ZingTruyen.Xyz

Unexpected

Part 7

KimFany059

မမျှော်လင့်တဲ့အချိန်မှာ မမျှော်လင့်တာတွေ ကြုံရတတ်တယ်တဲ့....

Meow Meow....

ကြောင်အော်သံကြောင့် Chaeyoung အလုပ်လုပ်ရာက မော့ကြည့်တော့ Seung Yoon က ကြောင်လေးတစ်ကောင်ကို ပွေ့ချီလာတာကို တွေ့လိုက်ရသည်

"ကင်းလှည့်နေတုံး ကားရှေ့ကို ဒီကောင်လေး ပြေးဝင်လာလို့ဟေ့ ခြေထောက်တော့ ထိခိုက်သွားပုံဘဲ ငါခေါ်လာလိုက်တယ် "

Seung Yoonက ဘယ်သူမှမမေးခင် ကြောင်လေးရဲ့ခေါင်းကို ပွတ်ပြီး ပြောလိုက်သည်

"အဲ့တာဆို အဲ့ကြောင်လေးကို Chaw ခေါ်သွားလိုက်မယ် Hyeriတို့ အိမ်နားမှာ တိရစ္ဆာန်ဆရာဝန်ရှိတယ်လေ လမ်းကြုံတော့ Chaw ဝင်ပြလို့ရတယ် "

"အယ် အဆင်ပြေတာပေါ့ "

Chaeyoungက အကြံနဲ့ပြောမှန်း Seung Yoonက မသိဘဲ ဝမ်းသာနေလေရဲ့

"ကြောင်လေးရေ မင်းမကြာခင် နာကျင်တာတွေ ပျောက်သွားတော့မှာပါ "

Chaeyoungက  ထရပ်ပြီး Seung Yoon လက်ထဲက ကြောင်လေးခေါင်းကိုပွတ်ပေးလိုက်သည်

Meowwww!

ကြောင်လေးမှာ Chaeyoungကို ကြည့်ပြီး အသံနက်ကြီးနဲ့ အော်လေသည်

"Omo လန့်လိုက်တာ ခေါင်းမှာ ဒဏ်ရာရှိနေလို့ တအားအော်လိုက်တာများလား"

Chaeyoungက လန့်ချင်ယောင်ဆောင်ပြီး ပြောလိုက်ပေမယ့် စိတ်ထဲမှာတော့ ​ကြောင်လေးကို ကြိမ်းဝါးနေသည်

"လောလောဆယ် ကြောင်လေးကို အစာကျွေးလိုက်အုံးမယ် "

Seung Yoonက ကြောင်လေးကို အောက်ချပြီး သူ့အိတ်ထဲက မုန့်ထုပ်လေးကို ဖောက်ကာ ကျွေးလိုက်သည်

ကြောင်လေးကို ဆေးခန်းပို့မယ်ဆိုပြီး Seung Yoonဆီကနေ Chaeyoung ခေါ်လာခဲ့သည်

သို့သော်လည်း ဆေးခန်းကို မပို့ဘဲ သူ့အိမ်ကိုဘဲ ခေါ်သွားခြင်း ဖြစ်သည်

အကြောင်းမှာမူ .......

ရပ်ကွက်ထဲက ကြောင်လေးတွေ ပျောက်နေရတဲ့အကြောင်းအရင်းကတော့.....

ကြောင်လေးတွေကို ဖမ်းခေါ်သွားတဲ့သူက တစ်ခြားသူမဟုတ် Chaeyoung ပင်ဖြစ်သ​ည်

Chaeyoung က လူသတ်ချင်စိတ်တွေ ဖြစ်လာတိုင်း ကြောင်လေးတွေကို ဖမ်းခေါ်ပြီး သတ်ခဲ့တယ်လေ

ကြောင်လေးတွေကို စိတ်တိုင်းကျ သတ်ပြီး မြို့ပြင်က အမှိုက်ပုံကို အမြဲသွားပစ်လေ့ရှိသည်

ယခုလည်း Seung Yoonဆီကနေ ကြောင်လေးကို ခေါ်လာခြင်းအကြောင်းအရင်းကတော့ သတ်ဖို့အတွက်ပင် ဖြစ်သည်

