Part 9
ကိုယ်ကတော့ မင်းအပေါ် ခံစားချက်ရှိနေပြီထင်တယ်...
"စီနီယာ ....အချစ်ဆိုတာ ဘာလဲဟင် "
Chaeyoung ကင်းလှည့်ရင်း ကားမောင်းနေတဲ့ Seung Yoonကို မေးလိုက်သည်
"အချစ်ဆိုတာ....အင်း လူတွေအပေါ် မူတည်ပြီး ပုံစံအမျိုးမျိုး အဓိပ္ပါယ်အမျိုးမျိုးရှိတယ် ဖွင့်ဆိုလို့ရတယ်ပေါ့ဟာ တစ်ချို့က အချစ်ဆိုတာ ပေးဆပ်ခြင်းတဲ့ တစ်ချို့က ရယူခြင်းတဲ့ "
"စီနီယာအတွက်ကရော အချစ်ဆိုတာ ဘယ်လိုမျိုးလဲ "
'ငါ့အတွက်တော့ အချစ်ဆိုတဲ့အရာက တကယ်တော့ အလကား "
"အင်းပေါ့ ကြိုက်မယ့်သူမှမရှိတာ အလကားဖြစ်မှာပေါ့ "
"ကွာ ဒီကလေးမတော့ ဆင်း ကားပေါ်က အခုဆင်း "
Chaeyoungရဲ့ စကားကြောင့် Seung Yoon ရန်လုပ်တော့ Chaeyoung အားပါးတရနဲ့ရယ်သည်
"စတာပါ စီနီယာကလည်း စိတ်ကြီးတာ ဒါမို့ ရည်းစားမရတာ "
"yah Park Chaeyoung "
"Keke တကယ်တကယ် စတာ "
"နေပါအုံး အချစ်အကြောင်းတွေ လာမေးနေတာဆိုတော့ နင့်မှာ စိတ်ဝင်စားနေတဲ့လူရှိလာလို့လား "
Seung Yoonက မေးတော့ Chaeyoung အနည်းငယ် တွေဝေသွားတယ်
"မဟုတ်ပါဘူး...ဒီတိုင်း မေးကြည့်တာ ဘဝမှာ တစ်ခါမှ အချစ်ဆိုတဲ့အရာကို မခံစားကြည့်ဖူးတော့...သိချင်လို့ပါ "
"Aww သိချင်မနေနဲ့ အလကား ပူလောင်တယ် "
Seung Yoonက ပြောပြီး ကားကို အာရုံစိုက် မောင်းလိုက်သည်
ရပ်ကွက်တစ်ပတ်ကင်းလှည့်ပြီးပြီမို့ ထုံးစံအတိုင်း အမဲအူစွပ်ပြုတ်ဆိုင်တွင် Chaeyoungတို့ နေ့လည်စာ စားနေကြသည်
Chaeyoung မှာ အရင်ကလို အစားကိုဘဲ အာရုံစိုက် အားပါးတရ စားနေခြင်း မဟုတ်ဘဲ မျက်လုံးက ဂဏှာမငြိမ်ဖြစ်နေသည်
ဆိုင်ထဲ လူတစ်ယောက် ဝင်လာတိုင်း စားနေရက ကြည့်နေတာကို Seung Yoon သတိထားမိသည်
"Chaeyoung....နင် အမှုတစ်ခု လက်ခံထားတာလား "
"ဟင် ဘာလို့လဲ လက်မခံထားပါဘူး "
"မသိဘူးလေ ထမင်းကို သေချာမစားနိုင်ဘဲ ဆိုင်ထဲဝင်လာသမျှ လူတိုင်းကို ကျီးကန်းကြီးလို မျက်စိတောင်းမှောက် လိုက်ကြည့်နေလို့လေ "
"မဟုတ်တာ...."
Seung Yoonကို မဟုတ်ဘူးလို့ ငြင်းလိုက်ပေမယ့်လည်း တကယ်တမ်းတော့ Lisa ကို ရောက်လာမလားလို့ မျှော်နေခဲ့မိတာပါ
Lisaက အချစ်ခံရတဲ့ခံစားချက်က ဘယ်လိုမျိုးလဲဆိုတာ ပြပေးမယ်ပြောပြီး သူမရှေ့ ပေါ်မလာတာ တစ်ပတ် တောင် ပြည့်တော့မယ်လေ ....
