ZingTruyen.Xyz

သရဲဘုရင်၏ ချစ်လှစွာသော ဇနီးဆိုးလေး Book4

၈၀၈+၈၀၉

jellyflower1

Book(32)

Gp3 (773 to 850)

ဘာသာပြန်ဆိုသူ သကြားလုံးလေး

အပတ်စဉ် သောကြာ စနေ တနင်္ဂနွေ တနလာင်္နေ့

Private Gp..... freeက စဖတ်မယ်ဆို အများကြီး ဖတ်ရပါမယ်

စောင့်မျှော်စရာလည်း မလိုအပ်တော့ပါဘူး

🤘🤘🤘🤘🤘🤘🤘🤘🤘🤘

Gp4 (အပိုင်း 851 မှ 962) (2000ks)
Gp-5(အပိုင်း 963 မှ 1042) (2000ks)
Gp-6(အပိုင်း 1043 မှ 1122)(2000ks)
GpGp(အပ်ုင်း 1123 မှ 1202) (2000ks)

Wave pay= 09784327525
Ph bill = 09899327577 (mpt) +500
Ok $ = 09969332009
Kpay=09969332009
808+809

အပိုင်း(၈၀၈)
ငတုံးမ ရွှယ်ရုံအာ (၂)

အဘိုးအိုရဲ့မျက်နှာထားက ဆိုးဆိုးရွားရွား ပြောင်းလဲ သွားတော့တယ်။ သူလည်း ရဲ့ချီကို ကြောက်ဖို့ကောင်းသော မျက်ဝန်းများဖြင့် ကြည့်လိုက်တယ်။ ရွှယ်ရုံအာလည်း မျက်နှာ မရွှင်ပါဘူး။  သူမရဲ့ အသုံးမကျတဲ့ ဆရာ့နာမည်ကို မပြောခဲ့သင့်ဘူး။

ဒီလူက ဘာအလုပ်မှ ဖြစ်ဖြစ်မြောက်မြောက် မရှိဘူး၊ ဘာဆိုဘာမှ ယုံကြည်ကိုးစားလို့ မရဘူး။

“ဝူလင်း ဟုတ်လား”
ကျွင်းဖန်လျန်လည်း ပြုံးလိုက်တယ်။
“ဒီကုန်းမြေစုမှာ ရှင့်နာမည်ကို မကြားဖူးဘူး၊ ရှင့်ဆရာက ဘယ်သူလဲ”

အဘိုးအိုရဲ့မျက်နှာအသားအရောင်က မည်းမှောင်သွားပြီး လက်သီးကို ကျစ်နေအောင် ဆုပ်ထားလိုက်တယ်။ သူ့ကျောပြင်မှ ချွေးစေးများ ကျဆင်းနေတာပေါ့။
“မင်းက ပညာမဲ့လို့ ငါ့နာမည်ကို မသိတာ၊ ငါ့ဆေးပညာက ကမ္ဘာပေါ်မှာ အတော်ဆုံးလို့ ပြောလို့ မရပါဘူး၊ ဒါပေမဲ့ သေချာတာတော့ ဒုတိယ အကောင်းဆုံး ဖြစ်နိုင်ပါတယ်”

“ဒီလိုလား”
သူမလည်း အချီကြီး ပြုံးကာ အဘိုးအိုအနား ဖြည်းဖြည်းချင်း လမ်းလျှောက်သွားတယ်။
“ငါ့ကို အခုချက်ချင်း ကုသပေး၊  ရှင့်အရည်အချင်းကို သိချင်တယ်”

အဘိုးအိုလည်း အံကြိတ်လိုက်တယ်။
“ငါပြောခဲ့တဲ့ စကားကို ဘယ်တော့မှ ပြန်မရုပ်သိမ်းဘူး၊ ဒီကောင်မလေး မတောင်းပန်ရင် ငါ့ဘက်က မကုသပေးနိုင်ဘူး”

ဒီစကားကို ပြောလိုက်ချိန် ရေခဲတမျှ အေးစက်တဲ့ ဓားရှည်က သူ့လည်းပင်ပေါ် နေရာယူသွားကာ သူ့လှုပ်ရှားမှုကို ရပ်တန့်သွားစေပါတယ်။

သူလည်း အမျိုးသမီးရဲ့ ရဲစွမ်းသတ္တိရှိပြီး ကျက်သရေ တင့်တယ်သော အမူအရာကို ငေးကြောင် ကြည့်နေမိတယ်။ သူမရဲ့ အနီရောင်ဝတ်စုံက လေနဲ့ မီးလို အထက်စီးဆန်ကာ ဆွဲဆောင်မှု ရှိပါတယ်။

“ငါ့ကို ကုသပေးမလား ၊ သေဖို့ ရွေးချယ်မလား၊ ဟောင်ဟောင်က တောင်းပန်ရမယ် ဟုတ်လား၊ လုံးဝ မဖြစ်နိုင်ဘူး”

