ZingTruyen.Xyz

သရဲဘုရင်၏ ချစ်လှစွာသော ဇနီးဆိုးလေး Book4

၈၀၂ မှ ၈၀၇ ယူနီ

jellyflower1

Book-32
803-807

Gp3 (773 to 850)

ဘာသာပြန်ဆိုသူ သကြားလုံးလေး

အပတ်စဉ် သောကြာ စေန တနင်္ဂနွေ တနလာၤနေ့

Private Gp..... freeက စဖတ်မယ်ဆို အများကြီး ဖတ်ရပါမယ်

စောင့်မျှော်စရာလည်း မလိုအပ်တော့ပါဘူး

Gp4 (အပိုင်း 851 မွ 962) (2000ks)
Gp-5(အပိုင်း 963 မွ 1042) (2000ks)
Gp-6(အပိုင်း 1043 မွ 1122)(2000ks)
Gp-7(အပ်ုင်း 1123 မွ 1202) (2000ks)

Wave pay= 09784327525
Ph bill = 09899327577 (mpt) +500
Ok $ = 09969332009
Kpay=09969332009

အပိုင်း(၈၀၃)
ကျွင်းဖန်လျန် ပြန်လာပြီ (၃)

ရဲ့အိမ်တော် ဧည့်သည် ဖြစ်နေတော့ ငါ့စကားကို နာခံရမယ်၊ ရုံအာကို မတောင်းပန်ရင်တော့ နင့်ကို အိမ်တော်က ကန်ထုတ်ပြီး လမ်းမပေါ်မှာ အိပ်ခိုင်းမယ်ဘာမှတ်နေလဲ

ဟောင်ဟောင်က သူမရဲ့ခြိမ်းခြောက်မှုကို ကြောက်လန့်မယ်လို့ ထင်မှတ်ခဲ့သော်လည်း မထီမဲ့မြင် မျက်နှာထား ကြောင့် ရဲ့ချီမှာ စိတ်ပျက်မိပါရဲ့။ သူမရဲ့ ဒေါသစိတ်ကို ပေါက်ကွဲထွက်ချင်သော်လည်း အနောက်ဘက်ခြံဝင်းမှ ထြက္လာတဲ့ လူတစ္စုကို လှမ်းမြင်လိုက်တယ်။ သူမရဲ့မျက်ဝန်းများက ချက်ချင်း အရောင်တောက်သွားတော့တယ်။

နောက်ဆုံးတော့ အစ်ကိုကြီး ရောက်လာပြီပေါ့

သူမရဲ့မျက်ဝန်းများက ရဲ့ရှီမို့ တစ်ဦးတည်းကိုသာ မြင်ပြီး ရဲ့ရှီမို့ဘေးနားက ယွမ်လော့ဖုန်းနဲ့ ယွမ်ရှောင်တို့ကို မျက်စိလျှမ်းသွားခဲ့ပါတယ်။

ဘာတွေ ဖြစ်နေတာလဲ
ရဲ့ရှီမို့လည်း မျက်မှောင်ကြုတ်ကာ အေးတိအေးစက် မေးလိုက်တယ်။

ရဲ့ချီလည်း ဟောင်ဟောင်ကို ကျေနပ်အားရစွာ မျက်စောင်းထိုး ကြည့်လိုက်တယ်။

နင့်နောက်မှာ ကျောထောက်နောက်ခံ အစ်ကိုကြီး ရှိတယ်ဆိုပြီး အတင့်ရဲနေတာမလား။ အစ်ကိုကြီးရဲ့ နှလုံးသားထဲမှာ အေရးပါဆုံးက မွေးစား အေမဆိုတာ နင် မသိခဲ့ဘူးမလား။ သူက မွေးစားအမေအတွက် ဘာမဆို စွန့်လွှတ်နိုင်တယ်။

ဒီအကြောင်းကို တွေးရင်း ရဲ့ချီလည်း ရဲ့ရှီမို့ကို ကြည့်ကာ စကားပြောလိုက်ပါတယ်။
အစ်ကိုကြီး၊ သူက ရုံအာရဲ့ ဆရာပါ၊ မွေးစားအမေရဲ့ ကိုယ်ဝန်မဆောင်နိုင်ခြင်းကို ကုသပေးနိုင်တယ်လို့ အတိအက် ပြောထားပါတယ်

နင် ဘာပြောလိုက်တယ်
ရဲ့ရှီမို့မှာ ပျော်ရွှင်မြူးထူးသွားပြီး စိတ်လှုပ်ရှားစွာ ရဲ့ချီ ပခုံးကို ဆုပ်ကိုင်လိုက်ပါတယ်။
နင် အမှန် ပြောနေတာလားဟာ၊ မွေးစားအမေရဲ့ အခြေအနေကို သူက တကယ်ပဲ ကုသပေးနိုင်လို့လား

ရဲ့ချီလည်း ဟုတ်မှန်ကြောင်း ခေါင်းညိတ်ပြလိုက်ပါတယ်။
အမှန်ပါပဲ၊ သူ့မှာ အရည်အချင်း ရှိပါတယ်၊ ဒါပေမဲ့ ကောင်မလေးက ရုံအာကို ရိုင်းစိုင်းနေတော့ သူ့ဘက်က မကျေမနပ် ဖြစ်နေလေရဲ့၊ သူ့ကို ဆွဲထားဖို့ ရုံအာကို ကောင်မလေးဘက်က တောင်းပန်ပေးမှ ရမယ်

သူမလည်း ဟောင်ဟောင်ကို နှစ်လို အားရစြာ ကြည့်လိုက်ပါတယ်။ ဒီကောင်မစုတ်လေးကို အစ္ကို ကြီး အတင်းအကျပ် စေခိုင်းမှာကို စိတ်ကူးယဉ်ရင်း ပီတိ ဖြာမိပါရဲ့။

ချောမောခံ့ညားသော မျက်နှာပေါ်က စိတ်အားထက်သန်မှုမှာ တဖြည်းဖြည်းချင်း လွှင့်ပါးသွားပြီး သူ့လက်များလည်း အောက်သို့ တဖြည်းဖြည်းချင်း လျှောကျသွားတော့တယ်။