စားသောက်ပြီးတဲ့ထိ စွပ်ပြုတ်ဆိုင်နား Lisaရဲ့ အရိပ်ကိုတောင် Chaeyoung မတွေ့ရပေ
တကယ်တော့ Lisa တမင် Chaeyoung ရှေ့ကို မလာတာပါ အမဲအူစွပ်ပြုတ်ဆိုင်နဲ့မလှမ်းမကမ်းက coffee ဆိုင်မှာ Lisaရှိပါတယ်
Coffeeဆိုင်ကနေ Chaeyoungကို Lisa စောင့်ကြည့်နေတာပါ
ဒါကလည်း Chaeyoungရဲ့ စိတ်ကို Lisa တမင်ကလိနေတာလေ.....
ဒီလိုမျိုးမှ Chaeyoungရဲ့ စိတ်ထဲ Lisa တစ်ချိန်လုံး ရှိနေမှာ မဟုတ်လား
Chaeyoungနဲ့ တွေ့ပြီးနောက်ပိုင်း Lisa တစ်ခြားကောင်မလေးတွေနဲ့ ချိန်းတွေ့ပြီး သတ်ပစ်ချင်တဲ့ ဆန္ဒတွေ ဖြစ်မလာတော့တာ ထူးဆန်းနေသည်
လူသတ်ဖို့ထက် Chaeyoungကို လိုက် stalkနေရတာ ပိုပြီး အာသီသဖြစ်မိသည်
ထူးဆန်းတယ် မဟုတ်လား ကိုယ်တိုင်က လူသတ်သမားဖြစ်ပြီး သဘောကျနေမိတဲ့သူက ရဲမေတစ်ယောက်ဖြစ်နေတယ်ဆိုတာ....အဆုံးသတ်မလှလောက်ဘူးဆိုတာတော့ Lisa သိသည်
ရဲနဲ့လူသတ်သမား အဆုံးသတ်မှာ ညားပြီး happy ending ဖြစ်တာ ဇာတ်လမ်းဝတ္ထုတွေမှာဘဲ ရှိတာ မဟုတ်လား
Cloud....
Coffeeဆိုင် ထိုင်နေရင်း ရုတ်တရက် ဖုန်း noti အသံကြောင့် ကြည့်လိုက်တော့ Find me dating appကနေ သူမကို လာချိတ်နေတဲ့ account တစ်ခုကို တွေ့ရသည်
"ကျစ်...လူမသတ်ချင်သေးပါဘူးဆိုမှကွာ............."
Lisa ဖုန်းကိုကြည့်ပြီး Devil ဆန်ဆန် ပြုံးလိုက်တယ်
"Hyeriဆီကို မရောက်တာ ကြာပြီ....ငါ သွားတွေ့အုံးမှပါ ငါ့သူငယ်ချင်းလေးကို....."
Chaeyoungမှာ အလုပ်လုပ်ရင်း သူ့သူငယ်ချင်းကို သတိရပြီး အလုပ်ဆင်းတော့ သူ့သူငယ်ချင်းဆီ သွားလေသည်
"Hyeri....."
