ZingTruyen.Xyz

အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)

37

eainsi23

ဒီေန ့ေကာင္းခ်ီတို ့နွစ္ေယာက္ဖြင့္ထားတဲ့ "ေဇာတိက " ကုန္စံုဆိုင္သည္
ဆိုင္ဖြင့္ရက္ တစ္လျပည့္ခဲ့ပါျပီ။

အစက လူသိပ္မသိေသးေတာ့
ထင္သေလာက္ အေရာင္းအဝယ္မျဖစ္ခဲ့ပါ။
ေနရာက ေျမာက္ရြာဖက္မွာ ဖြင့္ထားတာမို ့ ေတာင္ရြာဖက္ကသက္သက္
လာမဝယ္ႀကတာလည္းပါသည္။
ပထမဆံုးေဖာက္သည္က ကြမ္းေရာင္းတဲ့သူေတြပင္။

ကြမ္းရြက္ ကြမ္းသီးကအစ ကိုယ္က ကားနဲ ့တခါထဲ တိုက္ရုိက္ဝယ္နိုင္တဲ့သူဆိုေတာ့ ကြမ္းယာေရာင္းသူေတြရဲ့ အားကိုးရာကသက္ပံုတို ့ဆိုင္ျဖစ္ခဲ့သည္။
ေစ်းကို အတက္နိုင္ဆံုးခ်ိဳနိုင္သေလာက္ခ်ိဳေပးခဲ့တာေႀကာင့္ ျမိဳ ့ေလးေစ်းနဲ ့ကြာလွ တပိသာငါးရာပင္။

က်န္အေသးအမႊားေလးေတြဆို
တစ္ရာေလာက္ပဲကြာေအာင္ေရာင္းေပးခဲ့တာေႀကာင့္ တျဖည္းျဖည္းလူပိုသိလာျပီးပိုေရာင္းေကာင္းလာခဲ့သည္။
ခုဆို ေကာင္းခ်ီကုန္စိမ္းကားက အရင္လို
ေစ်းဝယ္ထြက္ေနဆဲပါပဲ။
ကားကိုအရင္ ကားေသးေလးအစား
လံုေလာက္စြာတင္နိုင္တဲ့ ကားႀကီးတစ္စီးကိုေျပာင္းဝယ္ခဲ့ရသည္။
လိုင္စင္ပါတဲ့ ကားျဖစ္တာေႀကာင့္ ပိုက္ဆံအေတာ္ကုန္သြားေပမဲ့ မႏၱေလးထိ ကိုယ့္ကားနဲ ့ကိုယ္ေစ်းသြားဝယ္လို ့ရသည္ပင္။
မဟုတ္ေတာင္ ကုန္တခါမွာရင္ အျမန္ယာဥ္သမားကို သိန္းခ်ီပီး ကုန္တင္ခ ရွင္းေနရတာမို ့သက္ပံုတို ့သိပ္တြက္ေျခမကိုက္လွေပ။

မနက္ဆို ဆိုင္ဖြင့္ခ်ိန္က ေလးနာရီျဖစ္ျပီး
အဲ့ခ်ိန္ဆို ေဘးရြာေတြမွ ေစ်းဝယ္လာတဲ့ႏြားလွည္းေတြကအိမ္ေရွ ့မွာျပည့္ေနတက္သည္။

ရြာမိတ္ထက္ ေဘးနားရြာေတြေႀကာင့္ပိုပီးအလုပ္ျဖစ္တယ္ဆိုရမည္။
တပါတ္ကို နွစ္ခါေလာက္ ေစ်းဝယ္ဆင္းႀကသလို ေလွနဲ ့ေစ်းလာဝယ္ယူႀကတဲ့သူေတြလဲရွိသည္။
ေစ်းနားနီးသည္ေႀကာင့္ ေစ်းလာတဲ့ရြာခံလူေတြကလဲ အျပန္လိုအပ္သမ်ွ သက္ပံုတို ့ဆိုင္မွာသာ ဝင္ဝယ္တက္လာႀက၏။

အိမ္နားေစ်းရွိတာ ဘာလုပ္စားစား
အဆင္ေျပတယ္ဆိုတာ မွန္သည္။
ေစ်းကိုအားကိုးပီး မနက္ဆို ႀကြပ္ႀကြပ္အိတ္ကဒ္ေတြလဲ ေရာင္းေကာင္းသည္။

တျဖည္းျဖည္းနဲ ့သက္ပံုက
ေစ်းအထွာကို နပ္လာတယ္။

ဒီရာသီဆို ဘာေရာင္းေကာင္းမလဲ။
ဒီအခ်ိန္ဆိုဘာဝယ္ေရာင္းရင္အဆင္ေျပမယ္။
ဒီပစၥည္းဆို ရြာမွာေရာင္းေကာင္းတယ္ဆိုတာက အစ သက္ပံုသိလာ၏။

ဆိုင္ဖြင့္လိုက္တာမွန္သြားသည္။

ကုန္စိမ္းဆိုရင္ အရင္ကထပ္နွစ္ဆပိုေရာင္းရလာပီး ကုန္စံုဆိုင္အေသးေတြရဲ့ အားထားရာကလည္း တျဖည္းျဖည္း သက္ပံုတို ့နွစ္ေယာက္ရဲ့ ေဇာတိကဆိုင္ ျဖစ္လာသည္။

ကားဝယ္တာ အိမ္ေဆာက္တာနဲ ့
ေစ်းရင္းတာ ေပါင္းပီး ၉၀၀ေလာက္ကုန္သြားေပမဲ့ အရင္လက္ထဲ ရွိတာေတြ
နဲ ့ေကာင္းခ်ီ ေငြတိုးေပးထားတဲ့ ပိုက္ဆံေတြကိုစုေပါင္းသံုးလိုက္တာေႀကာင့္
ဘဏ္ထဲကေတာ့ ထပ္မထုတ္ျဖစ္ပါ။
ေရႊဒဂၤါျပားနည္းနည္းေတာ့ ေရာင္းလိုက္ရ၏။

