ZingTruyen.Xyz

အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)

39

eainsi23

အျပင္မွာပူေလာင္တဲ့ ရာသီဥတုရွိေပမဲ့
ပန္းနုေရာင္အခန္းငယ္အတြင္းမွာေတာ့
ေအးစိမ့္စိမ့္ ေလထုက ထူးျခားစြာ ေျပာင္းလဲလို ့ေနသည္။

"သက္ပံု ဆန္ျပဳတ္ေလးေသာက္ရေအာင္"

ခပ္တိုးတိုး စကားအဆံုးမွာ ေမွးမွိတ္ထားတဲ့ မ်က္လံုးအစံုက ဖြင့္ဟလာေလ၏။
အရင္က စိုရဲေနတဲ့ နွင္းဆီေရာင္ နွဴတ္ခမ္းပါးက ေျခာက္ေသြ ့အက္ကြဲေနသလို
ေအာက္မ်က္ကြင္းနွစ္ဖက္သည္လည္း အမဲေရာင္လွဳိင္းမ်ားနဲ ့ ျပည့္ေန၏။
အိပ္ယာထပ္မွာလွဲေလ်ာင္းအိပ္စက္မူ ့သည္ အဝတ္စေလးပံုထားသလို ့ေပ်ာ့ဖက္ကာ ပန္းေႀကြေလးတပြင့္လိုပဲ ႏြမ္းနယ္ေနေလသည္။

သက္ပံုေနမေကာင္းတာနွစ္ရက္ရွိေနပါျပီ။
ေကာင္းခ်ီ သူ ့လုပ္ရပ္အေပၚမွာ ေတာ္ေတာ္ေလးရွက္ရြံ မိသလို သက္ပံုကိုလည္း သနားရသည္။

အခ်ိန္တိုင္း ႀကမ္းတမ္းလြန္းလွတဲ့ သူ ့စိတ္တဖက္ျခမ္းကို ဖြင့္လွစ္မျပသမိေအာင္ ထိန္းထားေသာ္လည္း သက္ပံုက ဆိုးလြန္းလွသည္။

"ထြက္သြားစမ္း "

ခပ္မာမာေလသံနဲ ့နွင္ထုတ္ခံလိုက္ရေတာ့ကာင္းခ်ီ တစ္ေယာက္ မ်က္နွာေလးငယ္သြားေပမဲ့ထြက္မသြားခဲ့ပါ။  ကုတင္ေဘးက စားပြဲေပၚကို ဆန္ျပဳတ္ပန္းကန္ကိုေရာက္ေအာင္သြားတင္လိုက္ပီး…

"ေဆးေဆာက္ရမယ္ေလ ခင္္ဗ်ားရယ္ "
ဟု ေခ်ာ့ရျပန္သည္။ ကိုဖိုးနီ၏ စကားကိုေနာက္ကို ဘယ္ေတာ့မွ မယံုေတာ့ေပ။
ၾကမ္းနိုင္မွ ႀကိဳက္တာဆိုတဲ့ စကားေၾကာင့္
သူစိတ္ေက်နပ္တဲ့အထိ ၾကမ္းပစ္မိ၏။
ခုဆို အၾကမ္းလြန္သြားၿပီးေနာက္ သက္ပံုတစ္ေယာက္ ဖ်ားေတာင္သြားရေလၿပီ။

"ထားခဲ့ မင္းမ်က္နွာမျမင္ခ်င္ဘူး"

"ေနာက္မလုပ္ေတာ့ပါဘူး။ စိတ္မဆိုးပါနဲ ့ေတာ့"

ေကာင္းခ်ီရဲ့စကားေႀကာင့္ သက္ပံု မ်က္နွာမဲေမွာင္သြားသည္။

စိတ္မဆိုးပါနဲ ့ေတာ့ဟုတ္လား။
ျပန္ရစ္လို ့ရရင္ ဟိုေန ့က သြားစမိတဲ့
ကိုယ့္ကုိကိုယ္…ပါးကိုသံုးခ်က္ေလာက္ျပန္သြားရုိက္ခ်င္တယ္။

ဒီေကာင္ လူမဟုတ္ဘူး။

"သြား!… မင္းမ်က္နွာမႀကည့္ခ်င္ဘူး "

သက္ပံု အားကုန္ေအာ္ထုတ္ပစ္လိုက္သည္။
ျပန္ေတြးမိေတာ့ ေဒါသကတေက်ာ့ျပန္လာတယ္။
သူအခုမထနိုင္တဲ့ အျပင္ ေနမေကာင္းပါျဖစ္ရျပီ။ ေနာက္ဆံုး
အိမ္သာ သြားဖို ့ေတာင္ ေကာင္းခ်ီေပြ ့ခ်ီပို ့ေပးမွ သြားနိုင္တဲ့ အေျခေန။
လက္ေခ်ာင္းေတြဆိုရင္ လွဳပ္ရွားလိုက္နဲ ့
တဆတ္ဆတ္တုန္လို ့။ ဒီေကာင္ ဘယ္ေလာက္ေတာင္ သူ႔ကို ...
က်စ္ ! ေတြးမိတာနဲ႔ ရင္ထဲမွာ တလွပ္လွပ္ ျဖစ္လာရသလို ...