ရဲ့ချီ ငါ တျခားဘာမဆို လိုက်လျောပေးနိုင်ပါတယ်၊ ဒီတစ်ခုကိုတော့ ခွင့်ပြုပေးဖို့ ခက်ခဲနေတယ်

သူမရဲ့အပြုံများလည်း ချက်ချင်း ပျောက်ကွယ်သွားပြီး မယုံကြည်နိုင်လွန်းလို့ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်သွားရတယ်။ သူမလည်း တုန်တုန်ယင်ယင် အသံနဲ့ မေးလိုက်တယ်။
အစ်ကိုကြီး အခုအချိန်အထိ ဒီကောင်မလေးကို ကာကွယ်ပေးချင်တုန်းလား၊ မွေးစားအမေအတွက် ထည့်မစဉ်းစားတော့ဘူးလား

သူမ အစဉ်အမြဲ လေးစားခဲ့ရတဲ့ အစ်ကိုကြီးက ဒီလိုလူစားမျိုး ဖြစ်မယ်လို့ ယုံကြည်ဖို့ ခဲယဉ်းနေပါတယ်။ ဒီကောင်မလေးအတွက် မွေးစားအမေကို ဘေးဖယ်လိုက်ပြီလား။

ဘာမွ မပြောနဲ့တော့၊ ငါ့ဘက္က သဘောမတူနိုင်ဘူး
ရဲ့ရှီမို့မျက်ဝန်းများက ပိုမို အေးစက်လာတော့တယ်။ သူ့မျက်နှာကလည်း ခံစားချက် ကင်းမဲ့နေလေရဲ့။

အကြီးအကဲလည်း မျက်မှောင် ကြုတ်လိုက်တယ်။သူ့အမြင်မှာတော့ ကောင်မလေးကို တောင်းပန်ခိုင်းခြင်းက အလွန်ရိုးရှင်းတဲ့ ကိစ္စ တစ္ခုပါ၊ ရဲ့ရှီမို့အတွက် ခက်ခက်ခဲခဲ ဖြစ်နေမယ်လို့ မထင်ခဲ့မိပါဘူး။

ဆရာ
ရွှယ်ရုံအာလည်း လူအိုကြီးရဲ့ အဝတ္စကို အလျင်စလို လှမ်းဆွဲကာ တိုးတိုးတိတ်တိတ် ပြောလိုက်ပါတယ်။
ငါတို့တွေ ဒီကို လာခဲ့ရတဲ့ အကြောင်းအရင်းကို မမေ့ပါနဲ့

ဒီစကားတစ်ခွန်းကို ပြောဖို့ တမင်တကာ သူမရဲ့အသံကို နိမ့်ထားခဲ့ခြင်းပါ။ ဒါပေမဲ့ ယွမ်ရှောင်နဲ့ ယွမ်လော့ဖုန်းတို့က အာရုံခံစားမှု ကောင်းမွန်တော့ ဘယ္လိုပဲ တိုးတိုး ပြောပြော ကြားနိုင်ပါတယ်။

ယွမ်လော့ဖုန်းရဲ့မျက်ခုံးများက မသိမသာ မြင့်တက်သွားပြီး သူမလည်း ပျင်းရိလေးတွဲစွာ သစ်ပင် ပင်စည်ကို မှီရင်း ရွှယ်ရုံအာကို ပြုံးကာ ကြည့်လိုက်တယ်။

ယွမ်လော့ဖုန်းကို ပြဿနာရှာဖို့ ရွှယ်ရုံအာ ရောက်လာခြင်း မဟုတ်ရင်တော့ ယွမ်ရှောင် ဂရုမစိုက်ပါဘူး။ဘာပဲဖြစ်ဖြစ် သူနဲ့ မသက်ဆိုင်ဘူးလေ၊ သူ့အချိန်တွေကို အေရးမပါတဲ့ လူတွေအတွက် မဖြုန်းတီးချင်ဘူး။

ဒီက အဘိုးကြီးက စိတ္သေဘာထား ကောင်းမွန်ပါတယ်၊ ကလေးတစ်ယောက်နဲ့ မတွက်ကပ်တတ်ပါဘူး
သူ့အကြည့်က ရဲ့ရှီမို့ပေါ် မကျရောက်ခင် ဟောင်ဟောင်ကို မျက်စောင်းထိုးကာ ကြည့်လိုက်ပါတယ်။

အမှန်အတိုင်း ပြောရရင် ငါ့တပည့် တောင်းဆိုလို့ ဒီကို လာခဲ့ရတာ မဟုတ်ရင် ငါ ဘယ်သူ့ကိုမှ မကုသေပးဘူး၊ ဒါပေမဲ့လည်း ဆုံးဖြတ်ချက် ချပြီးပြီဆိုတော့ကား ငါ့ဆေးကုသစရိတ်က နိမ့်ပါးလို့ မျဖစ္ဘူး၊ အရင်ဆုံးငါ့ကို စိတ်ဝိညာဉ်စုစည်း ဆေးရည်ပေး ဒါဆို သခင်မရဲ့ကို သွေးကြောစမ်းပေးမယ်

Chapter-803
End

အပိုင်း(၈၀၄)
ကျွင်းဖန်လျန် ပြန်လာပြီ (၄)

စိတ်ဝိညာဉ် စုစည်းဆေးရည် ဟုတ္လား။

ရဲ့ရှီမို့မှာ မျက်မှောင် ကြုတ်ရတော့တယ်။
စိတ်ဝိညာဉ် စုစည်းဆေးရည်ကို ရဲ့မိသားစု မပိုင်ဆိုင်လို့ တခြားတစ်မျိုးကို တောင်းဆိုပေးပါ

အဘိုးအိုလည်း မျက်မှောင်ကြုတ်လိုက်ပါတယ်။
စိတ်ဝိညာဉ် စုစည်း ဆေးရည်ကို ရဲ့ကုန်သွယ်ရေးလုပ်ငန်းက ရောင်းချတည်းက သူ့ပိုင်ရှင်က မင်းတို့ကုန်သွယ်ရေး လုပ်ငန်းပဲ၊ ဆေးတစ်ပုလင်းလောက်ပေးတာ ကြီးမားတဲ့ ကိစ္စ တစ္ခုမွ မဟုတ်တာလေ