Hyeri အိမ်ကိုရောက်တော့ အရင်ကလို မတက်ကြွဘဲ မျက်စိမျက်နှာမကောင်းဘဲ စိတ်ညစ်နေတဲ့ပုံပေါ်နေတဲ့ သူ့သူငယ်ချင်းကို တွေ့ရလေသည်
"Hyeri....မျက်နှာလည်းမကောင်းဘူး ဘာဖြစ်လို့လဲ နေမကောင်းဘူးလား "
"မဟုတ်ပါဘူးဟာ ငါ နေကောင်းပါတယ် "
ဝှီးချဲပေါ်ကနေ နေကောင်းတယ်လို့ Hyeri ပြောနေပေမယ့် သူ့မျက်နှာက အဆင်မပြေဖြစ်နေတာကိုတော့ Chaeyoung သတိထားမိတယ်လေ
"နေကောင်းတယ်သာပြောတယ် သမီးရေ အဲ့လိုငူငူငိုင်ငိုင်ကြီး ဖြစ်နေတာ အပြင်သွားတဲ့နေ့ကစပြီး အဲ့လိုဖြစ်သွားတာ အန်တီလည်း မေးလို့မရဘူးကွယ် "
Hyeriရဲ့ အမေ ပြောစကားကြောင့် Chaeyoung သူ့သူငယ်ချင်းဆီမှာ ပြဿနာတစ်ခုခုရှိနေမှန်း ရိပ်မိသွားတယ်
ဒါကြောင့် Chaeyoungလည်း Hyeriကို အပြင်သို့ ခေါ်ထုတ်လာသည်
"အန်တီ သူလေကောင်းလေသန့် ရှုလို့ရအောင် အပြင်ခဏခေါ်သွားလိုက်အုံးမယ်နော် "
"အေးအေး သမီး "
Chaeyoungလည်း Hyeriကို လူရှင်းတဲ့ ပန်းခြံဘက်သို့ ခေါ်သွားလေသည်
"Hyeri မိန်းမ ရှင် တစ်ခုခုဖြစ်ထားတယ်မလား "
"မဟုတ်ပါဘူး Chaeရယ်.... "
"ကဲပါ နင်ကလည်း ငါက နင့်သူငယ်ချင်းအရင်းကြီးပါဟာ တစ်ခုခုဆို ငါ့ကိုမှ မပြောရင် နင် ဘယ်သူ့ကိုပြောမှာလဲ.....နင် တစ်ယောက်တည်း မျိုသိပ်ထားရင် ပိုပင်ပန်းတယ်နော် ငါ့ကိုပြောပြစမ်းပါဟာ အကြံပေးစရာရှိရင်ပေးပြီး ဖြေရှင်းစရာရှိရင် ကူဖြေရှင်းပေးလို့ ရတာပေါ့ဟ "
Chaeyoungက ပြောတော့ Hyeriလည်း သက်ပြင်းချလိုက်သည်
အင်း..... ရဲ ဖြစ်သူ သူငယ်ချင်းကို အမှန်တိုင်း ပြောပြလိုက်တာ အကောင်းဆုံးဖြစ်မယ်ထင်တယ်
"ဒီလိုဟာ.......ငါ ဒိတ်တင်း appတစ်ခုကို ပျင်းလို့ သုံးခဲ့မိတယ် အဲ့ကနေ ငါ့လို အခြေအနေနဲ့ကောင်မလေးတစ်ယောက်ကို ရှာတွေ့ခဲ့တယ်ဟာ.... ငါတို့နှစ်ယောက် စကားတွေ ပြောရင်း အပြင်မှာတွေ့ဖို့ ချိန်းတယ်ဟာ အပြင်မှာတွေ့တော့ သူက အကောင်းတိုင်းကြီးဟ wheelchair သမား မဟုတ်ဘူး "
"ဟယ်...."
"ငါလည်း လန့်သွားတာပေါ့ ဒါပေမယ့် သူက မလန့်ဖို့ ငါ့ကိုချစ်လို့ ဒီလို ဟန်ဆောင်မိတာဖြစ်ကြောင်း သေချာရှင်းပြတယ် ငါလည်းဟာ....ငါလည်း ရူးမိုက်ပြီး သူ့ကိုယုံခဲ့မိတယ် ငါတို့နှစ်ယောက် အိပ်ခဲ့ကြတယ်ဟာ "
"ဟဲ့ Hyeri နင့်ဟာကလည်း အခုမှ တွေ့တဲ့သူနဲ့....ပြီးတော့ နင့်ကို လိမ်ခဲ့တာကို....ဘာလို့ "
"နင် သူ့ကို အပြင်မှာ မမြင်ဖူးလို့ တော်တော်ချောတာပါဆိုအေ"
"ကဲ မိန်းမ မယားတရူးမနေနဲ့ဆက်ပြော "
"မနက်ကျ ငါ့ကိုထားသွားတယ်ဟ ရိုးရိုးထားသွားတာမဟုတ်ဘူးနော် ဝှီးချဲကို ဖွက်သွားတာ ဘယ်လောက်တောင် မိုက်ရိုင်းလဲ "
"စိတ်ညစ်တယ် နင့်ဟာက ရယ်ရမလို ငိုရမလိုဘဲ လှတာမက်တော့ ခက်တာပေါ့ဟာ "
"အဲ့တာ ငါ လိမ်လည်မှုနဲ့ တိုင်ချက်ဖွင့်လို့ရလား "
Hyeriကမေးတော့ Chaeyoung ခေါင်းခါပြသည်
"မရဘူးလေ အစောပိုင်းဆိုရင်တော့ ရတယ် ဒါပေမယ့် နင်က လက်ခံပြီး အိပ်လိုက်မှတော့ ဘယ်ရတော့မှာလဲ "
"Mano ခွေးကောင်မ "
Hyeri မှာ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး Mano ကို ကျိန်ဆဲလေသည်
Chaeyoungကတော့ Hyeriကို ကြည့်ပြီး ရယ်နေပေမယ့် Hyeriကို လှည့်စားခဲ့တဲ့ Manoက Lisaဆိုတာ သိခဲ့ရင် အခုလို ရယ်နိုင်ပါ့အုံးမလား..... ?