သက္ပံုရဲ့ ခါးသီးစြာနွင္ထုတ္မူ ့ေႀကာင့္
ေကာင္းခ်ီ ေတာ္ေတာ္ေလးစိတ္မေကာင္းျဖစ္သြားရသည္။
ဒါေပမဲ့ သူဒီေန ့ သက္ပံုေဘးကေနထြက္သြားဖို ့စိတ္ကူးမရွိပါ။
ေနမေကာင္းေနတဲ့အခ်ိန္မွာ စိတ္အားငယ္မူ ့သည္ ဘာနဲ ့မွမတူေပ။
သူမရွိရင္ အိမ္ကိုလဲသတိရနိုင္သလို
ဆံုးသြားတဲ့အေမကိုလဲ တမ္းတနိုင္သည္။
ထို ့ေႀကာင့္ ရုိက္ရုိက္နွက္ႏွက္ႀကိဳက္တာလုပ္ပါေစ။ ေကာင္းခ်ီ သက္ပံုေဘးဝင္အိပ္ကာ ပူေႏြးေနတဲ့ ကိုယ္လံုးေလးကို
ေပြ ့ဖက္လိုက္၏။

"ခင္ဗ်ားကို ခ်စ္လိုက္တာ။
ငွက္ေပ်ာသီးေျခာက္လုပ္ေပးထားတယ္။
ေနေကာင္းေပ်ာက္ရင္စားလို ့ရျပီ"

"မင္းကိုေနာက္တခါခြင့္မျပဳေတာ့ဘူး
ေကာင္းစင္သန္ ့ခ်ီ ။ မင္း…လူယုတ္မာ"

"ခင္ဗ်ားရယ္ "

ရုန္းဖယ္ျခင္းမျပဳေပမဲ့ ကိုက္ရာမ်ာစြာကေတာ့ရင္ဖက္မွာတိုးလာ၏။
စိတ္ျမန္လက္ျမန္ရွိလွတဲ့ သက္ပံုတစ္ေယာက္ စိတ္သြားတိုင္းကိုယ္မပါတဲ့ အေျခအေနကို ဘယ္ေလာက္ေတာင္ေဒါသထြက္လိုက္ေလမလဲ။
သူ ့ေႀကာင့္ပါ။
တခါတေလ သက္ပံုအေပၚရူးမိုက္ခ်င္တဲ့
စိတ္ဆႏၵမ်ားစြာက သူ ့ကိုယ္သူေတာင္ မထိန္းခ်ဳပ္နိုင္ျဖစ္တက္သည္။
ဒီတခါေတာ့ သူေတာ္ေတာ္မ်ားသြားတာေတာ့ဝန္ခံပါသည္။

ေလးရက္ႀကာပီးသည့္ေနာက္မွာ သက္ပံု ေနေကာင္းလာခဲ့ပါသည္။
ေကာင္းခ်ီတစ္ေယာက္ကေတာ့ သူ ့အျပစ္သူသိစြာ အိမ္ေပၚနဲ ့ေအာက္ထပ္ကို အႀကိမ္ႀကိမ္ကူးပီး ေစ်းေရာင္းလိုက္ သက္ပံုကိုျပဳစုလိုက္နဲ ့အေတာ္ေလးပင္ပန္းရွာေပမဲ့ တခြန္းေတာင္ မညီးညဴခဲ့ပါ။

"သက္ပံု လက္ရွည္ေလးဝတ္ထားအုံး"

လက္ထဲက ကိုင္လာတဲ့ ခ်ည္လက္ရွည္အပါးေလးကို တခါထဲဝတ္ေပးေနတာမို ့အလိုက္သင့္ လက္လ်ိဳဝတ္လိုက္ရသည္။
ေနေကာင္းကာစဆိုေတာ့ လွဳပ္လွဳပ္ရွားရွား သိပ္မလုပ္နိုင္ေသးေပမဲ့
စာရင္းမွတ္တာေလာက္ ေငြသိမ္းတာေလာက္ေတာ့ သက္ပံုလုပ္နိုင္ေနပါပီ။
ျပီးေတာ့ ဒီေန ့က ရြာဖက္ေတြ ေစ်းဝယ္ဆင္းႀကတဲ့ေန ့မို ့ လူရွဳပ္သလို အလုပ္လဲမ်ားေနႀကသည္။

"ေနမေကာင္းေသးရင္လဲ ေနသာသလို ေနပါ့လား။ ေဒၚေလးတို ့လည္းရွိေနတာကို
မင္းနွယ့္ အပင္ပန္းခံလို ့"

ေဒၚေလးေအးႀကည္က သက္ပံုေနမေကာင္းျဖစ္ကတည္းက မနက္ဆို ေရာက္လာကူေရာင္းတက္တာမို ့ဒီေန ့လဲ
အေစာႀကီးေရာက္ေနတာျဖစ္သည္။
လူႀကီးမို ့တခါတေလ ဆူဆူပူပူရွိတက္ေပမဲ့ စိတ္ပူလို ့ေျပာမွန္းသက္ပံုနားလည္ပါသည္။

"ေက်ာပူလို ့ဆင္းလာတာပါေဒၚေလးရာ။
လာ ဒီေန ့က်ြန္ေတာ္ေရာင္းမယ္။ ေဒၚေလးက ကိုထက္နဲ ့ ေတာထဲ ခဏ
လိုက္သြားေပး။ အေဝးႀကီးမဟုတ္ဘူး။
ဦးေရႊဘ အခင္းမွာ မီးေသြးသြားတင္မလို ့ ။ တခါထဲ ေစ်းျဖတ္ပီး ေဒၚေလး ႀကိဳက္ရင္ေနာက္ထပ္အမွာစာ ေျပာခဲ့လိုက္။ "

