ZingTruyen.Xyz

အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)

38(uni)

eainsi23

သက်ပုံ စိတ်ဆိုးနေပါသည်။
ဘာအကြောင်းကိစ္စကြောင့် သက်ပုံစိတ်ဆိုးရသလဲ ကောင်းချီ မသိပါ။
ကောင်းချီထင်တာတော့ ထန်းရည်သောက်လို့ ဖြစ်နိုင်သည်။

အဲ့ဒါကလည်း ကိုဖိုးနီက အဓိက တရားခံပင်။
မလိုက်ချင်ဘူးလို့ အတန်တန်ငြင်းပါရက်နဲ့ အတင်းခေါ်ဆိုမူ့ ကြောင့်
ကောင်းချီလိုက်သွားမိခဲ့သည်။

ဟိုရောက်တော့

"မင်းကလည်း သောက်စမ်းပါ ယောကျာ်းမဟုတ်ဘူးလား..သောက် ..များများ"

ဆိုတဲ့စကားနဲ့  ထန်းရည်သုံးမြူ ကုန်အောင် သောက်ခိုင်းသည်။

ကိုဖိုးနီက မကောင်းတဲ့သူပင်။
မလိုအပ်ပဲ သက်ပုံစိတ်အနှောက်အယှက်
ဖြစ်ရတာ ထိုသူကြောင့်ပင်။
နောက်ဆို ကောင်းချီ မကောင်းတဲ့ကိုဖိုးနီနဲ့ လုံးဝမပေါင်းတော့ပါ။

"သက်ပုံ ကျွန်တော်အဝတ်တွေလျှော်ပြီးပြီ "

အိမ်အလုပ်တွေလုပ်ရုံမက သက်ပုံအဝတ်တွေလျှော်ပေးပြီး မျက်နှာလုပ်ပါသော်လည်း သက်ပုံက သူ့ ဖက်ကိုစောင်းငဲ့တောင်ကြည့်မလာပါ။

ကောင်းချီစိတ်ညစ်သွား၏။

ဒီနေ့ဈေးပိတ်ရက်ဆိုပေမဲ့ မနက်သက်ပုံမထခင်ကတည်းက ကောင်းချီ  သပြေကုန်းရွာက  ကုန်စိမ်းဖောက်သည်လာယူတာကိုလည်း ထရောင်းပေးထားသလို
ထမင်းနဲ့ ဟင်းကိုလည်း သက်ပုံ မလုပ်ရအောင် အရံသင့် ချက်ပေး ပြီးပြီ။

ပြီးတော့  သက်ပုံကြိုက်တဲ့ ဦးသားချိုဆိုင်က ဖန်ကဲလေးနဲ့ ကြက်ဥပလာတာကို
လည်း စောစော သွားဝယ်ပေးထားသည်။

ဒါကိုလည်း သက်ပုံက စိတ်ဆိုးမပြေသေး။
ထို့ကြောင့် ဘေးနားရပ်ကာ

"သက်ပုံ နောက်ကို ထန်းရည်မသောက်တော့ပါဘူး။ စိတ်ဆိုးပြေပါတော့နော်"
ဟု မျက်နှာငယ်လေးနဲ့ပြောမိ၏။

သက်ပုံ အိပ်ယာထဲဝင်လှဲနေရာမှ
ကောင်းချီစကားကြောင့် ပို၍စိတ်တိုသွား၏။

သူစိတ်ဆိုးတာ ထန်းရည်သောက်လို့ မဟုတ်ဘူးဆိုတာ  ကောင်းချီ မသိလေသလား...