အဘိုးအိုမှာ လုံးဝကို ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားရပါတယ်။ ဒီကုန်းမြေစုမှာ သမားတော်ရဲ့အဆင့်အတန်းက တော်ဝင်ပါတယ်။ အစွမ်းအာဏာရှိတဲ့ ဘယ်သူမဆို ကျော်ကြားတဲ့ သမားတော်ကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံရပါတယ်။ ကျွင်းဖန်လျန်ကို အငြိုးအတေး ထားတတ်တဲ့ အမျိုးသမီးလို့ ဘယ်တုန်းကမှ မတွေးထင်ခဲ့မိဖူးဘူး၊ သူ့ကို ခြိမ်းခြောက်ဖို့ ဓားသုံးရဲတယ်လား။

သူလည်း ပါးစပ်အပြည့် တံထွေးများကို မျိုချလိုက်တယ်။ သူ့နှလုံးသားက အတိုင်းအဆမဲ့စွာ တုန်ယင်နေခဲ့တယ်။

သူက ဘယ်လိုများ ကျွင်းဖန်လျန်ရဲ့ အခြေအနေကို ကုသပေးရမလဲ။

“ဒါမှ မဟုတ်… ငါ့ကို ကုသပေးဖို့ နည်းလမ်း မရှိလို့လား”
ကျွင်းဖန်လျန်က အားထည့်လိုက်တော့ သူ့လည်းပင်မှာ အနီရောင် ပြတ်ရှရာ ဖြစ်ပေါ်လာတော့တယ်။
“လူတွေကို လှည့်ဖျားဖို့ ရဲ့မြို့တော်ကို လာခဲ့တဲ့ တန်ရာတန်ကြေးကို ရှင် ကောင်းကောင်း သိသင့်ပါတယ်”

အိုမင် ရင့်ရော်နေတဲ့ မျက်နှာက သွေးရောင် ကင်းမဲ့နေသလို  သူ့နဖူးမှလည်း ချွေးစေးများ ကျဆင်းနေပါပြီ။ကျွင်းဖန်လျန်ရဲ့ ခြိမ်းခြောက်မှုကို ထိတ်လန့်လွန်းလို့ မြေကြီးပေါ် ဒူးထောက်ချလိုက်တယ်။

“ရဲ့သခင်မ… ကျုပ် မှားပါတယ်၊ လိမ်ညာဖို့ ရဲ့အိမ်တော်ကို မလာခဲ့သင့်ပါဘူး၊ ကျုပ်က ဆေးမကုတတ်ပါဘူး။ ကျုပ်တောင်းပန်ပါတယ်… သွားခွင့်ပြုပါဗျာ”
အဘိုးအိုလည်း ဦးတိုက် တောင်းပန်နေတယ်။

အသက်ရှင်သန်ဖို့ထက်  သူ့ဂုဏ်သိက္ခာက ဘာဆိုဘာမှ အရေးမပါဘူး။ အသက်ရှင်သန်ဖို့ထက် အရေးကြီးတာ မရှိဘူး။

ရဲ့ချီလည်း ဒူးထောက် တောင်းပန်နေတဲ့ အဘိုးအိုကို မယုံကြည်နိုင်စွာ ကြည့်လိုက်တယ်။

သူမကို အဘိုးကြီးက လိမ်ညာခဲ့တာလား။ သူ့ကြောင့် အစ်ကိုကြီးနဲ့ ပဋိပက္ခ ဖြစ်ခဲ့ရတယ်။ သူမမှာ စိတ်တိုလွန်းလို့ အဘိုးအိုအနား စိတ်ဆိုးမာန်ဆိုးသွားကာ သူ့ရင်ဘတ်ကို ခပ်ကြမ်းကြမ်း ကန်ချလိုက်တယ်။

“လူယုတ်မာကြီး၊ ကျွန်မကို လိမ်ညာရဲတယ်လား၊ ရှင်တို့ကြောင့် အစ်ကိုကြီးနဲ့ ပြဿနာ ဖြစ်ရသလို ၊ အစ်ကိုငယ်နဲ့ မရီးကိုလည်း နားလည်မှု လွဲခဲ့ရတယ်… အားလုံး ရှင့်အမှားပဲ”

ရဲ့ချီမျက်နှာက ဒေါသစိတ်ကြောင့် နီရဲတွတ်နေခဲ့ပြီး သူမရဲ့ ကန်ချက်က အားပြင်းလွန်းပါတယ်။ အဘိုးကြီးကို မသေမချင်း ကန်တာထက် အရေးကြီးတာ မရှိဘူး။

