတ်
တာ"

"ဒါဆို ငါပြောင်းမေးရတော့မယ်။ဆေးကော
သောက်ထားလား??ခု မင်း အဆင်ပြေလား?""

"ဆက်မေးရင် မင်းကို ငါထသတ်ရလိမ့်မယ်။
ထတော့။ချန်း...အိမ်မှာတစ်ယောက်တည်း ကျန်ခဲ့တာ။နေလည်းမကောင်းသေးဘူး။တစ်ည
လုံးအဖျားမကျလို့..."

"မင်းတို့ ဟာက ဘယ်လိုကြီးတုန်း??"

ပွင့်နေသော ပါးစပ်ထဲ မျက်လုံးပြုတ်ကျသွားမ
ယောင်ယောင်ပြူးကျယ်ကာ ဆွံ့အနေသူကို
နောက်ကျန်ထားခဲ့ကာ ဆိုင်ထဲမှ အမြန်ထွက်လာ
ရသည်။
ဖြစ်နိုင်ရင်ကျတော်ဒီနေရာမှာသာ အရည်ပျော်
သွားချင်တာ။

>>>>>EX-pect<<<<<

မီးလင်းဖိုရှေ့ထိုင်ကာ ကျတော်အလာကို စာအုပ်
ဖတ်ရင်းထိုင်စောင့်နေသည်။
ခုံအောက်တွင်တွင်ခရီးဆောင်အိတ်ကအဆင်သင့်
ခုချက်ချင်းခရီးထွက်တော့မည့်ပုံစံနဲ့။ အိမ်အပြန်လာကိုစောင့်ကြိုပုံကတစ်နေ့တစ်မျိုး
ရိုးမသွားစေရအောင် Planဆွဲထားလေသလားပဲ

"ဘယ်သွားမလို့လဲ ချန်း?"

"မင်းနဲ့ဆက်နေစရာအကြောင်းမှ မရှိတာ"

"ဘာ!"

"ဘာ ကို ဘာ လဲ?မင်းပဲ မနက်ကပြောတယ်လေ
တာဝန်ယူပေးစရာမလိုဘူးဆိုပြီး။အဲ့တော့ မင်းလမ်းမင်းလျှောက် ငါ့လမ်းငါလျှောက်မယ်"

"မင်းဒီအိမ်ထဲက ထွက်သွားတာနဲ့ မင်းကိုကြည့်
တဲ့ မျက်လုံးတွေဒဏ်မင်းခံနိုင်လို့လားချန်း?"

"အဲ့ဒါ မင်းကြောင့်!!မင်းကြောင့်ဖြစ်လာတာတွေ
ွလေ ပိုင်သုတ!!"

"ငါမမှတ်မိတဲ့ ကိစ္စတစ်ခုကို ငါမလုပ်ခဲ့ဘူးလို့
အပြတ်မငြင်းဘူး။ဒါပေမယ့် တစ်ခုက မင်း
အခု ဘယ်မှ သွားလို့မရဘူး။မင်း ငါနဲ့ပဲနေရမယ်"

"မင်းနဲ့ ငါ ဘာဆိုင်လို့ မင်းနဲ့အတူနေရမှာလဲ?

"မင်းမနေ့ညကငါ့ကိုဘာလုပ်ခဲ့လဲ?မင်းဒီအိမ်ကနေဘယ်မှမသွားရဘူး။အိမ်ကနေထွက်ပြေးတာနဲ့
မင်းကို ငါ ပုဒ်မ ၃၇၇နဲ့တရားစွဲမယ်။မင်းသိတယ်
မလား အဲ့ဒါ ဘာအမှုလဲဆိုတာ"

မျက်မှန်ပေါ်မှာ မီးလင်းဖိုကမီးတောက်ရောင်က
အရိပ်ထင်နေသည်။မီတောက်အရိပ်တွေကြားမှ
မျက်လုံးတို့တွင် ဝမ်းနည်းခြင်းလည်းရှိမနေ။
ကျတေ်ာ့စကားကို ထိတ်လန့်သွားတာလားဆို
တော့လည်းမဟုတ်။စိမ်ခေါ်နေတာလားဆိုသည့်
ပုံစံနဲ့ အပေါ်နှုတ်ခမ်းတွန့်ကွေးသွားရုံပြုံး၏။

"မင်း နဲ့ ငါ Publicပေါ်မှာ နာမည်ကြီးသွားတဲ့
ကိစ္စ ဘယ်သူလုပ်ခဲ့တာလဲဆိုတာ မသိမချင်း
မင်း ဒီအိမ်ကနေ ထွက်သွားလို့မရဘူး။ငါနဲ့အတူတူနေပြီး ဒီပြဿနာကို အဖြေရှာရမယ်
အဖြေမပေါ်ခင်မင်းထွက်သွားတာနဲ့မင်းကိုငါ
တရားစွဲမယ်"

"ဟက်!အဖြေပေါ်လာရင်ကော မင်းထောင်ထဲ
ဝင်မလား?ငပိုင်"

"မင်းဖက်က သေချာတယ်ဆိုရင်တော့ ငါ့ပြန်
တရားစွဲပေါ့"

မနက်ကကဲ့သို့ တစ်ယောက်နဲ့တစ်ယောက်စူး
စိုက်ကြည့်မိပြန်သည်။
ဝိုင်းစက်စက်မျက်ဝန်းဝိုင်းတို့ကို လောဘတက်
နေမိသည့် ကျတော်ကသာ မျက်လွှာအရင်ချကာ
အရှုံးပေးလိုက်ရတာ။

သူကတော့ အောင်နိုင်သူပမာ ချထားသော လက်ဆွဲအိတ်ကို ကောက်မကာအခန်းတွင်း
ဝင်သွားသည်။

အဆီအငေါ်မတည့်သေးတာက မတည့်သေးပေ
မယ့် စိုးရိမ်စိတ်နဲ့ မနေနိုင်မထိုင်နိုင်စွာ

"မင်း သက်သာသွားပြီလား"ဟူ၍ အခန်းထဲထိ
လိုက်မေးမိသေးတယ်။

"မင်းအပူမပါဘူး။ခပ်ကင်းကင်းနေ။"

ကြက်ကောင်လုံးအစပျောက်နေပြီဆိုတာ ရိပ်မိ
နေပြီမို့ စာဖတ်ခန်းထဲသာ ဝင်ပြီး Lockချ
ထားလိုက်မိသည်။

"ဟုတ်တယ်။ခပ်ကင်းကင်းနေ။စိတ်ပေါင်းလူ
ခွာထား ပိုင်သုတ"

Thank You All

About Storyမှာပြောတဲ့စိမ်ခေါ်မှုတွေဆိုတာ
ဒါတွေပါပဲ။
Be Enjoy
၉နာရီမှ အလုပ်အားလုံးပြီးလို့ အမြန်typeထား
ရတာပါ။စာလုံးပေါင်း typingမှားရင် တောင်း
ပန်ပါတယ်နော်။နက်ဖြန်မှ ပြန်ပြင်ပေးပါတော့မယ်



Bạn đang đọc truyện trên: ZingTruyen.Xyz