ဒီယောကျာ်းကတော့ တကယ်ပြောချလိုက်ရရင်မကောင်းရှိတော့မယ်။

"မင်းဘာသာသောက်ချင်သောက်၊ မသောက်ချင်နေ ။ ငါ့ကိုစကားလာမပြာနဲ့ "

သက်ပုံဆီက အလွန်အမင်းဒေါသထွက်နေတဲ့လေသံကြောင့် ကောင်းချီမျက်နှာလေးပိုငယ်သွား၏။
ခါတိုင်းလည်း သက်ပုံစိတ်ဆိုးတက်တယ်ဆိုပေမဲ့ ဒီတခါစိတ်ဆိုးတာနဲ့ တော့မတူပေ။
သက်ပုံရဲ့ မျက်နှာမှာ အလိုမကျရိပ်တွေနဲ့ စိတ်ကုန်နေတဲ့လေသံအချို့ ကိုလည်းထူးဆန်းစွာတွေ့ ရသည်။

ကောင်းချီဒါကိုတော့ စိတ်ပူပါသည်။
ချစ်တဲ့သက်ပုံက သူ့ ကိုစိတ်ကုန်သွားမှာစိတ်ပျက်သွားမှာ သူအလွန်ကြောက်သည်။

တကယ်ဆို ဒီနေ့  တနင်္ဂနွေနေ့ မို့
ဆိုင်ပိတ်ထားပေမဲ့ ကောင်းချီကတော့
သက်ပုံအနားကပ်ခွင့်မရခဲ့ပေ။

စိတ်ညစ်ညစ်နဲ့ ကောင်းချီ ခရေပင်အောက်သွားထိုင်နေလိုက်သည်။
အတွေးထဲမှာလည်း သက်ပုံကိုချော့ဖို့ နည်းအမျိုးမျိုးစဉ်းစားပေမဲ့ ကောင်းမွန်တဲ့
ဖြေရှင်းချက်တခုတောင် ခေါင်းထဲကထွက်မလာပေ။စိတ်ပျက်လက်ပျက် ခေါင်းကို တဗျင်းဗျင်းကုတ်လျက်

"ဟူး...စိတ်ညစ်လိုက်တာ ။ ဒီလိုမှန်းသိရင် မနေ့ က မသောက်ပါဘူးကွာ"

ကောင်းချီ တစ်ယောက်ထဲ ခပ်လေးလေးပြောနေတုန်း မျက်လုံးထဲ ဝင်လာတာ
ပါးဆိုးတိုတိုဝတ်ကာ ဖရိုဖရဲု ဖြစ်နေတဲ့ ကိုဖိုးနီပင်။ ပြသနာအလုံးစုံသည် ထိုလူကြီးကြောင့်မို့  ကောင်းချီ အတော်လေး စိတ်ခုပါ၏။ အမှန်ဆို ကောင်းချီက  သေရည် ၊အရက် သောက်သုံးတက်သူမဟုတ်ပေ။ အပေါင်းသင်းဖျက်လို့ ပျက်တယ် ဆိုတာ ဒါမျိုးတွေကြောင့်ဖြစ်မည်။
သူသာ  ချော့မော့ မတိုက်ရင် ကောင်းချီ
သေချာပေါက် သောက်ဖြစ်မှာမဟုတ်ပေ။
အလိုလိုက်ခဲ့မိတဲ့ စိတ်ကြောင့် ခုဆို ကောင်းချီ ကို သက်ပုံတစ်ယောက် စိတ်ဆိုးနေခဲ့သည်။

စကားပြောချင်စိတ်မရှိတာမို့  ထ ပြီးအိမ်ထဲဝင်ဖို့ ပြင်လိုက်စဉ်...

"ဟိတ်ကောင် ငကောင်း။ မင်းဆီလာတာနဲ့ အတော်ပဲ"

*ကျစ်! ဒီလူ ။ စကားကိုပြောချင်မှန်းမသိမပြောချင်မှန်းသိ ။*

အတင်းလက်ဆွဲ တားနေတာကြောင့်
ကောင်းချီ စောင့်ရုန်းပစ်လိုက်တယ်။
သူတကယ် ဒီလူ့ ကိုမကျေနပ်နေတာ။

"ဘာတုန်းပြော။ မနေ့ က ခင်ဗျားကြောင့် သက်ပုံစိတ်ဆိုးသွားတာနော်။ စိတ်ကြည်နေတယ်မထင်နဲ့ "

