ရုပ်ဆိုးတဲ့နှင်းဆီ (Completed)
19
"တစ် .. နှစ်.. သုံး ..လေး.."
ခပ်တိုးတိုးရေရွတ်နေတဲ့ အသံကြောင့် အိပ်ပျော်နေပြီဖြစ်တဲ့မျက်လုံးတွေက ဖျတ်ခနဲပွင့်လာ၏။
ဆိုင်းသံဗုံသံ တညံညံကြောင့် လူက အိပ်တဝက်နိုးတဝက်နဲ့ ကောင်းကောင်းအိပ်မပျော်ခဲ့သည်ကြောင့်လည်းပါမည်။
" နိုးသွားတာလား "
" အင်း"
အိပ်ချင်မနေတော့သည်ကြောင့် သူငုတ်တုတ်ထထိုင်လိုက်သည်။ သောင်းဆင့်က ဘယ်အချိန်ကတည်းက
ပြန်ရောက်နေတာလဲ သူမသိပေ။ သူ့အဖေပြန်ရောက်နေတာကြောင့် ညဦးကတည်းက အပြေးအလွှားသွားတွေ့သေးသည်။ ထိုအချိန်က ရှစ်နာရီမထိုးသေး။
လိုက်ခဲ့လို့ ခေါ်ပေမဲ့ သူစကားပြောရမှာ တမျိုးကြီးမို့ မလိုက်သွားဖြစ်။ စောင့်ရင်းစောင့်ရင်းနဲ့ပင် အိပ်ပျော်သွားကာ ဘယ်အချိန်ပြန်လာလိုက်သလဲပင်မသိလိုက်တော့တာပင်။
" အဲ့ပိုက်ဆံတွေက ဘယ်ကရလာတာလဲ"
တစ်ရွက်ချင်းရေတွက်နေတဲ့ ပိုက်ဆံတွေသည် မျက်စိရှေ့မှာ အများသား။
သောင်းဆင့်သည် ပိုက်ဆံအား နှစ်ပုံ ပုံ၍နေပြီး
များသော ပိုက်ဆံပုံအား ဘွဲ့ဆူးရှေ့တိုးပေး၏။ ဘယ်တော့မှ ငွေရှာတဲ့အလုပ်ကိုမလုပ်တဲ့ သောင်းဆင့်ဆီမှာ ငွေမြင်တော့ မမေးပဲတော့မနေနိုင်။
တော်ကြာ ဟိုတစ်ခါကလို ဖအေဆီက ခိုးလာရင်ဘယ်နှယ့်လုပ်မလဲ။ သိသွားရင် ဖြစ်လိုက်တဲ့ပြဿနာကရပ် ကျော်ရွာကျော်။ အကြီးဖြစ်ပြီးအဆုံးအမမတက်ဘူးဆိုပြီး အပြောအဆိုကခံရအုံးမယ်။
" ဒါက နှင်းဆီဘွဲ့ဆူး သုံးဖို့ ၊ ဒါကတော့ သောင်းဆင့် ငွေရှာဖို့ "
" မင်းအဖေဆန်စက်က ခုတလော ပိတ်ထားတာမို့လား။
ယူစရာ ဘာမှမကျန်တော့ဘူး။ မင်းဒီပိုက်ဆံတွေဘယ်ကရတာလဲ "
ကိုယ့်ရှေ့မှာရောက်နေတဲ့ ငွေတွေကို ခဏသာ ငုံ့ကြည့်ပြီး သောင်းဆင့်အား သေချာအကဲခတ်
ကြည့်မိသည်။ ဒါကို သောင်းဆင့်က သိသည်မို့
ယောင်ဝါးဝါးရယ်ပြရင်း ပြောလာသည်။
" ဟိုတစ်ခါ ဆန်အိတ်ခိုးရောင်းလို့ရတဲ့ပိုက်ဆံတွေ လေ၊ မသုံးပဲ အဖေပြန်သိမ်းမှာစိုးလို့ဖွက်ထားတာ ၊ခုမှထုတ်ကြည့်တာ။
အားလုံးပေါင်း ခုနှစ်သိန်းကျော်။ "
"ဘာလုပ်ဖို့လဲ ၊ ပိုင်ရှင်ကိုပြန်ပေးလိုက်လေ "
ခါးခါးသီးသီးခေါင်းရမ်းပြလာရင်း
" မပေးနိုင်ပါဘူး။ ကျုပ်ယူလို့ အပြစ်ပေးခံရပြီးပြီး ၊ဘယ်သူ ပြောပြော ဒါကျုပ်ပိုက်ဆံဖြစ်သွားပြီပဲ။ ခင်ဗျားလည်း ပြန်ပေးစရာမလိုဘူး ၊ဟိုက ခင်ဗျားကို သမက်ဆိုပြီး ချစ်တာလည်းမဟုတ်၊ မေတ္တာလည်းရှိတာမဟုတ်၊ သုံးစရာ ရှိတာသုံးစမ်းပါ ။ နောက်လည်း လိုရင်သွားခိုးရအုံးမှာပဲ ခုကတည်းက အံ့ဝင်ခွင်ကျ ဖြစ်အောင် ကြိုးစားထား"
" ငါနဲ့အတူနေရင် ခုလို ခိုးယူတာမျိုး မင်းလုပ်လို့မရဘူး ၊ ဒီတစ်ခါတော့ရှိစေတော့ ၊ နောက်ယူမယ်ဆိုရင် မင်းနဲ့ ကိုယ်နဲ့ အပြတ်ပဲနော်။ "
" ချစ်တောင် မချစ်ရသေးဘူး။ ဘာပြတ်တာလဲ။
ခင်ဗျား တော်တော် တာဝန်ယူမူ့မရှိတာပဲ"
ဆူပုတ်စွာပြော၍ ပိုက်ဆံတွေအား ခါးပုံစထဲ ပြောင်းထည့်၏။ ထို့နောက် သောင်းဆင့် ထိုင်နေတဲ့ ဘွဲ့ဆူးသည် လက်ကမ်းပေးပြီး
" ကဲကဲ ထားတော့ ၊ဒီနေ့ ပွဲဈေးပတ်မယ် ခင်ဗျားကြိုက်တာစား ၊ ဒီမောင် ရှင်းပေးမယ်"
" တည်တည်ကြည်ကြည်ပြောစမ်းပါ၊ တစ်နေ့တစ်မျိုး အဲ့ပါးစပ်ကထွက်လာသမျှ ဘယ်တော့မှမထပ်ဘူး "
ဘွဲ့ဆူးမျက်စောင်းရွယ်တော့ သောင်းဆင့်က ရယ်၏
ထို့နောက်ဘွဲ့ဆူးမေးဖျားအား လက်နဲ့ ညှစ်ကာ
စသည်။
" တစ်မျိုးထဲဆို ခင်ဗျားရိုးသွားမှာစိုးလို့ပါကိုကြီးဘွဲ့ဆူးရ ၊ အမျိုးမျိုး ပြောင်း ခေါ်တော့ တစ်မျိုးမျိုးနဲ့ ရင်ခုန်သွားနိုင်တာပဲမို့လား "
" အံ့ဩစရာ "
" ချစ်စရာကြီးပါ "
" တော်ပါကွာ ၊ ပလီပလာတွေ မပြောပါနဲ့တော့။
ရင်မခုန်ပဲ ရွံသွားမှ မင်းဒုက္ခရောက်မယ် "
ဘွဲ့ဆူးစကားကို သောင်းဆင့်စိတ်မဆိုးပဲ
" ကိုကြီးဘွဲ့ဆူးနော်" ဟု ခပ်ချွဲချွဲအော်လာသည်။
ကြက်သီးတဖြန်းဖြန်းထသွားသည်မို့ ကိုင်ထားတဲ့ သောင်းဆင့်လက်အားရိုက်ပုတ်ကာ ခပ်ဝေးဝေးကို တွန့်လိမ်ကာပြေး၏။
" အား အား ရွံစရာကြီးကွာ"
________
လမ်းမီးတိုင်များအလင်းဖြင့် ချောင်းကမ်းရွာက
သန်းခေါင်ကျော်သည့်တိုင် အသက်ဝင်နေဆဲဖြစ်၏။
နှစ်ယောက်သား ခပ်မြန်မြန်လျှောက်လာရင်း
သောင်းဆင့်က
" နှင်းဆီဘွဲ့ဆူးလေး ကျုပ်ကို လက်ကလေးဖြစ်ဖြစ် ပေးကိုင်လို့မရဘူးလားဗျ "
ကြည့် သောင်းဆင့် လုပ်လာပြန်ပြီ။
အတူရွာဦးထိပ် ပွဲခင်းကို သွားနေရာမှ လမ်းဘေးကို ဆက်မသွားပဲ ရပ်ကာ ပြဿနာရှာနေပြန်သည်။
" ဟ စောစောက မှအကောင်းကြီးရှိသေးတယ်။ ဘာဖြစ်ပြန်တာလဲ "
" ဘာဖြစ်ရမှာလဲ ၊ ယူပြီးကတည်းက ဘယ်နှစ်လရှိပြီလဲ။ ခင်ဗျားကို ကျုပ်ဘာလုပ်ရ သေးလို့လဲ"
" မင်းက ဘာလုပ်ချင်သေးတာလဲ"
အချက်ချက်ကျကျမေးလိုက်တော့ မျက်မှောင်ကုတ်ထားရာမှ စပ်ဖြဲဖြဲဖြစ်သွားကာ ဆတ်ခနဲ လက်ကို ဆွဲကာ အကြမ်းပတမ်း နမ်း၍
" ဒါမျိုး လုပ်ချင်တာပါ" ဟု အနှောင့်အသွားမလုပ်ပြော၏။
" ဟီးဟီး နှင်းဆီဘွဲ့ဆူး ဘာလုပ်စေချင်နေတာလဲ ၊တကယ် သောင်းဆင့်နားမလည်တော့ပါဘူး။ ဒီက ဖြူစင်ရိုးသားတဲ့ကောင်လေးပါနော်၊ ဖြစ်ချင်တာကို
ထိန်ချန်ထားလို့တော့မရဘူး၊ ပွင့်ပွင့်လင်းလင်း
ပြောမှ အဆင်ပြေမှာ "
"အောင်မာ အောင်မာ ၊ လူမိုက်ရုပ်နဲ့ကောင်က