ေစတနာပါပါလုပ္ကိုင္ေပးတဲ့ ကိုထက္
တို ့လင္မယားကို
ေနစရာမရွိေသးအတြက္ ေကာင္းခ်ီက သူ ့ရဲ့ေနာင္တခ်ိန္အဖိုးတန္လာမဲ့ေျမကြက္ေတြထဲက မ်က္နွာသာ
ေပ၃၀နဲ ့အရွည္ ေပ၄၀ကို ကန္ ့သတ္ျပီး ျခံဝန္းအပိုင္အျဖစ္ေပးခဲ့သည္။
ေဒၚေလးေအးႀကည္နဲ ့ေဒၚေလးျမရင္ကိုေတာ့ ေရႊတစ္က်ပ္သားဆီ ကန္ေတာ့ခဲ့ျပီး ျမသက္နဲ ့ဖိုးသားကိုေတာ့ အိမ္မွာ လခသေဘာမ်ိဳးေပးကာေခၚထားေလသည္။

တံငါစုက ၁၃နွစ္အရြယ္ ေက်ာင္းမေနေတာ့တဲ့ ကေလးမေလးေတြကိုလည္းမိသားစု စားဝတ္ေနေရးေခ်ာင္လည္ေအာင္ ေခၚျပီး
အလုပ္ေပးခဲ့၏။

"ကိုသက္ blueက ေဖာက္သည္ ဘယ္ေစ်းေပးမလဲတဲ့ "

ကေလးမေလးတစ္ေယာက္စကားေႀကာင့္
သက္ပံု ေကာင္တာမွာ ပိုက္ဆံသိမ္းေနရင္းေမာ့ႀကည့္မိသည္။
ခုဆို ကိုယ့္စီးပြားေရးမို ့ လစဥ္သံုးေရာင္းရတာကအစ သက္ပံုမရွက္ေတာ့ပါ။
ေဆးအေႀကာင္းနားလည္တဲ့ သက္ပံုက
အေမ်ွာ္အျမင္ရွိစြာ ေဆးေကာင္တာကိုလဲထည့္သြင္းေရာင္းခ်ခဲ့တာေႀကာင့္
အေတာ္အသင့္ေရာဂါေတြေလာက္ကေတာ့သက္ပံုနဲ ့တင္ျပီးသည္။

"၄၅၀ပဲ ယူလိုက္ ၁၀ထုပ္ေတာ့ ျပည့္ေအာင္ယူလို ့ေျပာလိုက္ေနာ္ သမီး။"

အသားညိုညိုနဲ ့ဂါဝန္ျပာေလးဝတ္ထားတဲ့ေကာင္မေလးကေျပးပီးသြက္လက္စြာေရာင္းေန၏။ ထိုအရြယ္ ကေလးမေလးေတြမ်ိဳးသက္ပံုဆိုင္မွာ ငါးေယာက္ခန္ ့ရွိသည္။
တလမွသံုးေသာင္းသာေပးရပီး အဝတ္စားဆင္ေပးျခင္း ထမင္းေက်ြးျခင္းကိုသက္ပံုကသာလုပ္ရသည္။
မိဘေတြကိုယ္တိုင္က အိမ္မွာ အလကားေဆာ့ေနမွာျခင္းအတူတူ…မုန္ ့ဖိုးလဲရ
ေကာင္းေကာင္းမြန္မြန္လဲေနရသည္ေႀကာင့္ သက္ပံုဆိုင္ကိုသာပို ့ထားႀကတာျဖစ္၏။

"စုမြန္ ညည္း…ကိုေကာင္းေကာင္း
ဘယ္သြားလဲ "

ေဘးနားမွာ ေဘာင္ခ်ာစာရြက္ႀကည့္ပီး
ပစၥည္းေရထည့္ေနတဲ့ ကေလးမေလးကို
လွမ္းေမးလိုက္သည္။
မနက္က ဆိုင္လူရွုပ္ေနတုန္းက ဝိုင္းေရာင္းေနေသးတယ္။
ခုဘယ္သြားမွန္းမသိ တမနက္လံုးေပ်ာက္ခ်က္သားေကာင္းေနသည္။

"ကိုေကာင္းေကာင္းက ကြမ္းယာေရာင္းတဲ့ ကိုဖိုးနီႀကီးလာေခၚသြားတယ္။
ကိုတာေတ ထန္းေတာဆိုလားပဲ "

ကေလးမေလး စကားေႀကာင့္ သက္ပံုမ်က္ခံုးအစံု ပင့္မိသြား၏။

အံ့ႀသစရာပဲ … သူေရခဲတံုးေလးက
ထန္းေတာကိုသြားတယ္။

သေဘာက်စိတ္နဲ ့ခပ္သြဲ ့သြဲ ့ရယ္ေမာပီး  ပိုက္ဆံေရေနမိသည္။

၂၄ျပည့္ခါနီးမွ ေကာင္းခ်ီ အရြယ္ေရာက္လာခဲ့တာမို ့သက္ပံုစိတ္မဆိုးမိပါ။

"ကိုသက္ …သေျပကုန္းက ေစ်းဝယ္ေတြလာေနျပီ "

မာလာဆိုတဲ့ ကေလးမေလးက ဝမ္းသာအားရလာေျပာတာေႀကာင့္ ေကာင္တာမွသက္ပံု ထလိုက္ရသည္။

မနက္ကလည္း အထက္ရြာဖက္က ေစ်းဝယ္ေတြ ေရာက္လာတာေႀကာင့္
ဆိုင္မွာ အေတာ္ေလး အလုပ္ရွဳပ္ခဲ့ရသည္။