"ကိုယ့်လူရာ ထန်းရည်သောက်တာ
အရက်သောက်တာမှမဟုတ်တာ။ စိတ်ဆိုးတော့ ချော့ပေါ့ကွာ။ ယောကျာ်းကောင်းတွေရဲ့ တက်ထားသင့်တဲ့ အတက်ပညာထဲမှာ ကိုယ့်အိမ်ထောင်ဖက်ကို စိတ်ကျေနပ်အောင်ထားဖို့ လည်းလိုတယ်ကွ။ ထိုင် ဒီမှာ ။ ကိုဖိုးနီရှိရင် မင်းပြသနာအေးဆေးဖြစ်သွားမယ်"

လက်ကိုဆွဲပီး ကွစ်ပျစ်မှာပြန်ထိုင်းခိုင်းနေတာကြောင့် ကောင်းချီ မကျေမနပ်ပြန်ထိုင်လိုက်သည်။
သူကိုယ်တိုင်လဲ ဒီပြသနာ မဖြေရှင်းတက်တာမို့ နည်းမှန်လမ်းမှန်ပြပေးနိုင်တဲ့
သူ လိုအပ်နေသည်။
ကိုထက်နဲ့ က ညီအကိုတွေဆိုတော့
ဒီကိစ္စတွေကိုတိုင်ပင်လို့ မကောင်း။

"ပြော မင်းပြသနာတွေကို ။
မေးခွန်းရှိရင် အဖြေရှိရမှာပေါ့"

မိန့် မိန့် ကြီးပြောနေတဲ့ အရက်သမားကိုဖိုးနီကြောင့် ကောင်းချီအနည်းငယ်အားကိုးချင်စိတ်ဝင်သွားတာတော့အမှန်ပင်။ အရက်နံ့တသင်းသင်းရပေမဲ့ အရမ်းမူးမနေသေးတဲ့ပုံမို့

"မသိပါဘူးဗျာ။ မနက်က အိပ်ယာနိုးကတည်းက ဘာကိုစိတ်ကောက်နေမှန်းမသိဘူး ။ ဘယ်လိုမှချော့မရဘူး.."

"ဒါက ဒီလို ရှိတယ်ကွ။ တချို့ ဖြေရှင်းတာတွေကျ အေးဆေးရှင်းမှအဖြေရတာမျိုးရှိတယ်။ တချို့ ကကျ ကြမ်းသင့်ရင်ကြမ်းရတယ်ကွ။ မင်းလို ယောကျာ်းမယူဘူးတော့ ယောကျာ်းအကြောင်းတော့ငါမသိဘူး။
ငါ့မိန်းမ မိယုကတော့ ပြောမရရင်
ကြမ်းပစ်လိုက်မှငြိမ်သွားတာကွ။ "

"ကြမ်းတယ်ဆိုတာ ရိုက်တာကိုပြောတာလား။ ဟာ ဒါတော့မဖြစ်ဘူးနော်။
ကျုပ်က သက်ပုံကို လက်နဲ့ ရွယ်ဖို့ မပြောနဲ့ မျက်စောင်းတောင်ထိုးရက်တာမဟုတ်ဘူး"

ကောင်းချီရဲ့ အကဲပိုပို စကားကြောင့်
အရက်သမားကိုဖိုးနီရဲ့ မျက်နှာ အီလည်လည်ဖြစ်သွား၏။

"မင်းကလည်းကွာ ဒါစကားလှအောင်ပြောတာပါဟ ။ သိပ်အကဲမပိုနဲ့ ဟိတ်ကောင့်ရ ။ မင်းချစ်တာထပ် ငါက ငါမိန်းမ မိယုကို အဆတစ်ရာ ပိုချစ်တယ်ကွ"

"ကဲပါဗျာ စောစောကအကြောင်းပြန်ဆက်စမ်းပါ။ ခင်ဗျားမိန်းမအကြောင်းနောက်မှပြောလည်းရတယ်။ "

ကောင်းချီအမြန်တားလိုက်ရသည်။
မဟုတ်ရင် လူပျိုဘဝက သူမိန်းမကိုဘယ်လို ပိုးသလဲဆိုတာတွေပါ ထပ်ခါထပ်ခါပြောတော့မှာ။ ဒါကို မသိချင်ဘူး။

သူသိချင်တာ ဖြေရှင်းဖို့ နည်းလမ်း။

"အဟမ်း! ဆက်ပြောရမယ်ဆိုရင်
ဒီလိုကွာ......"