#tbc
အကြာကြီး ပျောက်သွားမိလို့ တောင်းပန်ပါတယ်ဗျာ ဒီ ficဆက်ရေးဖို့ ဘယ်လိုမှ idea ထွက်မလာလို့ပါ ကြားထဲ ရည်းစားနဲ့ပျက်ပြီး အသဲကွဲတော့ စိတ်နဲ့လူနဲ့မကပ်ဘဲ ပိုဆိုးသွားလို့ ပျောက်နေမိတာပါဗျာ ဒီficလေး စောင့်ဖတ်သူများကို အနူးညွတ်တောင်းပန်ပါတယ်ဗျာ့
#zawgyi
ကိုယ္ကေတာ့ မင္းအေပၚ ခံစားခ်က္ရွိေနၿပီထင္တယ္...
"စီနီယာ ....အခ်စ္ဆိုတာ ဘာလဲဟင္ "
Chaeyoung ကင္းလွည့္ရင္း ကားေမာင္းေနတဲ့ Seung Yoonကို ေမးလိုက္သည္
"အခ်စ္ဆိုတာ....အင္း လူေတြအေပၚ မူတည္ၿပီး ပုံစံအမ်ိဳးမ်ိဳး အဓိပ္ပါယ်အမျိုးမျိုးရှိတယ် ဖြင့္ဆိုလို႔ရတယ္ေပါ့ဟာ တစ္ခ်ိဳ႕က အခ်စ္ဆိုတာ ေပးဆပ္ျခင္းတဲ့ တစ္ခ်ိဳ႕က ရယူျခင္းတဲ့ "
"စီနီယာအတြက္ကေရာ အခ်စ္ဆိုတာ ဘယ္လိုမ်ိဳးလဲ "
'ငါ့အတြက္ေတာ့ အခ်စ္ဆိုတဲ့အရာက တကယ္ေတာ့ အလကား "
"အင္းေပါ့ ႀကိဳက္မယ့္သူမွမရွိတာ အလကားျဖစ္မွာေပါ့ "
"ကြာ ဒီကေလးမေတာ့ ဆင္း ကားေပၚက အခုဆင္း "
Chaeyoungရဲ႕ စကားေၾကာင့္ Seung Yoon ရန္လုပ္ေတာ့ Chaeyoung အားပါးတရနဲ႕ရယ္သည္
"စတာပါ စီနီယာကလည္း စိတ္ႀကီးတာ ဒါမို႔ ရည္းစားမရတာ "
"yah Park Chaeyoung "
"Keke တကယ္တကယ္ စတာ "
"ေနပါအုံး အခ်စ္အေၾကာင္းေတြ လာေမးေနတာဆိုေတာ့ နင့္မွာ စိတ္ဝင္စားေနတဲ့လူရွိလာလို႔လား "
Seung Yoonက ေမးေတာ့ Chaeyoung အနည္းငယ္ ေတြေဝသြားတယ္
"မဟုတ္ပါဘူး...ဒီတိုင္း ေမးၾကည့္တာ ဘဝမွာ တစ္ခါမွ အခ်စ္ဆိုတဲ့အရာကို မခံစားၾကည့္ဖူးေတာ့...သိခ်င္လို႔ပါ "
"Aww သိခ်င္မေနနဲ႕ အလကား ပူေလာင္တယ္ "
Seung Yoonက ေျပာၿပီး ကားကို အာ႐ုံစိုက္ ေမာင္းလိုက္သည္
ရပ္ကြက္တစ္ပတ္ကင္းလွည့္ၿပီးၿပီမို႔ ထုံးစံအတိုင္း အမဲအူစြပ္ျပဳတ္ဆိုင္တြင္ Chaeyoungတို႔ ေန႕လည္စာ စားေနၾကသည္
Chaeyoung မွာ အရင္ကလို အစားကိုဘဲ အာ႐ုံစိုက္ အားပါးတရ စားေနျခင္း မဟုတ္ဘဲ မ်က္လုံးက ဂဏွာမၿငိမ္ျဖစ္ေနသည္
ဆိုင္ထဲ လူတစ္ေယာက္ ဝင္လာတိုင္း စားေနရက ၾကည့္ေနတာကို Seung Yoon သတိထားမိသည္
"Chaeyoung....နင္ အမႈတစ္ခု လက္ခံထားတာလား "
"ဟင္ ဘာလို႔လဲ လက္မခံထားပါဘူး "
"မသိဘူးေလ ထမင္းကို ေသခ်ာမစားနိုင္ဘဲ ဆိုင္ထဲဝင္လာသမွ် လူတိုင္းကို က်ီးကန္းႀကီးလို မ်က္စိေတာင္းေမွာက္ လိုက္ၾကည့္ေနလို႔ေလ "
"မဟုတ္တာ...."