လူပါးဝလို့၊ ဖယ်စမ်းလက်ကို လွှတ်လိုက် "
" ဟားဟား ၊ စတာပါဗျ၊ တကယ်စိတ်ဆိုးတာလား၊မျက်နှာကြီးကို ရဲလို့ "
" မစနဲ့ "
သောင်းဆင့်က ပြုံးကာ ဘွဲ့ဆူးအားအတော်ကြာစကားမပြောပဲ ငေးကြည့်သည်။
လမ်းမီးတိုင်အောက်မှာ ပိုးဖလံလေးတွေက တဖျတ်ဖျတ် ပျံပြေးနေပြီး တကျီကျီမြည်နေသောအသံစုံကလည်း သောင်းဆင့်၏ ရင်ခုန်သံကိုမဖျက်စီးနိုင်။
တရေးနိုးထိ ခန့်ညားဆဲသူ့အမျိုးသား။
ဘာနဲ့မှသူမလဲနိုင်။
ရွှေမပေးနိုင်ငွေမပေးနိုင်သေးပေမဲ့ ဒါလေးကို
မေတ္တာအကုန်ပေးထားပြီးသား။
ချစ်လိုက်တာဆိုမှ တကယ် ဘာနဲ့နှိုင်းရမှန်းမသိအောင်။ ရင်ဘတ်ထဲမှာ ထည့်လို့ဆန့်ရင် သောင်းဆင့်က အပြီးတိုင်ထည့်ထားချင်တာ။
ကြည့်ပါအုံး။ မျက်နှာလေးရဲနေတာ ဒေါသကြောင့်လား၊ ရင်ခုန်သံကြောင့်လား။
အဆင့်တိုးချင်ပြီ နှင်းဆီဘွဲ့ဆူးရယ်။
ပွေ့ကြမယ်၊ဖက်ကြမယ်၊နမ်းကြမယ်။
သောင်းဆင့် ရူးရူးမိုက်မိုက် အဲ့လိုတွေ လုပ်ချင်နေပြီဗျ။
အဝါဖျော့ရောင် တီရှပ်ဗြောင်ကို ပုဆိုးထဲ တိတိပပအစွန်းမထွက်အောင်ဝတ်ထားတဲ့ပုံလေးက
ရွာထဲမှာ အသန့်ပြန့်ဆုံးဝတ်စားမူ့ဆိုပေမဲ့
ဒါနှင်းဆီဘွဲ့ဆူးရဲ့ ညအိပ်ဝတ်ထားတဲ့အဝတ်အစားပဲရှိသေးတယ်။ ဘာမှထူးမဝတ်လည်း သူချစ်တဲ့
ယောကျာ်းက သီးသန့် အရောင်အဝါထွက်နေတဲ့
မျိုးကောင်းမျိုးသန့်လေး။
လက်ဖျားရှည်ရှည်အထက်က သွေးကြောလေးတွေဆို သောင်းဆင့်မှာ ချစ်လွန်းလို့ကိုက်ဖောက်သောက်ချင်တာ ။
နီထွေးတဲ့ နှုတ်ခမ်းလေးတွေ ၊ ရှည်ပြီးသန့်ရှင်းနေတဲ့ လည်ပင်းတွေ ၊ အာ တကယ်ပြောတာ
သောင်းဆင့် လက်ကလေးနဲ့ဖြစ်ဖြစ်ထိချင်မိသား။
" ဟေး သောင်းဆင့် ၊ ဘယ်ချိန်ထိ ရပ်နေမှာလဲ"
ဖျတ်ခနဲ အသိစိတ်ကို နှိုးခံရပြီးမှ သောင်းဆင့် ထိုနေရာမှအတော်ကြာရပ်နေမိမှန်းသိလိုက်ရသည်။
မသိပါဘူး။ လောကကြီးထဲမှာ သူ့ရယ် သူ့ကိုကြီးရယ်ပဲ ရှိနေတာလားလို့ပါ။
" သောင်းဆင့် ကိုကြီးဘွဲ့ဆူး ကို ဘယ်နေရာကနေ စထိရင် ကောင်းမလဲ စဉ်းစားလွန်သွားလို့ပါ "
" ဘာပြောတယ် "
နဂိုကတည်းကမှ စားမတက်ဝါးမတက်ကြည့်နေတဲ့ မျက်လုံးကြီးကြောင့် ဒေါသထွက်နေပါတယ်ဆိုမှ ။
အော်သံကြောင့်သောင်းဆင့်တုန်ခနဲ ဖြစ်သွားပြီးမှ ဟီးခနဲ ရယ်ပြကာ လက်ကို ဆွဲကာ ရင်ဘတ်ထဲကိုပွေ့လိုက်သည်။
" ညီလေး မပြောတော့ဘူး။ ကိုကြီးဘွဲ့ဆူး စိတ်မဆိုးနဲ့။ သွားမယ် သွားကြမယ် "
ဖြတ်သွားသူ တစ်ယောက်စ နှစ်ယောက်စလည်းရှိနေသေးသည်မို့ ရန်ဆက်မဖြစ်ပဲ ဘွဲ့ဆူး နှုတ်ဆိတ်လိုက်ရသည်။
ပွဲဈေးဆိုတာ မရောက်ခင်အထိ ဈေးဆိုင်တန်းတွေအားလှမ်းမြင်ရပြီဖြစ်သည်။
ရှည်လျားတဲ့ဈေးတန်းရှည်ကြီးမှာ ဆိုင်တိုင်းနီးပါး လူအပြည့်ပင်။
" နှင်းဆီဘွဲ့ဆူး ဘာစားချင်လဲဗျ "
" တော်ပြီ ၊ ကိုယ်ညစာသိပ်မစားတက်ဘူး "
" ဗိုက်မဆာဘူးလား "
" မင်းဆာရင် တစ်ခုခုဝင်စားလေ ။ ဘာစားချင်လို့လဲ "
ကြာကြာစိတ်မကောက်တက်တဲ့ နှင်းဆီဘွဲ့ဆူးဆီမှ အကြင်နာသံလေးကြောင့် သောင်းဆင့် ဆာနေတဲ့ဗိုက်တောင်မှ မဆာတော့သလို။
" အပြန်မှစားမယ်။ ဟိုးမယ် လေးကောင်ဂျင်ဝိုင်း ၊ လာ စပ်စုရအောင် "
လောင်းကစားဝိုင်းတွေခွင့်ပြုထားတယ်ကြားပေမဲ့ အမြင်မနီးစပ်တဲ့သူမို့ ပွဲဈေးစကတည်းက သူသွားမကြည့်ဖြစ်။ သောင်းဆင့်ကတော့ပွဲဈေးတန်းရောက်ဖြစ်ပုံပင်။
ဆွဲခေါ်သွားတဲ့နေရာမှာ လူတိုင်းဝိုင်းကာ အော်ဟစ်နေကြ၏။
ရှမ်းကိုးမီး၊ လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင် ၊
သုံးဆယ်ခြောက်ကောင် ။ အစုံပဲ မို့ လူတိုင်း မသိမသာ တွေ့ဝှေ့ကြည့်နေကြသည်။ တချို့က ငွေတစ်ထောင်နှစ်ထောင်ကိုင်ကာ ထိုးကြသည်။ တချို့က အုပ်လိုက်ထိုးနေကြသူများလည်းရှိသည်။
ထိုသူများက မျက်နှာစိမ်းများဖြစ်ပြီး အသွင်အပြင်မှာ မြို့ပေါ်ကလာတဲ့သူတွေ ဖြစ်ဖို့များ၏။
ရှမ်းကိုးမီးကတော့ ဖဲဝိုင်းဖြစ်သည်။
ဒိုင်အပါဝင် ကစားသူ ဆယ်ယောက်ရှိသည်။
တစ်၊နှစ်၊သုံး၊လေး ဟုကစားသူများရှေ့တွင် ကိုးထိစာရေးထားပြီ ထိုရှေ့မှာတင် ဆ ဟူ၍ ထပ်ပေါင်းရေးထားသေးသည်။
ထိုကစားနည်းတွင် ဖဲချပ်နဲ့ ကစားရတာမို့ နားလည်ဖို့ လွယ်ကူသည်။
သောင်းဆင့်သည်ထိုဝိုင်းတွင်မရပ်ပေ။
တိုးတိုးပြောသေးသည်။
" ရှမ်းကိုးမီးကို ဘယ်တော့မှမဆော့နဲ့ ဖဲတွေမှာ မှတ်ထားတယ် "
ထပ်မံ၍ လျှောက်ကြည့်တော့ နောက်တစ်နေရာသည်
ခြောက်ကောင်ဂျင်ဝိုင်းဖြစ်နေသည်။
ထိုနေရာမှာ အကောင်ခြောက်ကောင်ပါသော ဇယားရှိသည်။
အံစာသီးကဲ့သို့ ကြီးမားသော အသီးကို တန်းပေါ်တင်ကာ ကြိုးဖြင့် ဆွဲချရတဲ့ ကစားနည်းဖြစ်ကာ ထိုအံစားသီးတို့၏မျက်နှာသာတွင် အကောင်လေးတွေကို
ပုံကပ်ထား၏။
ထိုကစားနည်းကိုတော့ ကလုံးကလုံးဟုနောက်တစ်နည်းခေါ်သေးသည်။
ဆွဲချတဲ့ အံစာသီးတွင် ငါးကျ၍ ငါးထိုးထားပါက
ကစားသူအနိုင်ရသည်။ ဇယားပေါ်တွင် ပုဇွန် ၊ ငါးလိပ် ကြက်၊ ကျား၊ဆင် ဟူသည့် အကောင်ခြောက်ကောင်ရှိကာ အံစာသီးသုံးလုံးကို ကြိုးတင်ကာ ထိုဇယားပေါ်မှာ မိမိထိုးထားသော အကောင်ကျအောင်ဆွဲချရတာမျိုးဖြစ်သည်။
ကစားသူများသည် မိမိတို့ အကောင်ကျအောင် အော်ဟစ်ကာ အားပေးကြသလို