မီးပွိုင့်စောင့်နေရင်း Chaeyoung သီချင်းတစ်ပုဒ်ကို ညည်းနေမိတယ်

ထိုစဥ် လမ်းဖြတ်ကူးဖို့ စောင့်နေတဲ့ Lisaက Chaeyoungကို တွေ့ပြီး တစ်ဖက်လမ်းကို အမြန်ကူးလာတယ်

"Chaeyoung shii "

Lisaက ပြုံးပြီး Chaeyoungရဲ့ ကားမှန်ကို လာခေါက်သည်

ကျစ်......ဘာလို့ သူက ရုတ်တရက် ပေါ်လာရတာလဲ

Chaeyoung စိတ်ထဲက မကြည်ဖြူပေမယ့် ဟန်ဆောင်ပြုံးပြီး ကားပြတင်းပေါက်မှန်ကို ချလိုက်သည်

"Oh Lisa...."

"Chaeyoung နဲ့ တွေ့လိမ့်မယ်လို့ မထင်ထားခဲ့ဘူး အခုလို တွေ့လိုက်ရတော့လည်း ဝမ်းသာလိုက်တာ "

Lisa မှာ ကားပြတင်းပေါက်ပေါ် မေးစေ့တင်ပြီး
ဝမ်းသာအားရပြောလိုက်သည်

"Lisaက ဘယ်သွားမလို့လဲ "

"ကိုယ့်ကြောင်လေး ပျောက်သွားလို့လေ အဲ့တာလိုက်ရှာနေတာ "

Meow...Meow

Lisaရဲ့ အသံကြောင့် ကားနောက်ခန်းထဲက ကြောင်လေးမှာ ခုန်ပေါက်ပြီး ရှေ့ခန်းကိုရောက်လာသည်

"Leo....."

Lisaမှာ ပျောက်နေတဲ့သူ့ကြောင်လေးကို တွေ့ပြီး အရမ်း ပျော်သွားတယ်

ကြောင်လေးကို ကားထဲကနေ ဇွေ့ခနဲပွေ့ချီလိုက်သည်

Chaeyoung လည်း သူ့အကြံအစည်တွေကို Lisa မသိအောင် ဟန်ဆောင်ပြုံးပြီး

"အယ် အဲ့ကြောင်လေးက Lisa ရဲ့ ကြောင်လေးလား ခုန ကလေးတွေက ခဲနဲ့ထုပေါက်နေတာတွေ့လို့ ဆေးခန်းပြဖို့ ခေါ်လာခဲ့တာ ကလေးက သနားပါတယ် နာနေရှာမှာ "

Chaeyoung မဟုတ်ဘဲနဲ့ လိမ်ပြောလိုက်တာကို Lisaက မသိဘဲ သူ့ကြောင်လေးကို ကယ်ပေးလို့ဆိုပြီး ကျေးဇူးတွေတင်နေလေရဲ့

"ကလေးတွေလက်ထဲက Leoကို ကယ်ပေးခဲ့လို့ တကယ်ကျေးဇူးတင်ပါတယ် Chaeyoung shii ဟိုလေ ကျေးဇူးတင်လို့ တစ်ခုခုဝယ်ကျွေးချင်လို့ပါ လိုက်စားပါ့လား "

"အာ ရပါတယ် ​လောလောဆယ် သွားစရာရှိနေလို့လေ နောက်မှတွေ့မယ်နော် Leoရေ နောက်မှ မမတို့ ပြန်တွေ့ရအောင် "

Chaeyoungမှာ သူ့ဒေါသစိတ်ကို ထိန်းပြီး Lisaကို နှုတ်ဆက်ပြီး ဝေါခနဲ ကားမောင်းထွက်သွားတယ်

ချီး သားကောင်က ငါ့လက်ထဲရောက်ပြီးမှ ပြန်လွတ်ထွက်သွားတယ်

Chaeyoung စိတ်တိုပြီး ကားစီယာတိုင်ကို ထုရိုက်လိုက်သည်

ခြေထောက်မသန်တဲ့ သမီးဖြစ်သူက အရင်ကလို ညှိုးနွမ်းမနေဘဲ တက်ကြွပြီး မှန်ရှေ့ ဝီးချဲနဲ့ အလှပြင်နေလို့ Hyeriရဲ့ အမေဖြစ်သူမှာ အံ့သြနေလေရဲ့

"Hyeri သမီး... ဘယ်သွားမလို့ အလှပြင်နေရတာလဲ "