Seung Yoonကို မဟုတ္ဘူးလို႔ ျငင္းလိုက္ေပမယ့္လည္း တကယ္တမ္းေတာ့ Lisa ကို ေရာက္လာမလားလို႔ ေမွ်ာ္ေနခဲ့မိတာပါ
Lisaက အခ်စ္ခံရတဲ့ခံစားခ်က္က ဘယ္လိုမ်ိဳးလဲဆိုတာ ျပေပးမယ္ေျပာၿပီး သူမေရွ႕ ေပၚမလာတာ တစ္ပတ္ ေတာင္ ျပည့္ေတာ့မယ္ေလ ....
စားေသာက္ၿပီးတဲ့ထိ စြပ္ျပဳတ္ဆိုင္နား Lisaရဲ႕ အရိပ္ကိုေတာင္ Chaeyoung မေတြ႕ရေပ
တကယ္ေတာ့ Lisa တမင္ Chaeyoung ေရွ႕ကို မလာတာပါ အမဲအူစြပ္ျပဳတ္ဆိုင္နဲ႕မလွမ္းမကမ္းက coffee ဆိုင္မွာ Lisaရွိပါတယ္
Coffeeဆိုင္ကေန Chaeyoungကို Lisa ေစာင့္ၾကည့္ေနတာပါ
ဒါကလည္း Chaeyoungရဲ႕ စိတ္ကို Lisa တမင္ကလိေနတာေလ.....
ဒီလိုမ်ိဳးမွ Chaeyoungရဲ႕ စိတ္ထဲ Lisa တစ္ခ်ိန္လုံး ရွိေနမွာ မဟုတ္လား
Chaeyoungနဲ႕ ေတြ႕ၿပီးေနာက္ပိုင္း Lisa တစ္ျခားေကာင္မေလးေတြနဲ႕ ခ်ိန္းေတြ႕ၿပီး သတ္ပစ္ခ်င္တဲ့ ဆႏၵေတြ ျဖစ္မလာေတာ့တာ ထူးဆန္းေနသည္
လူသတ္ဖို႔ထက္ Chaeyoungကို လိုက္ stalkေနရတာ ပိုၿပီး အာသီသျဖစ္မိသည္
ထူးဆန္းတယ္ မဟုတ္လား ကိုယ္တိုင္က လူသတ္သမားျဖစ္ၿပီး သေဘာက်ေနမိတဲ့သူက ရဲေမတစ္ေယာက္ျဖစ္ေနတယ္ဆိုတာ....အဆုံးသတ္မလွေလာက္ဘူးဆိုတာေတာ့ Lisa သိသည္
ရဲနဲ႕လူသတ္သမား အဆုံးသတ္မွာ ညားၿပီး happy ending ျဖစ္တာ ဇာတ္လမ္းဝတၳဳေတြမွာဘဲ ရွိတာ မဟုတ္လား
Cloud....
