ZingTruyen.Xyz

ရုပ်ဆိုးတဲ့နှင်းဆီ (Completed)

18

eainsi23


ညောင်းညာနေသော အကြောတို့အား ခဏမျှ ဆန့်တန်းကာ လျော့လိုက်ပြီးအိပ်ယာမှ သွက်လက်စွာသူထလိုက်သည်။
အခန်းထဲကထွက်တော့ အိမ်ရှေ့ဘုရားခန်းနှင့်တွဲရက်
ဧည့်ခန်းရှိသည်။
ဖျာတစ်ချပ်အပြင် ပြတင်းပေါက်နားမှာ ပိုလျံနေသော နောက်မှီပါသော ခုံလေးတစ်လုံး။
ထိုခုံမှာ သူတစ်ယောက်ပဲ အမြဲထိုင်ဖြစ်သည်။
သောင်းဆင့်က ဘယ်တော့မှ မထိုင်။ ထိုင်ပြန်ရင်လည်း သူ‌ ခြေထောက်နားမှာသာ။

" အပေါ်ထိုင်ပါလား" လို့မေးလည်း သောင်းဆင့်က
မသိချင်ယောင်ဆောင်၏။
အမြဲအလျော့ပေးတက်သူမို့ စိတ်ထဲ သောင်းဆင့်အား မကျေနပ်သမျှ မြူမှုန်တွေလို လွှင့်ပါးခဲ့ရတာကြာခဲ့ပြီဖြစ်သည်။  သောင်းဆင့်က သူ့နဲ့သာ အတူနေ ၊ဘာ
လုပ်လုပ် အပြုံးမပျက်တဲ့လူမျိုး။
ရိုက်ရိုက်နှက်နှက် စိတ်ဆိုးခြင်းလည်းမရှိသလို
သူသဘောကျတဲ့အရက်တောင်မှ ကိုယ်စိတ်ညစ်မှာစိုးလို့ မသိမသာ ဖြတ်ပေးနေတာဖြစ်၏။
ထိုကောင်းကွက်တွေက သူ့ဘဝကို အတင်းညစ်ပက်ယူထားတဲ့ သူအပေါ်ပြေလည်စရာမရှိပေမဲ့
သောင်းဆင့်စေတနာ မေတ္တာက
‌ဘွဲ့ဆူး၏ မုန်းတီးမူ့အား အလွယ်တကူ ခြေဖျက်နိုင်ခဲ့သည်။

" သောင်းဆင့် "

ဘွဲ့ဆူးအော်သံကြောင့် သောင်းဆင့်က အဝတ်တွေလှမ်းနေရာမှ မော့ကြည့်သည်။
ခြံထဲတွင် နှင်းဆီပင်တွေသည် အချိန်ကြာမြင့်စွာ
ရေဝင်မူ့ကြောင့် ပင်စည်တွေသည်နွံတွေကပ်ကာ
အသက်ရှင်ဖို့ မနည်းရုန်းကန်နေတဲ့ ပုံသဏ္ဍာန် ဖြစ်နေသည်။
အနိမ့်ပိုင်းရွာမို့ မိုးရေတက်သည်နှင့် ဒူးအထက်နားထိ ရောက်ခဲ့ပြီး သုံးလေးရက်လောက် နေပူပြီးမှာတော့ပြန်လည်ခြောက်သွေ့လုလုဖြစ်ခဲ့၏။ 

" ငါ့အဝတ်တွေ မလျှော်နဲ့လို့ ပြောထားတာကို "

" ခုနှင်းဆီဘွဲ့ဆူးလေးနေမှမကောင်းတာကို သောင်းဆင့်က ဘယ်လိုကြည့်နေနိုင်မှာလဲ"

တွေ့လား ။ သောင်းဆင့်က မောင်ပိုစိန်။
မကျေမနပ်မျက်စောင်းရွယ်မိပေမဲ့ ထပ်ပြီးတော့ သူ
ဆက်မပြောမိတော့။
ခြံထဲရှိ အုန်းပင်နှင့် ဗာဒံပင်စည်အား ကြိုးဖြင့် သွယ်ထားသည်။ ထိုကြိုးတန်းပေါ်မှာ သောင်းဆင့်က အဝတ်တွေအား တဖုန်းဖုန်းခါပြီးလှမ်းနေ၏။
နေရောင်သည် လွန်ခဲ့သော ရက်များက ကွယ်ပျောက်ပေးခဲ့ရလို့လားမသိ စူးရှ ပြင်းပြစွာ ပူလောင် ပေးနေလေသည်။

" တစ်ရက်တစ်ရက် ရွာမှာ‌နေတာမို့လို့သာ အကုန်အကျနည်းတာ ။  ဝင်ငွေမရှိဘာမရှိနဲ့ ။ မင်းအလုပ်လုပ်မှာလား။
ကိုယ်ထွက်လုပ်ရမှာလား "

မနက်စာ ထမင်းဝိုင်းကို အတူထိုင်ဖြစ်သည်နှင့် ဘွဲ့ဆူး  စပြောလိုက်သည်။ ထမင်းအတွက်ကတော့ ‌ဆန်စက်ပိုင်ရှင်ယောက်ခထီးရှိတာကြောင့် ပူစရာနည်းနည်းမှမလို။ နှစ်ယောက်ထဲမို့ ဆန်တစ်ပိုင်းဆို အေးအေးဆေးဆေးထိုင်စားရသည်။
အသီးအရွက်ပေါများတဲ့‌ ဒေသဖြစ်တာမို့
ဘယ်အိမ်ဝင်ဝင် အသီးအရွက်ကတော့ အလကားရသည်။
ထို့ကြောင့် ပိုက်ဆံကထင်သလောက်မကုန်ပေမဲ့
ဝင်ငွေမရှိတာကြောင့် တခြား ပိုပိုလိုလို သုံးစရာ‌ တော့မရှိခဲ့။

" ညီလေးရှာမှာပေါ့ ။ ကိုကြီးဘွဲ့ဆူးက အေးဆေးထိုင်စား"

" အပြောတွေအတွက် ကျေးဇူးတင်ပါတယ် ။လောလောဆယ်ဆယ်တော့ ငန်ပြာရည်ဖျော်အသီးအရွက်အတို့နဲ့ပဲ အရင်စားလိုက်ပါ့မယ်။ မနက်ဖန် ကိုယ် တောထဲဝင်မယ်။ ဖိုးထွေးပြောနေတာ မှိုတွေပေါက်နေပြီတဲ့ ။ ငါမှိုချက်စားချင်တယ်"

" ဘာလို့ ခင်ဗျားကတောဝင်ရမှာလဲ။ ကျုပ်ပဲသွားမယ် ခင်ဗျားနေခဲ့ "

နှင်းဆီဘွဲ့ဆူးဆီက တောဝင်မယ်ဆိုတဲ့အသံကြားတော့ စားနေတဲ့ထမင်းတောင်မှ မျိုမကျချင်တော့ပေ။
ဒီယောကျာ်းကို သူဘယ်လောက် မြတ်နိုးခဲ့ရသလဲဆိုတာ သူ့ရင်ထဲမှာ သိမ်းဆည်းထားခဲ့တာ ဆယ်စုနှစ် မကတော့ဘူး။ ဘယ်သူမှမသိနိုင်ပေမဲ့ သူကိုယ်သူသာ အသိဆုံးဖြစ်သည်။

သူ့နှုတ်စကားတွေက နှင်းဆီဘွဲ့ဆူးအပေါ်မှာ ကလေးတစ်ယောက်လို ဆိုးဆိုးနွဲ့နွဲ့ ပြောချင်ရာပြောနေတက်ပေမဲ့ ချောင်းကမ်းရွာမှာ သောင်းဆင့်ဆက်နိုင်ကို မကြောက်တဲ့သူ ဘယ်သူရှိမှာလဲ။
တစ်ရွာလုံးအော်ကြောလန် ဖြစ်နေတဲ့ကောင်က
နှင်းဆီဘွဲ့ဆူးရှေ့မှာ ခခယယလုပ်နေတာ ဘာအကြောင်းရှိအုံးမှာလဲ။

ချစ်လို့လေ။
သူအများကြီး အရှုံးမခံနိုင်အောင်ချစ်လွန်းလို့။

" ကိုယ်ကလေးမဟုတ်ဘူး၊ ကိုယ့်မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိတယ်"

" မရဘူး ၊ အိမ်မှာနေခဲ့ ကျုပ်ခွင့်မပြုနိုင်ဘူး"

" ကိုယ်လိုက်မှာ ။ အိမ်မှာနေရတာပျင်းတယ်"

အပြိုင်အဆိုင်မျက်လုံးချင်းဆုံကြည့်နေသည်မှာ တစ်ယောက်မှ အလျော့ပေးလိုဟန်မရှိ။ စူးစူးရဲရဲစိုက်ကြည့်ပြီး အတော်ကြာမှာ သောင်းဆင့်သက်ပြင်းချကာ ခေါင်းငုံ့ကာ ထမင်းဆက်စား၏။

ဘွဲ့ဆူးမစားပဲ စားနေတဲ့ ထမင်းပန်းကန်ကို ရှေ့အနည်းငယ်တိုးကာ မစားပဲ ဆန္ဒပြလိုက်၏။ သောင်းဆင့်မော့မကြည့်ပဲပြောသည်။

" နှင်းဆီဘွဲ့ဆူး မဆိုးနဲ့ ၊ထမင်းကုန်အောင်စား"