ရဲ့ရှီမို့လည်း စိတ်ပျက်လွန်းလို့ မျက်နှာကြီး ညိုမည်းနေတော့တယ်။
စိတ်ဝိညာဉ် စုစည်းဆေးရည်ကို ငါတို့ မပိုင်ဆိုင်ဘူး၊ နှစ်ဦးနှစ်ဖက် အကျိူးတူ ပူးပေါင်းတဲ့ ဆက်ဆံရေးပဲ ရှိတယ်၊ ဒါကြောင့် သူမရဲ့ ခွင့်ပြုချက် မရွိဘဲ ရောင်းချခွင့် အာဏာ မရွိဘူး

ဒါက လွယ်ပါတယ်
အဘိုးအိုလည်း ပြုံးလိုက်တယ်။
သူမက မင်းကို ဆေးတစ်ပုလင်း မပေးနိုင်ရင် သူမဘယ္သူလဲ ဖော်ထုတ် ပစ်မယ်လို့ ခြိမ်းခြောက်လိုက်လေ ငါ့အထင်တော့ သူမက ရဲ့ကုန်သွယ်ရေး လုပ်ငန်းကို ဆန့်ကျင်ရဲမှာ မဟုတ်ပါဘူး

ရဲ့ရှီမို့မှာ ဒေါသမီး တောက်လောင်ရပါတယ်။
ရဲ့ကုန်သွယ်ရေးလုပ်ငန်းမှာ သူ့စည်းမျဉ်းနဲ့ သူ ရှိပြီးသားပါ၊ ဖောက်သည်ရဲ့ သတင်းအချက်အလက်ကို ပေါက်ကြားစေလို့ မရပါဘူး၊ ခင်ဗျားက ကျုပ်ကို ကတိမတည်သူ ဖြစ်စေချင်နေလား

အဘိုးအိုရဲ့မျက်နှာအမူအရာက ဘဝင်မကျ ဖြစ်လာပါတယ်။
မင်း ဘာကြောင့်များ အလိုက်သင့် မလုပ်ဆောင်နိုင်ရလဲ၊ မင်းရဲ့ ဂုဏ်သိက္ခာနဲ့ မွေးစားမိခင်ရဲ့ ကျန်းမာရေး ဘယ်ဟာက ပိုအရေးပါနေလဲ မင်းတွေးကြည့်ရမယ်

ဟား
ရုတ်ခြည်း ရဲ့ရှီမို့က ဟားတိုက် ရယ်မောတော့တယ်။ ရယ်ချင်စိတ် ရှိလို့ ရယ်မောခြင်းလား ၊ ဒေါသထွက်လို့ ဟားတိုက် ရယ်မောခြင်းလား မသိနိုင်ပါဘူး။

ငါတို့ ကုန်သွယ်ရေး လုပ်ငန်းမှာ ရွိတဲ့ နှစ်၅၀၀သက်တမ်း ဆေးပင်၅ပင်နဲ့ စိတ်ဝိညာဉ် စုစည်းဆေးရည်ကို ကုန်သွယ်ခဲ့ရတယ် ၊ ခင်ဗျားသာ ကျုပ် မွေးစားအမေကို ကုသပေးနိုင်ရင် ဆေးပင်နဲ့ ချက်ချင်း လဲလှယ်ပေးမယ်

အဓိကအခ်က္ကေတာ့ မွေးစားအမေရဲ့ ရောဂါကို ကုသပေးနိုင်ဖို့ပါပဲ။

ယွမ်လော့ဖုန်းလည်း ရဲ့ရှီမို့ကို မာယာမ်ားစြာ ကြည့်ရင်း ခပ်နွမ်းနွမ်း ပြုံးလိုက်ပါတယ်။ ရဲ့ရှီမို့သာ သူမကို တောင်းဆိုခဲ့ရင် သူမက ငြင်းမှာ မဟုတ်ပါဘူးနော်။ သို့သော်လည်း သူက ဒီလိုမျိုး မလုပ်ဘဲ သူ ပိုင်ဆိုင်တဲ့ ဆေးပင်ကို သုံးဖို့ ရွေးချယ်ခဲ့ပါလား။ ဒါကြောင့်လည်း ရဲ့ရှီမို့ကို အထင်ကြီး လေးစားမိတာ ထင်ပါရဲ့။

ရဲ့သခင်လေး၊ ငါက ရဲ့သခင်မကို မကုသနိုင်လို့တော့ မဟုတ္ဘူး၊ ကုသမယ့် အဖိုးအခက စိတ်ဝိညာဉ် ဆေးရည် တစ်ပုလင်းနဲ့ မလုံလောက်လို့ပဲ၊ စိတ်ဝိညာဉ် စုစည်း ဆေးရည် ၁၀ပုလင်းတော့ လိုအပ်မယ်

စိတ်ဝိညာဉ် စုစည်း ဆေးရည် ၁၀ပုလင်းဆိုရင်တော့ နှစ်၅၀၀ဆေးပင် အပင်၅၀ လိုအပ်သွားပါပြီ၊ ရဲ့မိသားစု ပိုင်ဆိုင်တဲ့ ဆေးပင်နဲ့ အမ်ားဆုံး ၄ပုလင်းလောက်သာ လဲလို့ ရပါတယ်။

သို့သော်ငြားလည်း ရဲ့ရှီမို့က အံကြိတ်ကာ ပြောလိုက်ပါတယ်။
ခင်ဗျား ဘက္က ငါ့မွေးစားအမေ ကိုယ်ဝန်ဆောင်နိုင်အောင် ကုသပေးနိုင်သ၍ ၁၀ပုလင်း မပြောနဲ့ ပုလင်း၁၀၀အထိတောင် ပေးနိုင်တယ်
သူက ရဲ့မိသားစုကို အရှက်မဲ့စွာ ပြန်ရမယ်ဆိုလဲ မွေးစားအမေအတွက် စိတ်ဝိညာဉ်ဆေးရည် ၁၀ပုလင်း ရယူနိုင်မယ်ဆိုရင် သူ ကျေနပ်မိမှာပါ။

နောက်ဆုံးတော့ ရဲ့ရှီမို့လည်း ထပ်ပြောလိုက်ပါတယ်။
အရင်ဆုံး ငါ့မွေးစားအမေကို ခင်ဗျား ကုသပေးနိုင်ဖို့ပဲ လိုအပ်ပါတယ်