ခုလဲ သေျပကုန္းေစ်းဝယ္ေတြလာျပန္ပီဆိုေတာ့ သက္ပံုတို ့ေတာ့ အလုပ္မ်ားအုံးမည္။

"မာလာ … ဟိုဖက္မွာ ျမသက္ကိုသြားေခၚၿပီးေတာ့ ေစ်းဝယ္လာေနျပီလာကူအုန္းလို ့ေျပာခဲ့ "

ဟုတ္ ဆိုပီးေျပးသြားလိုက္တာမ်ားလွစ္ခနဲပဲ။
ကေလးေတြက သက္ပံုဆီမွာေနရတာေပ်ာ္ပံုရသည္။
ေကာင္းေကာင္းေနရတဲ့အျပင္ သက္ပံုက မုန္ ့ဆိုလဲ အဝေက်ြးေသးသည္။
အဝတ္စားဆိုလည္းဆိုင္မွာေရာင္းတဲ့အစေတြကို ျမသက္ကိုခ်ဳပ္ခိုင္းတက္တာေႀကာင့္ ဂါဝန္လွလွေလေတြလည္း မ်ိဳးစံုဝတ္ရသည္ေလ။

မႀကာဘူး ဆိပ္ကမ္းက တက္လာတဲ့
သေျပကုန္းရြာကေစ်းဝယ္ေတြေရာက္လာ၏။

ေစ်းဝယ္က်ေတာ့ ကေလးေတြပါ မနားရဘူး ခရမ္းခ်ဥ္ ႀကက္သြန္ထုတ္တဲ့သူကထုတ္။ မုန္ ့ထုပ္ေတြ ေရာင္းတဲ့သူကေရာင္းနဲ ့အေတာ္ေလးရွဳပ္ယွက္ခက္သြား၏။
အကုန္လူရွင္းသြားေတာ့ ေန ့ခင္းနွစ္နာရီထိုးေနပီ။ ေကာင္းခ်ီက ခုထိမလာေသး။

"မာလာေရ သမီး ။ ဘာစားမွာလဲ
တစ္ေယာက္နွစ္ရာဖိုးႀကိဳက္တာယူစားႀက"

သက္ပံုကေလးေတြကိုေန ့ခင္း သေရစာစားခိုင္းလိုက္တယ္။ ျမသက္ကေတာ့
ဟိုဖက္အိမ္မွာ အားရင္ စက္ေျပးခ်ဳပ္တက္တာမို ့ဆိုင္လူရွင္းရင္ ဒီဖက္အိမ္မွာမရွိတက္။

"ဖိုးသား ငါ မင္းအကိုသြားေခၚမလို ့။
ဆိုင္လာေစာင့္ေပးဦး"

"ဘယ္သြားတယ္ဆိုတာ သိလို ့လား။
ေနကပူပူနဲ ့ကိုေကာင္းသိရင္ဆူေနအုံးမယ္။ "

"ရွည္လိုက္တာ ေမာင္ဖိုးသားရယ္။
ေကာင္းခ်ီလား ငါ့ကိုဆူမွာ။ အပိုေတြေျပာမေနနဲ ့ဆိုင္ေစာင့္။ "

gameေဆာ့ခ်င္လို ့ရစ္ေနတဲ့ ဖိုးသားကို ဆိုင္အတင္းေစာင့္ခိုင္းေနတုန္း ရစ္ေထြေနတဲ့ အသံက နားထဲ ခ်စ္ဖို႔ေကာင္းေအာင္ဝင္လာပါ၏။

"ခ်စ္တဲ့ တက္ပံုေလးေရ "

ေဟာ လာပါပီငမူး။
အသံက အာေလးလ်ွာေလးနဲ ့ဘယ္ေလာက္ေတာင္ ေသာက္လာတာတုန္း။

"ႀကည့္စမ္းေကာင္းစင္သန္ ့ခ်ီ ဘယ္ေလာက္ေတာင္ ေသာက္လာတာတုန္း။
ဖိနပ္ကေရာ…ဖိနပ္ "

သိုင္းကြက္နင္းျပန္လာတဲ့ေကာင္းခ်ီမွာ
ဖိနပ္ပါမလာတာေႀကာင့္ သက္ပံု ခပ္ဆတ္ဆတ္ေအာ္လိုက္၏။
ထန္းေရေလာက္နဲ ့ဒီေလာက္ထိကြဲျပဲစရာလိုလား။

"ဟမ္! ဖိနပ္ ။ ဘယ္မလဲ က်ြန္ေတာ္ဖိနပ္။ တက္ပံုဝယ္ေပးထာစတဲ့ က်ြန္ေတာ့္ဖိနပ္ေလး အင့္… ဘယ္မသမာသူက ယူတြား…တာလဲ "

သက္ပံု မ်က္ေမွာင္ကုတ္ႀကည့္ေနလိုက္သည္။ ဘယ္မွာမွမဟုတ္ဘူး။ ခါးႀကားမွာ အျပီအျပင္ပူးပီးထိုးထည့္ထားတဲ့
အျပာေရာင္ ဆင္ႀကယ္ဖိနပ္စုတ္ကို ဘယ္မသမာသူမွမယူဘူး။ သူ ့ဘာသာထိုးထားတာ။

"သြား အေပၚတက္။ မင္းနဲ ့အေပၚေရာက္မွစကားေျပာမယ္"

ကေလးေတြေရာရွိေနတာမို ့သက္ပံု အိမ္ေပၚတက္ခိုင္းလိုက္တယ္။
မူးေနတာေတာင္ လိမ္မာေနေသးတဲ့ ေကာင္းခ်ီက ဘယ္ေလာက္ခ်စ္ဖို ့ေကာင္းလဲဆိုရင္ နွစ္ခြန္းမေျပာရ။ ျပဳတ္က်မွာစိုးလို ့လက္ရန္းေလးဖက္ကာ ျဖည္းျဖည္းျခင္းတက္သြားေလရဲ့။