" မစားဘူး။ ကိုယ်ပြောပြီးသားနော်။ လိုက်မှာဆိုလိုက်မှာပဲ၊  မင်းကိုယ့်ကို အမိန့်ပေးစရာမလိုဘူး။
မင်းအခု မခေါ်သွားရင် မင်းမသိအောင် တခြားသူတွေနဲ့လိုက်သွားမှာ "

ပြောပြီး ကိုယ်ကအရင်ဦးအောင် ထမင်းစားပွဲမှထသွားလိုက်သည်။ အရင်တုန်းကဆို သူက လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာကောင်းသူဖြစ်ကောင်းဖြစ်နိုင်ပေမည်။
စိတ်ထဲမပါတဲ့စကားတွေနဲ့ ဟန်လုပ်ပြီး လူကောင်းသဖွယ် ပြုမူကောင်းပြုမူလိမ့်မည်။ သို့သော်
ယခုလိုတော့  သူ့နှုတ်ခမ်းတွေကို ရွဲ့ပြီး စိတ်ဆိုးဖြစ်ခဲ့မှာတော့မဟုတ်။

ချက်ချင်းဆိုသလို သောင်းဆင့်ဆီမှ တားမြစ်သံထွက်လာ၏။

" နေဦး "

ခြေသံတရှပ်ရှပ်က ‌နောက်ကျောနားရောက်လာသည်ထိ ဘွဲ့ဆူးလှည့်မကြည့်။
ထို့နောက် လူရိပ်က ဘွဲ့ဆူးမျက်နှာအားထိတွေ့နေသောနေရောင်အား ကျောဖြင့်ကာလိုက်၏။
အလင်းရောင်သည် ကွယ်ပျောက်သွားသည်နှင့် မျက်စိရှေ့ရောက်လာတဲ့ သောင်းဆင့်က မကျေနပ်သည့်နှယ် မျက်နှာထားဆူတင်းလျက် စိုက်ကြည့်လာသည်။

" မလိုက်ရဘူး "

" သောင်းဆင့် !!"

အရင်ရက်တွေက ပြောင်ချော်ချော် လုပ်နေကြရုပ်က
ခုဘာဖြစ်လို့ သွေးအေးရက်စက်သည့်အသွင်ဖြစ်နေရတာလဲ။ ကိုယ်ပြောသမျှပြီးနေတဲ့လူက ခုလို
ကလန်ကဆန်လုပ်နေတော့ စိတ်ကပိုပိုပြီးတိုလာရ၏။

" လိုက်ချင်လား "

" လိုက်မှာလို့ မင်းကို ပြောနေတာ ဘယ်နှစ်ခွန်းလဲ "

" ကျစ်!! ဒါဆို နမ်း "

" ဘာပြောလိုက်တာ "

နားထဲ ဘာပြောလိုက်မှန်းမသိတော့ မျက်မှောင်တွန့်ကာ ပြန်မေးသည်။ သောင်းဆင့်ကခပ်တည်တည်သာ ရှိနေသည်။ လက်ကိုပိုက်ကာ ဘေးနံရံပျဉ်ချပ်အား အနည်းငယ်စောင်းကာ မှီထားသည်။

" လိုက်ချင်နမ်းလို့ပြောနေတာ ။ မကြားရဘူးလားထပ်ပြောမယ်။ လိုက်ချင် ပါးကို လာနမ်း "

ရှက်ရမည့်အစား ရုပ်တည်ကြီးနဲ့ ခုလိုစကားတွေပြောထွက်တက်သူကို ရယ်ချင်လာသည်။ စောပိုင်းနဲ့မတူစွာ လေထုကနွေးထွေးလာသလိုလို။
ဘွဲ့ဆူးနောက်ဆုံးတော့ မထိန်းနိုင်တော့ပေ။

" ဟက် ! သောင်းဆင့် မင်းဘယ်လိုကောင်လဲ "

သောင်းဆင့် ခေါင်းကိုဆတ်၍ ခပ်တည်တည်ပဲပြန်ဖြေ၏။

" ခင်ဗျားရဲ့ သောင်းဆင့်လေ "

ဘွဲ့ဆူးမျက်နှာ ရဲခနဲဖြစ်သွား၏။
အကြောင်းမှာ ဖြေပြီးသည်နှင့် သောင်းဆင့်က
မေးဖျားအား ငုံ့နမ်းလိုက်တာကြောင့်ဖြစ်သည်။
ပွတ်ရှပ်သွားသော နှာခေါင်းဖျားက ဘွဲ့ဆူနှုတ်ခမ်းထောင့်နားလေးမှာ ကျီဆယ်သွားတာများ ထိထိမိမိနိုင်လှ၏။

_________

အေးခနဲ ၊စိမ့်ခနဲ အရသာက တောစပ်ဝင်လိုက်တာနဲ့ ခံစာမူ့က သိသာစွာ။
သောင်းဆင့်ကဓားတစ်ချောင်းနှင့်ရှေ့ကနေခပ်စိုက်စိုက်သွားနေပေမဲ့ ဘွဲ့ဆူးကတော့ပတ်ဝန်းကျင်အား ငေးမောမပြတ်။

" ဟိုးမှာ သစ်ခွပန်းတွေ "

ဘွဲ့းဆူးလက်ညိုးထိုးပြတဲ့နေရာက အပင်ကြီး၏ ဂွကြားနေရာမှာ ပွင့်နေတဲ့ နီညိုရောင်သစ်ခွပန်းတွေ။
ပွင့်နေတာများ အုံလိုက်အခက်လိုက်။ တောတောင်ရေမြေ၊သစ်ကြီးဝါးကြီးများ ကောင်းလွန်းတာမို့
သစ်ခွ၊ ယင်းမာ၊ တောစံပါယ်၊ သဇင် ၊ စသည့် အပင်များမှာ ထူးထူးခြားခြားပေါများလွန်းသည်။

" ရချင်လို့လား" ဟု သောင်းဆင့်ကလှည့်မကြည့်ပဲမေးလာ၏။အပင်၏အမြင့်မှာ အနည်းငယ်မြင့်သည်ကြောင့် သူခေါင်းရမ်းမိသည်။

" အပြန်မှပေါ့၊ ကိုယ်တို့အိမ်မှာ နှင်းဆီတွေအပြင် တခြားဘာပန်းမှ ရှိတာမှမဟုတ်ဘူး၊ ကိုယ်က ပန်းဆို
စံပယ် ၊သစ်ခွ ၊ကံကော် အဲ့လိုပန်းတွေကိုပိုကြိုက်တယ်"

" နှင်းဆီပန်းက ဒီလောက်လှနေတာကို။ ကျုပ်ကတော့ လူနှင်းဆီရော၊ ပန်းနှင်းဆီရော ကြိုက်တယ်။ လူနှင်းဆီကိုတော့ အကြိုက်ဆုံးပေါ့ဗျာ "

ဖလစ်တစ်တစ်အပြောကို ကြားတော့ နှင်းဆီဘွဲ့ဆူးမှာ စိတ်ဆိုးရခက်ခက်။
ဒီကောင် ထထဖောက်တက်တဲ့ အကျင့်ကိုဘယ်လိုပြုပြင်ပေးရမလဲ။ ပြီးတော့သောင်းဆင့်ကစိတ်မမှန်။
ခု မျက်နှာပြောင်ပြီး စနှောက်ချင်စနှောက်နေမယ်၊တော်ကြာ သောက်ခွက်လေးက တမျိုးပြောင်းပြီး ဆူဆူပူပူ လုပ်ချင်လုပ်မယ်။ တကယ်ပေါင်းသင်းမရတဲ့ဆယ့်နှစ်မျိုးဂျင်းသုပ် ဖြစ်သည်။

မြက်ခင်းပြင်တွေသည် နင်းလျှောက်ပါများလို့ လူသွားလမ်းသဖွယ် အလယ်မှာရှင်းကာ မပေါက်နိုင်ရှာပေ။ထိုလမ်းပေါ်မှာ သောင်းဆင့်ကရှေ့ကသွားနေပြီးနောက်ပါးမှာ ဘွဲ့ဆူးက ကပ်၍ပါလာသည်။
ဟိုးငေးသည်ငေးကြောင့် တစ်ခါတစ်ခါ သောင်းဆင့်က ရပ်စောင့်ပေးရပြီး အနားရောက်လာသည်ထိ စိတ်မရှည်စွာ မြန်မြန်လာဟုတစ်ခွန်းမပြော။ ထို့အစား
ဘွဲ့ဆူးကျေနပ်အောင် ကြည့်ရှု့ပြီးသည်အထိစောင့်ပေးသည်။

" သောင်းဆင့်ဘယ်ထိသွားမှာလဲ "

" ရောက်တော့မှာ၊နှစ်တိုင်း ကျုပ်သွားတူးနေကျမှိုကျွင်းရှိတယ်၊ ငှက်စွန့်မှို ကိုကြိုက်တယ်မို့လား။ စားလို့ရတဲ့ မှိုတွေထဲမှာ ငှက်စွန့်မှိုက ကြက်သားနဲ့တောင်မလဲနိုင်ဘူးတဲ့ "

တစ်နေရာရောက်တော့ သောင်းဆင့်က ပိတ်နေတဲ့ ခြုံကိုဓားနဲ့ဖြဲလိုက်သည်။ လူသွားလမ်းပေါ်လာတဲ့အခါ ဘွဲ့ဆူးကို လက်လှမ်းပေးလာ၏။
သောင်းဆင့်ဝင်လိုက်တဲ့နေရာမှ အနည်းငယ်နိမ့်ဆင်းသွားပြီး တဖြည်းဖြည်းလျှိုမြောင်းသဖွယ် အောက်မှာ  ကျဉ်းသော လမ်းတစ်ခုပေါ်လာသည်။