ကိုဖိုးနီသည် နားနားကပ်ကာ တိုးတိတ်စွာပြောပြသည်။
စကားအဆုံးတော့ကောင်းချီ မျက်လုံးပြူးသွားသည်။

"ဖြစ်ပါ့မလား"

"ဖြစ်ပါတယ်ကွ။ လုပ်လိုက်စမ်းပါအဲ့အတိုင်း။ ငါဆို ငါမိန်းမမိယု ကိုပြောမရရင် ဒီနည်းပဲသုံးလိုက်တာ ငါးမိနစ်မကြာဘူးပြေပါရော့လား "

"ကျုပ်ကို အထင်သေးသွားရင်ဘယ်လိုလုပ်မလဲ"

"အဲ့ဒါဆိုလဲ ခံလိုက်ပေါ့ကွာ။
မင်းကွာ အဲ့လောက်မတုံးစမ်းနဲ့ ။
မင်းကိုပြောရတာအာညောင်းတယ်
ပြန်ပီကွာ ငါ့မိန်းမ မျှော်နေတော့မယ်"

ကိုဖိုးနီပြန်သွားတဲ့အထိ ကောင်းချီ စဉ်းစားခန်းဝင်မပြီး။
နောက်ဆုံးတော့ သူ ဆုံးဖြတ်ချက်ချလိုက်သည်။
သက်ပုံစိတ်ဆိုးပြေအောင်ဘာပဲလုပ်ရလုပ်ရလုပ်တော့မည်။
-

-

-

သက်ပုံ အေးအေးလူလူနေရအောင်
ရေချိုးခန်းထဲဝင်ပီးရေချိုးလိုက်သည်။
ရာသီဥတုက ပူတယ်ဆိုပေမဲ့ မြစ်ကနေဝေ့ပီးတိုက်လာတဲ့ လေက အပေါ်ထပ်မှာရှိတဲ့ သက်ပုံတို့ အခန်းကို တိုက်ရိုက်ဝင်လာတာမို့ အသားမဲရုံကလွဲပီး ပူတော့မပူပေ။
ကောင်းချီကတော့ ထုံးစံအတိုင်း
လွတ်ရာလွတ်ကြောင့် ရှောင်သွားပြီပေါ့။
သူ့အကျင့်က အဲ့တိုင်းပဲ ..ဘယ်တော့မှ  စိတ်ကောက်ရင်  ချော့ဖို့နည်းလမ်းမရှိဘူး ..
ဘေးလွတ်ရာကို  သွားထိုင်နေတက်တော့တာပင်။

နည်းနည်းမကျေနပ်ဘူးဆိုပေမဲ့
စကားနည်းရန်ဆဲ သက်ပုံလဲ ဘာမှ
ထူးပြီး ပြောမနေတော့ဘူး။
ဒီယောကျာ်းနဲ့ ပတ်သတ်ပီး
ခံစားနေရရင် ကိုယ်ရူးနေလို့ ပဲဖြစ်မယ်။
မြစ်ထဲကရေ အကုန်ခပ်ထုတ်ဆိုရင် သင်းလုပ်ချင်လုပ်မည်။
ချော့ဖို့ ဆိုရင် ကောင်းချီက ဝေးဝေး
ရှောင်တက်သည်။
မချစ်လို့ လားဆိုတော့လည်းမဟုတ်။

သက်ပုံလုပ်ရမဲ့ အလုပ်တွေကို ကြိုလုပ်ထားတက်တာမျိုး...ကြိုက်တာလေးတွေဝယ်ကျွေးတာမျိုးတွေက ကောင်းချီ သက်ပုံကိုချော့တာဆိုတာ သက်ပုံ နားလည်သည်။