အလျော်အစားလုပ်ပေးတဲ့ မိန်းကလေးများနှင့် ဒိုင်များကလည်း ထိုးသားများမထိုးတဲ့အကောင်ကျအောင် အော်ဟစ်ကျသည်။ အတော်လေးစည်ကားတဲ့ကစားနည်းဖြစ်သည်။
ထိုကစားနည်းကိုလည်း သောင်းဆင့်ကခဏသာကြည့်သည်။
နောက်တစ်နေရာတွင် လူအများဝိုင်းအုံနေပြီး ထိုဝိုင်းသည် ငွေအင်အားအများဆုံးဝိုင်းဆိုလည်းမမှား။
သောင်းဆင့်သည် ထိုနေရာမှာ ရပ်တန့်သွားသည်။
မီးထိန်ထိန်လင်းနေသော နေရာတွင် လူအုပ်ကြီးရှိနေသည် ။ အလယ်မှာ ဇယားတစ်ခုခင်းထားသည်။
အကောင် လေးကောင်သာ ရှိသော လေးကောင်ဂျင်ဇယားဖြစ်သည်။
ထိုဝိုင်းကို ဂျင် ကစားနည်းဟုခေါ်သည်။
ဇယားတွင် ပါသော အကောင်မှာ ဝက်၊ ဖား၊ ကြက် ၊ငါးရှဉ့် (ရှော သို့မဟုတ် ရွှေတွားကောင်ဟုလည်းခေါ်သေးသည်) ။
ဇယား၏ အနောက်တွင် အလျော်အစားလုပ်ပေးတဲ့ ယောကျာ်းသား ငါးယောက်ရှိသည်။ အလယ်တွင်
ကြွေသီးလှည့်သော ဒိုင်ရှိသည်။
ထူးဆန်းသည်က ထိုအသီးကို ယွန်းအုပ်ဖြင့် အုပ်ကာ
အသီးခန့်မှန်းရတာဖြစ်သည်။
အကောင်ကို အော ရင် သုံးဆရတာဖြစ်ပြီး
ရံရင် နှစ်ဆရ၏။
ဥပမာ ဖားကို တစ်ထောင်ထိုးမည်ဆိုပါစို့ ။
တစ်ကောင်ထဲထိုးရင် သုံးထောင်ရလိမ့်မည်။
ဖားကို ဘေးမှာရှိတဲ့ဇယားထဲက ဝက် ၊ ကြက်၊ ရှော တစ်ကောင်ကောင်ဖြင့် ကပ်ထိုးရင် နှစ်ထောင်ပဲ ရမှာဖြစ်သည်။ အကယ်၍
ထိုးသည့်အကောင်မပေါက်ပဲ ကိုရံထားတဲ့ အကောင်ကျမည်ဆိုလျှင် ထိုငွေကို ဒိုင်စားမခံရပေ။
ထို့ကြောင့် ထိုကစားနည်းက ထိုးပျော်သော ကစားနည်းဖြစ်၏။
ဒိုင်သည် သိန်းနှစ်ရာအထက် မနည်းသော ငွေအထပ်လိုက်ချပြထားသည် ။
ထိုကစားနည်းသည် ထိုးသားများအပေါ် ဆွဲဆောင်နိုင်သော ကစားနည်းဖြစ်တာကြောင့်
မြို့ပေါ်မှ အရောက်လာကစားသူများရှိနေခြင်းဖြစ်သည်။
ထိုကစားသူများကို လက်ကြီးကစားသူဟုခေါ်သည်။
အကြောင်းမှာ ထိုသူများ၏ရှေ့တွင်လည်း
ငွေအထပ်လိုက်ရှိ၍ဖြစ်သည်။
လေးရွာသားတို့အနီးသိပ်မကပ်နိုင်သော ကစားဝိုင်းဟုခေါ်မည်လား။
ထိုးသားများရှိသော်လည်း တစ်ထောင်နှစ်ထောင်သာ ထိုးကြသည်။
အများစုမှာ ကြည့်ရှူ့သူများနှင့် လက်သေးသမားများသာ ရှိနေပြီး ဒိုင်နှင့်အကြိတ်အနှယ်ဖိုက်နေသူမှာ
ထိုင်ထိုးနေကြသော လူ သုံးယောက်သာ ရှိ၏။
ဒိုင်သည် ယွန်းအုပ်ကို တဖြည်းဖြည်းချင်းဖယ်ပြသည်။ ကျလာသော အကောင်မှာ ဝက်ဖြစ်နေသည်။
" ဝက်တိုး"
" ဟေး ၊ အဲ့ဒါ ဖေ့သားကွ !"
နိုင်တဲ့ထိုးသားများက အော်ဟစ်ကျသည်။
အများဆုံးထိုးထားတဲ့ ပိုက်ဆံအုပ်သည် ဝက်မှာထိုးထားတဲ့ပိုက်ဆံဖြစ်သည်။
ထိုးငွေသည် ငါးသိန်းဖြစ်သည်မို့
ဒိုင်လျှော်ရသည်မှာ ဆယ့်ငါးသိန်းဖြစ်၏။
သောင်းဆင့်သည် ဘေးမှာ ပြထားသော အကောင်ဇယား အသေးကို ကြည့်သည် ။ ထိုမှာ ချိတ်ထားတဲ့ အကောင်များသည် ဒိုင် လှည့်တဲ့ ကြွေသီးကျရာ အကောင်များကို သီးသန့်ပြထားတာဖြစ်သည်။
နောက်တကြိမ်ဖွင့်တော့ ကြက်ဖြစ်၏။
ဒိုင်သည် လက်ကြီးသမားများထိုးထားတဲ့ငွေကို အကုန်သိမ်းလိုက်နိုင်သည်။
ထိုကစားနည်းကို ဘွဲ့ဆူးလည်းစိတ်ဝင်စားသည်။
ထို့ကြောင့် ပြန်ရအောင်ဟု သောင်းဆင့်အားမပြောပေ ။
နှစ်ယောက်သား မတ်တပ်ရပ်ပြီး ငေးမောကြည့်နေရာမှ ဒိုင်သည် လှည့်နေရင်းကြွေချော်သွားလေ၏။
ပန်းကန်ပေါ်မှဆင်း၍ ဇယားပေါ်ထိကျလာတဲ့ အကောင်သည် ကြက်ဖြစ်နေပြန်သည်။
ဒိုင်သည် အသီးကို ကောက်ကာ
ရှေ့တွင်ထည့်ထားသော ငွေဖလားထဲမှ ရေဖြင့် ကြွေသီးအား ရေထိ၍ ပုဝါဖြင့်အထပ်ထပ်ပြန်တိုက်၏။
သောင်းဆင့်သည် ဘွဲ့ဆူးအား တိုးတိုးကပ်ပြော၏။
" ကြွေတလှည့် ကြက်တခုန်တဲ့ ။ အဲ့ဒါကြောင့်ရေတိုက်တာ ၊ လာ နှင်းဆီဘွဲ့ဆူး ရှေ့က နေရာလွတ်မှာ ကျုပ်တို့ဝင်ထိုင်ရအောင် "
သောင်းဆင့် ဆွဲခေါ်တဲ့နေရာလွတ်မှာ ဘွဲ့ဆူး အလိုက်သင့်ဝင်ထိုင်လိုက်၏။
အစပိုင်းတွင်နှစ်လှည့်ထိ သောင်းဆင့်မထိုးပေ။
သုံးလှည့်မြောက်တွင် ခါးပုံစထဲကပိုက်ဆံတချို့ကို သောင်းဆင့်ထုတ်လာသည်။
ဘေးဇယားတွင် ကျပြီးသည့် အကောင်မှာ ဖား နှစ်ကောင်ဖြစ်နေပြီဖြစ်သည်။ လက်ကြီးသမားများသည် ဘာထိုးရမှန်း ဇဝေဇဝါဖြစ်နေကြသည်။ ထိုအချိန်တွင် သောင်းဆင့်သည် ဖားဇယားမှာ ငွေတစ်သိန်း ထည့်လိုက်၏။
ပထမဦးဆုံး ရွာသားများကြားမှာ အများဆုံးထိုလာသူမို့ ဒိုင်ဖြစ်သူသည် သတိထားကြည့်လာ၏။
ဘွဲ့ဆူးသည်ပင် သောင်းဆင့်၏လုပ်ရပ်ကြောင့်အံ့ဩသွား၏။ ငွေတစ်သိန်းဆိုသည့်အားသည် မနည်းပေ။
သောင်းဆင့်သည် တည်ငြိမ်စွာ မဖွင့်သေးတဲ့ယွန်းအုပ်ကိုငေးကြည့်နေလေသည်။
ဘေးမှာရှိနေတဲ့ လူကြီးများသည် သူတို့ရှေ့မှ ငွေအား သောင်းဆင့်နှင့်မတူတာမျိုးထိုးကြသည်။
နှစ်ကောင်ထွက်ပြီးပြီးမို့နောက်တစ်ကောင် ကျလာမည်မဟုတ်ဟု ခန့်မှန်းကျပုံ။
" ကဲ ဒိုင်ဖွင့်ပါပြီ။ လက်ရှောင် "
ကြွေဖွင့်ပြချိန်တွင် ကျသည့်အကောင်သည် သောင်းဆင့်ထိုးသော ဖားဖြစ်နေသည်။
လျှော်ငွေသည် သုံးသိန်းဖြစ်၏။
သောင်းဆင့်သည် ထိုငွေအားမယူပေ။
ထိုဖားဇယားပေါ်မှာသာ လေးသိန်းလုံး ချထိုး၏။
" ညီလေး တသိန်းကို တစ်သောင်း အကောက်ပေးရပါတယ် "
သောင်းဆင့် လေးသောင်းထပ်ထည့်ပေးလိုက်သည်။
ထိုအခါ ဇယားပေါ်မှာ လေးသိန်းလေးသောင်းရှိနေပြီဖြစ်သည်။