စမ်းရေသဖွယ် ကြည်လင်သော ရေပါးပါး သည် သဲမြေပေါ်မှာ ဖြတ်စီးနေသည်မို့ သူတို့နှစ်ယောက်လုံးထိုအပေါ်မှနင်းလျှောက်ကာသွားရ၏။

" ဒီနေရာကရေက သူ့ဘာသာ ထွက်တဲ့ စိမ်းစမ်းကလာတာ ။ လေးရွာတောကြီးထဲမှာ ခင်ဗျားမမြင်ဖူးသေးတဲ့ အလှတရား၊တန်ဖိုးမဖြတ်နိုင်တာတွေအများရှိတယ်၊ ဥပမာ ၊ဒီတောတာင်အတွင်း သဘာဝအတိုင်းရွှေထွက်တာမျိုးပေါ့ "

" ရွှေထွက်တယ် "

"အင်း"

ထပ်မံ၍ မေးလာတဲ့စကားကို သောင်းဆင့်က ခပ်အေးအေးဖြေပေးသည်။
မကြာခင်အတွင်းမှ တွဲခဲ့သော လက်တစ်စုံသည်ဖြုတ်ချဖို့မေ့လျော့ကာ မြဲမြဲတွဲလျက်ရှိနေသေးသည်။

" သာဒင့်ရဲ့အဖေ ဦးမြကြီးက လေးရွာတောထဲမှာ ရွှေရှာတက်တယ်တယ်။ သာဒင်အိမ်ဟိုတစ်ခါသွားတုန်းက ခင်ဗျားမှတ်မိလား၊ နံရံမှာချိတ်ထားတဲ့ အင်ခွက်ကလေးလေ "

ဘွဲ့ဆူးမှတ်မိကြောင်းပြောသည်။
သာဒင်တို့အိမ်ကို သောင်းဆင့်နဲ့ တစ်ခါသွာဖူးသည်။
ထို့နေ့က ဦးမြကြီး တစ်ယောက် နှီးခြင်းလွယ်ကာ
အင်းဝိုင်း တစ်ခုနဲ့ပြန်လာသည်။
ထိုအရာသည် သစ်သားပြားကို အလယ်မှာ ခွက်အောင် ထွင်းထုထားခြင်းဖြစ်သည်။
သစ်သားနံရံကို ပါးသည်အထိ အချောသတ်ထားတာကြောင့် ကိုင်ရသည်မှာ ပေါ့ပါးသည်။

" အဲ့အင်ခွက်နဲ့ ရွှေပါတဲ့ မြေကို လှည့်ယူရတယ် ၊
အင်ခွက်ထဲမှာ ရွှေမှုံလေးတွေ စုဝင်အောင် အလယ်တည့်တည့်ကို ခွက်အောင် လူတွေသေချာလုပ်ရသလို ရွှေလှည့်တဲ့အခါမှာလဲ လှည့်တက်ရင်လှည့်တက်သလို ရွှေက ဘယ်မှပြတ်မကျပဲ အဲ့အလယ်မှာ စုနေတက်တယ်"

" ခုမှ ကြားဖူးတာပဲ ။ တော်တော်များများရွှေတူးသွားကြလား၊ ကိုယ်ဖြင့် ‌ရွာရောက်တာ ဘယ်လောက်ကြာပြီလဲ။ ဒီအကြောင်းတွေတစ်ခါမှမကြားဖူးဘူး "

" မကြားဖူးဆို ၊ ရွှေမလှည့်တက်တာရော၊ ဘယ်သူမှ ထူးထူးခြားခြား ရွှေမှမတွေ့ ဖူးတာ‌ ၊အချိန်ကုန်ခံပြီး ဘယ်သူမှ လိုက်မရှာကြဘူး"

" မင်းရော လိုက်ရှာဖူးလား "

လမ်းလျှောက်နေတဲ့ သောင်းဆင့်သည် တစ်နေရာမှာ ခြေစုံ‌ရပ်သွားသည်။ ထိုနေရာမှာ ရေမရှိသလို
စိုစက်မူ့လည်းမရှိ။
စကားတပြောပြောနဲ့မို့ ဘယ်ရောက်နေသလဲဘွဲ့ဆူးချက်ခြင်းမသိ။
သောင်းဆင့်ရပ်လိုက်တော့ အရှိန်မထိန်းနိုင်ပဲ ဆုပ်ကိုင်ထားဆဲလက်က တင်းခနဲဖြစ်သွား၏။
ထိုအခါမှရှက်ရမှန်းသိတာဖြစ်သည်။
သို့သော်ကြာကြာမခံလိုက်ပေ။
အကြောင်းမှာ အပင်အောက်တွင် တိုးထွက်နေသော
ဖျာတစ်ချပ်မကသော မှိုခင်းကြောင့်ဖြစ်သည်။

" သောင်း..သောင်းဆင့် "

" မှိုချက်စားချင်တယ်ဆို၊ သောင်းဆင့် ကိုပဲ လင်တော်ထား၊ ခင်ဗျား လိုသလောက်ရစေရမယ် နှင်းဆီဘွဲ့ဆူး "

တောင်အနှံ့ သောင်းဆင့်၏အသံက ပဲ့တင်သံလို လှိုင်းခတ်သွားလျက်။
ဘွဲ့ဆူး မှိုရလိုက်လို့လားမသိ ၊ ရင်ခုန်သံ တချက်ချက်တိုးလာရသည်။

" ညီလေးတော်တယ်မို့လား ကိုကြီးဘွဲ့ဆူး "

ချက်ချင်းပြောင်းလဲသွားသောမျက်နှာနှင့်အတူ
သောင်းဆင့်ပုံစံက ကလေးတစ်ယောက်လို မျက်ခုံးပင့်ကာ ဂုဏ်ယူဝင့်ကြွားနေဟန်။
ဘွဲ့ဆူး အမျိုးမျိုးပြောင်းလဲတက်သောကောင်အားမျက်စောင်းထိုးကာ  ပြောလိုက်သည်။

" ဘာညီလေးလဲ ၊ ရုပ်ကြမ်းကြီးနဲ့ လာမပြောနဲ့ မနေ့ကတည်းက ကိုယ့်ကိုအော်ဟစ်နေပြီးတော့၊ဒါမျိုးပြောရုံနဲ့စိတ်ပြေမယ်ထင်လား။ ကိုင်ထားတဲ့လက်ကိုဖယ်လိုက်၊ မှိန်းပြီးအသားယူမနေနဲ့  "

ဆတ်ခနဲခါထုတ်ပစ်လိုက်တော့ သောင်းဆင့်ပုံစံက အကြိုက်ဆုံး အရက်ကို လွင့်ပစ်လိုက်ရသလို မျက်လုံးပြူးမျက်ဆံပြူးနဲ့ မမှီမကမ်း အတင်းလိုက်ဖမ်းနေသေးသည်။ ဘွဲ့ဆူးကသူ့လက်ကိုအကိုင်မခံပေ။
နောက်ကိုဖွက်ထားတော့ဇွတ်လုပ်ကာ လက်တွေအား အတင်းဆုပ်ကိုင်သည်။

" မပြောတော့ဘူး။ မပြောတော့ဘူးလို့ "

" ဘာကိုမပြောတာလဲ"

" အော်ပြီး မပြောတော့ဘူး စိတ်လည်းမဆိုးတော့ဘူး"

" ကျန်သေးတယ်။ မင်းသောက်ခွက်ကို ခပ်တည်တည်ကြီးမလုပ်နဲ့ "

" အင်း.. အင်း သိပြီ၊ညီလေးနားလည်ပြီ "

ပြောပြီးသောင်းဆင့်က ဘွဲ့ဆူးလက်ကိုငုံ့နမ်းလိုက်၏။ 
လေးရွာတောနှင့် တန်ဖိုးကြီး မှိုခင်းသည် အရေးမကြီးတော့။

___________

မိုးကုန်ပြီမို့  ပွဲလမ်းသဘင်‌ တွေစတင်လာပြီဖြစ်သည်။
ရွာထိပ်ရှိလေးရွာ ကိုးကွယ်ရာ စေတီ တော်ကြီးအတွက် အစည်ကားဆုံး ပွဲတော်ကို လေးရွာကိုယ်စားပြုအဖြစ် ချောင်းကမ်းရွာတွင်သာ တာဝန်ယူကျင်းပ၏။
ယခုနှစ်အတွက် နာမည်အကြီးဆုံးဇာတ်ပွဲအပြင်
လောင်းကစားဝိုင်းများကိုလည်း ထည့်သွင်းလက်ခံခဲ့သည်။
ခါတိုင်းပွဲတော်နေ့တို့တွင် လောင်းကစားဝိုင်းများအားလက်မခံခဲ့ပေမဲ့ ယခုနှစ်တွင် ရွာရှိကာလသားများတောင်းဆိုမူ့ကြောင့် ပထမဦးဆုံးအကြိမ်လက်ခံပေးဖြစ်ခဲ့သည်။

ထို့အပြင် ရွာအတွက် တိမ်လွှာကန်ပြုပြင်ရေးခေါင်းစဉ်ဖြင့် ရွာကြေးမြောက်များစွာလည်း ထောက်ပံ့ပေးခဲ့သည်ကြောင့်လည်းပါလေသည်။