"ေစ်းဝယ္လာရင္ ေသခ်ာေရာင္းထားလိုက္ ။ မေဆာ့ႀကနဲ ့။ ေစ်းမသိရင္ျမသက္ကိုသြားေခၚ"

အကုန္မွာျပီး သက္ပံု အိမ္ေပၚကိုေျပးတက္သြားလိုက္၏။

အိမ္ေပၚေရာက္ေတာ့ ျမင္လိုက္ရတဲ့ေကာင္းခ်ီေႀကာင့္ နွုတ္ခမ္းကိုလက္နဲ ့အုပ္ကာရယ္လိုက္ရ၏။

ပန္းေရာင္ေခါင္းအုန္းေလးကို သက္ပံုမွတ္ျပီး ေကာင္းခ်ီက ေပြ ့ဖက္နမ္းေနတာ ျဖစ္၏။

"အဲ့ဒါ ဘာျဖစ္ေနတာလဲ ေကာင္းခ်ီ "

"ဟမ္ ဘူလဲ ခင္ဗ်ားက ။ သြား တူမ်ားအိပ္ခန္းထဲကို ဘာလာလုပ္တာလဲ"

ေအာင္မွာ ေခါင္းအုန္းကိုက်စ္က်စ္ပါေအာင္ဖက္ျပီး သက္ပံုကိုရန္လုပ္ေနတာ။
ဒီငမူး ကိုယ့္လင္ကိုေမ့ေအာင္ဘယ္ေလာက္မ်ားေသာက္လာတာလဲ ။

"ငါမင္းေယာက်ာ္း။ ဖယ္ လက္ထဲက ေခါင္းအုန္းကို "

အျမင္ကပ္လို ့ဆြဲဖယ္ေတာ့ မ်က္ေထာင့္နီနဲ ့ႀကည့္ကာ လက္ကိုပုတ္ထုတ္လာ၏။

"ဘာျဖစ္လို ့တက္ပံုကိုထိေနတာလဲ။
တက္ပံုကိုထိရင္ ေကာင္းခ်ီကို စိန္ေထာ္တာနဲ ့အတူတူပဲေနာ္ ။ ခ်မလား ခင္ညားက"

ဒီေယာက်ာ္းဒါေတာ့မ်ားသြားျပီ။

"ေအး ခ်မယ္ ။ ငါကလဲ ခ်ခ်င္ေနတာမင္းကို "

စိတ္တိုတိုနဲ ့ဖက္ထားတဲ့ေခါင္းအုန္းကို
အတင္းဆြဲထုတ္ျပီးအခန္းျပင္ပစ္ထုတ္လိုက္သည္။

"အား ခင္ညား ။ က်ဳပ္ တက္ပံုကို လုပ္တယ္ အင့္ က်န္ေထာ္ေပး။ က်ဳပ္တက္ပံုေလးနာသြားပီ။ ဟီးအီး လူယုတ္မာႀကီး။ တက္ပံု ခ်စ္တဲ့တက္ပံုေလး "

သက္ပံုကို အတင္းတြန္းလႊတ္ကာ
အျပင္ေျပးထြက္ေတာ့မဲ့ ေကာင္းခ်ီကိုခါးကေနျပန္ဆြဲဖက္ထားလိုက္သည္။
အမူးသမားက သက္ပံုကိုနိုင္ေအာင္မရုန္းနိုင္ေတာ့ တဟီးဟီးနဲ ့ ေကာ့လန္ထိုးရင္းငိုသည္။
အာ…ေသေတာ့မွာပဲ ေကာင္းခ်ီရာ။
ဒီလို အက်င့္ေတြရွိမွန္းသိရင္ ငါမူးေအာင္အရင္တိုက္ပါတယ္။

သက္ပံုရဲ့အေတြးေတြထဲမွာေကာင္းခ်ီေႀကာင့္ေန ့ခင္းေႀကာင္ေတာင္ေမွာင္မိုက္လာလ်ွက္။

"ေကာင္းခ်ီ ဒီမွာေလ သက္ပံုက ။
ဒီမွာေသခ်ာႀကည့္ "

အသာေလးေခ်ာ့ေမာ့ေျပာေတာ့ျငိမ္သြားျပီးလွည့္ႀကည့္လာတယ္။ 

"ဟင့္ တက္ပံုေလး နာတြားလား။ "

"ဟင္ …အင္းနာတယ္"

"တနားပါတယ္။ ဘယ္နားေလးလဲ "

မ်က္ေႀကာေတြစင္းေနတာေတာင္
အတင္းျပဴးဖြင့္ကာ အနာရွာေနတဲ့ ေႀကာင္ေလးေႀကာင့္ သက္ပံု စ ခ်င္လာ၏။

"ဒီနားေလးနာတယ္ ။အာဘြားေပး"

တမင္နွုတ္ခမ္းကိုထိုးျပလုိက္ေတာ့ အတည္လာအနမ္းေပးတယ္။ အႀကမ္းပတမ္းမဟုတ္ဘူး ။ နုနုယြယြေလး။

ခပ္သင္းသင္းရေနတဲ့ ထန္းရည္နံ ့ကိုရွဳရွုိက္ရင္း သက္ပံုပါ ရစ္မူး လာသလို။
ဆန္းသစ္လာတဲ့ ခံစားခ်က္ေႀကာင့္ သက္ပံု ေကာင္းခ်ီ ကို ျပန္နမ္းေနမိတုန္း
လွဳပ္ရွားမူ ့ရပ္သြား၏။

*ဘာတုန္း ဒီမွာ စိတ္ပါေနပီေလ*

ကိုယ္ဖက္ကနမ္းေနေသာ္လည္းေကာင္းခ်ီဖက္က ဘယ္လိုမွ ျပန္မနမ္းလာေတာ့တာေႀကာင့္  သက္ပံု မ်က္လံုးဖြင့္ႀကည့္လိုက္သည္။ထို ့ေနာက္ သက္ပံုရဲ့စိတ္ပ်က္လက္ပ်က္ ေအာ္လိုက္သံကအေတာ္ေလးက်ယ္က်ယ္ေလာင္ေလာင္ထြက္လာတယ္။