တခါတလေ မင်းမိန်းကလေးမှ မဟုတ်တာ အဲ့လောက်ကောက်မနေနဲ့ လို့
ဖြေသိမ့်ပေမဲ့ မိန်းမနေနေ ယောကျာ်းနေနေ အချော့ကြိုက်တက်တာ သဘာဝပဲမို့ လား။

ကောင်းချီ အိမ်ပေါ်ကိုတက်လာတော့ သက်ပုံက အခန်းထောင့်က ကြိမ်ခုံဝိုင်းလေးပေါ်မှာထိုင်လို့ lotionလူးနေတယ်။

ခေါင်းထဲမှာ အ်ိမ်က မိန်းမကကြမ်းတာကြိုက်တယ်ဆိုတဲ့ ကိုဖိုးနီစကား ပဲ စွဲနေတာမို့
သက်ပုံကြိုက်အောင် ဒီနေ့ ကြမ်းမှဖြစ်မယ်လို့ တွေးပီး အိမ်ပေါ်တက်လာတာဖြစ်သည်။

လူအကောင်လိုက်ကြီး အခန်းထဲဝင်လာတာတောင် သက်ပုံက မော့တောင်မကြည့်။ ထို့ ကြောင့် မျက်နှာကိုမော့ချီကာ တည်တင်းလိုက်ရင်း

"ဒီမှာ သက်ပုံ "
ဟုလေသံမာမာခေါ်ပစ်လိုက်သည်။ ဒါဘဝမှာပထမဆုံးသက်ပုံကိုအော်ဖူးခြင်း။

တွန့် ချိုးနေတဲ့ မျက်ခုံးတွေနဲ့ မော့ကြည့်လာတဲ့ သက်ပုံကြောင့် မောင်းတင်လာတဲ့ မာကျောခြင်းတွေက တစစီပျောက်ကုန်သည်။
သူ သက်ပုံကို လေသံမာမာမပြောရဲပေ။

ဒါပေမဲ့ သူမလုပ်လို့ မဖြစ်ပါ။
ထို့ ကြောင့် ထပ်ပြီး ဒေါသထွက်နေတဲ့မျက်နှာ ကိုကြိုးစားလုပ်လိုက်သည်။

ပြီးမှ......

"သက်ပုံ ကျွန်တော်ကို စိတ်မကောက်ပါနဲ့ တော့နော် "

ချီးပဲ ။ ထွက်လာတဲ့လေသံကလဲ။
မရဘူး သူစိတ်ဆိုးလို့ မရဘူးလို့ ။
ကောင်းချီ သူ့ ကိုယ်သူအတော်လေးဒေါသထွက်သွား၏။
နောက်တော့ ဘယ်လို မှ ဆက်မမာနိုင်တော့တာကြောင့် သက်ပုံဘေးဒူးထောက်ထိုင်ပြီး ခြေသလုံးတွေကို သိမ်းဖက်ထားလိုက်သည်။

"မှားသွားပါတယ်။ နောက်မအော်တော့ပါဘူး။ အဲ့ဒါ ကိုဖိုးနီကြောင့်ပါ။ အဲ့လူက သူမိန်းမ စိတ်ဆိုးရင်ကြမ်းပြရတယ်ဆိုလို့ ကျွန်တော်အော်မိတာပါ  ထပ်ပြီး စိတ်မကောက်ပါနဲ့တော့နော်"

အံ့ဖွယ်ကောင်းချီကြောင့် သက်ပုံထိန်းမရအောင်ရယ်ပစ်ချင်သွား၏။
စိတ်ဆိုးမာန်ဆိုးဝင်လာလို့  အထင်ကြီးနေတာ။
နောက်ဆုံးတော့ ကိုဖိုးနီ သင်ပေးတာတဲ့။ ဖြစ်မှဖြစ်ရလေ။
ဒေါသထွက်ပီးသောင်းများသောင်းကြမ်းတော့မှာလာလို့ ။
ရယ်လည်း ရယ်ချင်သနားလည်း သနားလာတာကြောင့် ဘာမဟုတ်ပဲကောက်နေတဲ့စိတ်ကိုဖြေဖျောက်လိုက်သည်။
သူ့ ရဲ့ အလိမ်မာလေးဆီက ဘာများမျှော်လင့်နေတာလဲ။
ကောင်းချီက ကောင်းချီပဲမို့
ဒီတိုင်းလေးပဲကောင်းပါသည်။