ေကာင္းခ်ီ အံ့ဆြဲထဲက ပိုက္ဆံငါးေထာင္တန္တစ္အုပ္ကို ယူေပးရင္း သက္ပံုနားကေန သူ ့အေဒၚကိုဆြဲေခၚသြားသည္။
ခုတေလာ ေကာင္းခ်ီ မႏၱေလး က လက္ဖက္ရည္ဆိုင္ေတြနဲ ့ဘယ္ကဘယ္လို စပ္မိလာတယ္မသိဘူး။
ေစ်းဝယ္သြားရင္ ကားအလြတ္မသြားေတာ့။
အခင္းေတြထဲမွာ မီးေသြးဖုတ္တဲ့ သူေတြဆီက မီးေသြးရသေလာက္တင္ပီး
ဟိုမွာ ေဖာက္သည္ျပန္ေပးသည္။
မီးေသြးကပါရင္ပါသေလာက္ကုန္တာမို ့
တစ္သိန္းနွစ္သိန္းဆိုတာအျမတ္ရဖို ့ မခဲရင္း။

"ကိုသက္ ေဘာင္ခ်ာဖြင့္ေပးပါ သမီးေအာ္လိုက္မယ္ "

ပစၥည္းေတြအပံုလိုက္နဲ ့ ေတာင္းထဲေရထည့္ေပးဖို ့ျပင္ေနတဲ့ မာလာေႀကာင့္ သက္ပံု ေဘာပင္ကိုင္ရေတာ့သည္။
ေကာင္းခ်ီ တစ္ေယာက္ကေတာ့
ဟိုဖက္အိမ္ကေန စားဆီပုံးေတြ မ,ျပီး အျပင္ထုတ္ေပးေန၏။
အိမ္မွာ အားေကာင္းေမာင္းသန္က သူတစ္ေယာက္ရွိတာမို ့အေလးအပင္ဆိုရင္ ေကာင္းခ်ီက ကေလးေတြကိုမခိုင္းပဲသူကဝင္လုပ္တက္သည္။

"မာလာေရ သမီးအားလံုးေပါင္း
တစ္သိန္းရွစ္ေသာင္းဖိုး ။ ေဘာင္ခ်ာလာယူလွည့္"

ခဏႀကာေတာ့ ဧည့္သည္အေဒၚႀကီးတစ္ေယာက္နဲ ့မာလာဝင္လာ၏။

"ထိုင္ ေဒၚေလး။ ကုန္ခ်ေပးမဲ့သူပါလား။
အလုပ္သမားေခၚေပးရမလား"

ေရလမ္းက လာတဲ့သူေတြက် ေရဆိပ္စက္ေလွေပၚထိ ကုန္ခ်ဖို ့အလုပ္သမားေခၚေလ့ရွိတာမို ့ေမးလိုက္ျခင္းသာ။

"ရတယ္ ကိုသက္။ သားနွစ္ေယာက္ပါတယ္။ သူတို ့ထမ္းလိမ့္မယ္။ ခုလာတာ ကုန္ေလးဝယ္ရင္း သက္ပံုကိုလဲ ေျပာစရာရွိလို ့ပါ။ "

"ဟုတ္ေဒၚေလးေျပာလို ့ရပါတယ္။ ဘာမ်ားလဲ "

"အေဒၚက သေျပကုန္းမွာနွမ္းတို ့ပဲစိမ္းငံုတို ့စိုက္တယ္။ တျခားေတာ့မဟုတ္ပါဘူး။ အေဒၚယူတဲ့ ေစ်းေတြကို ေနာက္တေခါက္က် နွမ္းနဲ ့လဲလို ့ရမလား။ ကိုသက္တို ့ကက် ျမိဳ ့ေပၚအေရာက္ေပါက္ရွိေတာ့လြယ္တယ္။ အေဒၚတို ့ရြာမွာက် စက္ေလွနဲ ့လာဝယ္တဲ့ ကုန္သည္ေတြေတာ့ရွိတယ္။ ဒါေပမဲ့ ေစ်းမတအားနွိမ္ေတာ့ ေဒၚေလးတို ့စိုက္ရတဲ့သူေတြက် အဆင္မေျပေတာ့လို ့ပါ။  " 

"ဟို က်ြန္ေတာ္တို ့က အဲ့လိုေတြက်နားမလည္ဘူးဗ်။ ေတာင္သူလည္း မလုပ္ဘူးေတာ့ ေစ်းေတြလဲမသိဘူး "

ကူညီခ်င္ေပမဲ့ သက္ပံုေရာေကာင္းခ်ီေရာ
အဲ့ေလာက္ ႀကီးနားမလည္ေပ။
ဒီတိုင္းဝယ္လိုက္ရုံနဲ ့မျပီးသြား ။
ပြဲရုံေတြလိုက္ပို ့ဘာညာကရွိေသးတယ္။

"ကူညီပါ ကိုသက္ရယ္။ ဒီလိုခက္ခဲေနတာ အေဒၚတစ္ေယာက္ထဲမဟုတ္ဘူး။
ဒီနယ္တဝိုက္က ေတာင္သူေတြေတာ္ေတာ္မ်ားမ်ားပါပဲ။ ျမိဳ ့ေလးထိ  တေမ်ွာ္တေခၚသြားေရာင္းဖို ့လည္းအဆင္မေျပဘူးေလ။ အဲ့ဒါေႀကာင့္ပါကြယ္။ အဆင္ေျပမယ္ဆိုရင္
ကိုသက္ကိုဒီမွာပြဲရုံေလးလုပ္ေစခ်င္တယ္။ "

