ZingTruyen.Xyz

အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)

🚫

eainsi23

"အြန္း...ခဏ ...ခဏေလး ေကာင္းခ်ီ"

သက္ပံု အသက္ကိုအျမန္ရွဴဖို ့ေကာင္းခ်ီမ်က္နွာကို လက္နွစ္ဖက္နဲ ့ညွစ္ဖမ္းထားလိုက္သည္။
ဒီေယာက်ာ္း ဘာလို ့အခ်ိန္ႀကာႀကီး အသက္မရွဴ စတမ္းနမ္းနိုင္ရတာလဲ။

"ဘာျဖစ္တာလဲ ခင္ဗ်ားရယ္ ။ ဒီမွာ နမ္းေနတုန္းေလ "

ေကာင္းခ်ီပံုစံက အခ်ိန္ေကာင္းမွ
ရပ္တန္ ့ခံလိုက္ရ၍ အီလည္လည္ျဖစ္ေန၏။
သက္ပံုခမ်ာလဲ ပါးနွစ္ဖက္ကိုထိန္း
ကိုင္ထားတဲ့ ေကာင္းခ်ီပါးကိုလႊတ္မေပးရဲေသး။

"မဟုတ္ဘူး။ မင္းေရအရင္သြားခ်ိဳးအုန္း။
ေခ်ြးေစာ္နံ ့တယ္။ "

"မခ်ိဳးခ်င္ဘူး။ တရက္တေလ အနံ ခံလိုက္ပါဗ်ာ။ ခင္ဗ်ားေယာက်ာ္းပဲေလ"

ေကာင္းခ်ီ သူနမ္းထားလို ့ရဲေနတဲ့နွဳတ္ခမ္းေလးကိုႀကည့္ပီး ေခ်ာ့ေမာ့ကာ
သက္ပံုကိုေျပာလိုက္သည္။
အခ်ိန္ေကာင္းႀကီးမွာ တားစီးခံလိုက္ရတဲ့
ခံစားခ်က္က အေတာ္ဆိုးတာပဲ။

"အာ...မရဘူး ေရအရင္သြားခ်ိဳး ...အြန္ ့"

စကားေလးေတာင္ဆံုးေအာင္မေျပာလိုက္ရပါ။
သက္ပံုနွဳတ္ခမ္း က မ်က္နွာမွာမရွိေတာ့သလိုပဲ အႀကမ္းပတမ္းဆြဲယူနမ္းရွဳိက္ခံလိုက္ရတာမ်ား။
ေကာင္းစင္သန္ ့ခ်ီ အေတာ္ေလး ျဖစ္ေနတယ္ေပါ့...ဟုတ္လား။
တခါမွ ခုလို ေသြးႀကြေနတာမျမင္ဘူးတဲ့ သက္ပံု တစ္ေယာက္ လူမိုက္ျပံဳးေလးျပံဳးမိသြား၏။

ကေလးက ကစားခ်င္ေတာ့လဲ အတူကစားေပးရတာေပါ့ေလ။

ေကာင္းခ်ီ သေဘာက်လုပ္ေဆာင္ေနတာကို မ်က္လံုးေလးေမွးပီးမသိမသာဖြင့္ႀကည့္လိုက္တယ္။
နမ္းေနလိုက္တာမ်ား တနွစ္နီးပါးအတူေနခဲ့တဲ့ေယာက်ာ္းေရာဟုတ္ေသးရဲ့လားေတာင္ ေတြးမိတယ္။
အသာေလး ေကာင္းခ်ီ နွဳတ္ခမ္းေတြကို ျပန္ဖမ္းနမ္းလိုက္ေတာ့ လွဳပ္ရွားမူ ့ကအနည္းငယ္ တုန္ ့ေနွးသြားတယ္။

ရယ္ခ်င္စိတ္ကို မနည္းထိန္းထားရတယ္။
ေကာင္းခ်ီက သူနမ္းေနရင္ျငိမ္ခံေနမွႀကိဳက္တာ ။
မဟုတ္ရင္ သူဆက္မနမ္းတက္ေတာ့ဘူး။

သံုးနွစ္နဲ ့သံုးလ ပိုစားခဲ့တဲ့ ထမင္းအေရအတြက္ေႀကာင့္ ေကာင္းခ်ီကိုဘယ္လိုကစားရမလဲဆိုတာ သက္ပံုေကာင္းေကာင္းသိတယ္။

"သက္ပံု ျငိမ္ျငိမ္ေန"