"ဖယ် "

"ဖယ်ချင်ဘူး။ "

"ဖယ်လို့ ပြောနေတယ်"

"ဟင့်အင် ဖယ်ဘူး ။ ဖယ်ရင် ဟင့်
သက်ပုံထွက်သွားလိမ့်မယ်"

ဒူးကိုဖက်ထားပီး သွားမရအောင်ချုပ်ထားတဲ့ သူသည် မျက်ရည်စီးကြောင်းဖြင့်သနားစဖွယ်။

"ဖယ်ပါဆို ရေသောက်မလို့ "

"ဟင်!"

ဒါလား ကောင်းစင်သန့် ချီက။
မသိရင် လူမိုက်ရုပ်... ကျားကိုးစီးစားမကုန်တဲ့ ခန္ဓာကိုယ်နဲ့ ။

အပြုမူကတော့လုံးဝ ပူစီကြောင်ပဲ။

ရယ်ချင်စိတ်ကိုထိန်းကာ ခပ်တည်တည်နဲ့ အခန်းပြင်ထွက်ကာ ရေခဲသေတ္တာထဲက ရေတစ်ဘူးထုတ်သောက်လိုက်သည်။
တကယ်တမ်းစိတ်ဆိုးလို့ အပြင်ထွက်သွားမယ်ဆိုရင်တောင် သက်ပုံမှာသွားစရာနေရာမရှိသလို သွားလည်းမသွားတက်။
ဒါကို ငအကောင်းချီ လုံးဝမသိ။

ကောင်းချီကတော့ သူ လုပ်တဲ့ အပြုမူတွေကို သူ့ ဘာသာရှက်သွားဟန်တူသည် ။
ကုတင်စွန်းမှာ ခေါင်းလေးငုံ့ ကာငြိမ်ငြိမ်လေးထိုင်နေ၏။
နားရွက်ဖျားတွေကရဲလို့ ။

ကျစ် ! စောက်ရမ်းတွေချစ်စရာကောင်းနေလိုက် ကောင်းစင်သန့် ချီ။

ရေခဲရေကို ကလု ကလုမြည်အောင် မော့ချတာတောင် အပူမီးကပျောက်မသွား။
ပူပူလောင်လောင် ရင်ဘတ်ကို သက်သာလို့ သက်သာငြား အခန်းထဲပြန်ဝင်ကာ
သူ့ အချစ်ကလေးကို စနောက်လိုက်သည်။

"တခြားဘာသင်ပေးလိုက်သေးလဲ "

စကားအဆုံးမှာ ကုတင်ပေါ်က ခပ်ထွားထွားကိုယ်ထည်က တွန့် ခနဲ ဖြစ်သွား၏။

"ဟို ...ဟို "

ပိုမိုရဲတောက်လာတဲ့ နားရွက်ဖျားတို့ ကြောင့် သက်ပုံကြိတ်ပြုံးလိုက်သည်။
မနက်ဖန် ကိုဖိုးနီကို အရက်ဖိုးပေးအုန်းမည်။ ဒီတခါတော့ အရက်သမားက အသုံးမယ်ထင်၏။

"ပြောလေ ဘာသင်လိုက်လဲလို့ "

သက်ပုံရဲ့ ရယ်ချင်နေတဲ့ အသံကိုထိန်းထားတဲ့ပုံသည် ကလေးတွေအပြစ်လုပ်ထားတာကို သိရဲ့ ဇွတ်မေးနေတဲ့ပုံမျိုး။