ခခယယအႀကည့္ေတြေႀကာင့္ သက္ပံုတစ္ေယာက္ ဆက္ျငင္းပယ္ဖို ့မေျပာရက္ေတာ့။

"ဟုတ္ကဲ့ပါ ဒီတခါ ေကာင္းခ်ီျမိဳ ့ေလးသြားရင္ ပြဲရုံေတြ ဘယ္ေစ်းသိမ္းလဲေမးခိုင္းလိုက္မယ္။
သူတို ့သိမ္းတဲ့ေစ်းမေပးနိုင္ရင္ေတာင္
အဆင္ေျပေအာင္ေတာ့ႀကည့္လုပ္ေပးပါ့မယ္"

"ေက်းဇူးတင္ပါတယ္ ကိုသက္ရယ္။ "

ထိုအေဒၚပိုက္ဆံရွင္းျပန္သြားပီးတဲ့ေနာက္မွာ
သက္ပံု သက္ျပင္းခ်မိသည္။
ေတာင္သူလုပ္တဲ့သူေတြ တကယ္ပင္ပန္းတာကို သက္ပံုသိပါသည္။
ေႏြပူမေရွာင္မိုးရြာမေရွာင္ လုပ္ရျပီးတခါတေလ ေစ်းမေကာင္းရင္ သူတို ့ခမ်ာ
အျမတ္မေျပာနဲ ့လုပ္အားခေတာင္မရခ်င္။
ဒါကိုခုလို ေစ်းနွိမ္ပီးလုပ္စားေနႀကတဲ့သူေတြကိုေတာ့တကယ္အံ့ႀသပါသည္။
သူတပါးေခ်ြးေျမက်ေအာင္လုပ္ပီးမွ
ရလာတဲ့ ပိုက္ဆံကို မတရားသျဖင့္ေတာ့ မလုပ္ေစခ်င္။

သူေျပာသလိုပဲ ကိုယ့္အတြက္ အဆင္ေျပတဲ့ပြဲရုံနဲ ့မခ်ိတ္ဆက္ မိေသးခင္ေတာ့
အလုပ္ရွဳပ္တယ္ဆိုေပမဲ့ ခ်ိတ္မိသြားရင္ေတာ့ အပန္းမွ မႀကီးေတာ့တာ။

"သက္ပံုေတာ္ပီေလ။
ေနေကာင္းကာစ အမ်ားႀကီးမစားနဲ ့"

ေကာင္းခ်ီအသံႀကားမွ စားလက္စ ငွက္ေပ်ာသီးေျခာက္အလံုးေလးကို ေအာက္ျပန္ခ်လိုက္ရသည္။
သက္ပံုက ဒီလို အလံုးလိုက္အေျခာက္လွမ္းတာမ်ိဳးေတာ့ အေသႀကိဳက္သည္။

ဟိုတေလာ ေဒၚေလးေအးႀကည္အိမ္လာပို ့ေပးသြားတဲ့ ပြဲက်  ရခိုင္ငွက္ေပ်ာသီးမွည့္နွစ္ဖီးကိုေကာင္းခ်ီကဗန္းနဲ ့ေသခ်ာလွမ္းေပးထားတာျဖစ္သည္။

"လာအုံး ငါေျပာစရာရွိတယ္"

ကေလးမေလးတစ္ေယာက္မမွီတဲ့ မုန္ ့ထုပ္တခ်ိဳ ့ကို စင္ေပၚကယူေပးေနတဲ့ေကာင္းခ်ီကိုသက္ပံု လွမ္းေခၚလိုက္သည္။

သူလုပ္ေပးစရာမရွိေတာ့ဘူးဆိုမွ

"ဘာေျပာမလို ့လဲသက္ပံု"

သက္ပံု ေစာေစာ ကိစၥကိုေကာင္းခ်ီကိုရွင္းျပလိုက္သည္။သက္ပံုကိုယ္တိုင္ စိတ္မေကာင္းျဖစ္ေနသည္မို ့ေကာင္းခ်ီကိုျဖစ္နိုင္ရင္ လုပ္ေပးေစခ်င္သည္။
စကားဆံုးေတာ့ မေျပာင္းလဲစြာ နာခံတက္သူက……

"အင္းပါ က်ြန္ေတာ္ ကိုထက္ကို ဒီတခါျမိဳ ့ေလးသြားရင္ ပြဲရုံတခုခုကေန စံုစမ္းခိုင္းေပးပါ့မယ္"

ေျပာရင္း လက္က ပါးတစ္ဖက္ကိုလာဖ်စ္ညွစ္ေနတာမို ့ ရုိက္ထုတ္ပီးမ်က္ေစာင္းထိုးလိုက္သည္။
သက္ပံု ေကာင္းခ်ီကို လံုးဝ စိတ္မေျပေသးဘူး။
အဲ့ဒါတကယ္ေျပာတာ။
ကိုယ္ကသာ မေက်နပ္ေနတာ သူကေတာ့ ဘာလုပ္လုပ္တျပံဳးျပံဳးနဲ ့ႀကည့္ေနေတာ့တာပဲ။

ေကာင္းခ်ီ …ေကာင္းခ်ီ မင္းေလာက္ကေတာ့ ……

စိတ္တိုတာနဲ ့ေဘးက ေရသန္ ့ဘူးခြံနဲ ့ေကာက္ေပါက္လိုက္၏။

ဒါလဲစပ္ျဖဲျဖဲရုပ္ကေျပာင္းမသြား။
သင္း ဘာျဖစ္ခ်င္ေနတာလဲ ။

"မင္း အခြက္ႀကီးကို ျပင္လိုက္စမ္း"