ကြွေဖွင့်ချိန်တွင် ဖားဖြစ်နေပြန်သည်။
ဒိုင်သည် အသိပေးလာ၏
" ထပ်ကောင် ဖားပါဗျ "
ဘေးဇယားတွင် လေးဖားမြောက်အကောင်ကို ချိတ်ပြီးချိန်တွင် ဘေးမှာ ရှိနေသော သူများကပါ သောင်းဆင့်အားမသိမသာကြည့်လာပြီဖြစ်သည်။
" တိုက်ငွေ ဆယ့်နှစ်သိန်းပါ "
ဘွဲ့ဆူးမျက်လုံးပြူးသွား၏။
သောင်းဆင့်သည် မျက်တောင်တစ်မှိတ်အတွင်းမှာ
ဆယ်သိန်းကျော်အောင်ရှာပြလိုက်ခြင်းဖြစ်၏။
လေးကောင်ထပ်ပြီးချိန်တွင် ကျန်သူများသည် သောင်းဆင့်ထိုးသလို ထပ်ကောင်မလိုက်ရဲတော့ချေ။
ထပ်ကောင်သည် အများဆုံးလေးငါးကောင်သာ ကျလေ့ရှိပြီးနောက်ထပ် ထပ်ကျဖို့မသေချာပါ။
သောင်းဆင့်သည် တစ်ပြားမှမယူပေ။
ထပ်မံ၍ ဖားဇယားမှာ ငွေဆယ့်နှစ်သိန်းကို ချထိုး၏။
ဒိုင်သည် သောင်းဆင့်အား ဘာထိုးမည်လည်းဟု
သတိထားကြည့်နေသည်။ သို့သော်ထိုးသည့်အကောင်မှာဖားမို့ မျက်နှာသိပ်မကောင်းချေ။
သောင်းဆင့်ထိုးသည့် ဖားသာ နောက်တစ်ကြိမ်ကျမည်ဆိုပါက သောင်းဆင့်အားလျှော်ရမည့်ငွေက
သုံးဆယ့်ခြောက်သိန်းဖြစ်လိမ့်မည်ပင်။
ထိုအလှည့်မှာလည်းဖားသာကျလေသည်။
သောင်းဆင့်သည် ဘေးဇယားကို ထပ်ကြည့်၏။
ဖားကျသည့်အကောင်သည် ငါးကြိမ်မြောက်ဖြစ်နေပြီဖြစ်သည်။ ကြည့်ရှု့သူများသည် ထိုဝိုင်းတွင် ကြိတ်ကြိတ်တိုးလာ၏။
ငွေတိုက်နေသည့်သူသည် သူတို့ရွာသားသောင်းဆင့်ဖြစ်နေသည်မို့ အားပေးမူ့သည် ဆူညံနေလျက်။
ဒိုင်သည်ပင် မျက်လုံးပြူးနေပြီဖြစ်သည်။
ခြောက်ကြိမ်မြောက်ဖားကို ထိုးမည့်အချိန်တွင် သောင်းဆင့်အားဘွဲ့ဆူးလက်ကုတ်၏။
" သောင်းဆင့်တော်ပြီလေ ၊ထပ်မထိုးတော့နဲ့ "
" ဒီတစ်လှည့်ပဲ ဘွဲ့ဆူး။ ကံကောင်းခြင်းတွေ မောင့်ကိုပေးပါ။ "
ဖြန်းခနဲ ပူလောင်သွားသည့် မျက်နှာအားအုပ်ကာ ဘွဲ့ဆူး အောက်ကိုသာငုံ့ထားလိုက်တော့သည်။
ဒိုင်သည် ကြွေကိုဖွင့်လိုက်၏။
ဘေးကလူအုပ်သည် အော်ဟစ်အားပေးကြ၏။
" ဖား ထပ်ဖားလေး "
" ထပ်ဖားလေးပါဗျ "
ခြောက်ကြိမ်မြောက်သည်ဖားသာဖြစ်ပြန်၏။
သောင်းဆင့်သည် မသိမသာလေးပြုံးလိုက်သည်။
ဒိုင်မှ သိန်းတစ်ရာကျော်အပုံလိုက်ငွေစည်းအား သောင်းဆင့်အားပေးလျှော်ရသည်။
နောက်တစ်ဖားကျဖို့မသေချာတော့ပြီ။
ကျန်သူများကတော့ ဖားအားထပ်မံ၍ ထိုးကြ၏။
သောင်းဆင့်ပိုက်ဆံအား ကောက်ကိုင်ကာ ဝိုင်းမှထ၍
" သွားမယ် နှင်းဆီဘွဲ့ဆူးလေး ၊ မောင် မင်းစိတ်ကြိုက် ဝယ်ပေးမယ် "
တိုးတိုးလေးပြောလိုက်သော်ငြား အများကြားမှာစိုး၍ ဘွဲ့ဆူး ခပ်ကုတ်ကုတ်ဖြစ်သွား၏။
အရှက်မရှိတဲ့ အကောင်၊ အရှက်မရှိတဲ့အကောင်ဟုသာ မြည်တွန်းရုံသာ သူတက်နိုင်ခဲ့သည်။
မသွားခင်အား အနီးနားမှ ခင်မင်ရင်းနှီးသူတချို့အား မုန့်ဖိုးတချို့ပေးခဲ့သေး၏။
အပြန်လမ်းတွင် သောင်းဆင့်က ရှင်းပြသည်။
" စကားပုံရှိတယ်၊ ကြွေကပ် ၊ မြင်းကပ် ၊မယားကပ် တဲ့ ။ ကြွေကပ်ပြီဆိုရင် ဘယ်သူလှည့်လှည့် အဲ့အကောင်ပဲကျတယ်မပြောင်းဘူး။ ပထမတစ်ခါ ကြွေခုန်တော့ သူရေထိလိုက်တယ်။ ရေဘယ်လောက်သုတ်သုတ် ကြွေကပ်သွားပြီ မရတော့ဘူးဆိုတာ နှစ်ကြိမ်မြောက်ဖားကျတော့ ကျုပ်သိလိုက်ပြီလေ။ ထပ်ကောင် ဆိုတာ ဒီအကောင်ပဲ ထပ်တလဲလဲကျတာမျိုးကိုခေါ်တာ။ တချို့က ထပ်ကောင်လိုက်လို့ နိုင်တက်ပေမဲ့ တချို့ကျတော့ ထပ်ကောင်များများမကျလို့ရှူံးတာမျိုးလည်းရှိတယ် ။ "
" အဲ့ဒါတွေ မင်းဘယ်လိုသိတာလဲ ။ တကယ်လို့ မင်းထိုးတဲ့အကောင်နောက်ဆုံးပိတ်မကျရင် မင်းဘယ်လိုလုပ်မလဲ ။ လောဘဆိုတာ ကြီးတိုင်းကောင်းတာမှမဟုတ်တာ "
" သိတာပေါ့ဗျ။ ကျုပ်က မကောင်းတာမှန်သမျှလုပ်လာတဲ့ ကောင် ။ ဒါပေမဲ့ မပူပါနဲ့ ကျုပ်က စိတ်ဖြတ်နိုင်တယ်။ မယုံရင် အဲ့ဝိုင်းမှာ တစ်နာရီကြာအောင်ထိုင်လိုက် အကုန်ပြန်ပြောင်မှာပဲ "
" ကြွေကပ်၊မြင်းကပ်တော့ထားပါတော့။ ဒါဆို မယားကပ်က ဘာလဲ"
ဘွဲ့ဆူးစကားကြောင့် သောင်းဆင့် ခေါင်းကုတ်တော့၏။
" ဒါကတော့ ကျုပ်ဘယ်သိမှာလဲဗျ။ မယားကပ်တာမပြောနဲ့ လင်ကပ်တာတောင်မှ ကျုပ်မှာ မဖြေရှင်းနိုင်တာ "
" အောင်မှာ ငါက ဘာကပ်လို့လဲ "
" ကပ်တယ်လေ ။ ချစ်ရအောင်၊ ထိရအောင်ဆိုလည်း မဟုတ်ဘူး။ ခုထိ ကပ်တီးကပ်တက်နဲ့ ဘာပြောပြော ရဖူးလို့လဲ "
" တော်ပြီ တော်ပြီ ။ ဘာမှလာမပြောနဲ့ မင်းပြောရင် ဒီဘူတာပဲဆိုက်လာတာပဲ "
ဘွဲ့ဆူး မျက်မှောင်ကုတ်ကာ ခက်မြန်မြန်လျှောက်လိုက်၏။
သောင်းဆင့်နောက်ကနေ အလျှင်အမြန်လျှောက်လာမှန်းသိတာတောင်မှ မရပ်တန့်ပေးမိ။
သောင်းဆင့်မရှက်ပေမဲ့ သူရှက်သည်။
သောင်းဆင့်ခုတလော ဘယ်ထိသွားချင်နေမှန်းမသိရအောင်သူငတုံးမဟုတ်။ လူအုပ်ကြီးကြားမှာတိုးဝှေ့သွားနေရင်း ပြန်တွေးမိတော့ ရှက်ဒေါသလေး ဝေ့လာရပြန်၏။
" တော်ပြီကွာ မပြေးတော့နဲ့ ၊ ခုတောင်ချွေးတွေထွက်နေပြီ "
လက်ဖျားအား သောင်းဆင့် ဖမ်းဆွဲလိုက်တာမို့ ခြေလှမ်းတွေက တုန့်ခနဲ။
စိတ်ဆိုးဆိုးနဲ့ အော်ထုတ်မည်ပြင်နေတုန်း နောက်ကနေ အမောတကော ပြေးလိုက်လာသော
ကောင်လေး တစ်ယောက်ကိုတွေ့ရသည်။
ထိုကောင်လေးသည် အနီးရောက်လာတော့ ရင်းနှီးသော နာမ်စားတစ်ခုကို ခေါ်လာ၏။
" ကိုဆူး ၊ ကိုဆူးမို့လား "
ချစ်တဲ့အိမ်စည်။
"တစ္ .. ႏွစ္.. သံုး ..ေလး.."
