ZingTruyen.Xyz

သရဲဘုရင်ရဲ့ချစ်လှစွာသောဇနီးဆိုးလေး အပိုင်း(၁ မှ ၂၀၀ အထိ) unicode

45 to46

jellyflower1

💞သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး💞

အပိုင်း(၄၅)ရှာတွေ့ခြင်း - စာစဉ်၂

Translated by Jelly Candy Flower

Eng Name-Ghost Emperor Wild Wife

"ဟုတ်ကဲ့ပါ ရုန်အကြီးကဲ"

သူမပြောသင့်တာကို ပြောပြီးတာနဲ့ ပြန်လည်ထွက်ခွာ သွားတယ်။

ဆေးစံအိမ်အတွင်းခန်းမအတွင်းမှာ ယွမ်လော့ဖုန်းတစ်ယောက် စိတ်ရှုပ်ထွေးစွာ စောင့်နေရတယ်။ အမြန်ပြန်လာတဲ့ ဖုန်းရာကို တွေ့တယ်။ တခြားလူတစ်ယောက်ရဲ့ စိတ်လှုပ်ရှားပြီး ဝင်းပနေတဲ့ မျက်နှာကို မြင်ဂတော့ အရောင်းဝယ်အောင်မြင်တယ်ဆိုတာ သိနိုင်တယ်။

"ညီမငယ်လေး " ဖုန်းရာ အသက်ပြင်းပြင်းရှုပြီးတော့ ယွမ်လော့ဖုန်း အနား လမ်းလျှောက်သွားလိုက်တယ်။

"မင်းရဲ့ စိတ်စုစည်းဆေးရည်ကို ရုန်အကြီးကဲက ဆုံးဖြတ်ပြီးပြီ။ အစ်မတို့ ဆေးစံအိမ်က ၁၀သန်းနဲ့ ဝယ်မယ်။"

၁၀သန်း... ယွမ်လော့ဖုန်း သတိလစ်ချင်သလို ဖြစ်သွားတယ်။

စိတ်စုစည်း ဆေးရည်ကို ဖော်စပ်ဖို့ ငွေသား၈၀၀ပဲကုန်တယ်။ ရောင်းတော့ ၁၀သန်းရမယ်။ ပိုက်ဆံရှာရတာ လွယ်လိုက်တာ။

ဖုန်းရာက သူမပုံစံကို ကြည့်လိုက်တော့ ငွေပေးတာကို မကျေနပ်ဘူးလို့ ထင်လိုက်မိတယ်။ သူမ စိတ်ထဲ အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီးတော့

"ညီမငယ်လေး အစ်မတို့ ဆေးစံအိမ်က သင့်တော်တဲ့ဈေးနှုန်းကို ပေးတာပ့။ ဒါပေမယ့် အစ်မက သေချာရှင်းပေးမှာပါ။ အစ်မတို့က စိတ်စုစည်း ဆေးရည်ကိုရတာနဲ့ ဈေးနှုန်းနှစ်ဆနဲ့ တခြားလူကို ပြန်ရောင်းမှာပါ။ သို့သော်လည်း စီးပွားရေးအရတော့ အစ်မတို့က အကျိုးမြတ်ရအောင် လုပ်ရတာပေါ့။"

ယွမ်လော့ဖုန်း ရယ်လိုက်ပြီးတော့

"မဟုတ်ပါဘူးနော်။ ကျွန်မအတွက် ငွေရှာရတာ လွယ်တယ်လို့ တွေးမိတာပါ။ အစ်မတို့ ဆေစံအိမ်ကို အမြတ်ကြီးစားတယ်လို့ မထင်ထားခဲ့ဘူး။"

ဖုန်းရာ မျက်နှာ နီရဲသွားတယ်။ သူမပြောတဲ့ စကားက အမှန်တရားဖြစ်နေသော်လည်း တစ်စုံတစ်ယောက်က ဒီလိုပြောလာတော့လည်း သူမနှလုံးသားထဲမှာ အရှက်ရတယ်လို့ ခံစားရတယ်။