သက္ပံုက လည္ပင္းကိုျပန္သိုင္းဖက္ပီး
အတင္းအႀကပ္ ျပန္နမ္းလိုက္ေတာ့
တားျမစ္လာတယ္။

ရမလား။

နမ္း နည္းေတာင္ ကိုယ္သင္ေပးလို ့တက္လာတဲ့ေရခဲတုံးကမ်ား။

"ဘာျဖစ္ေနတာလဲ။ မင္းပဲ စိတ္ပါလာေအာင္လုပ္ပီးေတာ့။ လာပါ ဒီနားမွာ
ငါတို ့ဆက္သြားမလား။ အေပၚမွာပဲ "

"သက္ပံု ေတာ္ပီ ။ ဆက္မေျပာနဲ ့ေတာ့"

မ်က္လံုးေတြကိုေမွးစင္းပီး သက္ပံု စ
ေတာ့ ေကာင္းခ်ီနားရြက္ဖ်ားေတြရဲလာ၏။
ေစာေစာက လက္ရဲဇာက္ရဲေကာင္းခ်ီကအရွင္လက္လက္ေပ်ာက္သြားသလိုပဲ
မ်က္နွာႀကီးငံု ့ထားရမွ ျပန္ေမာ့မလာေတာ့။

"ငါ့ေယာက်ာ္းက ရွက္ေနတာေပါ့။
ဟုတ္လား။ ကိုကိုႀကည့္အုန္းမယ္။ ေမာ့ပါအုန္း "

"ဟာဗ်ာ "

ေမးဖ်ားကိုဆြဲေမာ့ပီးေျပာလိုက္ေတာ့
မ်က္ေမွာင္ႀကီးကုတ္ကာ ဘာမွဆက္မေျပာတက္ေတာ့။

ငတံုးေကာင္းခ်ီ။
တခုခု လုပ္လိုက္ပါေတာ့လား။

အပ်ိဳျဖန္းေလးလိုရွက္ေသြးျဖာေနတဲ့
ေကာင္းစင္သန္ ့ခ်ီကို ဆြဲဖက္ခ်ဳပ္နမ္းခ်င္စိတ္က တအုန္းအုန္းေပၚလာတာေႀကာင့္

"ငါ့ရဲ့ ေကာင္းခ်ီ ေလး ။ ဒီကိုကိုက
နမ္းခ်င္ေနပီေနာ္"

ဇာတ္ကားထဲကလို လူမိုက္ႀကီးအထာနဲ ့
ပါးေလးကိုပြတ္သပ္ေျပာလိုက္တယ္။
မႀကာပါဘူး သက္ပံု ရဲ့လက္ကဆြဲဖယ္ျခင္းခံလိုက္ရေတာ့တာပဲ။
တရားခံကေတာ့ေကာင္းခ်ီပါပဲ။

"ဟို ...က်ြန္ေတာ္ ေရသြားခ်ိဳးမလို ့။"

"မင္းေျပာေတာ့ မခ်ိဳးေတာ့ဘူးဆို "

သက္ပံုနွဳတ္ခမ္းကိုကိုက္ကာ ရယ္ခ်င္စိတ္ကိုထိန္းေမးလိုက္၏။

"မဟုတ္ဘူး။ ခုမွ အေတာ္ေလးေခ်ြးေစာ္နံ လာသလိုပဲ။ မိုးခ်ဳပ္ေနပီ က်ြန္ေတာ္သြားခ်ိဳးေတာ့မယ္ေနာ္ "

ေျပာပီး ထြက္ေျပးသြားတာမ်ားအျမွီးေတာင္မျမင္ရေတာ့။

သေဘာက်စြာရယ္ေမာရင္း ခပ္တိုးတိုးေျပာမိတာက။

"ေအာ္...ေကာင္းခ်ီ ေကာင္းခ်ီ။ ငါကေတာ့
ကိုးေတာင္က်ား မွတ္လိုက္ရတာ ။
တကယ္ေတာ့ အဝါေရာင္ အနက္ေရာတဲ့
ကိုးလက္မေႀကာင္ႀကားေလးျဖစ္ေနတာကိုး"

ခ်စ္တဲ့အိမ္စည္။

(အႀကီးႀကီးေမ်ွာ္မွန္းထားတဲ့ ကေလးေတြကို လာ စတာ ေျပးပီ။)

-ဒါက တို ့လို ့တန္းလန္းဖ်က္ခ်မသြားပါနဲ ့လို ့ေျပာတဲ့ ကေလးေတြအတြက္ေရးေပးတာ။ အေပ်ာ္ေရးေပးတာမို ့ျပန္ဖ်က္မွာပါ။ က်ားနဲ ့ေႀကာင္မွားသြားတဲ့သက္ပံုေလးအတြက္ကေတာ့စိတ္မေကာင္းပါဘူး။ ေအာ္ စာလံုးေပါင္းမွားရင္ေထာက္ျပပါေနာ္။ ခ်စ္တယ္ဆိုရင္ေပါ့။
မွားေနတာကို မေျပာပဲထားရင္ ဒီတိုင္းပဲဆက္ေရးေနမိလိမ့္မယ္။
ဒီေန ့reviewေလးေတြအမ်ားႀကီးေတြ ့တယ္။ ေပ်ာ္ေနတာပါ။ စိတ္အေျခေနရလဲအေတာ္ေကာင္းေနပါတယ္။