သက္ပံုရဲ့ ေအာ္သံက်ယ္ႀကီးက ဟိန္းခနဲ။ ေကာင္းခ်ီရဲ့ အႀကည့္ေတြကို
ခုတေလာ…သက္ပံုႀကိဳက္မေနတာေသခ်ာသည္။
ျပံဳးတာျမင္ေလ ခႏၶာကိုယ္က ဟိုနားကနာတာလိုလို ဒီနားကနာတာလိုလိုနဲ ့
အဆင္ေျပမေနဘူး။

ခ်စ္တဲ့အိမ္စည္။
 

( ေကာင္းခ်ီရဲ့ Fanေတြ လိုက္ေအာ္ႀကပါ/ေအာင္ျပီ ေအာင္ျပီ ေအာင္ျပီ 3ႀကိမ္ေအာ္ပါ။ ဟုတ္ ေက်းဇူး )

-------------

အပြင်မှာပူလောင်တဲ့ ရာသီဥတုရှိပေမဲ့
ပန်းနုရောင်အခန်းငယ်အတွင်းမှာတော့
အေးစိမ့်စိမ့် လေထုက ထူးခြားစွာ ပြောင်းလဲလို့ နေသည်။

"သက်ပုံ ဆန်ပြုတ်လေးသောက်ရအောင်"

ခပ်တိုးတိုး စကားအဆုံးမှာ မှေးမှိတ်ထားတဲ့ မျက်လုံးအစုံက ဖွင့်ဟလာလေ၏။
အရင်က စိုရဲနေတဲ့ နှင်းဆီရောင် နှူတ်ခမ်းပါးက ခြောက်သွေ့ အက်ကွဲနေသလို
အောက်မျက်ကွင်းနှစ်ဖက်သည်လည်း အမဲရောင်လှိုင်းများနဲ့  ပြည့်နေ၏။
အိပ်ယာထပ်မှာလှဲလျောင်းအိပ်စက်မူ့ သည် အဝတ်စလေးပုံထားသလို့ ပျော့ဖက်ကာ ပန်းကြွေလေးတပွင့်လိုပဲ နွမ်းနယ်နေလေသည်။

သက်ပုံနေမကောင်းတာနှစ်ရက်ရှိနေပါပြီ။
ကောင်းချီ သူ့ လုပ်ရပ်အပေါ်မှာ တော်တော်လေးရှက်ရွံ မိသလို သက်ပုံကိုလည်း သနားရသည်။

အချိန်တိုင်း ကြမ်းတမ်းလွန်းလှတဲ့ သူ့ စိတ်တဖက်ခြမ်းကို ဖွင့်လှစ်မပြသမိအောင် ထိန်းထားသော်လည်း သက်ပုံက ဆိုးလွန်းလှသည်။

"ထွက်သွားစမ်း "

ခပ်မာမာလေသံနဲ့ နှင်ထုတ်ခံလိုက်ရတော့ကာင်းချီ တစ်ယောက် မျက်နှာလေးငယ်သွားပေမဲ့ထွက်မသွားခဲ့ပါ။  ကုတင်ဘေးက စားပွဲပေါ်ကို ဆန်ပြုတ်ပန်းကန်ကိုရောက်အောင်သွားတင်လိုက်ပီး…

"ဆေးဆောက်ရမယ်လေ ခင်ဗျားရယ် "
ဟု ချော့ရပြန်သည်။ ကိုဖိုးနီ၏ စကားကိုနောက်ကို ဘယ်တော့မှ မယုံတော့ပေ။
ကြမ်းနိုင်မှ ကြိုက်တာဆိုတဲ့ စကားကြောင့်
သူစိတ်ကျေနပ်တဲ့အထိ ကြမ်းပစ်မိ၏။
ခုဆို အကြမ်းလွန်သွားပြီးနောက် သက်ပုံတစ်ယောက် ဖျားတောင်သွားရလေပြီ။

"ထားခဲ့ မင်းမျက်နှာမမြင်ချင်ဘူး"

"နောက်မလုပ်တော့ပါဘူး။ စိတ်မဆိုးပါနဲ့ တော့"

ကောင်းချီရဲ့စကားကြောင့် သက်ပုံ မျက်နှာမဲမှောင်သွားသည်။

စိတ်မဆိုးပါနဲ့ တော့ဟုတ်လား။
ပြန်ရစ်လို့ ရရင် ဟိုနေ့ က သွားစမိတဲ့
ကိုယ့်ကိုကိုယ်…ပါးကိုသုံးချက်လောက်ပြန်သွားရိုက်ချင်တယ်။

ဒီကောင် လူမဟုတ်ဘူး။

"သွား!… မင်းမျက်နှာမကြည့်ချင်ဘူး "

သက်ပုံ အားကုန်အော်ထုတ်ပစ်လိုက်သည်။
ပြန်တွေးမိတော့ ဒေါသကတကျော့ပြန်လာတယ်။
သူအခုမထနိုင်တဲ့ အပြင် နေမကောင်းပါဖြစ်ရပြီ။ နောက်ဆုံး
အိမ်သာ သွားဖို့ တောင် ကောင်းချီပွေ့ ချီပို့ ပေးမှ သွားနိုင်တဲ့ အခြေနေ။
လက်ချောင်းတွေဆိုရင် လှုပ်ရှားလိုက်နဲ့
တဆတ်ဆတ်တုန်လို့ ။ ဒီကောင် ဘယ်လောက်တောင် သူ့ကို ...
ကျစ် ! တွေးမိတာနဲ့ ရင်ထဲမှာ တလှပ်လှပ် ဖြစ်လာရသလို ...