“ရဲ့မိသားစု ပိုင်ဆိုင်မှုက အလွယ်တကူ လိမ်လည်ယူလို့ မရဘူး၊ ဒါကို ခင်ဗျားကြီး သိထားလိုက်၊ ကျွင်းဖန်လျန်ဆိုတဲ့ ငါက အငြိုးအတေး ကြီးမားတယ်၊ ဒီကနေ့ ရှင့်အပြုအမူကို လူတိုင်း သိစေရမယ်”

Chapter-808
End

အပိုင်း(၈၀၉)
ငတုံးမ ရွှယ်ရုံအာ (၃)

အဘိုးအိုရဲ့ခြေထောက်မှာ ပျော့ခွေလာရတယ်။ အသက်မဲ့သော မျက်ဝန်းများဖြင့် မြေကြီးပေါ် လဲကျသွားပါတော့တယ်။ သူ့နှလုံးသားမှာလည်း စိတ်ပျက် ကြေကွဲမှုများ ကြီးစိုးနေတာပေါ့။  ကျွင်းဖန်လျန်က ရဲ့မိသားစုဝင် ဖြစ်နေပြန်တော့ ဘယ်သူမှ သူမရဲ့စကားကို သံသယ ဝင်မှာ မဟုတ်ဘူး။ လိမ်ညာ လှည့်ဖျားမိတာကို တခြားသူ သိသွားရင် ဒီကုန်းမြေစုမှာ သူ့အတွက် နေစရာ နေရာ ကျန်မယ် မထင်ပါဘူး။

“အခုချက်ချင်း ထွက်သွားလိုက်တော့”
ကျွင်းဖန်လျန်လည်း ကြမ်းတမ်းစွာ အော်ဟစ်လိုက်ပါတယ်။

အဘိုးအိုလည်း မြေကြီးပေါ်မှ ကုန်းရုန်းထလိုက်ပါတယ်။ သူသာ ဒီနေရာမှာ ဆက်နေမယ်ဆိုရင် ကျွင်းဖန်လျန်ရဲ့ လူမဆန်တဲ့ လက်စားချေမှုကို ခံစားရမှာ ကြောက်လန့်လွန်းလို့ အိမ်တော်မှ တဟုန်ထိုး ပြေးထွက်တော့တယ်။

ရွှယ်ရုံအာလည်း ထွက်ခွာသွားတဲ့  အဘိုးအိုကို အသက်မဲ့လူတစ်ယောက်လို ငေးကြောင် ကြည့်နေမိတယ်။

“ရွှယ်ရုံအာ…”
ရဲ့ချီလည်း စိတ်ဆိုးမာန်ဆိုး အော်ဟစ်လိုက်ပါတော့တယ်။
“နင် ငါ့ကို ဖြေရှင်းချက် ပေးသင့်တယ်လို့ မထင်ဘူးလား”

ဒေါသထွက်နေတဲ့ ရဲ့ချီအသံကို ကြားလိုက်ရတော့  ရွှယ်ရုံအာက ရုတ်ခြည်း မျက်နှာကို လက်ဖြင့် ကာပြီး ငိုကြွေးတော့တယ်။
“ငါတောင်းပန်ပါတယ်၊ ငါ့အမှားပါ၊ ငါ့ဆရာကို အရမ်း ယုံကြည်ခဲ့မိတယ်၊ ၈၀ရာခိုင်နှုန်း အောင်မြင်နိုင်ချေရှိတယ်လို့ ပြောခဲ့တဲ့ စကားကို ယုံကြည်ခဲ့မိတယ်၊ စိတ်ဝိညာဉ် စုစည်းဆေးရည်ကို လိမ်ညာယူချင်လို့ ရောက်လာခဲ့မှန်း မသိခဲ့လို့ပါ”

သူမရဲ့လက်ချောင်းကြားမှ မျက်ရည်များ စီးကျလာရပြီး ဝမ်းနည်း ပူဆွေးလွန်းလို့ အရူးလို ခန္ဓာကိုယ်က တုန်ယင်နေပါတယ်။

“ချီချီ… ငါ့အမှားတွေပါ… ငါ့ကြောင့် နင့်မိသားစု ထိခိုက်တော့မလို့ဟာ…ငါ့မှာ နင့်မျက်နှာကို စေ့စေ့ မကြည့်ရဲတော့ပါဘူး”

ရွှယ်ရုံအာက သနားဖို့ ကောင်းအောင် ငိုနေတော့ ရဲ့ချီက သူမကို အပြစ်တင်ရက်ပါ့မလား။သူမရဲ့ နှလုံးသားထဲမှာလည်း ရွှယ်ရုံအာကို ဝူလင်းက လှည့်ဖျားခဲ့တယ်လို့သာ ယုံကြည်ထားပါတယ်။