ခပ္တိုးတိုးေရရြတ္ေနတဲ့ အသံေၾကာင့္ အိပ္ေပ်ာ္ေနၿပီျဖစ္တဲ့မ်က္လံုးေတြက ဖ်တ္ခနဲပြင့္လာ၏။
ဆိုင္းသံဗံုသံ တညံညံေၾကာင့္ လူက အိပ္တဝက္ႏိုးတဝက္နဲ႔ ေကာင္းေကာင္းအိပ္မေပ်ာ္ခဲ့သည္ေၾကာင့္လည္းပါမည္။
" ႏိုးသြားတာလား "
" အင္း"
အိပ္ခ်င္မေနေတာ့သည္ေၾကာင့္ သူငုတ္တုတ္ထထိုင္လိုက္သည္။ ေသာင္းဆင့္က ဘယ္အခ်ိန္ကတည္းက
ျပန္ေရာက္ေနတာလဲ သူမသိေပ။ သူ႔အေဖျပန္ေရာက္ေနတာေၾကာင့္ ညဦးကတည္းက အေျပးအလႊားသြားေတြ့ေသးသည္။ ထိုအခ်ိန္က ရွစ္နာရီမထိုးေသး။
လိုက္ခဲ့လို႔ ေခၚေပမဲ့ သူစကားေျပာရမွာ တမ်ိဳးႀကီးမို႔ မလိုက္သြားျဖစ္။ ေစာင့္ရင္းေစာင့္ရင္းနဲ႔ပင္ အိပ္ေပ်ာ္သြားကာ ဘယ္အခ်ိန္ျပန္လာလိုက္သလဲပင္မသိလိုက္ေတာ့တာပင္။
" အဲ့ပိုက္ဆံေတြက ဘယ္ကရလာတာလဲ"
တစ္ရြက္ခ်င္းေရတြက္ေနတဲ့ ပိုက္ဆံေတြသည္ မ်က္စိေရ႔ွမွာ အမ်ားသား။
ေသာင္းဆင့္သည္ ပိုက္ဆံအား ႏွစ္ပံု ပံု၍ေနၿပီး
မ်ားေသာ ပိုက္ဆံပံုအား ဘြဲ႔ဆူးေရ႔ွတိုးေပး၏။ ဘယ္ေတာ့မွ ေငြရွာတဲ့အလုပ္ကိုမလုပ္တဲ့ ေသာင္းဆင့္ဆီမွာ ေငျြမင္ေတာ့ မေမးပဲေတာ့မေနႏိုင္။
ေတာ္ၾကာ ဟိုတစ္ခါကလို ဖေအဆီက ခိုးလာရင္ဘယ္ႏွယ့္လုပ္မလဲ။ သိသြားရင္ ျဖစ္လိုက္တဲ့ျပႆနာကရပ္ ေက်ာ္ရြာေက်ာ္။ အႀကီးျဖစ္ၿပီးအဆံုးအမမတက္ဘူးဆိုၿပီး အေျပာအဆိုကခံရအံုးမယ္။
" ဒါက ႏွင္းဆီဘြဲ႔ဆူး သံုးဖို႔ ၊ ဒါကေတာ့ ေသာင္းဆင့္ ေငြရွာဖို႔ "
" မင္းအေဖဆန္စက္က ခုတေလာ ပိတ္ထားတာမို႔လား။
ယူစရာ ဘာမွမက်န္ေတာ့ဘူး။ မင္းဒီပိုက္ဆံေတြဘယ္ကရတာလဲ "
ကိုယ့္ေရ႔ွမွာေရာက္ေနတဲ့ ေငြေတြကို ခဏသာ ငံု႔ၾကၫ့္ၿပီး ေသာင္းဆင့္အား ေသခ်ာအကဲခတ္
ၾကၫ့္မိသည္။ ဒါကို ေသာင္းဆင့္က သိသည္မို႔
ေယာင္ဝါးဝါးရယ္ျပရင္း ေျပာလာသည္။
" ဟိုတစ္ခါ ဆန္အိတ္ခိုးေရာင္းလို႔ရတဲ့ပိုက္ဆံေတြ ေလ၊ မသံုးပဲ အေဖျပန္သိမ္းမွာစိုးလို႔ဖြက္ထားတာ ၊ခုမွထုတ္ၾကၫ့္တာ။
အားလံုးေပါင္း ခုႏွစ္သိန္းေက်ာ္။ "
"ဘာလုပ္ဖို႔လဲ ၊ ပိုင္ရွင္ကိုျပန္ေပးလိုက္ေလ "
ခါးခါးသီးသီးေခါင္းရမ္းျပလာရင္း
" မေပးႏိုင္ပါဘူး။ က်ဳပ္ယူလို႔ အျပစ္ေပးခံရၿပီးၿပီး ၊ဘယ္သူ ေျပာေျပာ ဒါက်ဳပ္ပိုက္ဆံျဖစ္သြားၿပီပဲ။ ခင္ဗ်ားလည္း ျပန္ေပးစရာမလိုဘူး ၊ဟိုက ခင္ဗ်ားကို သမက္ဆိုၿပီး ခ်စ္တာလည္းမဟုတ္၊ ေမတၲာလည္းရိွတာမဟုတ္၊ သံုးစရာ ရိွတာသံုးစမ္းပါ ။ ေနာက္လည္း လိုရင္သြားခိုးရအံုးမွာပဲ ခုကတည္းက အံ့ဝင္ခြင္က် ျဖစ္ေအာင္ ႀကိဳးစားထား"
" ငါနဲ႔အတူေနရင္ ခုလို ခိုးယူတာမ်ိဳး မင္းလုပ္လို႔မရဘူး ၊ ဒီတစ္ခါေတာ့ရိွေစေတာ့ ၊ ေနာက္ယူမယ္ဆိုရင္ မင္းနဲ႔ ကိုယ္နဲ႔ အျပတ္ပဲေနာ္။ "
" ခ်စ္ေတာင္ မခ်စ္ရေသးဘူး။ ဘာျပတ္တာလဲ။
ခင္ဗ်ား ေတာ္ေတာ္ တာဝန္ယူမူ႔မရိွတာပဲ"
ဆူပုတ္စြာေျပာ၍ ပိုက္ဆံေတြအား ခါးပံုစထဲ ေျပာင္းထၫ့္၏။ ထို႔ေနာက္ ေသာင္းဆင့္ ထိုင္ေနတဲ့ ဘြဲ႔ဆူးသည္ လက္ကမ္းေပးၿပီး
" ကဲကဲ ထားေတာ့ ၊ဒီေန့ ပြဲေဈးပတ္မယ္ ခင္ဗ်ားႀကိဳက္တာစား ၊ ဒီေမာင္ ရွင္းေပးမယ္"
" တည္တည္ၾကည္ၾကည္ေျပာစမ္းပါ၊ တစ္ေန့တစ္မ်ိဳး အဲ့ပါးစပ္ကထြက္လာသမ်ွ ဘယ္ေတာ့မွမထပ္ဘူး "
ဘြဲ႔ဆူးမ်က္ေစာင္းရြယ္ေတာ့ ေသာင္းဆင့္က ရယ္၏
ထို႔ေနာက္ဘြဲ႔ဆူးေမးဖ်ားအား လက္နဲ႔ ၫွစ္ကာ
စသည္။
" တစ္မ်ိဳးထဲဆို ခင္ဗ်ားရိုးသြားမွာစိုးလို႔ပါကိုႀကီးဘြဲ႔ဆူးရ ၊ အမ်ိဳးမ်ိဳး ေျပာင္း ေခၚေတာ့ တစ္မ်ိဳးမ်ိဳးနဲ႔ ရင္ခုန္သြားႏိုင္တာပဲမို႔လား "
" အံ့ဩစရာ "
" ခ်စ္စရာႀကီးပါ "
" ေတာ္ပါကြာ ၊ ပလီပလာေတြ မေျပာပါနဲ႔ေတာ့။
ရင္မခုန္ပဲ ရြံသြားမွ မင္းဒုကၡေရာက္မယ္ "
ဘြဲ႔ဆူးစကားကို ေသာင္းဆင့္စိတ္မဆိုးပဲ
" ကိုႀကီးဘြဲ႔ဆူးေနာ္" ဟု ခပ္ခြၽဲခြၽဲေအာ္လာသည္။
ၾကက္သီးတျဖန္းျဖန္းထသြားသည္မို႔ ကိုင္ထားတဲ့ ေသာင္းဆင့္လက္အားရိုက္ပုတ္ကာ ခပ္ေဝးေဝးကို တြန႔္လိမ္ကာေျပး၏။
" အား အား ရြံစရာႀကီးကြာ"
________
လမ္းမီးတိုင္မ်ားအလင္းျဖင့္ ေခ်ာင္းကမ္းရြာက
သန္းေခါင္ေက်ာ္သၫ့္တိုင္ အသက္ဝင္ေနဆဲျဖစ္၏။
ႏွစ္ေယာက္သား ခပ္ျမန္ျမန္ေလ်ွာက္လာရင္း
ေသာင္းဆင့္က
" ႏွင္းဆီဘြဲ႔ဆူးေလး က်ဳပ္ကို လက္ကေလးျဖစ္ျဖစ္ ေပးကိုင္လို႔မရဘူးလားဗ် "
ၾကၫ့္ ေသာင္းဆင့္ လုပ္လာျပန္ၿပီ။
အတူရြာဦးထိပ္ ပြဲခင္းကို သြားေနရာမွ လမ္းေဘးကို ဆက္မသြားပဲ ရပ္ကာ ျပႆနာရွာေနျပန္သည္။
" ဟ ေစာေစာက မွအေကာင္းႀကီးရိွေသးတယ္။ ဘာျဖစ္ျပန္တာလဲ "
" ဘာျဖစ္ရမွာလဲ ၊ ယူၿပီးကတည္းက ဘယ္ႏွစ္လရိွၿပီလဲ။ ခင္ဗ်ားကို က်ဳပ္ဘာလုပ္ရ ေသးလို႔လဲ"
" မင္းက ဘာလုပ္ခ်င္ေသးတာလဲ"
အခ်က္ခ်က္က်က်ေမးလိုက္ေတာ့ မ်က္ေမွာင္ကုတ္ထားရာမွ စပ္ၿဖဲျဖဲျဖစ္သြားကာ ဆတ္ခနဲ လက္ကို ဆြဲကာ အၾကမ္းပတမ္း နမ္း၍
" ဒါမ်ိဳး လုပ္ခ်င္တာပါ" ဟု အေနွာင့္အသြားမလုပ္ေျပာ၏။
" ဟီးဟီး ႏွင္းဆီဘြဲ႔ဆူး ဘာလုပ္ေစခ်င္ေနတာလဲ ၊တကယ္ ေသာင္းဆင့္နားမလည္ေတာ့ပါဘူး။ ဒီက ျဖဴစင္ရိုးသားတဲ့ေကာင္ေလးပါေနာ္၊ ျဖစ္ခ်င္တာကို
ထိန္ခ်န္ထားလို႔ေတာ့မရဘူး၊ ပြင့္ပြင့္လင္းလင္း
ေျပာမွ အဆင္ေျပမွာ "
"ေအာင္မာ ေအာင္မာ ၊ လူမိုက္ရုပ္နဲ႔ေကာင္က
လူပါးဝလို႔၊ ဖယ္စမ္းလက္ကို လႊတ္လိုက္ "