လောင်းကစားဟူသည်  ကစားသူသာ အများဆုံး ရှုံးလေ့ရှိပြီး ဒိုင်ကတော့ ချမ်းသာနိုင်သည်။
ထို့ကြောင့် ရွာရန်ပုံ‌ငွေများစွာကို လောင်းကစားဒိုင်များ
အနှမြောမရှိကြခြင်းဖြစ်၏။
ရွာအနေနဲ့ကတော့ လက်လုပ်မှ ပါးစပ်စားရသူတွေပီပီ ငွေသောင်းချီ ထွက်ဖို့ခဲရင်းသည်။
လောင်းကစားဒိုင်သည် ရွာသူရွာသားတို့ထက်
မြို့ပေါ်မှ တရားဝင်ကစားခွင့်မရှိတဲ့ သူဌေးများအတွက်သာ ရည်စူးပြီးဖွင့်ချင်တာဖြစ်သည်။
ဆိုလိုတာက ရွာမှာ တရားဝင် ပွဲလမ်းအခွင့်အနေနဲ့
ဝိုင်းဖွင့်နိုင်လျှင် အနီးစပ်ဆုံးမြို့များမှ အပျင်းဖြေချင်နေသော ‌သူဌေးများစွာ လာရောက်ဆော့ကစားကြမှာဖြစ်သည်။

ထို့အတွက် လေးရွာ အစည်းအဝေးပွဲကို သူကြီးများစုပေါင်း၍ ရန်ပုံငွေကြေးရှာသင့်မရှာသင့်အား တိုင်ပင်ဖြစ်ကြသည်။
ရွာစဉ်ပိုက်ဆံကောက်ဖို့အတွက်လည်း ယခုနှစ်မိုးက
လက်လုပ်လက်စားများကို ဝမ်းရေးဖျက်ခဲ့သည်မို့
အကြံကုန်နေချိန် ၊ အခွင့်သင့်သည်ဆိုရမည်လား။
မည်သို့ပင် ဆိုစေကာမူ ရွာသားများအား
အ ပျော်ကနေ အပျက်မဖြစ်ဖို့ တရားဝင် အစည်းအဝေးပွဲများထပ်မံကျင်းပပြီးသတိပေးစကားလည်း ဆိုခဲ့ပြီးသားပင်။

" သောင်းဆင့် နှစ်တိုင်းဘုရားပွဲက ခုလိုစည်သလား"

သွားလာမပြတ်စည်ကားနေသော ရွာလမ်းမကြီးအားကြည့်၍ဘွဲ့ဆူးမေးသည်  ။
လိမ်းခြယ်ဖီးသင်ထားတဲ့ အပျိုချောများအပြင်
ကာလသားများသည်လည်း ဝတ်စားဖို့ ကျန်နေမည်မဟုတ်။ ကော့ပြန်နေသော ပုဆိုးအသစ်များမှာ
သိမ်းဆည်းပါများလို့ ခေါက်ချိုးရာများက ထင်းခနဲ။
ဆီသထားသော ဆံပင် ၊ အာချီ အနည်းငယ်တို့ထားသော မျက်နှာထပ်မှာ ပြာတာတာအသားရည်က သနပ်ခါးပင်ဖုံးအုပ်ဖို့မတက်နိုင်စွာ ။
ချောင်းကမ်းဘေးရွာ အပါအဝင် ကျန်သုံးရွာရှိ လူပျိုအပျိုများလည်း ရောက်ရှိလာလေပြီ။
အထက်ပါပြောထားချက်အတိုင်း လူပျိုသိုးတို့သည် ညီမ ၊သို့မဟုတ် အမေတို့၏ လက်စွမ်းပြမူ့ဖြင့်
အာချီ မိတ်ကပ်ပြာတာတာကိုလိမ်း၍ သူ့တို့ရုပ်ရည်အား ထုတ်ဖော်ပြသကြသည်။

ခေတ်မမှီသော ရွာငယ်‌တို့မှာ ဒါသည်က အပြစ်ဟု မဆိုသာ။ ဘွဲ့ဆူးအမေးကို သောင်းဆင့်က အနည်းငယ်မျှဆိုင်းငင့်မနေပဲ ပြန်ဖြေသည်။

" လေးရွာလုံးမှာ ပွဲတော် ကျင်းပတာက လေးရွာစေတီတော် တစ်ဆူပဲရှိတယ်။
ပွဲငတ်နေကြတဲ့ရွာတွေဆိုတော့ ဒီနှစ်လိုပဲ ရိုးရာမပြတ်ဘူး စည်းကားဆဲပဲ။ ဟိုးမှာကြည့် ၊ အဲ့ဒါ သာဒင်မို့လား"

ယောပုဆိုးနီညိုရောင်နဲ့ သနပ်ခါးအပုံလိုက်က
သာဒင်မျက်နှာမှာအခန့်သား။

" အမယ် ၊ ဒီကောင့်မျက်နှာ ဒီနေ့ဖွေးနေသလိုပဲ "

" ဖွေးမှာပေါ့ ၊ သူ့အမေ မိတ်ကပ်တွေခိုးလိမ်းပြန်ပြီထင်တယ် "

" မိတ်ကပ်လိမ်းတယ် "

အံ့အားသင့်နေတဲ့ ဘွဲ့ဆူးမျက်နှာကိုကြည့်ကာ သောင်းဆင့် ရယ်ပါတော့၏။

" ဒါက ဒီလိုရှိတယ်ဗျ ။ ရွာထဲကကာလသားတွေက မြို့ပေါ်လို့ ခေတ်မမှီကြဘူးလေ၊ သူတို့လည်းယောကျာ်းလေးတွေဆိုပေမဲ့ လှချင်ကြတာထုံးစံပဲ။ ခုလိုပွဲနေ့မျိုးတွေဆိုရင် နေပူစပ်ခါးမှာ အလုပ်လို့ မဲနေတဲ့အသားတွေကို ဖွေးချင်ကြတယ်၊ ဖွေးအောင် လုပ်နိုင်တဲ့နည်းက အိမ်က အမတွေအမေတွေရဲ့ မိတ်ကပ်တွေကို ယူလိမ်းဖို့ပဲကျန်တော့တာ။
ပွဲနေ့ဆိုရင် သားရှင်ရှိတဲ့အိမ်တွေကိုသွားကြည်ချေ။
အမေတွေက သူတို့သားတွေကို ကလေးတစ်ယောက်လို့ ဆံပင်လှန်ပြီးရှယ်လိမ်းပေးတာဗျာ။ အသားရေကောင်းပြီး မိတ်ကပ်နည်းနည်းလိမ်းတဲ့သူဆို ကြည့်ကောင်းပေမဲ့ အသားမဲမဲကောင်ဆို သွားပြီ ဆရာ။
ပြာတာတာနဲ့ ကြည့်ရဆိုးချက်။ ဒါလည်း သူတို့ကိုသူတို့ ကြည့်ကောင်းတယ်ထင်ကြတာပဲ။ဘာပဲပြောပြောညမီးရောင်နဲ့ဆို မီးစားပြီး အပြင်မှာဘယ်လောက်မိတ်ကပ်ပြာပြာ ဇာတ်စင်အောက်ဆို အဲ့ကောင်မင်းသားပဲ ငြင်းမရဘူး။  "

သဘောတကျပင် ဘွဲ့ဆူးဟက်ဟက်ပက်ပက်ရယ်မောလိုက်မိသည်။ ချောင်းကမ်းရွာသားတွေ တကယ်
ချီးထုပ်တွေ။
မိတ်ကပ်ခံလိမ်းထားမည့်သောင်းဆင့်မျက်နှာအားဖျတ်ခနဲတွေးမိကာ ဘွဲ့ဆူးအရယ်မရပ်တော့။

ချစ်တဲ့အိမ်စည်။

ေညာင္းညာေနေသာ အေၾကာတို႔အား ခဏမ်ွ ဆန႔္တန္းကာ ေလ်ာ့လိုက္ၿပီးအိပ္ယာမွ သြက္လက္စြာသူထလိုက္သည္။
အခန္းထဲကထြက္ေတာ့ အိမ္ေရ႔ွဘုရားခန္းႏွင့္တြဲရက္
ဧၫ့္ခန္းရိွသည္။
ဖ်ာတစ္ခ်ပ္အျပင္ ျပတင္းေပါက္နားမွာ ပိုလ်ံေနေသာ ေနာက္မွီပါေသာ ခံုေလးတစ္လံုး။
ထိုခံုမွာ သူတစ္ေယာက္ပဲ အၿမဲထိုင္ျဖစ္သည္။
ေသာင္းဆင့္က ဘယ္ေတာ့မွ မထိုင္။ ထိုင္ျပန္ရင္လည္း သူ‌ ေျခေထာက္နားမွာသာ။

" အေပၚထိုင္ပါလား" လို႔ေမးလည္း ေသာင္းဆင့္က
မသိခ်င္ေယာင္ေဆာင္၏။
အၿမဲအေလ်ာ့ေပးတက္သူမို႔ စိတ္ထဲ ေသာင္းဆင့္အား မေက်နပ္သမ်ွ ျမဴမႈန္ေတြလို လႊင့္ပါးခဲ့ရတာၾကာခဲ့ၿပီျဖစ္သည္။  ေသာင္းဆင့္က သူ႔နဲ႔သာ အတူေန ၊ဘာ
လုပ္လုပ္ အၿပံဳးမပ်က္တဲ့လူမ်ိဳး။
ရိုက္ရိုက္ႏွက္ႏွက္ စိတ္ဆိုးျခင္းလည္းမရိွသလို
သူသေဘာက်တဲ့အရက္ေတာင္မွ ကိုယ္စိတ္ညစ္မွာစိုးလို႔ မသိမသာ ျဖတ္ေပးေနတာျဖစ္၏။
ထိုေကာင္းကြက္ေတြက သူ႔ဘဝကို အတင္းညစ္ပက္ယူထားတဲ့ သူအေပၚေျပလည္စရာမရိွေပမဲ့
ေသာင္းဆင့္ေစတနာ ေမတၲာက
‌ဘြဲ႔ဆူး၏ မုန္းတီးမူ႔အား အလြယ္တကူ ေျခဖ်က္ႏိုင္ခဲ့သည္။