ကောင်းချီက ကလေးမဟုတ်တော့ပါ။

ထို့ ကြောင့် မျက်နှာကို မော့ချီကာ ထိုင်နေရာမှထလိုက်သည်။သူတကယ်
ဒီနေ့ တော့ သက်ပုံမျက်စိထဲမှာ
လူကြီးတစ်ယောက်အဖြစ်အသိမှတ်ပြုစေချင်သည်။

"သင်ပေးလိုက်တာတော့အများကြီးပဲ ..ဘာတွေလဲဆိုတာ သက်ပုံသိချင်လား။ "

သက်ပုံ နှုတ်ခမ်းကို အသာလေးကိုက်ကာ ကောင်းချီနားတိုးသွား၏။
သက်ပုံတဖြည်းဖြည်းတိုးလာတော့
ကောင်းချီရဲ့မော့ချီနေ တဲ့ မျက်နှာက အနည်းငယ်ပုံပျက်သွား၏။
စိတ်လှုပ်ရှားနေဟန်ဖြင့် မျက်လုံးအိမ်တွေကလဲ မငြိမ်မသက်ဖြစ်လာသည်။

ဘယ်လောက်ပဲ ကောင်းချီ လူကြီးလုပ်နေပါစေ ပညာရည်မပြည့်ဝသေးတဲ့ ကလေးသာသာပဲ မို့
အသာလေး အနီးနားကနေ ကပ်ပီးဖြတ်သွားရင်း မွေ့ ယာပေါ်အားယားမှောက်အိပ်လိုက်သည်။

"မသိချင်တော့ဘူး ပျင်းစရာကောင်းတယ်"

သက်ပုံရဲ့ အပြုမူကြောင့်
ကောင်းချီ ဒေါသလှိုင်းလေးအနည်းငယ်ဖြတ်ပြေးသွားရ၏။
မထီလေးစားမှောက်အိပ်နေတဲ့ သက်ပုံက သူ့ ကိုကလေးတစ်ယောက်လို စချင်တိုင်း စနေသည်မို့  အသာလေးတိုးကပ်သွားကာ မို့ မောက်ထွက်နေတဲ့ ဖင်တုံ လေးကို နှစ်ချက်လောက် ခပ်ဆတ်ဆတ်လေးရိုက်ပစ်လိုက်သည်။

"ခင်ဗျားမပျင်းအောင် သင်ပေးလိုက်တဲ့ နည်းရှိသေးတယ်သက်ပုံ။ အဲ့ဒါ ခင်ဗျားကိုပြောပြမှဖြစ်မယ်  ခင်ဗျားလည်းသိသင့်တယ်လေ  ဘယ်လိုလဲ နားထောင်မလား "

အရိုက်ခံလိုက်ရရုံတင်မကဘူး အတင်းဖိကိုင်ခံလိုက်ရတဲ့ နေရာကြောင့် သက်ပုံတစ်ယောက် ကြက်သီးဖုတွေတန်းစီထလာရသည်။
မဟုတ်ဘူး ဒါမျိုးတွေ လုပ်နေတာကောင်းချီမဟုတ်ဘူး။

အတွေးမဆုံးသေး ဆွဲချွတ်ခံလိုက်ရတဲ့ ဘောင်းဘီနဲ့ အတူ
ကောင်းချီဆီမှနောက်ဆုံး သတိပေးချက်ကိုသက်ပုံရရှိလိုက်သည်။

"စချင်တိုင်း စလို့ ရတဲ့ ကလေးမဟုတ်ဘူးဆိုတာ ဒီနေ့ ခင်ဗျားကို ကျွန်တော်သတ်သေပြမယ်။ နားရလိမ့်မယ်မထင်နဲ့ သက်ပုံ "

ချစ်တဲ့အိမ်စည်။


ကျားတောင်ရိုးရိုးကျားမဟုတ်ဘူး။
ပန်းရောင်ကျားတဲ့ 😂။ လာပို့ တဲ့သူကလာပို့ တယ်။ ငါလေးအူတက်။ မန့် တွေလဲ ကောင်းချီကြောင့် ခွီးနေရတယ်။
တကယ့်ဟာတွေ။

Bạn đang đọc truyện trên: ZingTruyen.Xyz