" ဟားဟား ၊ စတာပါဗ်၊ တကယ္စိတ္ဆိုးတာလား၊မ်က္ႏွာႀကီးကို ရဲလို႔ "
" မစနဲ႔ "
ေသာင္းဆင့္က ၿပံဳးကာ ဘြဲ႔ဆူးအားအေတာ္ၾကာစကားမေျပာပဲ ေငးၾကၫ့္သည္။
လမ္းမီးတိုင္ေအာက္မွာ ပိုးဖလံေလးေတြက တဖ်တ္ဖ်တ္ ပ်ံေျပးေနၿပီး တက်ီက်ီျမည္ေနေသာအသံစံုကလည္း ေသာင္းဆင့္၏ ရင္ခုန္သံကိုမဖ်က္စီးႏိုင္။
တေရးႏိုးထိ ခန႔္ညားဆဲသူ႔အမ်ိဳးသား။
ဘာနဲ႔မွသူမလဲႏိုင္။
ေရႊမေပးႏိုင္ေငြမေပးႏိုင္ေသးေပမဲ့ ဒါေလးကို
ေမတၲာအကုန္ေပးထားၿပီးသား။
ခ်စ္လိုက္တာဆိုမွ တကယ္ ဘာနဲ႔ႏိႈင္းရမွန္းမသိေအာင္။ ရင္ဘတ္ထဲမွာ ထၫ့္လို႔ဆန႔္ရင္ ေသာင္းဆင့္က အၿပီးတိုင္ထၫ့္ထားခ်င္တာ။
ၾကၫ့္ပါအံုး။ မ်က္ႏွာေလးရဲေနတာ ေဒါသေၾကာင့္လား၊ ရင္ခုန္သံေၾကာင့္လား။
အဆင့္တိုးခ်င္ၿပီ ႏွင္းဆီဘြဲ႔ဆူးရယ္။
ေပြ့ၾကမယ္၊ဖက္ၾကမယ္၊နမ္းၾကမယ္။
ေသာင္းဆင့္ ရူးရူးမိုက္မိုက္ အဲ့လိုေတြ လုပ္ခ်င္ေနၿပီဗ်။
အဝါေဖ်ာ့ေရာင္ တီရွပ္ေျဗာင္ကို ပုဆိုးထဲ တိတိပပအစြန္းမထြက္ေအာင္ဝတ္ထားတဲ့ပံုေလးက
ရြာထဲမွာ အသန႔္ျပန႔္ဆံုးဝတ္စားမူ႔ဆိုေပမဲ့
ဒါႏွင္းဆီဘြဲ႔ဆူးရဲ့ ညအိပ္ဝတ္ထားတဲ့အဝတ္အစားပဲရိွေသးတယ္။ ဘာမွထူးမဝတ္လည္း သူခ်စ္တဲ့
ေယာက်ာ္းက သီးသန႔္ အေရာင္အဝါထြက္ေနတဲ့
မ်ိဳးေကာင္းမ်ိဳးသန႔္ေလး။
လက္ဖ်ားရွည္ရွည္အထက္က ေသြးေၾကာေလးေတြဆို ေသာင္းဆင့္မွာ ခ်စ္လြန္းလို႔ကိုက္ေဖာက္ေသာက္ခ်င္တာ ။
နီေထြးတဲ့ ႏႈတ္ခမ္းေလးေတြ ၊ ရွည္ၿပီးသန႔္ရွင္းေနတဲ့ လည္ပင္းေတြ ၊ အာ တကယ္ေျပာတာ
ေသာင္းဆင့္ လက္ကေလးနဲ႔ျဖစ္ျဖစ္ထိခ်င္မိသား။
" ေဟး ေသာင္းဆင့္ ၊ ဘယ္ခ်ိန္ထိ ရပ္ေနမွာလဲ"
ဖ်တ္ခနဲ အသိစိတ္ကို ႏိႈးခံရၿပီးမွ ေသာင္းဆင့္ ထိုေနရာမွအေတာ္ၾကာရပ္ေနမိမွန္းသိလိုက္ရသည္။
မသိပါဘူး။ ေလာကႀကီးထဲမွာ သူ႔ရယ္ သူ႔ကိုႀကီးရယ္ပဲ ရိွေနတာလားလို႔ပါ။
" ေသာင္းဆင့္ ကိုႀကီးဘြဲ႔ဆူး ကို ဘယ္ေနရာကေန စထိရင္ ေကာင္းမလဲ စဉ္းစားလြန္သြားလို႔ပါ "
" ဘာေျပာတယ္ "
နဂိုကတည္းကမွ စားမတက္ဝါးမတက္ၾကၫ့္ေနတဲ့ မ်က္လံုးႀကီးေၾကာင့္ ေဒါသထြက္ေနပါတယ္ဆိုမွ ။
ေအာ္သံေၾကာင့္ေသာင္းဆင့္တုန္ခနဲ ျဖစ္သြားၿပီးမွ ဟီးခနဲ ရယ္ျပကာ လက္ကို ဆြဲကာ ရင္ဘတ္ထဲကိုေပြ့လိုက္သည္။
" ညီေလး မေျပာေတာ့ဘူး။ ကိုႀကီးဘြဲ႔ဆူး စိတ္မဆိုးနဲ႔။ သြားမယ္ သြားၾကမယ္ "
ျဖတ္သြားသူ တစ္ေယာက္စ ႏွစ္ေယာက္စလည္းရိွေနေသးသည္မို႔ ရန္ဆက္မျဖစ္ပဲ ဘြဲ႔ဆူး ႏႈတ္ဆိတ္လိုက္ရသည္။
ပြဲေဈးဆိုတာ မေရာက္ခင္အထိ ေဈးဆိုင္တန္းေတြအားလွမ္းျမင္ရၿပီျဖစ္သည္။
ရွည္လ်ားတဲ့ေဈးတန္းရွည္ႀကီးမွာ ဆိုင္တိုင္းနီးပါး လူအျပၫ့္ပင္။
" ႏွင္းဆီဘြဲ႔ဆူး ဘာစားခ်င္လဲဗ် "
" ေတာ္ၿပီ ၊ ကိုယ္ညစာသိပ္မစားတက္ဘူး "
" ဗိုက္မဆာဘူးလား "
" မင္းဆာရင္ တစ္ခုခုဝင္စားေလ ။ ဘာစားခ်င္လို႔လဲ "
ၾကာၾကာစိတ္မေကာက္တက္တဲ့ ႏွင္းဆီဘြဲ႔ဆူးဆီမွ အၾကင္နာသံေလးေၾကာင့္ ေသာင္းဆင့္ ဆာေနတဲ့ဗိုက္ေတာင္မွ မဆာေတာ့သလို။
" အျပန္မွစားမယ္။ ဟိုးမယ္ ေလးေကာင္ဂ်င္ဝိုင္း ၊ လာ စပ္စုရေအာင္ "
ေလာင္းကစားဝိုင္းေတြခြင့္ျပဳထားတယ္ၾကားေပမဲ့ အျမင္မနီးစပ္တဲ့သူမို႔ ပြဲေဈးစကတည္းက သူသြားမၾကၫ့္ျဖစ္။ ေသာင္းဆင့္ကေတာ့ပြဲေဈးတန္းေရာက္ျဖစ္ပံုပင္။
ဆြဲေခၚသြားတဲ့ေနရာမွာ လူတိုင္းဝိုင္းကာ ေအာ္ဟစ္ေနၾက၏။
ရွမ္းကိုးမီး၊ ေလးေကာင္ဂ်င္၊ ေျခာက္ေကာင္ဂ်င္ ၊
သံုးဆယ္ေျခာက္ေကာင္ ။ အစံုပဲ မို႔ လူတိုင္း မသိမသာ ေတြ့ေဝ႔ွၾကၫ့္ေနၾကသည္။ တခ်ိဳ႕က ေငြတစ္ေထာင္ႏွစ္ေထာင္ကိုင္ကာ ထိုးၾကသည္။ တခ်ိဳ႕က အုပ္လိုက္ထိုးေနၾကသူမ်ားလည္းရိွသည္။
ထိုသူမ်ားက မ်က္ႏွာစိမ္းမ်ားျဖစ္ၿပီး အသြင္အျပင္မွာ ၿမိဳ႔ေပၚကလာတဲ့သူေတြ ျဖစ္ဖို႔မ်ား၏။
ရွမ္းကိုးမီးကေတာ့ ဖဲဝိုင္းျဖစ္သည္။
ဒိုင္အပါဝင္ ကစားသူ ဆယ္ေယာက္ရိွသည္။
တစ္၊ႏွစ္၊သံုး၊ေလး ဟုကစားသူမ်ားေရ႔ွတြင္ ကိုးထိစာေရးထားၿပီ ထိုေရ႔ွမွာတင္ ဆ ဟူ၍ ထပ္ေပါင္းေရးထားေသးသည္။
ထိုကစားနည္းတြင္ ဖဲခ်ပ္နဲ႔ ကစားရတာမို႔ နားလည္ဖို႔ လြယ္ကူသည္။
ေသာင္းဆင့္သည္ထိုဝိုင္းတြင္မရပ္ေပ။
တိုးတိုးေျပာေသးသည္။
" ရွမ္းကိုးမီးကို ဘယ္ေတာ့မွမေဆာ့နဲ႔ ဖဲေတြမွာ မွတ္ထားတယ္ "
ထပ္မံ၍ ေလ်ွာက္ၾကၫ့္ေတာ့ ေနာက္တစ္ေနရာသည္
ေျခာက္ေကာင္ဂ်င္ဝိုင္းျဖစ္ေနသည္။
ထိုေနရာမွာ အေကာင္ေျခာက္ေကာင္ပါေသာ ဇယားရိွသည္။
အံစာသီးကဲ့သို႔ ႀကီးမားေသာ အသီးကို တန္းေပၚတင္ကာ ႀကိဳးျဖင့္ ဆြဲခ်ရတဲ့ ကစားနည္းျဖစ္ကာ ထိုအံစားသီးတို႔၏မ်က္ႏွာသာတြင္ အေကာင္ေလးေတြကို
ပံုကပ္ထား၏။
ထိုကစားနည္းကိုေတာ့ ကလံုးကလံုးဟုေနာက္တစ္နည္းေခၚေသးသည္။
ဆြဲခ်တဲ့ အံစာသီးတြင္ ငါးက်၍ ငါးထိုးထားပါက
ကစားသူအႏိုင္ရသည္။ ဇယားေပၚတြင္ ပုဇြန္ ၊ ငါးလိပ္ ၾကက္၊ က်ား၊ဆင္ ဟူသၫ့္ အေကာင္ေျခာက္ေကာင္ရိွကာ အံစာသီးသံုးလံုးကို ႀကိဳးတင္ကာ ထိုဇယားေပၚမွာ မိမိထိုးထားေသာ အေကာင္က်ေအာင္ဆြဲခ်ရတာမ်ိဳးျဖစ္သည္။
ကစားသူမ်ားသည္ မိမိတို႔ အေကာင္က်ေအာင္ ေအာ္ဟစ္ကာ အားေပးၾကသလို