သက်ပုံရဲ့ ခါးသီးစွာနှင်ထုတ်မူ့ ကြောင့်
ကောင်းချီ တော်တော်လေးစိတ်မကောင်းဖြစ်သွားရသည်။
ဒါပေမဲ့ သူဒီနေ့  သက်ပုံဘေးကနေထွက်သွားဖို့ စိတ်ကူးမရှိပါ။
နေမကောင်းနေတဲ့အချိန်မှာ စိတ်အားငယ်မူ့ သည် ဘာနဲ့ မှမတူပေ။
သူမရှိရင် အိမ်ကိုလဲသတိရနိုင်သလို
ဆုံးသွားတဲ့အမေကိုလဲ တမ်းတနိုင်သည်။
ထို့ ကြောင့် ရိုက်ရိုက်နှက်နှက်ကြိုက်တာလုပ်ပါစေ။ ကောင်းချီ သက်ပုံဘေးဝင်အိပ်ကာ ပူနွေးနေတဲ့ ကိုယ်လုံးလေးကို
ပွေ့ ဖက်လိုက်၏။

"ခင်ဗျားကို ချစ်လိုက်တာ။
ငှက်ပျောသီးခြောက်လုပ်ပေးထားတယ်။
နေကောင်းပျောက်ရင်စားလို့ ရပြီ"

"မင်းကိုနောက်တခါခွင့်မပြုတော့ဘူး
ကောင်းစင်သန့် ချီ ။ မင်း…လူယုတ်မာ"

"ခင်ဗျားရယ် "

ရုန်းဖယ်ခြင်းမပြုပေမဲ့ ကိုက်ရာမျာစွာကတော့ရင်ဖက်မှာတိုးလာ၏။
စိတ်မြန်လက်မြန်ရှိလှတဲ့ သက်ပုံတစ်ယောက် စိတ်သွားတိုင်းကိုယ်မပါတဲ့ အခြေအနေကို ဘယ်လောက်တောင်ဒေါသထွက်လိုက်လေမလဲ။
သူ့ ကြောင့်ပါ။
တခါတလေ သက်ပုံအပေါ်ရူးမိုက်ချင်တဲ့
စိတ်ဆန္ဒများစွာက သူ့ ကိုယ်သူတောင် မထိန်းချုပ်နိုင်ဖြစ်တက်သည်။
ဒီတခါတော့ သူတော်တော်များသွားတာတော့ဝန်ခံပါသည်။

လေးရက်ကြာပီးသည့်နောက်မှာ သက်ပုံ နေကောင်းလာခဲ့ပါသည်။
ကောင်းချီတစ်ယောက်ကတော့ သူ့ အပြစ်သူသိစွာ အိမ်ပေါ်နဲ့ အောက်ထပ်ကို အကြိမ်ကြိမ်ကူးပီး ဈေးရောင်းလိုက် သက်ပုံကိုပြုစုလိုက်နဲ့ အတော်လေးပင်ပန်းရှာပေမဲ့ တခွန်းတောင် မညီးညူခဲ့ပါ။

"သက်ပုံ လက်ရှည်လေးဝတ်ထားအုံး"

လက်ထဲက ကိုင်လာတဲ့ ချည်လက်ရှည်အပါးလေးကို တခါထဲဝတ်ပေးနေတာမို့ အလိုက်သင့် လက်လျိုဝတ်လိုက်ရသည်။
နေကောင်းကာစဆိုတော့ လှုပ်လှုပ်ရှားရှား သိပ်မလုပ်နိုင်သေးပေမဲ့
စာရင်းမှတ်တာလောက် ငွေသိမ်းတာလောက်တော့ သက်ပုံလုပ်နိုင်နေပါပီ။
ပြီးတော့ ဒီနေ့ က ရွာဖက်တွေ ဈေးဝယ်ဆင်းကြတဲ့နေ့ မို့  လူရှုပ်သလို အလုပ်လဲများနေကြသည်။

"နေမကောင်းသေးရင်လဲ နေသာသလို နေပါ့လား။ ဒေါ်လေးတို့ လည်းရှိနေတာကို
မင်းနှယ့် အပင်ပန်းခံလို့ "

ဒေါ်လေးအေးကြည်က သက်ပုံနေမကောင်းဖြစ်ကတည်းက မနက်ဆို ရောက်လာကူရောင်းတက်တာမို့ ဒီနေ့ လဲ
အစောကြီးရောက်နေတာဖြစ်သည်။
လူကြီးမို့ တခါတလေ ဆူဆူပူပူရှိတက်ပေမဲ့ စိတ်ပူလို့ ပြောမှန်းသက်ပုံနားလည်ပါသည်။

"ကျောပူလို့ ဆင်းလာတာပါဒေါ်လေးရာ။
လာ ဒီနေ့ ကျွန်တော်ရောင်းမယ်။ ဒေါ်လေးက ကိုထက်နဲ့  တောထဲ ခဏ
လိုက်သွားပေး။ အဝေးကြီးမဟုတ်ဘူး။
ဦးရွှေဘ အခင်းမှာ မီးသွေးသွားတင်မလို့  ။ တခါထဲ ဈေးဖြတ်ပီး ဒေါ်လေး ကြိုက်ရင်နောက်ထပ်အမှာစာ ပြောခဲ့လိုက်။ "