Coffeeဆိုင္ ထိုင္ေနရင္း ႐ုတ္တရက္ ဖုန္း noti အသံေၾကာင့္ ၾကည့္လိုက္ေတာ့ Find me dating appကေန သူမကို လာခ်ိတ္ေနတဲ့ account တစ္ခုကို ေတြ႕ရသည္
"က်စ္...လူမသတ္ခ်င္ေသးပါဘူးဆိုမွကြာ............."
Lisa ဖုန္းကိုၾကည့္ၿပီး Devil ဆန္ဆန္ ၿပဳံးလိုက္တယ္
"Hyeriဆီကို မေရာက္တာ ၾကာၿပီ....ငါ သြားေတြ႕အုံးမွပါ ငါ့သူငယ္ခ်င္းေလးကို....."
Chaeyoungမွာ အလုပ္လုပ္ရင္း သူ႕သူငယ္ခ်င္းကို သတိရၿပီး အလုပ္ဆင္းေတာ့ သူ႕သူငယ္ခ်င္းဆီ သြားေလသည္
"Hyeri....."
Hyeri အိမ္ကိုေရာက္ေတာ့ အရင္ကလို မတက္ႂကြဘဲ မ်က္စိမ်က္ႏွာမေကာင္းဘဲ စိတ္ညစ္ေနတဲ့ပုံေပၚေနတဲ့ သူ႕သူငယ္ခ်င္းကို ေတြ႕ရေလသည္
"Hyeri....မ်က္ႏွာလည္းမေကာင္းဘူး ဘာျဖစ္လို႔လဲ ေနမေကာင္းဘူးလား "
"မဟုတ္ပါဘူးဟာ ငါ ေနေကာင္းပါတယ္ "
ဝွီးခ်ဲေပၚကေန ေနေကာင္းတယ္လို႔ Hyeri ေျပာေနေပမယ့္ သူ႕မ်က္ႏွာက အဆင္မေျပျဖစ္ေနတာကိုေတာ့ Chaeyoung သတိထားမိတယ္ေလ
"ေနေကာင္းတယ္သာေျပာတယ္ သမီးေရ အဲ့လိုငူငူငိုင္ငိုင္ႀကီး ျဖစ္ေနတာ အျပင္သြားတဲ့ေန႕ကစၿပီး အဲ့လိုျဖစ္သြားတာ အန္တီလည္း ေမးလို႔မရဘူးကြယ္ "
Hyeriရဲ႕ အေမ ေျပာစကားေၾကာင့္ Chaeyoung သူ႕သူငယ္ခ်င္းဆီမွာ ျပႆနာတစ္ခုခုရွိေနမွန္း ရိပ္မိသြားတယ္
ဒါေၾကာင့္ Chaeyoungလည္း Hyeriကို အျပင္သို႔ ေခၚထုတ္လာသည္
"အန္တီ သူေလေကာင္းေလသန့္ ရႈလို႔ရေအာင္ အျပင္ခဏေခၚသြားလိုက္အုံးမယ္ေနာ္ "
"ေအးေအး သမီး "
Chaeyoungလည္း Hyeriကို လူရွင္းတဲ့ ပန္းၿခံဘက္သို႔ ေခၚသြားေလသည္
"Hyeri မိန္းမ ရွင္ တစ္ခုခုျဖစ္ထားတယ္မလား "
"မဟုတ္ပါဘူး Chaeရယ္.... "
"ကဲပါ နင္ကလည္း ငါက နင့္သူငယ္ခ်င္းအရင္းႀကီးပါဟာ တစ္ခုခုဆို ငါ့ကိုမွ မေျပာရင္ နင္ ဘယ္သူ႕ကိုေျပာမွာလဲ.....နင္ တစ္ေယာက္တည္း မ်ိဳသိပ္ထားရင္ ပိုပင္ပန္းတယ္ေနာ္ ငါ့ကိုေျပာျပစမ္းပါဟာ အႀကံေပးစရာရွိရင္ေပးၿပီး ေျဖရွင္းစရာရွိရင္ ကူေျဖရွင္းေပးလို႔ ရတာေပါ့ဟ "
Chaeyoungက ေျပာေတာ့ Hyeriလည္း သက္ျပင္းခ်လိဳက္သည္
အင္း..... ရဲ ျဖစ္သူ သူငယ္ခ်င္းကို အမွန္တိုင္း ေျပာျပလိုက္တာ အေကာင္းဆုံးျဖစ္မယ္ထင္တယ္
"ဒီလိုဟာ.......ငါ ဒိတ္တင္း appတစ္ခုကို ပ်င္းလို႔ သုံးခဲ့မိတယ္ အဲ့ကေန ငါ့လို အေျခအေနနဲ႕ေကာင္မေလးတစ္ေယာက္ကို ရွာေတြ႕ခဲ့တယ္ဟာ.... ငါတို႔ႏွစ္ေယာက္ စကားေတြ ေျပာရင္း အျပင္မွာေတြ႕ဖို႔ ခ်ိန္းတယ္ဟာ အျပင္မွာေတြ႕ေတာ့ သူက အေကာင္းတိုင္းႀကီးဟ wheelchair သမား မဟုတ္ဘူး "
"ဟယ္...."