အေလ်ာ္အစားလုပ္ေပးတဲ့ မိန္းကေလးမ်ားႏွင့္ ဒိုင္မ်ားကလည္း ထိုးသားမ်ားမထိုးတဲ့အေကာင္က်ေအာင္ ေအာ္ဟစ္က်သည္။ အေတာ္ေလးစည္ကားတဲ့ကစားနည္းျဖစ္သည္။
ထိုကစားနည္းကိုလည္း ေသာင္းဆင့္ကခဏသာၾကၫ့္သည္။
ေနာက္တစ္ေနရာတြင္ လူအမ်ားဝိုင္းအံုေနၿပီး ထိုဝိုင္းသည္ ေငြအင္အားအမ်ားဆံုးဝိုင္းဆိုလည္းမမွား။
ေသာင္းဆင့္သည္ ထိုေနရာမွာ ရပ္တန႔္သြားသည္။
မီးထိန္ထိန္လင္းေနေသာ ေနရာတြင္ လူအုပ္ႀကီးရိွေနသည္ ။ အလယ္မွာ ဇယားတစ္ခုခင္းထားသည္။
အေကာင္ ေလးေကာင္သာ ရိွေသာ ေလးေကာင္ဂ်င္ဇယားျဖစ္သည္။
ထိုဝိုင္းကို ဂ်င္ ကစားနည္းဟုေခၚသည္။
ဇယားတြင္ ပါေသာ အေကာင္မွာ ဝက္၊ ဖား၊ ၾကက္ ၊ငါးရွၪ့္ (ေရွာ သို႔မဟုတ္ ေရႊတြားေကာင္ဟုလည္းေခၚေသးသည္) ။
ဇယား၏ အေနာက္တြင္ အေလ်ာ္အစားလုပ္ေပးတဲ့ ေယာက်ာ္းသား ငါးေယာက္ရိွသည္။ အလယ္တြင္
ေႂကြသီးလွၫ့္ေသာ ဒိုင္ရိွသည္။
ထူးဆန္းသည္က ထိုအသီးကို ယြန္းအုပ္ျဖင့္ အုပ္ကာ
အသီးခန႔္မွန္းရတာျဖစ္သည္။
အေကာင္ကို ေအာ ရင္ သံုးဆရတာျဖစ္ၿပီး
ရံရင္ ႏွစ္ဆရ၏။
ဥပမာ ဖားကို တစ္ေထာင္ထိုးမည္ဆိုပါစို႔ ။
တစ္ေကာင္ထဲထိုးရင္ သံုးေထာင္ရလိမ့္မည္။
ဖားကို ေဘးမွာရိွတဲ့ဇယားထဲက ဝက္ ၊ ၾကက္၊ ေရွာ တစ္ေကာင္ေကာင္ျဖင့္ ကပ္ထိုးရင္ ႏွစ္ေထာင္ပဲ ရမွာျဖစ္သည္။ အကယ္၍
ထိုးသၫ့္အေကာင္မေပါက္ပဲ ကိုရံထားတဲ့ အေကာင္က်မည္ဆိုလ်ွင္ ထိုေငြကို ဒိုင္စားမခံရေပ။
ထို႔ေၾကာင့္ ထိုကစားနည္းက ထိုးေပ်ာ္ေသာ ကစားနည္းျဖစ္၏။
ဒိုင္သည္ သိန္းႏွစ္ရာအထက္ မနည္းေသာ ေငြအထပ္လိုက္ခ်ျပထားသည္ ။
ထိုကစားနည္းသည္ ထိုးသားမ်ားအေပၚ ဆြဲေဆာင္ႏိုင္ေသာ ကစားနည္းျဖစ္တာေၾကာင့္
ၿမိဳ႔ေပၚမွ အေရာက္လာကစားသူမ်ားရိွေနျခင္းျဖစ္သည္။
ထိုကစားသူမ်ားကို လက္ႀကီးကစားသူဟုေခၚသည္။
အေၾကာင္းမွာ ထိုသူမ်ား၏ေရ႔ွတြင္လည္း
ေငြအထပ္လိုက္ရိွ၍ျဖစ္သည္။
ေလးရြာသားတို႔အနီးသိပ္မကပ္ႏိုင္ေသာ ကစားဝိုင္းဟုေခၚမည္လား။
ထိုးသားမ်ားရိွေသာ္လည္း တစ္ေထာင္ႏွစ္ေထာင္သာ ထိုးၾကသည္။
အမ်ားစုမွာ ၾကၫ့္ရႉ႔သူမ်ားႏွင့္ လက္ေသးသမားမ်ားသာ ရိွေနၿပီး ဒိုင္ႏွင့္အႀကိတ္အႏွယ္ဖိုက္ေနသူမွာ
ထိုင္ထိုးေနၾကေသာ လူ သံုးေယာက္သာ ရိွ၏။
ဒိုင္သည္ ယြန္းအုပ္ကို တျဖည္းျဖည္းခ်င္းဖယ္ျပသည္။ က်လာေသာ အေကာင္မွာ ဝက္ျဖစ္ေနသည္။
" ဝက္တိုး"
" ေဟး ၊ အဲ့ဒါ ေဖ့သားကြ !"
ႏိုင္တဲ့ထိုးသားမ်ားက ေအာ္ဟစ္က်သည္။
အမ်ားဆံုးထိုးထားတဲ့ ပိုက္ဆံအုပ္သည္ ဝက္မွာထိုးထားတဲ့ပိုက္ဆံျဖစ္သည္။
ထိုးေငြသည္ ငါးသိန္းျဖစ္သည္မို႔
ဒိုင္ေလ်ွာ္ရသည္မွာ ဆယ့္ငါးသိန္းျဖစ္၏။
ေသာင္းဆင့္သည္ ေဘးမွာ ျပထားေသာ အေကာင္ဇယား အေသးကို ၾကၫ့္သည္ ။ ထိုမွာ ခ်ိတ္ထားတဲ့ အေကာင္မ်ားသည္ ဒိုင္ လွၫ့္တဲ့ ေႂကြသီးက်ရာ အေကာင္မ်ားကို သီးသန႔္ျပထားတာျဖစ္သည္။
ေနာက္တႀကိမ္ဖြင့္ေတာ့ ၾကက္ျဖစ္၏။
ဒိုင္သည္ လက္ႀကီးသမားမ်ားထိုးထားတဲ့ေငြကို အကုန္သိမ္းလိုက္ႏိုင္သည္။
ထိုကစားနည္းကို ဘြဲ႔ဆူးလည္းစိတ္ဝင္စားသည္။
ထို႔ေၾကာင့္ ျပန္ရေအာင္ဟု ေသာင္းဆင့္အားမေျပာေပ ။
ႏွစ္ေယာက္သား မတ္တပ္ရပ္ၿပီး ေငးေမာၾကၫ့္ေနရာမွ ဒိုင္သည္ လွၫ့္ေနရင္းေႂကြေခ်ာ္သြားေလ၏။
ပန္းကန္ေပၚမွဆင္း၍ ဇယားေပၚထိက်လာတဲ့ အေကာင္သည္ ၾကက္ျဖစ္ေနျပန္သည္။
ဒိုင္သည္ အသီးကို ေကာက္ကာ
ေရ႔ွတြင္ထၫ့္ထားေသာ ေငြဖလားထဲမွ ေရျဖင့္ ေႂကြသီးအား ေရထိ၍ ပုဝါျဖင့္အထပ္ထပ္ျပန္တိုက္၏။
ေသာင္းဆင့္သည္ ဘြဲ႔ဆူးအား တိုးတိုးကပ္ေျပာ၏။
" ေႂကြတလွၫ့္ ၾကက္တခုန္တဲ့ ။ အဲ့ဒါေၾကာင့္ေရတိုက္တာ ၊ လာ ႏွင္းဆီဘြဲ႔ဆူး ေရ႔ွက ေနရာလြတ္မွာ က်ဳပ္တို႔ဝင္ထိုင္ရေအာင္ "
ေသာင္းဆင့္ ဆြဲေခၚတဲ့ေနရာလြတ္မွာ ဘြဲ႔ဆူး အလိုက္သင့္ဝင္ထိုင္လိုက္၏။
အစပိုင္းတြင္ႏွစ္လွၫ့္ထိ ေသာင္းဆင့္မထိုးေပ။
သံုးလွၫ့္ေျမာက္တြင္ ခါးပံုစထဲကပိုက္ဆံတခ်ိဳ႕ကို ေသာင္းဆင့္ထုတ္လာသည္။
ေဘးဇယားတြင္ က်ၿပီးသၫ့္ အေကာင္မွာ ဖား ႏွစ္ေကာင္ျဖစ္ေနၿပီျဖစ္သည္။ လက္ႀကီးသမားမ်ားသည္ ဘာထိုးရမွန္း ဇေဝဇဝါျဖစ္ေနၾကသည္။ ထိုအခ်ိန္တြင္ ေသာင္းဆင့္သည္ ဖားဇယားမွာ ေငြတစ္သိန္း ထၫ့္လိုက္၏။
ပထမဦးဆံုး ရြာသားမ်ားၾကားမွာ အမ်ားဆံုးထိုလာသူမို႔ ဒိုင္ျဖစ္သူသည္ သတိထားၾကၫ့္လာ၏။
ဘြဲ႔ဆူးသည္ပင္ ေသာင္းဆင့္၏လုပ္ရပ္ေၾကာင့္အံ့ဩသြား၏။ ေငြတစ္သိန္းဆိုသၫ့္အားသည္ မနည္းေပ။
ေသာင္းဆင့္သည္ တည္ၿငိမ္စြာ မဖြင့္ေသးတဲ့ယြန္းအုပ္ကိုေငးၾကၫ့္ေနေလသည္။
ေဘးမွာရိွေနတဲ့ လူႀကီးမ်ားသည္ သူတို႔ေရ႔ွမွ ေငြအား ေသာင္းဆင့္ႏွင့္မတူတာမ်ိဳးထိုးၾကသည္။
ႏွစ္ေကာင္ထြက္ၿပီးၿပီးမို႔ေနာက္တစ္ေကာင္ က်လာမည္မဟုတ္ဟု ခန႔္မွန္းက်ပံု။
" ကဲ ဒိုင္ဖြင့္ပါၿပီ။ လက္ေရွာင္ "
ေႂကြဖြင့္ျပခ်ိန္တြင္ က်သၫ့္အေကာင္သည္ ေသာင္းဆင့္ထိုးေသာ ဖားျဖစ္ေနသည္။
ေလ်ွာ္ေငြသည္ သံုးသိန္းျဖစ္၏။
ေသာင္းဆင့္သည္ ထိုေငြအားမယူေပ။
ထိုဖားဇယားေပၚမွာသာ ေလးသိန္းလံုး ခ်ထိုး၏။
" ညီေလး တသိန္းကို တစ္ေသာင္း အေကာက္ေပးရပါတယ္ "
ေသာင္းဆင့္ ေလးေသာင္းထပ္ထၫ့္ေပးလိုက္သည္။
ထိုအခါ ဇယားေပၚမွာ ေလးသိန္းေလးေသာင္းရိွေနၿပီျဖစ္သည္။
ေႂကြဖြင့္ခ်ိန္တြင္ ဖားျဖစ္ေနျပန္သည္။