"သမီးလို ဝှီးချဲသုံးနေရတဲ့ သူငယ်ချင်းနဲ့ ချိန်းထားလို့ အဲ့တာသွားတွေ့မလို့ အမေ "

"ဟယ် ဟုတ်လား ရရဲ့လား သမီး အမေလိုက်ပို့ပေးရမလား "

"ရပါတယ် အမေရဲ့ ခါတိုင်းလည်း ဝှီးချဲသုံးပြီး အပြင်ထွက် မုန့်ဝယ်နေကြကို အဆင်ပြေပါတယ် "

Hyeriမှာ သူ့အမေပြောတာကို လက်မခံဘဲ ဝှီးချဲလေးသုံးကာ အပြင်ကို ထွက်လာသည်

ထို့နောက် Taxi ငှားပြီး ချိန်းထားတဲ့နေရာသို့ ထွက်လာခဲ့သည်

Hyeri ချိန်းထားတဲ့နေရာကိုရောက်တော့ Lisaက ရောက်မလာသေးတာနဲ့ ဝှီးချဲဘီးလေးကို လက်နဲ့လှည့်ပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေသည်

ထိုစဥ် အင်္ကျီအဖြူရောင်လေးဝတ်ထားပြီး မျက်မှန်အဝိုင်းလေး တပ်ထားတဲ့ Lisaမှာ ဝှီးချဲလေးနဲ့အတူ သူ့ရှေ့ကိုရောက်လာသည်

"Hyeri shii "

Hyeriမှာ Lisaကို အပြင်မှာ တွေ့လိုက်ရတော့ ပိုစိတ်လှုပ်ရှားပြီး ပါးစပ်အဟောင်းသား ဖြစ်နေသည်

"Hyeri ဟုတ်တယ်မလား ကိုယ်က မင်းနဲ့ လိုင်းပေါ်မှာ စကားပြောနေကြ Mano လေ Kang Mano....."

Lisaက ဝှီးချဲပေါ်က နှုတ်ဆက်တော့ Hyeri မှာ ပြုံးပြီး ခေါင်းညိတ်ပြသည်

"ဟုတ်ပါတယ် ကျွန်မ Hyeri ပါ....Mano က အပြင်မှာ ပိုချောတယ် "

Hyeriစကားကြောင့် Lisa သူ့မျက်မှန်လေးကို လက်ညိုးနဲ့ပင့်တင်ပြီး ရယ်လိုက်သည်

"ဟားဟားဟား ပိုချောတယ်လို့ ပြောပေးလို့ ကျေးဇူးပါဗျာ "

"တကယ်ပြောတာ ကျွန်မ ရှင့်ကို တွေ့လိုက်ရတော့ အရမ်းအံ့သြသွားတာ "

"ဒါဆို ပိုအံ့သြသွားအောင် လုပ်ပြရမလား "

Lisaက ပြောပြီး ဝှီးချဲပေါ်ကနေ ထရပ်ကာ Hyeriဆီကို လျှောက်လာသည်

Hyeri မှာ Lisaက ဝှီးချဲသမားမဟုတ်ဘဲ ဟန်ဆောင်ထားတာမှန်းလည်း သိရော လန့်ပြီး အော်လေသည်

ဝှီးချဲနဲ့ထွက်ပြေးတဲ့အခါကျ Lisaက စိတ္တဇလူသတ်သမားလို တဟားဟားနဲ့ ရယ်ပြီး Hyeriနောက်သို့ စမတ်ကျကျနဲ့ လမ်းလျှောက်လိုက်သွားတယ်

"ပြေးထား Hyeri ပြေးထား "

#tbc

#zawgyi

မေမွ်ာ္လင့္တဲ့အခ်ိန္မွာ မေမွ်ာ္လင့္တာေတြ ႀကဳံရတတ္တယ္တဲ့....

Meow Meow....