" ေသာင္းဆင့္ "

ဘြဲ႔ဆူးေအာ္သံေၾကာင့္ ေသာင္းဆင့္က အဝတ္ေတြလွမ္းေနရာမွ ေမာ့ၾကၫ့္သည္။
ၿခံထဲတြင္ ႏွင္းဆီပင္ေတြသည္ အခ်ိန္ၾကာျမင့္စြာ
ေရဝင္မူ႔ေၾကာင့္ ပင္စည္ေတြသည္ႏြံေတြကပ္ကာ
အသက္ရွင္ဖို႔ မနည္းရုန္းကန္ေနတဲ့ ပံုသ႑ာန္ ျဖစ္ေနသည္။
အနိမ့္ပိုင္းရြာမို႔ မိုးေရတက္သည္ႏွင့္ ဒူးအထက္နားထိ ေရာက္ခဲ့ၿပီး သံုးေလးရက္ေလာက္ ေနပူၿပီးမွာေတာ့ျပန္လည္ေျခာက္ေသြ့လုလုျဖစ္ခဲ့၏။ 

" ငါ့အဝတ္ေတြ မေလ်ွာ္နဲ႔လို႔ ေျပာထားတာကို "

" ခုႏွင္းဆီဘြဲ႔ဆူးေလးေနမွမေကာင္းတာကို ေသာင္းဆင့္က ဘယ္လိုၾကၫ့္ေနႏိုင္မွာလဲ"

ေတြ့လား ။ ေသာင္းဆင့္က ေမာင္ပိုစိန္။
မေက်မနပ္မ်က္ေစာင္းရြယ္မိေပမဲ့ ထပ္ၿပီးေတာ့ သူ
ဆက္မေျပာမိေတာ့။
ၿခံထဲရိွ အုန္းပင္ႏွင့္ ဗာဒံပင္စည္အား ႀကိဳးျဖင့္ သြယ္ထားသည္။ ထိုႀကိဳးတန္းေပၚမွာ ေသာင္းဆင့္က အဝတ္ေတြအား တဖုန္းဖုန္းခါၿပီးလွမ္းေန၏။
ေနေရာင္သည္ လြန္ခဲ့ေသာ ရက္မ်ားက ကြယ္ေပ်ာက္ေပးခဲ့ရလို႔လားမသိ စူးရွ ျပင္းျပစြာ ပူေလာင္ ေပးေနေလသည္။

" တစ္ရက္တစ္ရက္ ရြာမွာ‌ေနတာမို႔လို႔သာ အကုန္အက်နည္းတာ ။  ဝင္ေငြမရိွဘာမရိွနဲ႔ ။ မင္းအလုပ္လုပ္မွာလား။
ကိုယ္ထြက္လုပ္ရမွာလား "

မနက္စာ ထမင္းဝိုင္းကို အတူထိုင္ျဖစ္သည္ႏွင့္ ဘြဲ႔ဆူး  စေျပာလိုက္သည္။ ထမင္းအတြက္ကေတာ့ ‌ဆန္စက္ပိုင္ရွင္ေယာက္ခထီးရိွတာေၾကာင့္ ပူစရာနည္းနည္းမွမလို။ ႏွစ္ေယာက္ထဲမို႔ ဆန္တစ္ပိုင္းဆို ေအးေအးေဆးေဆးထိုင္စားရသည္။
အသီးအရြက္ေပါမ်ားတဲ့‌ ေဒသျဖစ္တာမို႔
ဘယ္အိမ္ဝင္ဝင္ အသီးအရြက္ကေတာ့ အလကားရသည္။
ထို႔ေၾကာင့္ ပိုက္ဆံကထင္သေလာက္မကုန္ေပမဲ့
ဝင္ေငြမရိွတာေၾကာင့္ တျခား ပိုပိုလိုလို သံုးစရာ‌ ေတာ့မရိွခဲ့။

" ညီေလးရွာမွာေပါ့ ။ ကိုႀကီးဘြဲ႔ဆူးက ေအးေဆးထိုင္စား"

" အေျပာေတြအတြက္ ေက်းဇူးတင္ပါတယ္ ။ေလာေလာဆယ္ဆယ္ေတာ့ ငန္ျပာရည္ေဖ်ာ္အသီးအရြက္အတို႔နဲ႔ပဲ အရင္စားလိုက္ပါ့မယ္။ မနက္ဖန္ ကိုယ္ ေတာထဲဝင္မယ္။ ဖိုးေထြးေျပာေနတာ မိႈေတြေပါက္ေနၿပီတဲ့ ။ ငါမိႈခ်က္စားခ်င္တယ္"

" ဘာလို႔ ခင္ဗ်ားကေတာဝင္ရမွာလဲ။ က်ဳပ္ပဲသြားမယ္ ခင္ဗ်ားေနခဲ့ "

ႏွင္းဆီဘြဲ႔ဆူးဆီက ေတာဝင္မယ္ဆိုတဲ့အသံၾကားေတာ့ စားေနတဲ့ထမင္းေတာင္မွ မ်ိဳမက်ခ်င္ေတာ့ေပ။
ဒီေယာက်ာ္းကို သူဘယ္ေလာက္ ျမတ္ႏိုးခဲ့ရသလဲဆိုတာ သူ႔ရင္ထဲမွာ သိမ္းဆည္းထားခဲ့တာ ဆယ္စုႏွစ္ မကေတာ့ဘူး။ ဘယ္သူမွမသိႏိုင္ေပမဲ့ သူကိုယ္သူသာ အသိဆံုးျဖစ္သည္။

သူ႔ႏႈတ္စကားေတြက ႏွင္းဆီဘြဲ႔ဆူးအေပၚမွာ ကေလးတစ္ေယာက္လို ဆိုးဆိုးႏြဲ႔ႏြဲ့ ေျပာခ်င္ရာေျပာေနတက္ေပမဲ့ ေခ်ာင္းကမ္းရြာမွာ ေသာင္းဆင့္ဆက္ႏိုင္ကို မေၾကာက္တဲ့သူ ဘယ္သူရိွမွာလဲ။
တစ္ရြာလံုးေအာ္ေၾကာလန္ ျဖစ္ေနတဲ့ေကာင္က
ႏွင္းဆီဘြဲ႔ဆူးေရ႔ွမွာ ခခယယလုပ္ေနတာ ဘာအေၾကာင္းရိွအံုးမွာလဲ။

ခ်စ္လို႔ေလ။
သူအမ်ားႀကီး အရႈံးမခံႏိုင္ေအာင္ခ်စ္လြန္းလို႔။

" ကိုယ္ကေလးမဟုတ္ဘူး၊ ကိုယ့္မွာ ကိုယ္ပိုင္ဆံုးျဖတ္ခ်က္ခ်ပိုင္ခြင့္ရိွတယ္"

" မရဘူး ၊ အိမ္မွာေနခဲ့ က်ဳပ္ခြင့္မျပဳႏိုင္ဘူး"

" ကိုယ္လိုက္မွာ ။ အိမ္မွာေနရတာပ်င္းတယ္"

အၿပိဳင္အဆိုင္မ်က္လံုးခ်င္းဆံုၾကၫ့္ေနသည္မွာ တစ္ေယာက္မွ အေလ်ာ့ေပးလိုဟန္မရိွ။ စူးစူးရဲရဲစိုက္ၾကၫ့္ၿပီး အေတာ္ၾကာမွာ ေသာင္းဆင့္သက္ျပင္းခ်ကာ ေခါင္းငံု႔ကာ ထမင္းဆက္စား၏။

ဘြဲ႔ဆူးမစားပဲ စားေနတဲ့ ထမင္းပန္းကန္ကို ေရ႔ွအနည္းငယ္တိုးကာ မစားပဲ ဆႏၵျပလိုက္၏။ ေသာင္းဆင့္ေမာ့မၾကၫ့္ပဲေျပာသည္။

" ႏွင္းဆီဘြဲ႔ဆူး မဆိုးနဲ႔ ၊ထမင္းကုန္ေအာင္စား"

" မစားဘူး။ ကိုယ္ေျပာၿပီးသားေနာ္။ လိုက္မွာဆိုလိုက္မွာပဲ၊  မင္းကိုယ့္ကို အမိန႔္ေပးစရာမလိုဘူး။
မင္းအခု မေခၚသြားရင္ မင္းမသိေအာင္ တျခားသူေတြနဲ႔လိုက္သြားမွာ "

ေျပာၿပီး ကိုယ္ကအရင္ဦးေအာင္ ထမင္းစားပြဲမွထသြားလိုက္သည္။ အရင္တုန္းကဆို သူက လူေတြနဲ႔ ေပါင္းသင္းဆက္ဆံေရးမွာေကာင္းသူျဖစ္ေကာင္းျဖစ္ႏိုင္ေပမည္။
စိတ္ထဲမပါတဲ့စကားေတြနဲ႔ ဟန္လုပ္ၿပီး လူေကာင္းသဖြယ္ ျပဳမူေကာင္းျပဳမူလိမ့္မည္။ သို႔ေသာ္
ယခုလိုေတာ့  သူ႔ႏႈတ္ခမ္းေတြကို ရြဲ႔ၿပီး စိတ္ဆိုးျဖစ္ခဲ့မွာေတာ့မဟုတ္။

ခ်က္ခ်င္းဆိုသလို ေသာင္းဆင့္ဆီမွ တားျမစ္သံထြက္လာ၏။

" ေနဦး "

ေျခသံတရွပ္ရွပ္က ‌ေနာက္ေက်ာနားေရာက္လာသည္ထိ ဘြဲ႔ဆူးလွၫ့္မၾကၫ့္။
ထို႔ေနာက္ လူရိပ္က ဘြဲ႔ဆူးမ်က္ႏွာအားထိေတြ့ေနေသာေနေရာင္အား ေက်ာျဖင့္ကာလိုက္၏။
အလင္းေရာင္သည္ ကြယ္ေပ်ာက္သြားသည္ႏွင့္ မ်က္စိေရ႔ွေရာက္လာတဲ့ ေသာင္းဆင့္က မေက်နပ္သၫ့္ႏွယ္ မ်က္ႏွာထားဆူတင္းလ်က္ စိုက္ၾကၫ့္လာသည္။

" မလိုက္ရဘူး "

" ေသာင္းဆင့္ !!"