ကောင်းချီ အံ့ဆွဲထဲက ပိုက်ဆံငါးထောင်တန်တစ်အုပ်ကို ယူပေးရင်း သက်ပုံနားကနေ သူ့ အဒေါ်ကိုဆွဲခေါ်သွားသည်။
ခုတလော ကောင်းချီ မန္တလေး က လက်ဖက်ရည်ဆိုင်တွေနဲ့ ဘယ်ကဘယ်လို စပ်မိလာတယ်မသိဘူး။
ဈေးဝယ်သွားရင် ကားအလွတ်မသွားတော့။
အခင်းတွေထဲမှာ မီးသွေးဖုတ်တဲ့ သူတွေဆီက မီးသွေးရသလောက်တင်ပီး
ဟိုမှာ ဖောက်သည်ပြန်ပေးသည်။
မီးသွေးကပါရင်ပါသလောက်ကုန်တာမို့
တစ်သိန်းနှစ်သိန်းဆိုတာအမြတ်ရဖို့  မခဲရင်း။

"ကိုသက် ဘောင်ချာဖွင့်ပေးပါ သမီးအော်လိုက်မယ် "

ပစ္စည်းတွေအပုံလိုက်နဲ့  တောင်းထဲရေထည့်ပေးဖို့ ပြင်နေတဲ့ မာလာကြောင့် သက်ပုံ ဘောပင်ကိုင်ရတော့သည်။
ကောင်းချီ တစ်ယောက်ကတော့
ဟိုဖက်အိမ်ကနေ စားဆီပုံးတွေ မ,ပြီး အပြင်ထုတ်ပေးနေ၏။
အိမ်မှာ အားကောင်းမောင်းသန်က သူတစ်ယောက်ရှိတာမို့ အလေးအပင်ဆိုရင် ကောင်းချီက ကလေးတွေကိုမခိုင်းပဲသူကဝင်လုပ်တက်သည်။

"မာလာရေ သမီးအားလုံးပေါင်း
တစ်သိန်းရှစ်သောင်းဖိုး ။ ဘောင်ချာလာယူလှည့်"

ခဏကြာတော့ ဧည့်သည်အဒေါ်ကြီးတစ်ယောက်နဲ့ မာလာဝင်လာ၏။

"ထိုင် ဒေါ်လေး။ ကုန်ချပေးမဲ့သူပါလား။
အလုပ်သမားခေါ်ပေးရမလား"

ရေလမ်းက လာတဲ့သူတွေကျ ရေဆိပ်စက်လှေပေါ်ထိ ကုန်ချဖို့ အလုပ်သမားခေါ်လေ့ရှိတာမို့ မေးလိုက်ခြင်းသာ။

"ရတယ် ကိုသက်။ သားနှစ်ယောက်ပါတယ်။ သူတို့ ထမ်းလိမ့်မယ်။ ခုလာတာ ကုန်လေးဝယ်ရင်း သက်ပုံကိုလဲ ပြောစရာရှိလို့ ပါ။ "

"ဟုတ်ဒေါ်လေးပြောလို့ ရပါတယ်။ ဘာများလဲ "

"အဒေါ်က သပြေကုန်းမှာနှမ်းတို့ ပဲစိမ်းငုံတို့ စိုက်တယ်။ တခြားတော့မဟုတ်ပါဘူး။ အဒေါ်ယူတဲ့ ဈေးတွေကို နောက်တခေါက်ကျ နှမ်းနဲ့ လဲလို့ ရမလား။ ကိုသက်တို့ ကကျ မြို့ ပေါ်အရောက်ပေါက်ရှိတော့လွယ်တယ်။ အဒေါ်တို့ ရွာမှာကျ စက်လှေနဲ့ လာဝယ်တဲ့ ကုန်သည်တွေတော့ရှိတယ်။ ဒါပေမဲ့ ဈေးမတအားနှိမ်တော့ ဒေါ်လေးတို့ စိုက်ရတဲ့သူတွေကျ အဆင်မပြေတော့လို့ ပါ။  " 

"ဟို ကျွန်တော်တို့ က အဲ့လိုတွေကျနားမလည်ဘူးဗျ။ တောင်သူလည်း မလုပ်ဘူးတော့ ဈေးတွေလဲမသိဘူး "

ကူညီချင်ပေမဲ့ သက်ပုံရောကောင်းချီရော
အဲ့လောက် ကြီးနားမလည်ပေ။
ဒီတိုင်းဝယ်လိုက်ရုံနဲ့ မပြီးသွား ။
ပွဲရုံတွေလိုက်ပို့ ဘာညာကရှိသေးတယ်။

"ကူညီပါ ကိုသက်ရယ်။ ဒီလိုခက်ခဲနေတာ အဒေါ်တစ်ယောက်ထဲမဟုတ်ဘူး။
ဒီနယ်တဝိုက်က တောင်သူတွေတော်တော်များများပါပဲ။ မြို့ လေးထိ  တမျှော်တခေါ်သွားရောင်းဖို့ လည်းအဆင်မပြေဘူးလေ။ အဲ့ဒါကြောင့်ပါကွယ်။ အဆင်ပြေမယ်ဆိုရင်
ကိုသက်ကိုဒီမှာပွဲရုံလေးလုပ်စေချင်တယ်။ "

ခခယယအကြည့်တွေကြောင့် သက်ပုံတစ်ယောက် ဆက်ငြင်းပယ်ဖို့ မပြောရက်တော့။

"ဟုတ်ကဲ့ပါ ဒီတခါ ကောင်းချီမြို့ လေးသွားရင် ပွဲရုံတွေ ဘယ်ဈေးသိမ်းလဲမေးခိုင်းလိုက်မယ်။
သူတို့ သိမ်းတဲ့ဈေးမပေးနိုင်ရင်တောင်
အဆင်ပြေအောင်တော့ကြည့်လုပ်ပေးပါ့မယ်"