ေၾကာင္ေအာ္သံေၾကာင့္ Chaeyoung အလုပ္လုပ္ရာက ေမာ့ၾကည့္ေတာ့ Seung Yoon က ေၾကာင္ေလးတစ္ေကာင္ကို ေပြ႕ခ်ီလာတာကို ေတြ႕လိုက္ရသည္

"ကင္းလွည့္ေနတုံး ကားေရွ႕ကို ဒီေကာင္ေလး ေျပးဝင္လာလို႔ေဟ့ ေျခေထာက္ေတာ့ ထိခိုက္သြားပုံဘဲ ငါေခၚလာလိုက္တယ္ "

Seung Yoonက ဘယ္သူမွမေမးခင္ ေၾကာင္ေလးရဲ႕ေခါင္းကို ပြတ္ၿပီး ေျပာလိုက္သည္

"အဲ့တာဆို အဲ့ေၾကာင္ေလးကို Chaw ေခၚသြားလိုက္မယ္ Hyeriတို႔ အိမ္နားမွာ တိရစ္ဆာန္ဆရာဝန္ရွိတယ္ေလ လမ္းႀကဳံေတာ့ Chaw ဝင္ျပလို႔ရတယ္ "

"အယ္ အဆင္ေျပတာေပါ့ "

Chaeyoungက အႀကံနဲ႕ေျပာမွန္း Seung Yoonက မသိဘဲ ဝမ္းသာေနေလရဲ႕

"ေၾကာင္ေလးေရ မင္းမၾကာခင္ နာက်င္တာေတြ ေပ်ာက္သြားေတာ့မွာပါ "

Chaeyoungက ထရပ္ၿပီး Seung Yoon လက္ထဲက ေၾကာင္ေလးေခါင္းကိုပြတ္ေပးလိုက္သည္

Meowwww!

ေၾကာင္ေလးမွာ Chaeyoungကို ၾကည့္ၿပီး အသံနက္ႀကီးနဲ႕ ေအာ္ေလသည္

"Omo လန့္လိုက္တာ ေခါင္းမွာ ဒဏ္ရာရွိေနလို႔ တအားေအာ္လိုက္တာမ်ားလား"

Chaeyoungက လန့္ခ်င္ေယာင္ေဆာင္ၿပီး ေျပာလိုက္ေပမယ့္ စိတ္ထဲမွာေတာ့ ေၾကာင္ေလးကို ႀကိမ္းဝါးေနသည္

"ေလာေလာဆယ္ ေၾကာင္ေလးကို အစာေကြၽးလိုက္အုံးမယ္ "

Seung Yoonက ေၾကာင္ေလးကို ေအာက္ခ်ၿပီး သူ႕အိတ္ထဲက မုန့္ထုပ္ေလးကို ေဖာက္ကာ ေကြၽးလိုက္သည္

ေၾကာင္ေလးကို ေဆးခန္းပို႔မယ္ဆိုၿပီး Seung Yoonဆီကေန Chaeyoung ေခၚလာခဲ့သည္

သို႔ေသာ္လည္း ေဆးခန္းကို မပို႔ဘဲ သူ႕အိမ္ကိုဘဲ ေခၚသြားျခင္း ျဖစ္သည္

အေၾကာင္းမွာမူ .......

ရပ္ကြက္ထဲက ေၾကာင္ေလးေတြ ေပ်ာက္ေနရတဲ့အေၾကာင္းအရင္းကေတာ့.....

ေၾကာင္ေလးေတြကို ဖမ္းေခၚသြားတဲ့သူက တစ္ျခားသူမဟုတ္ Chaeyoung ပင္ျဖစ္သည္

Chaeyoung က လူသတ္ခ်င္စိတ္ေတြ ျဖစ္လာတိုင္း ေၾကာင္ေလးေတြကို ဖမ္းေခၚၿပီး သတ္ခဲ့တယ္ေလ

ေၾကာင္ေလးေတြကို စိတ္တိုင္းက် သတ္ၿပီး ၿမိဳ႕ျပင္က အမွိုက္ပုံကို အၿမဲသြားပစ္ေလ့ရွိသည္

ယခုလည္း Seung Yoonဆီကေန ေၾကာင္ေလးကို ေခၚလာျခင္းအေၾကာင္းအရင္းကေတာ့ သတ္ဖို႔အတြက္ပင္ ျဖစ္သည္

မီးပြိုင့္ေစာင့္ေနရင္း Chaeyoung သီခ်င္းတစ္ပုဒ္ကို ညည္းေနမိတယ္

ထိုစဥ္ လမ္းျဖတ္ကူးဖို႔ ေစာင့္ေနတဲ့ Lisaက Chaeyoungကို ေတြ႕ၿပီး တစ္ဖက္လမ္းကို အျမန္ကူးလာတယ္

"Chaeyoung shii "

Lisaက ၿပဳံးၿပီး Chaeyoungရဲ႕ ကားမွန္ကို လာေခါက္သည္

က်စ္......ဘာလို႔ သူက ႐ုတ္တရက္ ေပၚလာရတာလဲ

Chaeyoung စိတ္ထဲက မၾကည္ျဖဴေပမယ့္ ဟန္ေဆာင္ၿပဳံးၿပီး ကားျပတင္းေပါက္မွန္ကို ခ်လိဳက္သည္

"Oh Lisa...."