အဘိုးအိုရဲ့မျက်နှာထားက ချက်ချင်း မည်းမှောင်သွားတော့တယ်။ ပထမတောင်းဆိုမှုကို အတင်းအကျပ် တောင်းဆိုကာ အခု မတန္တဆ ဈေးနှုန်းကို တောင်းဆို ပြန်တော့ သူက ဘာမွ မေတြးဘဲ သေဘာတူလိုက္တယ္လား။

သူ့အရည်အချင်းနဲ့ ပတ်သက်ပြီး သူ့မှာ အကြဉာဏ် ရှိပြီးသားပါ။ အရင်တည်းက သူ့မှာ ကျွင်းဖန်လျန်ကို ကုသပေးနိုင်တဲ့ ကျွမ်းကျင်မှု မရွိပါဘူး။ ထိုအခိုက်အတန့်လေး အတွင်းမှာ သူ ပြောခဲ့သော စကားမ်ားကို ပြန်လည်ရုပ်သိမ်းချင်တဲ့ ဆန္ဒများ ဖြစ်ပေါ်လာခဲ့ပြန်တယ်။

ရဲ့ရှီမို့က ဉာဏ်များလွန်းကာ ရဲ့ချီလို လှည့်ဖျားဖို့ မလြယ္ကူပါဘူး။ ဒါကြောင့် သူ့ဆီက စိတ်ဝိညာဉ် စုစည်း ဆေးရည်ကို လှည့်ဖျား ယူဖို့ ပိုလို့တောင် မလြယ္ကူပါဘူးကြာ။

သူ့မှာ နှစ်၅၀၀ သက်တမ်း ဆေးပင် ရှိနေသေးလို့ လိမ္ညာတဲ့ နည်းလမ်းကို သုံးခဲ့ရခြင်းပါ။

ဒီအကြောင်းကို တွေးရင်း အဘိုးအိုရဲ့မျက်ဝန်းများက ဂနာမငြိမ် ဖြစ်နေပါတယ်။ သူ့လက်သီးဆုပ်ကို နှုတ်ခမ်းပေါ် တင်ကာ စကားမပြောခင်မှာ ဟန်လုပ် ချောင်းဆိုးလိုက်ပါတယ်။
ကောင်းပြီလေ၊ အရင်ဆုံး ရဲ့သခင်မကို ကုသပေးဖို့ သဘောတူတယ်၊ ဒါပေမဲ့ သူမကို ကုသပေးဖို့အတွက် တျခား တောင်းဆိုချင်တာ ရှိပါသေးတယ်

Chapter-804
End

အပိုင်း(၈၀၅)
ကျွင်းဖန်လျန် ပြန်လာပြီ (၅)

သူလည်း မေးငေါ့ကာ ဟောင်ဟောင်ကို မောက်မာစွာ ကြည့်လိုက်တယ်။
ဒီကောင်မလေး ငါ့တပည့်ကို ဒူးထောက် တောင်းပန်စမ်း

ရဲ့ရှီမို့က ဒီကောင်မလေးကို နှစ်သက်တည်းက ဒီလို အနေအထားမျိုးကို သေဘာတူမွာ မဟုတ်ပါဘူး။ ဒါကြောင့် ရဲ့ရှီမို့ဘက်က အကျိုးသင့်အကြောင်းသင့် ပြန်လည် ချေပမှာပါလေ။

မျှော်လင့်ထားတဲ့ အတိုင်းပါပဲ။ ရဲ့ရှီမို့ရဲ့မျက်ဝန်းများ မည်းမှောင် သွားလေတယ်။ အေးတိ အေးစက် လေသံနဲ့ စကားပြောလာခဲ့တယ်။
ခင်ဗျားရဲ့ တောင်းဆိုမှုကို သဘောမတူဘူးလို့ ပြောထားပြီးသားပါ

အဘိုးအိုလည်း မဲ့ရွဲ့လိုက်တယ်။
ခင်ဗျားတို့က သဘောမတူတော့လည်း ခင်ဗျားတို့ရဲ့ တောင်းဆိုမှုကို ကျုပ်က မလိုက်လျောနိုင်တော့ဘူး၊ နှုတ်ဆက်ပါတယ်၊ ရုံအာ ပြန်မယ်

ဒီစကားကို ပြောပြီး လှည့်ထွက်ဖို့ ဟန်ပြင်လိုက်တယ်။

ခဏေနပါဦး
ရဲ့ချီလည်း စိတ္ပ်က္စြာ ခြေဆောင့်လိုက်ပါရဲ့။
အစ်ကိုကြီး၊ ဒီကောင်မလေး တောင်းပန်လိုက်လို့ ဘာဖြစ်သွားမှာမို့လဲ၊ အစ်ကို့နှလုံးသားထဲမှာ မွေးစားအမေက ဒီကောင်မလေးထက် အရေးမပါတော့ဘူးလား

ရဲ့ရှီမို့ရဲ့မျက်နှာထားက ပိုပို အေးစက်လာတော့တယ်။
ရဲ့ချီ၊ ပါးစပ် ပိတ်ထားစမ်း

ကျွန်မကို ပါးစပ်ပိတ်ထားဖို့ ပြောတယ် ဟုတ္လား၊ အစ်ကို့မှာ ဒီလို အမိန့်ပေးဖို့ အခွင့် ရှိလို့လား
ရဲ့ချီလည်း ဟောင်ဟောင်ကို ခက်ထန်သော အကြည့်နဲ့ ကြည့်လိုက်ပါတယ်။
ဒီကောင်မလေးက အရမ်းကို ငယ်ရွယ်သော်လည်း နည်းလမ်းပေါင်းစုံ တတ်လွန်းပါတယ်၊ သူမကို တစ်စုံတစ်ယောက်က ညွှန်းကြားနေတာ ဖြစ်ရမယ်၊ ဒါကြောင့်မို့သာ ဖြားယောင်တဲ့ အတတ္ပညာကို တတ်မြောက်နေတာ