"ေသပါပီ ေကာင္းစင္သန္ ့ခ်ီရာ။
နမ္းေနတုန္းအိပ္ေပ်ာ္သြားရတယ္လို ့ကြာ။ "

ေခြေခါက္က်လာတဲ့ ခႏၶာကိုယ္ကို အတင္း ေပြ ့ထိန္းရင္း သက္ပံု ကိုယ္ကိုကိုယ္သတိအထပ္ထပ္ေပးမိေနတယ္။

ဘယ္ေတာ့မွ မေမ်ွာ္လင့္နဲ ့သက္ပံု။
မင္းေယာက်ာ္းက ေႀကာင္…ေႀကာင္ေနာ္။
က်ားမဟုတ္ဘူး လို ့………

ခ်စ္တဲ့အိမ္စည္။

 

>>>>><<<<<<

ဒီနေ့ ကောင်းချီတို့ နှစ်ယောက်ဖွင့်ထားတဲ့ "ဇောတိက " ကုန်စုံဆိုင်သည်
ဆိုင်ဖွင့်ရက် တလပြည့်ခဲ့ပါပြီ။

အစက လူသိပ်မသိသေးတော့
ထင်သလောက် အရောင်းအဝယ်မဖြစ်ခဲ့ပါ။
နေရာကလဲ မြောက်ရွာဖက်မှာ ဖွင့်ထားတာမို့  တောင်ရွာဖက်ကသက်သက်
လာမဝယ်ကြတာလဲပါသည်။
ပထမဆုံးဖောက်သည်က ကွမ်းရောင်းတဲ့သူတွေပင်။

ကွမ်းရွက် ကွမ်းသီးကအစ ကိုယ်က ကားနဲ့ တခါထဲ တိုက်ရိုက်ဝယ်နိုင်တဲ့သူဆိုတော့ ကွမ်းယာရောင်းသူတွေရဲ့ အားကိုးရာကသက်ပုံတို့ ဆိုင်ဖြစ်ခဲ့သည်။
ဈေးကို အတက်နိုင်ဆုံးချိုနိုင်သလောက်ချိုပေးခဲ့တာကြောင့် မြို့ လေးဈေးနဲ့ ကွာလှ တပိဿာ ငါးရာပင်။

ကျန်အသေးအမွှားလေးတွေဆို
တစ်ရာလောက်ပဲကွာအောင်ရောင်းပေးခဲ့တာကြောင့် တဖြည်းဖြည်းလူပိုသိလာပြီးပိုရောင်းကောင်းလာခဲ့သည်။
ခုဆို ကောင်းချီကုန်စိမ်းကားက အရင်လို
ဈေးဝယ်ထွက်နေဆဲပါပဲ။
ကားကိုအရင် ကားသေးလေးအစား
လုံလောက်စွာတင်နိုင်တဲ့ ကားကြီးတစ်စီးကိုပြောင်းဝယ်ခဲ့ရသည်။
လိုင်စင်ပါတဲ့ ကားဖြစ်တာကြောင့် ပိုက်ဆံအတော်ကုန်သွားပေမဲ့ မန္တလေးထိ ကိုယ့်ကားနဲ့ ကိုယ်ဈေးသွားဝယ်လို့ ရသည်ပင်။
မဟုတ်တောင် ကုန်တခါမှာရင် အမြန်ယာဉ်သမားကို သိန်းချီပီး ကုန်တင်ခ ရှင်းနေရတာမို့ သက်ပုံတို့ သိပ်တွက်ခြေမကိုက်လှပေ။

မနက်ဆို ဆိုင်ဖွင့်ချိန်က လေးနာရီဖြစ်ပြီး
အဲ့ချိန်ဆို ဘေးရွာတွေမှ ဈေးဝယ်လာတဲ့နွားလှည်းတွေကအိမ်ရှေ့ မှာပြည့်နေတက်သည်။

ရွာမိတ်ထက် ဘေးနားရွာတွေကြောင့်ပိုပီးအလုပ်ဖြစ်တယ်ဆိုရမည်။
တပါတ်ကို နှစ်ခါလောက် ဈေးဝယ်ဆင်းကြသလို လှေနဲ့ ဈေးလာဝယ်ယူကြတဲ့သူတွေလဲရှိသည်။
ဈေးနားနီးသည်ကြောင့် ဈေးလာတဲ့ရွာခံလူတွေကလဲ အပြန်လိုအပ်သမျှ သက်ပုံတို့ ဆိုင်မှာသာ ဝင်ဝယ်တက်လာကြ၏။

အိမ်နားဈေးရှိတာ ဘာလုပ်စားစား
အဆင်ပြေတယ်ဆိုတာ မှန်သည်။
ဈေးကိုအားကိုးပီး မနက်ဆို ကြွပ်ကြွပ်အိတ်ကဒ်တွေလဲ ရောင်းကောင်းသည်။

တဖြည်းဖြည်းနဲ့ သက်ပုံကလဲ
ဈေးအထှာကို နပ်လာတယ်။

ဒီရာသီဆို ဘာရောင်းကောင်းမလဲ။
ဒီအချိန်ဆိုဘာဝယ်ရောင်းရင်အဆင်ပြေမယ်။
ဒီပစ္စည်းဆို ရွာမှာရောင်းကောင်းတယ်ဆိုတာက အစ သက်ပုံသိလာ၏။

ဆိုင်ဖွင့်လိုက်တာမှန်သွားသည်။

ကုန်စိမ်းဆိုရင် အရင်ကထပ်နှစ်ဆပိုရောင်းရလာပီး ကုန်စုံဆိုင်အသေးတွေရဲ့ အားထားရာကလဲ သက်ပုံတို့ နှစ်ယောက်ရဲ့ ဇောတိကဆိုင် ဖြစ်လာသည်။