"Chaeyoung နဲ႕ ေတြ႕လိမ့္မယ္လို႔ မထင္ထားခဲ့ဘူး အခုလို ေတြ႕လိုက္ရေတာ့လည္း ဝမ္းသာလိုက္တာ "

Lisa မွာ ကားျပတင္းေပါက္ေပၚ ေမးေစ့တင္ၿပီး
ဝမ္းသာအားရေျပာလိုက္သည္

"Lisaက ဘယ္သြားမလို႔လဲ "

"ကိုယ့္ေၾကာင္ေလး ေပ်ာက္သြားလို႔ေလ အဲ့တာလိုက္ရွာေနတာ "

Meow...Meow

Lisaရဲ႕ အသံေၾကာင့္ ကားေနာက္ခန္းထဲက ေၾကာင္ေလးမွာ ခုန္ေပါက္ၿပီး ေရွ႕ခန္းကိုေရာက္လာသည္

"Leo....."

Lisaမွာ ေပ်ာက္ေနတဲ့သူ႕ေၾကာင္ေလးကို ေတြ႕ၿပီး အရမ္း ေပ်ာ္သြားတယ္

ေၾကာင္ေလးကို ကားထဲကေန ေဇြ႕ခနဲေပြ႕ခ်ီလိုက္သည္

Chaeyoung လည္း သူ႕အႀကံအစည္ေတြကို Lisa မသိေအာင္ ဟန္ေဆာင္ၿပဳံးၿပီး

"အယ္ အဲ့ေၾကာင္ေလးက Lisa ရဲ႕ ေၾကာင္ေလးလား ခုန ကေလးေတြက ခဲနဲ႕ထုေပါက္ေနတာေတြ႕လို႔ ေဆးခန္းျပဖို႔ ေခၚလာခဲ့တာ ကေလးက သနားပါတယ္ နာေနရွာမွာ "

Chaeyoung မဟုတ္ဘဲနဲ႕ လိမ္ေျပာလိုက္တာကို Lisaက မသိဘဲ သူ႕ေၾကာင္ေလးကို ကယ္ေပးလို႔ဆိုၿပီး ေက်းဇူးေတြတင္ေနေလရဲ႕

"ကေလးေတြလက္ထဲက Leoကို ကယ္ေပးခဲ့လို႔ တကယ္ေက်းဇူးတင္ပါတယ္ Chaeyoung shii ဟိုေလ ေက်းဇူးတင္လို႔ တစ္ခုခုဝယ္ေကြၽးခ်င္လို႔ပါ လိုက္စားပါ့လား "

"အာ ရပါတယ္ ေလာေလာဆယ္ သြားစရာရွိေနလို႔ေလ ေနာက္မွေတြ႕မယ္ေနာ္ Leoေရ ေနာက္မွ မမတို႔ ျပန္ေတြ႕ရေအာင္ "

Chaeyoungမွာ သူ႕ေဒါသစိတ္ကို ထိန္းၿပီး Lisaကို ႏႈတ္ဆက္ၿပီး ေဝါခနဲ ကားေမာင္းထြက္သြားတယ္

ခ်ီး သားေကာင္က ငါ့လက္ထဲေရာက္ၿပီးမွ ျပန္လြတ္ထြက္သြားတယ္

Chaeyoung စိတ္တိုၿပီး ကားစီယာတိုင္ကို ထုရိုက္လိုက္သည္

ေျခေထာက္မသန္တဲ့ သမီးျဖစ္သူက အရင္ကလို ညွိုးႏြမ္းမေနဘဲ တက္ႂကြၿပီး မွန္ေရွ႕ ဝီးခ်ဲနဲ႕ အလွျပင္ေနလို႔ Hyeriရဲ႕ အေမျဖစ္သူမွာ အံ့ၾသေနေလရဲ႕