ရဲ့ချီအခြေအမြစ်မရှိတဲ့ စကားကို မပြောနဲ့
သူလည်း မျက်မှောင် ကြုတ်လိုက်တယ်။
ဟောင်ဟောင်မှာ ထူးကဲ့တဲ့ အဆင့်အတန်း ရှိတယ်၊ နင် သူ့ကို ရိုင်းစိုင်းပြီး ကိုယ့်ဒုက္ခကိုယ် ရှာနေတယ် နောက်မှ နင့်ကို သတိမပေးဘူးလို့ မပြောနဲ့

ဟောင်ဟောင်ကို အရမ်းကာကွယ်ပေးနေတာ မြင်ရတော့ သူမရဲ့နှလုံးသားမှာ ဝန်တိုစိတ်များ ပြည့်နှက် လာရတယ်။

တကယ်ပဲ သူမရဲ့အဆင့်အတန်းက ထူးခြားတာလား၊ ရဲ့မိသားစု အနာဝတ်သခင်မလေးလား၊ ကျွန်မ လူကဲခတ်မှားသွားပြီ၊ တကယ်တော့ အစ်ကိုကြီး ကလေးတွေကို စွဲလမ်းနေတဲ့ ယောကျ်ားပါလား

ရဲ့ချီ ဒီကိစ္စ နင့်ကို ဘယ္သူ ပြောလဲ

ရဲ့ချီလည်း မကျေမနပ် ထေ့ငေါ့လိုက်တယ်။
ဘာလဲ၊ အမွန္ကို ပြောလိုက်လို့ နာနေလား ၊ နင့်ညီမ ဖြစ်နေလို့ နင့်ကို သတိပေးနေတာ၊ အမှန်တော့ ကလေးမလေးတွေက အဆင်မပြေပါဘူး၊ ရဲ့မိသားစုကြောင့် နင့်ကို ချဉ်းကပ်ခဲ့တာပါဟာ၊ ဒီကောင်မလေးက ဘယ်ကမှန်း မသိရောက်လာပြီး မွေးစားအမေကို အကြီးအကဲ စမ်းသပ်ပေးမှာ လာဟန့်တားတယ်၊ မွေးစားအမေက ကလေးရှိလာရင် နင့်နေရာကို ခြိမ်းခြောက်မှာ ကြောက်နေပုံပဲ၊ ဒါပေမဲ့ နင်ကတော့ သူ့ကို သံသယမရွိဘဲ အကြွင်းမဲ့ ယုံကြည်နေပြန်တယ်

ရဲ့ချီ အသံက ပိုပို ကျယ်လာပြီး ဒေါသစိတ်ကြောင့် မျက်နှာက နီရဲတွတ်လာတယ်။
ဒါပေမဲ့ နင်နင်က မွေးစားမိဘတွေကို စိတ်ပျက်စေတယ်

ရဲ့ချီလည်း လက္သီးကို ကျစ်နေအောင် ဆုပ်ကိုင်ကာ အသက်ပြင်းပြင်း ရှုရင်း ရဲ့ချီကို ရိုက်နှက်ချင်စိတ်များကို ဖိနှိပ်ထားတယ်။

ဒီတစ်ကြိမ်တော့ ရယ်မောသံက အပြင်ဘက်မှ ပျံ့လွင့်လာတော့တယ်။
မို့အာက ငါတို့ကို ဘယ်တုန်းက စိတ်ပျက်စေခဲ့လို့လဲ ပြောစမ်းပါဦး ဘယ်လိုမျိုးများ အစ်ကိုရဲ့ နဲ့ ငါ့ကို စိတ်ပျက်စေခဲ့လဲ

ရဲ့ချီလည်း ပခုံးတွန့်ကာ လှည့်ကြည့်လိုက်တော့ ခံ့ညားသော မြင်းပေါ်မှ ဆင်းသက်လာတဲ့ အမျိုးသားနဲ့ အမျိုးသမီးကို တွေ့လိုက်ရတယ်။ သူမရဲ့မျက်ဝန်းများ နီရဲလာပြီး မျက်ရည်များ အတားအဆီးမဲ့စြာ ကျဆင်းလာတော့တယ်။
မွေးစားအဖေ ၊ မွေးစားအမေ နောက်ဆုံးတော့ ပြန်လာပြီပေါ့

တောက်ပသော အနီရောင် ဝတ္စုံဟာ နီရဲတောက်နေသော မီးတောက်လိုပါပဲ။ သူမက ခြံဝင်းထဲကို စိတ်အားတက်ကြွစွာ ဝင်ရောက်လာခဲ့တယ်။

ယွမ်လော့ဖုန်းလည်း လှည့်ကြည့်ကာ တီတိုး ပြောလိုက်တယ်။
သူတို့တွေပဲ

ပြန်လမ်းမဲ့ သစ်တောထဲမှာ သူတို့ နာမည်ကို မေးခဲ့သည့် အမျိုးသမီးကို အထင်ကြီး လေးစားခဲ့မိပါတယ်။ ဒါပေမဲ့ ရဲ့ရှီမို့၏ မွေးစား မိခင် ဖြစ်မယ်လို့တော့ မထင်ခဲ့မိပါဘူး။

မွေးစား အေမ
ရဲ့ရှီမို့မှာ မျက်နှာထား ပြေလျော့သွားတော့တယ်။
အစ်ကို့ကို သြားရွာတာ မဟုတ္ဘူးလား၊ ဘာလို့ အစောကြီး ပြန်လာတာလဲ

ကျွင်းဖန်လျန်လည်း မ်က္ခုံးကို အသာအယာ ပင့်တင်လိုက်တယ်။
ရဲ့မြို့တော် အကြောင်း ကြားလို့ ၊ သားရဲ့ မွေးစားအဖေနဲ့ အတူတူ ပြန်လာခဲ့တာ၊ မို့အာ ဘာတွေ ဖြစ်ခဲ့လဲ အေမ့ကို ပြောစမ်းပါဦး

ထိုစကားကို ပြောပြီးနောက် သူမလည်း ယွမ်လော့ဖုန်းကို စွေးခနဲ့ ကြည့်လိုက်တယ်။ သူမဟာ လူနှစ်ဦးကိုသာ မသွေမတိမ်း ကြည့်နေတော့တယ်။