ကားဝယ်တာ အိမ်ဆောက်တာနဲ့
ဈေးရင်းတာ ပေါင်းပီး ၉၀၀လောက်ကုန်သွားပေမဲ့ အရင်လက်ထဲ ရှိတာတွေ
နဲ့ ကောင်းချီ ငွေတိုးပေးထားတဲ့ ပိုက်ဆံတွေကိုစုပေါင်းသုံးလိုက်တာကြောင့်
ဘဏ်ထဲကတော့ ထပ်မထုတ်ဖြစ်ပါ။
ရွှေဒင်္ဂါပြားနည်းနည်းတော့ ရောင်းလိုက်ရ၏။

စေတနာပါပါလုပ်ကိုင်ပေးတဲ့ ကိုထက်
တို့ လင်မယားကို
နေစရာမရှိသေးအတွက် ကောင်းချီက သူ့ ရဲ့နောင်တချိန်အဖိုးတန်လာမဲ့မြေကွက်တွေထဲက မျက်နှာသာ
ပေ၃၀နဲ့ အရှည် ပေ၄၀ကို ကန့် သတ်ပြီး ခြံဝန်းအပိုင်အဖြစ်ပေးခဲ့သည်။
ဒေါ်လေးအေးကြည်နဲ့ ဒေါ်လေးမြရင်ကိုတော့ ရွှေတကျပ်သားဆီ ကန်တော့ခဲ့ပြီး မြသက်နဲ့ ဖိုးသားကိုတော့ အိမ်မှာ လခသဘောမျိုးပေးကာခေါ်ထားလေသည်။

တံငါစုက ၁၃နှစ်အရွယ် ကျောင်းမနေတော့တဲ့ ကလေးမလေးတွေကိုလဲ မိသားစု စားဝတ်နေရေးချောင်လည်အောင် ခေါ်ပြီး
အလုပ်ပေးခဲ့၏။

"ကိုသက် blueက ဖောက်သည် ဘယ်ဈေးပေးမလဲတဲ့ "

ကလေးမလေးတစ်ယောက်စကားကြောင့်
သက်ပုံ ကောင်တာမှာ ပိုက်ဆံသိမ်းနေရင်းမော့ကြည့်မိသည်။
ခုဆို ကိုယ့်စီးပွားရေးမို့  လစဉ်သုံးရောင်းရတာကအစ သက်ပုံမရှက်တော့ပါ။
ဆေးအကြောင်းနားလည်တဲ့ သက်ပုံက
အမျှော်အမြင်ရှိစွာ ဆေးကောင်တာကိုလဲထည့်သွင်းရောင်းချခဲ့တာကြောင့်
အတော်အသင့်ရောဂါတွေလောက်ကတော့သက်ပုံနဲ့ တင်ပြီးသည်။

"၄၅၀ပဲ ယူလိုက် ၁၀ထုပ်တော့ ပြည့်အောင်ယူလို့ ပြောလိုက်နော် သမီး။"

အသားညိုညိုနဲ့ ဂါဝန်ပြာလေးဝတ်ထားတဲ့ကောင်မလေးကပြေးပီးသွက်လက်စွာရောင်းနေ၏။ ထိုအရွယ် ကလေးမလေးတွေမျိုးသက်ပုံဆိုင်မှာ ငါးယောက်ခန့် ရှိသည်။
တလမှသုံးသောင်းသာပေးရပီး အဝတ်စားဆင်ပေးခြင်း ထမင်းကျွေးခြင်းကိုသက်ပုံကသာလုပ်ရသည်။
မိဘတွေကိုယ်တိုင်ကလဲ အိမ်မှာ အလကားဆော့နေမှာခြင်းအတူတူ…မုန့် ဖိုးလဲရ
ကောင်းကောင်းမွန်မွန်လဲနေရသည်ကြောင့် သက်ပုံဆိုင်ကိုသာပို့ ထားကြတာဖြစ်၏။

"စုမွန် ညည်း…ကိုကောင်းကောင်း
ဘယ်သွားလဲ "

ဘေးနားမှာ ဘောင်ချာစာရွက်ကြည့်ပီး
ပစ္စည်းရေထည့်နေတဲ့ ကလေးမလေးကို
လှမ်းမေးလိုက်သည်။
မနက်က ဆိုင်လူရှုပ်နေတုန်းက ဝိုင်းရောင်းနေသေးတယ်။
ခုဘယ်သွားမှန်းမသိ တမနက်လုံးပျောက်ချက်သားကောင်းနေသည်။

"ကိုကောင်းကောင်းက ကွမ်းယာရောင်းတဲ့ ကိုဖိုးနီကြီးလာခေါ်သွားတယ်။
ကိုတာတေ ထန်းတောဆိုလားပဲ "

ကလေးမလေး စကားကြောင့် သက်ပုံမျက်ခုံးအစုံ ပင့်မိသွား၏။

အံ့သြစရာပဲ … သူရေခဲတုံးလေးက
ထန်းတောကိုသွားတယ်။

သဘောကျစိတ်နဲ့ ခပ်သွဲ့ သွဲ့ ရယ်မောပီး  ပိုက်ဆံရေနေမိသည်။

၂၄ပြည့်ခါနီးမှ ကောင်းချီ အရွယ်ရောက်လာခဲ့တာမို့ သက်ပုံစိတ်မဆိုးမိပါ။

"ကိုသက် …သပြေကုန်းက ဈေးဝယ်တွေလာနေပြီ "

မာလာဆိုတဲ့ ကလေးမလေးက ဝမ်းသာအားရလာပြောတာကြောင့် ကောင်တာမှသက်ပုံ ထလိုက်ရသည်။

မနက်ကလဲ အထက်ရွာဖက်က ဈေးဝယ်တွေ ရောက်လာတာကြောင့်
ဆိုင်မှာ အတော်လေး အလုပ်ရှုပ်ခဲ့ရသည်။