အရင္ရက္ေတြက ေျပာင္ေခ်ာ္ေခ်ာ္ လုပ္ေနၾကရုပ္က
ခုဘာျဖစ္လို႔ ေသြးေအးရက္စက္သၫ့္အသြင္ျဖစ္ေနရတာလဲ။ ကိုယ္ေျပာသမ်ွၿပီးေနတဲ့လူက ခုလို
ကလန္ကဆန္လုပ္ေနေတာ့ စိတ္ကပိုပိုၿပီးတိုလာရ၏။

" လိုက္ခ်င္လား "

" လိုက္မွာလို႔ မင္းကို ေျပာေနတာ ဘယ္ႏွစ္ခြန္းလဲ "

" က်စ္!! ဒါဆို နမ္း "

" ဘာေျပာလိုက္တာ "

နားထဲ ဘာေျပာလိုက္မွန္းမသိေတာ့ မ်က္ေမွာင္တြန႔္ကာ ျပန္ေမးသည္။ ေသာင္းဆင့္ကခပ္တည္တည္သာ ရိွေနသည္။ လက္ကိုပိုက္ကာ ေဘးနံရံပ်ဉ္ခ်ပ္အား အနည္းငယ္ေစာင္းကာ မွီထားသည္။

" လိုက္ခ်င္နမ္းလို႔ေျပာေနတာ ။ မၾကားရဘူးလားထပ္ေျပာမယ္။ လိုက္ခ်င္ ပါးကို လာနမ္း "

ရွက္ရမၫ့္အစား ရုပ္တည္ႀကီးနဲ႔ ခုလိုစကားေတြေျပာထြက္တက္သူကို ရယ္ခ်င္လာသည္။ ေစာပိုင္းနဲ႔မတူစြာ ေလထုကေနြးေထြးလာသလိုလို။
ဘြဲ႔ဆူးေနာက္ဆံုးေတာ့ မထိန္းႏိုင္ေတာ့ေပ။

" ဟက္ ! ေသာင္းဆင့္ မင္းဘယ္လိုေကာင္လဲ "

ေသာင္းဆင့္ ေခါင္းကိုဆတ္၍ ခပ္တည္တည္ပဲျပန္ေျဖ၏။

" ခင္ဗ်ားရဲ့ ေသာင္းဆင့္ေလ "

ဘြဲ႔ဆူးမ်က္ႏွာ ရဲခနဲျဖစ္သြား၏။
အေၾကာင္းမွာ ေျဖၿပီးသည္ႏွင့္ ေသာင္းဆင့္က
ေမးဖ်ားအား ငံု႔နမ္းလိုက္တာေၾကာင့္ျဖစ္သည္။
ပြတ္ရွပ္သြားေသာ ႏွာေခါင္းဖ်ားက ဘြဲ႔ဆူႏႈတ္ခမ္းေထာင့္နားေလးမွာ က်ီဆယ္သြားတာမ်ား ထိထိမိမိႏိုင္လွ၏။

_________

ေအးခနဲ ၊စိမ့္ခနဲ အရသာက ေတာစပ္ဝင္လိုက္တာနဲ႔ ခံစာမူ႔က သိသာစြာ။
ေသာင္းဆင့္ကဓားတစ္ေခ်ာင္းႏွင့္ေရ႔ွကေနခပ္စိုက္စိုက္သြားေနေပမဲ့ ဘြဲ႔ဆူးကေတာ့ပတ္ဝန္းက်င္အား ေငးေမာမျပတ္။

" ဟိုးမွာ သစ္ခြပန္းေတြ "

ဘြဲ႔းဆူးလက္ညိုးထိုးျပတဲ့ေနရာက အပင္ႀကီး၏ ဂြၾကားေနရာမွာ ပြင့္ေနတဲ့ နီညိုေရာင္သစ္ခြပန္းေတြ။
ပြင့္ေနတာမ်ား အံုလိုက္အခက္လိုက္။ ေတာေတာင္ေရေျမ၊သစ္ႀကီးဝါးႀကီးမ်ား ေကာင္းလြန္းတာမို႔
သစ္ခြ၊ ယင္းမာ၊ ေတာစံပါယ္၊ သဇင္ ၊ စသၫ့္ အပင္မ်ားမွာ ထူးထူးျခားျခားေပါမ်ားလြန္းသည္။

" ရခ်င္လို႔လား" ဟု ေသာင္းဆင့္ကလွၫ့္မၾကၫ့္ပဲေမးလာ၏။အပင္၏အျမင့္မွာ အနည္းငယ္ျမင့္သည္ေၾကာင့္ သူေခါင္းရမ္းမိသည္။

" အျပန္မွေပါ့၊ ကိုယ္တို႔အိမ္မွာ ႏွင္းဆီေတြအျပင္ တျခားဘာပန္းမွ ရိွတာမွမဟုတ္ဘူး၊ ကိုယ္က ပန္းဆို
စံပယ္ ၊သစ္ခြ ၊ကံေကာ္ အဲ့လိုပန္းေတြကိုပိုႀကိဳက္တယ္"

" ႏွင္းဆီပန္းက ဒီေလာက္လွေနတာကို။ က်ဳပ္ကေတာ့ လူႏွင္းဆီေရာ၊ ပန္းႏွင္းဆီေရာ ႀကိဳက္တယ္။ လူႏွင္းဆီကိုေတာ့ အႀကိဳက္ဆံုးေပါ့ဗ်ာ "

ဖလစ္တစ္တစ္အေျပာကို ၾကားေတာ့ ႏွင္းဆီဘြဲ႔ဆူးမွာ စိတ္ဆိုးရခက္ခက္။
ဒီေကာင္ ထထေဖာက္တက္တဲ့ အက်င့္ကိုဘယ္လိုျပဳျပင္ေပးရမလဲ။ ၿပီးေတာ့ေသာင္းဆင့္ကစိတ္မမွန္။
ခု မ်က္ႏွာေျပာင္ၿပီး စေနွာက္ခ်င္စေနွာက္ေနမယ္၊ေတာ္ၾကာ ေသာက္ခြက္ေလးက တမ်ိဳးေျပာင္းၿပီး ဆူဆူပူပူ လုပ္ခ်င္လုပ္မယ္။ တကယ္ေပါင္းသင္းမရတဲ့ဆယ့္ႏွစ္မ်ိဳးဂ်င္းသုပ္ ျဖစ္သည္။

ျမက္ခင္းျပင္ေတြသည္ နင္းေလ်ွာက္ပါမ်ားလို႔ လူသြားလမ္းသဖြယ္ အလယ္မွာရွင္းကာ မေပါက္ႏိုင္ရွာေပ။ထိုလမ္းေပၚမွာ ေသာင္းဆင့္ကေရ႔ွကသြားေနၿပီးေနာက္ပါးမွာ ဘြဲ႔ဆူးက ကပ္၍ပါလာသည္။
ဟိုးေငးသည္ေငးေၾကာင့္ တစ္ခါတစ္ခါ ေသာင္းဆင့္က ရပ္ေစာင့္ေပးရၿပီး အနားေရာက္လာသည္ထိ စိတ္မရွည္စြာ ျမန္ျမန္လာဟုတစ္ခြန္းမေျပာ။ ထို႔အစား
ဘြဲ႔ဆူးေက်နပ္ေအာင္ ၾကၫ့္ရႈ႔ၿပီးသည္အထိေစာင့္ေပးသည္။

" ေသာင္းဆင့္ဘယ္ထိသြားမွာလဲ "

" ေရာက္ေတာ့မွာ၊ႏွစ္တိုင္း က်ဳပ္သြားတူးေနက်မိႈကြၽင္းရိွတယ္၊ ငွက္စြန႔္မိႈ ကိုႀကိဳက္တယ္မို႔လား။ စားလို႔ရတဲ့ မိႈေတြထဲမွာ ငွက္စြန႔္မိႈက ၾကက္သားနဲ႔ေတာင္မလဲႏိုင္ဘူးတဲ့ "

တစ္ေနရာေရာက္ေတာ့ ေသာင္းဆင့္က ပိတ္ေနတဲ့ ၿခံဳကိုဓားနဲ႔ၿဖဲလိုက္သည္။ လူသြားလမ္းေပၚလာတဲ့အခါ ဘြဲ႔ဆူးကို လက္လွမ္းေပးလာ၏။
ေသာင္းဆင့္ဝင္လိုက္တဲ့ေနရာမွ အနည္းငယ္နိမ့္ဆင္းသြားၿပီး တျဖည္းျဖည္းလ်ိႈေျမာင္းသဖြယ္ ေအာက္မွာ  က်ဉ္းေသာ လမ္းတစ္ခုေပၚလာသည္။