"ကျေးဇူးတင်ပါတယ် ကိုသက်ရယ်။ "

ထိုအဒေါ်ပိုက်ဆံရှင်းပြန်သွားပီးတဲ့နောက်မှာ
သက်ပုံ သက်ပြင်းချမိသည်။
တောင်သူလုပ်တဲ့သူတွေ တကယ်ပင်ပန်းတာကို သက်ပုံသိပါသည်။
နွေပူမရှောင်မိုးရွာမရှောင် လုပ်ရပြီးတခါတလေ ဈေးမကောင်းရင် သူတို့ ခမျာ
အမြတ်မပြောနဲ့ လုပ်အားခတောင်မရချင်။
ဒါကိုခုလို ဈေးနှိမ်ပီးလုပ်စားနေကြတဲ့သူတွေကိုတော့တကယ်အံ့သြပါသည်။
သူတပါးချွေးမြေကျအောင်လုပ်ပီးမှ
ရလာတဲ့ ပိုက်ဆံကို မတရားသဖြင့်တော့ မလုပ်စေချင်။

သူပြောသလိုပဲ ကိုယ့်အတွက် အဆင်ပြေတဲ့ပွဲရုံနဲ့ မချိတ်ဆက် မိသေးခင်တော့
အလုပ်ရှုပ်တယ်ဆိုပေမဲ့ ချိတ်မိသွားရင်တော့ အပန်းမှ မကြီးတော့တာ။

"သက်ပုံတော်ပီလေ။
နေကောင်းကာစ အများကြီးမစားနဲ့ "

ကောင်းချီအသံကြားမှ စားလက်စ ငှက်ပျောသီးခြောက်အလုံးလေးကို အောက်ပြန်ချလိုက်ရသည်။
သက်ပုံက ဒီလို အလုံးလိုက်အခြောက်လှမ်းတာမျိုးတော့ အသေကြိုက်သည်။

ဟိုတလော ဒေါ်လေးအေးကြည်အိမ်လာပို့ ပေးသွားတဲ့ ပွဲကျ  ရခိုင်ငှက်ပျောသီးမှည့်နှစ်ဖီးကိုကောင်းချီကဗန်းနဲ့ သေချာလှမ်းပေးထားတာဖြစ်သည်။

"လာအုံး ငါပြောစရာရှိတယ်"

ကလေးမလေးတစ်ယောက်မမှီတဲ့ မုန့် ထုပ်တချို့ ကို စင်ပေါ်ကယူပေးနေတဲ့ကောင်းချီကိုသက်ပုံ လှမ်းခေါ်လိုက်သည်။

သူလုပ်ပေးစရာမရှိတော့ဘူးဆိုမှ

"ဘာပြောမလို့ လဲသက်ပုံ"

သက်ပုံ စောစော ကိစ္စကိုကောင်းချီကိုရှင်းပြလိုက်သည်။သက်ပုံကိုယ်တိုင် စိတ်မကောင်းဖြစ်နေသည်မို့ ကောင်းချီကိုဖြစ်နိုင်ရင် လုပ်ပေးစေချင်သည်။
စကားဆုံးတော့ မပြောင်းလဲစွာ နာခံတက်သူက……

"အင်းပါ ကျွန်တော် ကိုထက်ကို ဒီတခါမြို့ လေးသွားရင် ပွဲရုံတခုခုကနေ စုံစမ်းခိုင်းပေးပါ့မယ်"

ပြောရင်း လက်က ပါးတစ်ဖက်ကိုလာဖျစ်ညှစ်နေတာမို့  ရိုက်ထုတ်ပီးမျက်စောင်းထိုးလိုက်သည်။
သက်ပုံ ကောင်းချီကို လုံးဝ စိတ်မပြေသေးဘူး။
အဲ့ဒါတကယ်ပြောတာ။
ကိုယ်ကသာ မကျေနပ်နေတာ သူကတော့ ဘာလုပ်လုပ်တပြုံးပြုံးနဲ့ ကြည့်နေတော့တာပဲ။

ကောင်းချီ …ကောင်းချီ မင်းလောက်ကတော့ ……

စိတ်တိုတာနဲ့ ဘေးက ရေသန့် ဘူးခွံနဲ့ ကောက်ပေါက်လိုက်၏။

ဒါလဲစပ်ဖြဲဖြဲရုပ်ကပြောင်းမသွား။
သင်း ဘာဖြစ်ချင်နေတာလဲ ။

"မင်း အခွက်ကြီးကို ပြင်လိုက်စမ်း"

သက်ပုံရဲ့ အော်သံကျယ်ကြီးက ဟိန်းခနဲ။ ကောင်းချီရဲ့ အကြည့်တွေကို
ခုတလော…သက်ပုံကြိုက်မနေတာသေချာသည်။
ပြုံးတာမြင်လေ ခန္ဓာကိုယ်က ဟိုနားကနာတာလိုလို ဒီနားကနာတာလိုလိုနဲ့
အဆင်ပြေမနေဘူး။

ချစ်တဲ့အိမ်စည်။
 

( ကောင်းချီရဲ့ Fanတွေ လိုက်အော်ကြပါ/အောင်ပြီ အောင်ပြီ အောင်ပြီ 3ကြိမ်အော်ပါ။ ဟုတ် ကျေးဇူး )

-------------

Bạn đang đọc truyện trên: ZingTruyen.Xyz