ခုလဲ သပြေကုန်းဈေးဝယ်တွေလာပြန်ပီဆိုတော့ သက်ပုံတို့ တော့ အလုပ်များအုန်းမည်။

"မာလာ … ဟိုဖက်မှာ မြသက်ကိုသွားခေါ်အုန်း ။ ဈေးဝယ်လာနေပီလာကူအုန်းလို့ ပြောခဲ့ "

ဟုတ် ဆိုပီးပြေးသွားလိုက်တာများလှစ်ခနဲပဲ။
ကလေးတွေက သက်ပုံဆီမှာနေရတာပျော်ပုံရသည်။
ကောင်းကောင်းနေရတဲ့အပြင် သက်ပုံက မုန့် ဆိုလဲ အဝကျွေးသေးသည်။
အဝတ်စားဆိုလဲ ဆိုင်မှာရောင်းတဲ့အစတွေကို မြသက်ကိုချုပ်ခိုင်းတက်တာကြောင့် ဂါဝန်လှလှလေတွေလဲ မျိုးစုံဝတ်ရသည်လေ။

မကြာဘူး ဆိပ်ကမ်းက တက်လာတဲ့
သပြေကုန်းရွာကဈေးဝယ်တွေရောက်လာ၏။

ဈေးဝယ်ကျတော့ ကလေးတွေလဲ မနားရဘူး ခရမ်းချဉ် ကြက်သွန်ထုတ်တဲ့သူကထုတ်။ မုန့် ထုပ်တွေ ရောင်းတဲ့သူကရောင်းနဲ့ အတော်လေးရှုပ်ယှက်ခက်သွား၏။
အကုန်လူရှင်းသွားတော့ နေ့ ခင်းနှစ်နာရီထိုးနေပီ။ ကောင်းချီက ခုထိမလာသေး။

"မာလာရေ သမီး ။ ဘာစားမှာလဲ
တစ်ယောက်နှစ်ရာဖိုးကြိုက်တာယူစားကြ"

သက်ပုံကလေးတွေကိုနေ့ ခင်း သရေစာစားခိုင်းလိုက်တယ်။ မြသက်ကတော့
ဟိုဖက်အိမ်မှာ အားရင် စက်ပြေးချုပ်တက်တာမို့ ဆိုင်လူရှင်းရင် ဒီဖက်အိမ်မှာမရှိတက်။

"ဖိုးသား ငါ မင်းအကိုသွားခေါ်မလို့ ။
ဆိုင်လာစောင့်ပေးအုန်း"

"ဘယ်သွားတယ်ဆိုတာ သိလို့ လား။
နေကပူပူနဲ့ ကိုကောင်းသိရင်ဆူနေအုန်းမယ်။ "

"ရှည်လိုက်တာ မောင်ဖိုးသားရယ်။
ကောင်းချီလား ငါ့ကိုဆူမှာ။ အပိုတွေပြောမနေနဲ့ ဆိုင်စောင့်။ "

gameဆော့ချင်လို့ ရစ်နေတဲ့ ဖိုးသားကို ဆိုင်အတင်းစောင့်ခိုင်းနေတုန်း……

"ချစ်တဲ့ တက်ပုံလေးရေ "

ဟော လာပါပီငမူး။
အသံက အာလေးလျှာလေးနဲ့ ဘယ်လောက်တောင် သောက်လာတာတုန်း။

"ကြည့်စမ်းကောင်းစင်သန့် ချီ ဘယ်လောက်တောင် သောက်လာတာတုန်း။
ဖိနပ်ကရော…ဖိနပ် "

သိုင်းကွက်နင်းပြန်လာတဲ့ကောင်းချီမှာ
ဖိနပ်ပါမလာတာကြောင့် သက်ပုံ ခပ်ဆတ်ဆတ်အော်လိုက်၏။
ထန်းရေလောက်နဲ့ ဒီလောက်ထိကွဲပြဲစရာလိုလား။

"ဟမ်! ဖိနပ် ။ ဘယ်မလဲ ကျွန်တော်ဖိနပ်။ တက်ပုံဝယ်ပေးထာစတဲ့ ကျွန်တော့်ဖိနပ်လေး အင့်… ဘယ်မသမာသူက ယူတွား…တာလဲ "

သက်ပုံ မျက်မှောင်ကုတ်ကြည့်နေလိုက်သည်။ ဘယ်မှာမှမဟုတ်ဘူး။ ခါးကြားမှာ အပြီအပြင်ပူးပီးထိုးထည့်ထားတဲ့
အပြာရောင် စင်ကြယ်ဖိနပ်စုတ်ကို ဘယ်မသမာသူမှမယူဘူး။ သူ့ ဘာသာထိုးထားတာ။

"သွား အပေါ်တက်။ မင်းနဲ့ အပေါ်ရောက်မှစကားပြောမယ်"

ကလေးတွေရောရှိနေတာမို့ သက်ပုံ အိမ်ပေါ်တက်ခိုင်းလိုက်တယ်။
မူးနေတာတောင် လိမ်မာနေသေးတဲ့ ကောင်းချီက ဘယ်လောက်ချစ်ဖို့ ကောင်းလဲဆိုရင် နှစ်ခွန်းမပြောရ။ ပြုတ်ကျမှာစိုးလို့ လက်ရန်းလေးဖက်ကာ ဖြည်းဖြည်းခြင်းတက်သွားလေရဲ့။

"ဈေးဝယ်လာရင် သေချာရောင်းထားလိုက် ။ မဆော့ကြနဲ့ ။ ဈေးမသိရင်မြသက်ကိုသွားခေါ်"

အကုန်မှာပြီး သက်ပုံ အိမ်ပေါ်ကိုပြေးတက်သွားလိုက်၏။

အိမ်ပေါ်ရောက်တော့ မြင်လိုက်ရတဲ့ကောင်းချီကြောင့် နှုတ်ခမ်းကိုလက်နဲ့ အုပ်ကာရယ်လိုက်ရ၏။