စမ္းေရသဖြယ္ ၾကည္လင္ေသာ ေရပါးပါး သည္ သဲေျမေပၚမွာ ျဖတ္စီးေနသည္မို႔ သူတို႔ႏွစ္ေယာက္လံုးထိုအေပၚမွနင္းေလ်ွာက္ကာသြားရ၏။

" ဒီေနရာကေရက သူ႔ဘာသာ ထြက္တဲ့ စိမ္းစမ္းကလာတာ ။ ေလးရြာေတာႀကီးထဲမွာ ခင္ဗ်ားမျမင္ဖူးေသးတဲ့ အလွတရား၊တန္ဖိုးမျဖတ္ႏိုင္တာေတြအမ်ားရိွတယ္၊ ဥပမာ ၊ဒီေတာတာင္အတြင္း သဘာဝအတိုင္းေရႊထြက္တာမ်ိဳးေပါ့ "

" ေရႊထြက္တယ္ "

"အင္း"

ထပ္မံ၍ ေမးလာတဲ့စကားကို ေသာင္းဆင့္က ခပ္ေအးေအးေျဖေပးသည္။
မၾကာခင္အတြင္းမွ တြဲခဲ့ေသာ လက္တစ္စံုသည္ျဖဳတ္ခ်ဖို႔ေမ့ေလ်ာ့ကာ ၿမဲျမဲတြဲလ်က္ရိွေနေသးသည္။

" သာဒင့္ရဲ့အေဖ ဦးျမၾကီးက ေလးရြာေတာထဲမွာ ေရႊရွာတက္တယ္တယ္။ သာဒင္အိမ္ဟိုတစ္ခါသြားတုန္းက ခင္ဗ်ားမွတ္မိလား၊ နံရံမွာခ်ိတ္ထားတဲ့ အင္ခြက္ကေလးေလ "

ဘြဲ႔ဆူးမွတ္မိေၾကာင္းေျပာသည္။
သာဒင္တို႔အိမ္ကို ေသာင္းဆင့္နဲ႔ တစ္ခါသြာဖူးသည္။
ထို႔ေန့က ဦးျမၾကီး တစ္ေယာက္ ႏွီးျခင္းလြယ္ကာ
အင္းဝိုင္း တစ္ခုနဲ႔ျပန္လာသည္။
ထိုအရာသည္ သစ္သားျပားကို အလယ္မွာ ခြက္ေအာင္ ထြင္းထုထားျခင္းျဖစ္သည္။
သစ္သားနံရံကို ပါးသည္အထိ အေခ်ာသတ္ထားတာေၾကာင့္ ကိုင္ရသည္မွာ ေပါ့ပါးသည္။

" အဲ့အင္ခြက္နဲ႔ ေရႊပါတဲ့ ေျမကို လွၫ့္ယူရတယ္ ၊
အင္ခြက္ထဲမွာ ေရႊမႈံေလးေတြ စုဝင္ေအာင္ အလယ္တၫ့္တၫ့္ကို ခြက္ေအာင္ လူေတြေသခ်ာလုပ္ရသလို ေရႊလွၫ့္တဲ့အခါမွာလဲ လွၫ့္တက္ရင္လွၫ့္တက္သလို ေရႊက ဘယ္မျွပတ္မက်ပဲ အဲ့အလယ္မွာ စုေနတက္တယ္"

" ခုမွ ၾကားဖူးတာပဲ ။ ေတာ္ေတာ္မ်ားမ်ားေရႊတူးသြားၾကလား၊ ကိုယ္ျဖင့္ ‌ရြာေရာက္တာ ဘယ္ေလာက္ၾကာၿပီလဲ။ ဒီအေၾကာင္းေတြတစ္ခါမွမၾကားဖူးဘူး "

" မၾကားဖူးဆို ၊ ေရႊမလွၫ့္တက္တာေရာ၊ ဘယ္သူမွ ထူးထူးျခားျခား ေရႊမွမေတြ့ ဖူးတာ‌ ၊အခ်ိန္ကုန္ခံၿပီး ဘယ္သူမွ လိုက္မရွာၾကဘူး"

" မင္းေရာ လိုက္ရွာဖူးလား "

လမ္းေလ်ွာက္ေနတဲ့ ေသာင္းဆင့္သည္ တစ္ေနရာမွာ ေျခစံု‌ရပ္သြားသည္။ ထိုေနရာမွာ ေရမရိွသလို
စိုစက္မူ႔လည္းမရိွ။
စကားတေျပာေျပာနဲ႔မို႔ ဘယ္ေရာက္ေနသလဲဘြဲ႔ဆူးခ်က္ျခင္းမသိ။
ေသာင္းဆင့္ရပ္လိုက္ေတာ့ အရိွန္မထိန္းႏိုင္ပဲ ဆုပ္ကိုင္ထားဆဲလက္က တင္းခနဲျဖစ္သြား၏။
ထိုအခါမွရွက္ရမွန္းသိတာျဖစ္သည္။
သို႔ေသာ္ၾကာၾကာမခံလိုက္ေပ။
အေၾကာင္းမွာ အပင္ေအာက္တြင္ တိုးထြက္ေနေသာ
ဖ်ာတစ္ခ်ပ္မကေသာ မိႈခင္းေၾကာင့္ျဖစ္သည္။

" ေသာင္း..ေသာင္းဆင့္ "

" မိႈခ်က္စားခ်င္တယ္ဆို၊ ေသာင္းဆင့္ ကိုပဲ လင္ေတာ္ထား၊ ခင္ဗ်ား လိုသေလာက္ရေစရမယ္ ႏွင္းဆီဘြဲ႔ဆူး "

ေတာင္အႏွံ႔ ေသာင္းဆင့္၏အသံက ပဲ့တင္သံလို လိႈင္းခတ္သြားလ်က္။
ဘြဲ႔ဆူး မိႈရလိုက္လို႔လားမသိ ၊ ရင္ခုန္သံ တခ်က္ခ်က္တိုးလာရသည္။

" ညီေလးေတာ္တယ္မို႔လား ကိုႀကီးဘြဲ႔ဆူး "

ခ်က္ခ်င္းေျပာင္းလဲသြားေသာမ်က္ႏွာႏွင့္အတူ
ေသာင္းဆင့္ပံုစံက ကေလးတစ္ေယာက္လို မ်က္ခံုးပင့္ကာ ဂုဏ္ယူဝင့္ႂကြားေနဟန္။
ဘြဲ႔ဆူး အမ်ိဳးမ်ိဳးေျပာင္းလဲတက္ေသာေကာင္အားမ်က္ေစာင္းထိုးကာ  ေျပာလိုက္သည္။

" ဘာညီေလးလဲ ၊ ရုပ္ၾကမ္းႀကီးနဲ႔ လာမေျပာနဲ႔ မေန့ကတည္းက ကိုယ့္ကိုေအာ္ဟစ္ေနၿပီးေတာ့၊ဒါမ်ိဳးေျပာရံုနဲ႔စိတ္ေျပမယ္ထင္လား။ ကိုင္ထားတဲ့လက္ကိုဖယ္လိုက္၊ မိွန္းၿပီးအသားယူမေနနဲ႔  "

ဆတ္ခနဲခါထုတ္ပစ္လိုက္ေတာ့ ေသာင္းဆင့္ပံုစံက အႀကိဳက္ဆံုး အရက္ကို လြင့္ပစ္လိုက္ရသလို မ်က္လံုးျပဴးမ်က္ဆံျပဴးနဲ႔ မမွီမကမ္း အတင္းလိုက္ဖမ္းေနေသးသည္။ ဘြဲ႔ဆူးကသူ႔လက္ကိုအကိုင္မခံေပ။
ေနာက္ကိုဖြက္ထားေတာ့ဇြတ္လုပ္ကာ လက္ေတြအား အတင္းဆုပ္ကိုင္သည္။

" မေျပာေတာ့ဘူး။ မေျပာေတာ့ဘူးလို႔ "

" ဘာကိုမေျပာတာလဲ"

" ေအာ္ၿပီး မေျပာေတာ့ဘူး စိတ္လည္းမဆိုးေတာ့ဘူး"

" က်န္ေသးတယ္။ မင္းေသာက္ခြက္ကို ခပ္တည္တည္ႀကီးမလုပ္နဲ႔ "

" အင္း.. အင္း သိၿပီ၊ညီေလးနားလည္ၿပီ "

ေျပာၿပီးေသာင္းဆင့္က ဘြဲ႔ဆူးလက္ကိုငံု႔နမ္းလိုက္၏။ 
ေလးရြာေတာႏွင့္ တန္ဖိုးႀကီး မိႈခင္းသည္ အေရးမႀကီးေတာ့။

___________

မိုးကုန္ၿပီမို႔  ပြဲလမ္းသဘင္‌ ေတြစတင္လာၿပီျဖစ္သည္။
ရြာထိပ္ရိွေလးရြာ ကိုးကြယ္ရာ ေစတီ ေတာ္ႀကီးအတြက္ အစည္ကားဆံုး ပြဲေတာ္ကို ေလးရြာကိုယ္စားျပဳအျဖစ္ ေခ်ာင္းကမ္းရြာတြင္သာ တာဝန္ယူက်င္းပ၏။
ယခုႏွစ္အတြက္ နာမည္အႀကီးဆံုးဇာတ္ပြဲအျပင္
ေလာင္းကစားဝိုင္းမ်ားကိုလည္း ထၫ့္သြင္းလက္ခံခဲ့သည္။
ခါတိုင္းပြဲေတာ္ေန့တို႔တြင္ ေလာင္းကစားဝိုင္းမ်ားအားလက္မခံခဲ့ေပမဲ့ ယခုႏွစ္တြင္ ရြာရိွကာလသားမ်ားေတာင္းဆိုမူ႔ေၾကာင့္ ပထမဦးဆံုးအႀကိမ္လက္ခံေပးျဖစ္ခဲ့သည္။