သို့သော်လည်း ယွမ်လော့ဖုန်းတစ်ယောက် သူမကို ခက်ခဲအောင် မလုပ်ခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် သူမက ဒီစိတ်စုစည်းဆေးရည်ကို ရောင်းချင်တာလေ ဆေးစံအိမ် လမ်းောကာင်းက တစ်ဆင့်သာ ရောင်းနိုင်တာလေ။ မဟုတ်ရင် တခြားလူတွေက သူမ ဘယ်သူလည်းဆိုတာ သိသွားပြီးတော့ ဘေးဖြစ်လာနိုင်တယ်။

"ညီမငယ်လေးမှာ စိတ်စုစည်းဆေးရည်တွေ ထပ်ရှိသေးရင် ဆေးစံအိမ်ကို ဆက်လက်ပြီး လာရောင်းလို့ရပါတယ်။ အစ်မက သင့်တော်တဲ့ ဈေးနှုန်းပေးပါမယ်။ အခု ညီမငယ်လေး အချိန်ရှိရင် အစ်မနဲ့အတူတူ ညစာ လိုက်စားပါလား။"

စိတ်စုစည်းဆေးရည်ကို ဖော်စပ်နိုင်တဲ့ သမားတော်မျိုးနဲ့ မိတ်ဆွေ ဖြစ်ရတာ ဘာပြသနာမှာ မရှိပါဘူး။

"ကျွန်မ အချိန်မရှိဘူး။"

ယွမ်လော့ဖုန်းလည်း ဖုန်းရာလက်ထဲမှ ငွေစက္ကူရွက်တွေကို ယူလိုက်တယ်။ သူမပြောပြီးတာနဲ့ လှည့်ထွက်သွားတယ်။

ထွက်ခွာသွားတဲ့ နောက်ကျောပြင်လေးကို ကြည့်နေရင်းနဲ့ ဖုန်းရာ ပြုံးနေမိတယ်။

"ဒီလို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ ညီမငယ်လေးကိုသာ ငါတို့ ဆေးစံအိမ်က ပိုင်ဆိုင်ရရင်တော့ ဆေးစံအိမ် အင်းအားက ပိုပြီးတော့ ကြီးမားလာနိုင်တယ်။"

"ဒီမေးခွန်းကို ဘယ်သူဖြေလိုက်တာလဲ။"

ဒီမေးခွန်းက အရမ်းကို ခက်ခဲတဲ့မေးခွန်း ဖြစ်နေတယ်။ မန်လော့အဆိပ်ဖြေနည်းကို ရေးခဲ့တဲ့လူကို ဖော်ထုတ်ဖို့ စီစဉ်ထားတဲ့ မေးခွန်းဖြစ်နေတယ်။ ဒီရက်အတောအတွင်းမှာ ဖုန်းရာ ဒီပြသနာကိုပဲ အာရုံစိုက်နေတာ။ ဒါပေမယ့် သူမ ခဏလေးထွက်သွားလိုက်တာကို တစ်ယောက်ယောက်က အဖြေလာဖြေသွားတယ်။

ဖုန်းရာ စကားသံကို ကြားတော့ ဆေးစံအိမ် အစေခံထဲမှ တစ်ယောက်က ပြန်ဖြေတယ်။ အဖြေကို စောနက ဖုန်းရာမိန်းကလေးနဲ့ စကားပြောနေတဲ့ ကောင်မလေးကဖြေသွားတာပါ။

ဆေးစံအိမ်တော်မှာ အစေခံရာထူးက မမြင့်ပါဘူး။ ထို့ကြောင့် ဒီပြသနာ အရေးကြီးတာကို မသိပါဘူး။ ဒီပြသနာကို ယွမ်လော့ဖုန်း ဖြေရှင်းသွားတာကို သိရင်လည်း ဖုန်းရာကို ချက်ချင်း သွားပြောမှာ မဟုတ်ပါဘူး။

ဖုန်းရာ နှလုံးသားမှာ ပိုပြီးတော့ နောင်တတွေရလာတယ်။ ထိုကောင်မလေး အကြောင်းကိုသာ စောစောသိခဲ့ရင် ထိုကောင်မလေးကို အကြာကြီးခေါ်ထားခဲ့မိမှာပါ။