ပန်းရောင်ခေါင်းအုန်းလေးကို သက်ပုံမှတ်ပြီး ကောင်းချီက ပွေ့ ဖက်နမ်းနေတာ ဖြစ်၏။

"အဲ့ဒါ ဘာဖြစ်နေတာလဲ ကောင်းချီ "

"ဟမ် ဘူလဲ ခင်များက ။ သွား တူများအိပ်ခန်းထဲကို ဘာလာလုပ်တာလဲ"

အောင်မှာ ခေါင်းအုန်းကိုကျစ်ကျစ်ပါအောင်ဖက်ပြီး သက်ပုံကိုရန်လုပ်နေတာ။
ဒီငမူး ကိုယ့်လင်ကိုမေ့အောင်ဘယ်လောက်များသောက်လာတာလဲ ။

"ငါမင်းယောကျာ်း။ ဖယ် လက်ထဲက ခေါင်းအုန်းကို "

အမြင်ကပ်လို့ ဆွဲဖယ်တော့ မျက်ထောင့်နီနဲ့ ကြည့်ကာ လက်ကိုပုတ်ထုတ်လာ၏။

"ဘာဖြစ်လို့ တက်ပုံကိုထိနေတာလဲ။
တက်ပုံကိုထိရင် ကောင်းချီကို စိန်ထော်တာနဲ့ အတူတူပဲနော် ။ ချမလား ခင်ညားက"

ဒီယောကျာ်းဒါတော့များသွားပြီ။

"အေး ချမယ် ။ ငါကလဲ ချချင်နေတာမင်းကို "

စိတ်တိုတိုနဲ့ ဖက်ထားတဲ့ခေါင်းအုန်းကို
အတင်းဆွဲထုတ်ပြီးအခန်းပြင်ပစ်ထုတ်လိုက်သည်။

"အား ခင်ညား ။ ကျုပ် တက်ပုံကို လုပ်တယ် အင့် ကျန်ထော်ပေး။ ကျုပ်တက်ပုံလေးနာသွားပီ။ ဟီးအီး လူယုတ်မာကြီး။ တက်ပုံ ချစ်တဲ့တက်ပုံလေး "

သက်ပုံကို အတင်းတွန်းလွှတ်ကာ
အပြင်ပြေးထွက်တော့မဲ့ ကောင်းချီကိုခါးကနေပြန်ဆွဲဖက်ထားလိုက်သည်။
အမူးသမားက သက်ပုံကိုနိုင်အောင်မရုန်းနိုင်တော့ တဟီးဟီးနဲ့  ကော့လန်ထိုးရင်းငိုသည်။
အာ…သေတော့မှာပဲ ကောင်းချီရာ။
ဒီလို အကျင့်တွေရှိမှန်းသိရင် ငါမူးအောင်အရင်တိုက်ပါတယ်။

သက်ပုံရဲ့အတွေးတွေထဲမှာကောင်းချီကြောင့်နေ့ ခင်းကြောင်တောင်မှောင်မိုက်လာလျှက်။

"ကောင်းချီ ဒီမှာလေ သက်ပုံက ။
ဒီမှာသေချာကြည့် "

အသာလေးချော့မော့ပြောတော့ငြိမ်သွားပြီးလှည့်ကြည့်လာတယ်။ 

"ဟင့် တက်ပုံလေး နာတွားလား။ "

"ဟင် …အင်းနာတယ်"

"တနားပါတယ်။ ဘယ်နားလေးလဲ "

မျက်ကြောတွေစင်းနေတာတောင်
အတင်းပြူးဖွင့်ကာ အနာရှာနေတဲ့ ကြောင်လေးကြောင့် သက်ပုံ စ ချင်လာ၏။

"ဒီနားလေးနာတယ် ။အာဘွားပေး"

တမင်နှုတ်ခမ်းကိုထိုးပြလိုက်တော့ အတည်လာအနမ်းပေးတယ်။ အကြမ်းပတမ်းမဟုတ်ဘူး ။ နုနုယွယွလေး။

ခပ်သင်းသင်းရနေတဲ့ ထန်းရည်နံ့ ကိုရှုရှိုက်ရင်း သက်ပုံပါ ရစ်မူး လာသလို။
ဆန်းသစ်လာတဲ့ ခံစားချက်ကြောင့် သက်ပုံ ကောင်းချီ ကို ပြန်နမ်းနေမိတုန်း
လှုပ်ရှားမူ့ ရပ်သွား၏။

*ဘာတုန်း ဒီမှာ စိတ်ပါနေပီလေ*

ကိုယ်ဖက်ကနမ်းနေသော်လဲကောင်းချီဖက်က ဘယ်လိုမှ ပြန်မနမ်းလာတော့တာကြောင့်  သက်ပုံ မျက်လုံးဖွင့်ကြည့်လိုက်သည်။ထို့ နောက် သက်ပုံရဲ့စိတ်ပျက်လက်ပျက် အော်လိုက်သံကအတော်လေးကျယ်ကျယ်လောင်လောင်ထွက်လာတယ်။

"သေပါပီ ကောင်းစင်သန့် ချီရာ။
နမ်းနေတုန်းအိပ်ပျော်သွားရတယ်လို့ ကွာ။ "

ခွေခေါက်ကျလာတဲ့ ခန္ဓာကိုယ်ကို အတင်း ပွေ့ ထိန်းရင်း သက်ပုံ ကိုယ်ကိုကိုယ်သတိအထပ်ထပ်ပေးမိနေတယ်။

ဘယ်တော့မှ မမျှော်လင့်နဲ့ သက်ပုံ။
မင်းယောကျာ်းက ကြောင်…ကြောင်နော်။
ကျားမဟုတ်ဘူး လို့ ………

ချစ်တဲ့အိမ်စည်။

 

Bạn đang đọc truyện trên: ZingTruyen.Xyz