ဒိုင္သည္ အသိေပးလာ၏
" ထပ္ေကာင္ ဖားပါဗ် "
ေဘးဇယားတြင္ ေလးဖားေျမာက္အေကာင္ကို ခ်ိတ္ၿပီးခ်ိန္တြင္ ေဘးမွာ ရိွေနေသာ သူမ်ားကပါ ေသာင္းဆင့္အားမသိမသာၾကၫ့္လာၿပီျဖစ္သည္။
" တိုက္ေငြ ဆယ့္ႏွစ္သိန္းပါ "
ဘြဲ႔ဆူးမ်က္လံုးျပဴးသြား၏။
ေသာင္းဆင့္သည္ မ်က္ေတာင္တစ္မိွတ္အတြင္းမွာ
ဆယ္သိန္းေက်ာ္ေအာင္ရွာျပလိုက္ျခင္းျဖစ္၏။
ေလးေကာင္ထပ္ၿပီးခ်ိန္တြင္ က်န္သူမ်ားသည္ ေသာင္းဆင့္ထိုးသလို ထပ္ေကာင္မလိုက္ရဲေတာ့ေခ်။
ထပ္ေကာင္သည္ အမ်ားဆံုးေလးငါးေကာင္သာ က်ေလ့ရိွၿပီးေနာက္ထပ္ ထပ္က်ဖို႔မေသခ်ာပါ။
ေသာင္းဆင့္သည္ တစ္ျပားမွမယူေပ။
ထပ္မံ၍ ဖားဇယားမွာ ေငြဆယ့္ႏွစ္သိန္းကို ခ်ထိုး၏။
ဒိုင္သည္ ေသာင္းဆင့္အား ဘာထိုးမည္လည္းဟု
သတိထားၾကၫ့္ေနသည္။ သို႔ေသာ္ထိုးသၫ့္အေကာင္မွာဖားမို႔ မ်က္ႏွာသိပ္မေကာင္းေခ်။
ေသာင္းဆင့္ထိုးသၫ့္ ဖားသာ ေနာက္တစ္ႀကိမ္က်မည္ဆိုပါက ေသာင္းဆင့္အားေလ်ွာ္ရမၫ့္ေငြက
သံုးဆယ့္ေျခာက္သိန္းျဖစ္လိမ့္မည္ပင္။
ထိုအလွၫ့္မွာလည္းဖားသာက်ေလသည္။
ေသာင္းဆင့္သည္ ေဘးဇယားကို ထပ္ၾကၫ့္၏။
ဖားက်သၫ့္အေကာင္သည္ ငါးႀကိမ္ေျမာက္ျဖစ္ေနၿပီျဖစ္သည္။ ၾကၫ့္ရႈ႔သူမ်ားသည္ ထိုဝိုင္းတြင္ ႀကိတ္ႀကိတ္တိုးလာ၏။
ေငြတိုက္ေနသၫ့္သူသည္ သူတို႔ရြာသားေသာင္းဆင့္ျဖစ္ေနသည္မို႔ အားေပးမူ႔သည္ ဆူညံေနလ်က္။
ဒိုင္သည္ပင္ မ်က္လံုးျပဴးေနၿပီျဖစ္သည္။
ေျခာက္ႀကိမ္ေျမာက္ဖားကို ထိုးမၫ့္အခ်ိန္တြင္ ေသာင္းဆင့္အားဘြဲ႔ဆူးလက္ကုတ္၏။
" ေသာင္းဆင့္ေတာ္ၿပီေလ ၊ထပ္မထိုးေတာ့နဲ႔ "
" ဒီတစ္လွၫ့္ပဲ ဘြဲ႔ဆူး။ ကံေကာင္းျခင္းေတြ ေမာင့္ကိုေပးပါ။ "
ျဖန္းခနဲ ပူေလာင္သြားသၫ့္ မ်က္ႏွာအားအုပ္ကာ ဘြဲ႔ဆူး ေအာက္ကိုသာငံု႔ထားလိုက္ေတာ့သည္။
ဒိုင္သည္ ေႂကြကိုဖြင့္လိုက္၏။
ေဘးကလူအုပ္သည္ ေအာ္ဟစ္အားေပးၾက၏။
" ဖား ထပ္ဖားေလး "
" ထပ္ဖားေလးပါဗ် "
ေျခာက္ႀကိမ္ေျမာက္သည္ဖားသာျဖစ္ျပန္၏။
ေသာင္းဆင့္သည္ မသိမသာေလးၿပံဳးလိုက္သည္။
ဒိုင္မွ သိန္းတစ္ရာေက်ာ္အပံုလိုက္ေငြစည္းအား ေသာင္းဆင့္အားေပးေလ်ွာ္ရသည္။
ေနာက္တစ္ဖားက်ဖို႔မေသခ်ာေတာ့ၿပီ။
က်န္သူမ်ားကေတာ့ ဖားအားထပ္မံ၍ ထိုးၾက၏။
ေသာင္းဆင့္ပိုက္ဆံအား ေကာက္ကိုင္ကာ ဝိုင္းမွထ၍
" သြားမယ္ ႏွင္းဆီဘြဲ႔ဆူးေလး ၊ ေမာင္ မင္းစိတ္ႀကိဳက္ ဝယ္ေပးမယ္ "
တိုးတိုးေလးေျပာလိုက္ေသာ္ျငား အမ်ားၾကားမွာစိုး၍ ဘြဲ႔ဆူး ခပ္ကုတ္ကုတ္ျဖစ္သြား၏။
အရွက္မရိွတဲ့ အေကာင္၊ အရွက္မရိွတဲ့အေကာင္ဟုသာ ျမည္တြန္းရံုသာ သူတက္ႏိုင္ခဲ့သည္။
မသြားခင္အား အနီးနားမွ ခင္မင္ရင္းႏွီးသူတခ်ိဳ႕အား မုန႔္ဖိုးတခ်ိဳ႕ေပးခဲ့ေသး၏။
အျပန္လမ္းတြင္ ေသာင္းဆင့္က ရွင္းျပသည္။
" စကားပံုရိွတယ္၊ ေႂကြကပ္ ၊ ျမင္းကပ္ ၊မယားကပ္ တဲ့ ။ ေႂကြကပ္ၿပီဆိုရင္ ဘယ္သူလွၫ့္လွၫ့္ အဲ့အေကာင္ပဲက်တယ္မေျပာင္းဘူး။ ပထမတစ္ခါ ေႂကြခုန္ေတာ့ သူေရထိလိုက္တယ္။ ေရဘယ္ေလာက္သုတ္သုတ္ ေႂကြကပ္သြားၿပီ မရေတာ့ဘူးဆိုတာ ႏွစ္ႀကိမ္ေျမာက္ဖားက်ေတာ့ က်ဳပ္သိလိုက္ၿပီေလ။ ထပ္ေကာင္ ဆိုတာ ဒီအေကာင္ပဲ ထပ္တလဲလဲက်တာမ်ိဳးကိုေခၚတာ။ တခ်ိဳ႕က ထပ္ေကာင္လိုက္လို႔ ႏိုင္တက္ေပမဲ့ တခ်ိဳ႕က်ေတာ့ ထပ္ေကာင္မ်ားမ်ားမက်လို႔ရႉံးတာမ်ိဳးလည္းရိွတယ္ ။ "
" အဲ့ဒါေတြ မင္းဘယ္လိုသိတာလဲ ။ တကယ္လို႔ မင္းထိုးတဲ့အေကာင္ေနာက္ဆံုးပိတ္မက်ရင္ မင္းဘယ္လိုလုပ္မလဲ ။ ေလာဘဆိုတာ ႀကီးတိုင္းေကာင္းတာမွမဟုတ္တာ "
" သိတာေပါ့ဗ်။ က်ဳပ္က မေကာင္းတာမွန္သမ်ွလုပ္လာတဲ့ ေကာင္ ။ ဒါေပမဲ့ မပူပါနဲ႔ က်ဳပ္က စိတ္ျဖတ္ႏိုင္တယ္။ မယံုရင္ အဲ့ဝိုင္းမွာ တစ္နာရီၾကာေအာင္ထိုင္လိုက္ အကုန္ျပန္ေျပာင္မွာပဲ "
" ေႂကြကပ္၊ျမင္းကပ္ေတာ့ထားပါေတာ့။ ဒါဆို မယားကပ္က ဘာလဲ"
ဘြဲ႔ဆူးစကားေၾကာင့္ ေသာင္းဆင့္ ေခါင္းကုတ္ေတာ့၏။
" ဒါကေတာ့ က်ဳပ္ဘယ္သိမွာလဲဗ်။ မယားကပ္တာမေျပာနဲ႔ လင္ကပ္တာေတာင္မွ က်ဳပ္မွာ မေျဖရွင္းႏိုင္တာ "
" ေအာင္မွာ ငါက ဘာကပ္လို႔လဲ "
" ကပ္တယ္ေလ ။ ခ်စ္ရေအာင္၊ ထိရေအာင္ဆိုလည္း မဟုတ္ဘူး။ ခုထိ ကပ္တီးကပ္တက္နဲ႔ ဘာေျပာေျပာ ရဖူးလို႔လဲ "
" ေတာ္ၿပီ ေတာ္ၿပီ ။ ဘာမွလာမေျပာနဲ႔ မင္းေျပာရင္ ဒီဘူတာပဲဆိုက္လာတာပဲ "
ဘြဲ႔ဆူး မ်က္ေမွာင္ကုတ္ကာ ခက္ျမန္ျမန္ေလ်ွာက္လိုက္၏။
ေသာင္းဆင့္ေနာက္ကေန အလ်ွင္အျမန္ေလ်ွာက္လာမွန္းသိတာေတာင္မွ မရပ္တန႔္ေပးမိ။
ေသာင္းဆင့္မရွက္ေပမဲ့ သူရွက္သည္။
ေသာင္းဆင့္ခုတေလာ ဘယ္ထိသြားခ်င္ေနမွန္းမသိရေအာင္သူငတံုးမဟုတ္။ လူအုပ္ႀကီးၾကားမွာတိုးေဝ႔ွသြားေနရင္း ျပန္ေတြးမိေတာ့ ရွက္ေဒါသေလး ေဝ့လာရျပန္၏။
" ေတာ္ၿပီကြာ မေျပးေတာ့နဲ႔ ၊ ခုေတာင္ေခြၽးေတြထြက္ေနၿပီ "
လက္ဖ်ားအား ေသာင္းဆင့္ ဖမ္းဆြဲလိုက္တာမို႔ ေျခလွမ္းေတြက တုန႔္ခနဲ။
စိတ္ဆိုးဆိုးနဲ႔ ေအာ္ထုတ္မည္ျပင္ေနတုန္း ေနာက္ကေန အေမာတေကာ ေျပးလိုက္လာေသာ
ေကာင္ေလး တစ္ေယာက္ကိုေတြ့ရသည္။
ထိုေကာင္ေလးသည္ အနီးေရာက္လာေတာ့ ရင္းႏွီးေသာ နာမ္စားတစ္ခုကို ေခၚလာ၏။
" ကိုဆူး ၊ ကိုဆူးမို႔လား "
ခ်စ္တဲ့အိမ္စည္။
Bạn đang đọc truyện trên: ZingTruyen.Xyz