>>>>>>><<<<

"အွန်း...ခဏ ...ခဏလေး ကောင်းချီ"

သက်ပုံ အသက်ကိုအမြန်ရှူဖို့ ကောင်းချီမျက်နှာကို လက်နှစ်ဖက်နဲ့ ညှစ်ဖမ်းထားလိုက်သည်။
ဒီယောကျာ်း ဘာလို့ အချိန်ကြာကြီး အသက်မရှူ စတမ်းနမ်းနိုင်ရတာလဲ။

"ဘာဖြစ်တာလဲ ခင်ဗျားရယ် ။ ဒီမှာ နမ်းနေတုန်းလေ "

ကောင်းချီပုံစံက အချိန်ကောင်းမှ
ရပ်တန့် ခံလိုက်ရ၍ အီလည်လည်ဖြစ်နေ၏။
သက်ပုံခမျာလဲ ပါးနှစ်ဖက်ကိုထိန်း
ကိုင်ထားတဲ့ ကောင်းချီပါးကိုလွှတ်မပေးရဲသေး။

"မဟုတ်ဘူး။ မင်းရေအရင်သွားချိုးအုန်း။
ချွေးစော်နံ့ တယ်။ "

"မချိုးချင်ဘူး။ တရက်တလေ အနံ ခံလိုက်ပါဗျာ။ ခင်ဗျားယောကျာ်းပဲလေ"

ကောင်းချီ သူနမ်းထားလို့ ရဲနေတဲ့နှုတ်ခမ်းလေးကိုကြည့်ပီး ချော့မော့ကာ
သက်ပုံကိုပြောလိုက်သည်။
အချိန်ကောင်းကြီးမှာ တားစီးခံလိုက်ရတဲ့
ခံစားချက်က အတော်ဆိုးတာပဲ။

"အာ...မရဘူး ရေအရင်သွားချိုး ...အွန့် "

စကားလေးတောင်ဆုံးအောင်မပြောလိုက်ရပါ။
သက်ပုံနှုတ်ခမ်း က မျက်နှာမှာမရှိတော့သလိုပဲ အကြမ်းပတမ်းဆွဲယူနမ်းရှိုက်ခံလိုက်ရတာများ။
ကောင်းစင်သန့် ချီ အတော်လေး ဖြစ်နေတယ်ပေါ့...ဟုတ်လား။
တခါမှ ခုလို သွေးကြွနေတာမမြင်ဘူးတဲ့ သက်ပုံ တစ်ယောက် လူမိုက်ပြုံးလေးပြုံးမိသွား၏။

ကလေးက ကစားချင်တော့လဲ အတူကစားပေးရတာပေါ့လေ။

ကောင်းချီ သဘောကျလုပ်ဆောင်နေတာကို မျက်လုံးလေးမှေးပီးမသိမသာဖွင့်ကြည့်လိုက်တယ်။
နမ်းနေလိုက်တာများ တနှစ်နီးပါးအတူနေခဲ့တဲ့ယောကျာ်းရောဟုတ်သေးရဲ့လားတောင် တွေးမိတယ်။
အသာလေး ကောင်းချီ နှုတ်ခမ်းတွေကို ပြန်ဖမ်းနမ်းလိုက်တော့ လှုပ်ရှားမူ့ ကအနည်းငယ် တုန့် နှေးသွားတယ်။

ရယ်ချင်စိတ်ကို မနည်းထိန်းထားရတယ်။
ကောင်းချီက သူနမ်းနေရင်ငြိမ်ခံနေမှကြိုက်တာ ။
မဟုတ်ရင် သူဆက်မနမ်းတက်တော့ဘူး။

သုံးနှစ်နဲ့ သုံးလ ပိုစားခဲ့တဲ့ ထမင်းအရေအတွက်ကြောင့် ကောင်းချီကိုဘယ်လိုကစားရမလဲဆိုတာ သက်ပုံကောင်းကောင်းသိတယ်။

"သက်ပုံ ငြိမ်ငြိမ်နေ"