Chapter-805
End

အပိုင်း(၈၀၆)
ကျွင်းဖန်လျန် ပြန်လာပြီ (၆)

မွေးစားအမေ ပြဿနာက ဒီလိုရှိပါတယ်
ရဲ့ရှီမို့လည်း ရဲ့ချီကို ကြည့်ကာ ပြောလိုက်ပါတယ်။
ရွှယ်ရုံအာက ဖုန်းသခင်မလေးရဲ့ ချစ်ရသူကို နှစ်သက် သဘောကျခဲ့တယ်၊ ရဲ့ချီက ဖုန်းသခင်မလေးကို ပစ်မှတ်ထားအောင် တမင် ကြံစည်ခဲ့ပါတယ်၊ ကျွန်တော်ကို သွေးဆောင် ဖြားယောင်ဖို့ ဖုန်းသခင်မလေးဟာ ဟောင်ဟောင်ကို စေခိုင်းခဲ့တယ်လို့ အခိုင်အမာ ပြောနေပါသေးတယ် ၊ အဲဒီနောက်ပိုင်းမှာတော့ မွေးစားမိဘတွေ ပြန်ရောက်လာပါပြီ

ကျွင်းဖန်လျန်မှာ ရဲ့ရှီမို့ ရှင်းပြတဲ့ စကားမ်ားကို ကြားရပြီးနောက် ကြောင်အမ်းအမ်း ဖြစ်သွားရပါတယ်။
ဖုန်းသခင်မလေး ဟုတ္လား

မွေးစားအမေကို သူတို့နှစ်ယောက်နဲ့ မိတ်ဆက်ပေးပါမယ်
ရဲ့ရှီမို့လည်း ပြုံးလိုက်ပါတယ်။
သူတို့က ကျွန်တော့် မိတ်ဆွေ အသစ်တွေပါ၊ သူမရဲ့ နာမည်က ဖုန်းလော့ယွမ် ၊ သူမရဲ့ချစ်သူက ရှောင်ယွမ်ပါ

ကျွင်းဖန်လျန်ရဲ့ အကြည့်က ယွမ်လော့ဖုန်းနဲ့ ယွမ်ရှောင်ပေါ် ကြွေဆင်းသွား လေရဲ့။ သူ့မျက်ခုံးများကို မထင်မရှား မြင့်တင်လိုက်ပါတယ်။
မင်း ငါ့ကို လင်းလောပိုင်လို့ ပြောခဲ့တာ မဟုတ္ဘူးလား ပြီးတော့ မင်း
သူမလည်း ယွမ်ရှောင်ကို လှည့်ကြည့်လိုက်တယ်။
မင်းနာမည်က ယြမ္မို မဟုတ္ဘူးလား

ဖြေရှင်းချက် ပေးချင်ခဲ့တဲ့ ရဲ့ရှီမို့ဟာ မှင်တက်သွားတော့တယ်။

မွေးစားအမေက သူတို့ကို သိနေခဲ့တာလား။

နောက်ဆုံးတော့ ယွမ်လော့ဖုန်းဟာ ရှက်မနေတော့ဘဲ ပွင့်ပွင့်လင်းလင်း ပြောပါတော့တယ်။
လင်းလောပိုင်က ငါ့တိရိစာၦန်လေး နာမည်ပါ

ဪ ဒီလိုလား ဒါဆို မင်းရဲ့မျိုးရိုးနာမည်က ဖုန်း ပေါ့ ဟုတ္လား၊ ဘာကြောင့် မင်းရဲ့အိမ်မွေး တိရိစာၦန်လေးက လင်း ဖြစ်နေလဲ

ငါ့မိခင်ရဲ့မျိုးရိုးနာမည်က လင်း ဖြစ်နေလို့ပါ

ငါသိထားတာ မင်းမိခင်နာမည်က ပိုင်လင်းပါ
ကျွင်းဖန်လျန်လည်း ပြုံးလိုက်ပါတယ်။ ယွမ်လော့ဖုန်းက သူမကို လှည့်ဖျားနေမှန်း သိသော်လည်း သူမ ဂုဏ်ယူနေမိပါတယ်။

ဒီကောင်မလေးက သူမကိုယ် သူမက လင်းလောပိုင်လို့ ပြောခဲ့တာမလား။ နာမည်အတုကို မသုံးခဲ့ရင် သူတို့နှစ်ဦးကို အပြင်မှာ အကြာကြီး ရွာခဲ့ရမွာ မဟုတ္ဘူး။ ကျေးဇူးတင်ဖို့ကောင်းတာက ကောင်းကင်ဘုံက သူမကို ကောင်းချီပေးပါတယ်။ နောက်ဆုံးတော့ သူတို့ကို ရှာတွေ့နိုင်ခဲ့ပါပြီ။

ယွမ်လော့ဖုန်းရဲ့မျက်နှာပေါ်က အပြုံးက တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကာ အသက်ရှူနှုန်းများ လေးပင်း လာရတယ်။
ကျွန်မကို သိလို့လား

အငြင်းပွားနေခြင်းကို စိတ်မဝင်စားတဲ့ ယွမ်ရှောင်မှာ ဒီကိစ္စက ယွမ်လော့ဖုန်း နဲ့ ပတ်သတ် ဆက်နွှယ်နေလို့ မျက်နှာလွှဲထားလို့ မရတော့ပေ။ သူ့မျက်ဝန်းမှာ ဝေခွဲရခက်တဲ့ အေးတိအေးစက် အကြည့်များ ပေါက်ဖွားနေခဲ့တယ်။

သူ့အေးစက်သော အကြည့်များကြောင့် ကျွင်းဖန်လျန်လည်း ပြုံးရုံမျှ ပြုံးနေလိုက်တယ်။ သူမလည်း အကြောက်အလန့် ကင်းမဲ့သော မျက်နှာ အမူအရာနဲ့ ယွမ်လော့ဖုန်းကို ကြည့်လိုက်ပါတယ်။
မိန်းကလေးကို မသိပါဘူး၊ ယွမ်လော့ဖုန်းကိုပဲ သိတာပါ၊ မိန်းကလေးက ယွမ်လော့ဖုန်းဆိုရင် ကျွန်မနဲ့ သိကျွမ်းသူပဲ