ထို႔အျပင္ ရြာအတြက္ တိမ္လႊာကန္ျပဳျပင္ေရးေခါင္းစဉ္ျဖင့္ ရြာေၾကးေျမာက္မ်ားစြာလည္း ေထာက္ပံ့ေပးခဲ့သည္ေၾကာင့္လည္းပါေလသည္။

ေလာင္းကစားဟူသည္  ကစားသူသာ အမ်ားဆံုး ရႈံးေလ့ရိွၿပီး ဒိုင္ကေတာ့ ခ်မ္းသာႏိုင္သည္။
ထို႔ေၾကာင့္ ရြာရန္ပံု‌ေငြမ်ားစြာကို ေလာင္းကစားဒိုင္မ်ား
အႏွေျမာမရိွၾကျခင္းျဖစ္၏။
ရြာအေနနဲ႔ကေတာ့ လက္လုပ္မွ ပါးစပ္စားရသူေတြပီပီ ေငြေသာင္းခ်ီ ထြက္ဖို႔ခဲရင္းသည္။
ေလာင္းကစားဒိုင္သည္ ရြာသူရြာသားတို႔ထက္
ၿမိဳ႔ေပၚမွ တရားဝင္ကစားခြင့္မရိွတဲ့ သူေဌးမ်ားအတြက္သာ ရည္စူးၿပီးဖြင့္ခ်င္တာျဖစ္သည္။
ဆိုလိုတာက ရြာမွာ တရားဝင္ ပြဲလမ္းအခြင့္အေနနဲ႔
ဝိုင္းဖြင့္ႏိုင္လ်ွင္ အနီးစပ္ဆံုးၿမိဳ႔မ်ားမွ အပ်င္းေျဖခ်င္ေနေသာ ‌သူေဌးမ်ားစြာ လာေရာက္ေဆာ့ကစားၾကမွာျဖစ္သည္။

ထို႔အတြက္ ေလးရြာ အစည္းအေဝးပြဲကို သူႀကီးမ်ားစုေပါင္း၍ ရန္ပံုေငြေၾကးရွာသင့္မရွာသင့္အား တိုင္ပင္ျဖစ္ၾကသည္။
ရြာစဉ္ပိုက္ဆံေကာက္ဖို႔အတြက္လည္း ယခုႏွစ္မိုးက
လက္လုပ္လက္စားမ်ားကို ဝမ္းေရးဖ်က္ခဲ့သည္မို႔
အႀကံကုန္ေနခ်ိန္ ၊ အခြင့္သင့္သည္ဆိုရမည္လား။
မည္သို႔ပင္ ဆိုေစကာမူ ရြာသားမ်ားအား
အ ေပ်ာ္ကေန အပ်က္မျဖစ္ဖို႔ တရားဝင္ အစည္းအေဝးပြဲမ်ားထပ္မံက်င္းပၿပီးသတိေပးစကားလည္း ဆိုခဲ့ၿပီးသားပင္။

" ေသာင္းဆင့္ ႏွစ္တိုင္းဘုရားပြဲက ခုလိုစည္သလား"

သြားလာမျပတ္စည္ကားေနေသာ ရြာလမ္းမႀကီးအားၾကၫ့္၍ဘြဲ႔ဆူးေမးသည္  ။
လိမ္းျခယ္ဖီးသင္ထားတဲ့ အပ်ိဳေခ်ာမ်ားအျပင္
ကာလသားမ်ားသည္လည္း ဝတ္စားဖို႔ က်န္ေနမည္မဟုတ္။ ေကာ့ျပန္ေနေသာ ပုဆိုးအသစ္မ်ားမွာ
သိမ္းဆည္းပါမ်ားလို႔ ေခါက္ခ်ိဳးရာမ်ားက ထင္းခနဲ။
ဆီသထားေသာ ဆံပင္ ၊ အာခ်ီ အနည္းငယ္တို႔ထားေသာ မ်က္ႏွာထပ္မွာ ျပာတာတာအသားရည္က သနပ္ခါးပင္ဖံုးအုပ္ဖို႔မတက္ႏိုင္စြာ ။
ေခ်ာင္းကမ္းေဘးရြာ အပါအဝင္ က်န္သံုးရြာရိွ လူပ်ိဳအပ်ိဳမ်ားလည္း ေရာက္ရိွလာေလၿပီ။
အထက္ပါေျပာထားခ်က္အတိုင္း လူပ်ိဳသိုးတို႔သည္ ညီမ ၊သို႔မဟုတ္ အေမတို႔၏ လက္စြမ္းျပမူ႔ျဖင့္
အာခ်ီ မိတ္ကပ္ျပာတာတာကိုလိမ္း၍ သူ႔တို႔ရုပ္ရည္အား ထုတ္ေဖာ္ျပသၾကသည္။

ေခတ္မမွီေသာ ရြာငယ္‌တို႔မွာ ဒါသည္က အျပစ္ဟု မဆိုသာ။ ဘြဲ႔ဆူးအေမးကို ေသာင္းဆင့္က အနည္းငယ္မ်ွဆိုင္းငင့္မေနပဲ ျပန္ေျဖသည္။

" ေလးရြာလံုးမွာ ပြဲေတာ္ က်င္းပတာက ေလးရြာေစတီေတာ္ တစ္ဆူပဲရိွတယ္။
ပြဲငတ္ေနၾကတဲ့ရြာေတြဆိုေတာ့ ဒီႏွစ္လိုပဲ ရိုးရာမျပတ္ဘူး စည္းကားဆဲပဲ။ ဟိုးမွာၾကၫ့္ ၊ အဲ့ဒါ သာဒင္မို႔လား"

ေယာပုဆိုးနီညိုေရာင္နဲ႔ သနပ္ခါးအပံုလိုက္က
သာဒင္မ်က္ႏွာမွာအခန႔္သား။

" အမယ္ ၊ ဒီေကာင့္မ်က္ႏွာ ဒီေန့ေဖြးေနသလိုပဲ "

" ေဖြးမွာေပါ့ ၊ သူ႔အေမ မိတ္ကပ္ေတြခိုးလိမ္းျပန္ၿပီထင္တယ္ "

" မိတ္ကပ္လိမ္းတယ္ "

အံ့အားသင့္ေနတဲ့ ဘြဲ႔ဆူးမ်က္ႏွာကိုၾကၫ့္ကာ ေသာင္းဆင့္ ရယ္ပါေတာ့၏။

" ဒါက ဒီလိုရိွတယ္ဗ် ။ ရြာထဲကကာလသားေတြက ၿမိဳ႔ေပၚလို႔ ေခတ္မမွီၾကဘူးေလ၊ သူတို႔လည္းေယာက်ာ္းေလးေတြဆိုေပမဲ့ လွခ်င္ၾကတာထံုးစံပဲ။ ခုလိုပြဲေန့မ်ိဳးေတြဆိုရင္ ေနပူစပ္ခါးမွာ အလုပ္လို႔ မဲေနတဲ့အသားေတြကို ေဖြးခ်င္ၾကတယ္၊ ေဖြးေအာင္ လုပ္ႏိုင္တဲ့နည္းက အိမ္က အမေတြအေမေတြရဲ့ မိတ္ကပ္ေတြကို ယူလိမ္းဖို႔ပဲက်န္ေတာ့တာ။
ပြဲေန့ဆိုရင္ သားရွင္ရိွတဲ့အိမ္ေတြကိုသြားၾကည္ေခ်။
အေမေတြက သူတို႔သားေတြကို ကေလးတစ္ေယာက္လို႔ ဆံပင္လွန္ၿပီးရွယ္လိမ္းေပးတာဗ်ာ။ အသားေရေကာင္းၿပီး မိတ္ကပ္နည္းနည္းလိမ္းတဲ့သူဆို ၾကၫ့္ေကာင္းေပမဲ့ အသားမဲမဲေကာင္ဆို သြားၿပီ ဆရာ။
ျပာတာတာနဲ႔ ၾကၫ့္ရဆိုးခ်က္။ ဒါလည္း သူတို႔ကိုသူတို႔ ၾကၫ့္ေကာင္းတယ္ထင္ၾကတာပဲ။ဘာပဲေျပာေျပာညမီးေရာင္နဲ႔ဆို မီးစားၿပီး အျပင္မွာဘယ္ေလာက္မိတ္ကပ္ျပာျပာ ဇာတ္စင္ေအာက္ဆို အဲ့ေကာင္မင္းသားပဲ ျငင္းမရဘူး။  "

သေဘာတက်ပင္ ဘြဲ႔ဆူးဟက္ဟက္ပက္ပက္ရယ္ေမာလိုက္မိသည္။ ေခ်ာင္းကမ္းရြာသားေတြ တကယ္
ခ်ီးထုပ္ေတြ။
မိတ္ကပ္ခံလိမ္းထားမၫ့္ေသာင္းဆင့္မ်က္ႏွာအားဖ်တ္ခနဲေတြးမိကာ ဘြဲ႔ဆူးအရယ္မရပ္ေတာ့။

ခ်စ္တဲ့အိမ္စည္။

Bạn đang đọc truyện trên: ZingTruyen.Xyz