သက်ပုံက လည်ပင်းကိုပြန်သိုင်းဖက်ပီး
အတင်းအကြပ် ပြန်နမ်းလိုက်တော့
တားမြစ်လာတယ်။

ရမလား။

နမ်း နည်းတောင် ကိုယ်သင်ပေးလို့ တက်လာတဲ့ရေခဲတုံးကများ။

"ဘာဖြစ်နေတာလဲ။ မင်းပဲ စိတ်ပါလာအောင်လုပ်ပီးတော့။ လာပါ ဒီနားမှာ
ငါတို့ ဆက်သွားမလား။ အပေါ်မှာပဲ "

"သက်ပုံ တော်ပီ ။ ဆက်မပြောနဲ့ တော့"

မျက်လုံးတွေကိုမှေးစင်းပီး သက်ပုံ စ
တော့ ကောင်းချီနားရွက်ဖျားတွေရဲလာ၏။
စောစောက လက်ရဲဇာက်ရဲကောင်းချီကအရှင်လက်လက်ပျောက်သွားသလိုပဲ
မျက်နှာကြီးငုံ့ ထားရမှ ပြန်မော့မလာတော့။

"ငါ့ယောကျာ်းက ရှက်နေတာပေါ့။
ဟုတ်လား။ ကိုကိုကြည့်အုန်းမယ်။ မော့ပါအုန်း "

"ဟာဗျာ "

မေးဖျားကိုဆွဲမော့ပီးပြောလိုက်တော့
မျက်မှောင်ကြီးကုတ်ကာ ဘာမှဆက်မပြောတက်တော့။

ငတုံးကောင်းချီ။
တခုခု လုပ်လိုက်ပါတော့လား။

အပျိုဖြန်းလေးလိုရှက်သွေးဖြာနေတဲ့
ကောင်းစင်သန့် ချီကို ဆွဲဖက်ချုပ်နမ်းချင်စိတ်က တအုန်းအုန်းပေါ်လာတာကြောင့်

"ငါ့ရဲ့ ကောင်းချီ လေး ။ ဒီကိုကိုက
နမ်းချင်နေပီနော်"

ဇာတ်ကားထဲကလို လူမိုက်ကြီးအထာနဲ့
ပါးလေးကိုပွတ်သပ်ပြောလိုက်တယ်။
မကြာပါဘူး သက်ပုံ ရဲ့လက်ကဆွဲဖယ်ခြင်းခံလိုက်ရတော့တာပဲ။
တရားခံကတော့ကောင်းချီပါပဲ။

"ဟို ...ကျွန်တော် ရေသွားချိုးမလို့ ။"

"မင်းပြောတော့ မချိုးတော့ဘူးဆို "

သက်ပုံနှုတ်ခမ်းကိုကိုက်ကာ ရယ်ချင်စိတ်ကိုထိန်းမေးလိုက်၏။

"မဟုတ်ဘူး။ ခုမှ အတော်လေးချွေးစော်နံ လာသလိုပဲ။ မိုးချုပ်နေပီ ကျွန်တော်သွားချိုးတော့မယ်နော် "

ပြောပီး ထွက်ပြေးသွားတာများအမြှီးတောင်မမြင်ရတော့။

သဘောကျစွာရယ်မောရင်း ခပ်တိုးတိုးပြောမိတာက။

"အော်...ကောင်းချီ ကောင်းချီ။ ငါကတော့
ကိုးတောင်ကျား မှတ်လိုက်ရတာ ။
တကယ်တော့ အဝါရောင် အနက်ရောတဲ့
ကိုးလက်မကြောင်ကြားလေးဖြစ်နေတာကိုး"

ချစ်တဲ့အိမ်စည်။

(အကြီးကြီးမျှော်မှန်းထားတဲ့ ကလေးတွေကို လာ စတာ ပြေးပီ။)

-ဒါက တို့ လို့ တန်းလန်းဖျက်ချမသွားပါနဲ့ လို့ ပြောတဲ့ ကလေးတွေအတွက်ရေးပေးတာ။ အပျော်ရေးပေးတာမို့ ပြန်ဖျက်မှာပါ။ ကျားနဲ့ ကြောင်မှားသွားတဲ့သက်ပုံလေးအတွက်ကတော့စိတ်မကောင်းပါဘူး။ အော် စာလုံးပေါင်းမှားရင်ထောက်ပြပါနော်။ ချစ်တယ်ဆိုရင်ပေါ့။
မှားနေတာကို မပြောပဲထားရင် ဒီတိုင်းပဲဆက်ရေးနေမိလိမ့်မယ်။
ဒီနေ့ reviewလေးတွေအများကြီးတွေ့ တယ်။ ပျော်နေတာပါ။ စိတ်အခြေနေရလဲအတော်ကောင်းနေပါတယ်။

Bạn đang đọc truyện trên: ZingTruyen.Xyz