"ငါလည္း လန့္သြားတာေပါ့ ဒါေပမယ့္ သူက မလန့္ဖို႔ ငါ့ကိုခ်စ္လို႔ ဒီလို ဟန္ေဆာင္မိတာျဖစ္ေၾကာင္း ေသခ်ာရွင္းျပတယ္ ငါလည္းဟာ....ငါလည္း ႐ူးမိုက္ၿပီး သူ႕ကိုယုံခဲ့မိတယ္ ငါတို႔ႏွစ္ေယာက္ အိပ္ခဲ့ၾကတယ္ဟာ "
"ဟဲ့ Hyeri နင့္ဟာကလည္း အခုမွ ေတြ႕တဲ့သူနဲ႕....ၿပီးေတာ့ နင့္ကို လိမ္ခဲ့တာကို....ဘာလို႔ "
"နင္ သူ႕ကို အျပင္မွာ မျမင္ဖူးလို႔ ေတာ္ေတာ္ေခ်ာတာပါဆိုေအ"
"ကဲ မိန္းမ မယားတ႐ူးမေနနဲ႕ဆက္ေျပာ "
"မနက္က် ငါ့ကိုထားသြားတယ္ဟ ရိုးရိုးထားသြားတာမဟုတ္ဘူးေနာ္ ဝွီးခ်ဲကို ဖြက္သြားတာ ဘယ္ေလာက္ေတာင္ မိုက္ရိုင္းလဲ "
"စိတ္ညစ္တယ္ နင့္ဟာက ရယ္ရမလို ငိုရမလိုဘဲ လွတာမက္ေတာ့ ခက္တာေပါ့ဟာ "
"အဲ့တာ ငါ လိမ္လည္မႈနဲ႕ တိုင္ခ်က္ဖြင့္လို႔ရလား "
Hyeriကေမးေတာ့ Chaeyoung ေခါင္းခါျပသည္
"မရဘူးေလ အေစာပိုင္းဆိုရင္ေတာ့ ရတယ္ ဒါေပမယ့္ နင္က လက္ခံၿပီး အိပ္လိုက္မွေတာ့ ဘယ္ရေတာ့မွာလဲ "
"Mano ေခြးေကာင္မ "
Hyeri မွာ လက္သီးကို က်စ္က်စ္ပါေအာင္ဆုပ္ၿပီး Mano ကို က်ိန္ဆဲေလသည္
Chaeyoungကေတာ့ Hyeriကို ၾကည့္ၿပီး ရယ္ေနေပမယ့္ Hyeriကို လွည့္စားခဲ့တဲ့ Manoက Lisaဆိုတာ သိခဲ့ရင္ အခုလို ရယ္နိုင္ပါ့အုံးမလား..... ?
#tbc
အၾကာႀကီး ေပ်ာက္သြားမိလို႔ ေတာင္းပန္ပါတယ္ဗ်ာ ဒီ ficဆက္ေရးဖို႔ ဘယ္လိုမွ idea ထြက္မလာလို႔ပါ ၾကားထဲ ရည္းစားနဲ႕ပ်က္ၿပီး အသဲကြဲေတာ့ စိတ္နဲ႕လူနဲ႕မကပ္ဘဲ ပိုဆိုးသြားလို႔ ေပ်ာက္ေနမိတာပါဗ်ာ ဒီficေလး ေစာင့္ဖတ္သူမ်ားကို အႏူးၫြတ္ေတာင္းပန္ပါတယ္ဗ်ာ့
Bạn đang đọc truyện trên: ZingTruyen.Xyz