ယွမ်လော့ဖုန်းလည်း မျက်မှောင်ကုတ်လိုက်တယ်။ သူမရဲ့မျက်ဝန်းမှာ အန္တရာယ် အငွေ့အသက်များ ဖုံးလွှမ်းနေခဲ့တယ်။
ရှင်က သူမနဲ့ ဘယ္လို ဆက်ဆံရေး ရှိလို့လဲ

ငါက သူမရဲ့ ယောက္ခမ မင်းနဲ့ သူမက ဘယ္လို ပတ်သတ်လဲ
ကျွင်းဖန်လျန်လည်း ပြုံးကာ ယွမ်လော့ဖုန်းကို မျက်တောင်မခတ် ကြည့်နေခဲ့တယ်။

ယွမ်လော့ဖုန်းမှာ ကြောင်တောင်တောင် ဖြစ်သွားရပါတယ်။ ဒီအမျိုးသမီးက သူမရဲ့ ယောက္ခမ လား၊ ဒါဆို ယွမ်ရှောင်ရဲ့ အေမလား။

ဒီစကားကို ကြားပြီးနောက် ယွမ်ရှောင်ရဲ့မျက်နှာထား ပြောင်းလဲသွားကာ ပုံမွန္လို ခံစားချက်ကင်းမဲ့သော မျက်နှာထား အဖြစ် ပြောင်းလဲသွားတော့တယ်။

သူ့အတွက်တော့ အေမဆိုတဲ့ စကားလုံးက ဝေးကွာလွန်းတဲ့ မှတ်ဉာဏ် အပိုင်းအစ ငယ်လေးပါ။

ဝေးကွာလွန်းခဲ့တော့ သူမရဲ့မျက်နှာကိုတောင် မေ့လျော့နေခဲ့ပါပြီ။

ရဲ့ချီရဲ့မျက်နှာမှာ အရောင်ပြောင်းသွားကာ ခြေလှမ်းများလည်း နောက်သို့ တယိမ်းတယိုင် ဖြစ်သွားတော့တယ်။ သူမရဲ့နှုတ်ခမ်းကို ဖိကိုက္ကာ မေးလိုက်ပါတော့တယ်။
ဒီလူတွေက ငါ့မွေးစားမိဘတွေ ရှာချင်နေသူ မ်ားလား

သူမက သူတို့တွေကို ရဲ့အိမ်တော်မှ မောင်းထုတ်ချင်ခဲ့တာ ရယ္စရာ ကောင်းခဲ့ပါလား။ သူမဟာ မွေးစား သမီးဆိုတာထက် ဘာဆိုဘာမွ မဟုတ်ပါဘူး။ မွေးစားအမေရဲ့ သားအရင်းနဲ့ ချွေးမကို မောင်းထုတ်ဖို့ ကြံစည်ခဲ့တယ်လား။

လက်ရှိအချိန်မှာတော့ ရဲ့ချီစိတ်အခြေအနေဟာ ထွေပြားနေခဲ့ပါတယ်။ သူမရဲ့ နှုတ်ခမ်းများဟာ အလွန်အမင်း ဖြူဖပ်ဖြူရော် ဖြစ်နေကာ နှုတ်ခမ်းကို ဖိကိုက်ထားပါတယ်။

ရွှယ်ရုံအာရဲ့အတွေးများက အကြိမ်တစ်ရာလောက် ပြောင်းလဲနေခဲ့တယ်။ ဒီလူက တကယ်ပဲ သူတို့သားအရင်းလား။ သူမသာ သူ့အမျိုးသမီး ဖြစ်ခွင့်ရရင် ရဲ့မြို့တော်သခင်မ ဖြစ်လာနိုင်တယ်၊ ရဲ့ချီတို့မောင်နှမလည်း သူမရဲ့စိတ်ဆန္ဒအတိုင်း ရှင်သန်ရမယ်။

ဘာလိုပဲဖြစ်ဖြစ် ယွမ်ရှောင်ရဲ့ ဇနီးဖြစ်ဖို့ ရွှယ်ရုံအာ ဆုံးဖြတ်လိုက်ပါပြီ။

Chapter-806
End

အပိုင်း(၈၀၇)
ငတုံးမ ရွှယ်ရုံအာ (၁)

ချာတူးလန်
အံ့ဩမှင်တက်နေတဲ့ ရဲ့ရှီမို့က ရုတ်တရက် ဖရုဿဝါစာ ပြောတော့တယ်၊။
ဖုန်းလော့ယွမ်ကို ပြောင်းပြန်လှန်ရင် ယွမ်လော့ဖုန်း၊ ရှောင်ယွမ်လည်း ယွမ်ရှောင်လို့ ပြောင်းနိုင်တာပဲ အခုအချိန်အထိ နားမလည်သေးဘူး၊ ဒီညီမေလးက အစ်ကိုကြီး အင်မတန် လှည့်ဖျားတာပဲ

ဒီလူစိမ်းနှစ်ယောက်ကို ဘာကြောင့်များ သဘောကျနှစ်သက်မိလဲ အခုမွ သိတော့တယ်။ ယွမ်ရှောင်က သူ့ညီလေး ဖြစ်နေပါလား။

မို့အာ
ရဲ့ကျင်းချန်းလည်း မိသားစု ပြန်လည်ဆုံဆည်းခွင့်ရလို့ ပျော်ရွှင်မိပါတယ်။ သူ့အသိဉာဏ်လည်း ထုံထိုင်းကာ နားမလည်နိုင်လွန်းလို့ ရဲ့ရှီမို့ကို မေးလိုက်တယ်။
ဒီမွာ ဘာဖြစ်ခဲ့လဲဆိုတာ ငါတို့ကို နောက်တစ်ကြိမ် ထပ်ပြောပေးပါလား
မွေးစားအဖေ အကျဉ်းချုပ် ပြောရရင်တော့ ခယ္မေလးက ကျွန်တော့်ကို ဖြားယောင်ဖို့ ဟောင်ဟောင်ကို အမိန့်ပေးတယ်လို့ စွပ်စွဲကြတယ်၊ သူတို့တွေက ဟောင်ဟောင်ကို အတင်းအကျပ် တောင်းပန်ခိုင်းနေတာ၊ ဒါပေမဲ့ ကျွန်တော် သေဘာမတူပါဘူး