အခုတော့ ထိုကောင်မလေးလေးကို ကျယ်ပြောသော လူတွေ အများကြီးမှာ လိုက်ရှာရဦးမယ်။

ဆေးစံအိမ် ကိုင်တွယ်တဲ့ အရေးကိစ္စက အချိန်တိုအတွင်းမှာ အကျိုးသက်ရောက်မှု မြင့်မားခဲ့တယ်။ တစ်နေ့အတွင်းမှာ လုံယွမ်တိုင်းပြည် နေရာအနှံံ့ပျံနှံ့ခဲ့တယ်။

အိမ်ရှေ့စံအိမ်တော်

အိမ်တော်အတွင်းမှာ ဗျတ်စောင်းအသံမှာ ချိုသာစွာ ပျံလွှင့်နေတယ်။

ကွမ်လန်လည်း သူ့ရှေ့တွင်ထိုင်နေတဲ့ ဗျတ်စောင်းတီးနေတဲ့ မိန်းကလေးကို စူးစိုက်စွာ ကြည့်လိုက်တယ်။ သူ့အကြည့်တွေမှာ မရေတွက်နိုင်လောက်သော ကြင်နာနွေးထွေးမှုတွေ ရှိနေတယ်။ ဒီလို နူးညံ့ကြင်နာမှုမျိုးကို သူ ယွမ်လော့ဖုန်းနဲ့ မျက်နှာချင်းဆိုင် ရင်ဆိုင်တွေ့ကြုံတဲ့အချိန်မှာ မရှိခဲ့ဖူးပါဘူး။ ယွမ်လော့ဖုန်းအတွက် သူမှာ အမုန်းတရားတွေ စိတ်ပျက်မှုတွေ ဒေါသတွေပဲ ပိုင်ဆိုင်တယ်။

Chapter-45

End

(AN-အချိန်ရသလောက် ရေးပေးလိုက်တယ်)

သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး

အပိုင်း (၄၆)

စိတ်ဓာတ်အမှန်

သီချင်း တစ်ပုဒ် ပြီးဆုံးသွားတယ်။ မုဝူစွမ်း သူမလက်လှုပ်ရှားမှုကို ရပ်လိုက်တယ်။ သူမရဲ့ လှပတဲ့ မျက်ဝန်းလေးတွေက သူမကို ပြုံးပြီးတော့ ကြည့်နေတဲ့ အမျိုးသားလေးကို ကြည့်လိုက်တယ်။

"အိမ်ရှေ့စံမင်းသား... လုံယွမ်တိုင်းပြည်ရဲ့ မကြာသေးခင်က အဖြစ်ပျက်ကို သိပြီးပါ့လား။"

"စိတ်စုစည်း ဆေးရည်ကို ဆိုလိုတာလား။ " ကွမ်လန် မုဝူစွမ်းပြောနေတဲ့ စကားလုံးနောက်ကွယ်က အကြောင်းရာကို နားလည်ပါတယ်။ စိတ်စုစည်းဆေးရည်က အရမ်းအံသြဖို့ကောင်းတယ်။ ဆေးစံအိမ်မှာ အရမ်းနာမည်ကြီးတယ်။ အမှားယွင်း မရှိဘူး။ ဝူစွမ်းကြိုက်တယ်ဆိုရင် အိမ်ရှေ့စံမင်းသားလေးက ဝယ်ပေးမယ်လေ။ ဘယ်လိုလဲ။

သူမစကားကို ဖြည်းညှင်းစွာ ပြန်မပြောခင်မှာ ခဏတာ တိတ်ဆိတ်နေလိုက်တယ်။

"အိမ်ရှေ့စံမင်းသား စစ်သူကြီးယွမ်လော့က စိတ်စုစည်းဆေးရည် ဝယ်ချင်နေတယ်လို့ ကျွန်မကြားတယ်။ နေရာတိုင်းမှာ ပိုက်ဆံလိုက်ချေးနေတယ်တဲ့။ စိတ်စုစည်းဆေးရည်က အရမ်းဈေးကြီးလွန်းတယ်။ စိတ်စုစည်းဆေးရည် သုံးလည်း စိတ်စွမ်းအားလေ့ကျင့်နိုင်လာမှာ မဟုတ်ပါဘူး။ အမှိုက်မအတွက် အသုံးမဝင်ပါဘူး။"