“ရုံအာ…နင့်ကိုယ်နင် အပြစ်မတင်ပါနဲ့တော့… နင်လည်း အပြစ်ကင်းပါတယ်”
ရဲ့ချီလည်း စိတ်ပြေသွားကာ ရဲ့ချီကို သိမ်မွေ့စွာ နှစ်သိမ့်လိုက်တယ်။

သူတို့ပြောနေတဲ့ စကားကို ကြားတော့ ယွမ်လော့ဖုန်းလည်း ရဲ့ချီကို တစ်လှည့် ရဲ့ရှီမို့ကို ကြည့်ကာ ပြုံးလိုက်တယ်၊

ရွှယ်ရုံအာ ပြောသမျှကို အလွယ်တကူ ယုံကြည်နေတဲ့ ရဲ့ချီကို ကြည့်ကာ ရဲ့ရှီမို့မှာ မျက်နှာ မကောင်းပေ။ အနောက်ဘက် ခြံဝင်းထဲ မဝင်ခင် သူလည်း မဲ့ရွဲ့လိုက်ပါတယ်၊

“ရွှယ်သခင်မလေး”
ကျွင်းဖန်လျန်လည်း ငိုနေတဲ့ မိန်းကလေးကို ပြုံးကာ ကြည့်လိုက်ပါတယ်။
“မင်းက ရှောင်အာကို ကြိုက်နေတယ်လို့ မို့အာက ပြောထားတယ်”

ရွှယ်ရုံအာလည်း ဖြေရှင်းချက်ပေးဖို့ ကြိုးစားတော့တယ်။
“သခင်မ… ကျွန်မမှာ ဆင်းရဲ့ချို့တဲ့သူ ဖြစ်လို့ ကိုယ့်အဆင့်အတန်းကိုယ် သိပါတယ်၊ ရှောင်သခင်လေးကို ပိုင်ဆိုင်ချင်တဲ့ အတွေးမျိုး မရှိဝံ့ပါဘူး၊”

သူမရဲ့ချို့တဲ့သော နောက်ခံကြောင့် ယွမ်ရှောင်နဲ့ မထိုက်တန်မှန်း သူမကိုယ် သူမ သိပါတယ်ပေါ့ ၊ ဒါပေမဲ့ ယွမ်ရှောင်ကို မကြိုက်ဘူးလို့တော့ မငြင်းဆန်ခဲ့ပါဘူး။ ဘယ်မိခင်မဆို သူ့သားကို မကြိုက်ဘူးလို့ ပြောတာကိုမနှစ်သက်ဘူးလေ။ သူမသာ ယွမ်ရှောင်ကို မကြိုက်ဘူးလို့ ပြောခဲ့ရင် ယွမ်ရှောင်ရဲ့မိခင်က သူမကို နောင်ဆို လက်သင့်ခံမှာ မဟုတ်တော့ဘူးလေ”

“ဪ…”
ကျွင်းဖန်လျန်လည်း ခေါင်းညိတ်လိုက်တယ်။
“ကိုယ့်အဆင့်အတန်းကိုယ် သိတာ ကောင်းပါတယ်… ငါ့ရှောင်အာက နင်တို့တွေ စိတ်ကူးယဉ်လို့ ရတဲ့ လူ မဟုတ်ဘူး”

သူမကို ကြည့်ကာ ရဲ့ချီမှာ သနားမိသော်လည်း ကျွင်းဖန်လျန်ရှေ့မှာ ဘာဆိုဘာမှ မပြောရဲပါဘူး။ ရွှယ်ရုံအာကို သနားဂရုဏာ ဖြစ်စွာ ကြည့်နေမိပါတယ်။

“သခင်မ… စိတ်မပူပါနဲ့…”
ရွှယ်ရုံအာလည်း အားတင်းပြုံးလိုက်တယ်။
“ရှောင်သခင်လေးကို စိတ်မကူးရဲပါဘူး…နောင်ဆို သူ့မှာ ကိုယ်လုပ်တော် အများကြီး ရှိလာမယ်ဆိုရင်တောင် သူတို့ထဲ ကျွန်မ မပါစေရဘူး”

အခုအချိန်မှာ ယွမ်ရှောင်ကို မပိုင်ဆိုင်နိုင်ဘူးဆိုရင်တောင် ယွမ်လော့ဖုန်းကို စိတ်ဒုက္ခပေးချင်သေးတယ်။ရဲ့ကျင်းချန်းရဲ့ မယားပါသား ယွမ်ရှောင်မှာ သူမတစ်ယောက်တည်း ရှိနေမှာ မဟုတ်မှန်း သိစေချင်တယ်။

ထိုကြောင့် ဒီစကားကို ပြောပြီးနောက် ရွှယ်ရုံအာလည်း ယွမ်လော့ဖုန်းကို ခိုးမကြည့်ဘဲ မနေနိုင်ပါဘူး။

Chapter-809
End

Bạn đang đọc truyện trên: ZingTruyen.Xyz