ရဲ့ကျင်းချန်းရဲ့မျက်နှာထားက တဖြည်းဖြည်းချင်း မည်းမှောင်သွားတော့တယ်။ သူ့အကြည့်က ရဲ့ချီရှိရာ ရောက်သွားတော့တယ်။

လေးနက်သော မျက်နှာအမူအရာကို ကြည့်ရင်း ရဲ့ချီမှာ တုန်ယင်လာရတယ်။
မွေးစားအဖေ သမီး

နင့်အစ်ကိုပြောတာ အမှန်ပဲလား
ရဲ့ကျင်းချန်းလည်း ရဲ့ချီကို စကားခပ်ကြမ်းကြမ်း ပြောလိုက်တယ်။

ရဲ့ချီမှာ ခေါင်းငုံ့ကာ နှုတ်ခမ်းကိုက်နေပါတယ်။
သမီးတောင်းပန်ပါတယ် သူတို့ကို အစ်ကိုကြီးနဲ့ သူ့ဇနီးမှန်း မသိခဲ့လို့ပါ၊ ရုံအာ ခေါ်လာတဲ့ သမားတော်က ဟောင်ဟောင် ရိုင်းစိုင်းလို့ မွေးစားအမေကို မကုသပေးချင်ဘူး ပြောလို့ တောင်းပန်ခိုင်းတာပါ၊ မွေးစားအမေကို ကလေးရစေချင်လို့ ဟောင်ဟောင်ကို တောင်းပန်ခိုင်းခဲ့တာပါ

အခြေအနေ မဟန်မှန်း သိတော့ အဘိုးအိုလည်း ထွက်ပြေးဖို့ ဟန်ပြင်ပါတယ်။ သူ ပြေးလို့ မရခင် ရဲ့ချီက သူ့အကြောင်း ထည့်ပြောလိုက်တော့ အခွင့်အရေး မရှိတော့ပါဘူး။

ရဲ့ကျင်းချန်းလည်း မျက်ခုံးပင့်ကာ အဘိုးအိုကို ဓားသွားမျက်ဝန်းများဖြင့် ငေးစိုက် ကြည့်နေခဲ့တယ်။
ရွှယ်ရုံအာကို ဟောင်ဟောင်က တောင်းပန်ရမယ် ဟုတ္လား၊ ခင်ဗျားမှာ အရည်အချင်း ရွိလား ကြည့်ရတာပေါ့

ရဲ့ချီမှာ တုန်လှုပ်လွန်းလို့ မ်က္လုံး ပြူးကျယ်သွားရတယ်။ မွေးစားအဖေက အေမ့ကို ရတနာ တစ်ပါးလို့ ချစ်ခင်ခဲ့တာ မဟုတ္ဘူးလား။ မွေးစားအမေရဲ့ ကျန်းမာရေးကို အေလးထား စဉ်းစားမယ်လို့ တွေးမိလို့ သူမက ဒီစကားကို ပြောခဲ့ရတာပါ။ အစ်ကိုကြီးလို ဒီကောင်မလေးကို ကာကွယ်ပေးနေမယ်လို့ မထင်ခဲ့မိဘူး။

ဒီကောင်မလေးဟာ ဘယ်နေရာက ရောက်လာတာလဲ။ ဘာကြောင့်များ သူမကို အရမ်းကြီး ကာကွယ်ပေးနေရလဲ။

အဘိုးအိုရဲ့မျက်နှာထား အေးစက်သွားရတယ်။
ဒီလိုဆိုတော့လည်း ငါ မလာခဲ့ဘူးလို့ သဘောထားလိုက်တော့ ရုံအာ ပြန်မယ်

ရဲ့အိမ်တော်မှ လှည့်ထွက်သွားဖို့ ပြင်နေစဉ် နောက်ကျောဘက်မှ ရယ်မောသံကို ကြားလိုက်ရတယ်။

ငါ့ကို ကုသပေးနိုင်တယ်လို့ အခိုင်အမာ ပြောခဲ့တယ် မလား
ကျွင်းဖန်လျန်လည်း အေးတိအေးစက် အပြုံးနဲ့ ရဲ့ကျင်းချန်းအနား သွားလိုက်တယ်။

ပျော်ရွှင်မှုကြောင့် ရဲ့ချီနှလုံးသားမှာ တည်ငြိမ်လာခဲ့တယ်။မွေးစားအမေမှာ ကုသချင်တဲ့တည်း အေဖက သူမရဲ့ဆန္ဒကို ငြင်းဆန်မှာ မဟုတ္ဘူး။

ကောင်းပြီလေ
အဘိုးအိုလည်း အံကြိတ်ကာ ပြောလိုက်တယ်။

လိမ်ညာဖို့ ဒီနေရာကို ရောက်လာခဲ့တာကို ဝန်မခံချင်တော့လည်း ဆက်လက် ဟန်ဆောင်ရဦးမယ်။

ကျွင်းဖန်လျန်လည်း မျက်ခုံးတွန့်လိုက်တယ်။
ရဲ့အစ်ကိုက ငါ့အတွက် သမားတော် ရွာခဲ့တာ ကြာပြီ၊ ဘယ္သူမွ ငါ့အခြေအနေကို မကုသနိုင်ပေးခဲ့ဘူး၊ ဒါပေမဲ့ ရှင်က ကုသပေးနိုင်တယ်ပေါ့၊ ဒါဆို ရှင့်ကို မေးခွန်း တစ်ခုတည်း မေးချင်တယ် ရှင့်နာမည်ပြော

ငါ့နာမည်ကို မင်း မသိထိုက္ဘူး
သူ့အကြောင်းကို မသိစေချင်သော်လည်း ရဲ့ချီက ဝင်နှောင့်ယှက်သွားတယ်။

မွေးစားအမေ သူ့နာမည်က ဝူလင်းပါ၊ အရင်က လူသူကင်းမဲ့တဲ့ တောရိပ်တောင်ရိပ်မှာ နေထိုင်ပါတယ်၊ဒါကြောင့် တခြားနတ်ဆေးသမားတော်များလို မကျော်ကြားဘူး

Chapter-807
End

Bạn đang đọc truyện trên: ZingTruyen.Xyz