"Hyeri သမီး... ဘယ္သြားမလို႔ အလွျပင္ေနရတာလဲ "

"သမီးလို ဝွီးခ်ဲသုံးေနရတဲ့ သူငယ္ခ်င္းနဲ႕ ခ်ိန္းထားလို႔ အဲ့တာသြားေတြ႕မလို႔ အေမ "

"ဟယ္ ဟုတ္လား ရရဲ႕လား သမီး အေမလိုက္ပို႔ေပးရမလား "

"ရပါတယ္ အေမရဲ႕ ခါတိုင္းလည္း ဝွီးခ်ဲသုံးၿပီး အျပင္ထြက္ မုန့္ဝယ္ေနၾကကို အဆင္ေျပပါတယ္ "

Hyeriမွာ သူ႕အေမေျပာတာကို လက္မခံဘဲ ဝွီးခ်ဲေလးသုံးကာ အျပင္ကို ထြက္လာသည္

ထို႔ေနာက္ Taxi ငွားၿပီး ခ်ိန္းထားတဲ့ေနရာသို႔ ထြက္လာခဲ့သည္

Hyeri ခ်ိန္းထားတဲ့ေနရာကိုေရာက္ေတာ့ Lisaက ေရာက္မလာေသးတာနဲ႕ ဝွီးခ်ဲဘီးေလးကို လက္နဲ႕လွည့္ၿပီး ပတ္ဝန္းက်င္ကို လွည့္ပတ္ၾကည့္ေနသည္

ထိုစဥ္ အကၤ်ီအျဖဴေရာင္ေလးဝတ္ထားၿပီး မ်က္မွန္အဝိုင္းေလး တပ္ထားတဲ့ Lisaမွာ ဝွီးခ်ဲေလးနဲ႕အတူ သူ႕ေရွ႕ကိုေရာက္လာသည္

"Hyeri shii "

Hyeriမွာ Lisaကို အျပင္မွာ ေတြ႕လိုက္ရေတာ့ ပိုစိတ္လႈပ္ရွားၿပီး ပါးစပ္အေဟာင္းသား ျဖစ္ေနသည္

"Hyeri ဟုတ္တယ္မလား ကိုယ္က မင္းနဲ႕ လိုင္းေပၚမွာ စကားေျပာေနၾက Mano ေလ Kang Mano....."

Lisaက ဝွီးခ်ဲေပၚက ႏႈတ္ဆက္ေတာ့ Hyeri မွာ ၿပဳံးၿပီး ေခါင္းညိတ္ျပသည္

"ဟုတ္ပါတယ္ ကြၽန္မ Hyeri ပါ....Mano က အျပင္မွာ ပိုေခ်ာတယ္ "

Hyeriစကားေၾကာင့္ Lisa သူ႕မ်က္မွန္ေလးကို လက္ညိုးနဲ႕ပင့္တင္ၿပီး ရယ္လိုက္သည္

"ဟားဟားဟား ပိုေခ်ာတယ္လို႔ ေျပာေပးလို႔ ေက်းဇူးပါဗ်ာ "

"တကယ္ေျပာတာ ကြၽန္မ ရွင့္ကို ေတြ႕လိုက္ရေတာ့ အရမ္းအံ့ၾသသြားတာ "

"ဒါဆို ပိုအံ့ၾသသြားေအာင္ လုပ္ျပရမလား "

Lisaက ေျပာၿပီး ဝွီးခ်ဲေပၚကေန ထရပ္ကာ Hyeriဆီကို ေလွ်ာက္လာသည္

Hyeri မွာ Lisaက ဝွီးခ်ဲသမားမဟုတ္ဘဲ ဟန္ေဆာင္ထားတာမွန္းလည္း သိေရာ လန့္ၿပီး ေအာ္ေလသည္

ဝွီးခ်ဲနဲ႕ထြက္ေျပးတဲ့အခါက် Lisaက စိတၱဇလူသတ္သမားလို တဟားဟားနဲ႕ ရယ္ၿပီး Hyeriေနာက္သို႔ စမတ္က်က်နဲ႕ လမ္းေလွ်ာက္လိုက္သြားတယ္

"ေျပးထား Hyeri ေျပးထား "

#tbc

Bạn đang đọc truyện trên: ZingTruyen.Xyz