"မုဝူစွမ်းလေး စိတ်အေးအေးထားပါ။ စစ်သူကြီးအိမ်တော်ကို လုံယွမ်တိုင်းပြည်မှ အမတ်တွေ ငွေမချေးပေးဖို့ အမိန့်ပေးထားလိုက်မယ်။ အားလုံးက စစ်သူကြီးအိမ်တော်က အသုံးစွဲကြီးတဲ့ သမီးရဲ့ အမှားတွေပဲ။ ယွမ်လော့ဖုန်းက စစ်သူကြီးအိမ်တော်က ချမ်းသာမှုအားလုံးကို သုံးစွဲလိုက်တယ်လို့ ကြားတယ်။ စစ်သူကြီးကို အခက်ခဲတွေ ဖြစ်စေခဲ့တာပဲ။" ကွမ်လန် အေးစက်စွာ နှာမှုတ်လိုက်တယ်။ သူ့ပုံစံက အထင်မြင်သေးနေတဲ့ ပုံစံနဲ့ပေါ့။

"အမှိုက်မနဲ့ စေ့စပ်ထားတာ ဖျက်လိုက်တာ ငါတကယ် ကံကောင်းတာပဲ။ မဟုတ်ရင်တော့ အိမ်ရှေ့စံမင်းသားအိမ်တော်က ငွေတွေအားလုံး အမှိုက်မသုံးလို့ ကုန်မှာပဲ။ "

မုဝူစွမ်း အပြုံးတွေ ဝေဆာနေတယ်။

"အိမ်ရှေ့စံမင်းသားလေးကြောင့် သူမဘဝလေး စုတ်ပြတ်ပြီးတော့ သနားစရာ ကောင်းနေပါပြီ။ ဒါကြောင့် ကျွန်မ သူမကို လက်ထပ်ဖို့ လူရှာပေးချင်တယ်။ ရှာပေးတဲ့အချိန်ရောက်ရင် အိမ်ရှေ့စံမင်းသားရဲ့ အကူညီကို ကျွန်မ လိုအပ်တယ်။"

ပြိုင်ဘက်ကင်းလှပတဲ့ မျက်နှာလေးကိုတွေးမိတိုင်း မုဝူစွမ်း အရမ်းမုန်းတယ်။ သူမ ဒေါသထွက်စွာ နှုတ်ခမ်းကိုကိုက်ရင်း သွားတွေကို အံကြိတ်မိတယ်။ ဒါကြောင့် သူမ ထိုမိန်းကလေးအတွက် သေချာပေါက် ယောကျာ်းရှာပေးရမယ်။ လက်ထပ်လိုက်ချင်ဖြင့် သူမ သေရတာထက် ဆိုးရွားတဲ့ ဘဝကို ရောက်စေရမယ်။ အသက်ရှင်နေရတာထက် သေချင်စိတ်တွေ ဖြစ်လာစေရမယ်။

"'ဒီကိစ္စကို မင်းလက်ထဲအပ်ထားလိုက်မယ်။" ကွမ်လန်လည်း မုဝူစွမ်းကို နူးညံ့စွာ ကြည့်လိုက်တယ်။

"အစတည်းက ထိုအမှိုက်မ သေတာရှင်တာတွေကို မသိချင်ခဲ့ဘူး။ ဒါပေမယ့် မင်းလေးက ပြောတော့လည်း ကို စိတ်ဆုံးဖြတ်ချက် ချလိုက်ပါမယ်။ ဝူစွမ်းလေး မကူညီရင် ယွမ်လော့ဖုန်းကို လက်ထပ်ချင်တဲ့လူ ဒီတစ်သက်ရှိမှာ မဟုတ်ပါဘူး။"

မုဝူစွမ်း အပြုံးလေးတွေက ပိုပြီးလှပလာတယ်။ ယွမ်လော့ဖုန်း နင် ငါကို အမြဲနှောက်ယှက်လို့ မရတော့ဘူး။ နင့်မွေးရာပါ အရည်ချင်းက ငါပိုင်ဆိုင်တာတွေကို နှောက်ယှက်ဖို့ပဲ။ ယောကျာ်းတွေကို ထိန်းချုပ်နိုင်တဲ့နင့်အရည်းချင်းနဲ့ ငါပိုင်ဆိုင်တာတွေကိုလည်း နှောက်ယှက်ချင်တယ်ပေါ့။ ဒီဘဝမှာ ငါ ကောင်းမွန်စွာ နေထိုင်မယ်။ လူတိုင်းက ငါနေထိုင်ရတဲ့ဘဝကို အားကျနေစေရမယ်။ နင်က နိမ့်ကျတဲ့ အဆင့်တန်းမှာ နေထိုင်ပြီးတော့ ငါတည်ရှိမှုကို မျှော်ကြည့်နေစေရမယ်။

ငါ လက်ထပ်မယ့် အမျိုးသားက လောကမှာ တော်ဝင်ဆုံးနဲ့ မျိုးရိုး အမြင့်မြတ်ဆုံးဖြစ်ရမယ်။နင်က ယောကျာ်းတစ်ယောက်ရဖို့ ငါကို လိုအပ်နေစေရမယ်။ စိတ်စုစည်းဆေးရည်ကိုလည်း ငါ ပိုင်ဆိုင်ရမယ်။ နင်က ငါ့ချိုးထားတဲ့ရေကို သောက်ခွင့်တောင် မရှိစေရဘူး။

.................

ယွမ်အိမ်တော် စာကြည့်ဆောင်အတွင်းမှာ

အဘိုးအိုရဲ့ ဒေါသတကြီး မျက်နှာက ယွမ်လော့ဖုန်းကို ကြိုဆိုနေတယ်။ ကန်ထုတ်နေတဲ့အသံကိုလည်း ကြားနေရတယ်။

ပိုက်ဆံချေးမယ်။ယွမ်လော့ဖုန်း... အခန်းထဲကို မဝင်မီ ခဏတာ တွေးဝေသွားမိတယ်။သူမ မျက်နှာမှာ ကောက်ကျစ်စဉ်းလဲသောအပြုံးလေး ပေးထွက်လာတယ်။

"အဘိုး ဘာဖြစ်လို့လဲ။ ဘာလို့ စိတ်တိုနေတာလဲ။"

"ဟွန့် ....အားလုံးက မကောင်းတဲ့ လူတချို့ကြောင့်လေ။ အတိတ်မှာ အဘိုး သူတို့တွေကို ကူညီပေးခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာ အဘိုးမှာ ခက်ခဲနေလို့ ပိုက်ဆံချေးမလို့ သူတို့ကို သွားရှာတော့ အားလုံးက ငြင်းလိုက်တယ်။ "

"ကျေးဇူးကန်းတဲ့လူတွေ ငါအဘိုးအိုနဲ့ ရင်းနှီးချင်ယောင်ဆောင်နေတယ်။ ဒါပေမယ့် အခုတော့ ဒီအဘိုးအိုကို ပိုက်ဆံချေးချင်တဲ့လူ မရှိတော့ဘူး။ လူတိုင်းက ခွေးကဲ့သို့ပဲ ပြေးတာ အရမ်းမြန်တယ်။ နောင်အနာဂတ်မှာ ငါနဲ့ လာမတွေ့စေနဲ့။ "

အဘိုးအိုက နာနာကျင်ကျင် ဒေါသထွက်နေတယ်။သူ ဒေါသတကြီး ကျိန်ဆဲနေတယ်။သူ့နှုတ်ခမ်းမွှေးတွေက တုန်ရီနေတယ်။

"ဘာလို့ ပိုက်ဆံချေးဖို့ လိုအပ်တာလဲ ။ဘဏ္ဍာတိုက်ထဲမှာ ထည့်ထားတဲ့ ငွေသား ၄၅သန်းက မလုံလောက်ဘူးလား။"

"ဘာ ငွေ၄၅သန်း " သူ ကျိန်ဆဲနေတာကို ရပ်လိုက်တယ် ။ မယုံကြည်နိုင်စွာ ယွမ်လော့ဖုန်းကို ကြည့်လိုက်တယ်။

"ဘာပြောလိုက်တယ် ငါတို့ မိသားစုမှာ ၄၅သန်းရှိတာလား"

Chapter-46

End

😘😘😘😘😘😘😘😘😘😘😘😘😘😘

Bạn đang đọc truyện trên: ZingTruyen.Xyz